အရိုး ဧကရာဇ်
Vol. 47 Ch. 640
လူသားတွေက တာအိုကို နားလည်သဘောပေါက်ဖို့ ကြိုးစားနေချိန်မှာ မိစ္ဆာသားရဲတွေက သူတို့ရဲ့ မွေးရာပါ စွမ်းရည်တွေကို တူးဆွလေ့ ရှိကြပါတယ် ။
ဒါပေမဲ့လည်း တာအိုကို နားလည် သဘောပေါက်အောင် လုပ်ခြင်းက အချိန်ပေးပြီး လုပ်ရတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပြီး မွေးရာပါ စွမ်းရည်တွေကို တူးဆွခြင်းက ချက်ချင်း ထိရောက်စေတဲ့ အရာပါပဲ ။
ပြီးတော့ မိစ္ဆာသားရဲတွေဟာ ဘယ်လို မွေးရာပါ စွမ်းရည်မျိုးကို တူးဆွမိသလဲ ဆိုတာကို သူတို့ကလွဲပြီး ဘယ်သူမှ မသိကြပါဘူး ။
ဒါကြောင့်မို့လည်း လူသားတွေနဲ့ မိစ္ဆာသားရဲတွေ တိုက်ခိုက်တဲ့ တိုက်ပွဲ တချို့မှာ မိစ္ဆာသားရဲတွေက သူတို့ရဲ့ မွေးရာပါ စွမ်းရည်တွေကို အသုံးပြု ပြီး တိုက်ပွဲ အခြေအနေကို ပြောင်းပြန် လှန်သွားကြတာပါ ။
" ဟမ့် …… သည်လို ပမွှား မွေးရာပါ စွမ်းရည်လေးလောက်ကို ကျုပ်က ကြောက်နေရမှာလား "
သူ့ရဲ့ ရုတ်ချည်း နေရာရွှေ့ပြောင်းခြင်းက နှောင့်ယှက်ခံလိုက်ရပြီ ဖြစ်ပေမယ့်လည်း လီဖူချန်းက လုံးဝ မကြောက်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျားရဲ ဧကရာဇ်က သူ့ရဲ့ မွေးရာပါ စွမ်းရည်ကို တစ်ချိန်လုံး အသုံးမပြုထားနိုင်ဘူး လီဖူချန်းအနေနဲ့ သိထားလို့ပါပဲ ။ ဒါပေမဲ့ သူကတော့ ရုတ်ချည်း နေရာပြောင်းရွှေ့တာကို အချိန်မရွေး အသုံးပြုနိုင်ပါတယ် ။
အဲသည်အတွက် လီဖူချန်းက တိုက်ပွဲကို အသာစီး ရနေဆဲလို့ ဆိုရပါမယ် ။
လီဖူချန်း ထင်ထားသလိုပါပဲ ။ ကျားရဲ ဧကရာဇ်က သူ့ရဲ့ မွေးရာပါ စွမ်းရည်ကို ဆက်ပြီး အသုံးမပြုတော့ပါဘူး ။ သူက သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ လီဖူချန်းကို ကြည့်ပြီး ချီးကျူ းလိုက်ပါတယ် ။
" မဆိုးဘူး "
လီဖူချန်းက ပြုံးလိုက်ပြီး
" ခင်ဗျားကောပါပဲ "
အဲသည်နောက်မှာတော့ ကျားရဲ ဧကရာဇ်က ဟူဟောင်ရှုဘက်ကို လှည့်လိုက်ပြီး
" ဟူဟောင်ရှု …… မင်းနဲ့ ရွှေဖင်းထျင်းထန် မဟာဧကရာဇ်က ဘယ်လို ပတ်သက်နေတာလဲ"
ရွှေဖင်းထျင်းထန် မဟာဧကရာဇ် ဆိုတာက လွန်ခဲ့တဲ့ နှစ်၈၀၀ ကျော်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်အနှံ့ ကျော်ကြားခဲ့သူပါပဲ ။ သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ နံပါတ်တစ် မိစ္ဆာသားရဲ ဧကရာဇ် ဆိုရင်လည်း မမှားပါဘူး ။ ပြီးတော့ သူ့ရဲ့ နာမည်၊ဂုဏ်သတင်း ကျော်ကြားမှုက အလကား ရခဲ့တာ မဟုတ်ပါဘူး ။ သူက တိုက်ပွဲ အလီလီကို တိုက်ခိုက်ပြီးမှ သည်နာမည် ဂုဏ်သတင်းကို ရခဲ့တာ ဖြစ်ပါတယ် ။
အဲသည်တုန်းကဆိုရင် လူသားတွေဟာ မိစ္ဆာသားရဲတွေရဲ့ ဖိနှိပ်မှုအောက်မှာ နေကြရပြီး အဲဒါကလည်း ရွှေဖင်းထျင်းထန် မဟာဧကရာဇ်ကြောင့်ပါပဲ ။
ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ ရွှေဖင်းထျင်းထန် မဟာဧကရာဇ်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကနေ ထွက်ခွာ သွားခဲ့ပါတယ် ။
ဒါပေမဲ့လည်း သူ့ရဲ့ နာမည်၊ဂုဏ်သတင်း ကျော်စောမှုကတော့ အခုချိန်အထိ ရှိနေဆဲပါပဲ ။ သည်နာမည် ဂုဏ်သတင်းက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီး ရှိနေသရွေ့ တည်တံ့ နေမှာလည်း ဖြစ်ပါတယ် ။
ဟူဟောင်ရှုက အဝေးကို တစ်ချက် ငေးကြည့်လိုက်ပြီး ကျားရဲ ဧကရာဇ်ရဲ့ အမေးကို ပြန်ဖြေလိုက်ပါတယ် ။
" ရွှေဖင်းထျင်းထန် မဟာဧကရာဇ်က သည်အဘွားကြီးရဲ့ သွေးသောက်အစ်ကိုပါ "
" ဘာ…… ရွှေဖင်းထျင်းထန် မဟာဧကရာဇ်က မင်းရဲ့ သွေးသောက်အစ်ကို…… ဟုတ်လား "
ကျားရဲ ဧကရာဇ်ရဲ့ မျက်နှာပေါ်မှာတော့ ဝေခွဲမရနိုင်မှုတွေ ဖြစ်ပေါ်လာခဲ့ပါပြီ ။
သူက ဟူဟောင်ရှုဟာ လူအထင်ကြီးအောင် ကြွားဝါပြီး ပြောနေတယ်လို့လည်း သံသယ ဝင်နေမိပါတယ် ။
ရွှီဖင်းထျင်းထန် ဧကရာဇ်လို ကြီးမြတ်တဲ့ မဟာဧကရာဇ် တစ်ပါးက ဘယ်လိုလုပ်ပြီး ဟူဟောင်ရှုလို အဆင့်မျိုးနဲ့ သွေးသောက် မောင်နှမ ဖွဲ့မှာတဲ့လဲ ။
ဒါပေမဲ့လည်း အဲဒါက အရေးမကြီးပါဘူး ။ အခုအချိန်မှာ အရေးကြီးတာကတော့ သူ့အတွက် သည်တိုက်ပွဲကနေ နောက်ဆုတ်ဖို့ အကြောင်းပြချက် တစ်ခု ရဖို့ပါပဲ ။
" သည်လိုဆိုတော့လည်း ငါက ရွှေဖင်းထျင်းထန် မဟာဧကရာဇ်ကို မျက်နှာ ထောက်ထားရတော့မှာပေါ့ "
ကျားရဲ ဧကရာဇ်က စကားပြောနေရင်းနဲ့ တစ်ချက် တုံ့ဆိုင်းသွားပြီး ခေတ္တခဏကြာမှ
" နောင်အနာဂတ်ကျရင် မင်းတို့ မြေခွေးဖြူ တွေကို ဘယ်သူမှ မနှောင့်ယှက်စေရဘူး "လို့လည်း ကတိ ပေးလိုက်ပါသေးတယ် ။
ကျားရဲ ဧကရာဇ်က ငတုံး တစ်ယောက် မဟုတ်ပါဘူး ။
ဟူဟောင်ရှုက အထင်ကြီးအောင် ကြွားဝါတာ မဟုတ်ဘဲ တကယ်ကြီး ရွှေဖင်းထျင်းထန် မဟာဧကရာဇ်ရဲ့ သွေးသောက်ညီမ ဖြစ်နေခဲ့မယ် ဆိုရင် သည်နေ့ သူပေးလိုက်တဲ့ ကတိက နောင်တစ်ချိနိမှာ သူ့ကို အကျိုးအမြတ် အများကြီး ရသွားစေနိုင်ပါတယ် ။
ပြီးတော့ သည်ကတိ ပေးလိုက်ရတာက သူ့အတွက် ဘာမှလည်း မပင်ပန်းပါဘူး ။
" လူသား …… နောက်တစ်ခါ ပြန်တွေ့ရင်တော့ ငါမင်းကို အလျော့ပေးမှာ မဟုတ်ဘူးနော် "
စကားဆုံးတဲ့ နောက်မှာတော့ ကျားရဲ ဧကရာဇ်ဟာ ချာခနဲ လှည့်ပြီး ထွက်သွားခဲ့ပါပြီ ။
" မျိုးနွယ်စု အကြီးအကဲဟူ…… ကျွန်တော့်ဆီမှာလည်း တခြားကိစ္စလေးတွေ ရှိနေလို့ သွားခွင့်ပြုပါဦး "
မြေခွေးဖြူ မျိုးနွယ်တွေက ကျားရဲ ဧကရာဇ်ရဲ့ ကာကွယ် စောင့်ရှောက်မှုကို ရသွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းအနေနဲ့ သည်နေရာမှာ နေစရာ အကြောင်း မရှိတော့ပါဘူး ။ အဲသည်အတွက် သူက မြေခွေးဖြူ အသိုက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
ဟူဟောင်ရှုက ခေါင်းညိတ်လိုက်ပြီး
" သခင်လေးလီရဲ့ ကျေးဇူးကိုတော့ အဘွားတို့ မြေခွေးဖြူ မျိုးနွယ်တွေ ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ပါဘူး ။ တကယ်လို့ နောင်များမှာ အချိန်ရှိမယ် ဆိုရင် အဘွားတို့ဆီကို ပြန်လာလည်ပါဦး ။ အဘွားတို့ မြေခွေးဖြူ တွေက သခင်လေးလီအတွက်တို အမြဲတမ်း တံခါး ဖွင့်ထားမှာပါ "
ဟူလင်းအားကလည်း လီဖူချန်းကို မျက်လုံးရွဲကြီးနဲ့ ကြည့်ပြီး နှုတ်ဆက်စကား ဆိုနေပါတယ် ။
" သခင်လေးလီ…… ကံအကြောင်း တိုက်ဆိုင်ရင် ပြန်ဆုံကြတာပေါ့ ။ ကျေးဇူးပြု ပြီး ကျွန်မကို မမေ့ပစ်လိုက်ပါနဲ့ "
" အင်း……ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့ပါပြီ ။
***
တခြားသူတွေအတွက် ဆိုရင်တော့ သွေးဧကရာဇ်ကို ရှာရတာက ခက်ကောင်း ခက်ပါလိမ့်မယ် ။ ဒါပေမဲ့ လီဖူချန်းအတွက်တော့ ဒါက ငှက်ပျောသီး နွှာစားရတာထက်တောင် လွယ်ပါသေးတယ် ။
သွေးအစေခံ တံဆိပ်တော် နဲ့ သွေးကျွန် တံဆိပ်တော် ရှိနေသရွေ့ကတော့ လီဖူချန်း အနေနဲ့ သွေးဧကရာဇ်ကို ရှာမတွေ့စရာ အကြောင်း မရှိပါဘူး ။
သည်လိုနဲ့ပဲ လီဖူချန်းဟာ သွေးအစေခံ တံဆိပ်တော် ရှိနေတဲ့ သွေးအစေခံ တစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်ပြီး မြေအောက် နန်းတော် တစ်ခုဆီကို ရောက်ရှိသွားခဲ့ပါပြီ ။
" လခွီး…… များလိုက်တဲ့ အစီအရင်တွေပါလား "
မြေအောက်နန်းတော် အရှေ့ကို အရောက်မှာတော့ လီဖူချန်းဟာ မအံ့သြဘဲ မနေနိုင်တော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သည်မြေအောက်နန်းတော်ကို အကာအကွယ် ပေးထားတဲ့ အစီအရင်တွေက မယုံနိုင်စရာ ကောင်းလောက်အောင် များလွန်းနေလို့ပါပဲ ။
သည်မြေအောက်နန်းတော်ကိုက အနည်းဆုံး ဝင်္ကပါ အစီအရင် ရှစ်ခုနဲ့ ကာကွယ်ထားပြီး အပြင်ဘက် အကျဆုံး အပိုင်းမှာ ဆိုရင်လည်း ဖုံးကွယ် ဝင်္ကပါ အစီအရင်တစ်ခု ရှိနေပါသေးတယ် ။
ပြီးတော့ အဲဒါက အနည်းဆုံး အဆင့်၈ ဖုံးကွယ် ဝင်္ကပါ အစီအရင် ဖြစ်ရပါမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက သည်ဝင်္ကပါ အစီအရင်ကို ကြည့်မြင်နိုင်ဖို့အတွက် သူ့ရဲ့ စိတ်ဝိညာဉ်အားကို အသုံးပြုခဲ့ရလို့ပါပဲ ။
ဖုံးကွယ် ဝင်္ကပါ အစီအရင်ရဲ့ အထဲမှာတော့ ပုံရိပ်ယောင် ဝင်္ကပါ အစီအရင် တစ်ခု ရှိနေပါတယ် ။
သည်ပုံရိပ်ယောင် ဝင်္ကပါကတော့ နောက်ယောင်ခံ လိုက်လာတဲ့သူတွေကို တားဆီးဖို့ လုပ်ထားတဲ့ ဝင်္ကပါ ပါပဲ ။ လူတစ်ယောက်ဟာ သည်ဝင်္ကပါထဲကို ဝင်သွားပြီဆိုရင် ပျောက်ကွယ်သွားမှာ ဖြစ်ပြီး သာမန် ခြေရာခံ နည်းစနစ်တွေကလည်း အလုပ် လုပ်တော့မှာ မဟုတ်ပါဘူး ။
အဲသည်နောက်မှာတော့ အာရုံခံ ဝင်္ကပါ အစီအရင်တစ်ခု ရှိနေပြန်ပါတယ် ။ တကယ်လို့ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ သည်ဝင်္ကပါက သွေးဧကရာဇ် အဖွဲ့ဝင်တွေကို ပုံမှန် မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ခြေရာခံထားမှာကို ကာကွယ်တဲ့ ဝင်္ကပါပါပဲ ။
အဲသည်နောက်မှာတော့ အဆင့်၈ ခုခံရေး ဝင်္ကပါ အစီအရင်တစ်ခု ရှိနေပြန်ပါတယ် ။ သည်ဝင်္ကပါကိုတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင်မှ အချိန်မပေးဘဲ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး ။ အဆင့်မြင့် ဧကရာဇ်တွေမှပဲ သည်ဝင်္ကပါကို အချိန်တို အတွင်းမှာ ဖျက်ဆီးနိုင်ပါလိမ့်မယ် ။
ခုခံရေး ဝင်္ကပါ အစီအရင်ရဲ့ နောက်မှာ ရှိနေတာကတော့ အဆင့်၈ သတ်ဖြတ်ရေး ဝင်္ကပါ အစီအရင်ပါပဲ ။ သည်ဝင်္ကပါက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကို မသတ်ဖြတ်နိုင်ဘူး ဆိုရင်တောင်မှ ဒဏ်ရာ အကြီးအကျယ် ရအောင် စွမ်းဆောင်နိုင်ပါသေးတယ် ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်အဆင့်ကို ရောက်ရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင်မှ ကျော်ဖြတ်နိုင်ဖို့ သိပ်ပြီး အခွင့်အရေး မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သွေးဧကရာဇ်က ခုခံရေး ဝင်္ကပါ နဲ့ သတ်ဖြတ်ရေး ဝင်္ကပါကို ပြိုင်တူ အသက်ဝင်လာအောင် စီရင်ထားလို့ပါပဲ ။
တကယ်လို့ သူ့ဆီမှာ ကိုယ်ပျောက် မန္တာန် မရှိခဲ့ဘူး ဆိုရင်တော့ လီဖူချန်းဟာ မြေအောက် နန်းတော်ထဲကို ဘယ်လိုမှ ဝင်နိုင်မှာ မဟုတ်ပါဘူး ။
လီဖူချန်းက သူ့အနေနဲ့ သည်အချိန် မတိုင်မီအထိ ကိုယ်ပျောက်မန္တာန်ကို အထင်သေးခဲ့မိတယ် ဆိုတာကိုတော့ ဝန်မခံချင်လည်း ဝန်ခံရမှာပါပဲ ။
အလယ်အလတ်တန်းစား ဖြစ်တဲ့ ကိုယ်ပျောက်မန္တာန်ဟာ ဝင်္ကပါ အစီအရင်တွေကိုတောင် မျက်ကွယ်ပြု ပြီး စိတ်ကြိုက် သွားလာနိုင်စွမ်း ရှိပါတယ် ။
ဒါပေမဲ့လည်း အဲဒါက လီဖူချန်းရဲ့ မန္တာန်အပေါ် နားလည်ကျွမ်းကျင်မှုရယ် ၊ ဝင်္ကပါ အစီအရင်တွေက ကိုယ်ပျောက်မန္တာန်ရဲ့ အဆင့်အတန်းမှာ ရှိမနေတာရယ်နဲ့လည်း ဆိုင်ပါလိမ့်မယ် ။
တကယ်လို့သာ ဝင်္ကပါ အစီအရင်တွေက အဆင့်၈ အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် အဆင့် ဆိုရင်တော့ လီဖူချန်းဟာ ဝင်္ကပါထဲကို ဝင်နိုင်မှာတောင် မဟုတ်ပါဘူး ။
ယွန်လုံကို ရှာဖို့အတွက်တော့ လီဖူချန်းဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို မဖြန့်ကြက်ရဲပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူက သွေးဧကရာဇ်ကို သတိပေးလိုက်သလို ဖြစ်သွားမှာကို ကြောက်လို့ပါပဲ ။ အဲသည်အတွက် သူဟာ မြေအောက်နန်းတော် တစ်ခုလုံးကို ကိုယ်တိုင်၊ကိုယ်ကျ လျှောက်သွားပြီး ယွန်လုံကို ရှာရပါတယ် ။
" အိုး…… သည်မှာ လှေကား တစ်ခု ရှိနေပါလား "
သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ လီဖူချန်းဟာ မြေအောက်ကို ထပ်ဆင်းတဲ့ လှေကား တစ်ခုကို မြေအောက်နန်းတော်ရဲ့ ထောင့်တစ်နေရာမှာ တွေ့သွားခဲ့ပါပြီ ။
ဒါပေမဲ့လည်း လီဖူချန်းက လှေကားကို အသုံး မပြုဝံ့ပါဘူး ။ သူက သည်အတိုင်းပဲ ကျောက်ကြမ်းပြင်ကို ဖြတ်ကျော်ပြီးသာ အောက်ကို ဆင်းသွားခဲ့ပါတယ် ။
အောက်ကို အရောက်မှာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ်ကို တုန်လှုပ် ချောက်ချားစရာပါပဲ ။
သည်နေရာမှာက ကြီးမားလှတဲ့ အကျဉ်းထောင်ကြီး တစ်ခု ရှိနေပြီး များပြားလှတဲ့ ခန္ဓာကိုယ် အပြင်အား ဘုရင်တွေကိုလည်း ချုပ်နှောင်ထားပါတယ် ။
အဲသည်အကျဉ်းထောင်ကြီးထဲက အခန်း တစ်ခု အတွင်းမှာတော့ ယွန်လုံ တစ်ယောက် ရှိနေပြီး သူ့ကို ကြည့်ရတာက လုံးဝ အခြေအနေ မဟန်တော့ပါဘူး ။ သူ့ရဲ့ သွေးအဆီအနှစ် တစ်ဝက်က ထုတ်ယူခံထားရပြီး လူကလည်း သေလုမျောပါး ဖြစ်နေပါပြီ ။ ပြီးတော့ တခြား အမျိုးအမည် မသိရတဲ့ အဆီအနှစ်တွေကိုလည်း သွေးဧကရာဇ်က ထုတ်ယူထားသေးပုံပါပဲ ။
" ငါယွန်လုံက သည်လို မှောင်မိုက်ပြီး အေးစက်နေတဲ့ နေရာမှာ သေရတော့မှာလား ။ လောကကြီးပေါ်မှာ ငါ့အတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးမယ့်သူ မရှိတော့ဘူးလား "
အကျဉ်းခန်းထဲမှာတော့ ယွန်လုံဟာ ခါးသီးစွာနဲ့ လောကကြီးကို တိုင်တည်နေပါတယ် ။သူ့ရဲ့ မျက်လုံးတွေကတော့ အရင်လို တောက်ပနေခြင်း မရှိတော့ပါဘူး ။ သူက လုံးဝ မျှော်လင့်ချက် ကင်းမဲ့ နေပါပြီ ။
" အစ်ကိုယွန်လုံ…… အသံမထွက်နဲ့ ။ ကျွန်တော် အစ်ကို့ကို ကယ်ဖို့ ရောက်လာပြီ "
အဲသည်အချိန်မှာပဲ အသံတစ်ခုဟာ ယွန်လုံရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။
" ညီလေးလီ…… ညီလေးလီလား "
ယွန်လုံက သူ့အနေနဲ့ လီဖူချန်းရဲ့ အသံကို ကြားလိုက်ရတယ် ဆိုတာကို လုံးဝ မယုံနိုင်ပါဘူး ။ သူက သေခါနီး ဖြစ်နေလို့ ကယောင်ကတမ်း ကြားလိုက်ရတာများလား ဆိုပြီး သံသယ ဝင်နေမိပါတယ် ။
ဟုတ်ပါတယ် ။ သူက သေခါနီးဖြစ်နေလို့ ကယောင်ကတမ်းနဲ့ ကြားချင်ရာ ကြားနေတာပဲ ဖြစ်ရပါမယ် ။
လီဖူချန်းက ဘယ်လိုလုပ်ပြီး သည်နေရာကို ရောက်လာနိုင်ပါ့မလဲ ။ ဒါက သွေးဧကရာဇ်ရဲ့ ပိုင်နက် နယ်မြေပါ ။ ပြီးတော့ လီဖူချန်းက မူလပင်လယ် နယ်ပယ်မှာသာ ရှိပါသေးတယ် ။ အဲသည်အတွက် လီဖူချန်းဟာ ဘယ်လိုမှ သည်နေရာကို ရောက်လာစရာ အကြောင်း မရှိပါဘူး ။
လီဖူချန်းကလည်း ယွန်လုံရဲ့ အတွေးကို မရိပ်မိဘဲ မနေပါဘူး ။ အဲသည်အတွက် သူက ယွန်လုံကို ကိုယ်ထင် ပြလိုက်ပါတယ် ။
" အစ်ကိုယွန် …… ကျွန်တော်ပါ "
တစ်ဆက်တည်းမှာပဲ လီဖူချန်းက ယွန်လုံကို တုပ်နှောင်ထားတဲ့ သံကြိုးတွေကို တစ်ချက် လေ့လာလိုက်ပါသေးတယ် ။
သည်သံကြိုးတွေက အထူး ပြုလုပ်ထားတဲ့ သံကြိုးတွေပါပဲ ။ သည်ဟာတွေက ချီအပြင်အားကို ပိတ်ပင်ထားနိုင်စွမ်း ရှိပုံလည်း ရပါတယ် ။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ တန်ခိုးစွမ်းအားလက် ချီအပြင်အား အပေါ်မှာတော့ သည်သံကြိုးတွေဟာ သက်ရောက်မှု မရှိပါဘူး ။ ကြည့်ရတာတော့ သည်တန်ခိုးစွမ်းအားလက်ရဲ့ အဆင့်အတန်းက သံကြိုးတွေရဲ့ အဆင့်အတန်းထက် အများကြီး သာနေပုံပါပဲ ။
" ညီလေးလီ …… သည်သံကြိုးတွေကို မထိနဲ့ ။ဒါတွေက အာရုံခံ အစီအရင် တစ်ခုနဲ့ ဆက်စပ်နေတာ ။ ညီလေး……သံကြိုးကို ထိလိုက်တာနဲ့ သွေးဧကရာဇ်က ညီလေး ရောက်နေတာကို သိသွားလိမ့်မယ် "
ယွန်လုံက သူသိထားတဲ့ အကြောင်းအရာ တစ်ခုကို ပြန်သတိ ရမိလိုက်တဲ့အတွက် လီဖူချန်းကို အလျင်အမြန် သတိပေးလိုက်ပါတယ် ။
သည်အကြောင်းကိုတော့ သူက အကျဉ်းခန်းစောင့်တဲ့ လူတွေဆီကနေပြီး မမျှော်လင့်ဘဲ ကြားခဲ့ရတာပါ ။
" အင်း …… ကျွန်တော် သဘောပေါက်ပြီ "
အစတုန်းကတော့ လီဖူချန်းဟာ သံကြိုးတွေကို တန်ခိုးစွမ်းအားလက်နဲ့ ဆွဲဖြတ် ပစ်မလို့ပါပဲ ။ ဒါပေမဲ့လည်း ယွန်လုံရဲ့ သတိပေးမှုကို ကြားအပြီးမှာတော့ သူက သံကြိုးတွေကို မထိဝံ့တော့ပါဘူး ။
တစ်ချိန်တည်းမှာပဲ လီဖူချန်းက သူ့အနေနဲ့ အလောတကြီး မလုပ်လိုက်မိတဲ့ အပေါ်မှာ ကျိတ်ပြီး ဝမ်းသာမိသွားပါတယ် ။
သူက သွေးဧကရာဇ်ကို ပြန်ပြီး တိုက်ခိုက်ရဲသလို ၊ သွေးဧကရာဇ် လက်ထဲကနေ လွတ်အောင် ထွက်ပြေးဖို့ကိုလည်း ယုံကြည်မှု အပြည့် ရှိပါတယ် ။ ဒါပေမဲ့ အခု သူ့ရဲ့ ရည်ရွယ်ချက်က ယွန်လုံကို ကယ်တင်ဖို့ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်စေတာက အကောင်းဆုံးပါပဲ ။
ယွန်လုံကလည်း သူ့ရဲ့ လွတ်မြောက်မယ့် အခွင့်အရေးကို လုံးဝ လက်မလျော့ချင်ပါဘူး ။ အဲသည်အတွက် သူက လီဖူချန်းကို အကြံတစ်ခု ပေးလိုက်ပါတယ် ။
" ညီလေးလီ……အစ်ကို့ရဲ့ အောက်ထပ် အခန်းမှာ အရိုးဧကရာဇ်ဆိုတဲ့ လူတစ်ယောက် ရှိသေးတယ် ။ တကယ်လို့ ညီလေးအနေနဲ့ သူ့ကို လွှတ်ပေးလိုက်မယ် ဆိုရင် သွေးဧကရာဇ်ကို အာရုံလွှဲလို့ ရလောက်မယ် "
" ဟုတ်လား ။ ဒါဆိုရင် ကျွန်တော် တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ် "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကိုယ်ပြန်ပျောက် သွားခဲ့ပြန်ပါပြီ ။
" ညီလေးလီ…… မင်းအောင်မြင်မှ ရမယ် "
ယွန်လုံကတော့ အံကို တင်းတင်းစေ့ထားပြီး ကျန်ရစ်ခဲ့ပါတယ် ။
" သွေးဧကရာဇ်…… ခွေးမသား မျိုးမစစ်ကောင် ။ တစ်နေ့ ငါအရိုးဧကရာဇ် သည်နေရာကနေ လွတ်ရင် မင်းကို အသေဆိုးနဲ့သေအောင် သတ်ပစ်မယ်ကွ ။ တကယ်လို့ ငါသည်နေရာကနေ မလွတ်ဘဲ သေသွားရင်လည်း တစ္ဆေအဖြစ်နဲ့ မင်းကို ကလဲ့စား ချေမယ် ။ ကြားလား …… ခွေးမသား…… ခွေးမျိုး …… သန္ဓေယုတ်ကောင် "
သည်နေရာကတော့ အကျဉ်းထောင်လို့ ပြောရမယ့်အစား ခန်းမကြီး တစ်ခုနဲ့ ပိုတူနေတယ်လို့ ပြောရမှာပါပဲ ။
ခန်းမရဲ့ အလယ်မှာတော့ သွေးရောင် မဏ္ဍိုင် ၁၈ခုကို စိုက်ထူထားပြီး အဲသည် မဏ္ဍိုင် တစ်ခုချင်းစီဟာ သံကြိုးတွေနဲ့ ဆက်သွယ်ထားပါတယ် ။
အဲသည် သံကြိုး ဆယ့်ရှစ်ချောင်းကတော့ ဝါးလုံးတစ်ချောင်းလို ပိန်လှီပြီး မည်းနက်နေတဲ့ လူတစ်ယောက်ကို တုပ်နှောင်ထားပြီး အစောပိုင်းက ဆဲဆိုနေတဲ့ သူဟာလည်း သည်လူပါပဲ ။
ပြီးတော့ ခန်းမရဲ့ အပြင်ဘက်မှာ ဆိုရင်လည်း များပြားလှတဲ့ အကျဉ်းထောင်စောင့်တွေ ရှိနေပါသေးတယ် ။
" ဟိုအဘိုးကြီးကတော့ စိတ်ဖောက်ပြန်ပြီး လျှောက်အော်နေပြန်ပြီကွာ ။ သူက အခုချိန်အထိ သည်နေရာကနေ လွတ်နိုင်မယ် ထင်နေသေးတာလား မသိဘူး "
ထောင်စောင့်တွေထဲက တစ်ယောက်က ခေါင်းတခါခါနဲ့ ပြောလိုက်ပါတယ် ။
" အေးလေကွာ …… နတ်သွေးမဏ္ဍိုင် ၁၈ခုနဲ့ ချုပ်နှောင်ခံထားရင် ကောင်းကင်ဘုံ ဧကရာဇ်တောင် အသက်ရှင်လျက် မလွတ်နိုင်တဲ့ဟာကို ။ သည်အဘိုးကြီးက အခုထက်ထိ စိတ်ကူး ယဉ်နေတုန်းပဲ "
" ထားလိုက်ပါကွာ ။ သည်အဘိုးကြီးကို စာရင်းထဲ ထည့်မနေနဲ့ ။ သူအော်လို့ မောလာရင် အသံ တိတ်သွားမှာပဲ "
ကြည့်ရတာတော့ အကျဉ်းထောင်စောင့်တွေက အရိုးဧကရာဇ်ရဲ့ အော်ဟစ်နေမှုတွေနဲ့ ပက်သက်ပြီး အသားကျနေပုံပါပဲ ။ သူတို့က အရိုးဧကရာဇ်ရဲ့ အော်ဟစ် ဆဲဆိုမှုတွေကို ဂရုမစိုက်ဘဲ လှောင်တောင် လှောင်နေလိုက်ကြပါသေးတယ် ။
ဒါပေမဲ့ သူတို့ မသိတာကတော့ မမြင်ရတဲ့ အရိပ် တစ်ခုဟာ ခန်းမထဲကို ရောက်နေပြီ ဆိုတာပါပဲ ။
" ဘယ်သူလဲ "
အရိုးဧကရာဇ်က သည်လောက်အထိ နှိပ်စက် ခံထားရတာတောင်မှ အာရုံခံစားမှုတွေက မယုံနိုင်လောက်အောင် ကောင်းနေဆဲပါပဲ ။ သူက လီဖူချန်း ရောက်လာတာနဲ့ တစ်ပြိုင်နက် လေထုထဲမှာ ပုံမှန် မဟုတ်တဲ့ အရာတစ်ခု ရောက်လာပြီ ဆိုတာကို တန်းပြီး အာရုံ ခံလိုက်မိပါတယ် ။
" ဆရာကြီး အရိုးဧကရာဇ်…… ကျေးဇူးပြု ပြီး အသံ မထွက်ပါနဲ့ "
ခပ်တိုးတိုး စကားသံ တစ်ခုက အရိုးဧကရာဇ်ရဲ့ နားထဲကို တိုးဝင်လာခဲ့ပါပြီ ။
အရိုးဧကရာဇ်က လီဖူချန်း ထင်ထားသလို လှုပ်လှုပ်ရှားရှား ဖြစ်မသွားခဲ့ပါဘူး ။ သူက တည်တည်ငြိမ်ငြိမ်နဲ့ပဲ လီဖူချန်းကို ပြန်ပြောလာခဲ့ပါတယ် ။
" မင်းဘယ်သူလဲ "
" ကျွန်တော်က လီဖူချန်းပါ ……ဆရာကြီး ။ ကျွန်တော်က သည်နေရာကို မိတ်ဆွေတစ်ယောက်ကို ကယ်ဖို့အတွက် ရောက်လာခဲ့တာပါ "
လီဖူချန်းက စကားပြောနေရင်းနဲ့ အရိုးဧကရာဇ်ရဲ့ အခြေအနေကို လေ့လာ ဆန်းစစ်လိုက်ပါတယ် ။
အရိုးဧကရာဇ်ကို လွှတ်ပေးဖို့ ဆိုတာက လီဖူချန်းအတွက် လုံးဝ မဖြစ်နိုင်သလောက်ပဲလို့ ဆိုရပါမယ် ။
ဘာဖြစ်လို့လဲ ဆိုတော့ အရိုးဧကရာဇ်ကို တုပ်နှောင်ထားတဲ့ သံကြိုးတွေက ယွန်လုံကို တုပ်နှောင်ထားတဲ့ သံကြိုးတွေထက် အဆင့် ပိုမြင့်နေလို့ပါပဲ ။ အဲဒါတွေက လီဖူချန်းရဲ့ ချီအပြင်အားပေါ်မှာတောင်မှ သက်ရောက်နိုင်စွမ်း ရှိနေပါတယ် ။
ပြီးတော့ သွေးမဏ္ဍိုင် ၁၈တိုင်ကလည်း ရိုးရှင်းတဲ့ပုံ မပေါ်ပါဘူး ။ အဲဒါက ဝင်္ကပါ အစီအရင်တစ်ခု ခင်းကျင်းထားတာနဲ့တောင် တူနေပါသေးတယ် ။
" မင်းက သွေးဧကရာဇ်ကို အာရုံ လွှဲချင်လို့ ငါ့ကို လွတ်ပေးချင်နေတာ မဟုတ်လား "
အရိုးဧကရာဇ်ရဲ့ ဦးနှောက်က ကောင်းကောင်းကြီး အလုပ် လုပ်နေဆဲပါပဲ ။ သူက လီဖူချန်းရဲ့ စကားကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး လီဖူချန်းရဲ့ အကြံကို ရိပ်မိသွားပါတယ် ။
လီဖူချန်းကလည်း မငြင်းပါဘူး ။
" ဟုတ်ပါတယ်…… ဆရာကြီး ။ ဆရာကြီး အနေနဲ့ ကျွန်တော်နဲ့ ပူးပေါင်းချင်စိတ် ရှိလား ဆိုတာကို ကျွန်တော် သိချင်ပါတယ် "
" ပူးပေါင်းချင်စိတ် ရှိလား ဆိုတော့ ငါက ဘာပြန်ပြောရမှာလဲ ။ ကောင်လေး…… ငါ့ဆီမှာ ရွေးချယ်ခွင့်ကော ရှိလို့လား ။ ဒါပေမဲ့ တကယ်လို့ မင်းငါ့ကို လွှတ်ပေးနိုင်ရင်တော့ ငါမင်းကို အသက်ကြွေးတစ်ခု တင်နေတယ်လို့ သတ်မှတ်လိုက်မယ်လေ ။ အသက်ကြွေး တစ်ခု ရှိနေရင်တော့ အဲသည်အကြွေးကို အကောင်းဆုံး ပြန်ဆပ်ရမှာပေါ့ "
" ဟုတ်ပြီလေ …… ထားပါတော့ ။ ဒါနဲ့ သည်သံကြိုးတွေကို ဘယ်လို လုပ်ကြမလဲ "
လီဖူချန်းက သံကြိုးတွေကို ဆွဲဖြတ်ဖို့အတွက် ယုံကြည်ချက် မရှိပါဘူး ။
" မင်းရဲ့ ခွန်အားက ဘယ်အဆင့်လဲ "
အရိုးဧကရာဇ်က မေးလာခဲ့ပါတယ် ။
လီဖူချန်းက မဆိုင်းမတွဘဲ
"ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အပြင်အားက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်ခါနီးနေပါပြီ "
" ရပြီ …… မင်းတစ်ယောက်တည်း ဆိုရင်တော့ သည်သံကြိုးတွေကို ဘယ်လိုမှ ဖြတ်နိုင်မှာ မဟုတ်ဘူး ။ ဒါပေမဲ့ ငါက သည်သွေးမဏ္ဍိုင်တွေနဲ့ ချုပ်ခံထားရတာ အရမ်း ကြာနေပြီဆိုတော့ သည်ကောင်တွေ အကြောင်းကို ကောင်းကောင်း သိနေပြီ ။ သည်တော့ ငါပဲ သည်ကြိုးတွေကို ဆွဲဖြတ်လိုက်မယ် ။ မင်းက ဘေးကနေ အထောက်အပံ့ပဲ ပေးတော့ "
အရိုးဧကရာဇ်က အတော်လေး စိတ်လှုပ်ရှားလာခဲ့ပါပြီ ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူက နေ့တိုင်း သွေးဧကရာဇ်ကို အော်ဟစ် ဆဲဆိုပြီး ကလဲ့စားချေမယ်လို့ ပြောသာ ပြောနေတာပါ ။ တကယ့်တကယ်တမ်းမှာတော့ သူက သည်သွေးမဏ္ဍိုုင် ဆယ့်ရှစ်တိုင်ကနေ လွတ်အောင် ရုန်းနိုင်ဖို့အတွက် နည်းလမ်း မရှိပါဘူး ။
ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ လွတ်လမ်းဟာ ရေးရေးလေး ပေါ်လာခဲ့ပါပြီ ။
" ကောင်လေး …… ငါမင်းကို အချက်ပြတာနဲ့ တန်းပြီး လှုပ်ရှားတော့ "
ဂျွတ်……ဂျွတ်……ဂျွတ်……
ရှဲ……ရှဲ……
စကားဆုံးတာနဲ့ တစ်ပြိုင်နက် အရိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ တဂျွတ်ဂျွတ် မြည်လာပြီး အငွေ့ တထောင်းထောင်း ထလာပါတော့တယ် ။
ကြည့်ရတာတော့ သူက သူ့ရဲ့ သွေးအဆီအနှစ်ကို အသုံးပြု ပြီး သူ့ရဲ့ ခွန်အားတွေကို ဖိအားပေး ပြန်လည် ဖြည့်ဆည်းလိုက်ပုံပါပဲ ။
ချွမ်……ချွမ်………ချွမ်……
သူ့ရဲ့ ကိုယ်ပေါ်က သံကြိုးတွေကလည်း စတင် တုန်ခါလာပြီး သွေးရောင်တွေ တလက်လက် တောက်ပလာပြန်ပါတယ် ။
" လုပ်တော့ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် အရိုးဧကရာဇ်ဟာ ရှိသမျှ ခွန်အားတွေကို စုစည်းပြီး ရုတ်တရက် ရုန်းထွက်လိုက်ပါတယ် ။
သွေးမဏ္ဍိုင် ၁၈တိုင်က ချီအပြင်အားတွေကို အာရုံခံမိတာနဲ့ သွေးချီတွေကို ပိုမို စုပ်ယူတတ်လေ့ ရှိတဲ့ အရာတွေပါပဲ ။ ဒါကြောင့် အရိုးဧကရာဇ်ဟာ သည်နှစ်ပိုင်းတွေမှာ သူ့ရဲ့ ခွန်အားတွေကို လုံးဝ မထုတ်ဘဲ သိမ်းထားခဲ့တာပါ ။
ဒါပေမဲ့လည်း အခုတော့ သူဟာ လွတ်မြောက်ရာ လမ်းကို တွေ့နေပြီ ဖြစ်တဲ့အတွက် သွေးချီတွေ အစုပ်ခံရမှာကို လုံးဝ ဂရု မစိုက်တော့ပါဘူး ။
လီဖူချန်းရဲ့ လှုပ်ရှားမှုကလည်း လုံးဝ လျှပ်ပြက်သလိုပါပဲ ။ သူက အရိုးဧကရာဇ်ရဲ့ စကားသံ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် အရိုးဧကရာဇ်ကို အထောက်အပံ့ ပေးပြီးသား ဖြစ်နေပါပြီ ။
ထောင်း……
မတူညီတဲ့ လူနှစ်ယောက်ယောက်ရဲ့ ချီအပြင်အား နှစ်ခု ပေါင်းဆုံသွားတဲ့ အခါမှာတော့ သံကြိုးတွေဟာ ဘယ်လိုမှ တောင့်မခံနိုင်တော့ပါဘူူး ။သံကြိုးတစ်ချောင်းဟာ ထောင်းခနဲ မြည်ပြီး ပြတ်ထွက်သွားခဲ့ပါပြီ ။
" ကောင်းတယ် "
အရိုးဧကရာဇ်က လီဖူချန်းကို လှမ်းပြီး ချီးကျူ း လိုက်ပါတယ် ။
ကြည့်ရတာတော့ လီဖူချန်းရဲ့ ခွန်အားက သူထင်ထားတာထက် ပိုကောင်းနေပုံပါပဲ ။
" ဟင် "
အဲသည်အချိန်မှာတော့ မြေအောက်နန်းတော်ရဲ့ အပေါ်ဆုံးထပ်မှာ ရှိနေတဲ့ သွေးဧကရာဇ်ဟာ ရုတ်တရက် မျက်လုံး ပွင့်လာခဲ့ပါတယ် ။
ဝှစ်……
သူ့ရဲ့ လက်တစ်ဖက်ကို လှုပ်ယမ်းလိုက်တဲ့ အခါမှာတော့ ပုံရိပ် တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ ။ ပုံရိပ်ကတော့ အရိုးဧကရာဇ်ရဲ့ ပုံရိပ်ဖြစ်ပြီး သူ့ရဲ့ ကိုယ်ပေါ်မှာက သံြကိုးတွေ မရှိတော့သလောက်ပါပဲ ။ ပြီးတော့ သူ့ရဲ့ ဘေးမှာလည်း လူငယ် တစ်ယောက် ရှိနေပါသေးတယ် ။
" လခွီးပဲ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သွေးဧကရာဇ်ဟာ အရိုးဧကရာဇ် ရှိရာဆီကို အလောသုံးဆယ်နဲ့ ပြေးထွက်သွားခဲ့ပါပြီ ။
***