← Chapters

နင် လုပ်ပေးခဲ့တာတွေ အကုန်လုံး ၊ ငါတစ်သက်လုံး မှတ်မိနေမှာပါ

Vol. 30 Ch. 441

နင် လုပ်ပေးခဲ့တာတွေ အကုန်လုံး ၊ ငါတစ်သက်လုံး မှတ်မိနေမှာပါ

Vol. 30 Ch. 441

"အဲ့ဒီကလေးက ဘယ်သူကြီးလဲ... ဘာလို့ သူက အဲ့လောက်တောင် အရည်အချင်းရှိနေတာ..."လျန်ချွင်းရှောင် မသင်္ကာမှုများဖြင့် မေးမြန်းလိုက်၏။

"အဲ့ကောင်လေးက တကယ့်ကို စိတ်၀င်စားဖို့ကောင်းတာကွ...."လျန်ရှန့်ဟော် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "မင်းတို့ ယုံမှာတော့ မဟုတ်ဘူး..."

စုံတွဲမှာ လျန်ရှန့်ဟော် ဆက်ပြောမည့် စကားကို စိတ်၀င်တရား စောင့်ကြည့်နေရင်း

"ရန်အဘိုးကြီးရဲ့ ခွဲစိတ်မှုကို ဘယ်သူလုပ်ပေးတယ်လို့ ထင်လဲ..."

" လင်းရီဆိုတဲ့ ကောင်လေးလား...."ရှန်းရှူးရီမှ မျက်လုံးများ ပြူးကျယ်ပြီး မေးမြန်းလိုက်၏။

"အမှန်ပဲ..."လျန်ရှန့်ဟော် ပြောလိုက်ပြီး "ငါ ရှောင်မီဆီက ကြားတာတော့ အဲ့ဒီအချိန်တုန်းက ဆေးရုံမှာရှိတဲ့ ဆရာ၀န်တွေအကုန်လုံး ရန်အဘိုးကြီးကို လက်လျော့လိုက်ကြပြီ... အဲ့ဒီအချိန်မှာပဲ လင်းရီက ရှေ့ထွက်ပြီး ရန်အဘိုးကြီးကို သေမင်းလက်ထဲက ကယ်တင်နိုင်သေးတယ်ပြောပြီး သူကပဲ တာ၀န်ယူ ခွဲစိတ်ပေးခဲ့တာ... နောက်ဆုံးကျတော့ မြင်တဲ့အတိုင်းပဲ ..."

"ဒီလောက် အသက်ငယ်ငယ်လေးနဲ့ သူက အဲ့လောက်တောင် အရည်အချင်း ရှိနေပြီတဲ့လား...."

"အမှန်ပဲ... ငါလည်း အဲ့ဒီသတင်းကြားတုန်းကဆို အတော်လေးကို ရှော့ခ်ရသွားတာ...ဒါပေမယ့် အဲ့ကောင်လေးရဲ့ အောင်မြင်မှုတွေက မပြီးသေးဘူး..... နောက်ထပ် အများကြီး ရှိနေသေးတယ်..."

"လုပ်ပါဦး အဖေ ... ကျွန်တော်တို့ကိုလည်း ပြောပြပါဦး..."

လျန်ချွင်းရှောင် မအောင့်အီးနိုင်တော့ပဲ မေးမြန်းလိုက်တော့၏။

"ရှောင်မီလေးက အရွယ်ရောက်လာပြီ ဆိုတော့ တစ်ချို့ ကိစ္စတွေကျ သေချာပေါက် စီစဉ်ထားမှ ဖြစ်မှာ..."

လျန်ချွင်းရှောင်တို့ စုံတွဲမှာ သူတိူ့ သမီး၏ အိမ်ထောင်ရေးနှင့် စပ်လျဉ်း၍ ပွင့်လင်းသည့် သဘောထားကို ဖော်ပြထားသည်။ သူတို့ဘက်မှ အများကြီး ၀င်ရောက်စွက်ဖက်မှာ မဟုတ်သော်လည်း လျန်ရူရွှယ် အပေါ်တွင်တော့ အရမ်းကြီး အလိုလိုက်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် သူတို့အတွက်တော့ သူတို့သမီးနောက်၌ ရပ်တည်ပေးနေသည့် လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသားမှာ ပို၍ ထူးချွန်လေလေ ပိုပြီးပျော်ရွှင်ရလေဖြစ်၏။

"သူက ဖိုတိုလီတိုဂရပ်ဖီစက်ကိုလည်း ဖန်တီးနေသေးတယ်....."

"ဟင်...."

ရှန်းရှူးရီ ဆက်လက်တည်ငြိမ်မနေနိုင်တော့ချေ။

"သူက တကယ်ကြီး ဖိုတိုလီတိုဂရပ်ဖီစက်ကို ဖန်တီးဖို့ ကြိုးစားနေတယ်လား...."

"အမှန်ပဲ... လွန်ခဲ့တဲ့ ရက်တွေတုန်းက ငါတို့ စားရင်းသောက်ရင်း ရှန်ထျန်းကျိုး ဘာလို့ ဟွာရှကို ပြန်လာလဲဆိုတဲ့ အကြောင်းပြချက်ကို ဆွေးနွေးနေခဲ့ကြတယ်မလား... သူက အဲ့ဒီကလေးနဲ့ လီတိုဂရပ်ဖီစက် ပြုလုပ်ဖို့ ရောက်လာခဲ့တာပဲ...."လျန်ရှန့်ဟော်မှ ပြောလိုက်သည်။

"သူပြောတာတော့ နှစ်နှစ်အတွင်း မီလိရဲ့ ကိုယ့်ရေးအကျဉ်းထဲမှာ အဲ့ဒီအကြောင်းအရာကို ထည့်နိုင်လိမ့်မယ်လို့ ပြောတာပဲ... လက်ရှိ အခြေအနေကို မူတည်ပြီး သုံးသပ်ကြည့်ရမယ်ဆိုရင် တကယ်လို့ လီတိုဂရပ်ဖီစက် ဖန်တီးတဲ့ ပရောဂျက်သာ အောင်မြင်သွားမယ်ဆိုလို့ကတော့ သူ့ရဲ့ ကိုယ်ရေးအကျဉ်းထဲမှာ ပေါင်းထည့်တာကို ဘေးချိတ်ထားလိုက်ဦး... ဗဟိုအစိုးရကတောင် ရှောင်မီကို သူတို့နဲ့ ပူးပေါင်းဖို့ စတင်ကမ်းလှမ်းလာလိမ့်မယ်.... "

လျန်ချွင်းရှောင်နှင့် ရှန်းရှူးရီတို့ ခေါင်းညိမ့်လိုက်ကြ၏။ ထို့နောက်

"နည်းပညာ နယ်ပယ်မှာ ဖိုတိုလီတိုဂရပ်ဖီစက်ရဲ့ အရေးပါမှုနဲ့ဆိုရင် ဖန်တီးနိုင်တာကို မေ့ထားလိုက်ဦး... သိသာထင်ရှားတဲ့ ချိုးဖြတ်မှုတွေ ပြုနိုင်ရင်ကိုပဲ ရာထူးတိုးခံရဖို့ လုံလောက်နေပြီ... ဒါပေမယ့် ကျွန်တော် သိချင်တာက သူ ဒါရိုက်တာရှန်းကို ဘယ်လိုလုပ်ပြီး ဆွဲခေါ်လိုက်တယ်ဆိုတာပဲ... "

"သူ့ရဲ့ စကေးတွေနဲ့ပေါ့...."

"နည်းပညာနဲ့လား...."

"အင်း....ငါ ရှောင်မီဆီက ကြားတာတော့ လင်းရီလို့ ခေါ်တဲ့ ကောင်လေးက ချစ်ပ်နယ်ပယ်မှာလည်း ဆရာတစ်ဆူဆိုပဲ... သူ့ရဲ့ စကေးတွေက နတ်ဘုရားသဖွယ်လို့ ပြောရင်တောင် မမှားဘူး...."

"အဖေ... အဲ့ အရူးမလေး ပေါက်တတ်ကရပြောနေတာတွေကို ယုံစားမနေနဲ့... သူက ခုမှ အသက်ဘယ်လောက် ရှိသေးလို့လဲ... ဘယ်လိုလုပ်ပြီး ကျွမ်းကျင်သူလို့ ခေါ်လို့ရမှာ...."

ရှန်းရှူးရီမှ ပြောလိုက်သည်။

"အဲ့စကားကို မီလိပြောတာမဟုတ်ဘူး.... ရှန်းထျန်းကျိုး ကိုယ်တိုင် ပြောခဲ့တာ..." လျန်ရှန့်ဟော် ပြောလိုက်ပြီး

"ပြီးတော့ သူ ဒီတစ်ကြိမ် ဟွာရှကို ပြန်လာတယ်ဆိုတာကလည်း လင်းရီနဲ့ လက်တွဲပူးပေါင်းဖို့ပဲ... မဟုတ်ရင် သူပြန်လာမှာတောင် မဟုတ်ဘူး...."

ရှန်းရှူးရီ ပြုံးလိုက်ပြီး "သမီးအထင်တော့ အကြောင်းပြချက် တစ်ခုတော့ ရှိရမယ်... ဒါမှမဟုတ် ရှန်းထျန်းကျိူက အရူးလုပ်ခံလိုက်ရတာပဲ... မဟုတ်ရင် အဲ့လိုပုံစံနဲ့ ဟွာရှကို ပြန်လာမှာ မဟုတ်လောက်ဘူး...."

"အဲ့တာတော့ ဖြစ်နိုင်တယ်... ငါ့ရဲ့ မြေးမလေးတောင်မှ အဲ့ကောင်စုတ်လေးရဲ့ အရူးလုပ်တာကို ခံရတာ အကြိမ်ပေါင်းမှ မနည်းတော့တာ....."

"ဒါကြောင့်မို့လည်း လင်းရီက Pfizer နဲ့ အဓိက ဆေးကုမ္ပဏီခြောက်ခု ရှယ်ယာတန်ဖိုး ကျဆင်းရခြင်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နေရတာပဲ... စာရင်းကိုလည်း သူဒီလို ရလာခဲ့တာပဲ ဖြစ်ရမယ်....."

"ဆိုလိုချင်တာက အဲ့ကောင်လေးရဲ့ ဉာဏ်ရည်က အရမ်းထက်မြက်တယ်လို့ ပြောချင်တာပဲမဟုတ်လား....."လျန်ချွင်းရှောင် အားရပီတိဖြစ်စွာ ပြုံးလျက် ပြောလိုက်၏။

"လျှံပယ်တဲ့ ဉာဏ်ရည်စွမ်းအားရှိရုံတင် ဘယ်ကမှာ... ရန်ရန် ပြောတာတော့ ရုပ်ရည်ရူပကာလည်း အရမ်းဖြောင့်တယ်ဆိုပဲ... အဆင်းကော အချင်းပါ ပြည့်စုံသူတစ်ယောက်ပေါ့...."

"ဒါဆို ဒီကိစ္စ အတည်ဖြစ်ပြီ..."လျန်ချွင်းရှောင် ရှန်းရှူးရီကို ကြည့်လိုက်ပြီး "ကုမ္ပဏီအတွက် စီစဉ်စရာ ရှိတာတွေကို ကြိုစီစဉ်ထားလိုက်... ငါတို့ ကျိုးဟိုင်ကို တစ်ခေါက်လောက်တော့ အလည်သွားမှ ဖြစ်တော့မှာ...."

"ကျွန်မတော့ အဲ့လိုလုပ်တာ ကောင်းမယ်လို့ မထင်ဘူးနော်..."

ရှန်းရှူးရီမှ ပြောလိုက်ပြီး "ရှင်ကလည်း မီလိလေးရဲ့ အကျင့်ကို မသိတာကျနေတာပဲ....သူတို့ရဲ့ ဆက်ဆံရေးက စတောင် မစရလောက်သေးဘူး.... ရှင်က ဘာလို့ အဲ့လောက် အလောတကြီး နိုင်နေရတာ...."

"ငါ မလောပါဘူးဟ..."

"ဒီကိစ္စ နောက်မှ ဆက်ပြောကြမယ်..."ရှန်းရှူးရီမှ ပြောလိုက်ပြီး "တကယ်လို့ ကျွန်မတို့နှစ်ယောက် သွားတယ်ဆိုရင် တခြားသူတွေရဲ့ မျက်လုံးထဲမှာ ကျွန်မတို့ဘက်က နိမ့်ချရာ ကျသွားလိမ့်မယ်.... ခု မီလိလေးကို ‌လူတော်တော်များများက စောင့်ကြည့်နေကြတာ... တကယ်လို့ သူများတွေ သိသွားရင် ကျွန်မတို့ သမီးလေးအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်... ခုလောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့...."

"အဖေ... အဖေ့အမြင်ကကော...."လျန်ချွင်းရှောင် မေးမြန်းလိုက်၏။

"အဲ့တာ မင်းကိစ္စလေ... ငါ့ဘာလို့ လာမေးနေတာ...."လျန်ရှန့်ဟော် ငြင်းဆိုလိုက်ပြီး "တကယ်လို့ မီလိလေးသာ သိသွားမယ်ဆိုရင် ငါ့ကို ဖုန်းဆက်ပြီး ဖြေရှင်းချက် တောင်းမှာ...ဒီတော့ ငါ့ကို လာဆွဲမထည့်နဲ့...."

"အဲ့တာဆို ကျွန်တော် အမေ့ကို သွားမေးလိုက်မယ်ဗျာ...."

"ဟျောင့် မင်း သားအဖချင်းကို အချွန်နဲ့ မချင်နေတာလား...."လျန်ရှန့်ဟော်ပြောလိုက်ပြီး "တကယ်လို့ မင်း အဲ့အဘွားကြီးကို သွားမေးရင်တောင်မှ နောက်ဆုံးကျ ငါပဲ လက်ချာပေးခံရမှာ... အဲ့လိုဆို သွားပြီ တစ်နေကုန်ရောပဲ...."

လျန်ချွင်းရှောင် ဘာတစ်ခွန်းမျှ ဆက်မပြောပဲ သူ့ဖန်ခွက်ထဲရှိ ဝိုင်လက်ကျန်ကို လက်စသတ်လိုက်လေသည်။

" တွေးကြည့်ရင် ကျွန်တော်တို့ သားအဖတွေက တော်တော် သနားဖို့ကောင်းတာပဲနော်...."

ရှန်းရှူးရီ သူမ ချစ်လင်ကို ပြုံးပြလိုက်ပြီး လျန်ရှန့်ဟော်ကို ကြည့်လိုက်၏။

"အဖေ... ဒီရဲ့ လင်းရီက ဘယ်သူလဲဟင်... သမီး ကျိုးဟိုင်ရဲ့ နာမည်ကြီး မိသားစုတွေထဲမှာ လင်းမျိုးရိုးကို မကြားမိပါဘူး...."

"အင်း.... ဒီကိစ္စကလည်း နည်းနည်းတော့ ထူးဆန်းတယ်... ‌ရှေ့ လေးငါးရက်လောက်တုန်းက ငါ ရန်အဘိုးကြီးဆီ ဖုန်းဆက်ပြီး လင်းရီအကြောင်း ခဏတဖြုတ် စကားပြောဖူးတယ်....မင်းတို့နှစ်ယောက် မှန်းကြည့်ကြည့်စမ်း... သူက ဘယ် ထင်ရှားတဲ့ မိသားစုကမှ မဟုတ်ဘူး... မိဘမဲ့ဂေဟာက မိဘမဲ့ကလေးတစ်ယောက်ပဲ...."

"ဗျာ... မဖြစ်နိုင်လိုက်တာ....ဒါကြီးက လုံး၀ အဓိပ္ပာယ်မရှိတာပဲ..."လျန်ချွင်းရှောင် လုံး၀ မယုံကြည်နိုင် ဖြစ်နေလေသည်။

"ငါလည်း အဲ့လို တွေးခဲ့တာပဲ... ဒါပေမယ့် ရန်အဘိုးကြီးက ငါ့ကို နည်းနည်းလေး အဓိပ္ပာယ်ရှိအောင် နောက်တစ်ခု ထပ်ပြောပြခဲ့သေးတယ်...."

"ဘာကြီးလဲ...."စုံတွဲမှ တစ်လေသံတည်း မေးလာခဲ့၏။

"တုန်းပေမှာ မဟူရာ ၀က်ဝံကို လက်ဗလာနဲ့ သတ်ခဲ့တဲ့ သူကို မင်းတို့ မှတ်မိသေးလား.... "

"အဖေပြောချင်တာက လင်းကျင်ကျန့်ကိုလား...."

..........

ကျိုးဟိုင်၊ ကျိုကျုံးအဆောက်အဦး။

လင်းရီ အခန်းထဲတွင် ပျင်းရိနေပြီး အချိန်ဖြုန်းရန် ရှောင်ထျန်နှင့်အတူ ဂိမ်းဆော့နေလေသည်။ သုံးပွဲတွင် နှစ်ပွဲ ရှုံးနိမ့်သွားသောကြောင့် လင်းရီ ရှောင်ထျန်ကို ဆူပူကြိမ်းမောင်းလိုက်ပြီး သနားစရာ ရှောင်ထျန်မှာ မျက်နှာငယ်လေးနှင့် ဖြစ်သွားခဲ့၏။

[ မစ်ရှင် : ဆေးဝါး ဆန်းသစ် ပြောင်းလဲခြင်း ]

[ ဆုလဒ် : အတွေ့အကြုံမှတ် ၂၀၀,၀၀၀ ]

[ မစ်ရှင်ပြီးမြောက်သွားပါပြီ ]

" အလုပ်ပြီးမြောက်နှုန်း : ၅၅% "

[ ဆုလဒ် : ဆရာအဆင့် ဆေးဘက်ဆိုင်ရာ စွမ်းရည်...]

စနစ်၏ အသိပေးစာကို မြင်တော့ လင်းရီ ချက်ချင်း အိပ်ရာပေါ်မှ ဆတ်ခနဲ ထလိုက်သည်။

ယခုလိုအချိန်တွင် စနစ်မှ မစ်ရှင်ပြီးမြောက်ကြောင်း ကြေညာလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

အကယ်၍ စာရင်းထဲရှိ ကိစ္စကိုသာ ကိုင်တွယ်မည်ဆိုပါက နိုင်ငံ၏ ဆေးပညာအဆင့်အတန်းကို တစ်မျိုးပြောင်းလဲဆန်းသစ်သွားစေလိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းထားပြီးဖြစ်၏။

သို့သော်လည်း သူစာရင်းစာအုပ် ပေးလိုက်သည်မှာ နှစ်နာရီကျော်မျှသာ ရှိသေးသည်။ ယခုလို အချိန်တိုအတွင်း လှုပ်ရှားဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်ချေ။ ထိုသို့ဆိုပါက အဘယ်ကြောင့် စနစ်မှ မစ်ရှင်ပြီးမြောက်သည်ဟု ကြေညာလာခဲ့ပါသနည်း။

လင်းရီ တခဏမျှ တွေးတောပြီးနောက် ရုတ်ချည်း သဘောပေါက်သွားခဲ့သည်။

လျန်ရူရွှယ်တွင် ထိုကိစ္စကို ကိုင်တွယ်ရန် အရည်အချင်း မလုံလောက်သောကြောင့် သူမအဘိုးထံ အကူအညီ တောင်းလိုက်ခြင်း ဖြစ်လောက်၏။

သူမ အဘိုးမှလည်း ကူညီပေးရန် သဘောတူလိုက်သောကြောင့် စနစ်မှ အလိုအလျောက် နိုင်ငံ၏ ဆေးဝါး ကဏ္ဍကို ဆန်းသစ်ပြောင်းလဲစေကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ရပေမည်။

လင်းရီ မေးစေ့ပွတ်၍ တစ်ချက် စဉ်းစားလိုက်သည်။

"စနစ်... မင်း ချီးမြင့်လိုက်တဲ့ ဆရာအဆင့် ဆေးဘက်ဆိုင်ရာ စွမ်းရည်ဆိုတာက နှလုံးကုသတာ တစ်ခုတည်းတော့ မဟုတ်လောက်ဘူးမလား.... "

[ ယခု ဆုလဒ်က စနစ်ရှင်ကို အထွေထွေ ကဏ္ဍအစုံမှာ တိုးတက်စေပြီးတော့ ထိပ်သီး ခွဲစိတ်ဆရာ၀န် ဖြစ်လာစေမှာပါ ]

"စနစ်... မင်းက အရမ်း မိုက်တာပဲကွာ...."

[ စနစ်မစ်ရှင် : ခွဲစိတ်မှု ငါးကြိမ်ပြီးမြောက်ပါ ]

[ ဆုလဒ် : အလုပ်ပြီးမြောက်နှုန်း ၁၅% ]

စနစ်၏ မစ်ရှင်အသစ်ကို မြင်တော့ လင်းရီ ဘာမျှ မခက်ခဲဟု ခံစားမိလိုက်၏။

စနစ်မှ ချီးမြင့်ထားသည့် ဆရာအဆင့် ဆေးဘက်ဆိုင်ရာစွမ်းရည်နှက့် ဆိုပါက ခွဲစိတ်မှုများကို ကိုင်တွယ်ရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

ဟွာရှန်း ဆေးရုံ၏ အရွယ်အစားနှင့်ဆိုပါက နှစ်ရက်တိုင်း ခွဲစိတ်မှု တစ်ခုတော့ အမြဲတမ်းရှိ၏။ တစ်ခါတစ်ရံ နေ့တိုင်း ခွဲစိတ်ရသည်များလည်း ရှိပေသည်။ အကယ်၍ အရေးကြီးကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်မလာပါက မစ်ရှင်ကို တစ်ပတ်အတွင်း ပြီးမြောက်အောင်မြင်နိုင်သည်။

အနှစ်ချုပ်ရသော် ယင်းမစ်ရှင်က အသေးအမွှားလေးပင်။

.......

နောက်တစ်နေ့ နံနက်တွင်တော့ နှစ်ယောက်သား အ၀တ်အစားလဲပြီး အလုပ်ခွင်သို့ သွားရန် ပြင်ဆင်ကြလေသည်။

လျန်ရူရွှယ်၏ အ၀တ်အစားတို့မှာ မနေ့ကနှင့် တူညီနေသော်လည်း ဆံပင်ကို သပ်ရပ်စွာ ချည်နှောင်ထားပြီး သူမ၏ သွင်ပြင် သဏ္ဌာန်ကို ပို၍ ရင့်ကျက်နေစေတော့၏။

"နင်ပေးတဲ့ နာမည်စာရင်းကို ငါ အဘိုးဆီ အပ်လိုက်ပြီ... သူပြောတာတော့ သူကြည့်ပြီး ကိုင်တွယ်လိုက်မယ်တဲ့...."

လျန်ရူရွှယ် ပြောလိုက်ပြီး "ငါ့ အဘိုးရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူ ဒိလိုကိစ္စမျိုးကို သေချာပေါက် ပြင်းပြင်းထန်ထန် အရေးယူမှာပဲ.....ဒါပေမယ့် လူတွေ အများကြီး ‌ပါ၀င်ပတ်သက်နေတယ်ဆိုတော့ အချိန် နည်းနည်းတော့ ယူရမှာ...."

"ကောင်းပြီလေ... မင်းတို့ပဲ ကြည့်ကြပ်လုပ်လိုက်တော့...." လင်းရီ စိတ်မ၀င်စားစွာဖြင့် ပြောလိုက်သည်။

လင်းရီကတော့ သိရှိပြီး ဖြစ်၏။ မဟုတ်ပါက စနစ်မှ သူ့ကို ဆုချီးမြင့်လာလိမ့်မည် မဟုတ်ချေ။

"အရာရာတိုင်းအတွက် ကျေးဇူးပါနော်... "လျန်ရူရွှယ် လင်းရီကို ပြုံးပြလိုက်ပြီး "တခြားသူတွေကတော့ နင်အကျိုးဆောင်ခဲ့တာကို သိချင်မှသိမှာ ... ဒါပေမယ့် ငါကတော့ အမြဲတမ်း အမှတ်ရနေမှာပါဟ....”

All Chapters