← Chapters

အားအနည်းဆုံး အပိုင်း(၂)

Vol. 61 Ch. 845

အားအနည်းဆုံး အပိုင်း(၂)

Vol. 61 Ch. 845

ထျဲ့ကန်က တစ်ဖက်လူဆီ ပြေးဝင်သွားကာ တိုက်ကွက်များစွာကို ထုတ်လွှတ်လိုက်သည်။ လက်သီးတစ်ချက်ချင်းစီတွင် ဂလက်ဆီများစွာကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ် တုန်ခါနှုန်း ပါဝင်နေလေသည်။

ပထမဦးစွာ အစားကြူးသူက အဆင့်မြှင့်တင်ထားသည့် သူ့ရုပ်ခန္ဓာဖြင့် တိုက်ကွက်တချို့ကို တားဆီးခဲ့လေသည်။ သို့သော်လည်း ထျဲ့ကန်က ဖုတ်ကောင်၏ ခန္ဓကိုယ်အရေးသာချက်ကို စတင်အသုံးပြုပြီးသည့်နောက်တွင် မိစ္ဆာက စတင် အခက်တွေ့လာသည်။

ထျဲ့ကန်က ဝမ်ဝေ့ အစောပိုင်းနှစ်များတွင် အသုံးပြုသည့် နည်းစနစ်ကို ထုတ်သုံးလာသည်။ သူက ဆဲလ်၊ မော်လီကြူး၊ ကြွက်သားအမျှင်၊ အရွတ်၊ အရိုးနှင့် အရေပြားတစ်လက်မချင်းစီမှ တုန်ခါနှုန်းကို ထုတ်လွှင့်လာပြီး တစ်ဖက်လူဆီ ပို့ဆောင်လိုက်သည်။

ဝုန်း

ပတ်ဝန်းကျင်ကာလံဒေသံနှင့်အတူ အာကာပြင်က တွန့်လိမ်သွားပြီး ထျဲ့ကန်၏ လက်သီးချက်က အစားကြူသူ၏ ဦးခေါင်းဆီ ကျရောက်လာသည်။ တစ်ချက်တည်းဖြင့် ထိုမိစ္ဆာ၏ အပေါ်ပိုင်းခန္ဓာကိုယ်က လေများလွန်းသည့် ပူဖောင်းကဲ့သို့ ပေါက်ကွဲထွက်သွားသည်။

အစားကြူးသူ၏ အပေါ်ပိုင်းခန္ဓာက ပြဿနာမရှိဘဲ သူ့အလိုလို ပြန်လည်ကောင်းမွန်လာ၏။ ပြဿနာကား ကြည့်ရဆိုးနေခြင်းဖြစ်ကာ တီကောင်များစွာက အစားကြူးသူနှင့် တူညီသည့် လူသားအသွင် ဖွဲ့စည်းနေဟန်ပေါ်သည်။

ဘန်း

ထျဲ့ကန်က မဆုတ်မနစ် တိုက်ကွက်များကို ထုတ်လွှတ်ဖို့ နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။ သူ့လက်သီးချက်က ယခင်နှင့်တူသည့် စွမ်းအားပါဝင်သော်လည်း ယခုအကြိမ်တွင် သူ့အားထုတ်မှုက ကျရှုံးခဲ့ရသည်။

ဤတစ်ကြိမ်တွင် အစားကြူးသူက နောက်လွင့်စင်မသွားတော့ပေ။

ဘန်း ဘန်း

ထျဲ့ကနက် တိုက်ကွက်နှစ်ခုကို အသုံးမဝင်မှန်း သိသိရက်နှင့် ထပ်မံ ထုတ်လွှတ်လိုက်သည်။ သူက တစ်ဖက်လူ၏ နည်းစနစ်ကို သုံးသပ်ဖို့ အခွင့်ကောင်းလိုချင်ခြင်းသာ ဖြစ်၏။

သူက မိစ္ဆာသည် တိုက်ကွက်မှ တုန်ခါနှုန်းနှင့် စွမ်းအားကို ကူးပြောင်းဖို့ နောက်ထပ် နေရာလွတ်တစ်ခုကို ကြားခံနယ်အဖြစ် အသုံးပြုခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။

သူက တိုက်ကွက်ကို မစုပ်ယူဘဲနဲ့ သူ့အစာအိမ်ထဲ ကူးပြောင်းလိုက်တာလား။ သူက ပြဿနာမရှိအောင် တိုက်ကွက်ကို တခြားနေရာများ ပြောင်းလွှဲလိုက်တာလား။

ထျဲ့ကန်က ကောင်းကင်ရွေးချယ်ခံများကဲ့သို့ အခြေအနေအသိစိတ်နှင့် သုံးသပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ထားခဲ့သည်။ သာမန်လူများက ထိုသင်ကြားမှုမျိုးကို အလွယ်တကူ ရရှိမည် မဟုတ်ပေ။ အကယ်၍ ဂိုဏ်းရှိ သူတို့အဆင့်အတန်းကြောင့်သာ မဟုတ်လျှင် ထိုစွမ်းရည်ကို ရဖို့အတွက် တိုက်ပွဲမြောက်များစွာ တိုက်ခိုက်ပြီး အသက်ကို စတေးထားရလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် ထိုပါရမီရှင်များ၏ စနစ်ကျ သင်ကြားမှုနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်များသည် တစ်ဖက်လူသည် မည်သည့်တာအိုကို အသုံးပြုကြောင်း သိစေဖို့ရာ ခွင့်ပြုထားသည့် ဗဟုသုတနှင့် အတွေ့အကြုံများစွာကို သင်ကြားပေးခြင်းခံရသည်။

ဂျွတ်

ထျဲ့ကန်က တစ်ဖက်လူကို လေ့လာနေရင်း အံ့အားသင့်သလို အနည်းငယ်လည်း ထိတ်လန့်သွားမိသည်။ သူ့ညာဖက်လက်က ဂျွတ်အသံနှင့်အတူ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ဘာဖြစ်သွားတာလဲ…

သူက အမည်မသိအကြောင်းကြောင့် ကြောက်လန့်လာမိသည်။ သူ့စိတ်က ထိုမျှအားနည်းခြင်း မရှိပေ။ ထို့ကြောင့် သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်လိုက်၏။ ထို့အပြင် ယန်းလီလင်း၏ ဆေးက သက်ရောက်မှုရှိနေသည့်အတွက် သူ့စိတ်ကို တည်ငြိမ်စေသည်။

ချိုက်စု့န်က ဖုတ်ကောင်၏ ဇီဝလက္ခဏာများကို ထိန်းသိမ်းပြီး ရုပ်သေးရုပ်ချပ်ဝတ်အဖြစ် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်၏။ လက်မောင်း ပျောက်ကွယ်သွားပြီးသည့်နောက်တွင်ပင် ထိုအရာက ဆက်နွယ်ထားသော ထျဲ့ကန်နှင့်အတူ ပြန်လည်ပေါက်ရောက်လာသည်။

ယင်ချီ မီးတောက်

ဖုတ်ကောင်က ပါးစပ်ကို ဟကာ ဝိညာဉ်ကို လောင်ကျွမ်းပစ်နိုင်သည့်စွမ်းအားရှိနေသည့် အစိမ်းရင့်ရင့် မီးတောက်ကို ပစ်ခတ်လိုက်သည်။ သို့သော်လည်း ထိုအရာက အစားကြူးသူရှေ့ မရောက်ခင် ထျဲ့ကန်၏ လက်မောင်းကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားလေ၏။ တစ်ခုတည်းသော ကွဲပြားချက်က ဂျွတ်ဆိုသည့် အသံအစား ဝါးမျိုသံများနှင့် အစားထိုးသွားလေသည်။

သူက ငါ့တိုက်ကွက်ကို စားလိုက်တာလား…

ထျဲ့ကန်က တွေးလိုက်မိသည်။

ဟုတ်တယ်။ သူက ငါ့တိုက်ကွက်ကို အစားအစာလိုမျိုး သဘောထားပြီး စားလိုက်တာပဲ…

သူက အာရုံခံနှုန်းကို မြှင့်တင်ကာ ကောက်ချက်ချမှုကို စမ်းသပ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ထျဲ့ကန်က မြင်လိုက်ရ၏။ အစားကြူးသူဝန်းကျင်တွင် မမြင်နိုင်သည့် ပါးစပ်များစွာ ရှိနေလေ၏။ ထျဲ့ကန်က ယင်လက်သီးတိုက်ကွက်ကို ထုတ်ဖော်ကာ ထိုအရာများကို စမ်းသပ်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူတို့က စားသုံးကာ မျိုချလိုက်လေသည်။

ထျဲ့ကန်က အလေးအနက် ဖြစ်လာလေသည်။

ဒီဝါးစားနေတဲ့ ဖြစ်စဉ်အတွင်း အစားကြူးသူက ငါ့ကျင့်စဉ်က လွှမ်းမိုးမှုတွေကို ဖယ်ရှားပြီးတော့ သန့်စင်ပြီးတဲ့နောက်မှာ ငါ့ရဲ့ တိုက်ကွက်ကို ဝါးမျိုနိုင်ခဲ့တာပဲ။ သူက မဝါးမျိုနိုင်တဲ့ အရာတွေကို ဖယ်ရှားပြီးတော့ ဝါးမျိုနိုင်တဲ့အရာတွေကို ထိန်းသိမ်းခဲ့တယ်။ ဒါက တိုက်ကွက်ရဲ့ စွမ်းအားပမာဏကို လျှော့ချတယ်ဆိုပေမဲ့ ဘာမှမရှိတာထက်တော့ ကောင်းနေတုန်းပဲ…

ထျဲ့ကန်က တန်ပြန်နည်းလမ်းကို စဉ်းစားလိုက်သည်။ အမြန်ဆန်ဆုံး နည်းလမ်းက တိုက်ပွဲကွင်းပြင်ရှိ အစီအစဉ်ကျမှုကို ပြောင်းလဲပစ်ဖို့ သူ့သိုလှောင်လက်စွပ်ထဲမှ အစီအစဉ်ကျမှုအဆောင်ကို ထုတ်သုံးပြီး မည်သူကမှ တစ်ဖက်လူ၏ နည်းစနစ်ကို မဝါးမျိုနိုင်စေရန် တားဆီးဖို့ ဖြစ်သည်။ မဟုတ်ပါက သူ့ဝါးမျိုနိုင်သည့်အရေအတွက်ကို ကန့်သတ်ဖို့ ဖြစ်၏။

သို့သော်လည်း အဖွဲ့က စိတ်မှန်းဇာတ်ကြောင်းနှင့် ပတ်သက်ပြီး သတိပေးထားခဲ့သည်။ အကယ်၍ သူသာ အဆောင်ကို ထုတ်ယူလိုက်ပါက အစားကြူးသူလည်း သူ့သိုလှောင်လက်စွပ်မှ မည်သည့်အရာ ထုတ်ယူလာမည်ကို မခန့်မှန်းနိုင်ပေ။

ငါက ကြာကြာခံနိုင်မှာ မဟုတ်ဘူးဆိုတော့ မြန်မြန်သွက်သွက် လုပ်တာ ကောင်းလိမ့်မယ်…

ထျဲ့ကန်က တွေးလိုက်မိသည်။ သူ့ခန္ဓာကိုယ်နှင့် စွမ်းအားက သဘာဝအတိုင်း အားနည်းသည့်အတွက် အင်မော်တယ်အဆင့် ဖုတ်ကောင်ရုပ်သေးရုပ် ချပ်ဝတ်ကို အသုံးပြုဖို့ရာ သူ့အတွက် ခက်ခဲလှသည်။

သူက ယန်းလီလင်း၏ ဆေးလုံးနှင့် သူ့မသေနိုင်သော တပ်ဖွဲ့၏ အသက်ဓာတ် မျှဝေထားမှုကြောင့်သာ တောင့်ခံထားနိုင်ခြင်း ဖြစ်၏။

မိုးမြေတုန်ခါခြင်း ပိုင်နက်

ထျဲ့ကန်က သူ့အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်သုံးဖို့ တုံ့ဆိုင်းမနေပေ။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် တုန်ခါလှိုင်းထွက်ပေါ်လာကာ မိုးမြေ၏ စည်းမျဉ်းများ လိုက်ပါလာလေ၏။

စည်းမျဉ်းပဲ့တင်သံမှတဆင့် သူက စည်းမျဉ်းများကို ထိန်းချုပ်လိုက်ပြီး အပြန်အလှန်အားဖြင့် သူတို့က ဖန်တီးသည့် တုန်ခါလှိုင်းများလည်း အပါအဝင် ဖြစ်သည်။ ထို့နောက် သူက တစ်ဖက်လူအပေါ် အားလုံးကို အာရုံစိုက်ထားလိုက်သည်။

ထျဲ့ကန်က ဤတုန်ခါနှုန်းကမ္ဘာအတွင်း အစားကြူးသူကို ပိတ်လှောင်လိုက်၏။ ထို့ကြောင့် မိစ္ဆာက အဘက်ဘက်မှ ကြောက်မက်ဖွယ် တုန်ခါလှိုင်းများဖြင့် အဝိုင်းခံထားရသည်။ အစားကြူးသူက သူ့ကံကြမ္မာကို လက်ခံကာ တိုက်ကွက်လှိုင်းများဖြင့် တိုက်ခိုက်လာလေ၏။

သူက သူ့ကိုယ်သူ ကာကွယ်ကာ မမြင်နိုင်သည့် ပါးစပ်များစွာက သူ့ဆီ ကျရောက်လာသည့်အရာများကို စားသုံးပစ်ဖို့ ကြိုးစားနေဟန်ပေါ်သည်။ သို့သော်လည်း ရောက်ရှိလာသည့် အရာများက များပြားလွန်းလှ၏။

ဤနှစ်များစွာတိုင် သူက အရာများစွာကို ဝါးမျိုနိုင်သည့် သူ့အစာအိမ်၏ စွမ်းအင်ကို ချဲ့ထွင်ခဲ့သည်။ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်ကဲ့သို့ အဆုံးမဲ့ မဟုတ်သော်လည်း သူ့စွမ်းရည်က ရှင်းလင်းရေးပြီးကတည်းက အဆရာချီ တိုးတက်လာခဲ့၏။

ကံဆိုးစွာဖြင့် ထျဲ့ကန်၏ တိုက်ကွက်များက သူ့ကို လွှမ်းခြုံထားလေသည်။ အထူးသဖြင့် အစားအများစုက အစာချေဖျက်လို့ မရနိုင်သည့်အရာများ ဖြစ်နေသည်။

သိပ်မကြာခင် အစားကြူးသူက ဒဏ်ရာများရရှိလာကာ ခုခံရေးနည်းစနစ်ကို ထုတ်သုံးဖို့ ဖိအားပေးလာကြောင်း သိလိုက်ရသည်။

အစာအိမ် သဏ္ဌာန်ပြခြင်း

အစားကြူးသူ၏ အစာအိမ်က သူ စုပ်ယူလိုက်သည့် စွမ်းအားများနှင့် ခွန်အားအားလုံး ရောက်ရှိသွားသည့် ကြီးမားသည့် ဒိုင်မေးရှင်းတစ်ခု ဖြစ်ပေသည်။ အစာအိမ်က အစစ်အမှန်ဖြစ်သလို အတုအယောင်လည်း ဖြစ်ပြီး အစားကြူးသူအတွက်သာ တည်ရှိသည့် အလွှာတွင် ရှိနေခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ထိုသို့ဖြစ်ဟန်ပေါ်၏။

ဤသို့အန္တရာယ်များလှသည့် အခြေအနေတွင် သူက အစာအိမ်ကို သဏ္ဌာန်ရှိ အရာအဖြစ် ဖွဲ့စည်းကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ထျဲ့ကန်၏ တာအိုတုန်ခါလှိုင်းများက သက်ရောက်မှု မရှိတော့ပေ။ သူတို့က အစားကြူးသူဆီ ရောက်သွားပြီး အစာအိမ်နှင့် ထိတွေ့သည်နှင့် သက်ရောက်မှု မရှိသည့် ယာယီအတက်အကျ အာကာပြင်လှိုင်းများသာ ဖန်တီးလာလေသည်။

သို့သော်လည်း ထျဲ့ကန်က ခေါင်းမာမာနှင့် အလျှော့မပေးဘဲ ဆက်လက်တိုက်ခိုက်နေသည်။ ထိုအစာအိမ်က အစားကြူးသူ၏ ပင်မနည်းစနစ် သို့မဟုတ် တာအို ဖြစ်နိုင်ကြောင်း သိထားလေသည်။ သူသာ ထိုအရာကို ထိခိုက်အောင် လုပ်နိုင်သရွေ့ သူ့ဘက် အရေးသာလာလိမ့်မည်။

ဘန်း

မိုးမြေက တုန်ခါသွားလေ၏။

“ကျစ်”ထျဲ့ကန်က မိုးမြေက စည်းမျဉ်းများသည် အားကောင်းကောင်း ရိုက်ချက်တစ်ခုကြောင့် သုတ်သင်ခံလိုက်ရသည့်အတွက် ကျိန်ဆဲလိုက်သည်။ ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် သူက တရားခံကို သိကာ သူ့အဖွဲ့သား၏ နည်းစနစ်ကြောင့် ဖြစ်မှန်းသိ၍ ကျိန်ဆဲလိုက်တော့သည်။

ထိုစည်းမျဉ်းများ မရှိဘဲ သူက မိုးမြေ၏ တုန်ခါနှုန်းကို ထုတ်လွှတ်ဖို့ စည်းမျဉ်းပဲ့တင်သံကို အသုံးမပြုနိုင်ပေ။

သူ ထင်ထားသည့်အတိုင်း အစားကြူးသူက သူ အားနည်းနေသည့် နည်းစနစ်ကို ရင်ဆိုင်ကာ တိုက်ခိုက်လာလေ၏။

ဟွင်သွမ်း အန်ထုတ်ခြင်း

အစားကြူးသူ၏ နောက်မှ ဧရာမပါးစပ်ပေါက်ကြီး တစ်ခု ထွက်ပေါ်လာကာ ဖွင့်ဟလာပြီး အစွယ်များ ထုတ်ပြလာသည်။ သို့သော်လည်း ထိုအရာ၏ ကြောက်ဖို့ ကောင်းသည့်အချက်က ရွံရှာဖွယ် သွားများရှိနေသည့်အချက် မဟုတ်သလို ပါးစပ်ပေါက်ရှိနေသည့် အချက်ကြောင့်လည်း မဟုတ်ပဲ ထိုအရာမှ ထွက်လာသည့်အရာများကြောင့် ဖြစ်၏။

မဟူရာခရမ်း အလင်းတန်း

ဒါက အဆင့်မြင့် ဟွင်သွမ်းစွမ်းအားလား…

ထျဲ့ကန်က တွေးလိုက်မိပြီး အံကြိတ်ထားလိုက်မိသည်။ သူ့အဖွဲ့၏ သုံးသပ်ချက်အရ အစားကြူးသူသည် သူ့အစာအိမ်အတွင်းရှိ စွမ်းအားမျိုးစုံကို ရောနှောပစ်နိုင်ချေရှိကြောင်း သုံးသပ်ထားခဲ့သည်။ သို့သော်လည်း အဖွဲ့က အစားကြူးသူ၏ ပါရမီသည် ထိုအဆင့်ထိ ရောက်ဖို့ရာ မဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့၏။ သို့သော်လည်း သူတို့က တိထျန်းအပေါ် မမှန်းဆနိုင်ဖွယ် အချက်ကြောင့် ထိုဖြစ်နိုင်ချေကို ပယ်ထုတ်မထားခဲ့ပေ။

ထိုသူက ဟွင်သွမ်းတာအိုအပေါ် ဗဟုသုတ မရှိမှန်း ပြသထားသော်လည်း ရှည်ကြာလှသည့် သက်တမ်းတစ်လျှောက်တွင် မည်သည့်အရာ တွေ့ကြုံပြီး မည်သည့်အရာ သင်ယူခဲ့မည်ကို ဘယ်သူကများ သိမည်နည်း။

အခုက အာရုံများရမဲ့အချိန်မဟုတ်ဘူး…

ထျဲ့ကန်က သူသည် အခက်တွေ့နေသည့် အခြေအနေသို့ ကျရောက်နေမှန်းသိ၍ တွေးလိုက်သည်။

သူက သူ့ကို ချက်ချင်း သုတ်သင်ပစ်နိုင်သည့် စွမ်းအားပါဝင်နေသော အလင်းတန်းကို ကြည့်နေရင်း တန်ပြန်သက်ရောက်မှု လုပ်ဆောင်ဖို့ရာ နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် သူက ဖုတ်ကောင်၏ အလိုလိုသိစိတ်ကို ထိန်းချုပ်ဖို့ ခွင့်ပြုခဲ့၏။ သက်ရှိအနေဖြင့် အသက်ရှင်သန်ဖို့ အလိုလိုသိစိတ် ရှိသင့်ပေသည်။ ထို့ကြောင့် ထျဲ့ကန်က ထိုအလိုလိုသိစိတ်ကို သူတို့ဘာသာသူတို့ အသက်ပြန်ဝင်ပြီး လုပ်ဆောင်ချက် ဖြစ်လာစေအောင် ခွင့်ပြုထားလိုက်သည်။

ဝုန်း

အသံက လေဟာနယ်ကို ဖြတ်ကျော်၍ မသွားနိုင်ပေ။ သို့သော်လည်း ထိုတိုက်ကွက်တွင် ပါဝင်နေသည့် စွမ်းအားပြင်းထန်မှုကြောင့် မိုးမြေ၏ စည်းမျဉ်းပျက်စီးသွားမှုနှင့်အတူ ထိုသို့သော ပုံမှန်သဘောတရားကို ပစ်လွှတ်လိုက်သင့်သည်။

ပေါက်ကွဲမှုပြင်းထန်အားက ဂလက်ဆီများစွာကိုပင် သုတ်သင်ပစ်နိုင်လေ၏။ ထို့ကြောင့် အပြိုအပျက်များစွာက သားကောင် ဖြစ်သွားခဲ့ရသည်။

အရာအားလုံး ဖြေရှင်းပြီးသည့်နောက်တွင် ပေါက်ကွဲမှုအလယ်တွင် တစ်ခုတည်းသော ကျန်ရှိနေသည့် အရာက အိုဟောင်းနေသည့် အနက်ရောင်ခေါင်းတလား တစ်ခုသာ ဖြစ်၏။

ထျဲ့ကန်က ခေါင်းတလားထဲမှ ထွက်ပေါ်လာစဉ် ဖုတ်ကောင်ရုပ်သေးရုပ်က အတော်လေး အခြေအနေ ဆိုးရွားနေလေ၏။ ပြောရလျှင် ပျက်စီးလုနီးပါး ဖြစ်နေပြီဟု ညွှန်းဆိုရပေမည်။ အထဲတွင် ကာကွယ်ခံထားရသည့် သူ့သည်လည်း အကောင်းဆုံး အခြေအနေတွင် မဟုတ်ပေ။

သူ့အတွက် ကံကောင်းသွားသည်က ယန်းလီလင်း၏ ဆေးလုံးသည် သူ့ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသည့် ဒဏ်ရာများကို ကုစားပေးနေ၏။ နှမြောစရာကောင်းလှသည်က ဖုတ်ကောင်အတွက်မူ အတူတူ မဟုတ်ခဲ့ပေ။

အစောပိုင်း ထိပ်တိုက် ပေါက်ကွဲမှုတွင် ဖုတ်ကောင်ဆီမှ ခေါင်းတလား ခုခံကာကွယ်ရေးပညာရပ်ကို အသုံးပြု၍ ရှင်သန်ခဲ့ပြီးသည့်နောက် ထျဲ့ကန်က ရုပ်သေးရုပ်၏ ပြန်လည်ကုစားနိုင်စွမ်းကို တိုးမြှင့်ဖို့ စွမ်းအားဆေးလုံးကို ဆင့်ခေါ်ခဲ့သည်။ ထို့ကြောင့်သာ အပြည့်အဝ မပျက်စီးသွားခြင်း ဖြစ်၏။

အစားကြူးသူရဲ့ တုယီနယ်ပယ်က အားနည်းပေမဲ့ အလုပ်ဖြစ်နေတုန်းပဲ…

ထျဲ့ကန်က ဖုတ်ကောင်၏ အခြေအနေကို ခံစားမိ၍ တွေးလိုက်မိသည်။

ဒါပေမဲ့ ငါ့လိုမျိုး ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းသေးတာပေါ့…

သူ့စိတ်ထဲ ရုပ်သေးရုပ်၏ နောက်ဆုံးတန်ဖိုးကို မည်သို့အကောင်းဆုံး အသုံးပြုနိုင်မလဲဟု တွက်ချက်ကြည့်နေသည်။

All Chapters