မင်းတစ်မိသားစုလုံးကို မျိုးဖြုတ်တော့မယ်လို့တော့ ငါ့ကိုလာမပြောနဲ့
Vol. 30 Ch. 444
"ဖြစ်နိုင်လောက်တယ်...."လင်းရီ ပြောလိုက်ပြီး
"သူက ကုမ္ပဏီရဲ့ စီအီးအိုလေ.. ယွမ်ရှစ်သောင်းလောက်ရှိတဲ့ ၀တ်စုံတစ်စုံက သူ့အတွက်တော့ ဘာမှ မဟုတ်ဘူး..."
"ဝိုး... အဲ့လောက် ချမ်းသာတဲ့သူက အစ်ကိုရီကို ပိုးပန်းနေတယ်ဆိုတော့ အစ်ကိုရီက အံ့ဩဖို့ ကောင်းလွန်းသွားပြီ.... "
"တကယ်လို့ ညီမကိုသာ ရုပ်ချောပြီး အရမ်းချမ်းသာတဲ့ ကောင်လေးတစ်ယောက်သာ ပိုးပန်းခဲ့လို့ကတော့ ညီမ ဆရာ၀န် ဆက်မလုပ်တော့ဘူး...." ချောင်ရှင်း ပြောလိုက်၏။
"အဲ့ဒီ ၀တ်စုံက ညီမတို့ လစာရဲ့ တစ်၀က်နီးနီးလောက် ရှိတယ်ကော် ...." အခြား နာ့စ်လေးများမှလည်း ဆိုလိုက်ကြ၏။
" အဲ့တာတွေက လောကီ၀တ္ထုတွေ... ဘာမှ သိပ်အလေးထားမနေနဲ့....ငါတို့က နိုင်ငံရဲ့ ဆေးနယ်ပယ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးပြီးတော့ လူတိုင်းကို သက်ရှည်ကျန်းမာစေရမယ်... အဲ့ဒါကမှ မွန်မြတ်တဲ့ အလှတရားပဲ..."လင်းရီ နား၀င်ချိုသည့် စကားလုံးလှလှတို့ဖြင့် ကိုယ်ရည်သွေးလိုက်၏။
" အွန်း .. အဓိကက အစ်ကိုရီက အရမ်းချောနေတော့ ရွေးချယ်လို့ ရတယ်လေ.. ညီမတို့ကတော့ ဘယ်ရမှာ..."
"အဲ့လို မပြောစမ်းပါနဲ့... ရှင်းရှင်းမှာလည်း အစ်ကိုရီတစ်ယောက်လုံး ရှိသေးတယ် မဟုတ်ဘူးလား... လာပါဦး... ဒီအစ်ကိုက မင်းကို ငှက်ပျောသီးကျွေးချင်လို့..."
၎င်းကို မြင်တော့ ၀မ်ဇီရီ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
'မင်းလို မိန်းမတွေနား ချူစားတဲ့ သောက်ငမွဲကိုများ လူကောင်းလိုလို ဘာလိုလိုနဲ့ အသံကောင်းဟစ်နေလိုက်သေး....ဘယ်လောက် အရှက်ကင်းမဲ့လိုက်သလဲ....'
"ဟဲ့... နင်တို့နှစ်ယောက် ပုံမှန်လေး နေကြစမ်း.. နင်တို့က လူကြီးတွေနော်..."
လင်းရီ ချောင်ရှင်းကို ငှက်ပျောသီး တစ်ကိုက်ပြီးတစ်ကိုက် စားခိုင်းနေသည်ကိုမြင်တော့ လီချူးဟန် နေရခက်စွာဖြင့် ၀င်ပြောလိုက်တော့၏။
"ဟုတ်ကဲ့ ဒါရိုက်တာလီ..."ချောင်ရှင်း ဗလုံးဗထွေးဖြင့် ပြောလိုက်၏။ သို့သော်လည်း ငှက်ပျောသီးကိုတော့ လက်ကမချပေ။
ထို့နောက် လင်းရီ ၊ လီချူးဟန်နှင့် ချောင်ရှင်းတို့ တစ်နေ့လည်ခင်းလုံး မနက်ဖြန် ခွဲစိတ်မှုအတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရင်း အစီအစဉ်များကို ဆွေးနွေးနေခဲ့ကြ၏။
စနစ်မှ ချီးမြင့်ထားသည့် ဆရာအဆင့် ဆေးဘက်ဆိုင်ရာ စွမ်းရည်တို့ကြောင့် လင်းရီ၏ အမြင်မှာ စူးရှထက်မြက်လှပြီး ခွဲစိတ်မှုနှင့် ပတ်သက်၍ တမူထူးခြားသည့် အစီအစဉ်တို့ များစွာ ရှိလေသည်။
လီချူးဟန်နှင့် ဆွေးနွေးသည့် အချိန်တွင်တော့ သူမ လင်းရီ၏ နှံ့စပ်ကျွမ်းကျင်မှုတို့ကို အံ့ဩဘနန်း ဖြစ်သွားခဲ့ရ၏။
လင်းရီ၏ အစီအစဉ်က သူမထက်ပင် ပို၍ ပြီးပြည့်စုံနေလေသည်။
အကယ်၍ လင်းရီ၏ အတွေ့အကြုံ မရင့်ကျက်သေးမှုကြောင့်သာ မဟုတ်ပါက သူမ လင်းရီကို ခွဲစိတ်ခန်း ခေါင်းဆောင် တန်းခန့်အပ်လိုက်ပေမည်။
"ကောင်းပြီ.. ဒီနေ့တော့ ဒီလောက်ပဲ... ကျန်တဲ့ အချိန်ကိုတော့ နင်တို့ ကြိုက်သလို လုပ်ကြ တော့...."လီချူးဟန် ပြောလိုက်သည်။
"အဲ့တာဆို ကျုပ် အလုပ်ဆင်းတော့မယ်.... မနက်ဖြန်မှ တွေ့ကြတာပေါ့..."
"ကောင်းပြီ..."
နှုတ်ဆက်ပြီးနောက် လင်းရီ ကျီချင်းရန်ကို ကြိုရန် ချောင်ရန်အုပ်စုသို့ ထွက်လာခဲ့လိုက်လေသည်။
သူ ကားပါကင် ထိုးပြီးခါရှိသေး ၀မ်ရင်း ရေးကြီးသုတ်ပျာဖြင့် ဓာတ်လှေကားထဲမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။ သူမ၏ ဒေါက်ဖိနပ်သံများက အရေးကြီးသည့် တစ်စုံတစ်ရာကို ကြုံတွေ့နေရသည့်အလား မြန်ဆန်နေလေသည်။
"အစ်မရင်း... ဘာလို့များ အဲ့လောက်တောင် လောနေရတာတုန်းဗျ...."
လင်းရီ၏ အသံကိုကြားတော့ ဝမ်ရင်း၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး လင်းရီဘက်သို့လှည့်ကာ ပျော်ရွှင်စွာ ပြုံးပြလိုက်တော့၏။
"မောင်လေးရီကကော ဘယ်တွေပျောက်နေတာ... အစ်မနင်နဲ့ မတွေ့ဖြစ်တာတောင်မှ အတော်ကြာနေပြီ....."
"ကျွန်တော် ဆေးရုံမှာ ဒေါက်တာလုပ်ရင်းနဲ့ ဆေး၀န်ထမ်းတွေရဲ့ ဘ၀စတိုင်ကို တွေ့ကြုံခံစားနေတာလေ...."
လင်းရီ အပြုံးလေးဖြင့် ဆိုလိုက်သည်။
၀မ်ရင်း တခဏမျှ မတုံ့ပြန်တတ်ဖြစ်သွားခဲ့ပြီး "ဘာ ... ဘာပြောလိုက်တယ်... နင်က ဆေးရုံမှာ ဒေါက်တာလုပ်နေတယ်...."
"ဟုတ်တယ်... ကျွန်တော်က ခုဆို နှလုံးဌာနရဲ့ ဒါရိုက်တာတောင်မှ ဖြစ်နေပြီ....တစ်ခုခု ဖြစ်ရင် ကျွန်တော့်ဆီသာ လာခဲ့လိုက်ဗျာ... ဒါရိုက်တာလင်းဆို လူတိုင်းသိတယ်...."
"အစ်မတော့ နင့်ကို အရမ်းလေးစားသွားပြီ သိလား... နင် ဘာလို့ ကျောင်းဆရာဖြစ်လာပြီး Didi မောင်းလဲဆိုတာ အစ်မ နားလည်တယ်... ဒါပေမယ့် ခုကျ တကယ်ကြီး ဒေါက်တာလုပ်နေတယ်ဆိုတော့ နင်က တစ်ခုခုတော့ တစ်ခုခုပဲ.. ဒေါက်တာအလုပ်က သာမန်လူတွေ လုပ်နိုင်တဲ့ အလုပ်မျိုး မဟုတ်ဘူး.... "
"ဒါပေါ့... ကျွန်တော်က အမြဲတမ်း တမူထူးနေတဲ့သူပဲလေ....."
"အင်း... နင်က အစ်မရင်ထဲမှာတော့ အမြဲတမ်း သာမန်မဟုတ်တဲ့သူပဲ..."၀မ်ရင်း ပြောလိုက်၏။
"ဒါနဲ့ စကားမစပ် ငါနင့်ကို ပြောဖို့မေ့နေတာ... လုလု ကျိုးဟိုင် ဒရာမာ အကယ်ဒမီထဲ ၀င်ခွင့်ရသွားပြီ.. သူ့ရဲ့ အမှတ်က ကောင်းနေလို့တော့ မဟုတ်ဘူး... မောင်လေးရီရဲ့ အသိက သရုပ်တောင် ဌာနကို လွှဲပြောင်းပေးလိုက်တာလေ... အဲ့တာ မောင်လေးရီရဲ့ မိတ်ဆွေ ဘယ်နေ့တွေအားလဲ... အစ်မ သူ့ကို ထမင်းဖိတ်ကျွေးချင်လို့...."
"အသေးမွှား ကိစ္စလေးကို ထမင်းဖိတ်ကျွေးနေစရာ မလိုပါဘူး အစ်မရင်းရဲ့...."
လင်းရီ ပြောလိုက်ပြီး
" ဒါနဲ့ အစ်မရင်းကကော ဘာလို့ အလျင်စလို ဖြစ်နေတာ...."
"ဟင်း... မပြောစမ်းပါနဲ့ဟယ်... မြို့ဆင်ခြေဖုံးနားလေးက ပရောဂျက်ကို ကုမ္ပဏီက အနိုင်ရသွားတယ်မလား... လတ်တလော အဆောက်အဦးတွေ လိုက်ဖြိုချနေတယ်... ဒါပေမယ့် လူတစ်အုပ်စုက ဘယ်လိုပဲပြောပြော မဖယ်ပေးဘူး.....ပြီးတော့ ယွမ် တစ်သိန်းတောင် တောင်းလိုက်သေးတယ်... သူတို့ သေချာပေါက် ငွေညစ်နေတာပဲ....."
"အစ်မရင်း အတိတ်တုန်းကလည်း ဒီလိုအခြေအနေမျိုးတွေ ကြုံခဲ့ဖူးမှာပေါ့...."
"အင်း.. ဒါပေမယ့် သူတို့တွေက စကားပြောလို့ လွယ်တယ်.. နည်းနည်းလေး ပိုပေးလိုက်တာနဲ့ အဆင်ပြေသွားပြီ... "၀မ်ရင်း ပြောလိုက်ပြီး
"ဒါပေမယ့် ဒီတစ်ကြိမ်ကျတော့ မလွယ်ဘူး... သင့်တင့်တဲ့ စည်းမျဉ်းတွေအတိုင်းဆိုရင် ဖြိုချဖို့အတွက် ဖယ်ပေးခက တစ်စတုရန်းမီတာကို ယွမ် ၇၆,၀၀၀ .. ဒါပေမယ့် သူတို့က ယွမ် ၁၀၀,၀၀၀ တောင်းနေတယ်ဆိုတော့ ဒါကြီးက လုံး၀ကို ကျိုးကြောင်း မညီညွှတ်တာပဲ.... ပြီးတော့ အဲ့ဒီ ရပ်ကွက်က လူတွေနဲ့လည်း အစ်မရဲ့ လူတွေက အချင်းများခဲ့ကြသေးတယ်... အစ်မတို့ ဘာပဲပြောပြော နားလည်း မထောင်ကြဘူး... ဟူး တကယ်တည်း.. ဒေါသထွက်လွန်းလို့ သေသာသေလိုက်ချင်တော့တယ်.... "
လင်းရီ မေးစေ့ကို ကုတ်လိုက်ပြီး "အင်း....ကြည့်ရသလောက်တော့ လွယ်ကူတဲ့ ကိစ္စမဟုတ်လောက်ဘူး...."
"အမှန်ပဲ..."၀မ်ရင်း လင်းရီကို ကြည့်လိုက်ပြီး "ဥက္ကဌကျီက နင့်ကို အဲ့ဒီအကြောင်းတွေ မပြောပြဘူးလားတဲ့...."
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး "မပြောပြဘူး...."
"ဥက္ကဌကျီ မပြောပြဘူးဆိုတာက နင့်ကို စိတ်မပူစေချင်လို့နေမှာ.....ဒုက္ခပါပဲ... အစ်မတော့ အကုန်ပြောချမိလိုက်ပြီ...."၀မ်ရင်း ကိုးရို့ကားယားဖြစ်စွာဖြင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ်... "လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး "ခုက စောသေးတယ်ဆို တော့ ချင်းရန်က အလုပ်မဆင်းလောက်သေးဘူး...တစ်ချက် သွားကြည့်ကြမယ်လေ..."
"အစ်မနင့်ကို ခေါ်သွားပေးလို့တော့ ရတယ်.. ဒါပေမယ့် နင် တဇွတ်ထိုးတော့ မနိုင်ရဘူးနော်... တကယ်လို့ တစ်ခုခု လွဲချော်သွားမယ်ဆိုရင် ချောင်ရန်အုပ်စုရဲ့ ဂုဏ်သတင်းကို ထိခိုက်လာနိုင်တယ်....."
"မပူပါနဲ့.. ကျွန်တော်လုပ်နေတာတွေကို နားလည်ပြီးသားပါ...."
၀မ်ရင်း လင်းရီ၏ တောင်းဆိုမှုကို မငြင်းပယ်ဝံ့ပဲ မြို့ဆင်ခြေဖုံးရှိ ပရောဂျက်စမည့် နေရာသို့ ခေါ်ဆောင်သွားလိုက်လေသည်။
လမ်းတွင်တော့ လင်းရီ ကျိုးဟိုင်ထောင်ထံ ဖုန်းလှမ်းဆက်လိုက်၏။
"ဘော့စ်လင်း.. ဘာကိစ္စရှိလို့လဲဗျ...."
"ထရပ် ဆယ်စီး အသင့်ပြင်ထားပြီးတော့ ကျုပ်ကို ရှန်တီမြို့ ဟွေးဟိုင်လမ်းမှာစောင့်နေ...အဲ့ကားတွေကို အသုံးချစရာ ရှိတယ်...."
"လင်းကြီး.. မင်းက ဘာလို့ ထရပ်ကားတွေ လိုနေတာ.... ရှန်တီမြို့က ပရောဂျက် စတော့မလို့လား... အဲ့တာဆို ဆယ်စီးတည်းနဲ့ ဘယ်လောက်မှာတုန်းဟ...."
ချင်းဟန်၏ အသံကို ကြားလိုက်ရ၍ လင်းရီ အံ့ဩသွားခဲ့သည်။
"ချင်းကြီး... မင်းက ပြိုင်ပွဲကွင်းကို ရောက်နေတာလား....."
"အေး .... F1 Grand Prix ကားပြိုင်ပွဲက ကျင်းပတော့မှာလေ... ငါတို့ ချင်းမိသားစုကလည်း အဲ့ပွဲကို စပွန်ဆာပေးမှာ... ဒါကြောင့်မို့ ကျိုးဟိုင်ထောင်နဲ့ လာဆွေးနွေးနေတာ...."ချင်းဟန် ပြောလိုက်ပြီး "မင်း ထရပ်တွေ လိုအပ်ရင် ငါကူညီပေးမယ်လေ... မင်း လုံလောက်တဲ့အထိ ရစေရမယ်လို့ အာမခံတယ်ကွာ...."
"ငါက ကားတွေကို ပရောဂျက်မှာ သုံးမှာ မဟုတ်ဘူးဟ... ဒီတိုင်း ခေါင်းမာနေတဲ့ လူတစ်ချို့ရှိနေတယ်ဆိုလို့ တစ်ချက် သွားစစ်ဆေးကြည့်မလို့...."
"လခွမ်း.. မင်းက အဲ့တာကို ထရပ်ဆယ်စီးနဲ့ဆိုတော့ တစ်မိသားစုလုံးကို မြေမြှုပ်မလို့တော့ မဟုတ်ပါဘူးနော်...."ချင်းဟန် ပြောလိုက်ပြီး "ဒီမှာ သားရီး ငါမင်းကိုပြောမယ်... အိမ်တွေ ဖယ်တဲ့အချိန်မှာ ခေါင်းမာတဲ့သူတွေနဲ့ ကြုံတယ်ဆိုတာ သဘာ၀ပဲကွ... ဒီလိုကိစ္စတွေဆိုတာ အရမ်းကို အထိအရှမခံဘူးနော်ဟျောင့်... မင်းလျှောက်မလုပ်နဲ့... တစ်ခုခုမှားသွားခဲ့ရင် ထိန်းချုပ်ရခက်ကုန်လိမ့်မယ်...."
ချင်းဟန်မှာ ကြမ်းတမ်းဟန်တူသော်လည်း အဆင်ခြင်မဲ့စွာ ကြမ်းတမ်းနေသည်တော့မဟုတ်ချေ။ သူ၏ IQ နှင့် SQ တို့မှာတော့ သွားရှုပ်၍မရသည့် အနေအထားတစ်ခုတွင် ရှိလေသည်။
သူ့အတွက်တော့ ယခုလိုကိစ္စမျိုးကို အနုနည်းဖြင့် ကိုင်တွယ်ဖြေရှင်း၍ ရလေသည်။
"မပူနဲ့.. ငါလုပ်နေတာကို ငါနားလည်ပါတယ်ကွ...."
လင်းရီ ပြောလိုက်ပြီး "တကယ်လို့ သာမန် အိမ်ထောင်စုဆိုရင်တော့ ငါ ၀င်ပါမှာ မဟုတ်ဘူး.... ဒါပေမယ့် ငါ့စိတ်ထဲမှာ ဒီဟာက တစ်ခုခုတော့ မှားနေတယ်လို့ ဆက်တိုက် ခံစားနေရတယ်...."
ချင်းဟန် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးနောက် "ဆိုလိုချင်တာက နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတဲ့ သဘောလား..."
"ခန့်မှန်းကြည့်ရုံ သပ်သပ်ပါကွာ... သေတော့ မသေချာသေးဘူး... ဒါပေမယ့် စိတ်ချထားရအောင်လို့ ကြိုစီစဉ်ထားတာက ပိုကောင်းတာပေါ့...."
"ငါ မင်းနဲ့ ပူးပေါင်းပေးမယ်... ပြီးတော့ ထရပ်တွေလည်း အသင့်ပြင်ထားပေးမယ်ကွာ...ငါ ဒီနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ လက်ရဲတဲ့ကောင်တွေကိုလည်း သိတယ်...."
"ဘာလို့ အဲ့လောက်ထိ ရေးကြီးခွင်ကျယ်တွေ လုပ်နေတာ... အဲ့လောက်ကြီး ဇာချဲ့နေစရာ မလိုပါဘူးကွ..."
လင်းရီ ပြောလိုက်ပြီး "ဆွေးနွေးစရာ ရှိတာကိုတော့ မင်း ကျိုးဟိုင်ထောင်နဲ့ ဆွေးနွေးလို့ရတယ်.... တကယ်လို့ တောင်းဆိုစရာ ရှိတယ်ဆိုရင် လွတ်လွတ်လပ်လပ်သာပြောလှည့်.. ငါတတ်နိုင်တာဆို မီးစိမ်းပြပေးမယ်... တကယ်လို့ ငါ မတတ်နိုင်ဘူးဆိုရင်တောင်မှ လျန်ရူရွှယ်ကို ပြောပေးမယ်ကွာ... ငါ့ ညီကိုကောင်းရဲ့ စီးပွားရေးဆိုတော့ ဂရုစိုက်ပေးရမှာပေါ့...."
"လခွမ်းပဲ.. မင်းကပဲ ပြောရတယ်ရှိသေး... ငါလည်း မင်းကို အပြင်လူလို ဆက်ဆံနေလို့လားကွ... တစ်ခုခုဖြစ်ရင် ညီကိုတွေ ပူးပေါင်းရမယ်လေ..."ချင်းဟန်ပြောလိုက်ပြီး "ငါခု လူနဲ့ ထရပ်ကားတွေ စီစဉ်ပြီး မင်းဆီ ပို့လိုက်တော့မယ်...."
"ကောင်းပြီလေ..."
ဖုန်းချပြီးနောက် လင်းရီ ၀မ်ရင်းကားနောက် ဆက်လိုက်သွားကာ ကျိုးဟိုင်မြို့အပြင်ဘက်ရှိ ရှန်တီမြို့သို့ ရောက်ရှိလာခဲ့၏။
လင်းရီနှင့် ၀မ်ရင်းတို့ ရောက်ရှိလာသောအခါ လမ်းဘေးတွင် ထရပ်ကား ဆယ်စီးထက် မနည်း ထိုးရပ်ထားကြောင်း မြင်တွေ့လိုက်ရ၏။ ဒရိုင်ဘာများကတော့ ဒရိုက်ဘာခုံထဲတွင် ဆေးလိပ်သောက်နေကြလေသည်။
သူတို့အားလုံးကို လင်းရီမှ အသင့်ပြင်ထားပေးခြင်းဖြစ်၏။
"အစ်ကိုကြီး .. ခင်များက ဘော့စ်ချင်းရဲ့ သူငယ်ချင်းလားမသိဘူး..."
လင်းရီကိုမြင်သည့် အချိန်တွင် ထရပ်ကား ဒရိုင်ဘာမှ မေးမြန်းလိုက်၏။
"ငါ့ကို သိတယ်လား..."
"ဘော့စ်ချင်းက ပုံပေးထားလို့ ကျုပ်တို့ မှတ်မိတာပါဗျ... ကျွန်တော့် နာမည်က ကျောက်စန်း... ဘော့စ်ချင်းက ဒီမှာ စောင့်နေခိုင်းပြီးတော့ လူကြီးမင်းရဲ့ အမိန့်ကို နာခံဖို့ ပြောလိုက်ပါတယ်..."
"ကျေးဇူးပဲ..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ငါ မင်းတို့ကို မစ်ရှင်တစ်ခု ပေးစရာရှိတယ်...."
"ဟုတ်ကဲ့ ဘော့စ်လင်း.. ဘာများလဲဗျ...."
"မင်းတို့ လမ်းဘေးမှာ သေချာလေးစောင့်ကြပ်ထားကြ... တကယ်လို့ တစ်ယောက်ယောက် ပြေးထွက်လာခဲ့ရင် သူတို့ကို မင်းရဲ့ ကားနဲ့ တိုက်ပစ်လိုက်... ကျန်တာကို ငါအကုန် တာ၀န်ယူတယ်ကွာ... အသက်တစ်သက်အတွက် တစ်မီလီယမ်... ဘယ်လိုလဲ... ဒီအလုပ်ကို လက်ခံရဲလား…”