← Chapters

အခန်း (၄၃၇)

Vol. 30 Ch. 437

အခန်း (၄၃၇)

Vol. 30 Ch. 437

"စတော့ တန်ဖိုးတွေ ကျဆင်းကုန်ပြီ....."

ကျောက်ဝေ ဆတ်ခနဲ ဖြစ်သွားခဲ့ပြီး လင်းရီလက်ထဲမှ ဖုန်းကို လုယူလိုက်၏။

စတော့ဈေးကွက်၏ မြေပုံကိုကြည့်ရင်း ကျောက်ဝေ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး အမူအရာမှာ တစ်ဖန်ရုပ်ဆိုးသွားပြန်သည်။

အနာဂတ်တွင် ဆက်လက်၍ ကျဆင်းနေမလားဆိုတာကို စောင့်ကြည့်နေရန် မလိုအပ်တော့ချေ။ လက်ရှိ အခြေအနေပေါ် မူတည်ပြီး တွက်ချက်ကြည့်မည်ဆိုပါက Pfizer နှင့် အဓိက ဆေးကုမ္ပဏီခြောက်ခုမှာ ငွေကြေး ဒေါ်လာ သန်း ၈၀၀ ကျော်လောက် ဆုံးရှုံးနေပြီးဖြစ်၏။

ယင်းဆုံးရှုံးမှုပမာဏက ဧရာမကြီးပင်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... တကယ်လို့ အခွန်ဌာနက ကုမ္ပဏီခြောက်ခုရဲ့ ဆေးဝါးတွေကို ထိန်းသိမ်းထားတယ်ဆိုရင်တောင်မှ ဒီလောက်ထိ ဖြစ်ဖို့ မလိုအပ်ဘူးလေ...."

အဘယ်ကြောင့် ယခုကိစ္စမှာ အကျိုးသက်ရောက်မှု ဧရာမကြီးဖြစ်သွာလဲဆိုတာကို ကျောက်ဝေ စဉ်းစားမရ ဖြစ်နေလေသည်။

Pfizer နဲ့ ဟို ကုမ္ပဏီခြောက်ခုကလည်း ဘာတွေ လုပ်နေကြတာလဲ....

သို့သော်လည်း Pfizer နှင့် ကုမ္ပဏီ ခြောက်ခုလည်း ထိုအခိုက်အတန့်၌ ပျာပျာသလဲ ဖြစ်နေကြတယ်ဆိုတာ ကျောက်ဝေ မသိခဲ့ချေ။

သူမ၏ ပြဿနာမှာ အစိတ်အပိုင်း တစ်ခုလေးမျှပင်။

ယခုဖြစ်ပုံမှာ ရပ်ကွက်တစ်ခုလုံး လောင်မီးကျနေသကဲ့သို့ ဖြစ်နေလေသည်။ မြင်မြင်သမျှ နေရာတိုင်းတွင် မီးညွှန့်တလူလူ တက်နေပြီး သူတိူ့ ဘယ်အိမ်ကို အရင်ဆုံး ကယ်တင်မလဲဆိုတာကိုပဲ ရွေးချယ်မှုပြုရုံသာ တတ်နိုင်တော့၏။

"အဲ့လောက်ကြီးလည်း စိုးရိမ်ထိတ်လန့် မနေစမ်းပါနဲ့... ဘာဖြစ်ခဲ့လဲဆိုတာ ဖြည်စဖြည်းချင်း တွေးကြည့်ကြတာပေါ့..."

လင်းရီ သူ့ဖုန်းကို ပြန်ယူလိုက်ပြီး နိုင်ငံတွင်းရှိ ၀က်ဆိုဒ်အမျိုးမျိုးကို ဖွင့်ပြလိုက်၏။

"ဒါက ဝေ့ပေါ်မှာ လတ်တလော ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်... တစ်နေ့တည်းရှိသေးတာနော်... ဒါပေမယ့် မင်းတို့ Pfizer နဲ့ ဆေးဝါးကုမ္ပဏီခြောက်ခုရဲ့ ကျော်ကြားမှုတွေက ဆွေးနွေးမှု တစ်ဘီလီယမ်ကိုတောင် ရောက်သွားခဲ့ပြီ...."

"Douyin, TikTok ဒါမှမဟုတ် ကျစ်ဟွမ်ပဲဖြစ်ဖြစ် ဒီရဲ့ သတင်းခေါင်းစဉ်က ထိပ်သီးပိုင်းမှာပဲ..."

"ဟားဟား... ခုဆို မင်းတို့က တစ်ကမ္ဘာလုံးသိတဲ့ ဆေးကုမ္ပဏီတွေဖြစ်ကုန်ပြီ... တကယ်လို့ ဒီရဲ့ ကောလဟာလတွေကို သေချာ မဖြေရှင်းနိုင်လို့ကတော့ မင်းတို့ကုမ္ပဏီရဲ့ ပုံရိပ်ကို လှုပ်ခတ်လာနိုင်တယ်နော...."

"ဒီမှာ Facebook, Twitterနဲ့ YouTubeပေါ်က ကွန်းမန့်တွေကို တစ်ချက်လောက် ဖတ်ကြည့်လိုက်စမ်း.... အတော်လေးကို ပေါ်ပြူလာဖြစ်နေတယ်လို့ ဆိုရမယ်...."

"ခုက အင်တာနက်ခေတ်ဆိုတော့ ကမ္ဘာကြီးက ရွာကြီးတစ်ရွာလိုတောင်ဖြစ်နေပြီ.... အနောက်ဥရောပနဲ့ အမေရိကားက ဟွာရှမှာ လွှမ်းမိုးမှုတစ်ချို့ရှိနေတယ်ဆိုတော့ Pfizerနဲ့ အဓိက ကုမ္ပဏီခြောက်ခုကို တစ်ယောက်တည်း ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...."

လင်းရီ သူထိုင်နေသည့် ပုံစံကို ပြောင်းလဲလိုက်ပြီး ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်ကာ "ဒါကြောင့်မို့လည်း အာဖရိက က ညီငယ်လေးတွေကို ဒီရဲ့ ဆွေးနွေးမှုစကားဝိုင်းတွေထဲ ခေါ်ထည့်ထားရတာပေါ့... ပြီးတော့ တတိယအစ်ကိုကြီး အိန္ဒိယကိုလည်း ဘယ်ချန်လှပ်ထားလို့ ဖြစ်မှာလဲ ဟုတ်တယ်မလား...မင်းတို့ရဲ့ ကုမ္ပဏီနာမည်ကို တစ်ကမ္ဘာလုံးသိအောင် ဖြန့်ကျက်နိုင်တဲ့အ‌တွက် ဂုဏ်ပြုပါရစေကွာ.... ခု ဘယ်လို ခံစားနေရလဲ... အံ့အားသင့်နေတာလား... ဒါမှမဟုတ် ကြောက်ရွံ့နေတာလား... တွေးကြည့်ကြည့် ....ကမ္ဘာတစ်၀န်းက လူတွေ ဖုန်းကိုယ်စီကိုင်ပြီးတော့ မင်းတို့ ကုမ္ပဏီအကြောင်း အာပေါင်အာရင်း သန်သန်နဲ့ ဆွေးနွေးဝိုင်းဖွဲ့နေကြမှာလေ..... စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား...."

ကျောက်ဝေ ဖုန်းကိုကြည့်ရင်း သူမ၏ ကိုယ်မှာ သေမတတ်ချမ်းစိမ့်သည့် ဆောင်းတွင်းညတစ်ညကဲ့သို့ ခံစားနေရပြီး တဆတ်ဆတ် တုန်ခါနေလေသည်။

"အဲ့တာ နင့်အမှားပဲလေ... နင်က လူထု အုံကြွမှုဖြစ်အောင် ဖန်တီးနေတာပဲ...."

"ဟေးဟေး မင်း အစားကို ပေါက်တတ်ကရ စားလို့ရတယ် စကားကိုတော့ ပေါက်တတ်ကရလျှောက်မပြောနဲ့... ငါ ဘယ်တုန်းကမှ လူထုအုံကြွမှုဖြစ်အောင် မလုပ်ခဲ့ဖူးဘူး... ငါက ဒီတိုင်း အားပေးအားမြှောက်ပြုရုံလေးပဲ......."

လင်းရီ၏ ရည်ရွယ်ချက်ကို သိသွားသည့်အချိန်တွင်တော့ ကျောက်ဝေ၏ နှလုံးမှာ မာရသွန်ပြေးထားသကဲ့ ဆက်တိုက်ဆိုသလိုကို ခုန်ပေါက်နေပြီး ရင်အစုံမှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့၏။

နိုင်ငံချင်းအလိုက် ဈေးကွက်စီးပွား တွက်ချက်ကြည့်မည်ဆိုလျှင် ဟွာရှမှာ သူမတို့၏ အကြီးမားဆုံး ဖြစ်ပါသော်ငြား အခြား ရှုထောင့်တစ်ခုမှ တွေးကြည့်မည်ဆိုလျှင်တော့ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များ၏ ပေါင်းစည်းမှုမှာ Pfizer နှင့် အဓိကဆေးဝါးကုမ္ပဏီခြောက်ခု၏ အလားအလာအရှိဆုံး ကတ်စတန်မာများ ဖြစ်ကြ၏။

ယခု တစ်ကမ္ဘာလုံးမှ အဆိုပါကိစ္စကို ဆွေးနွေးနေပြီဖြစ်သောကြောင့် သူမတို့၏ စတော့တန်ဖိုးမှာ အောက်ဆုံးသိူ့ ထိုးကျသွားမည်မှာ မလွဲမသွေပင်။

ယခုလို အုတ်အောသောင်းနင်း ဖြစ်ပြီးသည့်နောက်တွင်တော့ Pfizer နှင့် အဓိကဆေးကုမ္ပဏီခြောက်ခုက ဆုံးရှုံးမှု ခံစားရရုံသာမက အမေရိကားရှိ ဆေးကုမ္ပဏီတစ်ချို့ပင် ဆုံးရှုံးမှုတို့ ဖြစ်ပေါ်လာနိုင်လေသည်။

ထိုကဲ့သို့ လွှမ်းမိုးမှအောက်တွင်တော့ ဆုံးရှုံးမှုများမှာ တိုင်းတာ၍ ရလိမ့်မည် မဟုတ်ချေ။

ဖူး....

ကျောက်ဝေ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပဲ ရင်ဘက်ထဲမှ ချိုမြသည့် သွေးတို့ လှိမ့်တတ်လာကာ ဖြူဆွတ်နေသည့် အိပ်ရာခင်းကို အနီရောင်များ ပက်ဖြန်းစေလိုက်သည်။

"နာ့စ်တွေ.. လာကြဦး... နှလုံးတို့စက်နဲ့ အောက်ဆီဂျင်တွေပါ ယူခဲ့...."

ချောင်ရှင်း၏ အသံကိုကြားသောအခါ နာ့စ်ဌာနရှိ နာ့စ်မလေးများ ပစ္စည်းကိရိယာများကို သယ်ဆောင်၍ ကျောက်ဝေကို ရှေးဦးသူနာပြု နည်းလမ်းများဖြင့် ကုသကြတော့သည်။

"အစ်ကိုရီကတော့ လုံး၀ ‌အမေးဇင်းပဲ... ဒါပြီးရင် သူမရဲ့ ဆေးခက နောက်ထပ် ယွမ် ၂၀၀၀ လောက် လာထားပဲ...."

"‌ကျေးဇူးပြုပြီး ကျုပ်ကို အကျိုးအမြတ်ဖန်တီးပေးသူ နတ်ဘုရားလင်းလို့ပဲ ခေါ်ပါ မိန်းကလေး...."

ထို့နောက် ဖုန်းကို လက်တစ်ဖက်မှကိုင်ရင်း နှလုံးဌာနသို့ အေးအေးလူလူ လမ်းလျှောက်လာခဲ့လေသည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက် ချောင်ရှင်း ရောက်လာခဲ့၏။

"ကျောက်ဝေရဲ့ အခြေအနေက ဘယ်လိုရှိလဲ..."

"ဟိုလိုကြီး မပြင်းထန်ပါဘူး... နှလုံးအားနည်းနေတဲ့အချိန် စိတ်အရမ်းလှုပ်ရှားသွားတော့ နှလုံးက မခံနိုင်ဖြစ်ပြီး သွေးအန်သွားတာ..အိပ်ပြီး နားလိုက်ရင် ကောင်းသွားမှာပါ... တကယ်လို့ အိပ်မပျော်ဘူးဆိုရင်တော့ ဆေးတစ်ချို့ ပေးရမှာပေါ့...."

"စကားမစပ် သူ့ကို ဆေးတွေပေးရင် နိုင်ငံခြားက ဆေး‌အကောင်းစားတွေပဲ ပေးနော်... ဒီလို သိုး၀၀ကစ်ကစ်ကြီးကို ရတုန်း ကုန်အောင် ရိတ်ထားရမယ်...."

"ဟုတ် အစ်ကိုရီ..."

"အင်း... ခု သူ မအိပ်သေးဘူးမလား...."လင်းရီ မေးမြန်းလိုက်၏။

"ညီမထွက်လာခဲ့တုန်းကတော့ သူ အိပ်မပျော်သေးဘူး...ပြီးမှ‌ပဲ ဆေးတစ်ချို့ပြင်ဆင်ပြီးတော့ လူနာဆီ ပို့ခိုင်းလိုက်မယ်လေ..."

"ဆေးတွေ အရင် သွားယူလိုက်... ငါကိုယ်တိုင် သွားပေးလိုက်မယ်...."

"အစ်ကိုရီက နောက်တစ်ချီစချင်လို့လား... မလုပ်ပါနဲ့... ဟိုက နှလုံးအားနည်းနေပါတယ်ဆိုနေမှ ညှာတာလိုက်ပါဦးနော်... ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် သူတကယ် သေသွားလိမ့်မယ်..."ချောင်ရှင်းမှ ပြောလိုက်၏။

"စိတ်ချစမ်းပါ... အဲ့ဒီလူနာက အရမ်း မာတယ်... ဒီလောက်လေးနဲ့တော့ မသေနိုင်ပါဘူး...."

"အိုး.... ပြီးတာပဲလေ... အဲ့တာဆို အစ်ကိုရီကိုဆေးယူလာခဲ့ပေးမယ်..."

မိနစ်အနည်းငယ်ကြာပြီးနောက် ချောင်ရှင်း ဆေးပုလင်း သေးသေးလေးတစ်ခုကို ယူလာခဲ့ပြီး "အစ်ကိုရီ ဒါက အသစ်ရောက်လာတဲ့ အိပ်ဆေးအသစ်လေ... အရမ်းအာနိသင်ရှိတာ... တစ်လုံးတည်း သောက်လိုက်တာနဲ့ ကြိုက်သလိုလုပ်... နိုးမှာ မဟုတ်တော့ဘူး... ဒါပေမယ့် လူနာက အားနည်းနေတော့ တစ်လုံးလောက်ဆို ရပြီထင်တာပဲ....."

"‌အိုကေ... နားလည်ပြီ....."

"အစ်ကိုရီ ... ညီမလည်း လိုက်မယ်...."

"မလိုဘူး... ဒီလို ကိစ္စအသေးအမွှားလေးကို နှစ်ယောက်သွားစရာ မလိုပါဘူးဟ...."

"ဒါပေမယ့် လိုက်ချင်နေတုန်းပဲ...."ချောင်ရှင်း ချွဲနွဲ့၍ ပြောလိုက်၏။

"အဲ့တာဆိုလည်း သွားကြတာပေါ့ကွာ...."

သို့နှင့် နှစ်ယောက်သား အခန်း ၈၀၄ သို့ တစ်ဖန် ပြန်ရောက်လာခဲ့ပြီး လင်းရီ တံခါးအပေါက်၀မှ နေ၍ အထဲကို လှမ်းကြည့်လိုက်သည်။

"အစ်ကိုရီ ... လူနာက အိပ်သွားပြီ ထင်တယ်... ဆေးမလိုလောက်တော့ဘူး...."

"မင်းက ငယ်ပြီးတော့ အတွေ့အကြုံ မရင့်ကျက်သေးဘူးပဲ...."

"ဟင်....ဘာလို့လဲ... လူနာက ကောင်းကောင်းအိပ်နေတာပဲ မဟုတ်ဘူးလား...."

"ဘာလို့ ကောင်းကောင်းအိပ်တာ... သူက ဒီတိုင်းမှေးနေတာ... အိပ်နေတာ မဟုတ်ဘူး..."

"‌ဒါပေမယ့် ဟောက်သံတွေတောင် ကြားနေရသလိုပဲနော်...."

"အဲ့တာ ဆေး မသောက်ချင်လို့ အသံတွေ လျှောက်လုပ်နေတာ... ငါ အထဲ၀င်ပြီး ဆေးသွားတိုက်မှ ရမှာ...."

လင်းရီ တံခါးတွန်းဖွင့်၍ ကျောက်ဝေ အိပ်ရာနားသို့ လမ်းလျှောက်လာခဲ့သည်။ ကုတင်ပေါ်တွင်တော့ ကျောက်ဝေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ သူ ဟောက်သံများပင် ကြားနေရ၏။

သို့သော်လည်း လင်းရီ သူမကို ကောင်းစွာ အိပ်စက်ခွင့်မပြုနိုင်။ ညစ်တစ်တစ် အမူအရာက သူ့မျက်နှာထက်တွင် ပေါ်ပေါက်လာပြီးနောက်

ဖြန်း

လင်းရီ သူ့ဘက်သို့ ပေးထားသည့် တင်ပါးကို ဖြန်းကနဲ မြည်အောင်ရိုက်ပစ်လိုက်သည်။

"ဟေ့ ထတော့ ဆေးသောက်ချိန်ရောက်ပြီ...."

နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ကျောက်ဝေမှာ ရုတ်ချည်း လန့်နိုးလာခဲ့ပြီး သူမစိတ်ထဲတွင် ကမ္ဘာများ ပျက်နေပြီလောဟု ထင်ယောင် ထင်မှား ဖြစ်သွားခဲ့၏။

"နင် ဘာလာလုပ်တာ...."

"အိပ်ဆေးသောက်ရမယ့် အချိန်လေ.....ဒီမှာ ဆေးဆယ်လုံးရှိတယ်... တစ်ခါတည်း သောက်ပစ်လိုက်...."

.......

နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ ကျောက်ဝေကို လျစ်လျူရှုထားလိုက်ပြီး နှစ်ရက်ဆက်တိုက် ညဆိုင်းဆင်းထားသောကြောင့် လူက အနည်းငယ် ငိုက်မြည်းချင်နေလေသည်။

ထိုအချိန်တွင်ပဲ ကျီချင်းရန် ဖုန်းဆက်လာခဲ့၏။

"ဒေါက်တာလင်း... နင်အခု အလုပ်လုပ်နေတာလား...."

ကျီချင်းရန်၏ အသံအပြင် ဘေး၌ ကားဟွန်းတီးသံများနှင့် ဆူညံသံများကိုလည်း ကြားနေရ၏။ သူမ အလုပ်သို့ သွားနေသည့်ပုံပင်။

"အင်း... နှစ်ရက်လောက် ည ဂျူတီဆင်းထားတော့ လူက အတော်လေး ပြိုင်းနေပြီ... ခု အိမ်ပြန်ပြီး သွားအိပ်မလို့...."

"ဟုတ်လား... အဲ့တာဆို တစ်ခုခု အရင်စားလိုက်ဦးလေ... စောသေးတယ်ဆိုတော့ မနက်စာရောင်းတဲ့ ဆိုင်တွေလည်း ဖွင့်လောက်သေးတယ်... တစ်ခုခု စားပြီးမှ အိပ်လိုက်...."

ဒေါက်တာများ၏ ဘ၀စတိုင်ကို နားလည်နေသောကြောင့် ကျီချင်းရန် မည်သည့် စောဒကတက်ခြင်းကိုမျှ မပြုခဲ့ချေ။

"အင်း... မင်းကော စားပြီးပြီလား...."

"ငါလား.. အသားညှပ်ပေါင်မုန့်နဲ့ နို့တစ်ခွက် သောက်ထားတယ်... ငါ့ကိုစိတ်ပူမနေနဲ့... ငါက အရေးကြီး ကိစ္စသာ ပေါ်မလာဘူးဆိုရင် ‌မနက်စာတော့ အငတ်မခံဘူး...."

"ကောင်းတယ်... နို့များများသောက်ပေး... အဲ့တာမှ ငါလည်း၀မှာ...."လင်းရီ ပြောလိုက်၏။

"နင် ဘာပြောချင်နေတာ...."

"ဘာမှမဟုတ်ပါဘူး... ဒါနဲ့ မြို့ဆင်ခြေဖုံးက စီမံကိန်းပရောဂျက် အခြေအနေကော ဘယ်လိုလဲ.... အဆင်ပြေတယ်မလား...."

"အားလုံး အိုကေတယ်... ငါ့ဘက်ကတော့ ဘာမှ ပူစရာမလိုဘူး... နင်သာ အိမ်ပြန်ပြီးတော့ တစ်ခါတည်း တန်းအိပ်..."

"ကောင်းပြီလေ..."

ရိုးရှင်းစွာ စကားပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

သို့သော်လည်း လင်းရီ ရင်ထဲတွင်တော့ သံသယတို့ ကျန်ရှိနေသေးလေသည်။

"ပြဿနာမရှိဘူးဆိုတာ သေချာလို့လား...."

အိပ်ရေးမ၀သောကြောင့် သူ၏ ဦးနှောက်မှာ အနည်းငယ် ထိုင်းမှိုင်းနေပြီး ထိုအကြောင်းကို ဆက်မစဉ်းစားချင်တော့ချေ။ ထို့ကြောင့် သူ၏ ကားကို ဟွာချင်း ရေကန်ဘက်သို့ ဦးတည်ရင်း အိပ်စက်အနားယူရန် ဟန်ပြင်လိုက်၏။

ရေနွေးဖြင့် သက်တောင့်သက်သာ ဖြစ်စွာ ရေချိုးပြီးနောက် လင်းရီ သီးသန့်ခန်းထဲသို့ ၀င်သွားလိုက်၏။

ကံမကောင်းစွာဖြင့် အနှိပ်သည်လေး နံပါတ် ၂၈ မှာ ရှိမနေတော့ချေ။ ထို့ကြောင့် သူ အသစ်တစ်ရောက် ရှာလိုက်ရလေသည်။

အနှိပ်သည် မိန်းမပျိုလေး၏ နူးညံ့ပြီး ကျွမ်းကျင်လှသော အထိအတွေ့များအောက်တွင် လင်းရီမှာ တဖြည်းဖြည်း အိပ်ပျော်စ ပြုလာခဲ့၏။ ထိုအတိုင်း ဆက်သွားနေရင်း သူအိပ်ပျော်တော့မည့် အချိန်တွင် လျန်ရူရွှယ်မှ ဖုန်းခေါ်လာခဲ့လေသည်။

"နင်ခု ဆေးရုံးမှာလား... အိမ်မှာလား..."

ယခု လင်းရီ၏ အလုပ်အချိန်ဇယားမှာ ပုံသေမရှိသောကြောင့် လျန်ရူရွှယ်လည်း လင်းရီ အလုပ်လုပ်နေလား အနားယူနေလားဆိုတာ မခန့်မှန်းတတ်တော့ချေ။

"ငါခု အိမ်မှာ..."လင်းရီ ပြောလိုက်ပြီး " နှစ်ရက်ဆက်တိုင်း ညဂျူတီဆင်းထားတာဆိုတော့ လူက အရမ်းပင်ပန်းနေပြီ.... အိပ်တော့မလို့..."

"အဲ့တာဆိုလည်း အိပ်လေ... ဘာမှ အရေးကြီးတာတော့ မဟုတ်ပါဘူး... နင်ဘာလုပ်နေလဲဆိုတာ သိချင်လို့... ငါနင့်အတွက် မနက်စာကော လာပို့ပေးရဦးမလား...."

"မလိုဘူး... ငါဘယ်ချိန် အိပ်ပျော်သွားမလဲ ဆိုတာ သိမှ မသိနိုင်တာ...."

"ကောင်းပြီလေ.. အဲ့တာဆိုလည်း နင်အိပ်တော့ ... နင်နိုးလာမှပဲ ပြန်ပြီး ဆက်သွယ်လိုက်မယ်...."

"အစ်ကိုလေးရှင့်....အစ်ကိုလေးရဲ့ တစ်ဆက်ရှင် အချိန်က ပြည့်တော့မယ်နော်... နောက်ထပ် တစ်ဆက်ရှင် ထပ်တိုးချင်သေးလားရှင့်... အစ်ကိုလေးက အင်ပါယာအဖွဲ့၀င်ဆိုတော့ နောက်ထက်တိုးချင်တယ်ဆိုရင် တစ်၀က်ဈေးနဲ့ တိုးလို့ရပါတယ်...."

လျန်ရူရွှယ် "......"

လင်းရီလည်း ဆွံ့အသွားခဲ့ရသည်။

'ညီမလေး... မင်းဒီလိုပုံစံနဲ့ဆိုရင်တော့ ကြီးပွားဖို့လမ်း မမြင်ဘူးနော်.....’

All Chapters