ရုတ်ချည်း နေရာရွှေ့ပြောင်းခြင်း
Vol. 46 Ch. 628
“ဟေး ... ဟင်းလင်းပြင် တာအို သော့တွေလည်း ပျက်စီးတော့မယ် ထင်တယ်”
ကျိရီက သူ့ရဲ့ အက်ကွဲလာတဲ့ ဟင်းလင်းပြင်သော့ကို ပြပြီး အားလုံးကို ပြောလိုက်ပါတယ်။
“ဟင်းလင်းပြင်သော့တွေ ပျက်စီးသွားပြီ ဆိုတာနဲ့ ငါတို့အားလုံး ဟင်းလင်းပြင် တောင်ကြား အပြင်ကို ဟင်းလင်းပြင် ပူဖောင်းတွေနဲ့ ပြန်ပို့ခံရလိမ့်မယ်”
ဗဟုသုတ အပိုင်းမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဓားသိုင်းလို မဟုတ်ပါဘူး။ အဲသည်အတွက် ရှန်ကောင်းယုက လီဖူချန်းကို ဟင်းလင်းပြင်သော့ အက်ကွဲလာတာနဲ့ ပက်သက်ပြီး ရှင်းပြလိုက်ပါတယ်။
ဟင်းလင်းပြင်သော့တွေ ဆိုတာက အချိန် သတ်မှတ်ထားခြင်း ခံထားရတဲ့ သော့တွေပါပဲ။ သည်သော့တွေက သတ်မှတ်ထားတဲ့ အချိန်တစ်ခုကို မရောက်သေးဘူး ဆိုရင် ဘယ်လိုပဲ လုပ်လုပ် မပျက်စီးနိုင်ပါဘူး။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်ကို ရောက်ပြီ ဆိုရင်လည်း သည်သော့တွေက ဘာမှ လုပ်စရာ မလိုဘဲ သူ့အလိုလို အက်ကွဲပြီး ပျက်စီးသွားမှာ ဖြစ်ပါတယ်။
ဆယ့်ငါးမိနစ် အကြာမှာတော့ လူတွေ အားလုံးရဲ့ သော့တွေဟာ ပျက်စီးသွားကြပြီး ဟင်းလင်းပြင် ပူဖောင်းတွေရဲ့ ခေါ်ဆောင်သွားခြင်းကို ခံရကာ ဟင်းလင်းပြင်ထဲ တိုးဝင် ပျောက်ကွယ် သွားခဲ့ကြပါပြီ။
***
လေဟာနယ် မြို့ဟာ မူလပင်လယ် နယ်ပယ် ဘုရင်တွေနဲ့ တဖန်ပြန်ပြီး စည်ကားနေခဲ့ပြန်ပါပြီ။
လုလျို့ကတော့ လီဖူချန်းရဲ့ အကြောင်းကို ပိုပြီး သိချင်ပေမယ့်လည်း သူက ဟင်းလင်းပြင်တောင်ကြားထဲကနေ ရခဲ့တဲ့ အရာတွေကို ကျေညက်အောင် လုပ်ဖို့ ပိုပြီး စိတ်အားထက်သန် နေပါတယ်။ အဲသည်အတွက် သူတို့ဟာ လေဟာနယ်မြို့ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် လမ်းခွဲလိုက်ကြပါတယ်။
အခု လောလောဆယ်မှာတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ဟာ သီးသန့် ခြံဝင်း တစ်ခုထဲမှာ ရောက်ရှိနေကြပါပြီ။ သည်ခြံဝင်းကတော့ လေဟာနယ်မြို့ရဲ့ ပထမတန်းစား တည်းခိုခန်းဖြစ်တဲ့ သင်္ဂဟာ တည်းခိုခန်း ပိုင်တဲ့ ခြံဝင်းပါပဲ။ သူတို့က သည်ခြံဝင်းကို သင်္ဂဟာ တည်းခိုခန်းဆီက ငှားထားတာ ဖြစ်ပါတယ်။
“ငါ့ရဲ့ ဓားစွမ်းက လုံလောက်တဲ့ အဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ ငါ့ရဲ့ အမြန်နှုန်းကတော့ အတော်လေး နှေးသေးတယ်။သည်တော့ အခု အနားယူနေတဲ့ အချိန်အတွင်းမှာ ပိုကောင်းတဲ့ ကိုယ်ဖော့ပညာ တစ်ခုကို တီထွင်ထားရမယ်”
သူ့ရဲ့ ကိုယ်ပိုင် အခန်းအတွင်းမှာတော့ လီဖူချန်းဟာ သူ့ကိုယ်သူ ပြန်လည် ဆန်းစစ်နေပါတယ်။
ကိုယ်ဖော့ပညာရပ် ဆိုတာကလည်း ရှင်းရှင်း ပြောရမယ် ဆိုရင် ကျင့်ကြံခြင်း ကျင့်စဉ် တစ်ခုပါပဲ။ အဲသည်အတွက် အဲဒါကို အပြည့်အစုံ ခေါ်မယ် ဆိုရင်တော့ ကိုယ်ဖော့ပညာ ကျင့်ကြံခြင်း ကျင့်စဉ်လို့ ခေါ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ဖော့ပညာကတော့ ချီအတွင်းအားကို မကျင့်ကြံရဘဲ အမြန်နှုန်းကိုသာ ကျင့်ကြံရတဲ့ ပညာရပ် ဖြစ်ပါတယ်။
ကိုယ်ဖော့ပညာရပ်ပိုင်းနဲ့ ပက်သက်ရင်တော့ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တုန်းက ဂိုဏ်းတော်ဆီကနေပြီး လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ဆိုတဲ့ ပညာရပ် ကျင့်စဉ် တစ်ခုကို ရခဲ့ဖူးပါတယ်။ အဲဒါက အမြန်နှုန်းကို ရုတ်ချည်း မြှင့်တင်ပေးနိုင်တဲ့ ပညာရပ်ပါပဲ။
အဲသည်ပညာရပ်မှာက အဆင့် သုံးဆင့် ရှိပြီး အဲဒါတွေကတော့ လျှပ်တစ်ပြက်၊ မီးတောက် နဲ့ နတ်တန်ခိုးတို့ပဲ ဖြစ်ကြပါတယ်။
လီဖူချန်းက သည်ပညာရပ်မှာ တတိယအဆင့် ဖြစ်တဲ့ နတ်တန်ခိုး အဆင့်ကို ရောက်ခဲ့ပြီးပါပြီ။ အဲသည်အတွက် သူက အခု စတုတ္ထမြောက် အဆင့်ကို တီထွင်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သည်စတုတ္ထ အဆင့်ကို တီထွင်ဖို့ဆိုတာက သိပ်ပြီး မလွယ်လှပါဘူး။ သည်စတုတ္ထအဆင့်ကို တီထွင်ဖို့ဆိုရင် လီဖူချန်းအနေနဲ့ သည်အဆင့်ရဲ့ အဓိက အယူအဆ သဘောတရားကို ဆုံးဖြတ်ရပါဦးမယ်။
ပထမ အဆင့်ရဲ့ အဓိက အယူအဆက လျှပ်တစ်ပြက် ဖြစ်တဲ့အတွက် သည်ကိုယ်ဖော့ပညာကို ကျင့်ကြံတဲ့သူဟာ လျှပ်တစ်ပြက် ရှောင်တိမ်းနိုင်စွမ်း ရှိရပါမယ်။
ဒုတိယ အဆင့်ရဲ့ အဓိက အယူအဆက မီးတောက် ဖြစ်တဲ့အတွက် သည်ကိုယ်ဖော့ပညာကို ကျင့်ကြံသူဟာ မီးတောက်လို ဖြစ်နေရပါမယ်။
တတိယအဆင့်ရဲ့ အဓိက အယူအဆက နတ်တန်ခိုး ဖြစ်တဲ့အတွက် သည်ပညာရပ်ဟာ နတ်တွေရဲ့ တန်ခိုးနဲ့ ဖန်ဆင်းထားသလို အစွမ်းထက်နေရပါမယ်။
စတုတ္ထ အဆင့်ရဲ့ အဓိက အယူအဆကတော့ ...
နေ့တစ်ဝက် အကြာ အချိန်ဖြုန်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အယူအဆ သဘောတရား တစ်ခုကို စဉ်းစားလိုက်မိပါတယ်။
“ရှောင်ပြေးခြင်း”
ဟုတ်ပါတယ်။ သူစဉ်းစားမိတဲ့ အရာကတော့ ရှောင်ပြေးခြင်းပါပဲ။
လီဖူချန်းအနေနဲ့ သူ့ရဲ့ ကိုယ်ဖော့ပညာကို အဆင့်တက်ချင်ရတဲ့ အကြောင်းအရင်းက အခြေအနေ မဟန်ရင် ထွက်ပြေးဖို့ပါပဲ။ အဲသည်အတွက် ရှောင်ပြေးခြင်းဆိုတဲ့ အယူအဆ သဘောတရားက သည်စတုတ္ထ အဆင့်အတွက် သင့်တော်လွန်းလှပါတယ်။
ပြီးတော့ သူက အဲသည်လို ရှောင်ပြေးတဲ့ နေရာမှာ သူ့ရဲ့ အမြန်နှုန်းကို ကိုယ်ပျောက်သွားသလို ဖြစ်အောင် လုပ်ဖို့လည်း စိတ်အား ထက်သန်နေပါတယ်။
နောက်ထပ် သုံးရက်အကြာမှာတော့ လီဖူချန်းဟာ လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကိုယ်ဖော့ပညာရဲ့ စတုတ္ထမြောက် အဆင့်ကို အောင်အောင်မြင်မြင် တီထွင်သွားနိုင်ခဲ့ပါပြီ။
“ရှောင်ပြေးခြင်း”
ခြံဝင်းထဲမှာတော့ လီဖူချန်းရဲ့ အရိပ်တွေဟာ လျှပ်ပြက်သလိုပဲ နေရာအနှံ့မှာ ပေါ်နေခဲ့ပါတယ်။
တကယ်လို့သာ သည်နေရာမှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါး ရှိနေလို့ကတော့ သည်ကိုယ်ဖော့ပညာဟာ မီးဓာတ်ကို အခြေခံတဲ့ ထိပ်တန်း ကိုယ်ဖော့ပညာရပ် တစ်ခု ဖြစ်တယ် ဆိုတာကို တန်းပြီး သတိပြုမိသွားမှာပါပဲ။
ကိုယ်ဖော့ပညာ တစ်ခုဟာ အဆုံးစွန်ဆုံးကို ရောက်သွားရင် တစ်နေရာကနေ တစ်နေရာကို ရုတ်ချည်း ရွှေ့ပြောင်းနိုင်ပါတယ်။
အဲသည်လို နေရာ ရွှေ့ပြောင်းနိုင်တာက ဟင်းလင်းပြင် တာအို ဥပဒေသတွေနဲ့လည်း မဆိုင်ပါဘူး။
ပြီးတော့ အဲဒါက အခြေခံထားတဲ့ ဓာတ်တွေအပေါ်မှာလည်း မမူတည်ပါဘူး။ ဘယ်ဓာတ်ကို အခြေခံထားတဲ့ ကိုယ်ဖော့ပညာပဲ ဖြစ်ဖြစ်၊ အဆုံးစွန်ဆုံးကို ရောက်သွားမယ် ဆိုရင် ရုတ်ချည်း နေရာ ရွှေ့ပြောင်းနိုင်မှာပါပဲ။
ဒါပေမဲ့လည်း ကိုယ်ဖော့ပညာကို အသုံးပြု ပြီး နေရာရွှေ့ပြောင်းတာက ဟင်းလင်းပြင် တာအို ဥပဒေသတွေကို သုံးပြီး နေရာ ရွှေ့ပြောင်းတာလောက်တော့ မြန်မှာ မဟုတ်ပါဘူး။ လောကပေါ်မှာက ဟင်းလင်းပြင် တာအို ဥပဒေသတွေကို သုံးပြီး နေရာ ရွှေ့ပြောင်းတာက အမြန်ဆုံးပါပဲ။
ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ရုတ်ချည်း နေရာပြောင်းရွှေ့နိုင်တဲ့ အစွမ်းဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေအတွက်တောင်မှ အတော်လေး အရေးပါလှပါတယ်။
ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးက တခြား ဧကရာဇ်တွေထက် အားနည်းနေတယ် ဆိုရင်တောင်မှ သူဟာ ရုတ်ချည်း နေရာပြေင်းရွှေ့နိုင်ရင် တခြားသူတွေရဲ့ အထင်သေးခြင်းကို မခံရပါဘူး။ သူ့ကိုလည်း တခြားသူတွေက ရန်မစရဲကြပါဘူး။
အစွမ်းထက်လွန်းပါတယ် ဆိုတဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကြားမှာ ဆိုရင်လည်း ရုတ်ချည်း နေရာ ပြောင်းရွှေ့နိုင်ခြင်းဟာ အရေးပါလှပါတယ်။ဧကရာဇ် တစ်ပါးဟာ တိုက်ခိုက်ရေး အရာမှာ ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ ရုတ်ချည်း နေရာပြောင်းရွှေ့နိုင်ခြင်း မရှိရင်တော့ မျက်နှာငယ်ရမှာပါပဲ။
( note : သည်အပိုဒ်မှာ ပြောချင်တာက ဧကရာဇ် တစ်ပါးက ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ ထွက်ပြေးတဲ့ ပညာရပ်ကို လေ့ကျင့်ထားသင့်တယ်လို့ ပြောချင်တာဗျာ။ မထွက်ပြေးတတ်တဲ့ ဧကရာဇ်ကတော့ သူ့ထက် အစွမ်းထက်တဲ့ လူနဲ့တွေ့ရင် သေပြီလို့ ပြောချင်တာ။
ပြီးတော့ ကျွန်တော် ထပ်ပြောချင်တာက သည်အပိုင်းကို eng translateထားတဲ့ အပိုင်းက မရှိဘူး။ အဲသည်တော့ ကျွန်တော်က တရုတ် raw file ကို ယူပြီး ပြန်လိုက်ရတယ်။ သည်တော့ သောက်တလွဲ နည်းနည်းတော့ ဖြစ်နေလိမ့်မယ်ဗျ။နည်းနည်း သည်းခံပေးကြဦး။ )
***
လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကိုယ်ဖော့ပညာရဲ့ စတုတ္ထ အဆင့်ကို တီထွင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ အမြန်နှုန်းဟာ ရေတိုမှာသာ မြန်တာ မဟုတ်တော့ပါဘူး။ ရေရှည် ပြေးတဲ့အခါမှာလည်း သူ့ရဲ့ အမြန်နှုန်းဟာ တသမတ်တည်း ဖြစ်နေခဲ့ပါပြီ။
ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ လက်ရှိ ကိုယ်ဖော့ပညာကို သဘောမတွေ့သေးပါဘူး။ သူက သူ့ရဲ့ အမြန်နှုန်းကို ဝှက်ဖဲ တစ်ခုအဖြစ် ဖွက်ထားချင်တာပါ။
အဲသည်အတွက် လီဖူချန်းဟာ လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကျင့်စဉ်ရဲ့ ပဉ္စမမြောက် အဆင့်ကို တီထွင်ဖို့ ကြံပါတော့တယ်။ သူက ပဉ္စမမြောက် ကျင့်စဉ်အတွက် အဓိက ထားရမယ့် အယူအဆ သဘောတရားကိုလည်း စဉ်းစားထားခဲ့ပြီးပါပြီ။ အဲဒါကတော့”ချက်ချင်း”ပါပဲ။
အဲဒါက ရုတ်ချည်း နေရာ ပြောင်းရွှေ့တာကို ဆိုလိုတာလည်း ဖြစ်ပါတယ်။
တကယ်လို့ ပဉ္စမမြောက် အဆင့်ကို တီထွင်ပြီးသွားပြီဆိုရင် သူဟာ ခရီး အဝေးကြီးတွေကို နေရာ မရွှေ့ပြောင်းနိုင်ရင်တောင်မှ ခရီးတိုလေးတွေကိုတော့ နေရာ ရွှေ့ပြောင်းနိုင်ရပါမယ်။
လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကျင့်စဉ်ရဲ့ ပဉ္စမမြောက် အဆင့်ကို တီထွင်ဖို့ကိုတော့ လီဖူချန်းဟာ ဆယ်ရက်တိတိ အချိန်ယူခဲ့ရပါတယ်။သည်နေရာမှာ သူ့အတွက် ကံကောင်းသွားတာ တစ်ခုကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းရောင်ကို ပြောင်းပြီးသား ဖြစ်နေတာပါပဲ။ မဟုတ်လို့ကတော့ သူက သုံးနှစ်၊သုံးမိုးတိတိ ကြိုးစားရင်တောင်မှ သည်ပဉ္စမမြောက် အဆင့်ကို တီထွင်နိုင်မှာ မဟုတ်ပါဘူး။
လီဖူချန်းအတွက်ကတော့ ကိုယ်ဖော့ပညာရပ် တစ်ခုကို တီထွင်ရတာက ဓားသိုင်းကွက် တစ်ကွက်ကို တီထွင်ရတာထက်ကို အများကြီး ခက်ခဲပါတယ်။
ပြီးတော့ သူက လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကိုယ်ဖော့ပညာရဲ့ ပဉ္စမမြောက် အဆင့်ကို ပြီးပြည့်စုံအောင် မတီထွင်နိုင်ခဲ့ပါဘူး။ သူက အဖြစ်လောက်သာ တီထွင်နိုင်ခဲ့တာပါ။ အဲသည်အတွက် သူဟာ ရုတ်ချည်း နေရာရွှေ့ပြောင်းချင်းကို တစ်နေ့မှာ သုံးကြိမ်သာ အသုံးပြုနိုင်ပါတယ်။
တကယ်လို့ သုံးကြိမ်ထက်ပိုပြီး အသုံးပြုလိုက်မယ် ဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ သွေး၊လေ ဖောက်ပြန်သွားပါလိမ့်မယ်။ တကယ်လို့ ကံလေးများ နည်းနည်းလောက် ပိုဆိုးသွားမယ် ဆိုရင်တော့ သူဟာ မီးတာအို ဥပဒေသတွေကြောင့် ပြာတောင် ဖြစ်သွားနိုင်လောက်ပါတယ်။
“လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကိုယ်ဖော့ပညာရဲ့ စတုတ္ထ အဆင့်က ကောင်းကင် အဆင့်နိမ့် ကိုယ်ဖော့ပညာနဲ့ ညီမျှတယ်။ လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကိုယ်ဖော့ပညာရဲ့ ပဉ္စမ အဆင့်ကတော့ ကောင်းကင် အလယ်အလတ် အဆင့် ကိုယ်ဖော့ပညာနဲ့ ညီမျှတယ်။ သည်လောက်ဆိုရင်တော့ ငါ့ရဲ့ အမြန်နှုန်းက လုံလောက်ပြီ”
လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကိုယ်ဖော့ပညာရဲ့ ပဉ္စမ အဆင့်ကို တီထွင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ နောက်ထပ် တစ်ဆင့်ကို တီထွင်ဖို့ စိတ်ဆန္ဒ မရှိတော့ပါဘူး။ သူက ကိုယ်ဖော့ပညာနဲ့ ပက်သက်ပြီး သူသိသမျှ အရာအားလုံးကို ပဉ္စမ အဆင့်ကို တီထွင်တဲ့ နေရာမှာ အသုံးပြု ပြီး သွားခဲ့ပါပြီ။ အဲသည်အတွက် သူဟာ ဆဋ္ဌမ အဆင့်အတွက် ဘာအကြံဉာဏ်မှ မရှိတော့ပါဘူး။
တကယ်လို့ သူက သူ့အခြေအနေကို မသိဘဲ နောက်တစ်ဆင့်ကို ထပ်ပြီး တီထွင်မယ် ဆိုရင်တော့ ခေါင်းခြောက်ပြီး ရူးသွားပါလိမ့်မယ်။
“အင်း ... အခုအချိန်က မီးတောက်နတ်ဓား ကျင့်စဉ် အဆင့် ၃၇ကို တီထွင်ရမယ့် အချိန်ပဲ”
သူ့ရဲ့ ကိုယ်ဖော့ပညာက ကောင်းကင် အလယ်အလတ် အဆင့် ပညာရပ် ဖြစ်သွားမှတော့ သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ကလည်း ကောင်းကင် အလယ်အလတ် အဆင့် ဖြစ်သင့်ဖြစ်ထိုက် နေပါပြီ။
မီးတောက်နတ်ဓား ကျင့်စဉ်က မီးတာအို ဥပဒေသတွေ နဲ့ ဓားတာအို ဥပဒေသတွေ ရောနှောပါဝင်နေတဲ့ ပညာရပ် တစ်ခု ဖြစ်တဲ့အတွက် အဲဒါကို အဆင့်တက်အောင် လုပ်ရတာက လျှပ်တစ်ပြက် မီးတောက် နတ်တန်ခိုး ကိုယ်ဖော့ပညာကို အဆင့်တက်အောင် လုပ်ရတာထက်ကို ခက်ခဲလွန်းလှပါတယ်။
အဲသည်အတွက် လီဖူချန်းက မီးတောက်နတ်ဓားကျင့်စဉ် အဆင့်၃၇ကို လဝက်လုံးလုံး မအိပ်မနေ ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာမှ အောင်မြင်မှု ရခဲ့ပါတယ်။
“ဟင်းဟင်း ... အခုနေများ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးနဲ့ တွေ့လို့ရလို့ကတော့ကွာ”
မီးတောက်နတ်ဓား ကျင့်စဉ်ရဲ့ အဆင့်၃၇ကို တီထွင် အောင်မြင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ယုံကြည်မှုတွေဟာ မိုးအထိကို တက်သွားခဲ့ပါပြီ။သူက သူ့ရဲ့ လက်ရှိအစွမ်းဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကိုတောင် လက်ရည်တူ ယှဉ်နိုင်လောက်တယ်လို့ ယုံကြည်နေပါတယ်။
လီဖူချန်းရဲ့ တိုးတက်မှုက အဲဒါတင် မကသေးပါဘူး။ မီးတောက်နတ်ဓား ကျင့်စဉ်ရဲ့ အဆင့်၃၇ကို တီထွင်အောင်မြင်ပြီးတဲ့နေ့ရဲ့ ညပိုင်းမှာပဲ သူ့ရဲ့ ကြယ်ကြွေဓားကွက်ကလည်း ကောင်းကင် အလယ်အလတ် အဆင့်ကို တက်သွားပါသေးတယ်။
အခုသူ့ရဲ့ ကြယ်ပံျဓားကွက်က လျင်မြန်လွန်းလှတဲ့အတွက် တစ်ဖက်ရန်သူတွေဟာ သည်ဓားကွက်နဲ့ တွေ့ရင် ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ သူတို့က စဉ်းနှီတုံးပေါ်က ငါးတွေလိုပဲ လီဖူချန်း လုပ်သမျှကို ငြိမ်ခံနေရတော့မှာပါ။
“အင်း ... ငါ့ရဲ့ လက်ရှိ ကြယ်ကြွေဓားကွက်က ငါထင်ထားတာထက် အရမ်း မြန်လွန်းနေတယ်။ ကြည့်ရတာ သည်ဓားကွက်က အချိန်တာအိုအပေါ် သက်ရောက်မှု ရှိနေတဲ့ပုံပဲ။ဒါကြောင့် သည်ဓားကွက် ထွက်လာရင် အရာအားလုံးက ကျောက်ရုပ်တွေလို ဖြစ်သွားကြတာ”
အချိန်က တစ်ချက်တီး ကျော်နေပြီ ဖြစ်ပေမယ့်လည်း လီဖူချန်းဟာ မအိပ်နိုင်သေးပါဘူး။ သူက သူ့ရဲ့ ကြယ်ပံျဓားကွက်နဲ့ ပက်သက်ပြီး အတွေးနယ် ချဲ့နေမိပါတယ်။
ကြယ်ပျံဓားကွက်နဲ့ အကြွင်းမဲ့ ဓားသိုင်းမှာ ခိုဝင်ကိန်းအောင်း နေကြတဲ့ တာအိုဥပဒေသတွေက မတူညီကြပါဘူး။
ဒါပေမဲ့လည်း သည်အရာ နှစ်ခုစလုံးက တစ်ဖက် ရန်သူတွေကို ကျောက်ရုပ်တွေလို့ ထင်သွားရအောင် လုပ်နိုင်တဲ့ နေရာမှာတော့ အတူတူပါပဲ။
“အင်း ... အချိန်ရှိတုန်းလေး ဂါထာ၊မန္တရား တာအိုကို နည်းနည်းပါးပါး ထပ်လေ့လာဦးမှ”
အတွေးဆုံးတဲ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အာရုံစူးစိုက်မှုတွေကို ဂါထာ၊မန္တရား တာအိုဘက်ကို ပြောင်းလိုက်ပါတော့တယ်။
သူက စိတ်လွတ်၊ကိုယ်လွတ် နေလို့မရသေးပါဘူး။ သူ့ရဲ့ ကိုယ်ပေါ်မှာက သွေးအရိုးခေါင်း အမှတ်အသား ရှိနေပါသေးတယ်။
သူ့ရဲ့ လက်ရှိ ဓားဆန္ဒကလည်း အဲသည်အမှတ်အသားကို ဖျက်ဆီးဖို့အတွကိ လုံလောက်မှု မရှိသေးပါဘူး။ အဲသည်အတွက် သူဟာ ဂါထာ၊မန္တရား တာအိုကို ဆက်ပြီး လေ့လာရဦးပါမယ်။
“သွေးကျိန်စာ ဆိုတာက အသက်ဓာတ်ကို စုပ်ယူတဲ့ ကျိန်စာ တစ်မျိုးပဲ။ သည်ကျိန်စာက ကျိန်စာမိသွားသူရဲ့ အသက်ဓာတ် မကုန်၊မခန်းမခြင်း ပျက်ပြယ်သွားမှာ မဟုတ်ဘူး”
“ဟာ ... လခွီးပဲကွာ။ သည်လိုကျိန်စာမျိုးကို ဘယ်သူက အားယားပြီး ထွင်လိုက်တာလဲ”
“သည်အတိုင်းဆိုရင် ငါက သည်ခန္ဓာကိုယ်ကို စွန့်လွှတ်ရတော့မှာလား”
ဂါထာ၊မန္တရား တာအိုကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာမိလေလေ၊ လီဖူချန်းက ကျိန်စာတွေရဲ့ ကြာက်ဖု့ိ ကောင်းပုံကို ပိုသိလာလေလေပါပဲ။
သူက သူ့အနေနဲ့ သည်ဘဝမှာ သွေးကျိန်စာကို ဖျက်ဖို့ ဖြစ်နိုင်ဦးမလားလို့တောင် သံသယ ဝင်လာမိပါတယ်။
ပြီးတော့ သူက သည်သွေးအရိုးစု ကျိန်စာကို ဖျက်ဖို့အတွက် နည်းလမ်း တစ်ခုကိုလည်း စဉ်းစားမိလာပါသေးတယ်။
အဲဒါကတော့ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ခန္ဓကိုယ် အသစ်တစ်ခုဆီမှာ ဝင်စားဖို့ပါပဲ။ သူ့ရဲ့ လက်ရှိ စိတ်ဝိညာဉ်ရဲ့ အစွမ်းနဲ့ ဆိုရင်တော့ သွေးအရိုးခေါင်း အမှတ်အသားဟာ ခန္ဓာကိုယ် အသစ်ဆီမှာတော့ မပေါ်လာလောက်ပါဘူး။
တစ်လ ... နှစ်လ ...
သည်အတော်အတွင်းမှာတော့ လီဖူချန်းရဲ့ ဂါထာ၊မန္တရား တာအိုဟာ သိသိသာသာကြီး တိုးတက်လာခဲ့ပါတယ်။ သူက အခုဆိုရင် ဂါထာ၊မန္တရား သိုင်းဧကရာဇ် ပေးထားတဲ့ ဂါထာ၊မန္တာန်တွေ အကုန်လုံးကို လေ့လာပြီးသွားခဲ့ပါပြီ။
အဲသည်ထဲမှာဆိုရင် အလယ်အလတ် အဆင့် ဂါထာ၊မန္တာန်တွေလည်း အပါအဝင်ပါပဲ။ ဒါပေမဲ့လည်း သူက ဂါထာ၊မန္တရား သိုင်းဧကရာဇ်လိုတော့ ဆရာတစ်ဆူ မဖြစ်သေးပါဘူး။
***