ငွေကြေးနှင့် အာဏာ
Vol. 30 Ch. 439
"မြို့တော်၀န်လျန် ပဲ ပြောတာနော်... ကျုပ်ဘာမှတောင် မပြောရသေးဘူး... ဘာလို့ ရုတ်တရက်ကြီး ရေကူး၀တ်စုံ ယူလာခဲ့တာ...."
လင်းရီပြောပြီးနောက် ရယ်မောလိုက်ပြီး "အရင်ဆုံး စားကြတာပေါ့... ဗိုက်ဖြည့်ပြီးမှ ဆက်ပြောကြမယ်...."
လျန်ရူရွှယ်လည်း အနည်းငယ် ဆာလောင်နေသလို ရှိသောကြောင့် နောက်ထပ်ဆက်မေးရန် အလျင်မလိုခဲ့ချေ။
ထို့နောက် တရှဲရှဲ မြည်သံနှင့် အတူ ဘာဘီကျူး ညစညစားပွဲမှာ စတင်တော့သည်။
"ကျောက်ကပ်တွေလည်း ၀ယ်ခဲ့တယ်လား... မဆိုးဘူး... စားကောင်းတယ်..."
"ရန်ရန်လည်း ကြိုက်တတ်လို့ ငါက ဒီတိုင်းပဲ ၀ယ်ခဲ့လိုက်တာ...."အသားကင်ရင်း လျန်ရူရွှယ်မှ ပြောလိုက်၏။
"နင်နဲ့ ရန်ရန်က အရမ်းတူတယ်နော်.... နှစ်ယောက်လုံး ကျောက်ကပ်စားရတာ ကြိုက်တယ်..."
"မင်း နားမလည်ပါဘူး... "
"သိသားပဲ....နင်တို့လို အနှိပ်ခံရတာ ကြိုက်တဲ့သူတွေ ဒါတွေ စားပြီးတော့ ခွန်အားဖြည့်ကြတာမလား...."
၎င်းကိုကြားတော့ လင်းရီ သူ့နှုတ်ခမ်းရှေ့ရောက်နေသည့် ကျောက်ကပ်ကိုကြည့်ရင်း ယခင်ကလောက် အရသာမရှိတော့သလို ခံစားလိုက်ရလေသည်။
"ဒီအစ်ကိုကြီးက အရမ်းသန်မာတယ်လေ...ဖြည့်စွက်စာတွေ မလိုအပ်ဘူး.... "
"ယုံချင်ယုံ မယုံချင်နေ... ငါမနက်ဖြန် ဟွာချင်းရေကန်ကို ချိတ်ပိတ်ပြီပဲ...."
"ဟေး မင်းအဲ့လိုလုပ်လို့မရဘူးလေ... မင်းက ပြည်သူတွေကို အလုပ်လက်မဲ့ ဖြစ်အောင် လုပ်နေတာပဲကွ..."
" အဲ့တာဆိုလည်း အနာဂတ်ကျရင် လျော့သွားပေါ့...."
"အာ... အလှလေးလျန်... မင်းရှေ့က အစားအသောက်ကိုသာ အာရုံစိုက်စမ်းပါကွာ.. ဟွာချင်းရေကန်ကို အာရုံစိုက်မနေနဲ့...."
လျန်ရူရွှယ်မှာ ဆာလောင်နေပြီး လင်းရီကလည်း အပြင်လူ မဟုတ်သောကြောင့် သူမ ကပျက်ကရက်လေး လုပ်မနေချေ။
တစ်နာရီကြာပြီးနောက် လင်းရီ ပြည့်အင့်သလို ခံစားလိုက်ရ၏။
"အလှလေးလျန်... ကျုပ်တို့ရဲ့ ရေကူးကန်ကြီး ဘယ်လောက်ကြီးလဲ ကြည့်....."
"အရိပ်အမြွက်ပေးနေတာတွေ တော်လိုက်တော့လို့... ဒီမှာစောင့်နေ... ငါလည်း ဗိုက်အင့်နေပြီ...."
လျန်ရူရွှယ် သူမ အ၀တ်အစား ထည့်လာသည့် အိတ်ကို ယူလျက် ဗီလာနံပါတ်တစ်ထဲသို့ ၀င်သွားခဲ့သည်။
ဆယ်မိနစ်ကြာပြီးနောက် လျန်ရူရွှယ် ပြန်ထွက်လာလေသည်။
အနက်ရောက် ရေကူး၀တ်စုံမှာ သူမ၏ ဖြူစင်ချောမွတ်နေသည့် အသားအရေကို ပို၍ ၀င့်ဝါသွားစေပြီး သူမ၏ ခါးကြဉ်ကြဉ်လေးမှာ မိုးခပင်ကဲ့သို့ ကျက်သရေရှိနေပြီး ကြည်နူးနှစ်သက်ဖွယ်ကောင်းလှ၏။
ထိုအခါမှသာ လင်စရီ လျန်ရူရွှယ်၏ ခါးမှာ အတော်လေး သွယ်လျနေကြောင်း သတိပြုမိသွားတော့သည်။
"အလှလေးလျန်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ပါးစပ်အဟောင်းသား ဖြစ်စေရမယ်လို့တောင် ထင်မထားဘူးဗျာ...."
"စကားတွေတတ်နေလိုက်... နင့်စိတ်ထဲမှာတော့ ဥက္ကဌကျီနဲ့ယှဉ်ရင် လိုနေသေးတယ်လို့ စဉ်းစားနေတာမလား...."
ကိုယ်လုံးကိုယ်ပေါက်ချင်း ယှဉ်လျှင်တော့ နှစ်ယောက်လုံးမှာ သူ့အနေအထားနှင့်သူ ပြည့်ပြည့်၀၀ရှိလေသည်။ သို့သော်လည်း ကျီချင်းရန်က ပိုပြီး ပြည့်တင်းသည်ဟု သူလည်း ထင်ပါ၏။
သို့သော်လည်း သူ၏ အတွေးမျှသာ။ ထုတ်ပြောရလောက်အောင်ထိ လင်းရီ မတုံးအသေးချေ။
"ချင်းရန်က လှတယ်ဆိုရင်တောင်မှ မြို့တော်၀န်လျက်လောက်တော့ မဟုတ်သေးပါဘူး... "
"အပိုတွေ....."
လျန်ရူရွှယ် ရေ၏ အပူချန်ကို ခြေဖျားလေးနစ်ကြည့်ပြီးနောကိ နွေးနွေးလေးရှိနေသည်ကို ခံစားမိတော့ တစ်ခါတည်း ဒိုင်ဗင်ထိုးချလိုက်တော့သည်။
လျန်ရူရွှယ်၏ ရေကူးစကေးတို့မှာ ကျီချင်းရန်ထက် သာလွန်လေသည်။ သူမ၏ လှုပ်ရှားမှုများမှာ ရေထဲတွင် ကြည့်ရသည်မှာ အတော်လေး မျက်စိကျက်သရေရှိလှသည်။
လင်းရီ ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း လျန်ရူရွှယ် ရေကူးနေသည်ကို ကြည့်ရှုခံစားနေ၏။
ငရဲကဲ့သို့ ဖိုတိုလီတိုဂရပ်ဖီ ပရောဂျက် ပြုလုပ်ရသည်နှင့် ယှဉ်လျှင် ယခုက အပြတ်သပ်ကို နတ်ပြည်ရောက်နေသည့်အလားပင်။
သူရုတ်တရက် လူအနည်းငယ် မရှိသည်ကိုပင် နောင်တရသွားခဲ့၏။ ယခုတော့ ခြောက်ကပ်နေပြီး အလှလေးတစ်ဦးတည်း ရေကူးနေသည်ကြိ ကြည့်ရှုရင်း သူ၏ နှလုံးသားထဲ၌ တစ်ခုခု လိုအပ်နေသလို ခံစားနေရ၏။
လင်းရီ ရုတ်တရက် သူ့ခေါင်းထဲတွင် အကြံဆိုးကြီးတစ်ခု ပေါ်လာခဲ့၏။
'တကယ်လို့ ချင်းရန်တို့ ရှောင်ထျန်တို့ကို ခေါ်လိုက်ရင်ကော ....'
တခဏမျှ စဉ်းစားပြီးနောက် လင်းရီ ရှော့ခ်ရှိသလို ခံစားနေရ၍ ထိုအကြံကို ဘေးချိတ်ထားလိုက်တော့သည်။
"ဘယ်လိုလဲ... ကြည့်လို့၀ရဲ့လား...."
"ဘာတွေပြောနေတာ...ကျုပ်က မြို့တော်၀န်လျန် ရဲ့ ရေကူးကျွမ်းကျင်မှုကို နည်းနာနေတာပါ... မြို့တော်၀န်လျန်ရဒြ D cup ဆိုဒ်ကြီးနဲ့ ၁.၂ မီတာရှည်တဲ့ ခြေတံလေးတွေကို စိတ်ကိုမ၀င်စားတာ...."
"ဟမ့် ယုံချင်စရာကြီး.... "
ကိုယ်ကို တဘက်ဖြင့် ပတ်လျက် ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး လျန်ရူရွှယ်မှာ အလွန်အမင်း သက်တောင့်သက်သာ ရှိနေလေသည်။
"နင်တို့ ဆေးရုံမှာ အမှုတစ်ခု ဖြစ်သွားခဲ့သေးတယ်ဆို...."လျန်ရူရွှယ် ရုတ်တရက်ကြီး စကားဟလာခဲ့သည်။
"အင်း..."
"လက်ဖက်စိမ်းမက သူ့အဘိုးကြီးကို လုပ်ကြံပြီးတော့ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ရချင်နေတာလေ...."လက်းရီ ပြောလိုက်ပြီး "အဲ့ကောင်မက အတော်လေးကို ဇွတ်တရွတ်နိုင်လွန်းတယ်... မဟုတ်လည်း အဘိုးကြီးက ဘယ်လောက်မှ နေရတော့မှာ မဟုတ်တာကို....."
"ဆေးရုံမှာ အကြာကြီး အလုပ်လုပ်ပြီးတော့ နင်ဆေးရုံကို ဘယ်လိုမြင်လဲ..."လျန်ရူရွှယ် မေးမြန်းလိုက်၏။
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ် ငြိမ်သက်သွားပြီးနောက် လင်းရီ ဖြည်းညင်းစွာ ပြောလိုက်သည်။
"အရမ်းကို ဝိရောဓိဖြစ်တဲ့ နေရာမျိုးပဲ...."
"ဘာကို ဆိုလိုချင်တာ...."
"ဆေးရုံမှာဆို စိတ်ထိခိုက်စရာဖြစ်ရပ်တွေက အတော်လေးများတယ်... အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ နေရာမျိုးပေါ့... ကိုယ့်မိန်းမကိုယ် ကယ်တင်နိုင်ဖို့အတွက် ကျောက်ကပ်ကိုတောင် မစိုးရွံ့တမ်း ထုတ်နေတဲ့ ယောက်ျားအရင့်မာကြီးတွေကို မင်းမြင်ရလိမ့်မယ်... ဆန့်ကျင်ဘက်အနေနဲ့ စည်းစိမ်ရချင်လို့ ကိုယ့်ယောက္ခမကိုယ်တောင် ပြန်ပြီး လုပ်ကြံတဲ့ သူတွေကိုလည်း မြင်တွေ့ရလိမ့်မယ်.. ICU လူနာဆောင်ရဲ့ အ၀င်၀မှာဆိုရင် လူတွေရဲ့ အဆုံးစွန်သော စိတ်ဓာတ်ကျဆင်းမှု တွေနဲ့ ပြည့်နှက်နေတာ.... ပြီးတော့ လူသားမျိုးနွယ်ရဲ့ ဉာဏ်ရည်ထက်မြက်သူတွေကို ဆေးရုံမှာ တွေ့နိုင်သလိုပဲ ငွေကြေးနဲ့ ကိုယ်ကျိုးစီးပွားရဲ့ လှုံ့ဆော်မှုကြောင့် လူသားဆန်မှုတွေ ပျောက်ဆုံးလာတဲ့သူတွေကိုလည်း မင်းမြင်ရလိမ့်မယ်... တကယ်လို့ ဆေးရုံမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ အလုပ်လုပ်ပြီးတော့မှ စိတ်ဓာတ်တွေ အကောင်းအတိုင်း ရှိနေသေးတယ်ဆိုရင် အတော်လေး အထင်ကြီးဖို့ကောင်းတဲ့ ပုဂ္ဂိုလ်လို့ ဆိုရမှာပဲ....."
"ကိုယ့်ယောက္ခမကို ပြန်လုပ်ကြံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နင်တော်တော်လည်း ထိရှနေတဲ့ပုံပဲ....."
"အင်း... ငါက အဲ့လို ဖြစ်ရပ်မျိုးတွေကို ဒရာမာတွေထဲမှာပဲ မြင်ဖူးတာ... အပြင်မှာ ကိုယ်တွေ့ကြုံရတော့ ခံစားရတဲ့ ဖီလင်က တစ်မျိုးကြီးပဲ...."
"အတွေ့အကြုံရတယ်လို့ပဲ သဘောထားလိုက်ပေါ့... ငါ နောက်ပြောမယ့် စကားက ငါ့ရဲ့ ရာထူးနဲ့ မသင့်တော်ဘူးဆိုရင်တောင်မှ ဒီရဲ့ ကမ္ဘာကြီးမှာ အဲ့ဒီထက် အမှောင်ဘက်ခြမ်းဘက်ရောက်တဲ့ ကိစ္စတွေ အများကြီးရှိသေးတယ်လို့ ငါပြောချင်တယ်....."လျန်ရူရွှယ်ပြောလိုက်ပြီး
"ကျိုးဟိုင်ဆိုတာက ကန်သေးသေးလေးရယ်.... နင်ဒီထက်ပိုပြီး မြင့်မားဝေးလဲတဲ့ နေရာတစ်ခုရောက်ရင် ကမ္ဘာကြီးရဲ့ အမှောင်ဘက်ခြမ်းက ဘယ်လိုတောင် ကြောက်ရွံ့ဖို့ကောင်းလဲဆိုတာ နင် သိလာပါလိမ့်မယ်.... ငွေကြေးနဲ့ အာဏာအောက်မှာဆိုရင် လူသားဆန်မှုဆိုတာ ကြားကောင်းရုံလောက် ဖြစ်သွားခဲ့ပြီ.... "
"ဟုတ်တယ်... ငွေကြေးအာဏာနဲ့ ယှဉ်မယ်ဆိုရင် တကယ်ကြီးကို ဘာမှမဟုတ်တာ..."လင်းရီ သူ့ဘေးရှိ အညိုရောင် စာအိတ်တစ်ခုကို ယူလိုက်ပြီး "ပြီးတော့ ဒီလိုဟာတွေကလည်း ရှိကို မနေသင့်တာ...."
"ဒါ ဘာလဲ...."
လင်းရီ အိတ်ကို လျန်ရူရွယ်ထံ ကမ်းပေးလိုက်ပြီး "ကိုယ့်ဘာကိုယ်ကြည့်လိုက်... မင်းသိပါလိမ့်မယ်..."
စာအိတ်ကိုယူရင်း လျန်ရူရွှယ်၏ အမူအရာမှာ အလွန်အမင်း လေးနက်တည်ကြည်နေလေသည်။
ဤစာအိတ်ကြောင့်မို့လို့ လင်းရီသူမကို ခေါ်လိုက်ခြင်း ဖြစ်လောက်၏။
သူမ အညိုရောင် စာအိတ်ကို ဖွင့်လိုက်၏။ အထဲတွင်တော့ A4 စာရွက် တစ်ထပ်လိုက်ကြီး ရှိနေလေသည်။ အပေါ်တွင်တော့ နာမည်စာရင်းမှာ သိပ်သည်းပေါများစွာ ရှိနေပြီး နာမည်တစ်ခုချင်းစီ၏ နောက်တွင်လည်း မတူကွဲပြားသည့် ဂဏန်းနံပါတ်များကို ရေးသားထားလေသည်။
သုံးနှစ်သားလေးတောင်မှ ဒါဘာလဲဆိုတာ တပ်အပ်ပြောနိုင်လေသည်။
"နင်.... နင်ဒါတွေကို ဘယ်ကနေ ရလာခဲ့တာ...."
စာရွက်များကို ကြည့်ရင်း လျန်ရူရွှယ်၏ လက်မှာ သေမတတ်ချမ်းစိမ့်သည့် ဆောင်းတွင်းကဲ့သို့ တဆတ်ဆတ် တုန်ခါနေလေ၏။
"Pfizer နဲ့ ဆေးကုမ္ပဏီခြောက်ခုရဲ့ စတော့တန်ဖိုးတွေက ဒီနေ့မှာ ဟိုးအောက်ဆုံး ရောက်တော့မလို ဖြစ်သွားခဲ့တာ... နောက်ထပ် ဆုံးရှုံးမှုတွေ ထပ်မဖြစ်အောင်လို့ဆိုပြီး ငါ့ကို ဒါနဲ့ ကမ်းလှမ်းလာတာပဲ...."လင်းရီ ပြောလိုက်ပြီး
"နောက်ပြီး ibuprofen ရဲ့ ဈေးနှုန်းကလည်း တစ်ဘူးကို ၂၃.၄ ယွမ် ဖြစ်သွားပြီ... ဆေး ၂၅ မျိုးရဲ့ ဈေးနှုန်းကလည်း မူရင်းဈေးထက် သုံးပုံတစ်ပုံလောက် လျော့ကျသွားခဲ့ပြီ... ငါလည်း အဲ့လောက်ပဲ လုပ်ပေးနိုင်တယ်...."
ဟူး.....
လင်းရီ အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး "ငါကတော့ ဆေးဈေးနှုန်းတွေ ဘယ်လောက်ကျမလဲ ဆိုတာကို စိတ်မ၀င်စားဘူး... မင်းလက်ထဲက ကိစ္စကို ကိုင်တွယ်နိုင်ဖို့ပဲ မျှော်လင့်တယ်...."
လျန်ရူရွှယ် တိတ်ဆိတ်နေသည်။ ယခု ကိစ္စ၏ အတိမ်အနက်မှာ ကျယ်ပြန့်လွန်းလှပြီး လူအများအပြား ပါ၀င်ပတ်သက်နေလေသည်။ သူမထက် ရာထူးကြီးမြင့်သည့်နေရာမှ လူတစ်ချို့ပင်လျှင် နာမည်စာရင်း၌ ပါ၀င်နေခဲ့၏။
သူမ ဤကိစ္စကို ကိုင်တွယ်နိုင်ပါ့မလားဆိုတာတော့ တကယ့်ကို ပြဿနာ တစ်ခုပင်။
လျန်ရူရွှယ် ရုတ်တရက် လင်းရီ သူမကို ဂိမ်းအကြီးကြီး ဆော့မလားဟု မေးမြန်းခဲ့ဖူးတာကို သတိရသွားခဲ့၏။ သူဆိုလိုချင်သည့် ဂိမ်းမှာ သူမလက်ထဲရှိ စာရွက်စာတမ်းများကို ဆိုလိုနေခြင်း ဖြစ်လောက်၏။
ထိုသို့ ဆိုလျှင် လင်းရီမှာ ယခုကိစ္စကို ရှေးယခင်ကတည်းက ကိုင်တွယ်ဖို့ စဉ်းစားထားခြင်း ဖြစ်လောက်၏။
"တကယ်တော့ စာရွက်ထဲမှာပါတဲ့ နာမည်စာရင်းတွေက အကုန်မဟုတ်သေးဘူး... တကယ့် ထိပ်သီးနာမည်တွေကိုကျ ကျောက်ဝေ မပေးလိုက်ဘူး.... သူမပြောတာတော့ အဲ့တာက သူတို့ကမ္ပဏီရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဆိုပဲ... သေအောင် စစ်မေးရင်တောင် ပြောပြမှာ မဟုတ်လောက်ဘူး.. အဲ့လိုဆိုရင်တောင်မှ မင်းက အဲ့ဒီနယ်ပယ်ကဆိုတော့ ဘာဆက်လုပ်ရမလဲဆိုတာ နားလည်မှာပါ...."
အချိန်အတော်ကြာအောင် တိတ်ဆ်တ်နေပြီးနောက် လျန်ရူရွှယ်မှ "ငါ ဒီကိစ္စကို အဘိုးနဲ့ တိုင်ပင်ကြည့်မှရမှာ...."
"မင်းဘာမင်း ဘယ်လိုပဲ လုပ်လုပ် .. ငါကတော့ ပေးပြီးသွားပြီ... ကျန်တာ မင်းအပိုင်းပဲ..."
"ကျေးဇူးပဲနော်...."
"စကားနဲ့ပဲ ကျေးဇူးတင်တော့မှာလား... လက်တွေ့ ဆုကော မချချင်ဘူးလား...."
"နင်လိုချင်တာ ဘာမဆို တောင်းဆိုလို့ရတယ်... ငါ့ကိုယ်ငါ နင့်ဆီ ပုံအပ်ဖို့ အခွင့်အရေး မရှိဘူး ဆိုရင်တောင်မှ နင်လိုချင်တာကို ဗဟိုအစိုးရဆီကနေ ရအောင် လုပ်ပေးမယ်...."
"မင်းလုပ်လိုက်မှဖြင့် ငါက လောဘကြီးတဲ့ကောင်ကြီး ကျနေတာပဲ.... "
"ဒီတော့ နင်ဘာလိုချင်လဲ...."
"နောက်ခါကျရင် ရေကူး၀တ်စုံ မ၀တ်နဲ့တော့...ဘစ်ကနီက ပိုကောင်းတယ်....."
လျန်ရူရွှယ် ဗာဒံစေ့ကဲ့သို့ လှပသော သူမ၏ မျက်လုံးလေးများဖြင့် လင်းရီကို မျက်စောင်းထိုးလိုက်ပြီး "နင့် နှုတ်က ဘယ်တော့မှ စကားအကောင်းတွေ ထွက်လာမှာ မဟုတ်ဘူးဆိုတာ သိသားပဲ....”