လင်းရီ... သူက ကိုယ့်ကိုယ်ကို ဘာကောင်ထင်နေတာလဲ.... ငါနဲ့ လာရှုပ်ရဲတယ်လား...
Vol. 30 Ch. 449
"ဘာ..... သူက သွားခဲ့ပြီ...."
"ဟုတ်တယ်... ဥက္ကဌကျီက သွားခဲ့ပြီ..."လုံခြုံရေးခေါင်းဆောင်မှ ပြောလိုက်ပြီး "လေးငါး မိနစ်လောက်ပဲ ရှိဦးမယ် ထင်တာပဲ.... "
"ကောင်းပြီ ကျွန်မ နားမလည်ပြီ... ကျေးဇူးပါ အစ်ကို၀မ်...."
သို့နှင့် ၀မ်ရင်း လျင်မြန်စွာ လှည့်ထွက်လာခဲ့ပြီး သူမ၏ BMW 7 ထဲသို့ ၀င်ကာ ဟွာရှန်းဆေးရုံသို့ ထွက်လာခဲ့လေသည်။
လမ်းတွင်တော့ ၀မ်ရင်း လင်းရီထံ ဆက်တိုက်ဆိုသလို ဖုန်းခေါ်နေခဲ့၏။ သိူ့သော်လည်း မည်သူမျှ ပြန်မဖြေချေ။
ဟွာရှန်းဆေးရုံသို့ ရောက်ရှိပြီးနောက် ၀မ်ရင်း အတွင်းလူနာဆောင်ရှိ နှလူံးအထူးကုဌာနသို့ ထွက်လာခဲ့လိုက်၏။
လင်းရီ ယမန်နေ့က သူမကို နှလုံးအထူးကု ဌာန၌ အလုပ်လုပ်သည်ဟု ပြောဖူးကြောင်း ရှင်းလင်းစွာ မှတ်မိသေးလေသည်။
အကယ်၍ သူမ ယခုအချိန် လင်းရီကို လိုက်ရှာမည်ဆိုပါက လင်းရီနှင့် မတွေ့ဆုံနိုင်လျှင်တောင် သတင်းအချက်အလက်တစ်ချို့တော့ ရရှိနိုင်သည်။
"ဟယ်လို နာ့စ်... ဒေါက်တာလင်းရီက ညီမလေးတို့ ဌာနကလားဟင်...."
နာ့စ်မလေးမှာ ၀မ်ရင်းကို မြင်သည့် အခိုက်အတန့်တွင် တခဏမျှ ကြက်သေသေသွားပြီးနောက် "ဒေါက်တာလင်းက ညီမတို့ဌာနက ဒါရိုက်တာပါပဲ... ဒါပေမယ့် သူ ဒီနေ့ မနက်တည်းက ခွဲစိတ်ခန်း ၀င်သွားခဲ့တယ်...ခုထိ မပြီးသေးဘူး...."
"ခွဲစိတ်မှု....."
၀မ်ရင်း အထိတ်ထိတ် အလန့်အလန့် ဖြစ်သွားခဲ့သည်။ လင်းရီမှာ ယခု ခွဲစိတ်မှု ပြုနေသည့်အတွက် ထွက်လာ၍ မရချေ။ သူမ ယခုဘာလုပ်ရမည်နည်း။
"အဲ့ဒါဆို ဒါရိုက်တာလင်းက ဘယ်အချိန်လောက် ထွက်လာမလဲ.. ကြာဦးမှာလား......"
"ခွဲစိတ်မှု လုပ်နေတာဆိုတော့ ပြောရခက်တယ်... ခဏနေ ထွက်လာတာလည်း ဖြစ်နိုင်သလို အကြာကြီး နေမှ ထွက်လာတာလည်း ဖြစ်နိုင်တယ်...."
သူမရှေ့ရှိ အနှီ လှပသောရင့်ကျက်သော အမျိုးသမီးမှာ ဒါရိုက်တာလင်း၏ ချစ်သူရည်းစား ဖြစ်နိုင်ချေများသောကြောင့် နာ့စ်မလေးမှာ အလွန်အမင်း စိတ်ရှည်နေလေခဲ့လေသည်။
"ကောင်းပြီလေ... ကျွန်မသူ့ကို ဒီကပဲ စောင့်နေလိုက်တော့မယ်...."
၀မ်ရင်း ဘေးရှိ ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။ သူမ လင်းရီ ထွက်အလာကို စောင့်ဆိုင်းရန်သာ တတ်နိုင်လေသည်။
နာရီ၀က်ကြာပြီးနောက် ၀မ်ရင်း ဖုန်းသံ မြည်လာခဲ့၏။ ခေါ်ဆိုလာသူကို တွေ့လိုက်ရသောအခါ သူမ အံ့အားသင့်သွားခဲ့သည်။ ယင်းက လင်းရီ ထံမှပင်။
"ဘာလဲဖြစ်လို့ အစ်မရင်း ... ဘာလို့ ဖုန်းကောတွေ အများကြီးခေါ်ထားတာ...."
တစ်ချိန်တည်းတွင် တံခါးမှာ ပွင့်ဟလာပြီး လင်းရီ အထဲမှ ထွက်လာသည်ကို ၀မ်ရင်း မြင်လိုက်ရ၏။
"ရီ... ဥက္ကဌကျီ မနေ့တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းတွေကို သိသွားပြီ... အစ်မတို့ ဖုံးကွယ်ထားလို့ မရတော့ဘူး....."
"ဪ.... သိသွားတော့လည်း သိသွားတယ်ပေါ့... ဟိုလို အထွေအထူးကြီးလည်း မဟုတ်ဘဲနဲ့...."
လင်းရီ စိတ်မရှိခဲ့ပေ။
သိူ့တိုင်အောင် သူ့စိတ်ထဲ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရ၏။
ယေဘုယျအားဖြင့် ကျီချင်းရန်၏ စရိုက်သဘာ၀နှင့် ဆိုပါက သူမ သိလျှင်သိချင်း သူ့ထံ သို့ ဖုန်းခေါ်လိမ့်ပေမည်။
သိူ့သော်လည်း ယခုအချိန်ထိတိုင်အောင် သူမဘက်မှ လှုပ်ရှားလာခဲ့ခြင်း မရှိသေးချေ။ ယင်းကအတန်ငယ် ထူးဆန်းသော်လည်း ကိစ္စကြီးတော့ မဟုတ်ခဲ့ပေ။
"အစ်မ မနေ့ညက အိမ်ပြန်ရောက်တော့ ဥက္ကဌကျီကို ပေးဖို့အတွက် အကြောင်းပြချက်ကောင်းကောင်းလေး သေချာစဉ်းစားပြီးမှအိပ်တာ... မနက် အတွင်းရေးမှူးချိုးကို အစီရင်ခံလိုက်တုန်းကလည်း ဥက္ကဌကျီ အရမ်းကြီး သံသယမ၀င်သေးဘူး... အမှုဆောင် အဖွဲ့၀င်တွေကိုတောင်မှ အစည်းအဝေးလုပ်ဖို့ ခေါ်လိုက်သေးတယ်... ဒါပေမယ့် ခဏကြာတော့ တစ်စုံတစ်ယောက်က ပြောပြလိုက်သလိုပဲ... အစ်မနဲ့ ၀မ်ဟုန်ကျီကို ရုံးခန်းထဲခေါ်ပြီး ဖြစ်ကြောင်း ကုန်စင်ကို ပြောပြခိုင်းတယ်....၀မ်ဟုန်ကျီလည်း ဖုံးကွယ်မထားနိုင်တော့ပဲ ဥက္ကဌကျီကို အားလုံး ပြောပြလိုက်ရတယ်..."
လင်းရီ မျက်မှောင်ကြုတ်သွားခဲ့၏။ ၀မ်ရင်းပြောသည့် စကားအသွားအလယကို နားထောင်ကြည့်မည်ဆိုပါက ဤကိစ္စမှာ အတော်လေး ထူးဆန်းပေသည်။
အစကကျတော့ သူမ ယုံကြည်တယ်... ဒါပေမယ့် ခဏကြာတော့ ၀မ်ရင်းကိုတောင်မှ သေချာလေး စစ်မေးတယ်ဆိုတော့...အဲ့ဒီ အချိန်အပိုင်းအခြားလေးမှာ ချင်းရန်က တစ်ခုခု သိသွားတာပဲ ဖြစ်ရမယ်....
အဲ့လိုဆိုရင်တောင် ဘယ်သူက အမှန်တရားကို ပြောပြလိုက်တာလဲ....
၀မ်မာဇီလား...
လင်းရီမျက် မှောင်ကြုတ်လိုက်ပြီး သူ၏ အမူအရာမှာ ချက်ချင်းဆိုသလို တင်းမာခက်ထန်သွားခဲ့သည်။
ယင်းက ဖြစ်နိုင်ခြေများလေသည်။
"ခု ချင်းရန် ဘယ်မှာလဲ...."
"ဥက္ကဌကျီက ဒီကိစ္စကု သိသိချင်းပဲ အပြင်ထွက်သွားခဲ့ပြီ...."
"ငိုးပဲကွာ...."လင်းရီ ကျိန်ဆဲလိုက်ပြီး ၀မ်ရင်းကို ကြည့်ကာ "အစ်မ ကုမ္ပဏီကို အရင်ပြန်သွားလိုက်... ကျန်တာကို ကျွန်တော်ကပဲ ဂရုစိုက်လိုက်မယ်...."
"ရီ... နင်စိတ်အေးအေးထားနော်... ဘာလုပ်ရမလဲဆိုတာကို အရင်စဉ်းစား... မဆင်မခြင် လျှောက်မလုပ်နဲ့...."
လင်းရီ ဘာမျှ ပြန်မပြောပဲ သူ၏ ဆရာ၀န်ကုတ်ကို ဘေးရှိ နာ့စ်ထံ ပစ်ပေးခဲ့ပြီး ဓာတ်လှေကားထဲသို့ အရေးတကြီး ပြေးသွားခဲ့သည်။
တစ်ချိန်တည်းတွင် လင်းရီ ကျီချင်းရန်ကို ဖုန်းခေါ်လိုက်၏။
အချိန်အကြာကြီး ဖုန်း မြည်နေသော်လည်း မည်သူမျှ ဖုန်းမဖြေပေ။
လင်းရီ လက်မလျော့သေးပဲ နောက်ထပ် နှစ်ကြိမ်လောက် ဖုန်းခေါ်လိုက်၏။ သို့သော်လည်း အခြေအနေက တူညီစွာပင်။ မည်သူကမျှ ဖုန်းမဖြေခဲ့ပေ။
"ဒါကတော့ လွန်သွားပြီ....ဒီငတုံးမလေးက ဘာတွေ လျှောက်လုပ်နေတာလဲဟ...."
ဒင်....
တစ်ချိန်တည်းတွင် ဓာတ်လှေကားတံခါးပွင့်လာပြီး လျန်ရူရွှယ်နှင့် ရန်ကွမ်းရှ၏ လူနာဆောင်ထဲတွင် မြင်တွေ့လိုက်ရသော သက်လတ်ပိုင်း အမျိုးသားကို ဓာတ်လှေကားထဲတွင် မြင်တွေ့လိုက်ရသောအခါ လင်းရီ အံ့အားသင့်သွားခဲ့သည်။
ရန်ကွမ်းရှ ဆေးရုံတက်စဉ်အခါက ထိုသက်လတ်ပိုင်းလူကြီးမှာ အပြင်ဘက်တွင် တစ်ချိန်လုံးစောင့်ကြပ်နေပြီး လျန်ရူရွှယ်လည်း ရန်ကွမ်းရှထံအားသည့် အချိန်တိုင်းလိုလို သွားရောက်လည်ပတ်တတ်၏။
တိုက်ဆိုင်စွာဖြင့် ရန်ကွမ်းရှ သူ့ထံတွင် ဝိုင်ကောင်းတစ်ချို့ရှိတာကို သတိရသွားခဲ့ပြီး လင်းရီလည်း မြည်းကြည့်စေချင်သည့် စိတ်စေတနာဖြင့် သူ့လူများကို လာပို့ခိုင်းလိုက်လေသည်။
သို့သော်လည်း လင်းရီ၏ တစ်ခုခုကို အလွန်အမင်း စိုးရိမ်ပူပန်နေသည့် အသွင်အပြင်ကြောင့် လျန်ရူရွှယ် ဝိုင်လာပို့သည့်အကြောင်းကို ခေတ္တဘေးဖယ်ထားပြီး
“ လင်းရီ … နင်ဘာလဲဖြစ်လို့ ဒီလောက်တောင်လောနေရတာ…”
“ အမြန်ဖယ်စမ်း…”
လျန်ရူရွှယ် ဘာမျှ မပြောရသေးခင် လင်းရီမှာ သူမကို ဘေးသို့တွန်းဖယ်လိုက်ပြီး အလောတကြီးနှင့် ထွက်ခွာသွားခဲ့၏။ ထိုအခါ နှစ်ယောက်သား မည်သို့မျှ တုံ့ပြန်ချိန်မရလိုက်ပဲ ကြက်သေသေသွားလေသည်။
“ လင်းရီ … နင်ဘာတွေအဲ့လောက် စိုးရိမ်နေတာ.. ငါ့ကိုလည်းစောင့်ဦးလို့….”
လျန်ရူရွှယ်နောက်မှ အော်ဟစ်လိုက်၏။
သို့သော်လည်း လင်းရီ မရပ်တန့်ခဲ့ပေ။ လျန်ရူရွှယ်နှင့် သက်လတ်ပိုင်းလူကြီးမှာ နောက်တွင် ဝိုင်ထည့်ထားသည့် လက်ဆောင်ပုံးကို ကိုင်ထားရင်း ကူကယ်ရာမဲ့နေလေသည်။
“ ဒေါက်တာလင်းက ဒီတိုင်းထွက်သွားတယ်ဆိုတော့ ဝိုင်ပေးလို့မရတော့ဘူးနဲ့တူတယ်….”
“ မဟုတ်ဘူး…. ဒါ သေချာပေါက် ကိစ္စကြီး တစ်ခုခုဖြစ်နေလို့ပဲ….”
လျန်ရူရွှယ်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်နေသည့် အမူအရာတို့ ပေါ်ပေါက်လာခဲ့သည်။
“ တစ်ခုခု ဖြစ်နေတယ် ဟုတ်လား……”
“ ကျွန်မ လင်းရီအကြောင်း ကောင်းကောင်းသိတယ်…..” လျန်ရူရွှယ် ပြောလိုက်ပြီး “ လင်းရီက သူ့ရှေ့မှာ မောင့်ထိုင်တောင်ကြီး ပြိုလဲသွားရင်တောင် မတုန်လှုပ်မယ့်လူစားမျိုးပဲ…. သူ ဒီလိုပုံစံဖြစ်နေတယ်ဆိုတော့ ကျိန်းသေ တစ်ခုခု ဖြစ်နေလို့ပဲ….”
“ ကျုပ်တော့ မထင်ပါဘူး…. မစ်လျန်ကိုက စိုးရိမ်မှုလွန်ကဲနေတာ နေမှာပါ…..”
“ အန်ကယ်မို … ရှင်သူ့အကြောင်း ကောင်းကောင်းမသိသေးလို့… တကယ်ကြီး တစ်ခုခု အရေးကြီးကိစ္စ ဖြစ်နေပြီ…..”
မိုဟုန်ရှန်း ဝမ်ရင်းကို တစ်ချက်ကြည့်လိုက်ပြီး “ ဒါဆို အဲ့ဒီ အမျိုးသမီးက ဒေါက်တာလင်းနဲ့ သိလောက်တယ်… သူ့ကို မေးကြည့်ကြတာပေါ့…”
“ အင်း….”
………
ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ချင်းဟန်ထံ ဖုန်းဆက်လိုက်သည်။
“ ငါ့ကိုကူပြီး ကားတစ်စီးကို ရှာပေးစမ်းပါ… အဖြူရောင် မာစီးတီး … လိုင်စင်နံပါတ်က ကျိုးဟိုင် A83C00… ခုလေးတင် ချောင်ရန်အုပ်စုရဲ့ ကားပါကင်ကနေ မောင်းထွက်သွားခဲ့တာ….”
“ အိုကေ…. ငါ့ကောင်တစ်ယောက်ကို စုံစမ်းခိုင်းလိုက်မယ်….”
ကားထဲတွင်တော့ လင်းရီ ကျီချင်းရန်ထံ နောက်ထပ် အကြိမ်ရေအနည်းငယ်ခန့် ဖုန်းလှမ်းဆက်လိုက်သည်။ သို့သော်လည်း ယခုတိုင် သူမ ဘက်မှ ဖုန်းမဖြေသေးချေ။
လင်းရီ ချင်းဟန်ထံမှ သတင်းကို စိတ်လောကြီးစွာဖြင့် စောင့်ဆိုင်းနေရင်း သူ၏ သုံးသပ်ချက်များအရ ယခုကိစ္စမှာ ဝမ်မာဇီကြောင့် ဖြစ်နိုင်ခြေမှာ ခုနစ်ဆယ်ရာခိုင်နှုန်းရှိပြီး ကျန်သည့် သုံးဆယ်ရာခိုင်းနှုန်းကတော့ ကျောက်ကျိန်းရန်ကြောင့် ဖြစ်နိုင်လေသည်။
ကလင် ကလင် …..
နာရီဝက် ကြာပြီးနောက် ချင်းဟန်ထံမှ ဖုန်းဝင်လာခဲ့ပြီး “ မင်း ရှာခိုင်းတဲ့ မာစီးတီးကားက တီဟွေ့ စားသောက်ဆိုင်အဝင်ဝမှာ ရပ်ထားတယ်.. တကယ်လို့ ငါမှတ်မိတာ မှန်မယ်ဆိုရင် အဲ့ဒါ ကျီချင်းရန်ရဲ့ကားမလား….”
“ အေး …. သူ့ကားပဲ…”
လင်းရီ ပြန်ဖြေရင်း တီဟွေ့ စားသောက်ဆိုင်သို့ ဦးတည်လိုက်သည်။
“ အဲ့တာက ကျောက်မိသားစုရဲ့ ပိုင်နက်မဟုတ်လား…. ကျီချင်းရန်က ဘာလဲသွားလုပ်တာ….ဝံပုလွေ ခံတွင်းထဲ ဆင်းမလို့လားတဲ့.....”
“ ငါလည်း ဘာဖြစ်နေလဲဆိုတာ မသိတော့ဘူးကွာ…. ခုတော့ မင်းကို ပြောပြဖို့ အချိန်မရသေးဘူးဟျောင့်…. ငါဖုန်းချလိုက်တော့မယ်…”
လင်းရီ ထွက်ခွာသွားပြီးနောက် လျန်ရူရွှယ်နှင့် အန်ကယ်မိုတို့လည်း ဟွာရှန်းဆေးရုံထဲမှ ပြေးထွက်လာခဲ့သည်။
“ အန်ကယ်မို… ကားပေါ်တက်…. အဲ့ဒီရှာရီက လင်းရီရဲ့ကားပဲ…”
“ အိုကေ….”
တီဟွေ့ အဆောက်အအုံ။ အခန်း ၆၀၆။
တီဟွေ့စားသောက်ဆိုင်မှာ ရာစုဟောင်း စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး နန်ကျင်း စားသောက်ဖွယ်ရာများကို အဓိကထား ရောင်းချလေသည်။ သို့သော်လည်း ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုကြောင့် ဒေဝါလီခံလိုက်ရပြီး အဆုံးတွင် ကျောက်မိသားစုထံ ရောင်းချလိုက်ရ၍ ကျောက်မိသားစု၏ လက်အောက်ခံ နေရာတစ်ခု ဖြစ်လာခဲ့၏။
ထိုအချိန်တွင် စားသောက်ဆိုင်ထဲရှိ သီးသန့်ခန်းထဲတွင် ကျောက်ကျိန်းရန်၊ ဝမ်မာဇီနှင့် ဖန်ချီနန်တို့ အသီးသီး ထိုင်နေကြသည်။ သူတို့ရှေ့တွင်လည်း ဝိုင်၊အရက်၊ဘီယာများနှင့် အကင်များကိုလည်း စုံလင်စွာ တည်ခင်းထားလေသည်။
“ ဖန်ကြီး … ငါကြားထားတာတော့ မင်းတို့ Pfizer နဲ့ ဆွေးနွေးညှိနှိုင်းတာ အဆင်မပြေလိုက်ဘူးဆို…”
ကျောက်ကျိန်းရန် မေးလိုက်သည်။
“ ငိုးပဲ .. အဲ့အကြောင်း အစမဖော်စမ်းနဲ့…. တကယ်လို့ အဲ့ ခွေးသူတောင်းစား လင်းရီကြောင့်သာ မဟုတ်ဘူးဆိုရင် ညှိနှိုင်းတာက ဟိုး စကတည်းကရင် အဆင်ပြေနေပြီ…. ခုတော့ ငါတို့ဖန်မိသားစုက အဲ့ကောင်ကြောင့် ယွမ်ဘီလီယမ်နဲ့ချီပြီး ဆုံးရှုံးလိုက်ရတယ်…. တကယ်လို့ တရားဝင် လူသတ်ခွင့်တာ ရှိလို့ကတော့ အဲ့ကောင် အစောကြီးကတည်းကနေ မြေကြီးထဲရောက်နေလောက်ပြီ….”
“ လခွမ်းပဲ အဲ့ကောင်က ဘာလို့ နေရာတကာ ဝင်ပါနေတာလဲဟ….ငါတို့ပရောဂျက်လည်း သူ့ကြောင့် ပျက်စီးသွားပြီး မိသားစု စီမံကိန်းတွေ ပျက်စီးသွားတယ်….အားလုံး အဲ့လင်းရီ ဆိုတဲ့ ကောင်ကြောင့်ပဲ…”
ကျောက်ကျိန်းရန် အရက်တစ်ခွက်ချလျက် ပြောလိုက်သည်။
“ အဲ့လို အသေးမွှားကိစ္စလေးတွေနဲ့ ဒေါသထွက်ရတာ မတန်ပါဘူးကွာ….” ဝမ်မာဇီ လက်ထဲတွင် စိပ်ပုတီးကိုင်ထားလျက် ပြောလိုက်ပြီး “ ခဏနေ သူ့ကောင်မလေးရောက်လာတော့မှာဆိုတော့ ငါတို့ အတိုးနဲ့ ပြန်ပေးဆပ်ခိုင်းကြတာပေါ့…ဟဲဟဲ...”
ဖန်ချီနန် ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး “ အဲ့လိုဆိုရင်တော အစ်ကိုကျောက်နဲ့ အန်ကယ်ဝမ်ကိုပဲ အကူအညီတောင်းရတော့မယ်…”
ကျောက်ကျိန်းရန် ခြေတင်ချိတ်လိုက်ပြီး သူ့ဘောင်းဘီပေါ်ရှိ ဖုန်များကို ခါခပ်ကာ “ ဒါပေါ့ကွ… ငါတစ်ချိန်လုံး ကျီချင်းရန်ဆီကနေ အတိုးဘယ်လိုတောင်းရမလဲဆိုတာ စဉ်းစားနေတာ….”
“ တကယ်….”
“ မဟုတ်မှလွဲရော အစ်ကိုကျောက်ဆီမှာ တခြားအတွေးတွေများရှိနေတာလား….”
“ ကျီချင်းရန်ဆိုတာက ကျိုးဟိုင်ရဲ့အလှနတ်သမီးလေကွာ… သူမနဲ့ တစ်ညတာ မကုန်ဆုံးချင်တဲ့ကောင် ဘယ်ကောင်ရှိလို့လဲ….”
“ ဒါပေမယ့် ဒီကိစ္စက သိပ်မဖြစ်နိုင်ဘူးနော….” ဖန်ချီနန်ပြောလိုက်ပြီး “ ကျုပ်တို့ ကျီချင်းရန်အပေါ် လှည့်ကွက်တစ်ချို့ သုံးလို့ရတယ်ဆိုရင်တောင်မှ သူမရဲ့ အဆင့်အတန်းကလည်း မနိမ့်ဘူး… တကယ်လို့ ဒီကိစ္စကြီး တစ်ခုလုံးသာ ပေါက်ကွဲသွားလို့ကတော့ ကျောက်မိသားစုတောင် အဆုံးသတ်သွားနိုင်တယ်… ဒါကြောင့် ကျုပ်တို့ မလုပ်ခင် နှစ်ခါစဉ်းစားသင့်တယ်နော….”
“ မပူပါနဲ့ကွ… ငါလည်း စက်စုပ်ဖို့ကောင်းတဲ့ နည်းလမ်းတွေ မသုံးပါဘူး… ဒါပေမယ့် ငါတို့ဘက်က အသာစီးရထားတယ်ဆိုတော့ ညှိနှိုင်းရင်တော့ သေချာလေးအကြပ်ကိုင်ရမယ်… ကျီချင်းရန် လင်းရီကို ထောင်ကျစေချင်လိမ့်မယ်ဆိုတာ ငါမယုံဘူး…”
ဖန်ချီနန် ရယ်မောလိုက်ပြီး “ အစ်ကိုကျောက်က ဒီနယ်ပယ်မှာ တော်တော်လေး အတွေ့အကြုံ ရင့်ကျက်နေပြီပဲ… ကျုပ်က ခင်များနဲ့ ယှဉ်ရင်မှီဖို့ အများကြီး လိုနေပါသေးတယ်ဗျာ…”
“ တစ်လှေတည်းစီးနေတဲ့ကောင်တွေ ချင်းချင်းကိလာပြီး မြှောက်ပင့်နေသေးတယ်….. “ ကျောက်ကျိန်းရန် သူ့လက်သီးကို ပွတ်လိုက်ပြီး “ ကားပြိုင်ကွင်းမှာတုန်းက ငါ့အကြိုက်ဆုံး သန်း 40 ကျော်တန် ပြိုင်ကားကို အဲ့ကောင်က မီးရှို့ပစ်လိုက်တယ်ဆိုတော့ ဒီနေ့ ကောင်းကောင်းကြီးကို လက်စားချေပစ်ဦးမယ်….”
“ ဒါပေမယ့် အစ်ကိုကျောက်... အဲ့ဒီ လင်းရီဆိုတဲ့ကောင်က ဘာမှကြောက်တတ်တဲ့ ကောင်တော့ မဟုတ်ဘူးနော်… သူသာ ဒီအကြောင်းတွေ သိသွားလို့ကတော့ သေချာပေါက်ကျိုးဟိုင်မှာ လှုပ်ခတ်မှုကြီးတွေ ဖြစ်လာနိုင်တယ်….”
“ အဲ့ကောင်က အလကားပါကွာ…. “ ကျောက်ကျိန်းရန် အထင်သေးသည့်လေသံဖြင့် ပြောလိုက်ပြီး “ ငါတို့သုံးယောက်အတူ ထိုင်နေမှတော့ ကျိုးဟိုင်မှာ ဘယ်ကောင်က လာထိရဲမှာတဲ့လဲ…”
“ ဒါပေမယ့် သတိထားတာတော့ မမှားဘူး…” ဖန်ချီနန်ပြောလိုက်ပြီး “ ချင်းမိသားစု၊ လျန်မိသားစုနဲ့ ကောင်းမိသားစု ပူးပေါင်းလိုက်မယ်ဆိုရင် အင်အားက အတော်လေး အင်အားတောင့်တယ်..”
“ ဒီတိုင်း အနုပ်စုပ် ဂုတ်စုပ်လေးတွေပါကွာ… သူတို့က အကျိုးအမြတ်သာ မျှဝေခံစားချင်တာ.. ဝေဒနာဆိုရင်တော့ ဝေးဝေးရှောင်ကြမှာ မလွဲမသွေပဲ… အချိန်ကျလာတဲ့ အခါကျရင် လင်းရီနောက်မှာ ဘယ်ကောင်မှ ရှိနေမှာ မဟုတ်ဘူး…” ကျောက်ကိန်းရန် ပြောလိုက်ပြီး
“ ငါ စီးပွားရေးလောကမှ ကျင်လည်လာတာ နှစ်တွေ အတော်ကြာနေပြီ…ဘယ်သူကမှ ရန်သူတစ်ထောင်ကို ထိခိုက်စေဖို့ သူတို့ လူ ရှစ်ရာကို အနာမခံကြဘူး….”
“ ဟားဟား.... အဲ့လိုဆိုရင်တော့ ပွဲက လှပြီ.... ကျုပ် ပြပွဲကောင်းတစ်ခု ကြည့်ဖို့ပဲ စောင့်နေလိုက်တော့မယ်…”
ထိုအချိန်တွင် သီးသန့်ခန်းတံခါး ပွင့်လာခဲ့ပြီး ကျန်းအောက် ဝင်ရောက်လာခဲ့၏။
“ ဘော့စ်…. ကျီချင်းရန် ရောက်လာပါပြီခင်ဗျ….”