← Chapters

အကြားအမြင် ရသောသူ

Vol. 47 Ch. 637

အကြားအမြင် ရသောသူ

Vol. 47 Ch. 637

လမ်းတစ်ဝက်မှာတော့  မြေခွေးဖြူ  မျိုးနွယ်ဝင်တွေ အားလုံးဟာ သွေးဖားပြုပ် ဘုရင်ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး သွေးဖားပြုပ် တောင်ကို ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီ ဆိုတာကို လီဖူချန်း အနေနဲ့ သိလိုက်ရပါတယ် ။

သွေးဖားပြုပ်ဘုရင်……

သည်မိစ္ဆာသားရဲကတော့ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးရဲ့ မျိုးဆက်သွေးကို ဆက်ခံထားသူ တစ်ယောက်ပါပဲ ။ ပြီးတော့ သူက မိစ္ဆာသားရဲ အရှင်သခင် တစ်ပါးရဲ့ မျိုးဆက်သွေးကိုလည်း အနည်းအကျဉ်း ဆက်ခံထားပါသေးတယ် ။ အဲသည်အတွက်ကြောင့် သူ့ရဲ့ တန်ခိုးအစွမ်းဟာ တခြားသာ မိစ္ဆာသားရဲ ဘုရင်တွေထက်ကို အများကြီး ပိုအစွမ်း ထက်တယ်လို့ ဆိုရပါမယ် ။

နေ့တစ်ဝက် အကြာမှာတော့ လီဖူချန်း နဲ့ မြေခွေးဖြူ လေးတို့ဟာ သွေးဖားပြုပ်တောင်ရဲ့ နယ်နိမိတ် အစပ်နားကို ရောက်ရှိ လာခဲ့ကြပါပြီ ။

သွေးဖားပြုပ်တောင်ကတော့ နာမည်နဲ့လိုက်အောင် သွေးရောင် လွှမ်းနေတဲ့ တောင်တစ်လုံး ဖြစ်ပြီး အမြင့်မီတာကလည်း မီတာ တစ်သောင်းအောက် မလျော့ပါဘူး ။ ပြီးတော့ အဲသည် တောင်ကနေ ထွက်ပေါ်နေတဲ့ အငွေ့အသက် တစ်ခုက လီဖူချန်းကိုတောင်မှ ချမ်းစိမ့်စိမ့် ဖြစ်သွားစေပါတယ် ။

တကယ်လို့ သူထင်တာသာ မမှားဘူး ဆိုရင်တော့ သွေးဖားပြုပ်တောင်ဟာ သေချာပေါက် မှော်ဝင် အံ့ဖွယ်တောင် တစ်လုံးပါပဲ ။

မှော်ဝင် အံ့ဖွယ်တောင် ဆိုတာကတော့ ဖျက်ဆီးလို့ ရတဲ့ တောင်မျိုး မဟုတ်ပါဘူး ။

-သွေးဖားပြုပ်တောင်၊ သွေးဖားပြုပ် လိုဏ်ဂူ -

" သွေးဖားပြုပ် ဘုရင်…… ရှင့်အနေနဲ့ သည်နေ့မှာ သွေးနဲ့ပက်သက်ပြီး ဘေးဒုက္ခ တစ်ခု ကြုံစရာ ရှိတယ် ။ ဒါပေမဲ့ အခု ကျွန်မနဲ့ ကျွန်မရဲ့ မျိုးနွယ်ဝင်တွေကို လွှတ်ပေးလိုက်မယ် ဆိုရင် ရှင့်အနေနဲ့ သည်ဘေးဒုက္ခကို ရှောင်လွှဲနိုင်လိမ့်မယ် ။ သည်တော့ အချိန်ရှိတုန်း ကျွန်မတို့ကို မြန်မြန် လွှတ်ပေးပါ "

လိုဏ်ဂူထဲမှာတော့ မြေခွေးဖြူ  တစ်အုပ်ဟာ မြေပြင်ပေါ်မှာ ဝပ်တွားရင်း ရှိနေပါတယ် ။ အစောပိုင်းက စကားကိုတော့ အမွှေးတွေ ကျိုးတိုး၊ကျဲတဲ ဖြစ်နေပြီ ဖြစ်တဲ့ မြေခွေးဖြူ အိုကြီး တစ်ကောင်က ပြောလိုက်တာ ဆိုရင်လည်း မမှားပါဘူး ။ ကြည့်ရတာတော့ သူက သည်မြေခွေးဖြူ  မျိုးနွယ်ရဲ့ ခေါင်းဆောင် ဖြစ်ပုံပါပဲ ။

မြေခွေးဖြူ အုပ်ရဲ့ ရှေ့မှာတော့ ပလ္လင်တစ်ခု ရှိနေပြီး အဲသည်ပလ္လင် ပေါ်မှာတော့ ဝဝဖိုင့်ဖိုင့် လူဝကြီး တစ်ဦး ရှိနေပါတယ် ။

အဲသည်လူဝကြီးက ဝလွန်းတဲ့အတွက် မေးနှစ်ထပ် ဖြစ်နေပြီး မျက်နှာပေါ်မှာလည်း ကျောက်ပေါက်မာတွေ ရှိနေတဲ့အတွက် အဝေးကနေ ကြည့်မယ် ဆိုရင် ဖားပြုပ် တစ်ကောင်နဲ့ ခြားနားလှမှာ မဟုတ်ပါဘူး ။

ဒုန်း……

သူက လက်ထဲမှာ ရှိနေတဲ့ သေရည်ခွက်ကို တစ်ရှိန်ထိုး မော့ချလိုက်ပြီး ခုံပေါ်ကို ဆောင့်ချကာ ဒေါသတကြီးနဲ့

" ဘာ…… ငါက သွေးနဲ့ ပက်သက်ပြီး ဘေးဒုက္ခ တစ်ခု ကြုံရမယ် …… ဟုတ်လား ။ မင်းက ငါ့ကို ဘာထင်နေတာလဲ ။ ငါက သွေးဖားပြုပ် ဘုရင်ကွ ။ ပြီးတော့ ငါကပဲ သူများတွေကို သွေးနဲ့ပက်သက်တဲ့ ဘေးဒုက္ခ ပေးတာကွ "

" ဟုတ်ပြီလေ …… ဒါဆိုရင်လည်း ရှင့်သဘောပါပဲ "

သွေးရောင်ဖားပြုပ် ဘုရင်က  သူ့စကားကို နားမဝင်မှတော့ မြေခွေးဖြူ အိုကြီး အနေနဲ့ ဘာမှ ဆက်ပြီး ပြောမနေတော့ပါဘူး ။ သူက ခေါင်းကိုသာ တသွင်သွင် ခါယမ်းပြီး ငြိမ်နေလိုက်ပါတော့တယ် ။

ဝုန်း……

အဲသည် အချိန်မှာပဲ သွေးဖားပြုပ်တောင်ဟာ တုန်ခါသွားပြီး လိုဏ်ဂူရဲ့ အမိုးပေါ်မှာရှိတဲ့ ကျောက်တုံး၊ကျောက်ခဲတွေဟာ ပြိုကျလာခဲ့ပါပြီ ။

" အရှင်မင်းကြီး……မကောင်းတော့ပါဘူး ……အရှင်မင်းကြီး …… တစ်ယောက်ယောက်က ကျွန်တော်မျိုးတို့ကို တိုက်ခိုက်နေပါပြီ "

စကားသံနဲ့အတူ မိစ္ဆာသားရဲ ဗိုလ်ချုပ် တစ်ပါးဟာ လိုဏ်ဂူထဲကို ကသောကမျော ပြေးဝင်လာခဲ့ပါတယ် ။

သွေဖားပြုပ် ဘုရင်က သူ့ရဲ့ ဝိုင်ခွက်ကို လွှင့်ပစ်လိုက်ပြီး ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါတယ် ။

" ဟိုမျိုးမစစ် မြွေပြာဘုရင်က နောက်ထပ်တစ်ခါ လာပြန်ပြီလား "

မိစ္ဆာသားရဲ ဗိုလ်ချုပ်က ကြောက်လန့်တကြားနဲ့ ခေါင်းခါလိုက်ပြီး

" အရှင်မင်းကြီး …… အခု လာတဲ့သူက မြွေပြာဘုရင် မဟုတ်ပါဘူး ။ အခု လာတဲ့သူက လူသား ဘုရင် တစ်ပါးပါ ။ ဒါပေမဲ့ အဲသည်လူသားက အတော်လေး အစွမ်းထက်ပါတယ် ။ ပြီးတော့ သူ့ရဲ့ လက်ချက်နဲ့ မိစ္ဆာသားရဲ ဘုရင်တော်တော်များများလည်း သေကုန်ကြပါပြီ "

သွေးဖားပြုပ် ဘုရင်က တန်ခိုးအစွမ်း ထက်လွန်းတဲ့ မိစ္ဆာသားရဲ မဟာ ဘုရင်တစ်ပါး ဖြစ်တဲ့အတွက် သူ့ရဲ့လက်အောက်မှာ ခစားကြတဲ့ မိစ္ဆာသားရဲ ဘုရင်တွေဟာ တစ်ရာအောက် မလျော့ပါဘူး ။

ပြီးတော့ သူတို့ရဲ့ အဖွဲ့အစည်းကလည်း သည်နယ်မြေ တစ်ဝိုက်မှာ အစွမ်း အထက်ဆုံး အဖွဲ့အစည်း သုံးခုထဲ တစ်ခုပါပဲ ။

ရှင်းရှင်းပြောရမယ် ဆိုရင် သူတို့ရဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီးကတည်းက အခုချိန်အထိ ဘယ်သူကမှ သွေးဖားပြုပ်တောင်ကို အခုလို လာပြီး မရမ်းကားရဲပါဘူး ။

သည်နေ့ကတော့ လုံးဝ ပထမ အကြိမ်ပါပဲ ။

သူ့ရဲ့ စခန်းကို လာရောက် ဖျက်ဆီး ရမ်းကားနေသူက လူသား ဘုရင်တစ်ပါး ဖြစ်နေတာကို သိလိုက်ရတဲ့ နောက်မှာတော့ သွေးဖားပြုပ် ဘုရင်ဟာ ဒေါသကို မထိန်းထားနိုင်တော့ပါဘူး ။

" အဲသည်လူသားက သေချင်နေပြီလား "

စကားပြောနေရင်းမှာပဲ  သွေးဖားပြုပ် ဘုရင်ဟာ လိုဏ်ဂူရဲ့ အပြင်ကို ခုန်ထွက်သွားခဲ့ပါပြီ ။

လိုဏ်ဂူ အပြင်ကို ရောက်တာနဲ့ တစ်ပြိုင်နက် သူက သူ့ရဲ့ အစစ်အမှန် ရုပ်သွင်ကို ပြောင်းလိုက်ပါသေးတယ် ။

ဘူး……

မိုင်ပေါင်း တစ်ဒါဇင် နီးပါးအထိ ကြီးမားတဲ့ အရွယ်အစားကို ပိုင်ဆိုင်ထားတဲ့ သွေးရောင် ဖားပြုပ် တစ်ကောင်ဟာ မြေပြင်ထက်မှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပါပြီ ။

" ဘယ်ကောင်က ငါ့စခန်းကို လာပြီး ရမ်းကားနေတာလဲ "

" မင်းအဖေ ငါပဲကွ "

ဘန်း……

အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှတယ်လို့ ဆိုရမှာပါပဲ ။

သွေးဖားပြုပ် ဘုရင်က လိုဏ်ဂူအပြင်ကို ထွက်ပြီး စကား တစ်ခွန်းပဲ ပြောရပါသေးတယ် ။ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ သွေးရောင် လက်ကြီး တစ်ခုက သူ့ကို ပြားချပ်နေအောင် ရိုက်ချ သွားခဲ့ပါပြီ ။ သည်သွေးလက်ကြီးက သူ့ရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကိုတောင် ထွက်ပြေးဖို့ အခွင့်အရေး မပေးခဲ့ပါဘူး ။

" ဘယ်……ဘယ်လို ဖြစ်သွားတာလဲ ။သွေးဖားပြုပ် ဘုရင်က သည်လိုပဲ သေသွားတာလား "

အမြီးနှစ်ချောင်း မြေခွေးဖြူ ကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ ။ သူက သူ့ရဲ့ မျက်လုံးရှေ့မှာ ဖြစ်ပျက်သွားတာကိုတောင်မှ မယုံနိုင်သေးပါဘူး ။

" အင်း……လူကြီးသူမတွေရဲ့ သတိပေး စကားကို နားမထောင်တဲ့ သူတစ်ယောက်ကတော့ အသက်ပေးသွားရပြီပဲ "

စကားသံနဲ့အတူ မြေခွေးဖြူ အိုကြီး တစ်ကောင်ဟာ ခေါင်းတယမ်းယမ်းနဲ့ သွေးဖားပြုပ် လိုဏ်ဂူထဲကနေ ထွက်လာခဲ့ပြီ ။ သူ့ရဲ့ နောက်မှာလည်း မြေခွေးဖြူ  တစ်အုပ်က ကပ်ပြီး လိုက်လာပါသေးတယ် ။

" မျိုးနွယ်စု အကြီးအကဲ "

မြေခွေးဖြူ အိုကြီးနဲ့ မြေခွေးဖြူ အုပ်ကို တွေ့လိုက်ရတဲ့ အခါမှာတော့ အမြီးနှစ်ချောင်း မြေခွေးဖြူ လေးဟာ ဣန္ဒြေ မဆည်နိုင်တော့ပါဘူး ။ သူက ဝမ်းသာအားရနဲ့ အပြေးအလွှားလေး သွားပြီး မြေခွေးဖြူ အုပ်ကြီးကို ကြိုဆိုလိုက်ပါတယ် ။

"ကဲ…… ကျုပ်ကိစ္စ ပြီးပြီဆိုတော့ သွားတော့မယ် "

ကမ္ဘာဦး လွင်တီးခေါင်းပြင် တောင်တန်းက မိစ္ဆာသားရဲတွေရဲ့ ပိုင်နက် နယ်မြေ ဖြစ်တဲ့အတွက် လီဖူချန်းက အချိန် သိပ်ကြာကြာ မနေချင်ပါဘူး ။အဲသည်အတွက် သူက သည်နေရာကနေ ထွက်သွားဖို့ကို ပြင်ပါတော့တယ် ။

" သခင်လေး…… ခဏ စောင့်ပါဦး "

အမြီးနှစ်ချောင်း မြေခွေးဖြူ လေးက သွေးဖားပြုပ် တောင်ပေါ်ကို ပြေးတက်သွားပြီး ၁၅မိနစ် အကြာမှာတော့ သိုလှောင်အိတ် တစ်လုံးနဲ့အတူ ပြန်ရောက်လာခဲ့ပါတယ် ။ သူက သိုလှောင်အိတ်ကို လီဖူချန်းရှေ့မှာ ချပေးလိုက်ပြီး

" သခင်လေး…… သည်သိုလှောင်အိတ်ထဲမှာက ကောင်းကင် အဆင့် ဆေးပင်တွေ ရှိပါတယ် ။ အဲဒါတွေက သခင်လေးအတွက် အသုံး ဝင်မှာပါ "

" ကျေးဇူးပါ…… မြေခွေးလေး "

လီဖူချန်းက မြေခွေးဖြူလေး ပေးတဲ့ ပစ္စည်းတွေကို မငြင်းပါဘူး ။ သူက အသာတကြည်ပဲ လက်ခံလိုက်ပါတယ် ။

" သခင်လေး…… ဒါနဲ့လေ "

" ပြောပါ …… မြေခွေးလေး "

" ဘာမှ မဟုတ်တော့ပါဘူး …… သခင်လေး "

မြေခွေးဖြူ လေးက စကားကို စလိုက်ပေမယ့်လည်း ဆုံးအောင် မပြောခဲ့ပါဘူး ။

ဒါပေမဲ့လည်း လီဖူချန်းက မြေခွေးဖြူ လေးဟာ တစ်စုံတစ်ရာနဲ့ ပက်သက်ပြီး ပြောဖို့ မဝံ့မရဲ ဖြစ်နေတယ် ဆိုတာကို ကောင်းကောင်းကြီး ရိပ်မိပါတယ် ။ အဲသည်အတွက် သူက

" မြေခွေးလေး…… မင်းမှာ ပြောစရာ ရှိတယ် ဆိုတာကို ငါသိပါတယ် ။ အဲသည်တော့ ပြောမှာသာ ပြောစမ်းပါ "

အဲသည်အချိန်မှပဲ မြေခွေးဖြူ လေးက သူပြောချင်တာကို ဖွင့်ပြောလာပါတော့တယ် ။

" သခင်လေး…… ကျေးဇူးပြု ပြီး သိုလှောင်အိတ်လေးကို ပြန်ပေးခဲ့လို့ ရမလား ။ ကျွန်မမှာ အဲသည် သိုလှောင်အိတ် တစ်လုံးပဲ ရှိလို့ပါ "

" သြော်…… ဒါလား "

မြေခွေးဖြူ လေးရဲ့ စကား အဆုံးမှာတော့ လီဖူချန်းဟာ မပြုံးချင် ပြုံးချင်နဲ့ ပြုံးလိုက်မိပါပြီ ။ ပြီးတဲ့နောက်မှာတော့ သူက အဆင့်မြင့် သိုလှောင်အိတ်  တစ်လုံးကို ထုတ်ပြီး မြေခွေးဖြူ လေးကို လှမ်းပေးလိုက်ပါတော့တယ် ။

" ရော့.… သည်အိတ်ကို ယူလိုက် ။ ဒါက ပိုကောင်းတယ် "

" ကျေးဇူးတင်ပါတယ် .…… သခင်လေး "

လီဖူချန်း ပေးတဲ့ သိုလှောင်အိတ်ကို ဖွင့်ကြည့်ပြီးတဲ့ အခါမှာတော့ မြေခွေးဖြူ လေးဟာ အပျော်ကြီး ပျော်သွားခဲ့ပါပြီ ။

သည်သိုလှောင်အိတ်က သူ့ရဲ့ သိုလှောင်အိတ်ထက် အဆ တစ်ရာမက သာလွန်နေတာ မဟုတ်ပါလား ။

***

- မြေခွေးဖြူ  အသိုက် -

မြေခွေးဖြူ တွေရဲ့ အသိုက်ကတော့ မြေအောက် လိုဏ်ဂူ တစ်လုံးပဲ ဖြစ်ပါတယ် ။

လိုဏ်ဂူထဲမှာတော့ ကျောက်စက် မိုးမျှော်တွေ ၊ ကျောက်စက် ပန်းဆွဲတွေနဲ့ ပြည့်နှက်နေပြီး မြေခွေးဖြူ တွေကလည်း သူတို့ရဲ့ သွင်ပြင်ကို ပြောင်းလဲထားကြပါပြီ ။

အမွှေးတွေ ကျိူ းတိုးကျဲတဲ ဖြစ်နေတဲ့ မြေခွေးဖြူ အိုကြီးကတော့ ခါးကုန်းနေတဲ့ အဘွားအိုကြီး တစ်ယောက် အဖြစ်ကို အသွင်ပြောင်းထားပြီး သူ့ရဲ့ အရပ်ကတော့ တစ်မီတာထက်ကို မကျော်ပါဘူူး ။

အမြီးနှစ်ချောင်း မြေခွေးဖြူ လေးကလည်း လူသား မိန်းကလေး တစ်ယောက် အသွင်ကို ပြောင်းထားပြီး သူ့ရဲ့ အလှအပကတော့ ချီကျွင်းကျွင်းအောက် လုံးဝ မလျော့ပါဘူး ။ ပြီးတော့ သူ့ဆီမှာက အမျိုးအမည် မသိရတဲ့ ညှို့ဓာတ် တစ်ခုလည်း ရှိနေပါသေးတယ် ။

ကျန်တဲ့ မြေခွေးဖြူ တွေကလည်း ရုပ်ရည် ချောမောလှပကြတဲ့ ယောကျာ်းပျိုတွေ နဲ့ မိန်းမပျိုတွေ အဖြစ်ကို အသွင် ပြောင်းထားခဲ့ကြပါပြီ ။ ဒါပေမဲ့ သည်မြေခွေးဖြူ  အုပ်ထဲမှာက မိန်းမပျိုတွေ ပိုများပါတယ် ။

လီဖူချန်းကလည်း သည်မြေခွေးဖြူ တွေရဲ့ အသိုက်ထဲမှာ ရောက်နေတာပါပဲ ။ သူ့ကိုတော့ မြေခွေးဖြူ အိုကြီးက သူတို့ရဲ့ အသိုက်ထဲကို အလည်အပတ် အဖြစ် လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့တာ ဆိုရင်လည်း မမှားပါဘူး ။

လူသား အသွင်ကို ပြောင်းပြီးတဲ့ နောက်မှာတော့  မြေခွေးဖြူ အိုကြီးက လီဖူချန်းကို စတင် မိတ်ဆက်လိုက်ပါတယ် ။

" သခင်လေး……… သည်က အဘွားကြီးကတော့ ဟူဟောင်ရှုလို့ အမည်ရပါတယ် ။ အဘွားက သည်မြေခွေးဖြူ အုပ်ရဲ့ မျိုးနွယ်စု အကြီးအကဲပါ ။ အပြင်ဘက် လောကမှာတော့ အဘွားတို့က မလိုလားအပ်တဲ့ ပြသနာတွေကို မဖိတ်ခေါ်ချင်တဲ့အတွက် မြေခွေးဖြူ တွေ အဖြစ်ပဲ နေပါတယ် "

" ဟုတ်ကဲ့ပါ ……အဘွား "

လီဖူချန်းက မြေခွေးမျိုးနွယ်အကြောင်းကို မသိဘဲ မနေပါဘူး ။ သည်မျိုးနွယ်ဝင်တွေ ဆိုတာက ချောမောလှပသူတွေချည်းပါပဲ ။ အဲသည်အတွက် မိစ္ဆာသားရဲတွေဟာ မြေခွေးမျိုးနွယ်ဝင်တွေကို တွေ့တိုင်းမှာ အတင်းအဓမ္မ ဖမ်းဆီးကြလေ့ ရှိပါတယ် ။

" သခင်လေးရှင့် ……  ကျွန်မကတော့ ဟူလင်းအာပါ "

အမြီးနှစ်ချောင်း မြေခွေးဖြူ လေးကလည်း လီဖူချန်းကို အရိုအသေပေးပြီး စတင် မိတ်ဆက် လာခဲ့ပါတယ် ။

" ကျွန်တော်ကတော့ လီဖူချန်းပါ "

မြေခွေးဖြူ လေးက မိတ်ဆက် လာမှတော့ လီဖူချန်း အနေနဲ့ သည်အတိုင်း မနေသာတော့ပါဘူး ။အဲသည်အတွက်  သူကလည်း လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးပြီး ပြန်မိတ်ဆက် လိုက်ပါတယ် ။

" သခင်လေးလီ……သခင်လေးက…… တကယ့်ကို ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ သားတော်ပါပဲ ။ အသက် သုံးဆယ်ကျော်နဲ့ သည်လို အစွမ်းမျိုးကို ပိုင်ဆိုင်ထားတဲ့ လူမျိုး ဆိုတာက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာတောင်မှ လက်တစ်ဖက် ပြည့်မယ် မထင်ဘူး ။အခုလို အဘွားတို့ မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် "

ဟူဟောင်ရှုက လီဖူချန်းကို အပြန်ပြန်၊ အလှန်လန် အကဲခတ်ရင်းနဲ့ ခပ်ဖြည်းဖြည်း ဆိုလာခဲ့ပါတယ် ။ ကြည့်ရတာတော့ သည်မြေခွေးဖြူ အိုကြီးက လီဖူချန်းရဲ့ အစွမ်းကို ကြည့်မြင်နိုင်စွမ်း ရှိပုံပါပဲ ။

အစပိုင်းကတော့ လီဖူချန်းဟာ ဟူဟောင်ရှုကို သိပ်ပြီး ဂရု မစိုက်ခဲ့ပါဘူး ။ ဒါပေမဲ့လည်း အခုလို ပြောလာတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ကို ပြန်ပြီး အကဲခတ်လိုက်ပါတယ် ။

သိပ်သည်းလွန်းတဲ့ ချီအရှိန်အဝါ ။ ကန်ရေပြင်လို တည်ငြိမ်ပြီး ပင်လယ် ၊ သမုဒ္ဒရာ တစ်စင်းလို နက်ရှိုင်းလွန်းလှတဲ့ အကြည့် ။ ဒါတွေက သာမန် မိစ္ဆာသားရဲ တစ်ကောင် ပိုင်ဆိုင်ထားနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး ။

ဟူဟောင်ရှုကို ကြည့်ရတာက တခြားသော အချိန်ကာလ ဒါမှမဟုတ် တခြားသော နေရာ တစ်ခုကနေ ရောက်လာသလိုပါပဲ ။

လီဖူချန်းရဲ့ ခံစားချက်ဟာ လုံးဝ မမှားနိုင်ပါဘူး ။ သည်မြေခွေးဖြူ အိုကြီးဟာ သူ့ရဲ့ တန်ခိုးအစွမ်းတွေကို လျှိုထားတာပဲ ဖြစ်ရပါမယ် ။

' အဲဒါက အချိန်တာအို ဥပဒေသလား ဒါမှမဟုတ်  ဟင်းလင်းပြင် တာအို ဥပဒေသလား ။ ဒါမှမဟုတ် နှစ်ခုစလုံးလား '

လီဖူချန်းက ဟူဟောင်ရှုကို ကြည့်ပြီး အတွေး များနေမိပါတယ် ။

မိစ္ဆာသားရဲတွေက အဆင့်၅ကို ရောက်ပြီဆိုရင် သူတို့ရဲ့ မွေးရာပါ စွမ်းရည်တွေ နိုးထလာတတ်တာ သဘာဝပါပဲ ။ ကြည့်ရတာတော့ သည်မြေခွေးဖြူ အိုကြီးရဲ့ မွေးရာပါ စွမ်းရည်က အချိန် ဒါမှမဟုတ် ဟင်းလင်းပြင်နဲ့ သက်ဆိုင်နေတာ ဖြစ်ရပါမယ် ။

" မျိုးနွယ်စု အကြီးအကဲဟူက ကျွန်တော့်ကို မြှောက်ပင့် လွန်းနေပါပြီဗျာ ။ ကျွန်တော် မရှိရင်လည်း မြေခွေးဖြူ  မျိုးနွယ်တွေက အဆင်ပြေမှာပါ "

လီဖူချန်းကလည်း သူ့အနေနဲ့ ဟူဟောင်ရှု ပညာ လျှိုထားတာကို ရိပ်မိကြောင်း မသိမသာ စကားလမ်းကြောင်း ခင်းလိုက်ပါတယ် ။

ဟူဟောင်ရှုက ခေါင်းခါလိုက်ပြီး

" သည်အဘွားကြီးက တိုက်ခိုက်တဲ့နေရာမှာ အသုံးမဝင်ပါဘူး ။ ကျွန်မက အကြားအမြင် ပညာရပ်ပိုင်းမှာပဲ နည်းနည်းပါးပါး အသုံးဝင်တာပါ ။ သည်လိုလုပ်ပါလား ။ သခင်လေးက ကျွန်မတို့ မြေခွေးဖြူ မျိုးနွယ်ကို ကယ်တင်ပေးခဲ့တာ ဆိုတော့ ကျွန်မက သခင်လေးကို ကျေးဇူးဆပ်တဲ့ အနေနဲ့ သခင်လေးရဲ့ အနာဂတ်ကို တစ်ချက် ကြည့်ပေးမယ်လေ "

ဟူဟောင်ရှုက မြေခွေးဖြူ မျိုးနွယ်ကို လူသား တစ်ယောက်က လာရောက် ကယ်တင်မယ် ဆိုတာကို အစောကြီးကတည်းက သိမြင်ပြီးခဲ့ပါပြီ ။ ဒါကြောင့်လည်း သူက သွေးဖားပြုပ် ဘုရင်ရဲ့ ဖမ်းဆီးခြင်းကို မခုခံဘဲ အသာတကြည် လိုက်သွားခဲ့တာပါ ။

" ဟုတ်ပြီလေ ။ ဒါဆိုရင်လည်း ကျေးဇူးပြု ပြီး ကျွန်တော့်ရဲ့ အနာဂတ်ကို ကြည့်ပေးပါဦး "

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လုံးဝ စိတ်မဝင်စားပါဘူး ။ သတ္တဝါတိုင်းဟာ မွေးဖွားလာပြီး ကတည်းက သူတို့ရဲ့  အနာဂတ်ကို သတ်မှတ်ထားပြီးသား ဆိုတာကြီးက တကယ့်ကို ဟာသပါပဲ ။ ဒါပေမဲ့လည်း သူက  အကြားအမြင် ပညာရပ် အကြောင်း သိချင်တဲ့အတွက် ဟူဟောင်ရှုရဲ့ ကမ်းလှမ်းမှုကို လက်ခံ လိုက်ပါတယ် ။

" ဟေး… ဘွားဘွားဟူက သူ့ရဲ့ အစွမ်းကို ထုတ်ပြတော့မယ်တဲ့ "

လီဖူချန်းနဲ့ ဟူဟောင်ရှုတို့ရဲ့ စကားဝိုင်းက ဟူလင်းအားနဲ့ တခြားသော မြေခွေးဖြူ တွေကိုလည်း ဆွဲဆောင်သွားခဲ့ပါပြီ ။

သူတို့က သူတို့ရဲ့ မျိုးနွယ်စု အကြီးအကဲ ပိုင်ဆိုင်ထားတဲ့ မွေးရာပါ စွမ်းရည် အကြောင်းကို မသိဘဲ မနေပါဘူး ။

သူတို့တွေထဲက တစ်ယောက်ယောက် အပြင်ကို သွားတော့မယ် ဆိုရင် မျိုးနွယ်စု အကြီးအကဲက အမြဲလိုလို အဲသည်သူကို အန္တရာယ် ကင်း၊မကင်း ကြည့်ပေးနေကျပါပဲ ။ ပြီးတော့ မျိုးနွယ်စု အကြီးအကဲရဲ့ အကြားအမြင် စွမ်းရည်ဟာ လုံးဝ တိကျ မှန်ကန်ပါတယ် ။

ကောလာဟလတွေအရ ဆိုရင်တော့ မျိုးနွယ်စု အကြီးအကဲဟာ ငယ်ရွယ်စဉ် အချိန်တုန်းက မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးရဲ့ အနာဂတ်ကိုတောင် ကြည့်ပေးဖူးပါတယ်တဲ့ ။

ဒါပေမဲ့လည်း အဲသည် မိစ္ဆာသားရဲ ဧကရာဇ်ဟာ သားရဲ ဧကရာဇ် အဆင့်ကို ရောက်ပြီးတဲ့ နောက်မှာတော့ ဧကရာဇ် ကုန်းမြေတိုက်ကြီးကနေ ထွက်ခွာသွားခဲ့ပါတယ် ။ တကယ်လို့ အဲသည် မိစ္ဆာသားရဲ ဧကရာဇ်သာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကနေ မထွက်သွားခဲ့ဘူး ဆိုရင်တော့ သူတို့ မြေခွေးဖြူ တွေဟာ အခုလို ကျီးလန့်စာစာ နေနေရစရာ အကြောင်း မရှိပါဘူး ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ မြေခွေးဖြူ တွေကတော့ သူတို့ရဲ့ မျိုးနွယ်စု အကြီးအကဲ ဟူဟောင်ရှု ရှိနေသရွေ့ သူတို့ရဲ့ မျိူ းနွယ်အတွက် မျှော်လင့်ချက် ရှိနေဆဲလို့ ခံယူထားကြပါတယ် ။

" သခင်လေးလီ…… ကျေးဇူးပြု ပြီး စိတ်ကို လျော့ချလိုက်ပါ "

စကားဆုံးတဲ့ နောက်မှာတော့ ဟူဟောင်ရှုရဲ့ မျက်လုံးတွေ သလင်းကျောက်တွေလို တောက်ပလာပြီး ရုပ်စုံမှန်ပြောင်း တစ်ခုလို လည်သွားခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ ကြည်လင် တောက်ပနေတဲ့ အလင်းရောင်တန်းတွေက လီဖူချန်းကို လွှမ်းခြုံ သွားပါတော့တယ် ။

ယေဘုယျအားဖြင့် ဆိုရင်တော့ သည်အလင်းရောင်တန်းတွေက တဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ အနာဂတ် ပုံရိပ်တွေကို ပုံဖော် ပြသပေးလာမှာပါပဲ ။

တကယ်လို့ လီဖူချန်းရဲ့ ကျင့်ကြံမှုက အားနည်းနေရင်တော့ ပုံရိပ်တွေဟာ များများ ပေါ်လာမှာ ဖြစ်ပြီး လီဖူချန်းရဲ့ ကျင့်ကြံမှုက  အားကောင်းနေရင်တော့ ပုံရိပ်တွေဟာ ခပ်နည်းနည်းပဲ ပေါ်လာမှာ ဖြစ်ပါတယ် ။

သည်အပိုင်းမှာတော့ ဟူဟောင်ရှုက သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ပါပဲ ။

လီဖူချန်းက သူတော်စင် နယ်ပယ်ကို မရောက်သေးသရွေ့ သူ့အနေနဲ့ လီဖူချန်းရဲ့ အနာဂတ်ကို ကောင်းကောင်းကြီး ကြည့်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

သည်လိုနဲ့ပဲ အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း အလင်းရောင်တန်းတွေကတော့ လီဖူချန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဆို ဘာမှ မပြသေးပါဘူး ။

' မျိုးနွယ်စု အကြီးအကဲက အသက် ကြီးသွားလို့များလား '

ဟူလင်းအာကလည်း ဘေးနားကနေ ကြည့်ရင်းနဲ့ စိတ်ထဲမှာ သံသယ ဝင်နေမိပါတယ် ။

ချွမ်……

အဲသည်အချိန်မှာပဲ ကြည်လင်တောက်ပနေတဲ့ အလင်းတန်းတွေ ကြားထဲကနေပြီး ကျောရိုးတွေ စိမ့်လုမတတ် အေးစက်နေတဲ့ ဓားအလင်းတန်း တစ်ခု ပေါ်လာခဲ့ပါတယ် ။ ပြီးတာနဲ့ တစ်ပြိုင်နက်  ကြည်လင် တောက်ပနေတဲ့ အလင်းရောင်တန်းတွေဟာ ဓားအလင်းတန်းရဲ့ ဖြိုခွဲမှုကို ခံရပြီး ပျောက်ကွယ်သွားခဲ့ပါပြီ ။

ဝေါ့ .……

ဟူဟောင်ရှုကလည်း သွေးတစ်လုတ် အန်ပြီး မြေပြင်ပေါ်ကို ပုံရက်သား လဲကျသွားပါတော့တယ် ။

" မျိုးနွယ်စု အကြီးအကဲ "

ဟူလင်းအာက  ဟူဟောင်ရှုဆီကို အလျင်အမြန် ပြေးသွားပြီး ဖေးမ လိုက်ပါတယ် ။

ဟူဟောင်ရှုရဲ့ မျက်လုံးထဲမှာတော့ အကြောက်တရားတွေက အထင်းသားပါပဲ ။

" သခင်လေး…… သခင်လေးလီရဲ့ အနာဂတ်က သည်အဘွားကြီးရဲ့ အဆင့်နဲ့ ကြည့်မြင်နိုင်စွမ်း မရှိပါဘူး ။ တောင်း……တောင်းပန်ပါတယ် "

ဟူဟောင်ရှုက အစောပိုင်းက ဓားချက်ဟာ အနာဂတ်ကို ဖော်ပြတဲ့ ပုံရိပ် မဟုတ်ဘူး ဆိုတာကို ကောင်းကောင်းကြီး သိပါတယ် ။ ကြည့်ရတာတော့ အနာဂတ်က လီဖူချန်းက သူ့ကို တစ်ယောက်ယောက် ကြည့်နေတာကို သတိပြုမိတဲ့အတွက် အချိန်တွေကို ကျော်ပြီး သင်ခန်းစာ လှမ်းပေးလိုက်ပုံပါပဲ ။

အရင်တုန်းက မိစ္ဆာသားရဲ ဧကရာဇ် လောင်းလျာရဲ့ အနာဂတ်ကို ကြည့်ပေးတုန်းကတောင်မှ ဟူဟောင်ရှုဟာ သည်လို ကြောက်စရာ အဖြစ်အပျက်မျိုးကို မကြုံခဲ့ဖူးပါဘူး ။

ပြီးတော့ ဟူဟောင်ရှုက အမှန်တကယ်မှာ အဆင့်၇ မိစ္ဆာသားရဲ ဘုရင် မဟုတ်ပါဘူး ။ သူက အဆင့်၈ မိစ္ဆာသားရဲ ဧကရီ တစ်ပါး ဖြစ်ပါတယ် ။ သူက အကြောင်းကြောင်းကြောင့် သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို လျှို့ဝှက်ထားခဲ့တာပါ ။

သူ့လို မိစ္ဆာသားရဲ ဧကရီ တစ်ပါးကိုတောင် ဓားအလင်းတန်း တစ်ခုနဲ့ ဒဏ်ရာ ရအောင် လုပ်နိုင်တယ် ဆိုတာနဲ့တင် အနာဂတ်က လီဖူချန်းဟာ ဘယ်လောက် အထိ ကြောက်စရာ ကောင်းမလဲ ဆိုတာကို သိနိုင်နေပါပြီ ။

***

All Chapters