ယန်းလီလင်း၏ တိုက်ပွဲ နောက်ဆုံးအပိုင်း
Vol. 61 Ch. 842
တစ်ဖက်လူ ပျောက်ကွယ်သွားမှုကို မြင်တွေ့ပြီးသည့်နောက်တွင်ပင် ကောင်းပေါ်ချင်းက သူ့အနိုင်ရရှိမှုကို ချက်ချင်း အောင်ပွဲမခံခဲ့ပေ။ သူ့တိုက်ပွဲအာရုံက ကိစ္စများသည် ထိုမျှ မလွယ်ကူကြောင်း ပြောပြနေ၏။ ထို့ကြောင့် သူက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။
သူ ထင်ထားသည့်အတိုင်း မြောက်ဘက်ပိုင်း၏ အပြိုအပျက်များကြားတွင် ထူးထူးဆန်းဆန်း ဆေးလုံးတစ်လုံး မြောလွင့်နေသည်ကို သတိထားမိခဲ့သည်။ ထိုဆေးလုံးကို မြင်လိုက်သည်နှင့် ထိုအရာက ပြောင်းလဲလာ၏။
ကြွက်သား၊ သွေး၊ အရိုးနှင့် အရေပြားတို့က ထိုဆေးလုံးမှ ပြန်လည်ပေါက်ရောက်လာကာ ယန်းလီလင်းက ဖြူဖျော့နေသည့် အသားအရည်ဖြင့် ပေါ်ထွက်လာသည်။
အသားပြန်လည်စုစည်းရေး ဆေးလုံးက တကယ်ကို မအီမသာဖြစ်ဖို့ကောင်းတုန်းပဲ…
သူမက တွေးလိုက်မိသည်။ သူမက ခန္ဓာကိုယ်လေ့ကျင့်သူများ၏ သွေးတစ်စက်ဖြင့် ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ကို အတုခိုးပြီး ထိုဆေးလုံးကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ပြန်လည်ရှင်သန်ခြင်း ဖြစ်စဉ်က နာကျင်ကာ ဆိုးရွားလွန်းလှသည်။
ထို့နောက် သူမက ကောင်းပေါ်ချင်းကို အာရုံစိုက်လိုက်၏။ အထူးသဖြင့် ဒုတိယမြောက် တိုက်ပွဲစိတ်ဝိညာဉ်ကို ဖြစ်သည်။
တိုက်ပွဲစိတ်ဝိညာဉ်က ဝိညာဉ်နဲ့ သက်ဆိုင်နေတယ်ဆိုတာကို ထင်ထားပြီးသားပဲ…
အကယ်၍ ကောင်းပေါ်ချင်းက သူ့လက်နက်မွမ်းမံသန့်စင်ရေး ကျွမ်းကျင်အတတ်ပညာကို အထောက်အကူပြုဖို့ တိုက်ပွဲစိတ်ဝိညာဉ်ကို ဖန်တီးခဲ့သည်ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်ကို အလေးထားသည့် အရာကို ဖန်တီးခဲ့သည်ကလည်း အဓိပ္ပာယ်ရှိပေသည်။
ဝိညာဉ်စွမ်းအားဆိုတာက ကျွမ်းကျင်အတတ်ပညာတွေမှာ တန်ဖိုးအရှိဆုံးအရာပဲ။
ဒါနဲ့ ထားလိုက်ပါတော့။ သူ့တုယီနယ်ပယ်က အတော်လေးကို အားနည်းနေတာပဲ။ ဒါပေမဲ့ အဲ့လို မဖြစ်သင့်ဘူးလားလို့…
ယခင်တိုက်ကွက်အပြီးတွင် သူမက ကောင်းပေါ်ချင်း၏ တုယီနယ်ပယ်သည် ဒုတိယအဆင့်သာရှိသေးကြောင်း သဘောပေါက်ခဲ့သည်။ သို့သော်လည်း လူတစ်ယောက်အနေနှင့် တုယီနယ်ပယ်ကို ရဖို့ရာ အလွယ်ကူဆုံးနည်းလမ်းက ကျင့်ကြံရေးနည်းစနစ်နှစ်ခုကို ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။
ကောင်းပေါ်ချင်းက လိုအပ်ချက်နှင့် ကိုက်ညီနေသည့်အတွက် ယန်းလီလင်းက သူ့အတွင် အဆင့်မြင့်မားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သူ့ကျင့်ကြံရေးပါရမီက အဲ့လောက်အဆင့်ထိ မရောက်လို့များလား…
သူမက သုံးသပ်လိုက်သည်။ ကျင့်ကြံရေးနည်းစနစ် နှစ်ခုကို ပေါင်းစည်းခြင်းက လူတိုင်း လုပ်နိုင်သည့် အရာတော့ မဟုတ်ပေ။
ဒါမှမဟုတ် ဝိညာဉ်ကျွန်ပြုခြင်းရဲ့ ဆိုးကျိုးများလား…
ဝုန်း
ယန်းလီလင်းက အခြေအနေကို သုံးသပ်ရင်း အတွေးနက်နေမိစဉ် ကောင်းပေါ်ချင်းက သတ်ဖြတ်ငွေ့ကို ဖုံးကွယ်မထားပဲ စိုက်ကြည့်လာသည်။ သူ၏ အက်ကြောင်း ထပ်နေသည့် အင်မော်တယ်အဆင့် ချပ်ဝတ်ကို အနက်ရောင်ချပ်ဝတ်ဖြင့် အစားထိုးသွားပြီး ခြင်္သေ့စိတ်ဝိညာဉ်ဆီမှ ယခင်တိုက်ကွက်လိုမျိုး ထပ်မံ ပစ်ခတ်လာသည်။
သို့သော် ထိုအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့၏။
ပထမဦးစွာ အလင်းရောင်က ရွှေရောင် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ဆက်တိုက်ဆိုသလို ချပ်ဝတ်က ကောင်းပေါ်ချင်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားဟန်ပေါ်၏။ သူ့အရေပြားက ရွှေရောင်ဖျော့ဖျော့ပြောင်းလဲသွားပြီး အနက်ရောင် ဆံပင်ရှည်ရှိသည့် စက်ရုပ်လိုမျိုး တူနေသည်။
သူ့ပုခုံးအထက် ဆူးချွန်များ ထွက်ပေါ်လာပြီး ထိပ်ဖျားများတွင် ဓား၊ လှံနှင့် မျှား အစရှိသည့် လက်နက်များ ဖြစ်ပေါ်လာသည်။ သူ့ကျောအထက်တွင် သတ္တုတောင်ပံနှစ်ခုလည်း ထွက်ပေါ်လာပြီး လက်နက်မျိုးစုံဖြင့် ဖွဲ့စည်းထားဟန်ပေါ်၏။
ဤလက်နက်အမျိုးအစားအများအပြား ရောနှောထားခြင်းက ထူးဆန်းသင့်ပေသည်။ သို့သော်လည်း ကိစ္စတစ်ခုလုံးက သဘာဝဆန်ကာ ကြော့ရှင်းနေလေ၏။
စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း
ယန်းလီလင်းက ထိုနည်းစနစ်သည် တာအိုခန္ဓာနိုးထခြင်းကို အတုခိုးထားကြောင်း သဘောပေါက်သွားခဲ့၏။ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာမှ ကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဉ်ကို အသွင်ပြောင်းကာ အလားအလာအပြည့်ထုတ်သုံးနိုင်ကြသည်။
အသွင်ပြောင်းပြီးသည့်နောက်တွင် ကောင်းပေါ်ချင်းက အချိန်မဖြုန်းဘဲတစ်ဖက်လူဆီ ပြေးဝင်သွားလိုက်၏။
ဝုန်း
ယန်းလီလင်းက သူမကို တွန်းပို့သည့် ကြောက်မက်ဖွယ် ခွန်အားကို ခံစားမိလိုက်သည်။ အကယ်၍ သူမသာ အလိုလိုသိစိတ်အပေါ် မှီခိုပြီး ခွန်အားဆေးပြင်း မီးဖိုကို အသက်မသွင်းခဲ့ပါက သွေးများအဖြစ် ပေါက်ကွဲထွက်သွားနိုင်သည်။
ထိုအရာများဖြင့်ပင် သူမလက်မောင်းရှိ အရိုးက အက်ကွဲသွားပြီး အထူးအင်္ဂါများပင် ဖရိုဖရဲ ဖြစ်သွားလေသည်။
ထိပ်သီးပွင့်ချပ် ၇လွှာအဆင့်ပဲ…
ယန်းလီလင်းက စိတ်ထဲ ညည်းတွားကာ တွေးလိုက်မိသည်။ သူမက ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ပြီးသည့်နောက်တွင် သူမ၏ လက်ကို စစ်ဆေးကြည့်ကာ မူမမှန်မှုကို တွေ့ရှိသွား၏။
ကျိန်စာလား။ သွေးထွက်ရေး သင်္ကေတစွမ်းအားပဲ…
သူမက သုံးသပ်လိုက်သည်။
ကြည့်ရတာ သူက အသုံးပြုပစ္စည်းရဲ့ စွမ်းအားကို အသုံးပြုပြီး တိုက်ပွဲစိတ်ဝိညာဉ်ကို ဖန်တီးခဲ့ပုံပဲ။ သူ့ရဲ့ ခန္ဓာကိုယ်က သက်ရောက်မှုအမျိုးမျိုးရှိတဲ့ လက်နက်မျိုးစုံရဲ့ ပြယုဂ်တစ်ခု ဖြစ်လာတာပဲ…
သွေးထွက်ရေး သင်္ကေတက လက်နက်များတွင် ရန်သူကို သေအောင်အထိ သွေးထွက်အောင် သို့မဟုတ် အားနည်းအောင် လုပ်ဖို့ မကြာခဏ အသုံးပြုလေ့ရှိသည်။ ထိုအရာက လက်နက်သန့်စင်သူများ ပထမဦးဆုံးသင်ယူရသည့် အံ့ဖွယ်သင်္ကေတထဲမှ တစ်ခု ဖြစ်၏။
ခုခံကာကွယ်ရေးဆေးပြင်းမီးဖို
ကောင်းပေါ်ချင်း၏ တိုက်ကွက်က ယန်းလီလင်း၏ ကာကွယ်ရေးဒိုင်းကာအပေါ် ကျရောက်လာလေ၏။ တိုက်ကွက်အနည်းငယ်အပြီးတွင် သူက ဒိုင်းကာကို အက်လာစေခဲ့သည်။
သို့သော်လည်း ထူးဆန်းသည့် အပြာရောင်ဆေးလုံးတစ်ခု ထွက်ပေါ်လာကာ ဒိုင်းကာကို ချက်ချင်းဆိုသလို ကုစားသွားသည့်စွမ်းအားကို ထုတ်လွှတ်လာသည်။
ငါက နဝမအဆုံးစွန်အုတ်မြစ်ကို လျှောက်လှမ်းဖို့ မျှော်လင့်ထားတုန်းဆိုတော့ ကိုယ်ပွား၈ခု အုတ်မြစ်ကို တစ်ခါမှ မသုံးခဲ့ဖူးဘူး။ အဲဒါဆိုတော့ ငါ့ရဲ့ အင်အားက ပွင့်ချပ်၄လွှာပဲ ရှိတယ်။
ငါ့ဆီမှာ သူနဲ့ယှဉ်နိုင်ဖို့ ဆေးလုံးတွေနဲ့ လျှို့ဝှက်နည်းစနစ်တွေ ရှိပေမဲ့ တိုက်ပွဲအစီအစဉ်အတွက် သူ့ကို ဖြေရှင်းဖို့က ပိုကောင်းတဲ့ နည်းလမ်းတစ်ခုရှိတယ်…
ဒြပ်မဲ့ဆေးလုံး
သူမက ထိုဆေးလုံးကို မျိုချလိုက်သည့်အခါ ဒိုင်းကာကို ချိုးဖောက်မည့် ဂုဏ်သတ္တိအဖြစ် ပြောင်းလဲထားသော ကောင်းပေါ်ချင်း၏ လက်သီးက သူမရဲ့ ခုခံကာကွယ်မှုကို ချိုးဖောက်လာကာ သတ်ဖြတ်ဖို့ ကြံရွယ်လိုက်သည်။
ဝုန်း
ကောင်းပေါ်ချင်း၏ လက်သီးက လေဟာနယ်ကို တွန့်လိမ်သွားစေ၏။ သို့သော်လည်း သူက ဘာမှမခံစားမိလိုက်ပေ။ သူက ဗလာကို ထိုးမိလိုက်သလိုသာ ဖြစ်၏။ ပြောရလျှင် သူ့လက်သီးက လေဟုန်ခွင်းသည့် ခံစားချက်သာ ရရှိလိုက်၏။
သူ ခံစားရသည့်အချက်ကို မယုံကြည်နိုင်သည့်အတွက် နောက်ထပ်တိုက်ကွက်များ ထုတ်လွှတ်လိုက်သည်။ သူ၏ တခြားတိုက်ပွဲစိတ်ဝိညာဉ် နှစ်ခုကလည်း တိုက်ပွဲသို့ ဝင်ရောက်လာကာ သူ့ကို ကူညီပေးနေကြသည်။ သို့သော်လည်း ရလဒ်က အတူတူသာ ဖြစ်၏။
ကောင်းပေါ်ချင်းက ထိုရလဒ်ကို မယုံနိုင်ပဲ ပိုမိုကြမ်းတမ်းသည့် နည်းလမ်းများ အသုံးပြုလာသည်။
သူ့လက်ဝါးက ယင်ယန်ပုံကားချပ်အဖြစ် ပြောင်းလဲသွားပြီး သူမကို လက်ရှိအခြေအနေမှ ဆွဲထုတ်ကာ ဒြပ်မဲ့ကိုယ်မှ ဒြပ်ရှိကိုယ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေလေ၏။
ကံဆိုးစွာဖြင့် ယန်းလီလင်းက ဝမ်ဝေ့၏ ဗလာနတ္ထိစွမ်းအားကို အသုံးပြု၍ ထိုဆေးလုံးကို ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့် ထိုအရာ၏ အနှစ်သာရက ရိုးရိုးရှင်းရှင်း ဒြပ်မဲ့ မဟုတ်ပဲ ဗလာနတ္ထိသဘောတရား ပါဝင်နေသည်။
ကောင်းပေါ်ချင်းက နည်းဗျူဟာကို ပြောင်းလဲကာ လက်နက်ခန္ဓာကို ပြောင်းလဲပြီး ရှားပါးသည့်အချိန်၊ ပစ္စည်းဂုဏ်သတ္တိကို အသုံးပြုလိုက်သည်။ ထို့နောက် သူက ယန်းလီလင်းကို လက်ရှိအခြေအနေ မရောက်ခင် မိနစ်ပိုင်းအလိုခန့်ကို ပြန်လည်ပြောင်းဖို့ ကြိုးစားလိုက်၏။
အချိန်အပါအဝင် မည်သည့်အရာကမှ ဗလာနတ္ထိအပေါ် သက်ရောက်မှု မရှိသည့်အတွက် သူ့ကြိုးစားမှုက ကျရှုံးခဲ့သည်။
သို့သော်လည်း ကောင်းပေါ်ချင်းက သူ့သခင် အမိန့်ပေးထားသည့်အတိုင်း တိုက်ပွဲကို အဆုံးသတ်လိုစိတ်သာ ကြီးစိုးနေသည့်အတွက် အရူးတစ်ယောက်အလား ဖြစ်နေသည်။ ထို့ကြောင့် သူက မအောင်မြင်နိုင်သည်ကို မယုံနိုင်ပေ။
ထို့နောက် သူက ယန်းလီလင်း၏ အတိတ်ကိုယ်ကို တိုက်ခိုက်ဖို့ ရွေးချယ်လိုက်သည်။ ထိုအတိတ်ကို သတ်ဖြတ်ခြင်းဖြင့် လက်ရှိကိုယ်ကို သုတ်သင်နိုင်လိမ့်မည်။
သို့သော် ထိုနည်းလမ်းကလည်း အသုံးမဝင်ခဲ့ပေ။ ဗလာနတ္ထိ၏ ဂုဏ်သတ္တိတစ်ခုက အချိန်ကို ကျော်လွန်နေသည့် အဆုံးမဲ့ ဖြစ်၏။ ထို့ကြောင့် ထိုသို့သော နည်းစနစ်မျိုးက ဗလာနတ္ထိစွမ်းအားကို မကျွမ်းကျင်သေးသည့် အတိတ်မှ ဝမ်ဝေ့ အပေါ် အလုပ်ဖြစ်နိုင်သည်။ သို့သော် လက်ရှိကိုယ်က ကွဲပြားသွားလေပြီ။
ဒီထူးဆန်းတဲ့ နည်းစနစ်က ဘာကြီးလဲ…
ကောင်းပေါ်ချင်းက စိတ်ထဲမှ တွေးလိုက်မိသည်။ သူက သူမ၏ အတိတ်ကိုယ်ကို သတ်ဖို့ရာ ရှာမတွေ့ပေ။ သူမ၏ အတိတ်က ကျယ်ပြန့်ကာ အလှမ်းဝေးပြီး ဗလာနတ္ထိဖြစ်ကာ ကာလံဒေသံ၊ စွမ်းအားနှင့် သဘောတရားများပင် ပါဝင်နေသည်။
ကောင်းပေါ်ချင်းက ထိုကြီးကျယ်ရှည်ကြာသည့် သက်ရှိနှင့် ထိတွေ့ပြီးသည့်နောက်တွင် စိတ်လွတ်လုမတတ် ဖြစ်သွားလေ၏။ ကံကောင်းစွာဖြင့် သူက ထပ်မံ မကြိုးစားခင် သတိကြီးကြီးထားပြီး လက်လျှော့လိုက်သည်။
ငါ ဘာလုပ်သင့်တုန်း။ ငါ့ရဲ့ တိုက်ကွက်တွေက ဘာမှအလုပ်မဖြစ်ဘူး…
ကောင်းပေါ်ချင်းက တွေးလိုက်မိသည်။
ကြည့်ရတာ သူမက ငါ့ရဲ့ သက်လုံနဲ့ လျှို့ဝှက်နည်းစနစ် အားကုန်သွားမဲ့ အချိန်ကို စောင့်နေတဲ့ပုံပဲ…
တိုက်ပွဲစိတ်ဝိညာဉ် အသွင်ပြောင်းမှုက စွမ်းအားအမြောက်အများရှိဖို့ရာ သူ့အတွက် မလုံလောက်ပေ။ ကောင်းပေါ်ချင်းက စိတ်ဝိညာဉ်နှင့် အင်မော်တယ် ချပ်ဝတ်၏ ပေါင်းစည်းမှုအပေါ် မှီခိုထားပြီး ထိုအောင်မြင်မှုကို ရရှိခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ကြာရှည်ခံမည် မဟုတ်ပေ။ သူက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အထက် ဆိုးဆိုးရွားရွား ဝန်ထုပ်ဝန်ပိုးကို ခံစားမိလိုက်၏။
ငါ အစွန်းရောက် နည်းလမ်းတွေကို သုံးရတော့မှာလား…
သူက သူ့စိတ်ဝိညာဉ်ကို စွမ်းအားတိုးမြင့်မှုအတွက် စတေးနိုင်သည့် လျှို့ဝှက်နည်းစနစ်တစ်ခု ရှိထားသည်။ သို့သော်လည်း အကျိုးဆက်က ပြင်းထန်လှ၏။ အထူးသဖြင့် သူက လက်နက်ခန္ဓာစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်သည့်အခါတွင် ဖြစ်သည်။
သူ ပေါင်းစပ်ထားသည့် ပင်မ တိုက်ပွဲစိတ်ဝိညာဉ်အနေဖြင့် ထိုအရာက သူ့စိတ်ဝိညာဉ် သို့မဟုတ် ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်ပျက်သွားပါက သူလည်း သေဆုံးသွားနိုင်သည်။
ငါ စွန့်စားလိုက်ရမလား။ ဒါမှမဟုတ် နောက်ထပ် နည်းလမ်းတစ်ခုကို စဉ်းစားကြည့်ရမလား…
ဝုန်း
ထိုစဉ် ကောင်းပေါ်ချင်း၏ စိတ်ထဲ ကြောက်မက်ဖွယ် မရဏအငွေ့အသက်၊ သတ်ဖြတ်ရေးအငွေ့အသက်တို့ ပေါက်ကွဲထွက်သွားပြီး သူ့မျက်လုံးတို့က အနီရောင် ပြောင်းလဲသွားသည်။ သူက မြင်မြင်သမျှကို သတ်ဖို့ရာ စိတ်ဆန္ဒသာ ကျန်ရှိတော့သည်။
ကောင်းပေါ်ချင်းက အားရပါးရအော်ဟစ်ကာ ယန်းလီလင်းအား သားကောင်လိုမျိုး သဘောထားကာ ကြည့်လိုက်သည်။ သတ်ဖြတ်ရေးအရှိန်အဝါနှင့် လိုအင်ဆန္ဒက သူ့အသိစိတ်ကို တိုက်စားသွားလေ၏။
ဝှစ်
သူ့တိုက်ပွဲစိတ်ဝိညာဉ်ကလည်း အသက်ဝင်လာကာ ယခုအခြေအနေမှ နိုးထစေသည့် လျှို့ဝှက်ဆန်းကြယ် ဝိညာဉ် စွမ်းအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
အခုပဲ…
ယန်းလီလင်းက တွေးလိုက်မိပြီး ကောင်းပေါ်ချင်းက သတ်ဖြတ်ရေးလှံ၏ လွှမ်းမိုးမှုမှ နိုးထလာလျှင် စိတ်က အားအနည်းဆုံးဖြစ်နေမည်ကို အခွင့်ကောင်းယူဖို့ တွေးလိုက်သည်။
ဝိညာဉ်စည်းတံဆိပ်
ကောင်းပေါ်ချင်းအထက်တွင် ဆေးပြင်းမီးဖိုတစ်ခု ပေါ်ထွက်လာပြီး စည်းတံဆိပ်က သူ့တိုက်ပွဲစိတ်ဝိညာဉ်များကို ကျော်ဖြတ်သွားကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွား၏။ သူက ရပ်နေရင်း အိပ်ငိုက်မှုကို ကြုံလိုက်ရသည့်အလား တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။
သူ့နားရွက်၊ ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျလာ၏။ သူက အံကြိတ်ထားသည့်အတွက် မျက်နှာက ရှုံ့မဲ့နေသည်။ ထိုဖြစ်စဉ်က အင်မတန် ရက်စက်လှပြီး တစ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
နောက်ဆုံးတွင် ကောင်းပေါ်ချင်းက မျက်လုံးဖွင့်လာ၏။ ပထမဦးစွာ သူတို့က စိတ်ရှုပ်ထွေးနေသော်လည်း စိတ်သက်သာရာရသွားသည့် အငွေ့အသက်များ လိုက်ပါလာသည်။
“ငါ … လွတ်လပ်သွားပြီ”
သူ့မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေ၏။ ယခင်နှစ်သန်းချီက သူ့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့သည်။ သူ့စိတ်က တစ်စုံတစ်ယောက်ကို ခစားဖို့ အတင်းအကြပ် ဖိအားပေးခံထားရ၏။ အထူးသဖြင့် သူ မုန်းတီးနေသည့် လူတစ်ယောက်ထံတွင် ဖြစ်၏။
ခုခံမှုက အသုံးမဝင်ခဲ့ကာ အချိန်ကြာလာသည်နှင့်အမျှ သူ့နာခံမှုက ဖြည်းဖြည်းချင်း ကြီးထွားလာခဲ့သည်။ သူက တစ်ရက်ကျလျှင် သူ ကိုယ်တိုင် ပျောက်ဆုံးသွားသည်ကို ကြောက်ရွံ့လာမိ၏။ ယခုတွင် ထိုအိပ်မက်ဆိုးက ပြီးဆုံးသွားခဲ့လေပြီ။