အခန်း (၄၄၂)
Vol. 30 Ch. 442
နောက်တစ်နေရာမှာ နောက်တစ်ပွဲ ဆက်ကစားမယ်
" အပိုတွေ....ငါပြောပြီးပြီလေ... နှုတ်က ကျေးဇူးတင်နေတာ အလကားပဲလို့..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ ပြန်ပေးဆပ်ချင်ရင် ငါ့ရဲ့ ရေကန်အကြီးစားကြီးကိုပဲ စဉ်းစားလိုက်... သူ့ကို အထီးမကျန်စေနဲ့...."
"တော်ပြီ.... ငါ မနက်ဖြန် ဟွာချင်းရေကန်ကို ချိတ်ပိတ်ဖို့ အမိန့်ပေးလိုက်တော့မယ်...."
ထိုသို့ပြောပြီးနောက် လျန်ရူရွှယ် ခေါင်းမော့ ရင်ကော့၍ လင်းရီ မျက်စိရှေ့မှ ကြော့ကြော့လေး ထွက်ခွာသွားခဲ့လေသည်။
လင်းရီကတော့ ခေါင်းသာ ခါရမ်းလိုက်၏။
လျန်ရူရွှယ် ထွက်ခွာသွားပြီးနောက် လင်းရီ ဆေးရုံသို့ ဦးတည်လာခဲ့သည်။
လမ်းတွင်တော့ သူ ကျီချင်းရန်ထံ ဖုန်းဆက်ပြီး နိစ္စဓူ၀များကို ပြောဆိုရင်း အချိန်ဖြုန်းနေခဲ့လိုက်၏။
ဆေးရုံသို့ ရောက်ရှိလာသောအခါ အနီရောင် Type R ဘေးတွင် နေရာလွတ်တစ်ခု ရှိနေပြီး လင်းရီ သူ့ရှာရီကို ထိုနေရာ၌ ပါကင်ထိုးလိုက်လေသည်။
ထို့နောက် ရှစ်ထပ်မြောက်ရှိ အတွင်းလူနာဆောင်သို့ ထွက်လာခဲ့လိုက်၏။
"ဒါရိုက်တာလီ... ခုကစပြီး ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တော့မှာဆိုတော့ အတူလက်တွဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်ဗျ...."
သူ နှလုံးအထူးကုဌနသို့ ၀င်လျှင်၀င်ချင်း အသက်သုံးဆယ် အရွယ်ရှိ သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ လက်ထဲတွင် လက်ဆောင်ပုံးတစ်ခုကို ကိုင်ပြီး လီချူးဟန်ထံသို့ ကမ်းပေးနေသည်ကိုမြင်လိုက်ရ၏။
ထို့ပြင် အသက်ငါးဆယ်အရွယ်ရှိ အမျိုးသားတစ်ဦးလည်း အခြားတစ်နေရာတွင် ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူတို့၏ မျက်နှာမှာ လင်းရီအတွက် စိမ်းသက်နေလေသည်။
သက်လတ်ပိုင်းအမျိုးသားမှာ လင်းရီကို မြင်တော့ ၎င်းလုပ်ဆောင်နေသည်ကို ရပ်တန့်လိုက်ပြီး မသိစိတ်မှ လင်းရီကို ခေတ္တ ငေးမောမိသွား၏။
"အစ်ကိုရီ ရောက်လာပြီပေါ့... သူတိူ့နှစ်ယောက်က ညီမတို့ ဌာနရဲ့လက်ထောက် ဒါရိုက်တာ အသစ်တွေလေ...."
ချောင်ရှင်း မတ်တပ်ရပ်၍ မိတ်ဆက်ပေးလိုက်ပြီး "ဒါရိုက်တာ၀မ် ၊ ဒါရိုက်တာကျိန်း ၊ ဒါက ကျွန်မတို့ဌာနရဲ့ လက်ထောက် ဒါရိုက်တာ လင်းရီ...."
နှစ်ဖက်စလုံးမှ အသိအမှတ်ပြုစွာဖြင့် ခေါင်းညိမ့်နှုတ်ဆက်လိုက်ကြ၏။
လင်းရီ၏ အသက်ငယ်ရွယ်နေမှုက ၀မ်ဇီရီကို အံ့အားသင့်သွားစေသည်။ အကယ်၍ ခက်ခဲသည့် ခွဲစိတ်မှုကို မတော်တဆ အောင်မြင်ခဲ့သည် ဆိုလျှင်တောင်မှ ယခုလို ဒုံးပျံကဲ့သို့ အမြန်နှုန်းဖြင့် ရာထူးတိုးလာနိုင်စရာ အကြောင်း မရှိပေ။
ဆေးရုံက သူ့ကို ဂရုစိုက်လွန်းနေတာပဲ....
"ငါသိတယ်... သူက ဒီတိုင်း အစမ်းခန့် လက်ထောက်ဒါရိုက်တာလေး မလား...."
ချောင်ရှင်း၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထိုစကားလုံးများက ကြားရသည်မှာ အတော်လေး နားကလောလှ၏။
"ကျုပ်ပါပဲ..."လင်းရီ ဂရုစိုက်မနေပဲ ပြုံးပြလိုက်၏။
လင်းရီ ၀မ်ဇီရီနှင့် ကျိန်းပင်းကျန်းတို့ကို မြင်တွေ့လိုက်ရ၍ အံ့ဩမသွားခဲ့ပေ။
ချောင်ကျား၀မ် လျိုရုန်ရှန်း နှင့် ဖန်ရှူဖန်းတို့မှာ အဖမ်းခံလိုက်ရပြီးဖြစ်သောကြောင့် ဌာနဒါရိုက်တာ သုံးဦးနေရာမှာ လစ်လပ်သွားခဲ့လေသည်။ သူက နေရာတစ်နေရာစာ ၀င်ဖြည့်ပေးလျှင်တောင်မှ နောက် ထပ်နှစ်ယောက် မရှိပဲ လုပ်ငန်း၏ စနစ်မှာ ကောင်းမွန်စွာလည်ပတ်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဆေးရုံမှ ရာထူးဆက်ခံမည့်သူကို လိုက်ရှာကြရတော့၏။
သို့သော်လည်း လျှင်မြန်စွာ ရှာတွေ့သွားလိမ့်မည်လို့တော့ ထင်မှတ်မထားချေ။
မိတ်ဆက်ပြီးနောက် လူတိုင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြတော့သည်။
"ဒါရိုက်တာလီ... ဒါက ကျုပ် ပြင်သစ်သွားတုန်းက အထူးတလှယ် ၀ယ်လာခဲ့တဲ့ အကောင်းစား ရေမွှေးပါ... တစ်ချက်လောက် ဖြန်းကြည့်ပါဦးလား..."
"ကျွန်မ ရေမွှေးတွေ သုံးလေ့မရှိဘူး.. ကျေးဇူးပါပဲ...."
"အလုပ်မှာ သုံးလို့မရရင်တောင် အပြင်တွေ ဘာတွေ သွားရင် သုံးလို့ရတယ်လေ... လက်ခံလိုက်ပါ..." ၀မ်ဇီရီ အလျှော့မပေးသေးပဲ ထပ်မံ ဖြောင်းဖြလိုက်၏။
"ကျွန်မ တကယ့်ကို အသုံးမလိုလို့ပါ.. ပြီးတော့ အနံ့ကိုလည်း မကြိုက်ဘူး... ရှင့်ရဲ့ စေတနာတွေကိုတော့ ကျေးဇူးတင်ပါတယ်..."လီချူးဟန် သူမ ဆံပင်ကို နောက်သို့ သပ်လိုက်ပြီး "ရှင် သူများတွေကို ပေးဖို့ သိမ်းထားသင့်တယ်...."
"အာ..."
လီချူးဟန် လက်မခံချင်သည်ကို မြင်တော့ ၀မ်ဇီရီ၏ အမူအရာမှာ အေးခဲသွားခဲ့လေသည်။
သူ တခြားသူကိုသာ ပေးရန် ရှိတော့၏။
"ရှောင်ချောင်... ဒီရေမွှေးလေးက အတော်လေးကောင်းတယ်... သိမ်းထားလိုက်ပါလား...."
"ဒီရေမွှေးက အရမ်းဈေးကြီးလွန်းတယ်.. ကျွန်မ လက်မခံပါရစေနဲ့ရှင်..."ချောင်ရှင်း ပြုံးလျက် ဆိုလိုက်၏။
ရင်ထဲတွင်တော့
"ဟွန့် သူမျာ မလိုချင်တော့မှ လာပြီးပေးနေတာကိုများ လက်ခံစရာလား... ပြီးတော့ ဒီက အစ်ကိုရီရဲ့ လူပါနော်.. ရှင်ဘာပဲပေးပေး လက်မခံဘူး..."
ကိုးရို့ကားယား အမူအရာနှင့်အတူ ၀မ်ဇီရီ ရေမွှေးကို ပြန်သိမ်းလိုက်ရပြီး သူ့ထိုင်ခုံနေရာသို့ ပြန်ထိုင်လိုက်ရလေသည်။
"အစ်ကိုရီ လူနာ 804 က ဒီကနေ့ ဆေးရုံဆင်းတော့မှာ... တစ်ချက် သွားကြည့်ချင်သေးလား..."
"ဟမ် အတည်ကြီး ဆင်းတော့မှာလား... ငါက မနေ့တုန်းက သူစိတ်ငြိမ်အောင် အလကား ပြောလိုက်တာကိုကွာ... "
"မကောင်းဘူးထင်တယ်နော... အစ်ကိုရီက သူ့ကို အဲ့လောက်ထိ ညှဉ်း-ပန်းနေမှတော့ သူများက တစ်ရက်ကလေးတောင် နေချင်မှာ မဟုတ်ဘူး... ခု သုံးလေးရက်လောက်နေပြီး ယွမ်တစ်သောင်းကျော်တောင် သုံးသွားပေးတယ်ဆိုတော့ လုံလောက်ပြီးလို့တော့ ထင်တာပဲ...."
"ဘယ်နားက လုံလောက်ရမှာ... ငါ့ရဲ့ KPI တောင် မရောက်သေးဘူး..."လင်းရီ နားကြပ်ကို ယူလိုက်ပြီး " သွားစို့.. တစ်ချက် သွားကြည့်ကြရအောင်..."
"အွန်း အွန်း..."
ပြောပြီးနောက် ချောင်ရှင်း နှလုံးငြိမ်ဆေး တစ်ပုလင်း တိတ်တိတ်လေး ယူဆောင်ကာ လင်းရီနောက်မှ ပြေးလိုက်လာခဲ့လေသည်။
အခန်း ၈၀၄ တွင်တော့ ကျောက်ဝေမှာ အ၀တ်အစားများ လဲပြုပြီး ဖြစ်၏။ အနက်ရောင် ဂါ၀န်၀န်စုံမှင့် ဒေါက်မြင့်ဖိနပ်ကြိ ၀တ်ဆင်ထားပြီး သူမ၏ အမူအရာမှာ အနည်းငယ် ဖြူလျော်နေသော်လည်း ယခင် စွမ်းအားကြီးသည့် အရှိန်အဝါ အနည်းငယ်ကိုတော့ ပြန်ရပြီး ဖြစ်သည်။
ထို့ပြင် သူမ၏ ပစ္စည်းများကိုလည်း သိမ်းဆည်းပြီးဖြစ်၏။ သို့သော်လည်း တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေဟန်ဖြင့် သူမ ချက်ချင်း မထွက်ခွာသေးချေ။
"နင် ဘာလို့ ဒီရောက်လာတာလဲ... "ကျောက်ဝေ အေးစက်စွာ အေးမြန်းလိုက်သည်။
" သွားတော့မှာ မလား.. လာနှုတ်ဆက်တာလေ..."
"ဟုတ်လား... ငါကတော့ ဘာလို့ လာပြီးလှောင်ပြောင်တယ်လို့ ခံစားနေရပါလိမ့်...."
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ... ကတ်စတန်မာ က နတ်ဘုရားပဲလေ... မင်းက ပိုက်ဆံတွေ ဒီလောက် အများကြီး သုံးထားတာကို ငါက ဘာဆိုင်လို့ အမြင်မကြည်ဖြစ်ရမှာ... "
" လာပြီး လှောင်မနေနဲ့...."ကျောက်ဝေ တည်ငြိမ်စွာ ပြောလိုက်ပြီး "ငါက နင့်ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ငါနားလည်တယ်... ဒါပေမယ့် ခု နင်လုပ်နေတာတွေက အလကား အရေးမပါတွေပဲ... ဒီရဲ့ ကမ္ဘာကြီးမှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းကပဲ အရေးပါတယ်... နင် တိုက်ခိုက်ပြီး ရယူဖို့ ကြိုးစားနေတာတွေက ဘာမှ အရေးမပါဘူး... နင် အဲ့လိုလုပ်လို့လည်း ဘယ်သူကမှ ကျေးဇူးတင်မှာ မဟုတ်ဘူး...."
"ငါသိတယ်....."
"အဲ့တာဆို နင်ဘာလို့ အဲ့လိုလုပ်နေတာလဲ...."
ကျောက်ဝေ ပြောလိုက်ပြီး "နင့်ကြည့်ရတာလည်း ပရဟိတ စိတ်ဓာတ်ရှိတဲ့ပုံလည်း မပေါ်ပါဘူး..."
"ဘာလို့လဲဆိုတော့ မင်းက အောက်ခြေလွတ်လွန်းလို့ပဲ.. ငါအဲ့တာကို ကြည့်မရဘူး.. ရှင်းရှင်းလေး...."
"........."
ဒူ ဒူ ဒူ ....
ထို အခိုက်အတန့်တွင် ကျောက်ဝေ၏ ဖုန်းသံ မြည်လာခဲ့၏။
ဖုန်းပြန်ဖြေပြီးနောက် ကျောက်ဝေ လင်းရီနှင့် မျက်နှာချင်းဆိုင် ရပ်ကာ "ငါခု ဆေးရုံကနေ ဆင်းတော့မယ်... နောက်ဘယ်တော့မှ ပြန်မတွေ့ဖို့ မျှော်လင့်ပါတယ်... ဒါပေမယ့် ငါနင့်ကို တစ်ခု သတိပေးလိုက်ဦးမယ်...."
"ကျေးဇူးပြုပြီး...."
"တကယ်တော့ နင်ငါ့ကို အနိုင်ယူလိုက်နိုင်တယ်ဆိုတာက တကယ်တမ်းကျတော့ ဘာမှ မဟုတ်ဘူး...."ကျောက်ဝေ ပြောလိုက်ပြီး "ငါက အဲ့ဒီ အရင်းရှင်တွေ လက်ထဲက နယ်ရုပ်လေးတစ်ခုပဲ... ပြီးတော့ တကယ့် အကောင်အကြီးစားကြီးတွေကလည်း ဒီလို ကလေးကွက်တွေနဲ့ စိတ်ရှုပ်ခံနေမှာ မဟုတ်ဘူး... နင် အဲ့လို အဆင့်ရှိတဲ့ လူတွေနဲ့ နကြုံတွေ့တဲ့ အခါကျရင် ကျော်ကြားမှုနဲ့ အခွင့်အလမ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ နင်သိလာပါလိမ့်မယ်.... "
"ငါလည်း တစ်ခု ပြောလိုက်ဦးမယ်.. ငါ့မှာ ရှိတာ ဒါအကုန်ပဲလို့ မင်းဘယ်လိုလုပ်ပြီး သိလဲ... "လင်းရီ ကျောက်ဝေကို ပြုံးပြလိုက်ပြီး "ပြီးတော့ ငါက ဒီတိုင်းသာမန်ခွဲစိတ်ဆရာ၀န်လေးပဲလို့ မင်းကဘာလို့ အဲ့လောက်တောင် သေချာနေတာလဲ...."
ရုတ်တရက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကျောက်ဝေ နေရာမှာတင် တောင့်တင်းသွားခဲ့သည်။
မှန်၏။ သာမန် ခွဲစိတ်ဆရာ၀န်က လျန်ရူရွှယ်ကို ထိန်းချုပ်နိုင်ပါမည်လော။
"ကောင်းပြီ ဆေးရုံက ဆင်းတော့..."လင်းရီ ကျောက်ဝေ၏ ပခုံးကို ပုတ်ပြီး ပြောလိုက်၏။
ကျောက်ဝေကတော့ အရေးမစိုက်ပဲ သူမ၏ ပစ္စည်းများနှင့်အတူ ဘေလ်ရှင်းရန် ဌာနသို့ ထွက်လာခဲ့လေသည်။
"ဒါရိုက်တာလီ.... ကျွန်မ ဆေးရုံဆင်းချင်တယ်..."
"ချောင်ရှင်း သူ့ကို ဘေလ်တွက်ပေးလိုက်...."
"ဟုတ်ကဲ့...."
မိနစ်အနည်းငယ်ကြာပြီးနောက် ချောင်ရှင်းမှ "စုစုပေါင်း ကျသင့်ငွေက ယွမ် ၁၂,၄၈၀ ပါရှင့်... ရှက်က ယွမ် ၁၀,၀၀ ပေးထားတယ်ဆိုတော့ နောက်ထပ် ၂,၄၈၀ ပဲ ပေးရတော့မှာပါ...."
"အဲ့လောက်တောင် ဈေးကြီးတယ်လား..."ကျောက်ဝေ အံ့အားသင့်သွားခဲ့သည်။ သူမ အကြိမ်ရေအနည်းငယ်ခန့် သတိလစ် မေ့မြောသွားခဲ့သော်လည်း ကျသင့်ငွေမှာ ထိုမျှ မများသင့်ချေ။
"တကယ်လို့ သာမန်ဆေးဝါးတွေပဲ သုံးမယ်ဆိုရင်တော့ ယွမ် လေးထောင်လောက်ပဲ ကျသင့်မှာပါရှင့်...."ချောင်ရှင်း ပြောလိုက်ပြီး "ဒါပေမယ့် ဒါရိုက်တာလင်း ပြောတာတော့ ရှင်က အကောင်းစားတွေမှ ကြိုက်တယ်ဆိုလို့ နိုင်ငံခြားက တင်သွင်းတဲ့ ဆေးဝါးတွေပဲ အသုံးပြုပေးထားတာပါ...ဒါကြောင့်မို့ ကျသင့်ငွေက ပိုများသွားတာ....."
ကျောက်ဝေ လဲကျလု မတတ် ဖြစ်သွားခဲ့၏။
"နင်က အခွင့်အရေးကို ရသလောက် ယူတာပဲနော်... ဆေးရုံမှာတောင် အလွတ်မပေးဘူး...."
"ဆေးဝါးတင်သွင်းခ ၊ ကုန်ကြမ်း ၊ ပြီးတော့ အလုပ်သမားခ ၊ သယ်ယူပို့ဆောင်ခတွေ တွက်ချက်ကြည့်ရင်တော့ ဒီလောက်ကျတာက ပုံမှန်ပဲလေ... "လင်းရီ ပြောလိုက်ပြီး " အထူးသဖြင့်တော့ Pfizer ရဲ့ ibuprofenပေါ့... မင်းရဲ့ ရောဂါအတွက် အကောင်းဆုံးပဲလေ... ခု ၂၈၉ ယွမ်ပဲ ကျသင့်တော့မှာ .. မင်းအတွက် ဆယ်ဘူး ပြင်ထားပေးတယ်....ပြန်သွားရင်လည်း ပုံမှန်သောက်ပေးဦး...."
"နင်...." ကျောက်ဝေ ရင်ဘက်ကို ဖိနှိပ်ထားရင်း လင်းရီကို ဒေါသတို့ အကြီးအကျယ် ထွက်နေလေသည်။
လင်းရီကို မြင်လိုက်တိုင်း သူမအသက်တစ်ရက် တိုသွားသည်ဟု ခံစားမိနေတော့၏။
"ဒီလိုဆို မဖြစ်သေးဘူးနော် မဒမ်ကျောက်... ဆေးရုံမှာ နောက်ထပ် ရက်နည်းနည်းလောက် နေပါဦးလား... ပိုပြီး စိတ်ချသွားရတာပေါ့..."ချောင်ရှင်းမှ ပြောလိုက်သည်။
"ရပြီ.. သူနဲ့ ဝေးဝေးနေရင်ကို အဆင်ပြေနေပြီ...."
"ပြီးတာပဲလေ..."
ချောင်ရှင်း ပြေစာ ပေးလိုက်ပြီး ကျောက်ဝေမှ ကတ်ဖြတ်လိုက်၏။
"အပြင်မှာ ပြန်တွေ့ကြတာပေါ့.... "
"တော်ပါပြီ... ငါ့ကို ရက်နည်းနည်းလောက်တော့ အသက်ရှင်ခွင့်လေးလည်း ပေးပါဦးဟဲ့...."
"သူထွက်သွားတော့မယ်ဆို တော့ အစ်ကိုရီ သတိရနေမှာလားဟင်...."
"ဒါပေါ့ကွ... ဘယ်သူက ဒီလို သိုး၀၀ကြီးကို မလွမ်းပဲ နေနိုင်မှာ.... "
လင်းရီ ခြေတင်လျိတ်လျက် ပြောလိုက်၏။
"ဒါပေမယ့် ငါ့အထင်တော့ ဌာနပြောင်းပြီး စိတ်ရောဂါ အထူးကုဌာနသွားသင့်တယ်လို့ ထင်တာပဲ...."
"ဘာလို့လဲ....."
"ဒီအမျိုးသမီးရဲ့ စိတ်အခြေအနေက သိပ်မဟန်ဘူး... နောက်ရက်အနည်းငယ်လောက်ကြာရင် စိတ်ရောဂါအထူးကု ဌာနမှာ ပြန်တွေ့ရလောက်တယ်... အဲ့ခါကျရင် သူနဲ့ ဆက်ကစားပေးရမယ်လေ....”