ခွေးမသားတွေ.... မင်းတို့ တစ်ကောင်မှ ထွက်သွားဖို့ မစဉ်းစားနဲ့
Vol. 30 Ch. 450
“ အဲ့ဒါဆို ဘာစောင့်နေတာ… ဥက္ကဌကျီကို အထဲဝင်ခဲ့ခိုင်းလိုက်တော့လေ…” ဝမ်မာဇီ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ နားလည်ပါပြီ ဘော့စ်….”
မိနစ်အနည်းငယ်ကြာပြီးနောက် သီးသန့်ခန်းတံခါးမှာ ထပ်မံပွင့်ဟလာပြီး ကျန်းအောက် ကျီချင်းရန်နှင့်အတူ ဝင်လာခဲ့၏။
“ ဥက္ကဌကျီ…. ကျုပ် ဥက္ကဌကျီအကြောင်း ကြားဖူးနေတာ ကြာပါပြီ.….” ဝမ်မာဇီ ပြုံးလိုက်ပြီး “ လာပြီး ထိုင်ပါဦးဗျ…. ဟင်းတွေတောင် အေးတော့မယ်….”
အခန်းထဲတွင် လူသုံးယောက်ရှိနေသည်ကိုမြင်တော့ ကျီချင်းရန်၏ အမူအရာမှာ အေးစက်သွားခဲ့ပြီး သူမလက်ကိုင်အိတ်ထဲရှိ စာရွက်စာတမ်းများကို ထုတ်လိုက်ကာ “ ဘာမှစားစရာ အကြောင်းမရှိဘူး… ရှင်တို့ လက်မှတ်ထိုးစရာရှိတာ ထိုးလိုက်.... ပြီးတာနဲ့ ကျွန်မပြန်မယ်….”
“ ဥက္ကဌကျီ…. လူတောင်ဒီရောက်လာနေပြီပဲဟာကို ဘာလို့ မျက်နှာကြီးက တင်းထားရတာ…. စီးပွားရေးကိစ္စဆိုတာက ဒီလိုမျိုးဆွေးနွေးရတာ မဟုတ်ဘူးလေ…”
“ ကျွန်မမှာ ရှင်တို့နဲ့ ဆွေးနွေးစရာ ဘာကိစ္စမှ မရှိဘူး… “ ကျီချင်းရန် ပြောလိုက်ပြီး “ ကျွန်မ စာချုပ်ယူလာခဲ့ပြီးပြီဆိုတော့ ရှင်နဲ့ လင်းရီကိစ္စက ကျေပြီ…”
“ တကယ်လို့ ဥက္ကဌကျီ ထိုင်ပြီးတော့ ဘာတစ်ခုမှ မစားဘူးဆိုရင် ကျုပ်တို့က လက်မခံဘူး…”
ထိုသို့ပြောရင်း ဝမ်မာဇီ စာချုပ်နှစ်ခုကို ပြန်ချထားလိုက်၏။
"ကျုပ် ၀မ်ပင်း မြေအောက်လောကကို ကြီးစိုးလာတာ နှစ်ပေါင်းမနည်းတော့ဘူး... ကျုပ်ရဲ့ အသိုင်းအဝိုင်းကြားမှာ ဂုဏ်သတင်းကြီးမားသလို လူလေးစားခံရတဲ့ ပုံရိပ်လည်း ရှိတယ်... ဥက္ကဌကျီ ဒီလိုလုပ်လိုက်တာက ကျုပ်ကို တကယ်ပဲ မျက်နှာသာ မပေးသာပဲ.... "
ကျောက်ကျိန်းရန်နှင့် ဖန်ချီနန်တို့ အချင်းချင်းကြည့်လိုက်ကြပြီး သူတိူ့မျက်နှာထက်တွင် အပြုံးများ ပေါ်ပေါက်လာခဲ့သည်။
၀မ်မာဇီက တကယ့်ကို မြေခွေးအိုကြီးပဲဟ...
ဒီလိုလှည့်ကွက်က အမြဲတမ်း အလုပ်ဖြစ်တယ်....
လင်းရီအတွက် ကျီချင်းရန် ၀မ်မာဇီ၏ တောင်းဆိုမှုကို လက်ခံမည်မှာ မလွဲမသွေပင်။
သူ့ဘက်ခြမ်းတွင်တော့ ကျီချင်းရန်၏ အားနည်းချက်ကို အသာစီးရထားသောကြောင့် ဆွေးနွေးရာတွင် ပို၍ လွယ်ကူသွားစေသည်။
"ရှင်တို့က စာချုပ်မှာ လက်မှတ်မထိုးချင်ဘူးပေါ့...."
၀မ်မာဇီ ဆိုဖာနောက်သို့ မှီလိုက်ပြီး "ဥက္ကဌကျီ... ခင်များက မျက်နှာထားတင်းတင်းနဲ့လည်း လာခဲ့သေးတယ်... ဒီလိုလည်း ပြောသေးတယ်ဆိုတော့ .... ကျုပ်တို့က ဘယ်လိုပုံစံနဲ့ စီးပွားရေးကိစ္စ သွားဆွေးနွေးရမှာ..."
"အဲ့တာဆိုလည်း ရတယ်လေ....
သူမ စားပွဲခုံနားသို့ လျှောက်လာခဲ့ပြီး စာချုပ်နှစ်ရွက်ကို ဘေးသို့ ဖယ်ထားလိုက်၏။
"ကျွန်မ ၊ ကျီချင်းရန်က မိန်းမသားတစ်ယောက် ဖြစ်ချင် ဖြစ်လိမ့်မယ်... ဒါပေမယ့် ကျွန်မကို လာပြီး ကျိုးကြောင်းမညီညွှတ်ဖို့တော့ စဉ်းတောင် မစဉ်းစားနဲ့... ရှင်တို့ဘက်က ဒီကိစ္စကို မဆွေးနွေးချင်ဘူးဆိုရင် ကျွန်မဘက်ကလည်း ဆွေးနွေးစရာ အကြောင်း မရှိဘူး... ရှင်တို့လူ သေသွားလို့ လင်းရီ ထောင်ကျခဲ့မယ်ဆိုရင်တောင်မှ ကျွန်မ ကုမ္ပဏီကို ရောင်းပြီးတော လင်းရီကို ထုတ်ပေးလို့လည်းရတယ်... ယွမ် ဘီလီယမ်နဲ့ချီသုံးပြီး ဒီကိစ္စကို ဖြေရှင်းလို့ မရဘူးဆိုတာ ကျွန်မ မယုံဘူး....... "
"ပြီးတော့ ကျွန်မကို လာပြီး ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့... တကယ်လို့ ရှင်တို့ သိပ်သတ္တိရှိရင် လင်းရီကို သွားရှာလေ... ရှင်တို့ သူ့ကို ဘာမှ မလုပ်နိုင်တိုင်းနဲ့ ကျွန်မလို အမျိုးသမီးတစ်ယောက်ကို လှည့်စားချင်နေတယ်ပေါ့... "
ကျီချင်းရန်၏ စကားလုံးများကို ကြားတော့ သုံးယောက်လုံး ကြက်သေသေသွားခဲ့ကြသည်။ မည်သူကမျှ ကျီချင်းရန်ကို ထိန်းချုပ်ဖို့ရာ ခက်ခဲလိမ့်မည်လို့ ထင်မှတ်မထားကြချေ။ အစက သူတို့ တွေးထင်ထားသည်မှာ လင်းရီအကြောင်းဖြင့် အကြပ်ကိုင်၍ သူတို့ လိုသလို ညှိယူမည်ဟု စဉ်းစားထားခဲ့၏။ ယခုလိုပုံစံအရဆိုပါက သေချာပေါက် ခက်ခဲတော့မည့်ပုံပင်။
"အရင်ဆုံး ထိုင်လိုက်ပါဦး ဥက္ကဌကျီ..ပြီးတော့ အေးဆေးစကားပြောလဲ ရပါတယ်...."ကျောက်ပေါ်မာများ ပြည့်နေသော ၀မ်မာဇီ၏ မျက်နှာထက်တွင် ရွံရှာဖွယ် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး "အလုပ်သဘောတောင် မဆွေးနွေးရသေးပဲနဲ့ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာ..."
"ပရောဂျက် လွှဲပြောင်းတဲ့ စာချုပ်ကတောင် ဒီရောက်နေပြီလေ... ရှင်က ဘာစကားတွေ ပြောချင်နေသေးတာ...."
ကျီချင်းရန် ဆက်လက်၍ "ပြီးတော့ ကျွန်မတို့ နှစ်ယောက်ကြားထဲမှာ ပြောစရာစကား ရှိမယ်လို့ မထင်ဘူး...."
"မဟုတ်သေးဘူး... ဥက္ကဌကျီ ထင်နေသလို မဟုတ်ဘူး..."၀မ်မာဇီ ပြောလိုက်ပြီး "ကျုပ် အစကတော့ ဒီရဲ့ ပိုင်မုန့်ကြီးကို ကျောက်မိသားစုနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားထားတာ... ဒါပေမယ့် ခု ကျောက်မိသားစုက ဆက်မလုပ်ချင်တော့ဘူး... ဆိုတော့ ကျုပ်လည်း စီးပွားရေး ပါတနာ တစ်ယောက် လိုက်ရှာရမယ်လေ... ကျုပ်သိချင်မိတာက ဥက္ကဌကျီ ကျုပ်နဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်၀င်စားမလားလို့ပါ..."
"လုံး၀ စိတ်မ၀င်စားဘူး..."
"ရှင့်မှာ ဒီရဲ့ ပရောဂျက်ကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည်ရှိရင်လုပ်.....မရှိရင် မလုပ်နဲ့.... ချောင်ရန်အုပ်စုကတော့ ရှင်နဲ့ ဘယ်တော့မှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး...."
ကျောက်ကျိန်းရန်နှင့် ဖန်ချီနန်တို့ မျက်နှာ အမူအရာများ အေးစက်လာခဲ့ကြသည်။ မည်သူကမျှ ကျီချင်းရန် ထိုမျှ ခေါင်းမာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
"ဥက္ကဌကျီ ခင်များ တကယ်လို့ ဒီလိုတွေ ပြောနေမယ်ဆိုရင် ကျုပ်မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲနော်.... "၀မ်မာဇီ ကျီချင်းရန်ကို ကြည့်၍ အေးစက်စွာ ဆိုလိုက်သည်။
"ရှင်တို့ဘက်က အရင် မရိုးသားတာလေ... ဒီတော့ ဟန်ဆောင်နေစရာလည်း မလိုတော့ဘူး..."ကျီချင်းရန် စာချုပ်များကို ရှေ့သို့ တိုးလိုက်ပြီး "ကျွန်မဘက်က စာချုပ်တွေ ပေးပြီးသွားပြီ... လက်မှတ်ထိုးပြီးတော့ ကော်ပီကို ကျွန်မကုမ္ပဏီ ပို့လိုက်... အဲ့တာဆို ကျွန်မတို့ကျေပြီ...."ပြောပြီးနောက် ကျီချင်းရန် ထွက်သွားရန် ဟန်ပြင်လိုက်၏။
"အစောင့်တွေ... သူမကို တားကြစမ်း...."
၀မ်မာဇီ၏ အမိန့်ကို ကြားသည်နှင့် ကျန်းအောက်နှင့် သူ့လူများ ပြေးထွက်လာကာ ကျီချင်းရန်၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။
"နင်တို့ ဘာလုပ်နေကြတာလဲ...."
၀မ်မာဇီ အရက်ဖြူတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ဖန်ခွက်သုံးခွက်ထဲသို့ လောင်းထည့်ကာ "ကျုပ်နဲ့ လင်းရီကြားက ရန်ငြိုးရန်စတွေက ဒီပရောဂျက်တစ်ခုတည်း မဟုတ်သေးဘူး... ကျုပ်ရဲ့ လက်အောက်ငယ်သား နှစ်ယောက်လည်း သူ့ကြောင့်နဲ့ ဒဏ်ရာတွေ ရထားသေးတယ်... ခုဆို ကျုပ်၊ ၀မ်ပင်းက အသိုင်းအဝိုင်းကြားထဲမှာ လူကဲ့ရဲ့စရာ ဖြစ်နေပြီ...ကျုပ်မျက်နှာကို ဘယ်မှာ သွားထားရမှာလဲ... "
၀မ်မာဇီ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး "ဒါပေမယ့် ကျုပ်ဒီနေ့ ဥက္ကဌကျီကို အေးဆေး ဆွေးနွေးချင်လို့ ခေါ်လိုက်တာ... ဒီမှာ အရက်သုံးခွက်ရှိတယ်... ကျုပ်တို့ သုံးယောက်ကို တစ်ယောက်တစ်ခွက်စီ အဖော်ပြုပြီး သောက်ပေးရင် ကျုပ်တို့နဲ့ လင်းရီကြားထဲမှာရှိတဲ့ ရန်ကြွေးတွေအကုန် သင်ပုန်းချေပေးလိုက်မယ်...."
"အိပ်မက်မက်နေလိုက်... ငါ ကျီချင်းရန်က နင်တို့ ထင်နေတဲ့ လူစားမျိုး မဟုတ်ဘူး...."
"ဟမ့်... ဒီအခြေအနေရောက်နေတာတောင်မှ ကိုယ့်အခြေအနေကို နားမလည်သေးဘူးပဲ...."၀မ်မာဇီ နှာခေါင်းရှုံ့လိုက်ပြီး "အဲ့ကောင်မကို ဒီခေါ်ခဲ့စမ်း...."
"နားလည်ပါပြီ ဘော့စ်...."
ကျန်းအောက် ကျီချင်းရန်ထံ အပြုံးလေးဖြင့် ရောက်လာခဲ့ပြီး သူမကို ၀မ်မာဇီတို့ ထိုင်နေသည့် စားပွဲထံ ခေါ်သွားလိုက်၏။
"နင်ဘာလုပ်နေတာလဲ... ငါ့ကိုလွှတ်...."
၀မ်မာဇီ စားပွဲပေါ်ရှိ စာချုပ်များကို တစ်နေရာ တွန်းပို့လိုက်ပြီး "ကျုပ် ဒီစာချုပ်တွေကို လက်ခံထားလိုက်မယ်... ဒါပေမယ့် လင်းရီနဲ့ ကျုပ်တို့ကြားက ရန်ငြိုးတွေကတော့ ခုထိ မပြီးသေးဘူး... တစ်ခါတည်းရှင်းအောင် ပြောထားလိုက်မယ်.... ဥက္ကဌကျီ ဒီနေ့ ဒီအရက် သုံးခွက် သောက်ကိုသောက်ရမယ်... တကယ်လို့ မသောက်ဘူးဆိုရင်တော့ ... ကျုပ် ၀မ်ပင်း မြေအောက်လောကမှာ ကြီးစိုးလာတာ နှစ်ပေါင်းမနည်းတော့ဘူး... ဘယ်သူကမှ ကျုပ်မျက်နှာကို အဲ့လိုဖြတ်မရိုက်ရဲဘူး...."
"နင်တို့ လွန်မလာနဲ့...."
"ဒါကို လွန်တယ်လို့ ခေါ်တာလား..."၀မ်မာဇီ ရယ်မောလိုက်ပြီး "ဒီနေ့ ဒီလိုနေရာကို ရောက်လာဖို့ ကျုပ် ဒီ့ထက် ဆိုးရွားတာတွေ ပြုလုပ်ခဲ့ပြီးပြီ.....ဒါပေမယ့် ခုထိ အေးဆေးပဲ မဟုတ်လား..."
"အစ်ကို၀မ်.. သူ ကျုပ်တို့နဲ့ အရက်သောက်ပေးနေတဲ့ မြင်ကွင်းကို ဗွီဒီယိုရိုက်ထားလိုက်ရမလား... ဟားဟား.... ဟိုခွေးမသား လင်းရီကို တွေ့ရင် သူ့ကောင်မလေး ကျုပ်တို့နဲ့ အရက်သောက်ပေးနေတဲ့ ဗွီဒီယိုကို ပြပေးရမယ်... အဲ့လိုဆို ဟိုကောင် ဒေါသထွက်လွန်းလို့ သေသွားနိုင်တယ် ဟိုးဟိုး......"
ကျောက်ကျိန်းရန်လည်း ရယ်မောလိုက်ပြီး "ဟုတ်တယ် ဟုတ်တယ် ... ရိုက်ကူးထားလိုက်....ပြီးရင် လင်းရီကို ပြရမယ်...ပြီးရင် အဲ့ကောင် ဒေါသထွက်ပြီး သွေးအန်တာကို အရသာရှိရှိနဲ့ ထိုင်ကြည့်ရမယ်...."
"ဟားဟား... ကျုပ် ကူညီပေးမယ်... လှပနဲ့ အမျိုးသမီးလေးတွေ ရုန်းကန်နေတာကို ကြည့်ရတာ သိပ်အရသာရှိတာပဲ..."
ဖန်ချီနန် လျှာသပ်လိုက်ပြီး သူ့ဖုန်းကို ထုတ်ကာ ရိုက်ကူးရန် ဟန်ပြင်လိုက်၏။
"မျိုးမစစ် လင်းရီက ဖန်မိသားစုကို ဘီလီယမ်နဲ့ချီပြီး ဆုံးရှုံးထားစေတယ်ဆိုတော့ သူ့ကောင်မလေးဆီကနေ ရသလောက် အတိုးနဲ့ပေါင်းပြီးယူရမယ်...."
ကျောက်ကျိန်းရန် ကျီချင်းရန်ဆီ လမ်းလျှောက်လာခဲ့ပြီး"ဥက္ကဌကျီ... လင်းရီနဲ့ ကျုပ်က အာဃာတ တစ်ချို့ ရှိရင် ရှိမယ်... ဒါပေမယ့် ပြန်ပြီး သင့်မြတ်ဖို့ အခန်းကဏ္ဍတော့ ရှိပါသေးတယ်....ကျုပ်တို့သုံးယောက်နဲ့ အတူသောက်ပေးလိုက်... အဲ့တာဆို အားလုံးသင်ပုန်းချေပြီ...."
"အိမ်မက်မက်နေလိုက်လေ..."
"အဲ့တာ မင်းဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး..."ကျောက်ကျိန်းရန် ၀မ်မာဇီကို တစ်ချက်ကြည့်လိုက်ပြီး "အန်ကယ်၀မ် .. ကျုပ်ကို တစ်ချက်လောက် ကူညီပါဦး...."
"ဒါပေါ့..."၀မ်မာဇီ ပြုံးလိုက်ပြီး "တကယ်လို့ ငါသာ လှုပ်ရှားနိုင်သေးလို့ကတော့ ဒီလို အလှလေး ကိုယ့်လက်ထဲ ရောက်တာနဲ့ လှုပ်ရှားပြီးသွားပြီ.... "
သို့နှင့် ၀မ်မာဇီ ကျီချင်းရန်၏ လက်မောင်း တစ်ဖက်ကို ချုပ်လိုက်ပြီး ကျောက်ကျိန်းရန်လည်း ကျန်သည့် လက်တစ်ဖက်ကို ချုပ်ကာ အရက်တစ်ခွက်ယူ၍ ကျီချင်းရန် နှုတ်ခမ်းရှေ့၌ တေ့ထားပေးလိုက်၏။
"ဥက္ကဌကျီ... အရက်ခွက်က ကိုယ့်ပါးစပ်ရှေ့တောင် ရောက်နေပြီဆို့တော့ မျက်နှာသာပေးတဲ့ အနေနဲ့ တစ်ငုံလောက် သောက်သင့်တယ်လို့ မထင်ဘူးလား...."
"ဖီး....အိပ်မက်ထဲမှာတောင် မရစေရဘူး... ငါ့ကို အမြန်လွှတ်စမ်း...."
ကျီချင်းရန်ကဲ့သို့ ပြစ်မျိုးမဲ့မထင် အလှလေး ရုန်းကန်အော်ဟစ်နေသည်ကိုမြင်တော့ ကျောက်ကျိန်းရန်မှာ စိတ်လှုပ်ရှားလွန်း၍ ရူးသွပ်နေပြီး ဖြစ်၏။
အတိတ်တွင် မိသားစု၏ ပရောဂျက်အတွက် ကျီချင်းရန်နောက်သို့ လိုက်ပိုးပန်းခဲ့သော်လည်း သူ့နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်ကိုတော့ ၀န်ခံရပေမည်။
ဘန်း...
ကျောက်ကျိန်းရန် ကျီချင်းရန် ပါးစပ်ထဲ အရက်အတင်း လောင်းထည့်တော့မည့် အချိန်တွင် သီးသန့်ခန်းတံခါးမှာ ကျယ်လောင်စွာ မြည်ဟီးသံနှင့် အတူ ပွင့်ဟလာခဲ့ပြီး လင်းရီ အဟုန်နှင့် အထဲသို့ ရောက်ရှိလာခဲ့၏။
"ခွေးမသားတွေ... မင်းတို့ တစ်ကောင်မှ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ စိတ်မကူးနဲ့...."