← Chapters

ကျောက်ဝေနှင့် အန္တိမ ဆွေး‌နွေးခြင်း

Vol. 30 Ch. 438

ကျောက်ဝေနှင့် အန္တိမ ဆွေး‌နွေးခြင်း

Vol. 30 Ch. 438

"နင်ခု ဟွာချင်းရေကန်မှာမလား...."

"မြို့တော်၀န်လျန်ရဲ့ စိတ်အသိတွေက အရမ်းထက်ရှတာပဲ... ဒီညီမလေးက နောက်တစ်ဆက်ရှင် ယူဦးမလားလို့ပဲ မေးရသေးတာကို ကျုပ် ဘယ်ရောက်နေလဲဆိုတာ ခန့်မှန်းနေနိုင်ပြီပေါ့...."

"အဓိပ္ပာယ် မရှိတာတွေ လာပြောမနေနဲ့..." လျန်ရူရွှယ် ပြောလိုက်ပြီး

"ငါလေ နင့်ကိုတော့ အရမ်းလေးစားသွားပြီ သိလား... နင် မနက်အစောကြီး အဲ့ဒီနေရာကို ဘာလဲသွားလုပ်တာ...."

"မင်းက ဘဏ္ဍာရေး တာ၀န်ခံမလား... ဒါကြောင့်မို့ မြို့တော်၀န်လျန်ကို ထောက်ပံ့ပေးနေတာလေ...."

"ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာ... ငါလည်း အဲ့ဒီနေရာကို မပိုင်ဘဲနဲ့ နင်က ဘယ်လိုလုပ်ပြီး ထောက်ပံ့ပေးတယ် ဖြစ်ရမှာ..."

"သာမန်ဆိုရင် ဟွာချင်းရေကန်က နေ့ဆို လူသိပ်ရှိမှာ မဟုတ်ဘူး... ဒါကြောင့်မို့ ကျုပ်က တိုက်ရိုက်လာပြီးတော့ ဟွာချင်းရေကန်ရဲ့ ၀င်ငွေတွေ တိုးပွားအောင်လို့ လာလုပ်ပေးတာလေ.... သူတို့ဘက်က တိုးရင် တိုးသလောက် အခွန်ခကလည်း တိုးပေးရမှာဆိုတော့ ကျိုးဟိုင်ရဲ့ အခွန်ကဏ္ဍကို ထောက်ပံ့ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား... ဒါကလည်း သွယ်ဝိုက်ပြီးတော့ ကျုပ်တို့ရဲ့ GPD ကို တိုးပွားစေတယ်လေ..."လင်းရီ ပြောလိုက်ပြီး "ပြည်သူတွေရဲ့ အစေခံ ဖြစ်နေပြီးတော့မှ အခွန်ဆောင်ပေးနေတဲ့သူကို ဘယ်လိုတောင် အဲ့လိုလေသံနဲ့ ပြောဝံ့တာလဲ... ဘယ်သူက မင်းကို အဲ့လို အခွင့်အရေး ပေးလိုက်တာ...."

"ဘာပဲ ပြောပြော နင် အနှိပ်ခံနေတယ်ဆိုတာတော့ ငြင်းလို့မရဘူး ဟုတ်တယ်ဟုတ်...."

"တော်ပြီ ဒီကိစ္စကို ပြန်မဖော်နဲ့တော့...."

"ဟွန့် နင့်ကိုတော့ လက်မြှောက်လိုက်ပြီ...."

လျန်ရူရွှယ် ‌ဖုန်းချသွားပြီးနောက် လင်းရီ သူမအကြောင်းကို ဆက်လက်တွေးပူမနေတော့ပဲ အနှိပ်သမ အသစ်လေးကို ကြည့်၍ "ဒီအစ်ကိုကြီး စက်တော်ခေါ်တော့မယ်... အချိန်‌ပြည့်သွားရင်လည်း ငါမနှိုးမချင်း ဆက်တိုးထားလိုက်ကွာ....."

"ဟုတ်ဟုတ် သိပါပြီရှင့်..."

အနှိပ်သည် မိန်းမပျိုလေးမှာ မြို့ပြကြီးရှိ ငွေ၏ ခမ်းနားမှုကို နားလည်သွားလေတော့သည်။

အတိတ်တွင် သူမ သိခဲ့သူများကတော့ သာမန်ပြုစုမှုကိုသာ အတိုင်းအဆမရှိ ဖြည့်ကြပြီး ယခုလို ဈေးကြီးသည့် အနင်းအနှိပ်ဖြင့် ပြုစုမှုကိုတော့ အတိုင်းအဆမရှိ တိုးပေးဖို့ရာ တောင်းဆိုသူကို‌တော့ တစ်ခါမျှ မကြုံဖူးခဲ့ပါချေ။

ဘယ်လိုတောင် မျက်စိပွင့် နားပွင့် ဖြစ်လိုက်သလဲ....

မွန်းလွဲ နှစ်နာရီအချိန်လောက်တွင် လင်းရီ ရီဝေစွာဖြင့် မျက်လုံးဖွင့်လိုက်ပြီး သူ၏ ကိုယ်ထဲတွင် စွမ်းအင်တို့ ပြည့်လျှံနေသည်ကို ခံစားနေရလေသည်။

သူ၏ ဝီချက်ထဲတွင်လည်း ကျီချင်းရန်မှ ပို့ထားသည့် မက်ဆေ့ခ်ျတစ်စောင် ရောက်နေလေသည်။ ‌မွန်းတည့်ချိန်တုန်းက ပို့လာခဲ့ခြင်းဖြစ်၏။

သူမ လင်းရီကို အိပ်နေသေးတုန်းပဲလားနှင့် နေ့လည်စာ စားပြီးပြီလားဟု မေးမြန်းထား၏။

ရိုးရှင်းစွာ စာပြန်ပြီးနောက် လင်းရီ အ၀တ်အစားလဲကာ အိမ်ပြန်ရန် ဟန်ပြင်လိုက်သည်။

ကလင် ကလင်

ထိုအချိန် လင်းရီ၏ ဖုန်းသံမြည်လာခဲ့၏။ အမည်မသိ နံပါတ်တစ်ခုပင်။

"ကျောက်ဝေ ပြောနေပါတယ်...."

"ဖက်ခ်... မင်းက ပိုးဟပ်လား... ဆေးဆယ်လုံး သောက်လိုက်တာတောင်မှ အသက်ရှင်သေးတယ်ပေါ့လေ...."

သို့သော်လည်း နောက်တခဏတွင် ကျောက်ဝေ သူပေးသည့် ဆေးများ မသောက်ဟု ခံစားလိုက်ရ၏။ သို့သော်လည်း ပြဿနာ မရှိချေ။ သူ့ဘက်မှ နှောင့်ယှက်လိုက်ရသည်ကိုပဲ ကျေနပ်နေပြီးဖြစ်၏။

ကျောက်ဝေ ဘာမျှ ပြန်မပြောပဲ အေးစက်စွာဖြင့် "ငါနင်နဲ့ စကားပြောစရာရှိတယ်...."

"ဘာပြောချင်နေတာ... ငါခု စကားပြောချင်စိတ်မရှ်ိသေးဘူး....."

"ငါ နင့်ကို အခွင့်အရေးတစ်ခါလောက် ထပ်ပေးဖို့ တောင်းဆိုချင်တယ်.... ဒါပေမယ့် အဲ့ဒါက အရမ်းအရေးကြီးတော့ နင် လူကိုယ်တိုင်လာမှရမှာ...."

လင်းရီ မေးစေ့ပွတ်၍ စဉ်းစားလိုက်၏။ ကျောက်ဝေမှာ ပြောင်းလဲသွားသည့် ပုံပင်။

'ငါ့အထင်တော့ ငါသူ့ကို သွားကြည့်လိုက်တာ ကောင်းမယ်လို့ ထင်တာပဲ....'

သို့ဖြင့် လင်းရီ အ၀တ်စားလဲ စားသောက်ကာ ထွက်လာခဲ့လိုက်သည်။ လင်းရီ ဆေးရုံသို့ ပြန်ရောက်လာသည့် အချိန်တွင်တော့ သုံးနာရီ ထိုးနေပြီး ဖြစ်၏။

"အစ်ကိုရီ ဘာလို့ ပြန်ရောက်လာခဲ့တာ..."ချောင်ရှင်း ပြောလိုက်ပြီး "ညီမထင်နေတာ အစ်ကို ဒီကနေ့ ပြန်မလာတော့ဘူးလားလို့...."

"ဒီတိုင်း အခန်း ၈၀၄ ကို စိတ်မချလို့လေ...."

"အိုကေ ညီမ ဆေးပစ္စည်းတွေ အသင့်ပြင်ထားလိုက်တော့မယ်....."

လင်းရီ တက်ကြွနေသည့် ချောင်ရှင်းကို ကြည့်ရင်း ပြောစရာစကားတို့ ပျောက်ရှနေခဲ့၏။

ငါက အဲ့လိုကောင် ဖြစ်နေပြီလားဟ...

သူ တံခါးဖွင့်၍ အခန်း ၈၀၄သိူ့ ၀င်သွားခဲ့လိုက်သည်။ ထိုအခါ ကျောက်ဝေ ကုတင်ပေါ်တွင် ဖျော့တော့သည့် မျက်နှာအမူအရာဖြင့် ထိုင်နေကြောင်းတွေ့လိုက်ရ၏။

သိူ့သော်လည်း သူမ၏ အပြုအမူက ယမန်နေ့ကနှင့် မတူညီစွာ လင်းရီ၀င်လာသည်ကိုမြင်တော့ သူမခေါင်းကို လှည့်လိုက်လေသည်။

သူမ ကုတင်ဘေးရှိ ထိုင်ခုံကတော့ လင်းရီအတွက် ကြိုစီစဉ်ပေးထားသည့်ပုံပင်။

"နင့်မှာ စီးကရက် တစ်လိပ်လောက်ရှိလား..."

ကျောက်ဝေ တောင်းဆိုလိုက်သည်။

"ဒါဆေးရုံ... ဆေးလိပ်သောက်ခွင့် မပြုထားဘူး... ပြီးတော့ ငါ့မှာ စီးကရက်လည်း မရှိဘူး...."

"ဒါပေမယ့် ငါအခု ပါးစပ်တွေ အရမ်းချဉ်နေတယ်...."

"ဘယ်လိုငရဲလဲဟ... "

ကျောက်ဝေ၏ အမူအရာမှာ ကျောက်တုံးကြီးကဲ့သို့ မလှုပ်မယှက်ရှိနေသည်။ သိူ့သော်လည်း တံ‌ခါးရှေ့မှ ဖြတ်သွားခဲ့သည့် နာ့စ်ကတော့ ခေါင်းတစ်ချက်ငြိမ့်လိုက်၏။

"အဓိကအချက်ကို တန်းသွားလိုက်ကြရအောင်... နင့်ဘက်က လုပ်ရပ်တွေကို ရပ်တန်းက ရပ်တန့်ပေးဖို့ ဘာတွေလိုအပ်လဲ... နင့်ရဲ့ အခြေအနေတွေ ငါ့ကို ပြောပြ...."

"မင်းလေသံ နားထောင်ကြည့်ရသလောက်တော့ Pfizer က မင်းကို ငါနဲ့ဆွေးနွေးဖို့ ညွှန်ကြားလိုက်တဲ့ပုံပဲ ဟုတ်တယ်မလား..."လင်းရီ ခြေတင်ချိတ်ရင်း ပြောလိုက်၏။

"မင်းဘက်က ဒီလိုပြောလာပြီ ဆိုမှတော့ အဓိက အချက်ကို တန်းသွားကြတာပေါ့....ငါ မင်းတို့ဘက်က ရိုးသားမှုကို လိုချင်တယ်... မင်းတို့ရဲ့ စစ်မှန်တဲ့ ရိုးသားမှုကိုပြ...."

ကျောက်ဝေ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် "ရုံးချုပ်က ibuprofen ရဲ့ ဈေးနှုန်းကို မြို့တော်၀န်လျန်ရဲ့ သဘောထားအတိုင်း ၁၃၈ ယွမ်အထိ လျော့ချပေးဖို့ သဘောတူလိုက်တယ်... ပြီးတော့ အဓိက ဆေးဝါးကုမ္ပဏီခြောက်ခုရဲ့ ဆေးဈေးနှုန်းတွေကလည်း မတိုးတော့ဘူး...ပြီးတော့ သူတိူ့ရဲ့ မူရင်း ဈေးနှုန်းအတိုင်းပဲ ရောင်းပေးတော့မှာ... "

"မင်း ငါ့ကို လာနောက်နေတာလား... ဒါလေး ပြောဖို့အတွက်နဲ့ ငါ့ကို လူကိုယ်တိုင် လာခိုင်းတယ်ပေါ့လေ...ဘာလို့ အဲ့ဒီကစားပွဲကို ဆက်ကစားနေဦးမှာ... မင်းထင်နေတာ ငါ့အချိန်တွေက သောက်ရမ်း ‌အားနေတယ်လို့ ထင်နေတာလား...."

"အဲ့တာဆို နင့်ဘက်က ဘာလိုချင်လဲ..."ကျောက်ဝေ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

"Ibuprofen ရဲ့ ဈေးနှုန်းက ၉.၉. ယွမ် ... ပြီးတော့ တခြား ဆေးဝါး ၂၅ မျိုးရဲ့ ဈေးနှုန်းတွေကိုကျ သုံးပုံနှစ်ပုံ လျော့ပေးရမယ်... မဟုတ်ရင် ဆက်ပြီး ဆွေးနွေးစရာ အကြောင်း မရှိတော့ဘူး...."

"အဲ့တာကတော့ လုံး၀ မဖြစ်နိုင်ဘူး...."ကျောက်ဝေ ပြောလိုက်ပြီး "ဆေးဝါး ၂၅ မျိုးရဲ့ ဈေးနှုန်းကတော့ ဆွေးနွေးလို့ရသေးတယ်... ဒါပေမယ့် ibuprofen ဈေးနှုန်းကိုတော့ ၉.၉၀ ယွမ်အထိ လျော့ချပေးလို့မရတော့ဘူး... ၂၃.၄ ယွမ်က ငါတို့ရဲ့ အနိမ့်ဆုံးဈေးပဲ... ဒီရဲ့ ပိုင်မုန့်က သေးသေးလေးပါ.. တကယ်လို့ အမြတ်ရတယ်ဆိုရင်တောင်မှ ရင်းနှီးမြုပ်နှံသူတွေအတွက်ကျတော့ သွားကြားညှက်ဖို့တောင် မလုံလောက်ဘူး...."

လင်းရီ တစ်ချက် စဉ်းစားကြည့်လိုက်သည်။

အကယ်၍ ဈေးနှုန်းမှာ ၂၃.၄ ယွမ်ဆိုပါက တစ်လလျှင် ယွမ်တစ်ရာအောက်မျှသာ ကျသင့်ပေလိမ့်မည်။ ထိုဈေးနှုန်းကိုတော့ သူလက်ခံလို့ရ၏။ မည်သို့ပင်ဆိုစေ ဟွာရှရှိ သာမန်လူတန်းစားတို့မှာ အလွန်အမင်း ဆင်းရဲနေကြသည်လည်း မဟုတ်ချေ။

လာမည့် ရက်အနည်းငယ်အတွင်း သူ သုတေသနပြုနေသည့် ဟွာရှန့် ဆေးဝါးများမှာ စတင်ထုတ်လုပ်တော့မည်။ ဆေးနှစ်မျိုးရှိနေပါက ဟွာရှပြည်သူများမှာ နှစ်သက်ရာကို ရွေးချယ်နိုင်ပြီး ကုန်ကျစရိတ်လည်း ပိုမိုချွေတာနိုင်လိမ့်ပေမည်။

ထို့ကြောင့် သူလက်ခံရန် စဉ်းစားလိုက်၏။

"ကောင်းပြီလေ... ၂၃.၄ ယွမ်လောက်ကတော့ လက်ခံလို့ရပါတယ်... ဒါပေမယ့် ငါတစ်ခု ထပ်ပြောစရာ ကျန်သေးတယ်... တကယ်လို့ မင်းတို့ဘက်က သဘောတူမယ်ဆိုရင် ဒီကိစ္စတွေ ဒီမှာတင်ရပ်ပြီ... အဲ့ခါကျ မင်းတို့ လိုင်းပေါ်မှာ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ရင် မင်းတို့ရဲ့ စတော့တန်ဖိုးတွေ ပြန်တက်လာလိမ့်မယ်... ဒါပေမယ့် သဘောမတူဘူးဆိုရင်တော့ အရင်က ဖြစ်ခဲ့တာတွေ အကုန်လုံး သဲထဲရေသွန်တယ်လို့ပဲ မှတ်လိုက်တော့...."

ကျောက်ဝေ လင်းရီကို လေးနက်တည်ကြည်စွာဖြင့် ကြည့်လိုက်ပြီး " ဘာအခြေအနေလဲ... ငါ့ကိုပြောပြ...."

.........

မိနစ်နှစ်ဆယ်ကြာပြီးနောက် လင်းရီ အခန်း ၈၀၄ မှ ထွက်လာခဲ့လေသည်။ အပြင်ဘက်တွင်တော့ ချောင်ရှင်းနှင့် နာ့စ်အချို့မှာ အသက်ကယ် ပစ္စည်းများကို ကိုင်ထားရင်း လင်းရီကို စိုးရိမ်နေသည့် မျက်နှာအမူအရာတို့ဖြင့် မေးမြန်းလိုက်၏။

"အစ်ကိုရီ ဘာလို့ ထွက်လာဖို့ အဲ့လောက်တောင် ကြာနေရတာ... အစ်ကိုသူမကို သ-တ်လိုက်တာတော့ မဟုတ်ပါဘူးနော်... ညီမတို့ အရေးပေါ်သုံး ပစ္စည်းတွေကော ပြင်ဆင်ထားရဦးမလား...."

လင်းရီ ချောင်ရှင်း၏ ခေါင်းကို ညင်သာစွာ ထုလိုက်ပြီး "မင်းအစ်ကိုက ကိုယ်တိုင်အားဖြည့်ပေးလိုက်တော့ ခုဆို လူနာက ထက လို့တောင်ရနေပြီ... မနက်ဖြန်သူ့ကို ဆေးရုံ ဆင်းဖို့ စီစဉ်ပေးလိုက်တော့...."

"တကယ်ကြီးလား... သူက အစ်ကိုရီ ဒီလောက်ထိ ညှဉ်းပန်းထားတာတောင်မှ မနက်ဖြန် ဆေးရုံက ဆင်းလို့ရနေပြီပေါ့နော်... အစ်ကိုရီ ဘယ်လိုများ အားဖြည့်ပေးလိုက်ပါလိမ့်...."

"ဒီလိုပဲလေ...."လင်းရီ လက်ပြ၍ ဓာတ်လှေကားထဲသို့ ၀င်သွားခဲ့၏။

"ဒေါက်တာလင်းက အရမ်း အံ့ဩဖို့ကောင်းတာပဲနော်... ငါလည်း သူ အားဖြည့်ပေးတာ လိုချင်လိုက်တာ...."ယွမ်စီးချီမှ ပြောလိုက်သည်။

.......

ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် လင်းရီ လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်၏။ ။

"မင်းဒီည အလုပ်များလား... အားရင် ငါ့အိမ်ကို လာခဲ့... ဘာဘီကျူး လုပ်စားကြမယ်...."

"ဟမ်... နင်ငါ့ကို အပြင်ထွက်လာခဲ့ဖို့ တောင်းဆိုနေတာလား...."

"အင်း.. အသားနည်းနည်းလောက်လည်း ၀ယ်ခဲ့လိုက်ဦး... အိုး ဟုတ်သား မင်းရဲ့ ရေကူး၀တ်စုံ ယူလာခဲ့ဖို့လည်း မမေ့နဲ့..."

ထိုသို့ပြောပြီးနောက် လင်းရီ လျန်ရူရွှယ်ကို စကားပြောရန် အခွင့်အရေး မပေးဘဲ ဖုန်းချပစ်လိုက်၏။

ဖုန်းတစ်ဖက်တွင်တော့ လျန်ရူရွှယ်မှာ ဖုန်းချသံကြားတော့ ခေတ္တမျှ ကြက်သေသေသွားလေသည်။

"ငါ့ထက် အရင် ဖုန်းချဝံ့တယ်ပေါ့လေ...."

လျန်ရူရွှယ် စိတ်တိုစွာ မတ်တပ်ရပ်လိုက်ပြီး "နင်က ဘာစားချင်လဲဆိုတာ မပြောသွားတော့ ငါက ဘာသွား၀ယ်ရမှာလဲဟဲ့...."

သူမ စူပါမားကတ်သို့ ထွက်လာတော့မည့် အချိန်တွင် ရုတ်တရက် ရေရွတ်လိုက်၏။

"ဒါနဲ့ သူ့ရဲ့ ရေကူးကန်ကြီးကတော့ အတော်လေးကြီးတာပဲ...."

ထိုအကြောင်းတွေးမိသောအခါ လျန်ရူရွှယ် ဦးတည်ရာဘက်ပြောင်း၍ အိမ်သို့ ဦးတည်လိုက်လေသည်။

.......

လင်းရီ ဗီလာသို့ ပြန်ရောက်လာသောအခါ ဘာဘီကျူး လုပ်စားရန် လိုအပ်သည့် ပစ္စည်းကိရိယာတို့ကို စတင်ပြင်ဆင်လေသည်။

တစ်နာရီမျှ ကြာပြီးနောက် လျန်ရူရွှယ် လက်ထဲတွင် အိတ်ကြီးအိတ်ငယ်တို့ကို ကိုင်လျက် ရောက်ချလာခဲ့၏။

လျန်ရူရွှယ် စိမ်းနုရောင် ပန်းပွင့်ဂါ၀န်အပါးလေးနှင့် အနက်ရောင် ကြိုးသိုင်းခြေညှပ်ဖိနပ် ၀တ်ဆင်ထားသည်ကို မြင်ရခဲသော်လည်း သူမမှာ အရပ်ရှည်နေဆဲဖြစ်ပြီး နူးညံ့သိမ်မွေ့သည့် အိမ်ရှင်မတစ်ဦး၏ အရှိန်အဝါကို ပေးစွမ်းနေဆဲပင်။

"လာ လာ ငါ မင်းကို စောင့်နေတာ တစ်နာရီလောက် ရှိတော့မယ်...."

"နင်က နင့်ကိုယ်နင် ဘယ်လို ဇိမ်ရှိအောင် နေရမလဲဆိုတာတော့ အရမ်းသိတာပဲနော်...."

"ဒါက ငါ့အခွင့်အရေးပဲလေ..."

"ဟွန့်... နင်က ငါ့လိုအလှလေးကို ဘယ်လိုတောင် အသား၀ယ်ခိုင်းဝံ့တာလဲ...."

လျန်ရူရွှယ် မျက်စောင်းထိုးပြီး စိတ်ဆိုးစွာ ပြောလိုက်သည်။

"ကင်ရမယ့်သူက ငါလေ......"လင်းရီပြောလိုက်ပြီး

"ပြီးတော့ ငါက ဘာဘီကျူးလုပ်ဖို့ လိုအပ်တာတွေနဲ့ ရေကူးကန်ကြီးတောင်မှ မင်းအတွက် ပြင်ဆင်ပေးထားပေးသေးတယ်... မင်းဘက်က အသားလေး၀ယ်ပေးရုံပဲ... ဒါက P2P အသစ်လေ... မြို့တော်၀န်လျန်လို ထက်မြက်တဲ့ မိန်းမသားတစ်ဦးက အဲ့လိုအသိမရှိဘူးလို့တော့ လာမပြောနဲ့...."

"နင့်ဘက်က အကင်အတွက် လိုအပ်တာတွေ ပြင်ဆင်ပေးတာကိုတော့ လက်ခံပါတယ်... ဒါပေမယ့် ဘာဆိုင်လို့ နင်က ရေကန်ကို ပြင်ဆင်ပေးထားတာ....."

"မင်းရဲ့ ရေကူး၀တ်စုံနဲ့ လှပတဲ့ ပုံရိပ်လေးကို ကြည့်ရှုခံစားနိုင်အောင်လို့လေ... လှပနေမှန်း သိတာတောင်မှ ခံစားပေးမယ့်သူမရှိရင် အလကားပဲ..... ဘယ်လိုလဲ... ငါက အရမ်းစဉ်းစားပေးတတ်တယ်မလား..."

"ငါ့အထင်တော့ နင်က မကောင်းတာတွေ ကြံနေတယ်လို့ပဲ ထင်တယ်..."လျန်ရူရွှယ် သူမ ယူလာသည့် ပစ္စည်းများကို အောက်သို့ ချလိုက်ပြီး "နင် ငါ့ကို ခေါ်လိုက်တာ ကိစ္စရှိလို့လား...."

လင်းရီ မီးဖိုပေါ်ရှိ မီးသွေးတုံးများကို ရှေ့နောက် လှန်လောရင်း "ဘာလဲ... မရှိရင်ကော ခေါ်လို့ မရတော့ဘူးလား...."

လျန်ရူရွှယ် သူမ၏ ဂါ၀န်ကို ကျော့ရှင်းစွာ ပြုပြင်လိုက်ပြီးနောက် လင်းရီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်လေသည်။

"အားရင် ဟွာချင်းရေကန်လောက် ရောက်နေ‌တဲ့နင်က ငါ့ကို ရှာနေတယ်ဆိုတော့ ထူးဆန်းလို့လေ..."

"အမှန်ပဲ... မိန်းကလေးလျန်ကို ခေါ်လိုက်တာ တကယ်ကြီး တစ်ခုခု ရှိလို့ပဲ...."

"ဘာကိစ္စလဲ..."လျန်ရူရွှယ်၏ မျက်နှာ အမူအရာမှာ စတင်လေးနက်လာလေသည်။

"မြို့တော်၀န်လျန်... ဒီရေကန်ကြီးကို ကြည့်လိုက်ပါဦး ဘယ်လောက်တောင် ကြီးမားလိုက်လဲ......"

"နင့်ရေကန် ကြီးမှန်း ငါမြင်တယ်.... ဘာလဲဆိုတာပဲ အရင်ပြော...."

"ရေတွေကိုလည်း ကြည့်လိုက်စမ်းပါဦးဗျာ... ကြည်လင်မနေဘူးလား...."

"ကြည်နေမှန်းလည်း ငါသိတယ်.. ငါတို့ခု အလုပ်ကိစ္စ ပြောလို့ရပြီလား....."

"မြို့တော်၀န်လျန်ကို ကြည့်လိုက်စမ်းပါဦး......."

"ရပြီ... ငါ့ကို အရိပ်အမြွက်ပေးနေတာတွေ တော်လိုက်တော့ ... ငါ ရေကူး၀တ်စုံ ယူလာခဲ့တယ် ဟုတ်ပြီလား....”

All Chapters