ယန်းလီလင်း၏ တိုက်ပွဲ အပိုင်း(၃)
Vol. 61 Ch. 841
“တိုက်ပွဲစိတ်ဝိညာဉ်” ယန်းလီလင်းက လည်ဆံမွေးနှင့် အမြီးဖျားတွင် မီးတောက်ရှိနေသည့် ဧရာမခြင်္သေ့တစ်ကောင်ကို မြင်လိုက်ရ၍ ရေရွတ်လိုက်သည်။ ထိုသက်ရှိတွင် အနီးအနားရှိ အရာမှန်သမျှကို လောင်ကျွမ်းပစ်နိုင်သည့် ကြောက်မက်ဖွယ် မီးတောက်မျိုး ရှိနေလေ၏။
ထိုအရာ၏ စွမ်းအားဖြင့် ကောင်းပေါ်ချင်းသည် အင်မော်တယ်ချပ်ဝတ်၏ ကာကွယ်မှု မရှိတော့သော်လည်း အစီအရင်၏ ပေါက်ကွဲမှုမှ အသက်ရှင်ကျန်ခဲ့လေသည်။
ယန်းလီလင်းက ထိုသက်ရှိကို မြင်သည်နှင့် ထိုအရာသည် တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာမှ တိုက်ပွဲစိတ်ဝိညာဉ်ဖြစ်ကြောင်း သိလိုက်၏။
တာအိုအခွင့်အလမ်းဂိုဏ်းက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းနှင့် ရန်ငြိုး ရှိထားသည့်အတွက် သူတို့ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ သတင်းအချက်အလက်ကို စုဆောင်းထားခဲ့သည်။ ထိုအရာထဲတွင် သူတို့၏ ကျင့်ကြံရေးနည်းစနစ်ဖြစ်သည့် တိုက်ပွဲစိတ်ဝိညာဉ် နည်းစနစ်လည်း အပါအဝင် ဖြစ်သည်။
ယန်းလီလင်းက သူတို့၏ စနစ်ကို ဖတ်ရှုပြီး ကျင့်ကြံရေး ဖြစ်စဉ်အကုန်လုံးကို အသေးစိတ်မှတ်ထားခဲ့သည်။ ပထမအဆင့်က ဒိုင်မေးရှင်းအနိမ့်နှင့် ဒိုင်မေးရှင်းအမြင့်ရှိ တခြားသော ကျင့်ကြံရေးနည်းစနစ်များနှင့် တူညီပြီး ခန္ဓာကိုယ်သန့်စင်ရေးအဆင့် ဖြစ်ပေသည်။
တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာရှိ ကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းဖြင့် ထူးကဲသာလွန်မှုဆီ ပထမခြေလှမ်းကို စတင်ခဲ့ကြသည်။ ထိုဖြစ်စဉ်က ခန္ဓာကိုယ်လေ့ကျင့်ရေးကို အလေးထားသည့် တချို့စနစ်များနှင့် ယှဉ်လိုက်လျှင် အကြမ်းထည်ဆန်လှသည်။
အကြောင်းအရင်းတစ်ခုက ဒုတိယအဆင့်ဖြစ်သည့် တိုက်ပွဲချီအဆင့်ကြောင့် ဖြစ်၏။ နာမည်အတိုင်း ထိုအဆင့်က ချီပင်လယ်၏ စွမ်းအင်ဗဟိုချက်ကို ဖွင့်လှစ်ကာ တိုက်ပွဲချီဟု ခေါ်ဆိုသည့် ထူးကဲစွမ်းအားတစ်ခုကို ဖန်တီးရေး ပါဝင်နေသည်။
တိုက်ပွဲချီက တိုက်ပွဲများကို အလေးထားသည့် သဘာဝကြောင့် အကြမ်းဆန်လှသည်။ ထို့ကြောင့် ကျင့်ကြံသူများက တိုက်ပွဲချီစွမ်းအားကို တောင့်ခံနိုင်ဖို့အတွက် သူတို့၏ ခန္ဓာကိုယ်ကောင်းမွန်သည့် အနေအထားတစ်ခုသို့ ရောက်အောင် လေ့ကျင့်ပေးရသည်။ ထိုအရာ၏ ပြစ်ချက်တစ်ခုက သက်တမ်းတိုးမြှင့်နိုင်စွမ်း လစ်ဟာနေမှု ဖြစ်၏။
တိုက်ပွဲချီအဆင့်ရှိ ကျင့်ကြံသူများက နှစ် ၁၆၀ မျှသာ နေထိုင်နိုင်ကြသည်။
တတိယအဆင့်ကမူ ကျင့်ကြံသူများက သူတို့၏ အသိစိတ်ပင်လယ်ကို တိုက်ပွဲချီဖြင့် ဖွင့်လှစ်ပြီး ဝိညာဉ်စွမ်းအားကို ရယူနိုင်သည့် တိုက်ပွဲဝိညာဉ်အဆင့် ဖြစ်သည်။
၄ ဆင့်မြောက်ကမူ တိုက်ပွဲချီနှင့် ဝိညာဉ်ချီတို့ကို မျိုးစေ့အဖြစ် ဖွဲ့စည်းပြီး စိတ်ဝိညာဉ်မျိုးစေ့အဆင့်သို့ ဝင်ရောက်ခြင်း ဖြစ်၏။ ထိုအဆင့်က တိုက်ပွဲစိတ်ဝိညာဉ်စနစ်၏ အခြေခံအုတ်မြစ် ဖြစ်ကာ ပြင်ဆင်မှုများစွာ လိုအပ်လေသည်။
ထို့နောက်တွင် ကျင့်ကြံသူများက ဝိညာဉ်ချီနှင့် မိုးမြေကြားမှ စွမ်းအားတို့ဖြင့် အားဖြည့်ပေးရမည့် စိတ်ဝိညာဉ်အားဖြည့်ရေး အဆင့် ဖြစ်သည်။
၆ ဆင့်မြောက်ကမူ စိတ်ဝိညာဉ် ဉာဏ်အလင်းပွင့်အဆင့်ဟု ခေါ်ဆိုပြီး ဤစနစ်၏ အရေးပါဆုံး အဆင့်တစ်ခုလည်း ဖြစ်ပေသည်။ ကျင့်ကြံသူများက သူတို့သည် ဤအဆင့်တွင် မည်သည့်လမ်းစဉ် သို့မဟုတ် တာအို လျှောက်လှမ်းမည်ကို ရွေးချယ်ရသည်။
ထို့နောက် သူတို့က သူတို့၏ အရင်းအမြစ်နှင့် နားလည်နိုင်စွမ်းကို အသုံးပြုကာ စိတ်ဝိညာဉ်မျိုးစေ့ကို အာဟာရဖြည့်ပေးရသည်။ သူတို့ရွေးချယ်ထားသည့် လမ်းစဉ်ပေါ် မူတည်၍ သူတို့ရရှိမည့် စိတ်ဝိညာဉ်ကို ဆုံးဖြတ်ပေးနိုင်သည်။ နမူနာအားဖြင့် ကံကြမ္မာအပေါ် နားလည်ပြီး ကံကြမ္မာနှင့် သက်ဆိုင်သည့် အရင်းအမြစ်များဖြင့် စိတ်ဝိညာဉ်မျိုးစေ့ကို အားဖြည့်ပေးမည့် ဝမ်ဝေ့လိုလူမျိုးအတွက် ကံကြမ္မာတာအိုအပေါ် မူတည်နေသည့် စိတ်ဝိညာဉ်ကို ရရှိလိမ့်မည်။
တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာက နှစ်များစွာ တည်ရှိနေခဲ့ပြီး တိုက်ပွဲစိတ်ဝိညာဉ်များစွာ မွေးထုတ်ခဲ့ဖူးသည်။ ၆ဆင့်မြောက်တွင် လူများက သူတို့၏ ဘိုးဘေး သို့မဟုတ် နာမည်ကျော် ပုဂ္ဂိုလ်များဆီမှ အားကောင်းကာ ထူးကဲသည့် စိတ်ဝိညာဉ်များကို အမွေဆက်ခံနိုင်သည်။
ထိုအဆင့်၏ နောက်ထပ် ကဏ္ဍတစ်ခုက ကောင်းကင်ရုပ်ခန္ဓာကဲ့သို့သော အရာများကို စိတ်ဝိညာဉ်မျိုးစိတ်အား ဉာဏ်အလင်းပွင့်ဖို့ အသုံးပြုနိုင်ပြီး စိတ်ဝိညာဉ်သည် ကောင်းကင်ရုပ်ခန္ဓာနှင့် ပြီးပြည့်စုံစွာ သင့်တော်ဖို့ အာမခံပေးနိုင်သည်။
၇ ဆင့်မြောက်ကမူ တိုက်ပွဲစိတ်ဝိညာဉ်အဆင့်ဖြစ်ပြီး မျိုးစေ့မှ တိုက်ပွဲစိတ်ဝိညာဉ်ကို မွေးထုတ်ပေးသည့် အချိန်လည်း ဖြစ်သည်။ သို့မဟုတ် တစ်စုံတစ်ယောက်က တိုက်ပွဲစိတ်ဝိညာဉ်ကို အမွေ ဆက်ခံရရှိနိုင်သည်။
၈ ဆင့်မြောက်ကမူ စိတ်ဝိညာဉ် စည်းမျဉ်းအဆင့်ဖြစ်ပြီး ကျင့်ကြံသူများက မိုးမြေစည်းမျဉ်းများကို နားလည်အောင်လုပ်ပြီး ထိုအရာဖြင့် တိုက်ပွဲစိတ်ဝိညာဉ်ကို ဆေးကြောပေးရသည်။ တိုက်ပွဲစိတ်ဝိညာဉ်က လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အယူအဆသဘောတရားကို ပြောင်းလဲလာလိမ့်မည်။
၉ ဆင့်မြောက်ကမူ စိတ်ဝိညာဉ် ခန္ဓာဆက်နွယ်ရေးအဆင့်ဖြစ်၏။ ကျင့်ကြံသူများက သူတို့၏ တိုက်ပွဲစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်နှင့် ဆက်နွယ်ထားပြီး သူတို့တွင် ရှိနေသည့် အားနည်းချက်များကို ပယ်ဖျောက်ကာ စိတ်ဝိညာဉ်များအပေါ် မှီခို၍ မြင့်မားသည့် တိုက်ပွဲစွမ်းရည်ကို ရယူနိုင်သည်။ ထိုအဆင့်တွင် တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက စိတ်ဝိညာဉ်ကို သူတို့၏ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ် အသုံးပြုခြင်းမှ တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်သည်။
ဧကရာဇ်တစ်ပိုင်းအဆင့်တွင် တိုက်ပွဲစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က အပြည့်အဝ ပေါင်းစည်းသွားမည်ဖြစ်ကာ အတုအယောင် တာအိုခန္ဓာကိုယ်၏ ပုံစံ ဖန်တီးလာလိမ့်မည်။
တိုက်ပွဲစိတ်ဝိညာဉ်နှင့် ဓမ္မခန္ဓာကိုယ်တို့က နည်းလမ်းများစွာ တူညီကြပြီး တစ်ခုတည်းသော ခြွင်းချက်က ရှေ့တစ်ခုတွင် ပိုင်ရှင်နှင့် ဆင်တူနေခြင်း မရှိပေ။ တိုက်ပွဲစိတ်ဝိညာဉ်က ပင်ကိုနတ်ဆိုးနတ်ဘုရား၊ အခြားမျိုးနွယ်များ၊ လက်နက် သို့မဟုတ် ပုံရိပ်ယောင် အစရှိသဖြင့် အရာအားလုံးဖြစ်နေနိုင်ပြီး ကျင့်ကြံသူအပေါ် သက်ရောက်မှု မရှိပေ။
သို့သော်လည်း ဓမ္မခန္ဓာကိုယ်က ကျင့်ကြံသူ၏ ပုံရိပ် သို့မဟုတ် သူတို့ အသုံးပြုသည့် ကျင့်စဉ်၏ ဖန်တီးသူပုံရိပ်သာ ဖြစ်နိုင်သည်။
တိုက်ပွဲစိတ်ဝိညာဉ်နှင့် ဓမ္မခန္ဓာကိုယ်က ဆက်နွယ်မှုတစ်ခု ရှိ၏။ နမူနာအားဖြင့် တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာသည် ချီယွမ်မူလနည်းစနစ်ကို ဖန်တီးရင်း ငယ်ရွယ်စဉ် ခရီးထွက်စဉ်အခါက သွားခဲ့သည့် နေရာများထဲမှ တစ်ခု ဖြစ်၏။
သို့သော်လည်း ဓမ္မခန္ဓာကိုယ် သဘောတရားက ကျင့်ကြံရေးနည်းစနစ်အများအပြားတွင် အသုံးပြုလေ့ရှိသည့်အတွက် အသေအချာသိရဖို့ ခက်ခဲလေသည်။
ယန်းလီလင်းက ကောင်းပေါ်ချင်း၏ တိုက်ပွဲစိတ်ဝိညာဉ်ကို ကြည့်နေရင်းသူမ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ဝင်လာသည်။
သူ့အဆင့်က ဧကရာဇ်တစ်ပိုင်းအဆင့် သူ့ခန္ဓာကိုယ်က တိုက်ပွဲစိတ်ဝိညာဉ်နှင့် အပြည့်အဝ ပေါင်းစပ်ပြီးသွားလောက်ပြီ။ အဲဒါဆိုတော့ ဒီတိုက်ပွဲစိတ်ဝိညာဉ်က အပိုပဲ…
သူမ သိထားသည့် သတင်းအချက်အလက်အရ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာမှ ပါရမီရှင်များတွင် စိတ်ဝိညာဉ်တစ်ခုထက် ပိုရှိနေသည့် မဖြစ်နိုင်ခြင်း မဟုတ်ပေ။ အမှန်တကယ် ရှားပါးသည့် ဖြစ်ရပ်က မျိုးစေ့တစ်ခုထက်ပိုပြီး ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဝေါင်း
ခြင်္သေ့က ကောင်းကင်အထက် ဟိန်းဟောက်လာကာ ပါးစပ်ဟ၍ မီးတောက်များ ပစ်ခတ်လာလေသည်။
ယန်းလီလင်းက အလျင်အမြန် တုံ့ပြန်ကာ ခုခံရေး ဆေးပြင်းမီးဖိုကို ဆင့်ခေါ်လိုက်ပြီး သူမ၏ ဟွင်သွမ်းမီးတောက်ဖြင့် ဒိုင်းကာသဖွယ် အသုံးပြုလိုက်သည်။
ဝုန်း
တိုက်ခိုက်ရေးစွမ်းအားက ကြီးကျယ်လွန်းလှသည့်အတွက် ယန်းလီလင်းက တားဆီးနိုင်ရုံမျှသာ ဖြစ်၏။ သူမ၏ လက်က လောင်ကျွမ်းမှုကြောင့် အနက်ရောင်ပင် ပြောင်းလာသည်။ အကယ်၍ သူမက ဆေးပြင်းမီးဖိုကို အသုံးပြုပြီး သန့်စင်သည်မှာ နှစ်များစွာ ကြာမြင့်ပြီးသည့်နောက် မီးတောက်အပေါ် ခံနိုင်ရည်စွမ်းမြင့်မားမှုကြောင့်သာ မဟုတ်လျှင် ရလဒ်က ပိုမိုဆိုးရွားသွားနိုင်သည်။
သို့သော်လည်း ယန်းလီလင်းက ထိုဒဏ်ရာကို ဂရုမစိုက်ပေ။ တိုက်ပွဲမတိုင်ခင် သူမ၏ နှလုံးသားထဲရှိနေသည့် အင်မော်တယ်ကုသရေးဆေးလုံးမှ သူမ၏ လောင်ကျွမ်းရာများကို ကုစားပေးနေသည့် စွမ်းအားတစ်ခု ထုတ်လွှတ်လာသည်။
ထိုအစား သူမက ဟွင်သွမ်းမီးတောက်ကို အာရုံစိုက်ထားပြီး မီးပြင်းဖို ဒိုင်းကာကို ဖန်တီးလိုက်သည်။
သတ္တုလား…
ယန်းလီလင်းက ထိုမီးတောက်၏ ထူးဆန်းမှုကို သတိပြုမိသွားသည့်အခါ မေးခွန်း ထုတ်လိုက်မိ၏။
သို့သော်လည်း ကောင်းပေါ်ချင်းက စဉ်းစားဖို့ အချိန်မပေးဘဲ ဆက်လက် တိုက်ခိုက်လာကာ နောက်ထပ် ကြောက်မက်ဖွယ် မီးတောက် အငွေ့အသက်များ ပစ်ခတ်လာသည်။
သို့သော် ယန်းလီလင်းက ကျွမ်းကျင်အတတ်ပညာများတွင် ပြဿနာဟု ယူဆလို့ရသည့် နောက်ထပ် အကြောင်းအရင်း တစ်ခုရှိနေသေး၏။ သူမက ဝမ်ဝေ့သည် လော့ချန်အဖြစ် အယောင်ဆောင်ရင်း မီးတောက်ဧကရာဇ်ဆီမှ ရရှိထားသည့် မီးတောက်ထိန်းချုပ်ရေး ပညာရပ်ကို ကျင့်ကြံထားခဲ့သည်။
ထို့ကြောင့် ယန်းလီလင်းက ဆေးပြင်းမီးဖိုတစ်ခုကို ထုတ်ယူကာ မီးတောက်ကို ဝါးမျိုလိုက်၏။ ထိုအရာနှင့် ထိတွေ့သည်နှင့် သူမက ဆေးပြင်းမီးဖို၏ အပြောင်းအလဲကို ချက်ချင်းသတိထားမိသော်လည်း မီးတောက်ကို ထိန်းချုပ်ကာ အပျက်အစီးကို လျှော့ချခဲ့ပြီး ထိုထူးထူးဆန်းဆန်း မီးတောက်၏ လျှို့ဝှက်ချက်ကို သုံးသပ်လိုက်သည်။
သန့်စင်မွမ်းမံရေး လက္ခဏာရှိနေတဲ့ မီးတောက်လား…
သူမက အနည်းငယ် အံ့အားသင့်သွားစွာ တွေးလိုက်မိသည်။ ခြင်္သေ့စိတ်ဝိညာဉ်၏ မီးတောက်က သန့်စင်မွမ်းမံရေး အယူအဆ ပါဝင်နေလေသည်။ ထို့ကြောင့် ယန်းလီလင်း၏ ဟွင်သွမ်းမီးတောက်နှင့် ထိတွေ့ပြီးသည့်နောက်တွင် ထိုအရာက မီးတောက်ကို မွမ်းမံသန့်စင်မည့် ပစ္စည်းအတွက် သင့်တော်မည့် သတ္တုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
သူမ၏ ဆေးပြင်းမီးဖိုအတွက်လည်း အတူတူသာ ဖြစ်၏။
အမြင့်ဆုံးအဆင့်မှာဆိုရင် ဒီမီးတောက်က သဘောတရားတွေကိုတောင် မွမ်းမံသန့်စင်နိုင်လိမ့်မယ်။ ဒါပေမဲ့ တကယ့်ပြဿနာက ကောင်းပေါ်ချင်းက အဲဒီအနေအထားထိ ရောက်လားမရောက်ဘူးလားဆိုတာပဲ…
ယန်းလီလင်းက တွေးလိုက်မိသည်။ မီးတောက်၊ ဒိုင်းကာနှင့် ဆေးပြင်းမီးဖိုကဲ့သို့ အရာများအပေါ်သာ သက်ရောက်မှုရှိကြောင်း ပြသထားသည်။
မီးတောက်ကို သုံးသပ်ပြီးတဲ့နောက်မှာ ငါဟွင်သွမ်းမီးတောက်ကို ဖွဲ့စည်းပြီးတော့ အဲဒီအရာရဲ့ စွမ်းအားကို ယူသင့်တယ်…
သူမက တွေးလိုက်မိသည်။
ထိုစဉ် ကောင်းပေါ်ချင်းက သူ့မီးတောက်သည် ခိုးယူမခံလိုက်ရကြောင်း သတိပြုမိသွားသည်။ သူ့သန်စင်မွမ်းမံရေးတာအိုကို ကူညီပေးနိုင်မည့် တိုက်ပွဲစိတ်ဝိညာဉ်ကို ဖန်ဆင်းပြီးသည့်နောက်တွင် လူများစွာက ထိုအရာကို ခိုးယူဖို့ သို့မဟုတ် လုယူဖို့ ကြိုးစားခဲ့ကြသည်။
ထပ်ပြီးကစားမနေနဲ့…
အေးစက်စက်အသံတစ်သံက ကောင်းပေါ်ချင်း၏ စိတ်ထဲ ထွက်ပေါ်လာကာ တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။ သူက တခြားသူများ၏ အခြေအနေသည် သိပ်မကောင်းကြောင်း သတိပြုမိသွား၏။ ထို့ကြောင့် သူက တစ်ဖက်လူကို အလျင်အမြန် ဖြေရှင်းကာ တခြားသူများကို အကူအညီပေးဖို့ လုပ်ဆောင်လိုက်သည်။
ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ နောက်ထပ် ဝှက်ဖဲတစ်ခုဖြစ်သည့် ဒုတိယမြောက် တိုက်ပွဲစိတ်ဝိညာဉ်ကို ထုတ်သုံးလိုက်သည်။
ထိုစိတ်ဝိညာဉ်က ကြက်သီးထဖွယ် ကောင်းပြီး နှာခေါင်း၊ ပါးစပ်၊ နားရွက်၊ မျက်ခုံးနှင့် ဆံပင်များမရှိပဲ သက်တံရောင် မျက်ဆံရှိသည့် မျက်ဝန်းတစ်စုံသာ ရှိလေသည်။ ကြက်သီးထဖွယ် ကောင်းသော်လည်း ထိုမျက်ဝန်းက ညှို့ယူဖမ်းစားနိုင်လေ၏။
ထိုအရာကို ကြည့်သည့်သူတိုင်းက အလှအပကြောင့် စွဲမက်သွားနိုင်သည်။ အနည်းဆုံးတော့ အချိန်တိုမျှ ဖြစ်၏။ ထို့ကြောင့် ထိုအရာက အန္တရာယ်ကြီးနေခြင်း ဖြစ်သည်။
ထိုတိုက်ပွဲစိတ်ဝိညာဉ် ပေါ်ထွက်လာသည်နှင့် ယန်းလီလင်း၏ အကြည့်က အာရုံစူးစိုက်မှု ပျောက်ဆုံးသွားလေသည်။ သူမ၏ ခန္ဓာကိုယ်က အေးဆေးသွားကာ အသက်ရှူသံက တိုးညင်းလာပြီး အငွေ့အသက်ကလည်း ပျောက်ကွယ်သွားပြီး ဆေးပြင်းမီးဖိုကလည်း ပျောက်ကွယ်သွားသည်။ ထိုစဉ် သူမက ခုခံကာကွယ်ရေး မဲ့လာလေ၏။
ဝုန်း
ခြင်္သေ့စိတ်ဝိညာဉ်၏ ပါးစပ်မှ နောက်ထပ် ကြောက်မက်ဖွယ် မီးတောက်တစ်ခု ထွက်လာကာ သူမကို တစ်ချက်တည်းဖြင့် သုတ်သင်ပစ်ဖို့ ကြိုးစားနေသည်။
ထို့နောက် သူမ၏ အသိစိတ်ပင်လယ်ထဲမှ ဆေးပြင်းမီးဖိုတစ်ခု ပေါ်ထွက်လာပြီး သူမကို ချက်ချင်းနိုးထစေမည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လာသည်။ သို့သော်လည်း သူမက တုံ့ပြန်မှု နောက်ကျလွန်းသွားခဲ့သည့်အတွက် မီးတောက်က သူမကို အငွေ့ပျံသွားစေသည်။