← Chapters

အခန်း (၄၄၀)

Vol. 30 Ch. 440

အခန်း (၄၄၀)

Vol. 30 Ch. 440

နှစ်ယောက်သား စကားအနည်းငယ် ထပ်ပြောပြီးနောက် ညမှာ အတော်လေး မှောင်ရီပျိုးနေပြီး ဖြစ်၏။ လျန်ရူရွှယ်လည်း မည်သည့်ပြဿနာကိုမျှ ထပ်မ‌ဖြစ်စေချင်သောကြောင်ု လင်းရီ၏ ဗီလာ၌သာ နေရန် ဆုံးဖြတ်လိုက်လေသည်။

"နင့်အိမ်မှာ ရေချိုးမယ်ဆိုရင် ပြဿနာ မရှိလောက်ဘူးမလား..."လျန်ရူရွှယ် မေးလိုက်၏။

"ရေချိုးမယ်... မင်းခုလေးတင် ကန်ထဲမှာ ရေစိမ်ပြီးသွားပြီ မဟုတ်လား...."

"ကန်ထဲမှာ ရေစိမ်တယ်... ရေကူးတာကို ပြောချင်တာလား...."

လျန်ရူရွှယ် ဆက်လက်၍ "ရေကူးတာက ရေကူးတာပဲလေ... ရေချိုးတာနဲ့မှ မတူတာ...."

"တကယ်ကြီး လိုအပ်လို့လားဟ... ငါတို့က ညတိုင်း ကလေးရအောင် ကြိုးပမ်းနေတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ နေ့တိုင်း သန့်ရှင်းနေမှာ...."

"နင် မဟုတ်တမ်းလျားတွေ ဆက်ပြောနေမယ်ဆိုရင် ငါ မနက်ဖြန် ဟွာချင်းရေကန်ကို ချိတ်ပိတ်လိုက်တော့မှာနော်...."

"အလှလေးလျန်ကလည်း စိတ်ကြီးပဲ.... ဒီမှာစောင့်နေ... ရေချိုးကန်ပါတဲ့ အခန်းရှိလား သွားကြည့်လိုက်ဦးမယ်...."

"အဲ့လိုလိမ္မာမှပေါ့...."လျန်ရူရွှယ် ကျေနပ်စွာ ပြောလိုက်ပြီး "စကားမစပ် ငါ့ကို အဲ့ဒီ စာရွက်စာတမ်းရဲ့ ကော်ပီတစ်စုံလောက် ပို့ပေးဦး...."

"အိုကေ... ငါမင်းကို ဖုန်းထဲ ပို့ပေးလိုက်မယ်...."

"အွန်း...."

လင်းရီထံမှာ ကော်ပီကို ရရှိပြီးနောက် လျန်ရူရွှယ် သူမ အခန်းဆီသို့ ပြန်သွားခဲ့၏။

"အဖေ ခု ဘယ်လည်း ရောက်နေတာ..."ဖုန်းကို ကိုင်လျက် လျန်ရူရွှယ် မေးမြန်းလိုက်သည်။

"သူများက အဖေ့ကို ဝိုင်ကောင်းကောင်းတစ်ပုလင်း လက်ဆောင်လာပေးလို့လေ... အဲ့တာနဲ့ အဖေလည်း တစ်ယောက်တည်း မသောက်ရက်တာနဲ့ သမီးအဘိုးနဲ့ လာသောက်နေတာ...."

"အဲ့တာဆို ခု အဘိုးလည်း ရှိတာပေါ့နော်...."

"အင်း... ဘာကိစ္စရှိလို့လဲ..."

"သမီး အဖေ့ဆီ အီးမေးတစ်စောင် ပို့လိုက်မယ်... အဘိုးကို ပြလိုက်...."

"မနက်ဖြန်မှ ဆက်ပြောကြမယ်လေ... သမီးဘိုးနဲ့ အဖေ ခု ဝိုင်အရသာခံနေလို့...."

"မရဘူး.... ခုကြည့်မှ ရမှာ... သမီး ပို့မယ့်ဟာကအရမ်းအရေးကြီးတာနော်...."လျန်ရူရွှယ်မှ ငြင်းဆန်၍ မရနိုင်သည့် လေသံဖြင့် ပြောလိုက်သည်။

"အေးပါ အေးပါ သမီး အခုပို့ထားပြီးသွားပြီမလား...."လျန်ရူရွှယ်၏ ဖခင်မှ ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်၏။

အကယ်၍ သူ သဘောမတူပါက သူ၏ အဖေကို ဖုန်းဆက်၍ လှမ်းတိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာမည်ဆိုပါက မြေးချစ်အဘိုးမှာ သူ့ကိုသာလျှင် ကြိမ်းမောင်း‌ ပေလိမ့်မည်။

"သမီး ခုပို့လိုက်တော့မယ်..ဖတ်ပြီးတဲ့ အချိန်ကျရင် သမီးဆီ ဖုန်းပြန်ခေါ်လိုက်......"

"အေး အေး... မြန်မြန် ပို့လိုက်တော့ကွာ..."

ဖုန်းချပြီးနောက် လျန်ရူရွှယ် စာရွက်စာတမ်းဖိုင်ကို သူမအဖေထံ ပို့ပေးလိုက်၏။

ထို့နောက် ဖုန်းကို ကိုင်ရင်း တစ်ဖက်မှ ဖုန်းပြန်ခေါ်လာမည်ကို စိတ်ရှည်စွာဖြင့် ထိုင်စောင့်နေလေသည်။

ကလင် ကလင် ကလင်

မိနစ်နှစ်ဆယ် ကြာပြီးနောက် လျန်ရူရွှယ်၏ ဖုန်းမှာ အသံမြည်လာခဲ့၏။

သူမအဖေထံမှပင်။ သို့သော်လည်း ပြောလာသူကတော့ သူမ အဘိုးဖြစ်နေလေသည်။

"ကောင်မစုတ်လေး...နင် ဒါတွေ ဘယ်ကနေရခဲ့တာ...."

လျန်အဘိုးကြီး၏ လေသံမာ ပုံမှန်ထက် မာထန်နေပြီး လျန်ရူရွှယ်ကို အနည်းငယ် သက်တောင့်သက်သာ မဖြစ်သလို ခံစားရစေသည်။

"သမီးပြောလို့တော့မရဘူး.... ဒါပေမယ့် သမီးပို့လိုက်တဲ့ ဖိုင်ထဲက အကြောင်းအရာတွေကတော့ အမှန်တွေဆိုတာ အာမခံပေးနိုင်တယ်...."

လျန်ရူရွှယ် ပြောလိုက်ပြီး

"ဒါပေမယ့် အဲ့တာတောင်မှ အပိုင်းအကြီးစားကြှးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ ရှိသေးတာနော်....မဖော်ထုတ်ရသေးတဲ့ ရာထူးအမြင့်စားက နာမည်စာရင်းတစ်ချို့တောင် ကျန်နေသေးတယ်... သမီးကတော့ ဒီကိစ္စ ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ဘူး...."

လျန်ရူရွှယ် သူမ၏အနေအထားကို နားလည်ပေသည်။ သူမတွင် ထိုသို့ ကြီးမားလှသည့် ကိစ္စကြီးကို ကိုင်တွယ်၍ အရည်အချင်း မရှိပါချေ။

အကယ်၍ သူမသာ ခေါင်းမပါသည့် ကြက်ကဲ့သို့ လျှောက်ပြေးနေမည်ဆိုပါက စာရင်းထဲ၌ ပါ၀င်နေသူတို့မှာ ဘာမျှမလုပ်ပဲ ထိုင်နေလိမ့်မည် မဟုတ်ချေ။ အဆုံးတွင် သူမကိုယ်သူမ သေလမ်းရှာသလို ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ယခုကိစ္စကို သူမအဘိုးထံ လွှဲပြောင်းပေးလိုက်သည်က အကောင်းဆုံးဖြစ်၏။

"သိပြီ... အဘိုးနားလည်တယ်... မြေးရဲ့ အလုပ်ကိုပဲ သေချာလုပ်... ဒီကိစ္စမှာ မပါ၀င်မိစေနဲ့...."

"ဘိုးဘိုး...."

"အင်း ပြော...."

"သမီး ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိဘူး.... ဒါပေမယ့် ဘိုးဘိုးကြီးကတော့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ပေးရမယ်နော်...."

လျန်ရူရွှယ် ကလေးတစ်ယောက်သဖွယ် တောင်းဆိုနေဟန်ဖြင့် ပြောဆိုလိုက်၏။

"အင်းပါ အဘိုးနားလည်ပါတယ်... အဘိုးရဲ့ သတင်းကိုသာ စောင့်နေလိုက်...."

"အွန်း....ဟုတ်ကဲ့.."

ချလပ်...

လျန်ရူရွှယ် ဖုန်းချတော့မည့် အချိန်တွင် လင်းရီ တံခါးတွန်းဖွင့်၍ ၀င်လာခဲ့ပြီး "ဟိတ် .. ရေချိုးလို့ရပြီနော်... ငါရေချိုးကန်ကို ဖြည့်ပြီးသွားပြီ...အထဲ၀င်ဖို့ အဆင်သင့်ဖြစ်ရင် ငါ့ကို ခေါ်ဖို့ မမေ့လိုက်နဲ့.... "

ထို့နောက် လင်းရိ တံခါးပြန်ပိတ်ကာ လျန်ရူရွှယ်ကို တစ်ဦးတည်း ချန်ထားရစ်ခဲ့လေသည်။

"မီလိ...သမီးက အဲ့ကောင်စုတ်လေးရဲ့ အိမ်မှာ နေနေတာလား...."

လျန်ရူရွှယ်၏ မျက်နှာမှာ ပန်းသီးကဲ့သို့ နီရဲသွားခဲ့ပြီး ဖုန်းတန်းချပစ်လိုက်တော့၏။

တီ တီ တီ....

လျန်ရူရွှယ် သူမကိုယ်သူမ မည်သို့ ရှင်းပြရမလဲဆိုတာ မသိတော့ချေ။ ထို့ကြောင့် ချက်ချင်း ဖုန်းချပစ်လိုက်သည်။

'ဒီသေနာကလည်း တကယ့်အချိန်မှ လာပြောရလားဟဲ့...'

......

ရန်ကျင်းရှိ တစ်ခုသော ခြံ၀န်းထဲတွင် ရှေးဟောင်း လေးထောင့်စားပွဲတစ်လုံး ရှိနေလေသည်။

ထိုစားပွဲဘေးတွင်တော့ လူသုံးယောက်မှ ထိုင်နေပြီး ထိုအထဲမှ တစ်ဦးမှာတော့ အဘိုးကြီးတစ်ယောက်ဖြစ်၏။ အနည်းငယ် ကြုံလှီနေသော်လည်း အားအင်ပြည့်၀သည့် မျက်လုံးတို့က ၎င်း၏ ကျန်မာရေးကို ပြောပြနေလေသည်။

ထိုအဘိုးကြီး၏ အမည်ကတော့ လျန်ရှန့်ဟော်ဖြစ်ပြီး လျန်ရူရွှယ်၏ အဘိုးဖြစ်၏။

ထိုအဘိုးကြီး ဘေးတွင်တော့ ခန္ဓာကိုယ် ထွားကြိုင်းသန်မာသည့် အမျိုးသားတစ်ဦးထိုင်နေပြီး သူ၏ မျက်လုံးများကတော့ ကျားသစ်ဝံပုလွေကဲ့သို့ အရိုင်းဆန်လှ၏။ ထို့ပြင် သူ၏ ခန္ဓာကိုယ် အရှိန်အဝါမှာ ကြီးမားလှပြီး မြင်သူတကာကို ဂုဏ်သိက္ခာကြီးမားသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

ထိုအမျိုးသား၏ နာမည်ကတော့ လျန်ချွင်းရှောင် ဖြစ်ပြီး လျန်ရူရွှယ်၏ ဖခင်ဟု ခေါ်လျှင်လည်း မမှားပေ။

လျန်ချွင်ရှောင်ဘေးတွင် ဣန္ဒြေသိက္ခာရှိစွာဖြင့် ထိုင်နေသူကတော့ ဂါ၀န်ရှည် ၀တ်ဆင်ထားပြီး လှပသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်၏။

သူမ၏ ဆံနွယ်တို့မှာ နက်မှောင်တောက်ပနေပြီး လှပသည့် ဗာဒံစေ့ကဲ့သို့ မျက်လုံးများက‌တော့ လျန်ရူရွှယ်နှင့် တစ်ထရာတည်းပင်။

ထိုအမျိုးသမီး၏ နာမည်မှာ ရှန်းရှူးရီဖြစ်ပြီး လျန်ရူရွှယ်နှင့် မိခင်တော်စပ်သူလည်းဖြစ်၏။

ဖုန်းချသံ ကြားသည့် အချိန်တွင်တော့ သူတိူ့ သုံးဦးလည်း တိတ်ဆိတ်သွားခဲ့ကြသည်။

"ဘာတွေ ဖြစ်နေတာ... ရှောင်မီက ရန်ကျင်းမှာ နေတုန်းက ဒီလိုမဟုတ်ပါဘူး... ကျိုးဟိုင်ရောက်တာတောင် ဘယ်လောက်မှ မရှိသေးဘူး... ဘာလို့ ရုတ်တရက်ကြီး ဒီလိုတွေ ဖြစ်လာခဲ့တာ...."

လျန်ချွင်းရှောင်မှ ပြောလိုက်၏။

"အဖေတို့နှစ်ယောက် စိတ်လျော့နော်.. အရမ်းကြီးလည်း ဒေါသမထွက်နဲ့ဦး...."ရှန်းရှူးရီမှ ပြောဆိုလိုက်၏။

"ရှောင်မီလည်း လူကြီးဖြစ်‌နေပြီပဲလေ.. သူဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာ နားလည်မှာပါ... ပြီးတော့ နှစ်ယောက် ခဏတာ ပျော်ပါးတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့.... သူတို့ ဘယ်အချိန် ရပ်ရမလဲ နားလည်လောက်မှာပါ.... "

"ဖြစ်နိုင်မှာတဲ့လား..."လျန်ချွင်းရှောင်မှ ခါးသက်သည့် အမူအရာဖြင့် ပြောလိုက်၏။

"မီလိလေးက အဖေတို့နှစ်ယောက်ရဲ့ နှစ်ပေါင်းများစွာ ဦးနှောက်ဆေးတာကို ခံထားရတာလေ.... သူ့ရဲ့ အကျင့်စရိုက်ကို မသိတာကျနေတာပဲ...."ရှန်းရှူးရီမှ ပြောလိုက်ပြီး "ပြီးတော့ ခုက အဲ့ဒီကိစ္စကို ဆွေးနွေးရမယ့် အချိန်မဟုတ်ဘူး... ဒီရဲ့ စာရွက်စာတမ်းကိစ္စကို အရင်တွေးနွေးကြရအောင် ...."

လျန်ရူရွှယ်၏ ကိစ္စသို့ တခဏ အာရုံရောက်ပြီးနောက် သုံးဦးလုံး စာရွက်စာတမ်းများအပေါ်တွင် ပြန်လည်အာရုံစိုက်လိုက်ကြသည်။

"အဖေ... ဒီကိစ္စက အသေးအမွှားလေးမဟုတ်ဘူးနော်... ဒါကြီးက ဖော်ထုတ်လိုက်တာနဲ့ ကဏ္ဍပေါင်းစုံကို သက်ရောက်လာမယ့် အကျိုးဆက်‌ တွေက တွေးကြည့်လို့ရမှာတောင် မဟုတ်ဘူး....."လျန်ချွင်းရှောင်မှ ပြောလိုက်သည်။

"ငါတို့ ဒီကိစ္စကို တိုက်ရိုက်ကြီး ဖော်ထုတ်လိုက်လို့တော့ ဘယ်ဖြစ်မှာ...."လျန်ရှန့်ဟော်မှ တည်ငြိမ်ရင့်ကျက်စွာ ပြောလိုက်ပြီး "ဒီတော့ ငါတို့ ဘယ်လို အရေးယူဖြေရှင်းရမလဲ ဆိုတာကို သေချာလေး စဉ်းစားသင့်တယ်...."

"အဖေ... ဒါက သမီးတို့ လျန်မိသားစုအတွက် အခွင့်အရေး ဖြစ်နေလောက်မလား... "လျန်ရှူးရီမှ ပြောလာခဲ့၏။

"ဟားဟား... ကြည့်လိုက်စမ်း... ငါ့ချွေးမလေးက ဉာဏ်အကောင်းဆုံးပဲ..."

လျန်ချွင်းရှောင် ရိုးသားစွာ ပြုံးလိုက်ပြီး "ဒါပေါ့.... ဒီလို ထက်မြက်တဲ့ အမျိုးသမီးလေးက ကျွန်တော့်နောက်မှာ ရှိနေလို့လဲ ခုလို အောင်မြင်နေတာပဲလေ...."

ရှန်းရူးရီ၏ ရင်ထဲတွင် ချိုမြိန်မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး သူမဘေးရှိ ချစ်သူလင်ခင်ပွန်း လျန်ချွင်းရှောင်ကို ကြည်နူးနှစ်သက်စွာဖြင့် ကြည့်လိုက်၏။

"ဒီရဲ့ နာမည်စာရင်းထဲမှာ ပါတဲ့ လူတွေအကုန်လုံးက သူရဲဘောကြောင်တဲ့ကောင်တွေချည်းပဲ... သူတိူ့ကို အမိန့်ပေးတဲ့အချိန်ကျ သူတိူ့ လှုပ်ရှားတယ်... ဒါပေမယ့် ဒီလူတွေရဲ့ အထက်ကြီးပိုင်းကမှ တကယ့် ရွေငန်းအစစ်တွေပဲ... သူတို့နဲ့‌ဆိုရင် ကျွန်တော်တို့ လျန်မိသားစုအတွက် အနှောင့်အယှက်တွေ အများကြီးကို ဖယ်ရှားလို့ ရလောက်တယ်....."

"၀မ်းနည်းဖို့ကောင်းတာက နာမည်စာရင်းက မပြည့်စုံတာပဲ ... မဟုတ်ရင် အရေးယူရတာ ပိုပြီး လွယ်ကူသွားတော့မှာ... "လျန်ချွင်းရှောင်မှ ပြောလိုက်သည်။

"တကယ့်ကို ၀မ်းနည်းစရာပဲ.... ဒါပေမယ့် အဲ့လိုဆိုရင် အန္တရာယ်လည်း များလိမ့်မယ်..."လျန်ရှုးရီမှ ပြောလိုက်၏။

"ဟားဟား.. မင်းတို့နှစ်ယောက် ငယ်သေးတာပဲကွ.. ဟုတ်တယ်မလား...."လျန်ရှန့်ဟော်မှ ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

"အဖေကလည်း ဘာတွေ ပြောနေတာ... အဖေက ကျွန်တော်တို့ရဲ့ အဖေဆိုမှတော့ အဖေ့ထက် ငယ်တာပေါ့ဗျ...."

လျန်ရှန့်ဟော် သူ့ဖုန်းထဲရှိ နာမည် စာရင်းကို လက်ညှိုးဖြင့် ထောက်ပြလိုက်ပြီး "ငါ့သား... အဖေ မင်းတို့ကို ပြောပြမယ်... ဒါက ဘာမှ မဟုတ်သေးဘူး... အစိုးရ လက်ထဲမှာ ရှိနေတဲ့ နာမည်စာရင်းဆိုရင် ဒီထက်တောင်ပိုပြီး ပြည့်စုံနေဦးမှာ...သူတို့ ခုလောလောဆယ် မဖော်ထုတ်ချင်သေးတာပဲ ရှိသေးတယ်...ငါ အံ့ဩမိတာက ဒီရဲ့ စာရင်းက အပြင်လူလက်ထဲ ရောက်သွားတာမို့လို့ပဲ... ဒီရဲ့ နာမည်စာရင်းကြောင့် မဟုတ်ဘူး...."

"အမျိုးသား လုံခြုံရေးဌာနကလည်း ဒါကိုသေချာပေါက် သတိပြုမိတယ်လား...."

"ဒါပေါ့ကွ...."လျန်ရှန့်ဟော် ပြောလိုက်ပြီး

"ငါတို့မှာ ဒီလောက်ထိ ကျယ်ပြန့်နဲ့ ကွန်ရက်တွေ ရှိနေတာ မင်းထင်တာ ရဖို့ ခက်ခဲတယ်လို့များ ထင်နေတာလား... သူတို့က ဒီတိုင်း ရေကိုလှုပ်ခတ်မိပြီး ငါးထွက်ပြေးသွားမှာ ကြောက်လို့ငြိမ်‌နေတာပဲ.... မျှခြေကို ထိန်းသိမ်းထားနေသရွေ့တော့ သူတို့အားလုံးက မသိကျေးကျွံ့ပြုထားကြမှာ...."

"ဒါပေမယ့် အဲ့လိုလုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့က အဲ့ပုစွန်တွေကို ဖမ်းဖို့ အားစိုက်နေရမှာပေါ့...."

"မလိုဘူး...."'လျန်ရူရွှယ်ပြောလိုက်ပြီး "လွန်ခဲ့တဲ့ သုံးနှစ်ကလည်း ဒီလိုမျိုး အလားတူဖြစ်ရပ် ဖြစ်သွားခဲ့ပြီးပြီ... ခု သုံးနှစ်တောင် ကျော်လွန်သွားခဲ့ပြီဆိုတော့ ထပ်ပြီး ဆူဆူညံညံ ပြန်လုပ်ရမယ့် အချိန်ပဲလေ...... အချက်ပေး ခေါင်းလောင်းသံတွေ မြည်ဟီးဖို့ အချိန်ကျရောက်လို့လာပြီ...."

"အဲ့တာဆို အဖေက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မှာ...."

ကျန်တဲ့ ဝိုင်ပုလင်းတစ်၀က်ကို မသောက်နဲ့တော့... အဖွဲ့ခေါင်းဆောင်ဟောင်းဆီပို့လိုက်... ငါတို့နှစ်ယောက် မနက်ဖြန် ဒီကိစ္စကို ဆွေးနွေးဖို့ရှိတယ်.....

"ဟမ် .. ကျွန်တော်တို့ အဲ့ဒီသူကို တကယ်ကြီး အသိပေးမှ ရမှာလား...."လျန်ချွင်းရှောင်မှ အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

"ဒါက နယ်နယ်ရရမှ မဟုတ်တာ... သေချာပေါက် ဂရုစိုက်ရမှာပေါ့ကွ..."

လျန်ရှန့်ဟော် ပြောလိုက်ပြီး

"တစ်ဖက်လူက ငါတို့ဘက်မှာ ဆူးငြှောင့် ဖြစ်ချင် ဖြစ်နေလိမ့်မယ်... ဒါပေမယ့် ရှုထောင့်ပြောင်းပြီး မြင်ကြည့်မယ်ဆိုရင် ငါတို့ကလည်း တစ်ဖက်လူရဲ့ အသားထဲက ဆူးငြှောင့် ဖြစ်နေမှာပဲလေ .. ဒီတော့ ဘယ်သူကမှ သူတို့ ဘယ်အချိန် ခေါ်သွားခံရမလဲဆိုတာ မသိဘူး... ဘာလို့ဆို ပါ၀င်နေတဲ့သူတိုင်းက သန့်ရှင်းနေကြတာမှ မဟုတ်တာ..."

စားပွဲဝိုင်းရှိ လေထုမှာ တဖြည်းဖြည်း နက်မှောင်လာခဲ့ပြီး "သမီး သိချင်မိတာက ရှောင်မီက ဒီရဲ့ နာမည်စာရင်းကို ဘယ်လိုရလာခဲ့လဲဆိုတာပဲ.... ဒါကြီးက သူလုပ်နိုင်တဲ့ အတိုင်းအတာထဲမှာ မရှိတာ..."ရှန်းရှူးရီမှ ပြောလိုက်၏။

"သေချာတာပေါ့ဟ... ငါ့ရဲ့ တန်ဖိုးရှိတဲ့ မြေးမလေး‌က လိုအပ်တဲ့ စွမ်းရည်တွေတော့ မရှိဘူး... ဒါပေမယ့် အဲ့လိုမျိုး စွမ်းရည်ရှိတဲ့လူနဲ့ တွေ့ဆုံနိုင်လောက်တဲ့အထိ ကံကောင်းတဲ့ စွမ်းရည်တော့ ရှိတယ်လေ....သူပြောတာတော့ နှစ်နှစ်အတွင်း ရာထူးတိုးမယ်ဆိုပဲ......"

"တကယ်... ကျွန်တော်တို့ကျတော့ ဘာလို့ မသိရတာ..."လျန်ချွင်းရှောင်မှ ပြောလိုက်၏။

"ငါ့မြေးကမှ မပြောပြတာ..."လျန်ရှန့်ဟော် ပြောလိုက်ပြီး "လတ်တလော အဓိက ဆေးဝါးကုမ္ပဏီခြောက်ခုရဲ့ ဆေး ၂၅ မျိုးဈေးနှုန်းတွေ တိုးမြင့်လာတာကို မင်းလည်း ကြားမိတယ် ဟုတ်တယ်ဟုတ်...."

"အင်း.... ဟိုစစ ဒီစစတော့ ကြားမိတယ်....ဒါပေမယ့် ပြန်တော့ တည်ငြိမ်သွားပါပြီ ... ဟိုဘက်က ပေါက်တတ်ကရတွေ လျှောက်လုပ်နေတာနေမှာ... "

"ပေါက်တတ်ကရလုပ်တာ မဟုတ်ဘူး... ကိစ္စတွေက မင်းထင်ထားတာထက် ပိုပြီး စိတ်၀င်စားဖို့ ကောင်းတယ်ကွ..."လျန်ရှန့်ဟော် ပြုံးလိုက်ပြီး "ပြီးတော့ မီလိနဲ့လည်း ပတ်သက်နေတယ်...."

"ကျွန်တော့် သမီးနဲ့ ပတ်သက်နေတယ်..."

"အဓိက ကုမ္ပဏီခြောက်ခု ဆေးဈေးနှုန်းတွေ မြင့်လိုက်တာက ငါတို့ Pfizer နဲ့ ညှိနှိုင်းဆွေးနွေးတာ အဆင်မပြေတာကြောင့်ပဲ... အဲ့တာကြောင့်မို့ ငါတို့ကို ခြိမ်းခြောက်မယ်ဆိုပြီး စုပေါင်းကြေညာချက် ထုတ်ပြန်လိုက်တာ... ဒါပေမယ့် နောက်ဆုံးကျတော့လည်း သူတို့ရဲ့ စတော့ရှယ်ယာ တန်ဖိုးတွေ ဟိုးအောက်ထိုးကျသွားတာပဲ အဖတ်တင်လိုက်တယ်...."

"အောက်ဆုံးထိ ထိုးကျသွားတယ်... ဘာလို့လဲ...."

"ဘာလို့ လဲဆိုတော့ မီလိက သူတိူ့ရဲ့ ဆေးဝါးတွေကို ထိန်းသိမ်းဖို့ အခွန်ဌာနကို စေခိုင်းလိုက်တယ်လေ... ပြီးတော့ သူတို့ရဲ့ ဆေးဝါးတွေရဲ့ ကွာလတီက ပြဿနာရှိနေပါတယ်လို့ ထုတ်ပြန်လိုက်တယ်... အဲ့တာပြီး ချက်ချင်းပဲ တစ်ကမ္ဘာလုံးက ဒီကိစ္စကို မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးကြပါလေရော... ဒါက ရှယ်ယာတန်ဖိုးတွေ ကျဆင်းရခြင်းရဲ့ အဓိက အရင်းအမြစ်ပဲ.... "

"ဟားဟား.. မိန်းမ.... မင်း ကြည့်လိုက်စမ်း... ဒါမှ ငါ့သမီးကွ...."

"အတွေးလွန်ပြီး ပျော်မနေနဲ့ဦး... ငါ့မြေးက ကုန်ပစ္စည်းတွေကို ထိန်းသိမ်းဖို့ပဲ အမိန့်ပေးရတာ... ကျန်တာက ရှောင်မီလေးနဲ့ ဘာမှ မသက်ဆိုင်ဘူး..."

"အဲ့ဒါဆို ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်က ရှိနေတာလား...."

"အဲ့လိုမျိုးပဲ... ငါ့အထင်တော့ မီလိကို နှစ်နှစ်အတွင်း ရာထူးတိုးစေရမယ်လို့ ကတိပေးတဲ့သူနဲ့ အတူတူပဲ ဖြစ်ရမယ်... ရန်ရန်ဆီက ကြားတာတော့ အဲ့ကောင်လေးရဲ့ နာမည်က လင်းရီဆိုလားပဲ.... “

All Chapters