လုပ်ကြံသတ်ဖြတ်ရေးသမားတွေနဲ့ ဧကရာဇ်တစ်ပါး
Vol. 47 Ch. 635
ဟူး………ဟူး………ဟူး………
တောကြီးမျက်မည်း တစ်ခုအတွင်းမှာတော့ လူငယ် တစ်ယောက်ဟာ တစ်ယောက်တည်း ပြေးလွှားပြီး ခရီးသွားနေပါတယ် ။ သူ့ရဲ့ အမြန်နှုန်းက သိပ်ပြီး မြန်တယ်လို့ မဆိုနိုင်ပါဘူး ။ ဒါပေမဲ့ အဲသည် အမြန်နှုန်းက သာမန် မူလပင်လယ် နယ်ပယ် ဘုရင်တွေကိုတော့ ကောင်းကောင်းကြီး ယှဉ်နိုင်ပါတယ် ။
လူငယ်ကို ကြည့်ရတာကတော့ လုံးဝ လန်းလန်းဆန်းဆန်းပါပဲ ။ သူက သည်နှုန်းနဲ့ ပြေးနေမယ်ဆိုရင် နောက်ထပ် ဆယ်စုနှစ် တစ်ခု ဒါမှမဟုတ် ရာစုနှစ် တစ်ခု ကြာသွားရင်တောင်မှ ချီအတွင်းအားတွေ ကုန်ခမ်းသွားမယ့်ပုံမှာ မရှိပါဘူး ။
သည်လူငယ်က ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး လီဖူချန်း ဖြစ်တယ် ဆိုတာကိုလည်း စာဖတ် ပရိသတ်ကြီး အနေနဲ့ မသိဘဲ နေမယ် မထင်ပါဘူး ။
" ဘယ်သူလဲ …… ထွက်လာခဲ့စမ်း "
တောကြီးမျက်မည်း အတွင်းရဲ့ မြူ ခိုးတွေ ဝေနေတဲ့ နေရာတစ်ခုကို အရောက်မှာတော့ လီဖူချန်းဟာ ပြေးလွှားနေတာကို ရပ်တန့်ပစ်လိုက်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အန္တရာယ် အငွေ့အသက်ကို ရလိုက်လို့ပါပဲ ။
သူ့ရဲ့ မျက်လုံးတွေကလည်း မြူ ခိုးတွေဆီကနေပြီး ဘယ်ကိုမှ မရွေ့တော့ပါဘူး ။
" ဟား……ဟား…… မင်းက တကယ့်ကို ထိပ်တန်း ပါရမီရှင် တစ်ယောက်ပဲ ။ ဒါနဲ့ မင်းဆီမှာ ငါတို့ အမှောင်ထုကလန်ထဲ ဝင်ဖို့ စိတ်ကူး မရှိဘူးလား "
ရွှစ်……ရွှစ်……ရွှစ်……ရွှစ်……ရွှစ်……ရွှစ်……ရွှစ်………
စကားသံ အဆုံးမှာတော့ လူရိပ်ခုနစ်ရိပ်ဟာ မြူ ခိုးတွေ အတွင်းကနေ ရှေ့ဆင့်၊နောက်ဆင့် ထွက်ပေါ်လာခဲ့ပါပြီ ။ ရှေ့ဆုံးက လူရိပ်ကတော့ သည်လူစုရဲ့ ခေါင်းဆောင် ဖြစ်ပုံပါပဲ ။
" အမှောင်ထု ကလန် ။ ခင်ဗျားပြောတဲ့ အမှောင်ထု ကလန် ဆိုတာက နတ်ကျက်သရေ အင်ပိုင်ယာရဲ့ နံပါတ်တစ် မြေအောက် အဖွဲ့အစည်းကို ပြောတာလား "
နတ်ကျက်သရေ အင်ပိုင်ယာထဲ ရောက်နေတာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်တဲ့ လီဖူချန်းဟာ အမှောင်ထု ကလန်အကြောင်း မကြားဖူးဘဲ မနေပါဘူး ။
တကယ်လို့ ဧကရာဇ်အဆင့် အဓိက အင်အားစုကြီး ခုနစ်စုက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ အလင်းဘက်ခြမ်းကို ထိန်းချုပ်ထားတယ် ဆိုရင် အမှောင်ထု ကလန်က အမှောင်ဘက်ခြမ်းကို ထိန်းချုပ်ထားတယ်လို့ ဆိုရမှာပါပဲ ။
တန်ခိုးအစွမ်း ထက်မြက်မှု အပိုင်းမှာ ဆိုရင်လည်း အမှောင်ထုကလန်ဟာ ဘယ်ဧကရာဇ်အဆင့် အင်အားစုထက် မနိမ့်ကျပါဘူး ။
" ဒါပေါ့ …… သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ အမှောင်ထုကလန် ဘယ်နှစ်ကလန် ရှိတယ်လို့ မင်းကြားဖူးလို့လဲ "
လူရိပ်တွေရဲ့ ခေါင်းဆောင်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေလာခဲ့ပါတယ် ။ တစ်ဆက်တည်းမှာပဲ သူက လီဖူချန်းကို အမှောင်ထု ကလန်ထဲ ဝင်ဖို့ ကမ်းလှမ်းလိုက်ပါသေးတယ် ။
" ဘယ်လိုလဲ…… အမှောင်ထု ကလန်ထဲကို ဝင်ဖို့အတွက် မင်းစိတ်ဝင်စားရဲ့လား ။ တကယ်လို့ မင်းအနေနဲ့ အမှောင်ထု ကလန်ထဲ ဝင်လိုက်မယ်ဆိုရင် မင်းရဲ့ အနာဂတ် အောင်မြင်မှုက ငါ့ထက်တောင် သာသွားလိမ့်ဦးမယ် "
" တကယ်လို့ ကျွန်တော်က မဝင်ချင်ဘူး ဆိုရင်ကော "
လီဖူချန်းက အမှောင်ထုကလန်ထဲ ဝင်ဖို့ စိတ်ကူး မရှိပါဘူး ။ အဲသည်အတွက် သူက ပြန်ပြီး မေးလိုက်ပါတယ် ။
" ဒါဆိုရင်တော့ ပြသနာ တက်ပြီပေါ့ ။ မင်းဆီမှာက လျှို့ဝှက်ချက်တွေ အရမ်း များလွန်းနေတယ် ။အဲသည်အတွက် ငါတို့ အမှောင်ထု ကလန်က မင်းကို အသက်ဆက်ရှင်ခွင့် မပေးချင်တော့ဘူး "
လူရိပ်ခေါင်းဆောင်ရဲ့ လေသံထဲမှာတော့ ခြိမ်းခြောက်မှုတွေ ပါဝင်လာခဲ့ပါပြီ ။
အစတုန်းကတော့ အမှောင်ထုကလန်ဟာ နယ်စား လင်းထိုက်ယန်ရဲ့ တောင်းဆိုချက်အတိုင်း လီဖူချန်းကို ဖမ်းပေးဖို့သာ အာရုံထားခဲ့တာပါ ။ ဒါပေမဲ့လည်း လီဖူချန်း အကြောင်းကို ပိုပြီး သိလာခဲ့တဲ့ နောက်မှာတော့ သူတို့ဟာ လီဖူချန်းကို မဖမ်းတော့ဘဲ ကလန်ထဲ ဆွဲသွင်းဖို့ ပိုစိတ်အား ထက်သန်လာကြပါတော့တယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လီဖူချန်းဆီမှာ မဟာလျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေလိမ့်မယ်လို့ ခန့်မှန်းမိတဲ့အတွက်ပါပဲ ။ လီဖူချန်းက ဘယ်လောက်အထိ ဆွဲဆောင်အား ကောင်းသလဲဆိုတော့ ကလန်ရဲ့ အကြီးအကဲ တစ်ယောက်ဆိုရင် လီဖူချန်းကို အသက်ရှင်လျက် မရရအောင်ဖမ်းပြီး ကလန်ဆီ ခေါ်လာခဲ့ဖို့တောင် အမိန့်ထုတ်ထားပြီးပါပြီ ။
" ဒါဆိုရင်လည်း စမ်းကြည့်လိုက်လေ
လီဖူချန်းကတော့ သူ့ရဲ့ ဝသီအတိုင်း ခပ်အေးအေးပါပဲ ။ ဘယ်လောက်အထိ အေးဆေးသလဲ ဆိုတော့ သူက လက်နှစ်ဖက်ကိုတောင် နောက်ပစ်ထားပြီး တကယ့် ဂုရုကြီး တစ်ပါးပုံစံ ဖမ်းထားလိုက်ပါသေးတယ် ။
" တိုက်ပွဲဝင် ဗျူဟာကို ခင်းကြစမ်း "
လီဖူချန်းရဲ့ ဆုံးဖြတ်ချက်ကို သိပြီးတဲ့ နောက်မှာတော့ လူရိပ်ခေါင်းဆောင်ဟာ နောက်ထပ် လေကုန် ခံမနေတော့ပါဘူး ။ သူက သူတို့ရဲ့ ပူးပေါင်းတိုက်ကွက်ကို ထုတ်ဖို့သာ ပြင်လိုက်ပါတော့တယ် ။
" ဟုတ် "
ရွှီး……ရွှီး……ရွှီး……ရွီှး……
လူရိပ်ခေါင်းဆောင်ရဲ့ စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် ကျန်လူရိပ် ခြောက်ရိပ်ဟာ အသင့် နေရာ ယူထားပြီးသားပါပဲ ။
ချွမ်……
အဲသည်နောက်မှာတော့ ကြီးမားလှတဲ့ အနက်ရောင် ကင်းမြီးကောက်ကြီး တစ်ကောင်ဟာ လီဖူချန်းရဲ့ မြင်ကွင်းထဲကို ဝင်ရောက်လာခဲ့ပါပြီ ။
ဒါကတော့ အမှောင်ထု ကလန်ရဲ့ ပူးပေါင်းတိုက်ကွက် တစ်ခုဖြစ်တဲ့ မဟူရာ ကင်းမြီးကောက် ဝင်္ကပါ တိုက်ပွဲဝင် ဗျူ ဟာပါပဲ ။
ဒါက လူခုနစ်ယောက်သာ ပါဝင်တယ် ဆိုပေမယ့် လုံးဝ လျော့တွက်လို့တော့ မရပါဘူး ။ဝင်္ကပါ တိုက်ပွဲဝင် ဗျူ ဟာ တစ်ခု အစွမ်းထက်၊မထက် ဆိုတာက ပါဝင်တဲ့ လူအရေအတွက်ပေါ်မှာ မူတည်တာ မဟုတ်ဘဲ ဗျူ ဟာရဲ့ အဆင့်အပေါ်မှာသာ မူတည်တာ မဟုတ်ပါလား ။
" လီဖူချန်း …… မင်းရဲ့ အစွမ်းက အလွန်ဆုံးရှိမှ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်ပဲ ။ ဒါပေမဲ့ ငါတို့ရဲ့ မဟူရာ ကင်းမြီးကောက် ဝင်္ကပါ တိုက်ပွဲဝင် ဗျူ ဟာက အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါးနီးပါး အစွမ်းထက်တယ်ကွ ။ မင်းက အမှောင်ထု ကလန်ကို ငြင်းပယ်မှတော့ အသက်ဆက်ရှင်ခွင့် မရှိတော့ဘူး "
လူရိပ်ခေါင်းဆောင်က ကင်းမြီးကောက်ကြီးရဲ့ ဦးခေါင်းကနေ ပေါ်ထွက်လာပြီး လီဖူချန်းကို ပြောလာခဲ့ပါတယ် ။သူ့ရဲ့ လေသံကတော့ လုံးဝ ယုံကြည်မှု အပြည့်ပါပဲ ။
သူတို့ ခုနစ်ယောက်က သာမန် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေ မဟုတ်ပါဘူး ။ သူက အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး ဖြစ်သလို ကျန်တဲ့ လူခြောက်ယောက်ကလည်း အဆင့်မြင့် အကြို-ဧကရာဇ်တွေ ချည်းပါပဲ ။
" ကြည့်ရတာ မင်းတို့တွေက ငါ့ရဲ့ လတ်တလော အခြေအနေနဲ့ ပတ်သက်ပြီး သတင်း မရသေးဘူး ထင်တယ် "
လီဖူချန်းက လူရိပ်ခေါင်းဆောင်ကို ကြည့်ပြီး တစ်ချက် ပြုံးပြလိုက်ပါတယ် ။
သည်လူတွေက သူ့ရဲ့ လက်တလော အခြေအနေနဲ့ ပတ်သက်ပြီး သတင်းမရသေးတာ အသိသာကြီးပါပဲ ။ မဟုတ်လို့ကတော့ သူတို့ဟာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် အစွမ်းမျိုးတောင် မရှိတဲ့ ဝင်္ကပါ တိုက်ပွဲဝင် ဗျူ ဟာ တစ်ခုနဲ့ လီဖူချန်းကို လာပြီး ဖမ်းရဲမှာ မဟုတ်ပါဘူး ။
" ဘာ "
အစပထမ တုန်းကတော့ လူရိပ်ခေါင်းဆောင်ဟာ သံသယ အနည်းငယ် ဝင်သွားပါသေးတယ် ။
" တိုက်စမ်း "
ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ သူက အဲသည် သံသယကို မေ့ဖျောက်ပစ်လိုက်ပြီး လီဖူချန်းကို ကင်းမြီးကောက် အမြီးနဲ့ တိုက်ခိုက်စေလိုက်ပါတယ် ။
ရွှီး……
သည်အမြီးက ပုံရိပ်ယောင် တစ်ခုပါပဲ ။ ဒါပေမဲ့ သည်ထဲမှာ ပါဝင်နေတဲ့ ဥပဒေသကတော့ အတုအယောင် မဟုတ်ပါဘူး ။ အဲဒါက သွက်ချာပါဒ ဥပဒေသ ဖြစ်ပြီး ထိမိလိုက်တဲ့ လူတွေ အကုန်လုံးကို အကြောတွေ တုံ့ဆိုင်းသွားစေနိုင်ပါတယ် ။
လီဖူချန်းကတော့ သည်ကင်းမြီးကောင် အမြီးရိုက်ချက်ကို ပြန်လည်း မခုခံသလို ၊ ရှောင်လည်း မရှောင်တိမ်းပါဘူး ။ သူက သူရပ်နေတဲ့ နေရာမှာပဲ သည်အတိုင်းလေး အကြောင်သား ရပ်နေခဲ့တာပါ ။
ဘန်း………
ဒါပေမဲ့လည်း ကင်းမြီးကောင် အမြီးက လီဖူချန်းကို ထိမိခါနီး အချိန်လေးမှာတော့ သွေးရောင် ချီအကာအကွယ် တစ်ခုဟာ ရုတ်တရက် ပေါ်လာပြီး သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အုပ်မိုးသွားပါတော့တယ် ။
ကင်းမြီးကောက်ကြီးရဲ့ အမြီးက သည်ချီအကာအကွယ်ကို ဘယ်လိုမှ မထိုးဖောက်နိုင်ခဲ့ပါဘူး ။
" မ……မဖြစ်နိုင်ဘူး "
တအံ့တသြ ဖြစ်နေတဲ့ လေသံတွေဟာ ကင်းမြီးကောက်ကြီးရဲ့ အထဲမှာ ပဲ့တင်သံ အထပ်ထပ် ထပ်သွားခဲ့ပါပြီ ။
" ပျော့လိုက်တာကွာ "
လီဖူချန်းကတော့ ခေါင်းတရမ်းရမ်းနဲ့ ရှိနေပါတယ် ။ သူ့ကို ကြည့်ရတာက အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေပုံပါပဲ ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သည်မဟူရာ ကင်းမြီးကောက် ဝင်္ကပါ တိုက်ပွဲဝင် ဗျူ ဟာရဲ့ တိုက်ခိုက်နိုင်စွမ်းက လုံးဝ အားမနည်းပါဘူး ။ အဲဒါက လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်း အစွမ်းလောက်ကို ရှိပါတယ် ။
ဒါပေမဲ့ အမှောင်ထု ကလန်က လူတွေအတွက် ကံဆိုးသွားတာက လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ ချီအတွင်းအား ကျင့်ကြံမှုထက် အများကြီး အစွမ်းထက်နေတာပါပဲ ။
" ငါတို့ရထားတဲ့ သတင်းက နောက်ကျနေပြီ ။ အမြန်ဆုတ်ကြ "
လီဖူချန်းက သူတို့ရဲ့ တိုက်ခိုက်မှုကို နည်းနည်းမှ မမှုတာကို သိလိုက်ရတဲ့ နောက်မှာတော့ လူရိပ်ခေါင်းဆောင်ဟာ ဆက်ပြီး မတိုက်ဝံ့တော့ပါဘူး ။ အဲသည်အတွက် သူက ဆုတ်ဖို့ကို အမိန့်ပေးလိုက်ပါတယ် ။
" နေကြပါဦး …… ခင်ဗျားတို့က သည်အထိ ရောက်လာပြီးမှ ဘာလို့ ပြန်ဖို့ အလျင်လိုနေကြတာလဲ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ရဲ့ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပါတော့တယ် ။
ဘောင်း……
အဲသည်နောက်မှာတော့ သွေးရောင်လွှမ်းနေတဲ့ လက်ကြီးတစ်ခုဟာ ကောင်းကင်ယံထက်မှာ ပေါ်လာပြီး အနက်ရောင် ကင်းမြီးကောက်ကြီးကို ညှစ်ချေပစ်လိုက်ပါတော့တယ် ။
ဖောင်း……ဖောင်း……ဖောင်း……
သွေးတွေကတော့ ပတ်ဝန်းကျင် တစ်ခုလုံး အနှံ့ပါပဲ ။ အနက်ရောင် ကင်းမြီးကောက် အရိပ်ကြီးဟာလည်း သွေးလက်ကြီးရဲ့ ညှစ်ချေမှုကြောင့် တစ်စစီ ပြိုကွဲသွားခဲ့ပါပြီ ။
" ဟင်…… အန္တရာယ် "
အဲသည်အချိန်မှာပဲ လီဖူချန်းဟာ အန္တရာယ် အငွေ့အသက် တစ်ခုကို ရလိုက်တဲ့အတွက် ဘယ်ဘက်လက်ကို အလျင်အမြန် ပြန်ရုတ်သိမ်းပြီး တောနက်ကြီးထဲကို ပြေးဝင်သွားပါတော့တယ် ။
ဝုန်း………
ဘန်း……ဘန်း………ဘန်း………
ရုတ်တရက် ဆိုသလို မြေပြင်ဟာ အက်ကွဲသွားခဲ့ပြီး ကောင်းကင်ဟာလည်း အမှောင် အတိ ကျသွားခဲ့ပါပြီ ။
" ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် "
ထွက်ပြေးနေတဲ့ လီဖူချန်းက သည်အရာတွေရဲ့ လက်သည်ကို မသိဘဲ မနေပါဘူး ။ အဲသည်အတွက် သူရဲ့ မျက်နှာဟာ အကြီးအကျယ် ပျက်သွားပါတော့တယ် ။
" မြန်လိုက်တဲ့ အမြန်နှုန်း ။ ကြည့်ရတာ လူတွေအားလုံးက မင်းကို လျော့တွက်ထားကြတာပဲ "
စကားသံ အဆုံးမှာတော့ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ လူရိပ်တစ်ရိပ်ဟာ လီဖူချန်းရဲ့ ပြေးလမ်းရှေ့မှာ ပေါ်လာခဲ့ပါပြီ ။
" ဟက်……ဟက်…… ဝမ်ကလန်က ကျုပ်ကို တော်တော်လေး အထင်ကြီးထားပုံရတယ် ။ သူတို့က ကျုပ်အတွက်နဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးကိုတောင် တကယ်ကြီး လွှတ်လိုက်တာပဲ "
လူရိပ်ကို တွေ့လိုက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ ထွက်ပြေးဖို့ မကြိုးစားတော့ပါဘူး ။ သူက ထွက်ပြေးဖို့ ကြိုးစားလည်း အသုံးမဝင်ဘူး ဆိုတာကို ကောင်းကောင်းကြီး သိပါတယ် ။
" ကောင်လေး…… ငါက ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ပဲ ။ သည်တော့ ငါဘာမှ မလုပ်ခင်မှာ အလိုက်တသိ အညံ့ခံစမ်း ။ ငါက အချိန် မဖြုန်းချင်ဘူး "
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ကို ကြည့်ရတာကတော့ အေးအေးဆေးဆေးပါပဲ ။ ဒါပေမဲ့လည်း ရင်ထဲမှာတော့ သူဟာ လီဖူချန်းရဲ့ အစွမ်းနဲ့ ပက်သက်ပြီး တုန်လှုပ်နေမိပါတယ် ။
မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးက ဘယ်လိုလုပ်ပြီး သည်လောက်အထိ အစွမ်း ထက်နေရတာလဲ ။
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ အမြင်မှာတော့ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်ကို ရောက်နေပြီး အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကိုတောင် ယှဉ်လို့ ရနေပါပြီ ။
ပြီးတော့ လီဖူချန်းက သည်အဆင့်ကို ရောက်ဖို့အတွက် တခြားသော တိုက်ခိုက်ရေး ဧကရာဇ်တွေလို နတ်ဘုရားစွမ်းရည်တွေအပေါ် မှီခိုထားခြင်း မရှိပါဘူး ။
သူက သူ့ရဲ့ သာမန် တန်ခိုးအစွမ်း သက်သက်နဲ့သာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်ကို ရောက်နေခဲ့တာပါ ။
' သည်ကောင်လေးမှာက သေချာပေါက် လျှို့ဝှက်ချက် ကြီးကြီးမားမားတွေ ရှိနေပြီ '
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်က မျက်မှောင် ကြုတ်လိုက်ရင်းနဲ့ တွေးနေမိပါတယ် ။
" ကျုပ်က ဘာဖြစ်လို့ အညံ့ခံရမှာလဲ "
လီဖူချန်းက ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ကို စေ့စေ့ ကြည့်ပြီး ပြန်ပြောလိုက်ပါတယ် ။
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်က ခေါင်းတစ်ချက် ခါလိုက်ပြီး
" အင်း…… ကြည့်ရတာ မင်းက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေအကြောင်း ကောင်းကောင်း နားမလည်သေးဘူးပဲ ။ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေက အားနည်းတဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကို ယှဉ်နိုင်တာက ဟုတ်တယ် ။ ဒါပေမဲ့ သူတို့က ဘယ်တော့မှ မနိုင်ဘူးကွ ။ အလွန်ဆုံး သူတို့က သိုင်းကွက် နည်းနည်းပါးပါး ဖလှယ်နိုင်ရုံပဲ ရှိတာ ။ ပြီးတော့ ငါက အားနည်းတဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်လည်း မဟုတ်ဘူး "
စကားပြောနေရင်းမှာပဲ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်က ခပ်ဖျော့ဖျော့ ခရမ်းရောင် ခိျီစွမ်းအား တစ်ခုကို လီဖူချန်းအပေါ် လွှမ်းခြုံစေလိုက်ပါတယ် ။
ဝေါ……ဝေါ………ဝေါ……
အဲသည်နောက်မှာတော့ လီဖူချန်းရဲ့ အနီးအနားက နေရာမှန်သမျှဟာ ကမ္ဘာပျက်ကိန်း တစ်ခုနဲ့ ကြုံလိုက်ရတဲ့အလား ပျက်စီးသွားခဲ့ပါပြီ ။
လေဟာနယ် ဟင်းလင်းပြင်ဟာ လှိုင်းအထပ်ထပ် ထသွားခဲ့သလို မိုးကောင်းကင် နဲ့ မဟာပထဝီ မြေကြီးရဲ့ ဥပဒေသတွေဟာလည်း သည်ပတ်ဝန်းကျင်ငးကို သက်ရောက်နိုင်စွမ်း မရှိတော့သလိုပါပဲ ။
ဘန်း……ဘန်း……ဘန်း……
ရှဲ……ရှဲ……ရှဲ……
မြေပြင်ဟာလည်း ကွဲအက်သွားခဲ့ပြီး အထဲကနေ ချော်ရည်ပူတွေကို ပန်းထုတ်နေပါတော့တယ် ။
" ကြောက်စရာ ကောင်းလှချည်လား "
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ အစွမ်းကို မြင်လိုက်ရတဲ့ အခါမှာတော့ လီဖူချန်းဟာ မျက်နှာ အနည်းငယ် ပျက်သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း သူက တန်ပြန်တိုက်စစ်ကို ထုတ်ဖို့တော့ မမေ့သွားခဲ့ပါဘူး ။
" သွားစမ်း "
ဘန်း……
လီဖူချန်းရဲ့ စကားသံ အဆုံးမှာတော့ သွေးရောင်လွှမ်းနေတဲ့ လက်ကြီးတစ်ခုဟာ ကောင်းကင်ယံမှာ ဖြစ်တည်လာပြီး ခရမ်းနုရောင် ချီစွမ်းအားတွေကို ရိုက်ချပစ်လိုက်ပါတော့တယ် ။
သည်မြင်ကွင်းကတော့ ကြီးမားလှတဲ့ တောင်ကြီးတစ်လုံး နဲ့ ကျယ်ပြောလှတဲ့ ပင်လယ်ကြီး တစ်စင်း ထိပ်တိုက် ရင်ဆိုင်လိုက်ကြသလိုပါပဲ ။
ဘန်း……ဘန်း……ဘန်း……
ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီး နောက်ဆုံးမှာတော့ သွေးလက်ကြီးကော ၊ ခရမ်းနုရောင် ချီစွမ်းအားပါ လေထုထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ ။
" စိတ်ဝင်စားစရာပဲ ။ မင်းက ငါ့ရဲ့ ချီစွမ်းအားကိုတောင် ခုခံနိုင်တယ်ပေါ့ "
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်က လီဖူချန်းရဲ့ သွေးလက်အစွမ်းနဲ့ ပက်သက်ပြီး အနည်းငယ် အံ့အားသင့်သွားပုံပါပဲ ။
သူ့အနေနဲ့ အခုလို အံ့အားသင့်သွား ရတာကလည်း လွန်တော့ မလွန်ပါဘူး ။
သူ့ရဲ့ ချီစွမ်းအားထဲမှာက ခရမ်းရောင်ဆည်းဆာ ချီအတွင်းအား ဆန္ဒ ခိုဝင်ကိန်းအောင်း နေတာပါ ။ ပြီးတော့ မြောက်များလှစွာသော မတူညီတဲ့ ဥပဒေသတွေကလည်း သည်ဆန္ဒထဲမှာ ပါဝင်ပတ်သက် နေပါသေးတယ် ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်ချီစွမ်းအားဟာ အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေ တောင့်ခံနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၂ ဧကရာဇ် တစ်ပါးရဲ့ ချီစွမ်းအား ဖြစ်နေတာ မဟုတ်ပါလား ။
" ဟုတ်ပြီလေ ။ ဒါဆိုရင် ငါ့ရဲ့ ခရမ်းရောင်ဆည်းဆာ နတ်လက်ဝါးကိုလည်း ခံကြည့်ဦး "
စကားဆုံးတဲ့ နောက်မှာတော့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ဟာ လီဖူချန်းကို အဝေးကနေ လက်ဝါးနဲ့ လှမ်းရိုက်လိုက်ပါတယ် ။
ဟူး……ဟူး……ဟူး……
လက်ဝါးရိုက်ချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးဟာ လေတဟူးဟူး ထသွားပြီး ခရမ်းရောင် အလင်းတန်းတွေနဲ့ လွှမ်းခြုံ ခြင်း ခံလိုက်ရပါပြီ ။
" သွားစမ်း "
လီဖူချန်းက သူ့အနေနဲ့ သည်ခရမ်းရောင် အလင်းတန်းတွေရဲ့ လွှမ်းခြုံ ခြင်း ခံလိုက်ရမယ် ဆိုရင် ဒုက္ခများသွားနိုင်တယ် ဆိုတာကို မသိဘဲ မနေပါဘူး ။
အဲသည်အတွက် သူက လက်ဝါးကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ပြီး လက်ဝါးစောင်းနဲ့ ခရမ်းရောင် အလင်းတန်းတွေကို ခုတ်ချလိုက်ပါတယ် ။
ဘန်း…… ဝုန်း………
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ ခရမ်းရောင်ဆည်းဆာ လက်ဝါးက လီဖူချန်း ထင်ထားတာထက်တောင်မှ အဆပေါင်းများစွာ ပိုပြီး ပြင်းထန်တယ်လို့ ဆိုရပါမယ် ။
သူ့ရဲ့ သွေးလက် လက်ဝါးစောင်း ခုတ်ချက်က သိုးမွှေးပုံကြီး တစ်ခုကို ခုတ်ချလိုက်ရသလိုပါပဲ ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ လက်ဝါးစောင်းက တစ်ဖက်လူရဲ့ လက်ဝါးရိုက်ချက်အပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ပါဘူး ။ အဲသည်အစား သူကသာ တစ်ဖက်လူရဲ့ လက်ဝါးရိုက်ချက်ကြောင့် ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို့ လွင့်ထွက်သွားခဲ့ရပါတယ် ။
" ဝေါ့ "
လီဖူချန်းက ခရမ်းရောင်ဆည်းဆာ လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်နေရင်းနဲ့ သွေးတစ်လုတ်ကို မဖြစ်မနေ အန်ထုတ်လိုက်ရပါသေးတယ် ။
" ပြေးမှ "
တစ်ဖက်လူနဲ့ သူနဲ့ကြားက ကွာဟချက်က သူထင်ထားတာထက် ကြီးမားနေတာကို သိလိုက်ရတဲ့ နောက်မှာတော့ လီဖူချန်းဟာ အနာခံပြီး ဆက်တိုက်မနေတော့ပါဘူး ။ အဲသည်အတွက် သူက တစ်ချိုးတည်း လှည့်ပြီး ပြေးပါတော့တယ် ။
" ကောင်စုတ်လေး…… မပြေးနဲ့ "
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ ခပ်အေးအေး အမူအယာဟာ ရုတ်တရက် ပြောင်းလဲသွားပြီး ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ ။ သူက လီဖူချန်းလို ပါရမီရှင် တစ်ယောက်ဟာ အခုလို သူရဲဘောကြောင်ပြီး ထွက်ပြေးလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့မိပါဘူး ။
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ မီးတောက် တစ်ခုအသွင် ပြောင်းပြီး လေထုထဲမှာ ပျောက်ကွယ်သွားပါတော့တယ် ။ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူဟာ မိုးကုပ်စက်ဝိုင်း နားမှာတောင် ရောက်နေခဲ့ပါပြီ ။
လီဖူချန်း ထုတ်သုံးသွားတဲ့ ကိုယ်ဖော့ပညာက မီးတောက် တည်နေရာ ရွှေ့ပြောင်းခြင်း နည်းစနစ်ပါပဲ ။ဒါကိုတော့ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။
သည်နည်းစနစ်ကိုတော့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်တောင်မှ နားလည် အသုံးပြုနိုင်ဖို့အတွက် လိုအပ်နေပါသေးတယ် ။
" တောက်…… မင်းပဲ ပြေးနိုင်မလား ၊ ငါပဲ လိုက်နိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့ကွာ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ဟာ သူ့ရဲ့ ချီအတွင်းအားတွေကို အဆုံးစွန်အထိ လှည့်ပတ်လိုက်ပါတယ် ။ အဲသည်နောက်မှာတော့ သူက ခရမ်းရောင် အလင်းတန်း တစ်ခုအသွင် ပြောင်းပြီး လီဖူချန်းနောက်ကို လိုက်သွားခဲ့ပါပြီ ။
ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၂ ဧကရာဇ် တစ်ပါး ဖြစ်တဲ့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ အမြန်နှုန်းဟာ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ ။ သာမန် ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ ဆိုရင်တော့ သူ့ရဲ့ အမြန်နှုန်းဟာ ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်းနဲ့ မခြားနားလှပါဘူး ။ ဒါပေမဲ့လည်း ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ် ကိုယ်တိုင်ကတော့ သူ့ရဲ့ လှုပ်ရှားမှုတွေဟာ ကျင့်ကြံခြင်း အဆင့်အရသာ မြန်နေတာဖြစ်ပြီး လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကမှသာ ရုတ်ချည်း နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ရဲ့ အငွေ့အသက်တွေ ခိုဝင်ကိန်းအောင်းနေတာကို သိနေပါတယ် ။
" သည်ကောင်စုတ်လေးကို မိလို့ကတော့ကွာ "
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ဟာ လီဖူချန်းနောက်ကို လိုက်နေရင်းနဲ့ ကြိမ်းဝါးနေမိပါတယ်။ တစ်ဆက်တည်းမှာပဲ သူက လီဖူချန်းကို ဖမ်းမိရင် ဝမ်ခဲ့ဆီ မခေါ်သွားဘဲ သူကိုယ်တိုင် လီဖူချန်းရဲ့ လျှို့ဝှက်ချက်တွေကို အရင်ထုတ်ဖော် ရယူဖို့ တွေးနေမိပါသေးတယ် ။
" ဧကရာဇ်ဆန္ဒ လာစမ်း "
အဲသည်နောက်မှာတော့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ဟာ သူ့ရဲ့ ဧကရာဇ်ဆန္ဒကို အသက်သွင်းလိုက်ပါပြီ ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးထဲမှာ ရှိသမျှ စွမ်းအင်တွေက သူ့ရဲ့ အမြန်နှုန်းကို ထောက်ပံ့စေဖို့ပါပဲ ။
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ သွေးရူးသွေးတန်း ပြေးနေရင်းနဲ့ ဉာဏ်အလင်း တစ်ခုကို ရလုနီးပါး ဖြစ်နေပါပြီ ။အဲသည် ဉာဏ်အလင်းကတော့ ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်းနဲ့ သက်ဆိုင်တဲ့ အရာပါပဲ ။
သူက သည်ဉာဏ်အလင်းကြောင့် စိတ်ထဲကနေ တောင့်တ လိုက်တဲ့ နေရာမှန်သမျှကို တန်းပြီး ရောက်သွားနိုင်လောက်တယ်လို့လည်း ခံစားလာမိပါတယ် ။
ဒါပေမဲ့လည်း သူက သည်အခြေအနေမှာတောင်မှ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ကို မျက်ချည် မဖြတ်နိုင်သေးပါဘူး ။ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်က သူ့ရဲ့နောက်ကို အမဲလိုက်ခွေး တစ်ကောင်လို ကပ်ပြီး လိုက်နေဆဲပါပဲ ။
ဟူး……… ဟူး……
ရွှစ်………
သည်လိုနဲ့ပဲ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ဟာ လီဖူချန်းကို မီလုမိခင် အနေအထားအထိ ရောက်ရှိလာခဲ့ပါပြီ ။
" တည်နေရာ ပြောင်းစမ်း "
တကယ့်ကို သေရေးရှင်ရေး အခိုက်အတန့်ကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး လျှပ်တစ်ပြက် နတ်မီးတောက် ကိုယ်ဖော့ပညာကို အစွမ်းကုန် အသုံးပြုလိုက်ပါတော့တယ် ။
အခုလို အခြေအနေကို ရောက်နေမှတော့ လီဖူချန်း အနေနဲ့ တခြား ရွေးစရာလမ်း မရှိတော့ပါဘူး ။သူက သည်ကိုယ်ဖော့ပညာရပ်ရဲ့ ပဉ္စမ အဆင့် အကန့်အသတ်ကို မဖြစ်မနေ ချိုးဖောက်မှကို ရပါတော့မယ် ။
ရှဲ……
ဘာတွေဖြစ်သွားလို့ ဖြစ်သွားမှန်းတော့ မသိပါဘူး ။ ဒါပေမဲ့ လီဖူချန်း သိလိုက်တာကတော့ သူ့ရဲ့ စိတ်နယ်ပယ်က စိတ်ဝိညာဉ်ဟာ ခရမ်းရောင် အလင်းတန်းတွေ ဖြာထွက်သွားပြီး သူ့ကို စွမ်းအားတွေ အထောက်အပံ့ ပေးလာတယ် ဆိုတာပါပဲ ။
အဲသည်နောက်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ မီးတောက်တွေရဲ့ လွှမ်းခြုံ ခြင်းကို ခံလိုက်ရပြီး ကမ္ဘာကြီးထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါပြီ ။
" ကောင်စုတ်လေး …… မပြေးနဲ့ "
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ သွေးရူးသွေးတန်း အော်သံကလည်း လီဖူချန်းကို မတားဆီးနိုင်တော့ပါဘူး ။
( note : လီဖူချန်းရဲ့ ကိုယ်ဖော့ပညာကို လျှပ်တစ်ပြက် နတ်မီးတောက်လို့ ပြောင်းထားပါတယ် ။)
***