← Chapters

အပြင်ထွက်တာနဲ့ အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်

Vol. 30 Ch. 445

အပြင်ထွက်တာနဲ့ အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်

Vol. 30 Ch. 445

"ဘော့စ်လင်း.. စိတ်မပူပါနဲ့ဗျ... သခင်လေးချင်းက ကျုပ်တို့ကို တာ၀န်ပေးလာမှတော့ ဘာလုပ်ရမလဲဆိုတာ နားလည်ပြီးသားပါ.."ကျောက်စန်း ရင်ဘတ်ပုတ်၍ အာမခံရင်း ပြောလိုက်သည်။

"ငါကြားချင်တာလည်း အဲ့တာပဲ..."

အလုပ်ပေးပြီးနောက် လင်းရီနှင့် ၀မ်ရင်းတို့ ရှန်တီမြို့အပြင်ဘက်တွင် ရပ်ကာ အထဲသို့ ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်ရှုလိုက်သည်။

"အစ်မ ဒီကို တစ်ခါမှတော့ မရောက်ဖူးဘူး.... ဒါပေမယ့် ဒီလောက်ကြီးလိမ့်မယ်လို့တော့ ထင်မထားဘူး...."

"ဒါပေါ့.... မြို့က ဆောက်လုပ်ထားတဲ့ အဓိက ပရောဂျက်ဆိုမှတော့ ဒီမှာ လူတိုင်း နေလို့ရတာမှ မဟုတ်တာ...."

လင်းရီ ငေးမောနေသည့် ၀မ်ရင်းကို တင်ပါးနောက်မှ တစ်ချက်ပုတ်လိုက်ရင်း "တစ်ချက်သွားကြည့်ကြစို့...."

နှစ်ယောက်သား မီတာဒါဇင်အနည်းငယ်ခန့်သို့ ရောက်လာသောအခါ လူ ရုတ်ရုတ်ဖြစ်နေသံများကို ကြားလိုက်ရ၏။

"တစ်စတုရန်း မီတာကို ယွမ်တစ်သိန်းပဲ... အပိုလို မရှိဘူး... မဟုတ်ရင် ငါတို့ကို ရွေ့ခိုင်းဖို့ စဉ်းတောင် မစဉ်းစားနဲ့...."

"ဒီလူတွေက စကားကြီး စကားကျယ်တော့ ပြောတတ်သားပဲဟ...."လင်းရီ ရယ်မောလိုက်သည်။

"ပြဿနာက သူတိူ့က တန်ကြေးကြီးကြီး တောင်းဆိုနေရုံတင် မကသေးဘူး... သူတို့ရဲ့ သဘောထားကလည်း အရမ်းမောက်မာနေသေးတယ်... တကယ်လို့ ဒုဥက္ကဌ ကိုယ်တိုင်ရောက်လာမယ်ဆိုရင်တောင်မှ သူတို့အချိုးတွေကတော့ ပြောင်းမှာ မဟုတ်ဘူး....ကော်မရှင်ခယူပြီး ဆွေးနွေးတဲ့သူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေတာပဲ... ဒါပေမယ့် အသုံးမ၀င်ပါဘူးလေ...."

"သူတို့က အလျှော့ပေးမယ့် အရိပ်အမြွက်လေးတောင် မပြဘူးပေါ့...... "

၀မ်ရင်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

"ဒီလူတွေက တွင်းအိမ်သာထဲက ကျောက်တုံးတွေလိုပဲ... နံစော်ပြီးတော့မှ သံတစ်ချောင်းလိုပဲ မာကြောတယ်..."

လင်းရီမျက်နှာထက်တွင် အပြုံးဖျော့ဖျော့ တစ်ခု ပေါ်ပေါက်လာခဲ့၏။

ဤပြဿနာမှာ သူတွေးထားသည်နှင့် တစ်ပုံစံတည်းပင်။

နှစ်ယောက်သား လမ်းဆက်လျှောက်လာသောအခါ အခြေအနေများမှာ အတော်လေးရှုပ်ထွေးနေကြောင်း မြင်တွေ့လိုက်ရ၏။

"ဘာတွေလဲဖြစ်နေတာ... ဘာလို့ လူတွေ အများကြီး စုအုံနေကြတာလဲတဲ့...."

"ဘာလဲဖြစ်လို့ အစ်မရင်း.. အရင်ကလဲ ဒီအတိုင်းပဲ မဟုတ်ဘူးလား..."

၀မ်ရင်း ခေါင်းညိမ့်လိုက်ပြီး "ပုံမှန်ဆို လူလေးငါးယောက်လောက်ပဲ ရှိတာ... ဒီနေ့မှ ဘာလို့ လူတွေ အဲ့လောက်များနေလဲ မသိဘူး...."

"အင်း... စိတ်ပူမနေပါနဲ့... ကျွန်တော်တို့ တစ်ချက်လောက် သွားကြည့်ကြည့်ရင် သိမှာပဲ မဟုတ်ဘူးလား....."

လင်းရီနှင့် ၀မ်ရင်းတို့ လမ်းလျှောက်လာသည်က်ု မြင်တော့ ချောင်ရန်အုပ်စုဘက်ရှိ ပွဲစားမှ "ဌာနခေါင်းဆောင်၊ အစ်ကိုလင်း... ခင်များတို့ လာခဲ့ပြီပေါ့ ...."

လင်းရီ ထိုပွဲစားကို မှတ်မိသည်။ သူ ချောင်ရန် အုပ်စုတွင် အလုပ်လုပ်ခဲ့စဥ်က နှစ်ယောက်မှာ စပ်တူ အလုပ်လုပ်ဖူးလေသည်။ ထိုလူ၏ နာမည်မှာ ၀မ်ဟုန်ကျီ ဖြစ်ပြီး လူကောင်းတစ်ယောက်ဟု သတ်မှတ်၍ရ၏။

""ဘာတွေလဲဖြစ်နေတာ...ဘာလို့ ဒီနေ့ကျမှ လူတွေ ဒီလောက်တောင် များနေတာလဲ..."၀မ်ရင်း မေးမြန်းလိုက်သည်။

"ဟင်း....မပြောစမ်းပါနဲ့ဗျာ..."

၀မ်ဟုန်ကျီ သူ၏ နက်ခ်တိုင်ကို လျော့လိုက်ပြီး "ပုံမှန်ဆို လူမများဘူး... ဒါပေမယ့် တစ်ယောက်ယောက်က တစ်စတုရန်းမီတာကို ယွမ် တစ်သိန်းတောင်းနေတယ်ကြားတော့ ခုလို အခြေအနေကို အခွင့်ကောင်းယူပြီးတော့ လောဘကြီးတဲ့လူတွေ များလာကြတာပဲ....တကယ်လို့ ဒီကိစ္စသာ ပိုပြီး ပျံ့နှံ့သွားခဲ့ရင် နောက်ထပ် တောင်းဆိုတဲ့သူတွေ ပိုပိုပြီးတော့ များလာတော့မှာ....အဲ့ခါကျရင် ကျုပ်တို့ ဒီပရောဂျက်လည်း ဆက် run လို့ ရမှာ မဟုတ်တော့ဘူး... "

"ငါ့အထင်တော့ အဲ့လူတွေကြောင့်လို့ပဲ ထင်တယ်...."လင်းရီ မေးစေ့ကုတ်ရင်း ပြောလိုက်၏။

၀မ်ရင်း လင်းရီကို ကြည့်လိုက်ပြီး "နင်ပြောချင်တာ အဲ့ဒီလူတွေက ဒီလိုဖြစ်အောင် စီစဉ်ထားတယ်လို့ ပြောချင်တာလား...."

"အင်း ဖြစ်နိုင်ချေ‌တော့ များတယ်... "လင်းရီ ပြောလိုက်ပြီး "အစ်မရင်းတို့ ဒီမှာ နေခဲ့ကြဦး... ကျွန်တော်တစ်ချက် သွားကြည့်လိုက်ဦးမယ်...."

လင်းရီ ရှေ့သို့ ဆက်လျှောက်သွားလိုက်ပြီး သူ့ရှေ့ရှိ အမျိုးသားတစ်ဦးကို ကြည့်လိုက်၏။

" ဘာလို့ ဒီလောက်တောင် ဆူညံနေကြတာ... ငွေနည်းနည်းလေးပဲ မဟုတ်ဘူးလား.... မင်းတို့ဘက်က ကိုယ်စားပြုတဲ့ကောင်ကို ခေါ်ထုတ်လာခဲ့ ... ငါတို့ ဒီကိစ္စကို အေးဆေး ဆွေးနွေးလို့ရတယ်.... "

"ဘာလဲ... သဘောတူတော့မလို့လား...."

ပြောလိုက်သူ၏ အရပ်အမောင်းမှာ မမြင့်မားပေ။ သူ၏ ဆံပင်ကိုလည်း အဝါရောင်‌ဆိုးထားပြီး ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်က်ု ခဲထားသေး၏။ ညှပ်ဖိနပ် အစုတ်ကို စီးထားပြီး ဒီဇိုင်းကာလာ အနေအထားအရတော့ လမ်းဘေး ကလေကချေ စတိုင်ပင်။

"ချောင်ရန် အုပ်စုမှာ ငါပြောရင် ပြီးတယ်... ပြောစရာရှိရင် ငါနဲ့ တိုက်ရိုက်လာပြော...."

"ကျုပ်တို့ ဘာမှ တောင်းဆိုစရာ မရှိဘူး.. ပိုက်ဆံသာပေးလိုက်... ခွေးတစ်ကောင်တောင် မကျန်စေရဘူး.. နေ့ချင်းအပြီး ရွေ့ပေးလိုက်မယ်...."

ဆံပင် အဝါရောင် ဆိုးထားသည့် လူမှ ပြောလိုက်၏။

"မင်းက ဒီလိုတွေ အားလုံးကို ကိုယ်စားပြုလား..."

"ဒါပေါ့... ဒီကောင်တွေကိုလည်း ကျုပ်ခေါ်လာခဲ့တာဆိုတော့ ကျုပ် စကား တစ်ခွန်းနဲ့ပြီးတယ်...."

"ပြီးတော့ တစ်ခု ထပ်ပြောလိုက်ဦးမယ်... ဒီကိစ္စကို အချိန်ဆွဲနေရင် ရေရှည်မှာ ပိုဆိုးလာဖို့ပဲ ရှိတယ်နော်..."

"ဘာလဲ ... မင်းမှာ တခြားနည်းလမ်းတွေ ရှိသေးလို့လား...."

"ခုတော့ ကျုပ်နောက်မှာ ရှိတဲ့သူက ဒီလောက်လေးပဲ... အားလုံးက ဒီရပ်ကွက်သားတွေ.... တကယ်လို့ ဒီကိစ္စကို မနက်ဖြန်ထိ အချိန်ဆွဲနေမယ်ဆိုရင် သူတိူ့ရဲ့ အရေအတွက်က တိုးပွားလာလိမ့်မယ်... တကယ်လို့ နောက်ထပ် ဆယ်ရက်ကနေ လ၀က်လောက်ထိ အချိန်ဆွဲနေမယ်ဆိုရင်တော့ နောက်ထပ်လူတွေ ဘယ်လောက်များလာမလဲဆိုတာ ကျုပ်လည်း မပြောတတ်တော့ဘူး...ဆိုတော့ ခင်များ ကြည့်စဉ်းစားပေါ့. ..."

လင်းရီ ပြုံးလိုက်ပြီး "အမှန်အတိုင်းပြောရရင် တကယ်လို့ မင်းတို့ဘက်က ပုံမှန်ဈေးထက် ယွမ် ရှစ်ထောင်၊ တစ်သောင်းလောက် တောင်းဆိုလာခဲ့ရင်တောင်မှ မင်းတို့နဲ့ ပါးစပ် လေအကုန်ခံပြီး စကားပြောနေမှာမဟုတ်ဘူး... တစ်ခါတည်း တတည်းသဘောတူလိုက်မှာ... ခုတော့ မင်းတို့ကပါးစပ်က ဟလိုက်တာနဲ့... နောက်ထပ် ယွမ် သုံးသောင်း တောင်းလာတယ်ဆို‌တော့ ဒါက လုံး၀ မဖြစ်နိုင်ဘူး... "

ဆံပင်ဆိုးထားသည့် လူမှာ စီးကရက် ပြာများကို တစ်ချက် ခါတောက်လိုက်ပြီး " ကျုပ်အတွက်ကတော့ မဖြစ်နိုင်လည်း ပြဿနာမရှိဘူး... အဲ့တာဆိုလည်း အချိန်ဖြုန်းကြတာပေါ့... ဘာပဲဖြစ်ဖြစ် ကျုပ်မှာ အပေါဆုံးက အချိန်တွေပဲ...."

"မင်းတို့ ပိုပြီး ရိုးသားရင် ကောင်းမယ်ထင်တာပဲ..."လင်းရီ ဖျော့တော့စွာပြုံးလိုက်ပြီး "ငါထင်တာ မမှားဘူးဆိုရင် ၀မ်မာဇီက မင်းတို့ကို ဒီပို့လိုက်တာမလား...

ဆံပင်အရောင်ဆိုးထားသည့်လူမှာ အမူအရာပြောင်းလဲသွားခဲ့ပြီး အလျှင်အမြန်ပဲ ဖုံးကွယ်ကာ " ခင်များ ဘာတွေ လာပြောနေတာ... ၀မ်မာဇီလဲ မသိဘူး.. လီမာဇီလဲ မသိဘူး... ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်တို့ တောင်းဆိုတာကို ဒီကနေ့ သဘောတူဘူးဆိုလို့ကတော့ ကျုပ်ရဲ့ အချိန်တွေကို လောင်းကြေးထပ်ပြီးတော့ ဘယ်သူအနိုင်ရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့...."

"ကောင်းပြီလေ... မင်းနိုင်မလား ငါနိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့..."

"ဆိုတော့ မင်းပုံစံက ငါတို့ရဲ့ ရေရှည်တိုက်ပွဲ နွဲတော့မယ်ဆိုတော့ ပုံစံပေါ့... ဟားဟား.... ငါတို့ကလည်း ကြောက်မနေပါဘူးကွ..."

လင်းရီ ပြုံးလိုက်ပြီး လမ်းဘေးတွင် ရပ်တန့်ထားသည့် ထရပ် တစ်ဒါ‌ဇင်ကျော်လောက်ကို လက်ညိုးထိုးပြကာ "မင်းတို့ အဲ့ကားတွေကို မြင်လား..."

"မြင်တယ်လေ... ဘာတွေ လုပ်ဖို့ ကြံနေတာ.... ဆောက်လုပ်ရေး စတော့မလို့လား... ငါပြောလိုက်မယ်... ငါတို့ကို ပိုက်ဆံ မပေးပဲ နဲ့တော့ သုံးဘီးတောင် မောင်းလို့ မရစေရဘူး...."

"အထင်လွဲနေပြီ... ငါဆိုလိုတာက ဒီနေ့ကစပြီး မင်းတို့ အထဲမှာ နေတာပဲကောင်းမယ်... တကယ်လို့ တစ်ယောက်ယောက် အပြင်ထွက်လာတာ မြင်လို့ကတော့ အဲ့ဒီကားတွေက မင်းတို့ကောင်တွေရဲ့ သေမင်းပဲ... မယုံရင် စမ်းကြည့်ကြည့်လိုက် ..."

"ငိုးပဲဟျောင့်... မင်းငါတို့ကို လာခြိမ်းခြောက်နေတာလားကွ..."

"ဟုတ်လား မဟုတ်လား သိချင်ရင် စမ်းကြည့်လိုက်လေ...."

"ငိုးပဲလေ.. ငါ အသက်ရှင်လာတာ မင်း တစ်သက်မကတော့ဘူး... ငါ့ကိုများ ဒီလိုလေသံနဲ့ စကားလာပြောဝံ့တယ်ပေါ့လေ...."

ဆံပင်ဆိုးထားသည့်လူမှာ မောက်မာစွာ အော်ဟစ်လိုက်ပြီး

"မင်းလည်း တိုက်ရဲရင် ကံအကြောင်း မလှစေရဘူးကွ...."

" မယုံရင် စမ်းကြည့်လိုက်လို့ ပြောနေတာကို ဘာလို့ သောက် အပိုစကားတွေ လာပြောနေတာ..."

" ငါက ကြောက်နေတယ်များ ထင်နေလား.. "

ဆံပင်အရောင်ဆိုးထားသည့် လူမှာ နောက်သို့ တစ်ချက် လှည့်လိုက်ပြီး "ခေါင်းတုံး... မင်းသွားစမ်းကွာ... အဲ့ကောင်တွေ ဇရှိလား ကြည့်ဦးမယ်.... ငိုးပဲ... သူတို့ တကယ်တိုက်ရဲတယ် ဆိုတာ ငါတော့ မယုံဘူး... "

"ရက်စ်ဘော့စ်...."

ခေါင်းတုံးဟု အမည်ရသည့်သူ၏ နာမည်ကတော့ စွန်းပေါင်ပင်။ အသက်အရွယ်အားဖြင့် လွန်စွာ ငယ်ရွယ်ပြီး နှစ်ဆယ်လောက်ပဲ ရှိသေးပုံရ၏။

သို့သော်လည်း လူ‌ပေါင်းမှားပြီး‌နောက် ဆံပင်အဝါရောင် ဆိုးထားသူကဲ့သို့ စွန်းပေါ်လည်း လမ်းဘေး ကလေကချေစတိုင် ၀တ်ဆင်ထားပြီး မောက်မာသည့် အမူအရာကို ပန်ဆင်ထားလေသည်။

၀မ်ရင်းကတော့ ဘေးတွင် ရပ်နေရင်း ရင်တထိတ်ထိတ် ဖြစ်နေခဲ့၏။

သူမ လင်းရီအကြောင်း ကောင်းကောင်းသိသည်။ လင်းရီကဲ့သို့ လူမျိုးမှာ မဆင်မခြင် နိုင်လွန်းလှပြီး ဘာကိုမျှ မကြောက်တတ်သည့်သူဖြစ်၏။

သို့သော်လည်း သူမ ဘေးတွင်သာ ရပ်နေပြီး တစ်ခွန်းမှတော့ ၀င်မပြောခဲ့ချေ။

သူမ လင်းရီ၏ ဆုံးဖြတ်ချက်ကို ၀င်မစွက်ဖက်ရဲဝံ့ချေ။

စွန်းပေါ်လည်း ပါးစပ်ထဲတွင် စီးကရက်ခဲထားပြီး လက်နှစ်ဖက်ကို ဘောင်းဘီလက်ထဲထည့်ကာ အပြင်သို့ ကွတကွတဖြင့် လျှောက်သွားခဲ့၏။

ဆံဝါနှင့် ကျန်သူများကတော့ နောက်တွင်နေ၍ အခြေအနေကို စောင့်ကြည့်နေကြလေသည်။

တစ်ပြိုင်တည်းတွင် သူတို့ စိတ်ထဲတွင်တော့ လင်းရီအပေါ် အမြင်အမျိုးမျိုးတိ့ ဖြစ်နေခဲ့ကြ၏။

'ဟမ့် ဘယ်လိုတောင် မောက်မာလိုက်လဲ... ငါတို့ထွက်ရင် ထွက်တဲ့ကောင် မှန်သမျှ ကားနဲ့ ကြုံးမယ်ဆိုပါလား...‌ စောင့်ကြည့်ကြသေးတာပေါ့ကွာ.....'

စွန်းပေါ် စီးကရက်တစ်ဖွာဖွာလိုက်ပြီး ကျောက်စန်းကို ဘုကြည့်ကြည့်လိုက်၏။

"ဟိုကားပေါ်မှာ ထိုင်နေတဲ့ကောင်... မင်းကို ဟိုသောက်ကလေးက ဒီခေါ်လာတာလား...ငါခု ဒီရောက်နေပြီလေကွာ... အဲ့တာကို မင်းက -ီးကြည့်နေတာလား... လာတိုက်လေကွာ လာ... ဟားဟား......"

ဆံဝါနှင့် ကျန်သူများလည်း ပြိုင်တူ ရယ်မောလိုက်ကြ၏။

"ကောင်လေး... မင်းပဲ သူများကို လိုက်တိုက်မယ်ဆိုပြီး ကြုံးဝါးနေခဲ့တာ မဟုတ်လားကွ.. ခု လူကိုယ်တိုင် ရှေ့ရောက်နေပြီလေကွာ...တိုက်ခိုင်းလိုက်တော့လေ... မင်းဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ ငါတို့ စောင့်ကြည့်စမ်းချင်ပါဘိ....."

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဒေါသထွက်နေသော သားရဲဟိန်းသံကြီးကဲ့သို့ လီဗာနင်းသံမှာ ထွက်ပေါ်လာခဲ့ပြီး ကျောက်စန် သူ၏ စီးကရက်ကို အပြင်သို့ ပစ်ချကာ ထရပ်ကို ရှေ့သို့ မိုင်ကုန်နင်းလိုက်လေသည်။

All Chapters