← Chapters

သူက အရမ်းချောပြီးတော့ ထက်မြက်တာပဲ

Vol. 30 Ch. 436

သူက အရမ်းချောပြီးတော့ ထက်မြက်တာပဲ

Vol. 30 Ch. 436

နေ့လည်စာစားပြီးနောက် လင်းရီ ဖုန်းကိုင်၍ အင်တာနက်ပေါ်ရှိ တိုးတက်မှုအခြေအနေကို စောင့်ကြည့်နေလေသည်။

ယခု နိုင်ငံတွင်း ကျော်ကြားမှုမှာတော့ ထိပ်ဆုံးသို့ ရောက်ရှိလုနီးနီး ဖြစ်နေပြီး နောက်ခြေလှမ်းကတော့ နိုင်ငံခြား မီဒီယာများကို တိုက်ခိုက်ရန် ပင်။

Facebook, Twitter, YouTube...

အစရှိသဖြင့် တစ်ခုတစ်လေကိုမျှ အလွတ်ပေးလိုက်၍ မဖြစ်ချေ။

'ဒီအစ်ကိုကြီးက မင်းတို့လို လွတ်လပ်စွာသဘောထားထုတ်ဖော်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတွေကို သိပ်သဘောကျတာပဲ '

အခု အနောက်ဥပရာပနိုင်ငံတွေက အစ်ကိုကြီးတွေကို ကိုင်တွယ်ပြီးပြီဆိုတော့ တတိယအစ်ကိုကြီးဖြစ်တဲ့ အိန္ဒိယနဲ့ ညီငယ်လေး အာဖရိကကိုလည်း ချန်ထားလို့ ဘယ်ဖြစ်မှာ....

နေရာအနှံ့ တိုက်ခိုက်ရမယ်လေ....

စတင် လုပ်ဆောင်မယ်....

ချောင်ကျင်းချိုးနှင့် နောက်ထပ် နာရီ၀က်ခန့် စကားပြောပြီးနောက် ကိစ္စအားလုံးကို အစီအစဉ်တကျ သတ်မှတ်ပြီး ဖြစ်၏။

ဆွေးနွေးနေစဉ် အတောအတွင်း ချောင်ကျင်းချိုး လင်းရီ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေလေသည် ။

သူမ နားထောင်ရင်းဖြင့် ပိုပိုပြီး ကြက်သီးမွေးညင်းတို့ ထလာခဲ့ရ၏။

'ဒီလူက အွန်လိုင်းပေါ်မှာ တတိယကမ္ဘာစစ် ဆင်နွဲမလို့များလား....'

"နင် ဒီလိုလုပ်ချင်တာ သေချာပြီလား...."

ချောင်ကျင်းချိုး ဖုန်းထဲမှ မေးမြန်းလိုက်၏။

"မရဘူးလား.... မင်းက ခု ငါ့ကို လူကောင်းဖြစ်စေချင်နေလို့လား...."

"မဟုတ်ဘူး.... နင့်ဟာက ဒီတိုင်း နည်းနည်းလေး အလွန်အကြူးကြီး ဖြစ်လွန်းတယ်.... ဒီကိစ္စတွေပြီးသွားလို့ ပြန်ရုတ်သိမ်းတဲ့ အချိန်ကျရင် နင့်အတွက် နင့်အတွက် ခက်ခဲမှာစိုးလို့ပါ...."

" စိတ်ချစမ်းပါ...... ဒီရဲ့ကမ္ဘာကြီးက အကျိုးအမြတ်ကိုပဲ ကြည့်တာ... "လင်းရီ ပြောလိုက်ပြီး "ဒီလို ကိစ္စသေးသေးလေးကို မပြောနဲ့ဦး.... သူတိူ့ တစ်မိသားစုကို လည်-လှီးသွားမယ်ဆိုရင်တောင်မှ အကျိုးအမြတ်ရှိနေသရွေ့ ငါတို့က သူငယ်ချင်းကောင်းတွေပဲ.... ကမ္ဘာကြီးရဲ့ လူသားလမ်းစဉ်က အရင်းရှင်တွေရှေ့ရောက်ရင် ဘာမှမဟုတ်ဘူး.... "

"အိုကေ.... ငါနားလည်ပြီ... ခုပဲ စလုပ်လိုက်တော့မယ်...."

"ကောင်းပြီ...."

ဖုန်းချပြီးနောက် လင်းရီ ချောင်ကျင်းချိုး၏ လုပ်ရည်ကိုင်ရည်နှင့်ပတ်သက်၍ အလွန်အမင်း သေချာသွားတော့၏။

ချောင်ကျင်းချိုးနှင့် ချောင်ရှန့်ယွီတို့မှာ သွေးရင်းမောင်နှမများ ဟုတ်လေသလောဟုတောင် သူသံသယ ၀င်လာခဲ့ရလေသည်။

သူတို့နှစ်ဦး၏ အိုင်ကျူ ကွာဟမှုမှာ မြင့်မားလွန်းလှလေသည်။

ချောင်ကျင်းချိုး၏ ဖုန်းကိုချပြီးနောက် သိပ်မကြာမီ လျန်ရူရွှယ်ထံမှ ဖုန်း၀င်လာခဲ့သည်။

"ဘာတွေလဲဖြစ်နေတာ... ငါအင်တာနက်မှာ အဓိက ဆေးကုမ္ပဏီခြောက်ခုနဲ့ ပတ်သက်ပြီးတော့ မကောင်းသတင်းတွေ မြင်နေရတယ်.... အဲ့တာ နင့်လက်ချက် ဟုတ်တယ်မလား...."

"တော်တယ်.."လင်းရီ ပြောလိုက်ပြီး "မြို့တော်၀န်လျန်လို လှပပြီး ဉာဏ်ထက်မြက်တဲ့ မိန်းကလေးဆိုတာ အရမ်းတွေ့ရခဲတာပဲ....."

"ငါ့ကို‌ လာပြီး ပေါက်တတ်ကရတွေ ရွတ်ပြမနေနဲ့ ... "လျန်ရူရွှယ် ပြောလိုက်ပြီး "နင် လုပ်စရာရှိတာကို ‌ဆက်လုပ် .. ငါ အင်တာနက် ထိန်းချုပ်ရေး စင်တာကို သေချာလေး စောင့်ကြည့်ထားပေးဖို့ ပြောလိုက်မယ်... သိပ်ပြီး လွန်ကြူးမနေရင်တော့ အဆင်ပြေပါတယ်....."

"ပြဿနာတက်မှာကို စိတ်ပူစရာ မလိုဘူး .... ငါက နိုင်ငံခြား ပုံရိပ်ယောင် ဆာဗာတွေ တည်ဆောက်ထားပြီးပြီ ... အကုန်လုံး အတုတွေချည်းပဲ... သူတို့ ရှာတွေ့သွားခဲ့ရင်တောင်မှ ပြဿနာမရှိဘူး....."

"နင်ကလေ... တစ်ခုခုတော့ တစ်ခုခုပဲ.... "လျန်ရူရွှယ် လင်းရီအကြောင်းကို တီးမိခေါက်မိသလောက်တော့ သကောင့်သားမှာ နောက်ကြောင်းဖုံးကွယ်ရာ၌ အင်မတန်ထူးချွန်လှလေသည်။ ထို့ကြောင့် သူမ ထိုကိစ္စနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှု မဖြစ်ရတော့ချေ။

"ဒါပေမယ့် တစ်ခုရှိတာက ဒီ သတင်းတွေက အဓိက ဆေးကုမ္ပဏီကြီးခြောက်ခုကို ကုံလုံတဲ့ ထိခိုက်မှုတွေ ပေးနိုင်ပါ့မလား.... သူတို့ရဲ့ PR ပုံရိပ်က သွားရှုပ်လို့ရတဲ့ထဲတော့ မပါဘူးနော် ...."

"သူတို့ကို မသက်ရောက်လည်း ကိစ္စမရှိဘူး.... Wall street က အကောင်းကြီးစားကြီးတွေကို သက်ရောက်မှုရှိတယ်ဆိုရင်ကိုပဲ လုံလောက်နေပြီ....."

လင်းရီ ပြောလိုက်ပြီး "အနောက်ဥရောပနိုင်ငံတွေကို အရင်းရှင်တွေကပဲ ထိန်းချုပ်ထားတာလေ....အဲ့ကောင်တွေကို ခြောက်လန့်သွားနိုင်တယ်ဆိုရင် သူတို့ရဲ့ စတော့တန်ဖိုးတွေကလည်း ရန်အဘိုးကြီးရဲ့ သွေးဖိအားလို တက်လိုက်ကျလိုက်ဖြစ်နေတော့မှာ....."

"နင်ပြောချင်တာကို ငါနားလည်တယ်... ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် တကယ်လို့ နင့်ရဲ့ အကြံအစည်က အောင်မြင်သွားတယ်ဆိုရင်တောင်မှ အကျိုးသက်ရောက်မှုက အကန့်အသတ်နဲ့ပဲလေ...."လျန်ရူရွှယ်ပြောလိုက်ပြီး "ဘာပဲဆိုဆို သူတို့က ရာစုနှစ်တစ်ခုလောက်အထိ တည်မြဲလာတဲ့သူတွေဆိုတော့ နင်တစ်ယောက်တည်းနဲ့ ဖိအားပေးမယ်ဆိုရင် အရမ်းခက်ခဲမှာ...."

"မဟုတ်သေးဘူး... မင်းက သေးသေးလေး တွေးနေတာပဲ...."လင်းရီ ရယ်မောလိုက်ပြီး "ငါမင်းကို ပြောပြလိုက်မယ်.... ဒီရဲ့ တိုက်ပွဲက ဟွာရှပဲဖြစ်ဖြစ် အနောက်ဥရောပပဲ ဖြစ်ဖြစ် ဘယ်တစ်ခုကမှ ရှေ့ဘက်စစ်တလင်းတွေ မဟုတ်ဘူး...."

"ဟမ်..... နင်က တခြားနေရာမှာ ပြည်သူတွေရဲ့ သဘောထားနဲ့ ဖိအားပေးမလို့လား...."

"ဒါပေါ့ကွ ... စဉ်းစားကြည့်လိုက်.... အဲ့ဒီ ကြီး ခြောက်ကြီးရဲ့ အဓိက ဖောက်သည်တွေက ဘယ်သူ‌တွေဖြစ်မယ်လို့ မင်းထင်လဲ....."

"ဟွာရှလား...."

"မှားတယ်...."

လင်းရီ ပြောလိုက်ပြီး "ခုမှ ဖွံ့ဖြိုးနေဆဲဖြစ်တဲ့ တတိယတန်းစား နိုင်ငံငယ်လေးတွေပဲ....ဘာလို့လဲဆိုတော့ သူတို့အားလုံးက အဓိက ဆေးကုမ္ပဏီခြောက်ခုကဆေးဝါးတွေကို အဓိက လိုအပ်တဲ့သူတွေလေ... ခု ဒီလို အဖြစ်အပျက်တွေ ဖြစ်လာပြီဆိုတော့ ဘာတွေ ဆက်ဖြစ်မယ်လို့ မင်းထင်လဲ....."

ဖုန်းထဲတွင်တော့ လျန်ရူရွှယ်မှာ ရှော့ခ်ရလွန်း၍ ကြက်သေသေနေခဲ့၏။

ယခုမှ သူမ နားလည်သွားခဲ့ချေပြီ။ လင်းရီမှာ ထိုဖွံ့ဖြိုးဆဲ နိုင်ငံငယ်များ၏ မီဒီယာများမှတစ်ဆင့် ပြည်သူများထံသို့ ဟွာရှ၏ ဂယက်ကို လွှဲပြောင်းပေးလိုက်ခြင်းပင်။

ထိုသို့ ဆိုပါက အဓိက ဆေးကုမ္ပဏီခြောက်ခုမှာ တော်တော်လေး အထိနာသွား‌လောက်၏။

သူက အရမ်းထက်မြက်ပြီးတော့ ခန့်ညားတာပဲ....

"ကောင်းပြီလေ.... နင်လုပ်စရာရှိသာတာ အေးဆေးလုပ်... ငါလည်း စိတ်မပူတော့ဘူး.... နင့်ဆီက သတင်းကောင်းကိုပဲ စောင့်နေတော့မယ်....."

"အေး....လိုက်ယားလိုက်ယားလည်း လျှောက်လုပ်မနေနဲ့ဦး.... မင်း ရေကူး၀တ်စုံတွေလည်း အသင့်ပြင်ထားရင် ကောင်းမယ်နော....."

တီ တီ တီ.....

"ဟမ်....."

လင်းရီ ဖုန်းချသွားတာကို ကြည့်ရင်း "ဒါက ဘာသဘောလဲဟ....."

လီချူးဟန်၏ နားနေခန်းထဲတွင်တော့ လင်းရီ သူမကွန်ပျူတာကို အသုံးပြု၍ firewall ကို ချိုးဖောက်ကာ ခေါင်းစဉ်နှင့် ဆက်စပ်သည့် နိုင်ငံခြား ၀က်ဆိုဒ်များထဲသို့ ၀င်ရောက်ကြည့်ရှုနေခဲ့၏။ ဆွေးနွေးပွဲခေါင်းစဉ်မှာ ပေါက်ကွဲမှု သိပ်မပြင်းထန်တော့သော်လည်း ပေါ်ပြူလာ ဖြစ်နေဆဲပင်။

လင်းရီ လီချူးဟန်၏ နားနေခန်းထဲတွင်နေလျက် အခြေအနေကို စောင့်ကြည့်ရင်းဖြင့် ညနေခင်း တစ်ခုလုံးမှာ ကုန်ဆုံးသွားခဲ့လေသည်။

ည ဆယ်နာရီ၀န်းကျင်လောက် ရောက်သောအခါ ချောင်ရှင်း ၀င့်ကြွားစွာဖြင့် အခန်းထဲသို့ ၀င်လာခဲ့၏။

"အစ်ကိုရီ .... စားဖို့ အချိန်ရောက်ပြီ...."

" ‌ဝါး ... မွှေးနေတာပဲ.... ဘာအရသာရှိတာတွေ ၀ယ်လာခဲ့တာ...."

"ခစ်ခစ်... အစ်ကိုရီက နေ့တိုင်း‌ငှက်ပျောသီး ကျွေးတယ်ဆိုတော့ ညီမလည်း ဒီနေ့ အစ်ကို့ကို မန်ထိုပေါက်စီနဲ့ ပင်လယ်ဂုံးခရုတွေ ပြန်၀ယ်ကျွေးမယ်လေ...."

လင်းရီ "......."

'ဖက်ခ် ငါ့ကို လာပြီး မြှူစွယ်နေတာလား.... ငါတကယ်ကြီး စားပစ်လိုက်မှာနော်....'

"ဟင် အစ်ကိုရီ .... ဘာလို့ မန်ထိုတစ်မျိုးတည်း စားနေတာ... ဒီရဲ့ ပင်လယ်ဂုံးခရုတွေကလည်း စားကောင်းပါတယ်နော်.... လုံး၀ မညှီဘူး....သူတိူ့ မချက်ခင် သေချာ‌ဆေးကြောထားတယ်လို့တော့ ပြောသံကြားတာပဲ ....."

" ဟိုလိုကြီး မဟုတ်ပါဘူးကွာ.... မင်းအစ်ကိုရဲ့ အခြေအနေက ခြိုးခြံချွေတာမှ ဆိုတော့ လျှာအကျင့်ပါမှာကြောက်နေတာ....ဒီရဲ့ မန်ထိုလေးပဲကောင်းတယ်...."

"အဲ့တာဆို မှိုနက်လည်း ရှိသေးတယ်နော်.... တောထဲက မှိုနက်စစ်စစ်... သာမန်နေရာတွေမှာ လိုက်ရှာရင်တောင် မတွေ့နိုင်ဘူး....."

"တော်ပြီ... ငါက မှိုတွေနဲ့လည်း ဓာတ် မတည့်ဘူး...."

ချောင်ရှင်း ရယ်မောလိုက်ပြီး "အဲ့တာဆို မန်ထိုက စားလို့ကောင်းရဲ့လား.... နူးညံပြီး အိစက်နေတာပဲနော်....."

"အင်း တကယ်ကြီး မဆိုးဘူး...."လင်းရီ ခေါင်းညိမ့်လိုက်၏။

"စကားမစပ် အခန်း ၈၀၄က ကျောက်ဝေရဲ့ အခြေအနေ ဘယ်လိုရှိလဲ........"

"မဟန်ဘူး.... သူ့မျက်လုံးတွေက ထိုင်းမှိုင်းနေပြီးတော့မှ အဓမ္မပြုကျင့်ခံထားရတဲ့ ပုံစံဖြစ်နေတာ...."

"အဲ့လောက်တောင်လားဟ.... ငါသွားပြီး ကြည့်ဦးမှပါ...."လင်းရီ မတ်တပ်ရပ်လိုက်ပြီး "ဒီလို အခြေအနေမျိုးမှာ ငါတို့ဆရာ၀န်တွေက သေချာလေး ကုသပေးရမယ်လေ.... ဟုတ်တယ်ဟုတ်....."

"အစ်ကိုရီ ညီမလည်း လိုက်ခဲ့မယ်လေ.... အစ်ကိုရီ ဘယ်လိုကိုင်တွယ်လဲဆိုတာ ကြည့်ချင်တယ်.... အဲ့တာမှ ညီမှလည်း သင်ယူလို့ရမှာ....."

"အတူသွားကြတာပေါ့....."

သိမ်းဆည်းပြီးနောက် လင်းရီ သူ့ဖုန်းကို ယူကာ အခန်း ၈၀၄ သို့ ချောင်ရှင်းနှင့်အတူ ထွက်လာခဲ့သည်။

တံခါး၀တွင် ရပ်နေရင်း ကျောက်ဝေမှာ ပြတင်းပေါက်သို့ ငေးမောနေကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။

သို့သော်လည်း လင်းရီ၏ ပုံရိပ်မှာ ပြတင်းပေါက် မှန်ပေါ်တွင် အလင်းပြန် နေပြီး ထိုမှတစ်ဆင့် ကျောက်ဝေသူ့ကို မြင်‌နေရလေသည်။ သိူ့သော်လည်း သူမ ဘာမျှ မတုံ့ပြန်ခဲ့ပေ။

လင်းရီ သူ့မေးစေ့ကို ပွတ်လိုက်ပြီး "ငါရန်စတာ များသွားလို့ ဒီမိန်းမက ရူးသွားတာလားဟ... ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ငါတို့ ဌာန ပြောင်းပေးရတော့မယ်နဲ့တူတယ်... "

လင်းရီ သူ့ခွန်အား၏ တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ထုတ်ပြရသေးသော်လည်း ကျောက်ဝေမှာ ယခုအခြေအနေသို့ ရောက်နေပြီးဖြစ်၏။ သူမ၏ ခုခံနိုင်မှုစွမ်းရည်မှာ ကျောက်ကျိန်းရန်လောက် မကောင်းမွန်ပေ။

ဟမ့်... မင်းဒီလိုလုပ်နေလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး ...

တံခါး၀၌ မိနစ်အနည်းငယ်ခန့် ရပ်နေပြီးနောက် လင်းရီ တံခါးဖွင့်၍ အထဲသို့ ၀င်သွားလေသည်။

သို့သော်လည်း ကျောက်ဝေမှာ သူမခေါင်းကို ‌တစ်ဖက်လှည့်၍ ပြတင်းပေါက်သို့သာ ဆက်လက်ငေးမောနေသည်။ လင်းရီကို အပြည့်အ၀ လျစ်လျူရှုထားခဲ့၏။

"ငိုးပဲ.. မင်းက အတွေးနက်နေချင်ယောင် ဆောင်နေတာလားကွ.... ငါမင်းကို နောက်ထပ် ရန်မီခေါက်ဆွဲနှစ်ပွဲမှာပေးမယ်... မင်းငါ့ကို နောက်ထပ် ကဗျာတစ်ပုဒ်လောက် စပ်ပေးမလား....."

ချောင်ရှင်း ဆွံ့အသွားခဲ့၏။

ဒါဘယ်လို ကုသနည်းကြီးလဲ.....

မူးဟစ်ရမ်းကား ကုသနည်းလား.....

"ငါတို့မှာ ဘာပြောစရာ ရှိနေသေးလို့လဲ...."ကျောက်ဝေ မလှုပ်ရှားပဲ ပြောလိုက်ပြီး "နင်က အောင်နိုင်သူဆိုတော့ နင့်ရဲ့ အောင်မြင်မှုတွေကို ကြွားဝါဖို့ ရောက်လာခဲ့တာလား....."

"မဟုတ်ဘူး.... ငါက မင်း ပျင်းလွန်းပြီးတော့ ကိုယ့်ကိုယ်ကို ဆွဲကြိုးချသွားမှာဆိုးလို့ တစ်ခုခု ထူးခြားတာလေး လာပြတာ....."

"ငါ စကားပြောချင်စိတ်မရှိဘူး.... တစ်ယောက်တည်းပဲ နေချင်တယ်...."

"မင်းဘာမင်း ရှိချင်ရှိ မရှိချင်နေ ငါ သောက်ဂရုမစိုက်ဘူး... မင်းက ငါ့ရဲ့ ကြင်နာမှုတွေကို မတန်သလို ဆက်ဆံလိုက်တာပဲကွ... မင်းဒီနေ့ မေ့လဲပြီး ပါးစပ်မှာ အမြုပ်တွေထနေတုန်းက ငါကပဲ အသက်ရင်းပြီး CPR လုပ်ပေးခဲ့တဲ့ကောင်ပါကွ.... မဟုတ်ရင် မင်း ဒီချိန်လောက်ဆိုရင် ရင်ခွဲရုံရောက်နေလောက်ပြီ.... "

ချောင်ရှင်း ပြောစရာစကား ကင်းမဲ့သွားခဲ့သည်။

အစ်ကိုရီက အဲ့တာတွေ မလုပ်ခဲ့ဘူးလေ...

ဒါကဘာကြီးလဲ....

စိတ်ဓာတ်ရိုက်ချိုးပြီးတော့ လိမ်ညာပြောဆိုကုသတဲ့ ကုထုံးလား.....

ထို့နောက် လင်းရီ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

ကျောက်ဝေ မျက်မှောင်ကြုတ်သွားခဲ့ပြီး အေးစက်စွာ ဆိုလိုက်၏။

"နင်က ဘာကို ပြချင်နေတာ....."

"မြင်လား.... မင်း သူများပြောတာကို သေချာလေး နားထောင်ပေးသင့်တယ်....အဲ့တာမှ ဘ၀မှာ ကောင်းကောင်းလေး နေထိုင်နိုင်မှာ....."

လင်းရီ ပြုံးလိုက်ပြီး ကျောက်ဝေရှေ့တွင် ထိုင်ကာ သူ့ဖုန်းဖွင့်၍ NASDAQ ၏ စတော့ဈေးကွက်ထဲသို့ ၀င်ရောက်လိုက်၏။

"ခု အမေရိကားရဲ့ စံတော်ချိန်နဲ့ဆိုရင် မနက် ၁၁ နာရီလောက် ရှိရောပေါ့.... ဒီနေ့ စတော့ စဖွင့်ဖွင့် ချင်းမှာပဲ Pfizer ရဲ့ စတော့တန်ဖိုးတွေက ၃ ရာခိုင်နှုန်းလောက်ကျဆင်းသွားပြီ... တကယ်လို့ ဘာမှ မမှားဘူးဆိုရင် ဈေးကွက်ပိတ်တဲ့အချိန်ကျ အနိမ့်ဆုံးလစ်မစ်ကိုတောင် ကျော်လွန်သွားလောက်တယ်....."

"ပြီးတော့ ရော့ရှ်... ဘေရာ ၊မာ့ခ် နဲ့ တခြား ဆေးကုမ္ပဏီတွေရဲ့ စတော့တန်ဖိုးတွေလည်း ၁ ကနေ ၄ ရာခိုင်နှုန်း လောက်ထိ ကျဆင်းသွားခဲ့ပြီ... ဈေးကွက်ပိတ်တဲ့ အချိန်လောက်ဆိုရင် ၇ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားနိုင်တယ်.... ဆိုတော့ စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား.....”

All Chapters