← Chapters

တိထျန်း၏ နည်းဗျူဟာ

Vol. 61 Ch. 847

တိထျန်း၏ နည်းဗျူဟာ

Vol. 61 Ch. 847

နောက်ဆုံးအဆင့်ပဲ…

ဝမ်ဝေ့က ထျဲ့ကန် အနိုင်ရရှိသူဖြစ်လာသည်ကို ကြည့်နေရင်း တွေးလိုက်မိသည်။ သူ့မျက်နှာအမူအရာက တကယ့်အစစ်အမှန် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသည့် ဆွဲဆောင်မှုရှိရှိ အပြုံးမျိုး ချိတ်ဆွဲထားလျက် ရှိသည်။

သူ့လှုပ်ရှားမှုကင်းမဲ့ခြင်း သို့မဟုတ် အပြောင်းအလဲ ကင်းမဲ့ခြင်းတို့က အပေါ်ယံမျှသာ ဖြစ်၏။ စစ်သူကြီးတိုက်ပွဲ စတင်ကတည်းက သူ့တွင် ရည်ရွယ်ချက်နှစ်ခု ရှိပြီး တစ်ခုက တစ်ဖက်လူမှ ဝင်ရောက်စွက်ဖက်နိုင်ခြေအား ဆက်လက်စောင့်ကြည့်နေဖို့ဖြစ်ပြီး တိထျန်း၏ အလိုလိုသိစိတ် သို့မဟုတ် အန္တရာယ်ခံစားနှုန်း အသက်ဝင်လာခြင်းမှ တားဆီးဖို့ရာ သူ့စွမ်းအားကို တိတ်တဆိတ် အသုံးပြုထားရသည်။

ထိုသို့သော အပြုအမူမျိုးက သူတို့သည် စွမ်းအားတူ၊ အဆင့်တူ ဖြစ်နေသည့်အခါ သူ့မျက်စိရှေ့မှောက်တွင် လုပ်ဆောင်ရခြင်းက မလွယ်ကူလှပေ။ ထို့ကြောင့် ဝမ်ဝေ့က ရှာဖွေတွေ့ရှိမခံရအောင် သတိကြီးကြီးထားထားရသည်။

ကံကောင်းစွာဖြင့် သူ့ကြိုးစားမှုများက အောင်မြင်ခဲ့၏။

သူက တိထျန်း ကစားပွဲတစ်ခုလုံးကို ဖျက်ဆီးမပစ်အောင် သေချာစောင့်ကြည့်ထားခဲ့ရသည်။

သူက ငါ့လိုမျိုး တည်ငြိမ်နေတာပဲ။ သူက အလွယ်တကူ လက်လျှော့မဲ့သူတော့ မဟုတ်ပါဘူး။ သူက တစ်ခုခု ပြင်ဆင်နေတာပဲ ဖြစ်ရမယ်…

သူ့ရဲ့အာရုံက သူ့အရိပ်ဆီပဲ ရောက်နေတာဆိုတော့ သူ့အစီအစဉ်အတွက် အဓိကသော့ချက်ဖြစ်နေနိုင်တယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဝမ်ဝေ့က နိမိတ်ကြေးမုံမှ သတင်းအချက်အလက်များ ရရှိထားသော်လည်း ထူးထူးခြားခြားအရာကို မတွေ့မိပေ။ ကြေးမုံက တိထျန်း၏ သတင်းအချက်အလက်အားလုံးကို ပေးထားခြင်း မဟုတ်ဘဲ ဟာကွက်များ ရှိနေလေ၏။

ထို့အပြင် တိထျန်းကို သိထားသလောက် ဖြစ်နိုင်ချေများစွာ ရှိနေနိုင်သည်။

စိုးရိမ်နေစရာ မလိုဘူး။ အခြေအနေပေါ်လိုက်ပြီးတော့ တုံ့ပြန်ရုံပဲ…

ဝမ်ဝေ့က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် အံ့ဖွယ်အသိစိတ်ကို သုံးကာ လီကျွင်းဖြင့် ဆက်သွယ်လိုက်သည်။

အဆင်ပြေရဲ့လား

ကျွန်တော် အဆင်ပြေပါတယ်

တကယ်လို့ မင်း ဒီအစီအစဉ်နဲ့ အဆင်မပြေဘူးဆိုရင် ကိစ္စတွေကို ပြောင်းလဲပစ်ဖို့ နောက်မကျသေးဘူး…

ဝမ်ဝေ့က ပြောလိုက်သည်။

မဟုတ်ဘူး။ နောက်ကျလွန်းသွားပြီ။ အနည်းဆုံးတော့ အောင်မြင်မှုကို သေချာအောင်လုပ်ပြီးတော့ မမြင်နိုင်တဲ့ အပြောင်းအလဲတွေကို ကာကွယ်ရမယ်။ အခုနောက်ကျလွန်းသွားပြီ။

လီကျွင်းက ပြန်ဖြေလိုက်၏။

မမြင်နိုင်တဲ့အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ငါ…

အခုအချိန်မှာ စိတ်ပျော့ရမဲ့ အချိန်မဟုတ်ဘူး။ ခဏနေပါဦး။ အစ်ကိုကြီးက နောက်ဆုံးအချိန်မျိုးမှာ စိတ်ပျော့မဲ့သူမျိုးတော့ မဟုတ်ပါဘူး…

လီကျွင်းက ဖြတ်ပြောလိုက်သည်။

ငါ စိတ်ထဲ မကောင်းတာတစ်ခုခံစားမိနေလို့…

ဝမ်ဝေ့က ရှင်းပြလိုက်၏။

အဲဒါက ဘာကိုပြောတာတုန်း

ငါ့အလိုလိုသိစိတ်က ငါ့ကို သတိပေးချင်ပေမဲ့ ပိတ်ဆို့ခံထားရသလိုပဲ။ အဲဒါကြောင့် မကောင်းတာ တစ်ခုခုကို ခံစားမိနေတာ။ တစ်ခုခုမှားနေတယ်ဆိုတာမျိုးကို ခံစားမိနေတာ…

တစ်ခုခုဆိုးတာ ဖြစ်ပျက်လာမှာလား။ ဒါပေမဲ့ ဒီမကောင်းဆိုးဝါးအိုကြီးနဲ့ ရင်ဆိုင်ဖို့ဆုံးဖြတ်ကတည်းက ထင်ထားပြီးသားပဲ မဟုတ်ဘူးလား

တိထျန်းနှင့် ရင်ဆိုင်ဖို့ရာ အခက်ခဲဆုံး ကဏ္ဍတစ်ခုက သူ့ရှည်ကြာလှသည့် သက်တမ်းနှင့် အတွေ့အကြုံများ ဖြစ်ပေသည်။ ထိုစဉ် သူက သူ့ဘဝတစ်လျှောက်တွင် သင်ယူထားကာ ရယူထားသည့် အမည်မသိ နည်းလမ်းများစွာ ရှိနေနိုင်သည်။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်နှင့် ဖုန်းဟွမ်လိုမျိုး လူမျိုးနှင့်မတူပဲ တိထျန်းက ထိုနည်းလမ်းများကို ခြိမ်းခြောက်မှု ဖြစ်လာနိုင်စေသည့် တိုက်ခိုက်စွမ်းရည် ရှိထားသည်။

ဒီအစီအစဉ်အတွက် အန္တရာယ်ကို ကြိုပြီးတော့ ပြင်ဆင်ထားပြီးပြီ။ ကျွန်တော်တို့တွေ လုပ်ဖို့လိုတာက သတိကြီးကြီးထားပြီးတော့ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားဖို့ပဲ။

လီကျွင်းက ဆက်ပြောလိုက်သည်။

မင်း ပြောတာမှန်တယ်။ ကောင်းကောင်းပြင်ဆင်ထားပြီး တခြားလူတွေကို ဆက်သွယ်လိုက်။ ဝမ်ကျူက ပြီးတော့မယ်…

…………………………………………

အနောက်ဘက်ပိုင်း

တိထျန်းက အစားကြူးသူ၏ ကံကြမ္မာကို မထူးမခြားနား အကြည့်များဖြင့်သာ ကြည့်နေလေသည်။

အတည်ပြုပြီးသွားပြီ။ ဝမ်ဝေ့က မိစ္ဆာမျိုးနွယ်နဲ့ တကယ် ဆက်နွယ်မှုတစ်ခုရှိနေတာပဲ…

ရှင်းလင်းရေးအတွင်း သူက သူတို့ခေါင်းဆောင် ဒေါသကို ဖမ်းဆီးခြင်းမှ ဝင်ရောက်စွက်ဖက်ခဲ့သည်။ သူ့ပြောစကားအရ ပြိုင်ဘက်အား ပိုမိုအားကောင်းလာခြင်းမှ တားဆီးဖို့ရာ သက်သက်ဟုသာ ပြောဆိုခဲ့၏။

သူတို့၏ စကားဝိုင်းအတွင်း တိထျန်းက သူတို့သည် အပေးအယူ သို့မဟုတ် ဆက်နွယ်မှုတချို့ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီးသား ဖြစ်၏။ သို့သော် ဝမ်ဝေ့က ငြင်းဆန်ခဲ့သည်။

သူက သူ့ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့သော်လည်း ဝမ်ဝေ့နှင့် ပတ်သက်လာသည့်အခါ ထင်ရသလောက် မရိုးရှင်းပေ။

တိထျန်းက အပြည့်အဝ မသေချာပေ။ သို့သော်လည်း အစားကြူသူနှင့် ဖြေရှင်းလိုက်ပုံကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုသူက ဒေါသနှင့် ဆက်နွယ်မှုရှိနေကြောင်း အတည်ပြုလိုက်နိုင်၏။ အစားကြူးသူကလည်း အရာအားလုံးအတွက် သော့ချက်တစ်ခု ဖြစ်နေနိုင်သည်။

ဒါက အရေးမပါဘူး။ ငါသာ နိုင်တယ်ဆိုရင် သူ့ရဲ့မှတ်ဉာဏ်တွေကို ဖတ်ပြီးတော့ မိစ္ဆာမျိုးနွယ်နဲ့ ဘာတွေကြံစည်နေလဲဆိုတာကို သိရမှာပဲ။ တကယ်လို့ ငါ့အတွက် အကျိုးရှိတယ်ဆိုရင် ငါ ဆက်ပြီးတော့ လုပ်နိုင်တယ်…

တိထျန်းက နောက်ဆုံးတိုက်ပွဲကို အာရုံစိုက်ထားရင်း သုံးသပ်လိုက်သည်။ ထိုအရာကိုသာ သူဂရုစိုက်လေသည်။

လာစမ်းပါ။ မင်းက သူမရဲ့ အလောင်းကို ရဖို့ပဲ လိုတယ်။ အဲဒါဆိုရင် ငါ ကပ်ပါးပိရမစ်ပညာရပ်ကို သုံးလို့ရပြီ…

တိထျန်းက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ ကပ်ပါးပိရမစ် ကျင့်စဉ်က ဗလာခေတ်ကာလမတိုင်ခင် ပင်ကိုဟော်သဲ့စစ်ပွဲအတွင်း မိစ္ဆာဘိုးဘေးတစ်ယောက်က ဖန်တီးထားသည့် ဧကရာဇ်ကျမ်းတစ်ခု ဖြစ်သည်။ သူက တာအိုကို သက်သေပြခဲ့သည့် ပထမဦးဆုံးမိစ္ဆာ ကျင့်ကြံသူလည်း ဖြစ်၏။

ဖန်တီးသူ ဖြစ်သည့် ကောင်းကင်နတ်ဆိုးဧကရာဇ်က ကောင်းကင်ဘုံ သွေဖယ်နေသည့် ပါရမီရှင်များ ပြည့်နှက်နေသော ခေတ်ကာလအတွင်း နေထိုင်သည့် ပါရမီကင်းမဲ့သော လူသားတစ်ဦး ဖြစ်ခဲ့သည်။ သူ့မြင့်မားသည့် နားလည်နိုင်စွမ်းကပင် ထိုပါရမီရှင် များပြားမှုကြောင့် ကိစ္စကြီးကြီးမားမား မဟုတ်ခဲ့ပေ။

သို့သော် သူက မြင့်တက်လာကာ ထိုခေတ်ကာလ၏ ကြောက်စရာအကောင်းဆုံး အတုအယောင် ထာဝရဧကရာဇ် ဖြစ်လာခဲ့၏။ ကောင်းကင်နတ်ဆိုးဧကရာဇ်က သူ့ပါရမီကင်းမဲ့မှုကို ကာမိစေရန် ထိုကျင့်စဉ်ကို ဖန်တီးထားခြင်း ဖြစ်သည်။

သူက ပါရမီရှင်များ၏ ခန္ဓာကိုယ်အတွင်း ကပ်ပါးကို ထားရှိကာ သူ့အတွက် ပြုစုပျိုးထောင်နိုင်သည်။ အချိန်ကျရောက်လာသည့်အခါ သူက သူတို့၏ ကျင့်ကြံရေးများကို ထိုကပ်ပါးမှတဆင့် ရယူနိုင်လေ၏။ ကျမ်းတစ်ခုလုံးတွင် သူ့လိုအပ်ချက်အတွက် ကာမိစေရန် မိုးမြေကို အသုံးချမည်ဟူသော သဘောတရား ပါဝင်နေသည်။

ထိုကျင့်စဉ်၏ အစောပိုင်းအဆင့်များတွင် စွမ်းအင်ကဲ့သို့ အရာများကိုသာ ရယူနိုင်လေ၏။ ထို့နောက် ကောင်းကင်နတ်ဆိုးဧကရာဇ်က သွေးမျိုးဆက်၊ ရုပ်ခန္ဓာ၊ ခန္ဓာကိုယ်လေ့ကျင့်ရေး ဖြစ်စဉ်နှင့် စည်းမျဉ်းနားလည်ခြင်းများကိုပင် ယူဆောင်နိုင်လောက်သည်အထိ ဆင့်ကဲပြောင်းလဲခဲ့သည်။

ကောင်းကင်နတ်ဆိုးဧကရာဇ် ထိပ်သီးတွင် ရှိစဉ်အခါက သူ့လက်အောက်တွင် သူ့အတွက် ကျင့်ကြံပေးမည့် ပါရမီရှင်များစွာရှိခဲ့သည်။ တစ်ချိန်တည်းဆိုသလို ထိုသူများကလည်း သူတို့အတွက် ကျင့်ကြံပေးမည့်လူများ ရှိကာ ပိရမစ်သဖွယ် ဖော်ဆောင်နေသည့်အတွက် နာမည်တွင်လာခြင်း ဖြစ်၏။

လူများစွာက သူ့ကို ကြောက်ရွံ့သည်မှာ ကပ်ပါးကြောင့် ဖြစ်၏။ တာအိုကို သက်သေမပြခင် ကောင်းကင်နတ်ဆိုးဧကရာဇ်က ဟော်သဲ့နှင့် ပင်ကိုသက်ရှိတို့ နှစ်ဖက်လုံးမှ အလိုရှိဆုံးသူ ဖြစ်ခဲ့သည်။

ထိုကပ်ပါးများက သာမန်အခြေအနေအောက်တွင် အာရုံခံ၍ မရပေ။ မည်သူကမှ နောက်ထပ် ပစ်မှတ် မဖြစ်လိုကြပေ။ ပါရမီရှင်များစွာက သူတို့ဆီမှ အရာအားလုံး သိမ်းယူခံပြီးသည့်နောက်တွင် ပြိုလဲကာ သေဆုံးသွားကြသည်။

ထိုသူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ကောင်းကင်နတ်ဆိုးဧကရာဇ်၏ ကျင့်စဉ်က မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်းအထိ သက်ရောက်မှုရှိလာသည့်အတွက် ပိုမိုခြိမ်းခြောက်မှု ရှိလာခဲ့သည်။

ဟော်သဲ့ဘက်က သူ့ကို သုတ်သင်ပစ်ချင်ကြသည်။ သို့သော် လူသားများက ဝင်ရောက်စွက်ဖက်ကာ ပိုမိုကောင်းမွန်သည့် ဖြေရှင်းနည်းကို ပြောလာခဲ့၏။ သူတို့က ကောင်းကင်နတ်ဆိုး ဧကရာဇ်အား ရန်သူ့ဘက် ရင်ဆိုင်ဖို့ နည်းလမ်းကို တွေးမိသွားကြသည်။

ထို့ကြောင့် ထိုမိစ္ဆာသည် သူတို့ဘက် ဝင်ရောက်ကာ သူ့ပညာရပ်အား ပင်ကိုသက်ရှိများထံ ထုတ်လွှတ်ဖို့ ကတိပေးခဲ့သည်။ ကောင်းကင်နတ်ဆိုးဧကရာဇ်က ထိုအပေးအယူကို လက်ခံပြီး အကြောက်တရားကို ထုတ်လွှတ်ခဲ့၏။

ကံဆိုးစွာဖြင့် ထိုပြိုင်ဘက်ကင်း ပါရမီရှင်က ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ရသည်။ တိထျန်းက သူ့တွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို အတိအကျမသိပေ။ ကောင်းကင်နတ်ဆိုးဧကရာဇ်က သူ သေဆုံးပြီးသည့်နောက်တွင် ပေါ်ထွက်လာသည့်အတွက် သူ ပြန်လည်ဝင်စားလာပြီးသည့်နောက်မှသာ ကပ်ပါးပိရမစ် ကျင့်စဉ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်၏။

သူက ထိုသတင်းအချက်အလက်များကို ရှာဖွေကြည့်သော်လည်း ထိုသို့ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်အတွက် ကံကြမ္မာကို ခန့်မှန်းမိသွားသည်။ သေခြင်းတရားသာ ဖြစ်၏။ ဟော်သဲ့သက်ရှိများက တိုက်ပွဲအဆုံးသတ်ခါနီးတွင် သူ့ကျမ်းနှင့် ကပ်ပါးတာအိုအပေါ် အကြောက်တရားကြောင့် သူ့ကို သစ္စာဖောက်လိုက်ခြင်း ဖြစ်နေနိုင်သည်။

တိထျန်းက ကောင်းကင်တာအိုသည်လည်း ထိုသူ၏ သေဆုံးမှုတွင် ပါဝင်ပတ်သက်နေလိမ့်မည်ဟု ကောက်ချက်ချမိ၏။ သူ့ခေတ်ကာလက ထိုအရာသည် အသိစိတ်တချို့ရှိပြီး ကောင်းကင်နတ်ဆိုးဧကရာဇ်က ထိုအရာကိုပါ ကပ်ပါး ထားကာ လုပ်ဆောင်နိုင်ချေရှိသည်ကို ကြောက်ရွံ့ခဲ့လိမ့်မည်။

ထိုသူက အောင်မြင်သွားခဲ့သည့်အတွက် ကောင်းကင်တာအိုက သူ့ဆိုးကျိုးကို ကြံစည်ခဲ့ခြင်း ဖြစ်ရမည်။

တိထျန်းက ထိုသီအိုရီအပေါ် ယုံကြည်သည်မှာ သူ ရရှိထားသည့်ကျမ်းက မပြီးပြည့်စုံသည့်အတွက် ဖြစ်၏။ သူက ဟာကွက်များကို ပြုပြင်ကာ ကျမ်းကို ပြင်ဆင်ဖို့ ကြိုးစားသည့်အခါတိုင်း မိုးမြေဆီမှ ကန့်သတ်ချက်နှင့် အတားအဆီးများစွာ ကြုံတွေ့ရသည်။

နောက်ဆုံးရလဒ်က ထိုပြောင်မြောက်လှသည့် ကျမ်း၏ အစစ်အမှန်စွမ်းအားနှင့် ယှဉ်နိုင်ရုံမျှသာ ဖြစ်၏။

တိထျန်းက တိုက်ပွဲကို ကြည့်နေရင်း နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေသည်။

ငါသာ ဝမ်ကျူကို ရသရွေ့ ကပ်ပါးမျိုးစေ့ကို စိုက်ပျိုးနိုင်တယ်။ သူမနဲ့ ဝမ်ဝေ့ဆက်နွယ်မှုကနေ တဆင့် သူ့စွမ်းအားကို ခိုးယူနိုင်လိမ့်မယ်…

သူမျက်ဝန်းအထက် စိတ်ခံစားချက် အရိပ်အယောင်များ ထုတ်ဖော်ပြသခြင်း မရှိပေ။ သူက လှိုင်းတွန့်မထသည်မှာ ကြာမြင့်လှသည့် ရှေးဟောင်းရေတွင်း တစ်ခုလိုမျိုး ဖြစ်နေ၏။

ငါက သူ့စွမ်းအားရဲ့ ၁ရာခိုင်နှုန်းကို ခိုးယူနိုင်ခဲ့တယ်ဆိုရင်တောင် အရေးသာချက် ရှိလာလိမ့်မယ်။ ဒါပေမဲ့ သူတို့ကြားက ဆက်နွယ်မှုကို ဖြတ်တောက်တာကို တားဆီးဖို့တော့ အမြန်အဆန် လှုပ်ရှားဖို့လိုလာလိမ့်မယ်…

တိထျန်းက တွေးလိုက်မိသည်။

ထိုအစီအစဉ်ဖြင့် သူက သူ့စွမ်းအားကို မြှင့်တင်ကာ ရန်သူကို အားနည်းအောင် လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော်လည်း တိထျန်းက စိုးရိမ်မှုတချို့ရှိနေလေ၏။ အထူးသဖြင့် ကောင်းကင်တာအိုအပေါ် ဖြစ်သည်။

လက်ရှိကပ်ပါးပိရမစ် ကျင့်စဉ်က ယခင်ကျမ်း၏ အဆင့်နိမ့်ပုံစံသာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တာအို၏ ထိုကျင့်စဉ်အပေါ် အကြောက်တရားက ပျောက်ကွယ်မသွားသေးဘဲ သူ ဝမ်ဝေ့အပေါ် အသုံးပြုသည့်အခါ ဝင်ရောက်စွက်ဖက်လာနိုင်ချေရှိသည်။

သဘောတရားအရ ပြောရရင်တော့ အဆုံးစွန်ကိစ္စမျိုး ဖြစ်မလာသရွေ့ ကောင်းကင်တာအိုက တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ အထူးသဖြင့် ဒီလိုနောက်ဆုံးအခြေအနေမျိုးမှာပေါ့…

တိထျန်းက သုံးသပ်လိုက်သည်။

ဒါပေမဲ့ ဝမ်ဝေ့က သမိုင်းကြောင်းမှာ ပထမဦးဆုံးဖြစ်တဲ့ အကြွင်းမဲ့ ခေတ်ကာလရဲ့ သားတော်ပဲ…

သူ့ရဲ့အဆင့်အတန်းက အစစ်အမှန် ကောင်းကင်တာအိုတောင် ပါဝင်နေနိုင်တယ်။ အဲဒါဆိုတော့ သူ့အတွက် မသမာအောင် လုပ်ဆောင်ပေးမယ်ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး…

တိထျန်းက သူ့အတွေးများသည် အစွန်းရောက်လွန်းကြောင်း သိလိုက်သည်။ ပြောရလျှင် ထိုအရာက စည်းမျဉ်းများ သို့မဟုတ် ဥပဒေများကို လိုက်နာရမည့် လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်၏။

သို့သော်လည်း ကောင်းကင်တာအို၏ ကျိန်စာမှ အချိန်တော်တော်ကြာ ခံစားရပြီးသည့်နောက်တွင် အဆိုးအမြင်ဘက်မှ မကြည့်ဘဲ မနေနိုင်တော့ပေ။

ထိုအရာကသာ အမှားအယွင်း ဖြစ်ပျက်မသွားစေရန် သေချာမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်၏။ အထူးသဖြင့် သူက အောင်မြင်မှုနှင့် အလွန်နီးကပ်နေသည့်အခါတွင် ဖြစ်သည်။

ဒါက အောင်မြင်မှုကို ရမဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေနိုင်တယ်ဆိုတော့ တုံ့ဆိုင်းနေလို့ အကျိုးမရှိဘူး။ အဲဒါဆိုတော့ ငါက သတိကြီးကြီးထားပြီးတော့ အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားရမယ်။

သူက ကောင်းကင်တာအိုရှေ့တွင် ကူကယ်ရာမဲ့သည့် အားနည်းသူ မဟုတ်တော့ပေ။ သူ့လက်ရှိစွမ်းအားဖြင့် သူသာ သေသေချာချာ ဂရုတစိုက် စီစဉ်ပါက မိုးမြေကိုပင် အပြင်းအထန် ထိခိုက်အောင် လုပ်နိုင်သည်။

ထိုအချက်တစ်ခုတည်းဖြင့် ကောင်းကင်တာအိုက မျက်နှာလိုက်ဖို့၊ မလိုက်ဖို့ ထည့်သွင်းစဉ်းစားရလိမ့်မည်။

All Chapters