လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ပွဲ
Vol. 61 Ch. 848
မီးတောက်ဒိုင်မေးရှင်း
ဝမ်ကျူက ပေါ်ထွက်လာကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ထိုနေရာက မီးတောက်ကမ္ဘာတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း ဖုန်းဟွမ်နှင့် ကျန်းပိယုတို့၏ တိုက်ပွဲအပြီးတွင် နေရာတစ်ခုလုံးက ဗလာနတ္ထိ သို့မဟုတ် လေဟာနယ်သာ ရှိသည့် ဗလာဒိုင်မေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။
အနည်းဆုံးတော့ မျက်စိနှင့် အမြင်တွင် ဖြစ်၏။
ဝမ်ကျူ၏ အာရုံခံစားမှုဖြင့် ယခင်တိုက်ပွဲမှ စွမ်းအားအကြွင်းအကျန်များကို ခံစားမိဆဲ ဖြစ်သည်။ သို့သော်လည်း ထိုအရာများက သူမအတွက် အသုံးမဝင်၍ ဂရုမစိုက်ပေ။
သူမက စက္ကန့်ပိုင်းကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ပေါ်ထွက်လာ၏။ သူက မျက်နှာနှင့် ခန္ဓာကိုယ်ကို များများစားစား ဖော်ပြထားခြင်း မရှိပေ။
သူမက သူ့ကို မြင်လိုက်သည်နှင့် ထိုအမျိုးသားသည် အရိပ်၏ ပြယုဂ်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ မသိရှိခြင်း၊ မမြင်ရခြင်းနှင့် ကိုယ်တိုင် မဟုတ်ခြင်းတို့ ပါဝင်နေသည်။ သူ့တည်ရှိမှုက သခင်ကို ခစားဖို့ရာသာ ဖြစ်၏။
သူ့သွင်ပြင်က ဝမ်ကျူအား ဂိုဏ်းချုပ်ဟောင်း ဝမ်ထျန်းကို ခစားခဲ့သည့် ယခင်အရိပ်ကို အမှတ်ရသွားစေသည်။
သူမသည် တစ်ခါက တူညီသည့် လမ်းစဉ်ကို လျှောက်ကာ သခင်လေးအတွက် အစစ်အမှန်အရိပ် ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ဖူးသည်။ သို့သော်လည်း ဝမ်ဝေ့က သူမအား သူ့ကိုသာ အကြွင်းမဲ့ယုံကြည်ထားသည့် စိတ်လွတ်နေသော ပစ္စည်းတစ်ခု ဖြစ်မလာလို၍ သဘောမတူခဲ့ပေ။
ဝမ်ကျူက ထိုဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်မိသည်။ အကယ်၍ သူမသာ ရွေးချယ်မှုရှိပါက လမ်းလျှောက်နေသည့် ရုပ်သေးရုပ် မည်သူကများ ဖြစ်ချင်မည်နည်း။
သူမက ဆက်တိုက်ဆိုသလို သခင်လေး၏ အထူးချွန်အပြောင်မြောက်ဆုံး အထောက်အပံ့ဖြစ်လာဖို့ရာ လိုအပ်သမျှ အရာအားလုံးကို လုပ်ဆောင်ဖို့က သူမ၏ တာဝန်ဟု ခံစားရသည်။
ဝမ်ကျူ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားကာ တစ်ဖက်လူကို လေ့လာအကဲခတ်နေသည်။ ထို့နောက် သူမက တစ်ဖက်လူကို အာရုံစိုက်ထားလိုက်၏။
သူမက ထိုအရိပ်၏ စွမ်းဆောင်ရည်နှင့် စွမ်းအားနှင့် ပတ်သက်ပြီး သတင်းအချက်အလက် လိုအပ်နေကြောင်း သိလေသည်။ သို့သော်လည်း သူမ၏ အဖွဲ့က ထိုသူနှင့် ပတ်သက်ပြီး ကိစ္စများစွာကို ကောက်ချက်ချခဲ့ကြ၏။ သူက အစကတည်းက အရိပ် မဟုတ်ပါလော။
ထို့ကြောင့် သူမက ယုံကြည်ချက် တချို့တော့ ရှိနေသည်။
ဒီတိုက်ပွဲအတွက် အချိန်ဖြုန်းနေဖို့ မလိုဘူး။
ဝုန်း
သူမက အဆင့် ၅ တာအိုဘိုးဘေးစွမ်းအားကို ယာယီငှားနိုင်သည့် အံ့ဖွယ်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူမက အတုအယောင်တာအို ပစ္စည်းနှစ်ခုဖြစ်သည့် ဓားမြောင်နှစ်ခုကို ဆင့်ခေါ်လိုက်၏။
တိထျန်း၏ အရိပ်ဖြစ်သူ အိပ်စက်သူဟု နာမည်ဝှက်ရှိသည့်သူက နတ်ဆိုးပျိုးထောင်ခံ ဖြစ်၏။ နတ်ဆိုးပျိုးထောင်ခံက ခေါင်းဆောင်းအောက်မှ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူ၏ အပြုအမူကို အာရုံခံမိပြီးသည့်နောက်တွင် ထိုသူက တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်လိုကြောင်း ချက်ချင်းသိလိုက်၏။
ခဏအကြာတွင် သူက တိုက်ပွဲ၏ စည်းချက်ကို ထိန်းသိမ်းဖို့ အခွင့်အရေး ဆုံးရှုံးသွား၍ အနည်းငယ် စိတ်ခုမိသွားသည်။ သို့သော်လည်း သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ပြီး ချက်ချင်းဆိုသလို ပြန်လည် တည်ငြိမ်လာလေ၏။
ထို့နောက် သူက တူညီသည့် အံ့ဖွယ်စွမ်းရည်ကို အသက်သွင်းကာ ဝမ်ကျူနှင့် ယှဉ်နိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်လာသည်။ နတ်ဆိုးပျိုးထောင်ခံက လက်နက်ကို မဆင့်ခေါ်ဘဲ သူ့လက်သည်းများက ချက်ချင်းဆိုသလို လက်သည်းအရှည်များအဖြစ် ရှည်လာကာ သူတို့ဆီမှ ထုတ်လွှတ်သည့် အငွေ့အသက်က ဝမ်ကျူ၏ ဓားမြောင်နှင့် ယှဉ်နိုင်လေ၏။
လက်နက်အတွက် လက်သည်းလား။ တကယ်လို့ သူက လုပ်ကြံသတ်ဖြတ်သူဆိုရင် သူ့ရဲ့ တိုက်ခိုက်ရေးပုံစံက ပြင်းထန်ပြီးတော့ သွေးသံရဲရဲ ဖြစ်သင့်တယ်…
ဝမ်ကျူက သုံးသပ်လိုက်၏။
အလေးအနက် မတိုက်ခင် အရင်ဆုံး စမ်းသပ်ကြည့်ရအောင်…
ကံကြမ္မာအရိပ်၏ လုပ်ဆောင်ပုံက အင်မတန် သတိကြီးကြီးထားလေ့ ရှိ၏။ အထူးသဖြင့် သူတို့က အင်အားတူ ပြိုင်ဖက်နှင့် ရင်ဆိုင်ရသည့်အခါတွင် ဖြစ်သည်။
သူမက သူ့ရှေ့တွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာကာ ဓားမြောင်ဖြင့် ရိုးရိုးရှင်းရှင်း တိုက်ကွက်နှစ်ခုကို ပြုလုပ်လိုက်သည်။
ဝုန်း ဝုန်း
နတ်ဆိုးပျိုးထောင်ခံက ထိုတိုက်ကွက်များကို သူ့လက်သည်းဖြင့် တားဆီးလိုက်သည်။ သူ့အပြုအမူက လျင်မြန်ကာ နည်းစနစ်ကျပြီး သက်ရောက်မှု မြင့်မားသည်။ ဤထိပ်တိုက်တွေ့ဆုံမှုဖြင့် ဝမ်ကျူက သူသည် အရေးပါသည့် သတင်းအချက်အလက် တချို့ကို သိထားကြောင်း ခံစားမိလိုက်သည်။
ဝုန်း ဝုန်း
သူမက ထိုတိုက်ကွက်၏ ပြင်းထန်မှုကို တိုးမြှင့်ကာ တစ်ဖက်လူ၏ စွမ်းဆောင်ရည်ကို ဖြည်းဖြည်းချင်းထုတ်ဖော်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော် သူမက ကြာကြာစောင့်ဆိုင်းမည် မဟုတ်ပေ။
ဝှစ်
နတ်ဆိုးပျိုးထောင်ခံက သူမ မြင်ကွင်းမှ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားလေ၏။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ကျူက ကျောဘက်မှ အန္တရာယ်ကို ခံစားမိလိုက်သည်။ ထို့နောက် လက်သည်းက သူမ၏ ကျောဘက်မှ ထိုးဖောက်သွားကာ နှလုံးသားကို ထုတ်ယူသွားသည်။
ဝုန်း
သူမက အနက်ရောင် အကျိအချွဲအဖြစ် ပြောင်းလဲသွားသည်။
အရိပ်ဓာတ်သဘာဝလား…
နတ်ဆိုးပျိုးထောင်ခံက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် အဝေးတစ်နေရာတွင် ဝမ်ကျူက အကောင်းအတိုင်းပြန်ပေါ်လာသည်ကို ကြည့်လိုက်၏။
ဒါက ဘာလဲ။ သူက ငါ တုံ့ပြန်ဖို့အတွက် အရမ်းကို မြန်ဆန်လွန်းနေတာလား။ မဟုတ်သေးဘူး။ နည်းနည်းတော့ ကွဲပြားနေတယ်…
ဝမ်ကျူက တွေးလိုက်မိသည်။
သူမက တုံ့ဆိုင်းခြင်းမရှိဘဲ ဓားမြောင်ကို အားအပြည့်ဖြင့် ပစ်လွှတ်ကာ ကာလံဒေသံအမျှင်များကို ချိုးဖောက်ပြီး လက်နက်ကို ပစ်မှတ်ဆီ ရောက်အောင် ကြိုးစားလိုက်သည်။
ဝှစ်
နတ်ဆိုးပျိုးထောင်ခံက ထပ်မံ ပျောက်ကွယ်သွား၏။ သူမက တူညီသည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ ခြွင်းချက်အနေဖြင့် ဤတစ်ကြိမ်တွင် သူမ၏ အပေါ်ဘက်မှ ဖြစ်ကာ သူမ၏ ခေါင်းနှင့် ဝိညာဉ်ဆီ ဦးတည်နေလေ၏။
ဝမ်ကျူ၏ ခေါင်းအထက် အနက်ရောင်အရိပ် ဆူးချွန်တစ်ခု ထွက်ပေါ်လာကာ နတ်ဆိုးပျိုးထောင်ခံကို အံ့မခန်းအရှိန်ဖြင့် ထိုးချလိုက်သည်။ ထိုသူက သူ့တိုက်ကွက်ကို ရပ်တန့်ကာ သူ၏ လက်သည်းချက်များဖြင့် ကာကွယ်လိုက်ရသည်။
ငါ သိသွားပြီ။ သူက လူတွေရဲ့ အသိအမြင်ကို နှောင့်ယှက်နိုင်တာပဲ…
ဝမ်ကျူက သုံးသပ်လိုက်သည်။ သူမက တစ်ဖက်လူ၏ စွမ်းရည်သည် သူမ၏ ဝိညာဉ် သို့မဟုတ် အံ့ဖွယ်အသိစိတ်ထိ သက်ရောက်မှုရှိကြောင်း ပြောနိုင်လေ၏။
နတ်ဆိုးပျိုးထောင်ခံက ဆက်လက် ခုခံမနေပေ။ တိုက်ကွက်ကို ဖယ်ထုတ်ပြီးသည့်နောက်တွင် သူက သူမဆီ ထပ်မံ ပျံသန်းလာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို နီရဲသွားစေသည့် သွေးဆာမှုတို့ကို ထုတ်လွှတ်လာသည်။
“ဟမ်” ဝမ်ကျူက သူမ ကျောတွင် လက်သည်းရာ တစ်ခု ပေါ်ထွက်လာ၍ ညည်းညူလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူမက ထိုသူ၏ လက်သည်းချက်မှ လွတ်မြောက်ဖို့ ကျရှုံးသွားလေ၏။ အကယ်၍ သူမ၏ ခန္ဓာကိုယ်က အလိုလိုသိစိတ်အရ မလှုပ်ရှားခဲ့လျှင် သူမ၏ ဒဏ်ရာက အမှတ်အသားအရာ တချို့ထက် ပို၍ ဆိုးရွားသွားလိမ့်မည်။
ငါက အန္တရာယ်သိစိတ်ကို အသုံးပြုပြီးတော့ သူ့တိုက်ကွက်ကို ရှောင်ရှားခဲ့တာ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ သွေးဆာမှုက နေရာတိုင်းကနေ အန္တရာယ်ခံစားမိသလို လုပ်နေတော့ ဘယ်နေရာကနေ ပေါ်လာမယ်ဆိုတာကို မခန့်မှန်းနိုင်တော့ဘူး။
ဝမ်ကျူက သူမသည် နောက်ထပ် နည်းဗျူဟာတစ်ခုကို အသုံးပြုရမည် ဖြစ်ကြောင်း သိလေသည်။ မဟုတ်ပါက သူမသည် တိုက်ပွဲအတွင်း အကျပ်တွေ့သွားနိုင်သည်။
ကံကြမ္မာထိုးထွင်းဉာဏ်
သူမ၏ မြင်ကွင်းက ရုတ်ချည်းဆိုသလို ပြောင်းလဲသွား၏။ ယခုမှစ၍ သူမသည် နောက်မိနစ်ပိုင်းအတွင်း သူမ၏ ကံကြမ္မာကို မြင်နိုင်လေသည်။ ထို့ကြောင့် နတ်ဆိုးပျိုးထောင်ခံက ဘယ်ဖက်၊ ညာဖက်ပေါ်၊ ဝမ်းဗိုက် သို့မဟုတ် နှလုံးသားကို ထိုးစိုက်မည်ဆိုလျှင်ပင် သူမက မြင်နိုင်လိမ့်မည်။
ဂျွတ်
သူမ၏ ဓားမြောင်က သူမလည်ပင်းဆီ ချိန်ရွယ်ထားသည့် နတ်ဆိုးပျိုးထောင်ခံ၏ လက်သည်းချက်ကို တားဆီးနိုင်ခဲ့သည်။ ဝမ်ကျူက သူ့ဆီမှ အံ့အားသင့်သွားသည့် အငွေ့အသက်ကို ခံစားမိလိုက်သော်လည်း သူမက လက်ရှိအရေးသာမှုကို အခွင့်ကောင်းယူနိုင်သည့်အတွက် ဂရုမစိုက်ပေ။
သူမ၏ ဒုတိယဓားမြောင်က အလျင်အမြန် လှုပ်ရှားကာ လခြမ်းသဏ္ဌာန်ဓားချက်ကို ထုတ်လွှတ်လိုက်ပြီး နတ်ဆိုးပျိုးထောင်ခံအား မီတာရာချီ လွင့်စင်သွားကာ သူ့အပေါ်ပိုင်းခန္ဓာအထက် ဒဏ်ရာတစ်ခု ချန်ထားနိုင်ခဲ့သည်။
ဤသည်က အဆုံးသတ် မဟုတ်သေးပေ။
ဝမ်ကျူက အခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်ကြောင်း သိထား၍ သူ့အရိပ်ထဲမှ ချက်ချင်းဆိုသလို ပေါ်ထွက်လာသည်။ သူမက ဓားမြောင်ကို ကတ်ကြေးပုံစံဖြင့် နတ်ဆိုးပျိုးထောင်ခံ၏ ဦးခေါင်းကို ပစ်မှတ်ထားလိုက်သည်။
ဝှစ်
သူမ၏ လက်နက်က ဆံပင်ကိုသာ ဖြတ်တောက်နိုင်လိုက်သည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိ၏။ နောက်ဆုံးသောမိနစ်တွင် နတ်ဆိုးပျိုးထောင်ခံက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ အရိုးများကို ကျုံ့စေခဲ့ပြီး ကလေးတစ်ယောက် အရွယ်အစားဖြင့် ပြောင်းလဲပစ်ခဲ့သည်။
ဘန်း
ဝမ်ကျူက ထိုလမ်းလျှောက်တတ်ခါစအရွယ်အစားရှိ နတ်ဆိုးပျိုးထောင်ခံဆီမှ ကန်ချက်ကို တားဆီးလိုက်၍ တစ်ဖက်လူဆီမှ မီတာအနည်းငယ် လွင့်စင်သွားလေသည်။
ထို့နောက် သူမက တစ်ဖက်လူ၏ အရိပ်သည် တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်၏။
ငါ့ကို ပစ်မှတ်ထားတဲ့ ကျင့်စဉ်လား…
သူမက တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ဤသည်က ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ သူမ၏ လုပ်ကြံသတ်ဖြတ်ရေးတာအိုက အရိပ်တာအိုအပေါ် မှီခိုနေခြင်း မဟုတ်ပေ။
“ဟမ်” ဝမ်ကျူက နတ်ဆိုးပျိုးထောင်ခံသည် သူမရှေ့မှောက် ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၍ နှစ်များစွာ လေ့ကျင့်ထားသည့် အလိုလိုသိစိတ်တို့ဖြင့် တားဆီးခုခံလိုက်သည်။
သူက ငါ့ရဲ့ ကံကြမ္မာထိုးထွင်းဉာဏ်ကို ကျော်ဖြတ်နိုင်တာလား။ သူက ဒီလိုမျိုး အသိအမြင်ကိုတောင် ပြောင်းလဲပစ်နိုင်တာလား…
သူမက အနည်းငယ် ပျာယာခတ်လုနီးပါး ဖြစ်သွားလေသည်။ ကံကောင်းစွာဖြင့် သူမက နှစ်များစွာ လေ့ကျင့်ထားသည့်အတွက် ဤအခြေအနေတွင် တည်ငြိမ်နိုင်သေးသည်။
ဝုန်း ဝုန်း ဝုန်း
ဝမ်ကျူက တိုက်ကွက်များကို ဆက်လက် ကာဆီးထားသော်လည်း လုံးလုံးမရပ်တန့်နိုင်ခဲ့ပေ။
နတ်ဆိုးပျိုးထောင်ခံက သူမရှေ့မှောက် ဆက်တိုက်ဆိုသလို ပေါ်လိုက်ပျောက်လိုက် ဖြစ်နေလေ၏။ သူက မြန်ဆန်လွန်းပြီး သူမ ဝန်းကျင်တွင် သူ့ပုံရိပ်များစွာ ရှိနေသလိုမျိုး ဖြစ်နေသည်။
သူက ငါ့ရဲ့ ကံကြမ္မာစွမ်းရည်ကို ပစ်မှတ်ထားတဲ့ နည်းစနစ်တစ်ခုကို သုံးထားတာပဲ…
သူက ငါ့ကံကြမ္မာထိုးထွင်းဉာဏ်ကို ပြောင်းလဲလိုက်တာ မဟုတ်ဘဲနဲ့ နှောင့်နှေးစေလိုက်တာ။ အဲဒါက အချိန်နဲ့ ပတ်သက်နေတာပဲဖြစ်ရမယ်။ သူတို့က အဖက်ဖက်ကနေ ကူးပြောင်းနိုင်ပြီးတော့ တိုက်ကွက်တွေကို ပေါင်းစည်းပြီးတော့ အမြင့်ဆုံးတိုက်ခိုက်စွမ်းရည် ရအောင် လုပ်ခဲ့တာပဲ…
သူမ၏ စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ သူမ၏ ရန်သူနှင့် ဤနည်းစနစ်ကို ဖြေရှင်းနိုင်မည့် အမြန်ဆန်ဆုံးနှင့် ဘေးအကင်းဆုံး နည်းလမ်းကို စဉ်းစားနေသည်။
အရိပ်ကိုယ်ပွား
ဝမ်ကျူ၏ အရိပ်က ရုတ်ချည်းဆိုသလို ရွေ့လျားလာကာ အနက်ရောင်ပုံရိပ် ၆ခုအဖြစ် ကွဲထွက်သွားပြီး သူမနှင့် တစ်ပုံစံထဲ ဆင်တူနေသည့် ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။
ဝမ်ကျူ ၇ယောက်က နတ်ဆိုးပျိုးထောင်ခံကို ကြည့်လိုက်သည့်အတွက် ထိုသူက မျက်မှောင်ကြုတ်လိုက်သည်။
ထိုသူများက အရှိန်အဝါ၊ ဝိညာဉ် အတက်အကျ၊ စွမ်းအားအမှတ်အသား၊ တာအိုလှုပ်ခတ်မှုနှင့် အရာအားလုံးက သူမနှင့် ဆင်တူနေသည်။
ဒီ၇ယောက်ထဲမှာ အစစ်အမှန် မရှိတာဖြစ်နေနိုင်တယ်…
နတ်ဆိုးပျိုးထောင်ခံက တွေးလိုက်မိ၏။ သူ့သုံးသပ်ချက်အပေါ် မူတည်၍ ပုံရိပ်တစ်ခုချင်းစီက တကယ့်အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး သတ်ဖြတ်ဖို့ရာ ခက်ခဲအောင် ပြုလုပ်ထားသည်။
ဒါပေမဲ့ ဒီကျင့်စဉ်မှာ ဟာကွက်တော့ ရှိသင့်တယ်…
ဝမ်ကျူ ၇ယောက်က ပြိုင်ဖက်ကို ဝိုင်းထားလိုက်သည်။ ထို့နောက် သူ့ကို အသက်ရှူဖို့ အချိန်ပင်မပေးပဲ အဖွဲ့လိုက် အဖက်ဖက်မှ စတင်တိုက်ခိုက်လာလေ၏။
သူတို့က အဖက်ဖက်သို့ ကူးသန်းပြောင်းရွှေ့ကာ တိုက်ကွက်များကို ပူးပေါင်းပြီး အမြင့်မားဆုံး တိုက်ခိုက်ရေးနည်းစနစ်ကို အသုံးပြုခဲ့သည်။
နတ်ဆိုးပျိုးထောင်ခံ၏ ခန္ဓာကိုယ်မှ သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်ရှရာများစွာ ဖြစ်ပေါ်နေသည်။ သို့သော်လည်း အမြင်ကောင်းသည့် သူတိုင်းက ထိုအရာသည် အသေးအဖွဲသာဖြစ်ပြီး သူ့အားကောင်းလှသည့် ခန္ဓာကိုယ်အတွက် အရေးမပါကြောင်း သိသာလှသည်။
သူက ငါ့ရဲ့ အန္တရာယ်ရှိတဲ့ တိုက်ကွက်တွေအတွက် သားရဲလိုမျိုး အလိုလိုသိစိတ်မျိုးရှိနေတာပဲ…
ဝမ်ကျူက ကိုယ်ပွားတစ်ခုသည် ကံကြမ္မာဖြတ်တောက်ခြင်း နည်းစနစ်ကို သူများ၏ ဓားမြောင်ဖြင့် အသုံးပြုသည့်အခါ သုံးသပ်လိုက်သည်။
သို့သော်လည်း နတ်ဆိုးပျိုးထောင်ခံက သူမ၏ တိုက်ကွက်ကို တားဆီးမည့် နည်းလမ်းကို ရှာတွေ့ခဲ့၏။
ငါသိပြီ။ ၇ယောက်ထဲက ၃ယောက်ကပဲ သူတို့ရဲ့ တာအိုဘိုးဘေးနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို သုံးနိုင်တာ။ ကျန်တဲ့သူတွေက အာရုံလွှဲပြောင်းမှုသက်သက်ပဲ။
နတ်ဆိုးပျိုးထောင်ခံက အခြေအနေတိုင်းတွင် အမြဲလိုလို တည်ငြိမ်နေလေ၏။
ကောင်းပြီ။ သူမအတွက် ဖိအားပေးလိုက်ရအောင်…
သူက သူတို့တိုက်ပွဲအတွက် အနိုင်ရရှိဖို့ အဓိကသော့ချက်သည် တစ်ဖက်လူအပေါ် နောက်ဆုံးဝှက်ဖဲကို ထုတ်ဖော်ဖို့ရာ တွန်းအားပေးနိုင်သည့်သူ ဖြစ်ကြောင်း သိထားလေသည်။
ပထမဦးဆုံး ထုတ်ဖော်ပြသသည့်သူက အရေးနိမ့်သွားလိမ့်မည်။