← Chapters

နတ်သမီးတမျှ လှပသူလေး

Vol. 30 Ch. 443

နတ်သမီးတမျှ လှပသူလေး

Vol. 30 Ch. 443

ကျောက်ဝေထွက်ခွာသွားပြီးနောက် လီချူးဟန် အစီရင်ခံစာ တစ်စောင်ကို လင်းရီနှင့် ချောင်ရှင်းတို့လက်ထဲ ထည့်ပေးလိုက်၏။

"ဒါက မနက်ဖြန် ခွဲစ်တ်မှုလုပ်ရမယ့် လူနာတွေရဲ့ အချက်အလက်ပဲ.....နင်တို့ တစ်ချက်လောက် ကြည့်ကြည့်လိုက်...."

"အိုကေ...."လင်းရီ သာမန် တုံ့ပြန်လိုက်သည်။

"ငါ ဆေးရုံကို ပြောပြီးသွားပြီ... နင် မနက်ဖြန်ကနေ စပြီးတော့ အိမ်တိုင်ရာရောက် ဆေးလိုက်ကုလို့ရပြီ... ရှောင်ချောင်... နင်လည်း ခုက စပြီးတော့ နင့်ရဲ့ အစ်ကိုရီကိုပဲ အစီရင်ခံလိုက်တော့... နားမလည်ရှိရင်တော့ ငါ့ကို လာမေးလို့ရတယ်...."

"အွန်း အွန်း...."

ချောင်ရှင်း လင်းရီကို ကြည့်လိုက်ပြီး "အစ်ကိုရီ ဂုဏ်ပြုပါတယ်နော်... မနက်ဖြန်ဆိုရင် လွတ်လွတ်လပ်လပ် ဆေးကုလို့ရပြီ...."

ဆရာ၀န်အသစ် တစ်ယောက်အတွက်တော့ လွတ်လွတ်လပ်လပ် အိမ်သို့ ပင့်ဖိတ်ခံရပြီး ဆေးကုသပေးရမည်မှာ ဂုဏ်ကျက်သရေတစ်ခုပင် ဖြစ်၏။

ဟွာရှန်း ဆေးရုံ၏ သမိုင်းတွင် လင်းရီမှာ ထိုသို့ပြုလုပ်နိုင်သည့် ပထမဦးဆုံးသော ဆရာ၀န်အသစ်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

"နင့်ရဲ့ အစ်ကိုရီဆီကနေလည်း ‌သင်ယူဦး... နင်တို့နှစ်ယောက်က တစ်ချိန်တည်း လာပြီးတော့မှ လင်းရီကို ကြည့်လိုက်စမ်း... နင့်ကိုယ်နင်လည်း ပြန်ကြည့်လိုက်ဦး... "

လီချူးဟန် လင်းရီကို အပြုံးလေးဖြင့် စကားပြောနေသည်ကိုမြင်တော့ ၀မ်ဇီရီ၏ အမူအရာမှာ ရုပ်ဆိုးသွားခဲ့သည်။

သူက ပြုံးတတ်သေးတာလားဟ... ဘာလို့ လင်းရီအပေါ် ဒီလောက် ကြင်‌နာနေရတာ....

ဖြစ်နိုင်တာက သူ့ကို စိတ်၀င်စားနေလို့များလား....

အဲ့တာကတော့ လုံး၀ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး....

"ခစ်ခစ်... အစ်ကိုရီက အမြဲတမ်း ကျွန်မထက် တော်နေလျက်ချည်းပဲလေ...."

ချောင်ရှင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "အစ်ကိုရီ အိမ်ပင့်ဖိတ် ကုသလို့ရတဲ့ သမားတော်ဖြစ်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ညီမ အားလုံးကို နေ့လည်စာ ၀ယ်ကျွေးမယ်...."

"ရှောင်ချောင်... ငါပဲ ကျွေးလိုက်မယ်ဆိုကော... ငါက ဒီမှာ အသစ်ရောက်လာတာဆိုတော့ လူတိုင်းနဲ့ ရင်းနှီးသွားအောင် နေ့လည်စာ ၀ယ်ကကျွေးလိုက်တာပေါ့...."၀မ်ဇီရီမှ ပြောလိုက်သည်။

"ကျွန်မကတော့ မကောင်းဘူးထင်တာပဲ.... ဒါရိုက်တာ၀မ်က ခုမှ ရောက်လာတာဆိုတော့ အဲ့လိုလုပ်ခိုင်းရင် အားနာစရာကြီး......"

"အသေးအမွှားလေးပါ... ဘယ်လောက်မှ ကျတာလည်း မဟုတ်ပဲနဲ့... ငါ့အတွက်တော့ အဲ့လောက်လေးက သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတယ်..."

၀မ်မာဇီ ပြုံးလျက် ပြောလိုက်ပြီး "ငါပဲ ကျွေးလိုက်တော့မယ် ချောင်လေး... မင်း လာမလုနဲ့တော့...."

"ပြီးတာပဲလေ... အဲ့တာဆိုလည်း ဒါရိုက်တာ၀မ်ပဲ ကျွေးလိုက်တော့..."ထမင်းတစ်နပ်သာ ဖြစ်သောကြောင့် ချောင်ရှင်း အငြင်းသန်မနေတော့ချေ။ ထို့ပြင် သူမလည်း ပိုက်ဆံ ချွေတာရာ ရောက်သည် မဟုတ်ပါလော။

"အိုကေ... အဲ့တာ‌ဆိုအတည်ဖြစ်သွားပြီ... "၀မ်ဇီရီ သူ့ဖုန်းကို ကိုင်ထားပြီး "နေ့လည်တောင် ရောက်တော့မယ်ဆိုတော့ ခုပဲ ကြိုမှာထားလိုက်တော့မယ်... ငါ မှတ်မိတာ မှန်မယ်ဆိုရင် နှလုံးအထူးကု ဌာနမှာ လူ ၂၈ ယောက် ရှိတာမလား.."

"ဒါရိုက်တာ၀မ်က အားလုံးကို ကျွေးမလို့လား... အဲ့လိုဆို အများကြီး ကုန်မှာနော်...."

"အေးဆေးပါ... အဲ့လောက်လေးကတော့ ပါးပါးလေးပဲ...."၀မ်မာရီ ဂုဏ်ယူစွာ ပြောလိုက်ပြီး "အစားအသောက်တွေ မှာရတာကတော့ လွယ်ပါတယ်... ဒါပေမယ့် စတားဘက်ခ်က တစ်ခါတည်း ကော်ဖီတွေ အများကြီး လုပ်နိုင်ပါ့မလားလို့.... "

"ဒါရိုက်တာဇီက စတားဘက်ခ်ကော်ဖီပါ မှာချင်နေသေးတယ်ပေါ့.... တစ်ခွက်ကို ယွမ် ၄၀ ဆိုတော့ တကယ်လို့ ၂၈ ခွက်မှာမယ်ဆိုရင် ယွမ် ၁၀၀၀ ကျော်တောင် ကျမှာ... နေ့လည်စာဖိုးတောင် ထည့်မပေါင်း ရသေးဘူးနော်...."

"ကျုပ်အတွက်တော့ အဲ့လောက်လေးက အေးဆေးပါလို့ မပြောခဲ့ဘူးလား... ပြီးတော့ ကျုပ်က အမေရိကမှာ ပါရဂူဘွဲ့ယူလာခဲ့တဲ့ကောက်ဆိုတော့ ဟိုမှာ ထမင်းစားပြီး ကော်ဖီသောက်တတ်တဲ့ အကျင့်က စွဲနေတာ.... မသောက်ရရင် နေလို့ထိုင်လို့ မကောင်းဘူး...."

လင်းရီကတော့ ဆွံ့အလျက်ရှိ၏။

ဒီကောင် သရုပ်ဆောင်တာကြီးကလည်း မပီပြင်လိုက်တာကွာ...

၀မ်မာဇီ သူ့ဖုန်းဖွင့်၍ အော်ဒါများကို စတင်မှာယူလေသည်။ ကျန်သူများကလည်း ၀မ်မာဇီ နေ့လည်စာ၀ယ်ကျွေးမှာကို သဘောတူလိုက်ကြ၏။

မည်သို့ပင်ဆိုစေ ပိုက်ဆံကုန်မှာက သူတို့ မဟုတ်သောကြောင့် ၀မ်မာဇီ မည်မျှ မှာစေကာမူ ပျော်ပျောရွှင်ရွှင်နှင့် ခွင့်ပြုလိုက်ကြလေသည်။

တစ်နာရီကြာပြီးနောက် အစားအသောက် ဒီလီပို့သည့် ကောင်လေးတစ်ဦးနှင့် စတားဘက်ခ် ဒီလီပို့သည့် အမျိုးသားတို့ အသီးသီးရောက်ရှိလာခဲ့ကြ၏။

သူတို့အားလုံး လက်ထဲတွင် ပုံးအကြီးကြီး တစ်ပုံးကို သယ်လျက် နှလုံးအထူးကုဌာနသို့ ရောက်ရှိလာခဲ့လေသည်။

"ဒေါက်တာ၀မ်က ဘယ်သူဘာလဲဗျ... အစားအသောက် အော်ဒါလာပို့တာပါ..."

"ကျွန်တော်က စတားဘက်ခ် ဒီလီလာပို့တာပါဗျ...."

"ကျုပ်ပါပဲ... စားပွဲပေါ်မှာ တင်ခဲ့လိုက်ပါ...."

၀မ်ဇီရီ မတ်တပ်ရပ်ပြီး ပြောလိုက်၏။

ဒီလီလာပို့သည့် အမျိုးသားနှစ်ဦးလုံး ၀မ်ဇီရီ၏ ပစ္စည်းများကို စားပွဲပေါ်တွင် တင်ပြီး ထွက်ခွာသွားခဲ့ကြလေသည်။

ထို့နောက် ၀မ်ဇီရီမှ အပြင်ဘက်ရှိ နာ့စ်များကိုကြည့်ကာ "ကျုပ် ဒီနေ့ လူတိုင်းကို နေ့လည်စာ ကျွေးပါတယ်... အစားအသောက်တွေ ရောက်လာပြီဆိုတော့ အားလုံးပဲ လာယူကြပါ....."

၀မ်ဇီရီ၏ စကားလုံးများကို ကြားတော့ နာ့စ်အသီးသီးမှ ဌာနထဲသို့ ရောက်လာခဲ့ကြသည်။

သူမတို့၏ လစာ၀င်ငွေမှာ သိပ်မမြင့်မားပေ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ ယခုလို ၀ယ်ကျွေးသည့် အတွက် အပျော်ကြီး ပျော်နေကြတော့၏။

စားပွဲနောက်တွင်တော့ ၀မ်ဇီရီ စတားဘက်ခ် ကော်ဖီဘူးများကို တစ်ခုပြီးတစ်ခု ထုတ်နေလေသည်။

"ဒေါက်တာလီ... ဒါက ကျုပ် ဒေါက်တာလီအတွက် အထူးမှာထားပေးတဲ့ caramel latte လေး... မြည်းကြည့်ပါဦး...."

"ကျေးဇူးပဲ..."လီချူးဟန် ခေါင်းညိ့မ်လိုက်၏။

"‌ဒါရိုက်တာလီက ကြင်နာလွန်းနေပါပြီ... "သို့နှင့် ၀မ်ဇီရီ နောက်ထပ် ကော်ဖီဘူးများကို ယူကာ ကျန်သူများကို ‌ဆက်‌လက် ဝေပေးလိုက်၏။

"ခေါင်းဆောင်ကျိန်း... ဒါက ခင်များကြိုက်တဲ့ espresso....."

"ကျေးဇူးပါ ဒါရိုက်တာ၀မ်..."ကျိန်းပင်းကျန်း အပြုံးလေးဖြင့် ပြောလိုက်သည်။

နောက် မိနစ်အနည်းငယ် အတွင်း ၀မ်ဇီရီ ကန်သင်းမှ အစားအသောက်များ ဝေပေးသည့် အန်တီကြီးများ အတိုင်း တစ်ယောက်ပြီး တစ်ယောက် လိုက်ဝေပေးနေတော့၏။

"ဒေါက်တာဂျိုး.... ဒါက ခင်များအတွက်..."

"ဟုတ် ... ကျေးဇူးပါ ဒါရိုက်တာ၀မ်... နောက်လည်း များများ ကျွေးနိုင်ပါစေဗျာ...."

နောက်ဆုံး ချောင်ရှင်းကို ဝေပြီးသည့်အချိန်တွင်တော့ ၀မ်ဇီရီ၏ စားပွဲတွင် ကော်ဖီမကျန်တော့ပေ။

" ဘာတွေလဲဖြစ်နေတာ... ဘာလို့ ငါ့ပေးတဲ့ဘူးက နောက်ဆုံးဘူး ဖြစ်နေရတာလဲ... အစ်ကိုရီက ခုထိ ဘာမှ မရသေးဘူးလေ...."

"အိုက်ယား... ကျုပ်ကလည်း မှားတတ်လိုက်တာ... လူ နှစ်ဆယ့်ရှစ်ယောက်ရှိတာကို နှစ်ဆယ့်ခုနစ်ယောက်ပဲ ရှိတယ်ထင်ပြီး အဲ့လောက်ပဲ မှာမိလိုက်တယ်... "၀မ်ဇီရီ လင်းရီကို စိတ်မကောင်းဖြစ်ဟန်ဖြင့် ကြည့်လိုက်ပြီး "‌ဒါရိုက်တာလင်း... စိတ်တော့ မရှိပါနဲ့ဗျာ.... ကိုယ့်ဘာကိုယ် အော်ဒါမှာစားဖို့ ဒုက္ခပေးရတော့မှာပဲ...."

လီချူးဟန်နှင့် ချောင်ရှင်းတို့ အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။ ၀မ်ဇီရီမှ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည်ဟု ခံစားမိနေကြ၏။

သူ သေချာပေါက် နှစ်ဆယ့်ရှစ်ယောက် ယောက်လို့ ပြောလိုက်တာပါ... ဘာကို နှစ်‌ဆယ့်ခုနစ်ယောက်ပဲ ရှိတယ်ထင်နေတာလဲ....

"အစ်ကိုရီ.. ညီမရဲ့ ကော်ဖီသောက်လိုက်လေ.. ညီမက နေ့လည် ဝိတ်ချနေတာဆိုတော့ အသီးပဲ စားလိုက်တော့မယ်..."ချောင်ရှင်း ပြောလိုက်၏။

"ဘာဆိုင်လို့ အသီးစားမှာ... ငါလည်း ကိုယ့်ဘာကိုယ် မှာစားလို့ရပါတယ်ကွ.... "

"ရှောင်ချောင်.. အဲ့တာက ငါမင်းအတွက် တကူးတက မှာထားပေးတဲ့ cappuccino နော်... မိန်းကလေးတွေ သောက်ဖို့ အရမ်းသင့်လျော်တာ... နင် သူများကို တိုက်လိုက်လို့ မရဘူး....ဒါရိုက်တာလင်း သူစားချင်တာ မှာစားပါစေ....."

ဒုန်း ဒုန်း ဒုန်း ...

ထိုအခိုက်အတန့်တွင် လူတိုင်း တံခါးခေါက်သည့် အသံကို ကြားလိုက်ကြရ၏။

ထို့နောက် သာယာညှင်သာသည့် အသံတစ်သံမှာ အပြင်ဘက်မှ ထွက်လာခဲ့လေသည်။

"တစ်စိတ်လောက်ပါ...ဒီမှာ ဒေါက်တာလင်း ရှိလား မသိဘူး...."

ဥဩငှက် တေးသီသကဲ့သို့ သာယာသည့် အသံကိုကြားလိုက်သည်တွင် ဌာနရှိလူတိုင်း တံခါးပေါက်၀သို့ လှည့်ကြည့်လိုက်ကြ၏။

အံ့အားသင့်မိစွာဖြင့် ထိုနေရာ၌ အရပ်အမောင်း မြင့်မားပြီး လှပပြေပြစ်သည့် ကိုယ်လုံးကိုယ်ပေါက်ဖြင့် ဆံပင်ရှည်ရှည် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

အမျိုးသမီးမှာ နို့နှစ်ရောင် တစ်ဆက်တည်း ၀တ်စုံကို ၀တ်ဆင်ထားပြီးကြယ်သီးများမှာ ရင်ဘက်မှ စကတ်အနားစအထိ ကန့်လန့်ဖြတ် သွယ်တန်းထားပြီး သူမ၏ အသားအရေမှာ ကျောက်စိမ်းတုံးကဲ့သို့ ၀င်းမွတ်ချောမွေ့နေကာ ဆံချည်မျှင်တို့မှာလည်း ပိတုန်းရောင်ကဲ့သို့ နက်မှောင်တောက်ပနေလေသည်။ သူမ၏ မျက်လုံးအစုံထဲတွင်တော့ ညင်သာသည့် အကြည့်တို့က လွှမ်းမိုးထား၏။

ထိုအမျိုးသမီးမှာ လှရက်လွန်း၍ ကောင်းကင်မှ ပစားပေးထားရသည့် နတ်သမီးလေးအလားပင်။ သူမ မျက်မှောင်ကြုတ်လိုက်ပါက ကောင်းကင်မှာ မိုးထစ်ချုံးလာပြီး သူမပြုံးလိုက်လျှင်တို့ သက်တံနှင့် တေးသီငှက်တို့ တွန်ကြူးလာပေလိမ့်မည် ။ ထိုအမျိုးသမီး၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ကမ္ဘာလောကကြီးတစ်ခုလုံးကို သက်ရောက်နေသည့်အလားပင်။

"သူက ဒီဘာလာလုပ်တာပါလိမ့်..."လင်းရီ သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။

ထိုအမျိုးသမီးကတော့ ကျီချင်းရန်မှတစ်ပါး အခြားသူ မဟုတ်ခဲ့ပေ။

"ငါ ဒီရောက်နေပြီလေ... နင်ကဘာလို့ ခုထိ ထွက်မလာသေးတာလဲ...."

လင်းရီကို မြင်‌တော့ ကျီချင်းရန် သူမ၏ ပါးချိုင့်လေးများ ပေါ်လာသည်အထိ ပြုံးပြလိုက်၏။

ထို့နောက် လင်းရီထံသို့ ရောက်လာခဲ့ပြီး "ငါ နေ့လည်ပိုင်း အားနေလို့ နင့်ဆီ နေ့လည်စာဘူး လာပို့တာလေ..."

သူတိူ့ရှေ့ရှိ လှပသည့် အမျိုးသမီးမှာ လင်းရီအတွက် နေ့လည်စာဘူး လာပို့သည်ကို ကြားသိရတော့ ဌာနတစ်ခုလုံးရှိ အမျိုးသားတိုင်း မနာလိုလွန်း၍ မျက်နှာများ စိမ်းပြာသွားခဲ့ကြသည်။

သူတို့ မျက်လုံးထဲတွင်တော့ ကျီချင်းရန်မှာ

လနတ်သမီး‌လေးနှင့် အလားသဏ္ဌာန်တူပြီး လူတိုင်းမှ ငေးမောနေရမည့် သူဖြစ်၏။

ထို့ပြင် သူမမှာ လီချူးဟန်ထက်ပင် သာလွန်နေပါသေးသည်။

ဖြစ်နိုင်တာက ဒါရိုက်တာလင်းရဲ့ ကောင်မလေးများလား...

ဖြစ်နိုင်တယ်... မဟုတ်ရင် နေ့လည်စာ လာပို့ပေးမှာ မဟုတ်လောက်ဘူး...

"ငါလည်း ဘာမှ မမှာရသေးတာနဲ့ ကွက်တိပဲပေါ့...."လင်းရီလည်း ပြုံးလိုက်၏။

"ငါ နင့်အတွက် ဦးလေးကုန်းဆီကနေ ဥထမင်းကြော်နဲ့ အမဲသားနှပ် ၀ယ်ခဲ့ပေးတယ်.... ပြီးတော့ တီချယ်ကျန်းကလည်း ငါနင့်ဆီ ထမင်းဘူး လာပို့ပေးမယ်ဆိုတာကိုသိတော့ ၀က်နံရိုးကြော်တွေ တကူးတက လုပ်ပေးလိုက်သေးတယ်လေ... မြန်မြန်လေး ပူတုန်းစားကြည့်ကြည့်...."

"ဒါပေါ့... စားရမှာပေါ့ဟ...."

လင်းရီ နေ့လည်စာဘူးကို ကိုင်လျက် မတ်တပ်ရပ်လိုက်ပြီး "ကိုယ့်လူတို့ ဒီမှာ စားကြဦးနော်.. ကျုပ် မနှောင့်ယှက်တော့ဘူး..."

သို့နှင့် လင်းရီနှင့် ကျီချင်းရန်တို့နှစ်ယောက် လီချူးဟန်၏ နားနေခန်းထဲသို့ ရောက်လာခဲ့ကြလေသည်။

နှစ်ယောက်အတူ ထွက်ခွာသွားသည့် ပုံရိပ်ကို မြင်တော့ ၀မ်ဇီရီ ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်လိုက်သည်။

ဘာလို့ အရမ်းလှတဲ့ အမျိုးသမီးတိုင်းက ဒီကောင့်နားမှာပဲ ဝိုင်းအုံနေကြတာလဲဟ....

ကောင်းကင်ကြီးက လုံး၀ မမျှတဘူး....

"မယူလာပေးလည်း ရနေတာကိုပဲ... ငါ ဒီနေ့အလုပ်ဆင်းရင် မင်းနဲ့ အတူ ညနေစာစားမလို့ လုပ်နေတာ..."

"နင်က ဘယ်အချိန် အလုပ်ဆင်းမလဲဆိုတာ ငါမှမသိတာ... ပြီးတော့ ငါတို့ အတူ ထမင်းမစားရတာတောင် ကြာနေပြီလဲ... ဘာမှ လုပ်စရာမရှိတာနဲ့ နင့်အတွက် လာပို့ပေးလိုက်တာလေ...."

"အလျှောက်ကတော့ မဆိုးပါဘူး......"

ကျီချင်းရန် မေးထောက်လျက် လင်းရီကို ပြုံးပြလိုက်ပြီး သူမ မျက်၀န်းများထဲတွင်တော့ ညင်သာမှုများဖြင့် ပြည့်နှက်နေလေသည်။

"ငါက မကောင်းဘူးလား..."

"အေးပါ အေးပါ မင်းလေးကပဲ ငါ့အပေါ် အကောင်းဆုံး အမျိုးသမီးလေးပါ.... "

"ခစ်ခစ်... နင်က အနည်းဆုံးတော့ ဘယ်လိုစကားပြောရမလဲဆိုတာတော့ သိသေးသားပဲ...."

"နင် စားချင်တာ မရှိဘူးလား... မနက်ဖြန် ငါယူလာခဲ့ပေးမယ်လေ...."

"အလုပ်ရှုပ် ခံမနေနဲ့.. ငါက ဒီကို အတွေ့အကြုံ ခံစားရုံသပ်သပ်ပဲ.. ကြိုက်တဲ့အချိန် ထွက်သွားလို့ရတယ်... ငါ့ရဲ့ အလုပ်ချိန်တွေ ပုံမှန်ဖြစ်သွားတဲ့ အခါကျရင် မင်းနဲ့အတူ ထမင်းစားဖို့ အချိန်တွေ အများကြီး ရှိသွားပြီ...."

"အွန်း... အဲ့လိုလည်း ရတာပဲလေ...."

နှစ်ယောက်သား လီချူးဟန်၏ ရုံးခန်းထဲတွင် ရိုးရှင်းစွာ နေ့လည်စာစားပြီးနောက် နှုတ်ဆက်လိုက်ကြလေသည်။

လင်းရီ ဌာနသို့ ပြန်ရောက်လာသည့်အခါ ချောင်ရှင်း၊ ယွမ်စီးချီနှင့် ကျန်သည့် နာ့စ်များမှာ ကိစ္စတစ်ခုကို အလေးအနက်ထား၍ ဆွေးနွေးနေကြသည်ကို မြင်တွေ့လိုက်ရ၏။

"ဘာတွေများ အဲ့လောက်ထိ အသည်းအသန် ဆွေးနွေးနေကြတာလဲဟ..."

လင်းရီ ၀င်လာသည်ကို မြင်တော့ ချောင်ရှင်း သူထိုင်ရန်အတွက် ထိုင်ခုံတစ်လုံး ဆွဲယူပေးလိုက်ပြီး "အစ်ကိုရီ .. စောနတုန်းက အလှလေးက အစ်ကို့ရဲ့ ကောင်မလေးလား...."

"ဘယ်နားကသာ... အဲ့ကောင်မလေးက ငါ့နောက် လိုက်ပိုးပန်းနေတဲ့ ကောင်မလေးပါကွာ... သိတယ်မလား.. မင်းအစ်ကိုက ရုပ်အရမ်းချောတော့ မိန်းကလေးတွေကြားထဲမှာ အရမ်းပေါ်ပြူလာဖြစ်တာလေ.... "ပြောပြီးနောက် သက်ပြင်းချကာ

"ငါလည်း ဘယ်တတ်နိုင်ပါ့မလဲကွာ... ချောမောလွန်းတဲ့ ကိုယ့်ရုပ်ရည်ကိုပဲ အပြစ်တင်ရတော့မယ်...."

"ဟမ့်.... ဘယ်လောက်တောင် ကြွားဝါလိုက်လဲ...."

၀မ်ဇီရိမှ ရှုံ့မဲ့နေသည့် အမူအရာဖြင့် နောက်မှနှာခေါင်းရှုံ့လိုက်သည်။

‌"အစ်ကိုရီက အရမ်းအံ့ဩဖို့ကောင်းတာပဲ...

ချောင်ရှင်း ပြောလိုက်ပြီး "ညီမတို့က သူ၀တ်ထားတဲ့ ၀တ်စုံအကြောင်း ဆွေးနွေးနေကြတာ... အဲ့ဒီ၀တ်စုံ ဘာဘယ်ရီရဲ့ နောက်ဆုံးထွက် ဒီဇိုင်းထင်တာပဲ....ပြောသံကြားတာတော့ တစ်ထည်တစ်ထည်ဆို ယွမ် ရှစ်သောင်းလောက် ရှိတယ်....”

All Chapters