လှပလွန်းလို့ ကုဖို့ ဆေးမရှိတဲ့ ရောဂါ
Vol. 30 Ch. 447
"မင်းရှိတာ ဒါ အကုန်ပဲလားကွ... ပြန်ထပြီး ငါနဲ့ တိုက်စမ်း..."လင်းရီ ရန်ပေါင်၏ ဆံပင်များကို စုပ်ကိုင်၍ နတ်ဆိုးတစ်ကောင်၏ သွေးဆာရက်စက်နေသည့် အသွင်ဖြင့် ပြောလိုက်သည်။
ရန်ပေါင်၏ အခြေအနေမှာတော့ မျက်နှာတစ်ခုလုံး သွေးများ ပေကျံနေပြီး အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေသည်။
"မဟုတ်ဘူး..... ချမ်းသာပေးပါ ဘော့စ်လင်း... ကျုပ် ကျုပ် ကျေနပ်ပါပြီ... ကျေးဇူးပြုပြီး သွားခွင့်ပေးပါတော့...."
ရန်ပေါင် ကြောက်လန့်လွန်း၍ သေးများ ထွက်ကျလုနီးပါးဖြစ်သွားခဲ့၏။ လင်းရီ၏ လေကဲ့သို့ အလျင်က သူ့ကို ကူကယ်ရာ မဲ့စေသည်။ ဆက်နွဲနေမည်ဆိုပါက သူ့မျက်နှာတစ်ခုလုံး စုတ်ပြတ်သပ်၍ ဆန်ပြုတ်လောက်သာ သောက်နိုင်တော့မည့် ဘ၀သို့ ရောက်ရှိသွားပေလိမ့်မည်။
"မင်းလူတွေကို ခေါ်ပြီး ဒီက ထွက်သွားလိုက်တော့... နောင်ကျ ပြဿနာ တစ်ခုခု ထပ်ရှာသံ ကြားလို့ကတော့ ရပ်ထားတဲ့ ထရပ်ကားတွေက မင်းတို့ မိသားစုဆီ အလည်လာရလိမ့်မယ်...."
"ဟုတ် ဟုတ် ... နားလည်ပါပြီ.. ကျုပ်မှာ ပြဿနာ ရှာရဲတဲ့ ဘောတွေလည်း မရှိတော့ပါဘူးဘော့စ်....ခု ခုပဲ ထွက်သွားပေးပါ့မယ်...."
သူ့လက်အောက် ငယ်သားများ၏ အကူအညီဖြင့် ရန်ပေါင် ၊ ဟွမ်မြောင်နှင့် ကျန်သူများ လင်းရီ၏ မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။ သူတို့အတွက်တော့ လင်းရီနှင့် ဝေးလေ ကောင်းလေဖြစ်၏။
ရန်ပေါင်နှင့် သူ့လူများ ထွက်ခွာသွားပြီးနောက် ရှန်တီမြို့မှာ တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
"ချင်းကြီး ... ကျေးဇူးပဲကွာ..."လင်းရီ ချင်းဟန်၏ ပခုံးကို ပုတ်လိုက်ပြီး လေးနက်စွာ ကျေးဇူးတင်လိုက်၏။
သူတစ်ယောက်တည်း ဖြေရှင်း၍ ရပါသော်လည်း ချင်းဟန်၏ သူငယ်ချင်းကောင်းပီသစွာ ရောက်ရှိလာမှုကြီးက လင်းရီကို ထိရှသွားစေခဲ့သည်။
"ဘာလို့ စကားလုပ်ပြောနေတာ... ညီကိုတွေပဲကို သောက်ပိုတွေ လုပ်မနေစမ်းနဲ့..."
"အစ်ကိုကြီးလင်း... ၀မ်မာဇီနဲ့ ကျန်တဲ့ကောင်တွေက တကယ့် ကလေကချေတွေနော်.. ပြီးတော့ သူတို့က ကျောက်မိသားစုနဲ့လည်း ကြံရာပါတွေ... ၀မ်မာဇီက ဒီနေ့ ဖြစ်သွားခဲ့တာတွေက်ု အေးဆေး လွှတ်မပေးလောက်ဘူး... "လျန်ကျင်းမင် ပြောလိုက်ပြီး "ကျွန်တော်တို့ ဂရုစိုက်မှ ဖြစ်မှာ...."
"အမှန်ပဲ... တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်တော်တို့ကို လှမ်းအသိပေးလိုက်ဗျာ... အသင့်ရှိနေစေရမယ်...."ကောင်းကျုံးယွမ်မှ ပြောလိုက်၏။
လင်းရီ သူတို့၏ ပခုံးများကို ပုတ်လိုက်ပြီး သူ့ဘက်မှ ကျေးဇူးတင်စကား ပြောချင်ပါသော်လည်း စိမ်းကားလွန်းရာကျ၍ ထိုကျေးဇူးတင်စကားကို ရင်ထဲ၌သာ သိမ်းထားလိုက်လေသည်။
"ဟိုး အရင်တုန်းကလည်း မင်းတို့ကောင်တွေ ငါ့ကို အများကြီး ကူညီပေးခဲ့ပြီးပြီ... မင်းတို့ကို တစ်ညလောက် ပါတီပေးပြီး ကျေးဇူးပြန်ဆပ်မလို့ပဲ .. ဒါပေမယ့် ဒီကနေ့ ကိစ္စက နည်းနည်းကြီးသွားတယ်ဆိုတော့ ထမင်းတစ်နပ်လောက် ကျွေးရုံနဲ့ မလုံလောက်တော့ဘူး... အနာဂတ်ကျရင် ရင်းနှီးမြုပ်နှံဖို့ပဲ ကိစ္စပဲဖြစ်ဖြစ် ၊ ပရောဂျက်ကိစ္စ အကူအညီလိုအပ်တာပဲ ဖြစ်ဖြစ်.. ငါ့ကိုသာ အသိပေးလိုက်ကွာ.... ငါ အတတ်နိုင်ဆုံး ကူညီပေးမယ်...."
"ငိုးပဲ... မင်းဘာတွေ ပြောနေတာတုန်းကွ.. ဘာလို့ အဲ့လောက်တောင် ယဉ်ကျေးနေရတာ... မင်းဆက်ပြီး ယဉ်ကျေးနေမယ်ဆိုရင် ငါ စိတ်ဆိုးမိတော့မှာနော်ဟျောင့်..."
ချင်းဟန် ပြောလိုက်၏။
"ဟားဟား ကောင်းပြီလေ... ဒီနေ့တော့ ဒီလောက်ပဲ..."လင်းရီ ပြောပြီးနောက် ချင်းဟန်နောက် လိုက်လာသူများကို ကြည့်ကာ "ဒီရဲ့ ညီကိုတွေကို တစ်ယောက် ယွမ် နှစ်ထောင်နဲ့ ပန်နီဆူလာဟိုတယ်မှာ ထမင်းလိုက်ကျွေးလိုက်ကွာ... ဒီနေ့ လိုက်လာခဲ့တာကို အလကား မဖြစ်စေနဲ့..."
"နားလည်တယ်... အဲ့ဒီအတွက်တော့ စိတ်မပူနဲ့... ငါတို့က အားနာတတ်တဲ့ကောင်တွေ မဟုတ်ဘူး....."
"ကောင်းပြီလေ.. မင်းတို့လည်း သွားစရာရှိတာ သွားကြတော့..."
လင်းရီ၏ စီစဉ်မှုများအောက်တွင် လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။
လင်းရီ ၀မ်ဟုန်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး "ဒီကိစ္စ ဒီမှာတင်ပြီးပြီ... ခင်များ ကျီချင်းရန်ကို ပြန်ပြောပြလို့ မဖြစ်ဘူးနော်.. နားလည်တယ်မလား...."
"နားလည်ပါပြီ အစ်ကိုလင်း..."
လင်းရီ ၀မ်ရင်းကို ကြည့်ကာ "ကျွန်တော်တို့လည်း ပြန်ကြစို့လေ...."
"နင်က ဥက္ကဌကျီကို ကြိုရဦးမှာဆိုတော့ အရင်ပြန်နှင့်လိုက်... အစ်မကို စိတ်မပူနဲ့...."
၀မ်ရင်းတွင်လည်း ကိုယ်ပိုင်ကားရှိသောကြောင့် လင်းရီလည်း ထိုအသေးအမွှား ကိစ္စလေးကို ခေါင်းထဲ ထည့်မနေတော့ချေ။
"အဲ့လိုဆိုလည်း ကျွန်တော် အရင်သွားနှင့်တော့မယ်... တကယ်လို့ နောင်ကျ ကုမ္ပဏီမှာ ပြဿနာ တစ်ခုခု ရှိလာတယ်ဆိုရင် ကျွန်တော့်ကို အသိပေးဖို့ သတိရလိုက်...."
"အွန်း.. အစ်မရင်း နားလည်ပါတယ်...."
၀မ်ရင်းကို သတိပေးပြီးနောက် လင်းရီ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
"ရီ....."
လင်းရီ ကားတံခါး ဖွင့်ပြီးခါရှိသေး ၀မ်ရင်း၏ အသံကြောင့် ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
"ဘာလဲဖြစ်လို့ အစ်မရင်း .. တခြား ဘာကိစ္စရှိသေးလို့လဲ..."
"အစ်မမှာ နင့်ကို ဘာလုပ်ပါဆိုပြီးတော့ ပြောပိုင်ခွင့် မရှိပေမယ့် ... နင် အစ်မစကားကို နားထောင်ပြီးတော့ အနာဂတ်မှာ ဒီလို အန္တရာယ်များတဲ့ အလုပ်တွေ ဆက်မလုပ်ပါတော့နဲ့လား ရီလေးရယ်.... "၀မ်ရင်း၏ မျက်၀န်းမှာ မျက်ရည်များကြောင့် အနည်းငယ် ကြည်လဲ့နေပြီး နာကျင်မှုကြောင့် နီရဲနေလေသည်။
"အစ်မလို ကွာရှင်းထားတဲ့ မိန်းမသားတစ်ယောက်က မောင်လေးရီရဲ့ ချစ်သူကောင်မလေး ဖြစ်ခွင့် မရှိဘူးဆိုရင်တောင်မှ မောင်လေးရီသာ တစ်ခုခု ဖြစ်သွားခဲ့ရင် အစ်မလည်း ဒီလောကကြီးမှာ ဆက်ပြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး...."
"ဟင်း.. အစ်မရင်းကလည်း ဘာလို့ ဒီစကားတွေ ပြောနေရတာ..."
လင်းရီ ၀မ်ရင်း၏ ခါးကို ပွေ့ဖက်လိုက်ပြီး နဖူးကို ခပ်ဖွဖွ အနမ်းပေးလိုက်၏။
"ဒီလို အဓိပ္ပာယ် မရှိတာတွေ လျှောက်စဉ်းစားမနေနဲ့.. ကျွန်တော့်ကို ထိခိုက်အောင် လုပ်နိုင်တဲ့သူက ခုထိ မွေးမလာသေးဘူး..."
"ဒါပေမယ့် အစ်မကို ကတိတစ်ခုတော့ ပေးရမယ်... မဟုတ်ရင် အစ်မ အိပ်လို့ ပျော်မှာ မဟုတ်ဘူး..."
"ကောင်းပါပြီဗျာ... ကတိပေးပါတယ်..."လင်းရီ ပြောလိုက်ပြီး "ကျုပ် အစ်မရင်းရဲ့ စကားတွေကို အမြဲ အမှတ်ရနေမှာပါ....."
"ခုလို ကြားလိုက်ရတော့မှပဲ စိတ်ချရတော့တယ်...."
"ကောင်းပြီ... ပြန်ရင်လည်း ဖြည်းဖြည်း မောင်းဦး... အစ်မရင်းကော လုလုကော တစ်ခုခုလိုရင် ကျွန်တော့်ကို ဖုန်းလှမ်းဆက်လိုက်...."
"အွန်း...."
၀မ်ရင်းကို စိတ်တည်ငြိမ်အောင် တခဏခန့် စကား ပြောပေးပြီးနောက် လင်းရီ ရှန်တီမြို့မှ ထွက်လာခဲ့လေသည်။
ထို့နောက် ကျီချင်းရန်ကို ကြိုရန် ချောင်ရန် အုပ်စုသို့ ဦးတည်လိုက်တော့၏။
"ဒေါက်တာလင်း... နင် အလုပ်ဆင်းနေပြီလား.. ဒါမှမဟုတ် ဒီညကော အချိန်ပို ဆင်းရဦးမှာတဲ့လား...."ကျီချင်းရန် ဖုန်းဆက်၍ မေးလာခဲ့၏။
"ခုထိ အလုပ်မဆင်းရသေးဘူး... ပြီးတော့ ဒီည လုပ်စရာလည်း ရှိသေးတယ်ဆိုတော့ အချိန်ပို ဆင်းမှ ရမယ် ထင်တယ်...."
"အိုး... အဲ့လိုလား..."ကျီချင်းရန်၏ တက်ကြွနေသည့် လေသံမှာ ရုတ်ချည်း ထိုးကျသွားတော့၏။
နေ့လည်တုန်းက လင်းရီ သူမကို လာကြိုပေးမည်ဟု ပြောထားသောကြောင့် သူမ နေရာတစ်ခုတွင် အတူစားသောက်ရန် အစီအစဉ်များ ကြိုတင် ရေးဆွဲထားပြီးဖြစ်၏။ ကြည့်ရသည်မှာတော့ သူမ၏ အစီအစဉ်လေးများမှာ ပျက်စီးသွားတော့မည့်ပုံပင်။
"အဲ့တာဆိုလည်း ညနေစာ စားဖို့ မမေ့နဲ့နော်... ပင်ပန်းရင်လည်း ခဏလောက်လေးပဲဖြစ်ဖြစ် အိပ်လိုက်.. နားလည်လား.... "
"နားလို့မရလောက်တော့ဘူးထင်တာပဲ... ချောင်ရန် အုပ်စုမှာ အရေးပေါ်လူနာ တစ်ယောက်ရှိနေလို့ ခု ကားပါကင်မှာ လူနာ ဆင်းအလာကို စောင့်နေတာ...."
"ဟင်...."
ခေတ္တ ကြက်သေသေသွားခဲ့ပြီး သူမ နှလုံးသား တစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့၏။
"နင်က ကားပါကင်ကိုတောင် ရောက်နေပြီလား...."
"ကြာလှပေါ... ဒါပေမယ့် လူနာကတော့ ခုထိ ဆင်းမလာသေးဘူး... ဒီက စောင့်နေတာဖြင့် အတော်လေး ကြာနေပြီ... ကြည့်ရတာ လူနာက အချိန်မမှန်ဘူးနဲ့တူတယ်.... "
"ခစ်ခစ်... အဲ့တာဆို စောင့်နေနော်... ငါ အ၀တ်အစားလဲပြီး ချက်ချင်း ဆင်းလာခဲ့မယ်.... "
"ငါ ရှေ့ရက်တွေတုန်းက အရမ်းလှတဲ့ ၀တ်စုံ ၀ယ်ထားတယ်သိလား.. အရမ်းလှတာ.. နင်ကြည့်လို့ ရအောင် ၀တ်ခဲ့ပေးမယ်..."
"ဥက္ကဌကျီက ၀တ်လာခဲ့ပေးမယ်ဆိုတော့ ဟော့ဒီ ကျွန်တော်မျိုးက ဂုဏ်ယူရမှာပေါ့ဗျာ...."
ဆယ်မိနစ်ကြာပြီးနောက် ကျီချင်းရန် ဓာတ်လှေကားထဲမှ လက်ဆွဲအိတ်လွယ်၍ ပျော်ရွှင်နေသည့် စာငှက်လေးကဲ့သို့ ထွက်လာခဲ့လေသည်။
ကျီချင်းရန်မှာ ပန်းလေးပွင့် သင်္ကေတ နှင့် အနက်ရောင် tube top ကို ၀တ်ဆင်ထားပြီး သုံးစင်တီမီတာ မြင့်သည့် ဒေါက်မြင့်ဖိနပ်ကိုလည်း စီးနင်းထား၏။ သူမ၏ သွင်ပြင်သဏ္ဌာန်နှင့် ၀တ်စုံတို့မှာ လွန်စွာ ပနံသင့်လှပေသည်။
ကျီချင်းရန် လင်းရီ၏ ကားပြတင်းပေါက်ရှေ့တွင် ကိုယ်ကို တစ်ပတ်လှည့်ပြလိုက်ပြီး "၀တ်စုံက လှလား... ဒါရွေးဖို့ ငါ အချိန်အကြာကြီး သုံးခဲ့ရတာနော်... မလှဘူးပြောရင်တော့ စိတ်ဆိုးပစ်လိုက်မှာ..... "
"၀တ်စုံက သိပ်မလှဘူး... ဒါပေမယ့် ၀တ်ဆင်လိုက်တဲ့ ကောင်မလေးကြောင့်သာ ပိုပြီး လှသွားတာ...."
ကျီချင်းရန် ချစ်ဖို့ကောင်းစွာ ပြုံးပြလိုက်ပြီး "နင် ဒီလို ပြောတော့မယ်ဆိုတာ ငါသိသားပဲ...."
သို့နှင့် ကျီချင်းရန် တံခါးဖွင့်၍ ခရီးသည်ထိုင်ခုံပေါ်သို့ ထိုင်လိုက်လေသည်။
"အယ်.. ဘာလို့ ၀င်ထိုင်နေတာ... ငါက လူနာလာကြိုပါတယ် ဆိုနေမှ...."
" ငါက နင့်လူနာပဲလေ...."
"ဟုတ်လား... အဲ့တာဆို ချင်းရန်က ဘာရောဂါ ဖြစ်နေလဲဆိုတာ မေးလို့ရမလား...."
ချင်းရန် သူမခေါင်းကို ဂုဏ်ယူစွာဖြင့် အနည်းငယ် မော့လိုက်ပြီး " အရမ်းလှပလွန်းလို့ ကုသဖို့ ဆေးမရှိတဲ့ ရောဂါလေ...."
"မင်းက အရမ်း အရှက်ကင်းမဲ့တာပဲ...."
"ခစ်ခစ်... မြန်မြန်မောင်းတော့လေ... ငါနင့်ကို အရမ်း အရသာရှိတဲ့ ပြင်သစ်စားသောက်ဆိုင်ကို ခေါ်သွားပေးမယ်..."
"အိုကေ သွားစို့..."လင်းရီ ပြောလိုက်ပြီး
"မင်းသိလား... ငါအခု မင်းက အရမ်းအစားပုတ်တယ်ဆိုတာ သိသွားပြီ...."
"ဟွန့်.. အဲ့တာကလည်း နင် အကျင့်လုပ်ပေးလို့လေ..."
"ဘာဆိုင်လို့... မင်းပဲ ငါချက်ကျွေးတာတွေ ကြိုက်လို့ဆိုပြီး စားနေတာ မဟုတ်ဘူးလား... ဘာလို့ ငါ့အပြစ်လာတင်နေတာ..... ဘယ်လောက်တောင် ကျိုးကြောင်း မညီညွှတ်လိုက်လဲ..."
"တင်မှာပဲ... နင့်ကို အပြစ်တင်ဖို့ ကျိုးကြောင်း ညီညွတ်စရာမှမလိုတာ... ငါတင်ချင်ရင် တင်မှာပဲ...."ကျီချင်းရန်မှ အနိုင်ကျင့်ချင်သူကြီး လေသံဖြင့် ပြောဆိုလိုက်၏။
လင်းရီကတော့ ပြုံးလျက် ခေါင်းသာ ခါရမ်းလိုက်သည်။
ချင်းရန်မှာ ကလေးဆိုးကြီး တစ်ယောက်အလားပင်။
စားသောက်ဆိုင်သို့ သွားနေစဉ် အတောအတွင်း လင်းရီနှင့် ကျီချင်းရန်တို့ ရယ်ရယ်မောမောနှင့် စကားများ ပြောဆိုနေခဲ့ကြ၏။
ထို့နောက် ပြင်သစ် အစားအစာများကို မြည်းစမ်းကြည့်ကာ ရုပ်ရှင် ဇာတ်ကားတစ်ကား သွားကြည့်ကြသည်။ ကျေနပ်နေသည့် ကျီချင်းရန်ကတော့ လင်းရီနှင့် အတူ ကျိုကျုံး ဗီလာသို့ လိုက်လာခဲ့လေသည်။
ပြန်ရောက်လာပြီးနောက် ရေချိုးသန့်စင်ကာ အခန်းကိုယ်စီသို့ ပြန်အနားယူလိုက်ကြ၏။
နောက်တစ်နေ့ နံနက်တွင်တော့ ကျီချင်းရန်မှ ထုံးစံအတိုင်း အစောဆုံး ထသူဖြစ်နေခဲ့ပြီး လင်းရီအတွက် နံနက်စာပြင်ပေးလေသည်။ ယခုတစ်ကြိမ်တွင်တော့ သူမ၏ ဟင်းချက်လက်ရာမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး တီချယ်ကျန်းမှ ကောင်းမွန်စွာ လေ့ကျင့်ပေးထားသည့်ပုံပင်။
လင်းရီ၏ အလုပ်ချိန်မှာ မတိကျသောကြောင့် ကျီချင်းရန် သူမကို လိုက်ပို့ပေးရန် ပူဆာမနေတော့ပဲ ကိုယ်တိုင်ကားမောင်းကာ ချောင်ရန် အုပ်စုသို့ ရောက်လာခဲ့လေသည်။
သူမ ရုံးခန်းထဲသို့ ရောက်လျှင်ရောက်ချင်း သူမ၏ အတွင်းရေးမှူး၀န်ထမ်းမှ စာရွက်စာတမ်း တစ်ထပ်လိုက်ကြီးဖြင့် ရောက်လာခဲ့တော့၏။
"ဥက္ကဌကျီ... ဆင်ခြေဖုံး ရပ်ကွက် ပရောဂျက်ကတော့ အခု ပြေလည်သွားပါပြီရှင့်... ကျွန်မတို့ စိတ်ရှိတဲ့ အချိန် အလုပ်စလို့ရပါပြီ..."
"တကယ်... "
ကျီချင်းရန် အံ့အားသင့်သွားခဲ့ပြီး "မနေ့တုန်းက အဲ့ရပ်ကွက်ကလူတွေ ဘယ်လိုပဲလုပ်လုပ် မဖယ်ပေးဘူးလို့ ငြင်းနေခဲ့ကြတာ မဟုတ်လား... ဘယ်လိုလုပ်ပြီး ရုတ်တရက် သဘောတူသွားခဲ့ကြတာ..."
"ပရောဂျက် ဌာနက ပြောတာတော့ ကျွန်မတို့ရဲ့ ကမ်းလမ်းချက်ကို သူတို့သေချာ ပြန်သုံးသပ်ပြီးတော့ တရားမျှတတယ်ထင်ပြီး သဘောတူလိုက်တယ်ဆိုပဲ..."
"အဲ့လိုဆိုတော့လည်း ကောင်းတာပေါ့...."ကျီချင်းရန် သူမ၏ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး "ကုမ္ပဏီ ဒုဥက္ကဌနဲ့ ပရောဂျက် တာ၀န်ခံကို ဆယ်နာရီမှာ အစည်းအဝေးခန်းထဲ စောင့်နေဖို့ ပြောလိုက်....."
"နားလည်ပါပြီရှင့်... ကျွန်မ ခုပဲ သတင်းပို့လိုက်ပါ့မယ်...."
အတွင်းရေးမှူး ထွက်သွားပြီးနောက် ကျီချင်းရန် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး လင်းရီကို သတင်းကောင်းပြောပြရန် အလို့ငှာ ဖုန်းဆက်ရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း သူမဖုန်းကို ကောက်ကိုင်ခါရှိသေး ဖုန်းစိမ်းတစ်ခု သူမထံရောက်လာသည်ကို မြင်လိုက်ရ၏။
"ဘယ်သူလဲ..."
"ဥက္ကဌလင်း ... ကျုပ် ၀မ်ပင်းလေ... မှတ်မိမယ်လို့တော့ ထင်တာပဲ..."
"၀မ်ပင်း...."ကျီချင်းရန် စက္ကန့် အနည်းငယ်ခန့် တွေးတောပြီးနောက် " စိတ်မရှိပါနဲ့... ကျွန်မ ရှင့်ကို မသိဘူး...."
"ဥက္ကဌကျီက အရမ်း မေ့တတ်တာပဲ... လေလံပွဲမှာတုန်းက တစ်ခါတွေ့ဖူးသေးတယ်လေ... မမှတ်မိတော့ဘူးလား...."
သူမ လေလံပွဲနေ့တုန်းက မှတ်ဉာဏ်ကို ပြန်လည် မြင်ယောင်ကြည့်လိုက်သောအခါ တစ်ဖက်လူကို မှတ်မိသွားခဲ့၏။
"ရှင်က လီနင်၀တ်စုံနဲ့ တစ်ယောက်မလား...."
"ကျုပ်ပါပဲ..."
"ဘာကိစ္စရှိလို့လဲ..."ကျီချင်းရန် အေးစက်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။
ထိုလူမှာ လင်းရီနှင့် ပါတနာမကျသောကြောင့် ကျီချင်းရန် ယဉ်ကျေးပြမနေချေ။
"ကျုပ် ဥက္ကဌကျီကို တစ်ခုပြောစရာရှိတယ်... မနေ့တုန်းက ရှန်တီမြို့မှာ ဥက္ကဌကျီရဲ့ လူ ၊ လင်းရီ ကျုပ်လူတွေကို လာရိုက်နှက်သွားတယ်... ခု ကျုပ်လူ သေသလား ရှင်သလားတောင် မသိရတော့ဘူး..... ချောင်ရန်အုပ်စုရဲ့ သူဌေးတစ်ယောက်အနေနဲ့ ဥက္ကဌကျီက တစ်ခုခု လုပ်ပေးသင့်တယ်လို့ မထင်ဘူးလား…”