← Chapters

လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ပွဲ အပိုင်း(၂)

Vol. 61 Ch. 849

လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ပွဲ အပိုင်း(၂)

Vol. 61 Ch. 849

နတ်ဆိုးပျိုးထောင်ခံ၏ နောက်မှ အနက်ရောင်နှင့် အဖြူရောင်စက်ဝန်းတစ်ခု ထွက်ပေါ်လာကာ စက်ဝန်းက ကြီးကျယ်ခမ်းနားပြီး ထိုအရာကို မြင်လိုက်သူတိုင်းက ဤကျယ်ပြောလှသည့် စကြဝဠာကြီး၏ မူလဇစ်မြစ်ကို မြင်တွေ့ဖူးသလိုမျိုး ယုံကြည်သွားလိမ့်မည်။

နတ်ဆိုးပျိုးထောင်ခံ၏ စက်ဝန်းက သိပ်မကြာခင် အနက်ရောင်ဂိတ်ပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထိုဂိတ်ပေါက်က မြင့်မြတ်ကာ ကြီးကျယ်ခမ်းနားပြီး တိရစ္ဆာန်ပုံရိပ်များစွာကို ရေးထွင်းထားလေ၏။

သံသရာလမ်းစဉ် ခြောက်ပါး - တိရစ္ဆာန်ခန်းမ

နတ်ဆိုးပျိုးထောင်ခံ၏ ခေါင်းဆောင်းအောက်တွင် ကင်းပုဇွန် အမှတ်အသားတစ်ခုက သူ့နဖူးအထက် ပေါ်ထွက်လာသည်။ ထို့နောက် သူက ဝမ်ကျူဆီ ပြေးဝင်သွားပြီး သူ့လက်သည်းဖြင့် ပိုင်းဖြတ်/ချလိုက်သည်။

သူမ၏ အာရုံခံနိုင်စွမ်းက အသက်ဝင်လာခဲ့၏။

ဝှစ်

သူမ၏ အရိပ်ကိုယ်ပွား ၇ခုထဲမှ ၃ခုသည် တိုက်ကွက်တစ်ခုတည်းဖြင့် နှစ်ပိုင်း ပိုင်းခံလိုက်ရသည်။ ထိုကိုယ်ပွားသုံးခုအနက် တစ်ခုက တာအိုဘိုးဘေး စွမ်းအားရှိထားသည့် အစစ်အမှန်လူ ဖြစ်နေသည်။

ဝမ်ကျူက အလျင်အမြန် လှုပ်ရှားကာ ဆုံးရှုံးလိုက်ရသည့် တကယ့်ကိုယ်ပွားကို ကျန်ရှိနေသည့် လေးခုထဲမှ တစ်ခုဖြင့် အစားထိုးလိုက်သည်။ ထို့နောက် သူမက သူတို့အား အရိပ်ဒိုင်မေးရှင်းအတွင်း ဝင်ရောက်ကာ အမှောင်ထဲမှ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်၏။

သို့သော်လည်း သူမ၏ ကြိုးပမ်းမှုက ကျရှုံးခဲ့သည်။

နတ်ဆိုးပျိုးထောင်ခံ၏ နဖူးအထက် ကြယ်နှုတ်သီး ပွေးတိရစ္ဆာန် အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။ ထိုသက်ရှိတွင် ပင်လယ်ချောက်နက်ထဲ အာရုံခံကာ အမဲလိုက်နိုင်သည့် အာရုံခံအင်္ဂါ နှစ်သောင်းခွဲကျော် ပါရှိလေသည်။

ထိုအမှတ်အသားဖြင့် နတ်ဆိုးပျိုးထောင်ခံ၏ အာရုံခံနှုန်းက ပိုမိုမြင့်တက်လာ၏။ အကြည့်တစ်ချက်တည်းဖြင့် သူက ဝမ်ကျူ၏ အရိပ်ဒိုင်မေးရှင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ဝှစ်

သူ့လက်သည်းချက်အောက်တွင် ထိုဒိုင်မေးရှင်းကို ပိုင်းဖြတ်လိုက်၏။

ကင်းပုဇွန်၏ စွမ်းအားက သူ့လက်သည်းချက်၏ အရှိန်ကို တိုးမြှင့်ရုံသာမကပဲ သူ၏ ပိုင်းဖြတ်စွမ်းရည်ကိုလည်း မြှင့်တင်ပေးခဲ့သည်။

ထို့ကြောင့် သူက အားစိုက်ထုတ်မှု များစွာမလိုဘဲ ဒိုင်မေးရှင်းကို စုတ်ဖြဲပစ်လိုက်၏။

သို့သော် သူ့တိုက်ကွက်က သူ လိုချင်သလောက် မအောင်မြင်ခဲ့ပေ။ အရိပ်ဒိုင်မေးရှင်းကို ဖျက်ဆီးပြီး နောက်ထပ် ကိုယ်ပွားတစ်ခုကို သတ်ဖြတ်ပြီးသည့်နောက်တွင် ကျန်ရှိနေသည့် ဝမ်ကျူ ၃ယောက်က ဆက်တိုက်ဆိုသလို လှုပ်ရှားလာကာ အရိပ်ဒိုင်မေးရှင်းမှ ထွက်ပေါ်နေသည့် စွမ်းအားကို ထိန်းချုပ်၍ သူ့အား တိုက်ခိုက်လာသည်။

ထို့ကြောင့် သေဆုံးမှု အနိဌာရုံနှင့် ပတ်သတ်သည့် အရိပ်သက်ရှိမြောက်များစွာက နတ်ဆိုးပျိုးထောင်ခံဆီ ပြေးဝင်လာကာ သူ့ကို အရိပ်ဒိုင်မေးရှင်းအတွင်း ဆွဲခေါ်ဖို့ ကြိုးစားနေလေသည်။

နတ်ဆိုးပျိုးထောင်ခံက ထိုအရိပ်သတ္တဝါများကို အေးအေးဆေးဆေး သတ်ဖြတ်ပစ်ခဲ့၏။ သို့သော်လည်း ထိုအရာက များပြားလွန်းလှပြီး သူတို့က မြန်ဆန်လွန်းလှသည်။ သိပ်မကြာခင် အသင်္ချေလက်တံများစွာက သူ့ခြေလှမ်းများကို ချုပ်နှောင်ထားပြီး လှုပ်ရှားမှုကို ကန့်သတ်ထားကြောင်း တွေ့ရှိသွားသည်။

ဤဖြစ်စဉ်တစ်ခုလုံးအတွင်း နတ်ဆိုးပျိုးထောင်ခံက တည်ငြိမ်နေကာ အခြေအနေတစ်ခုလုံးကို အကဲခတ်၍ အကောင်းဆုံးဖြေရှင်းနည်းကို ရွေးချယ်လိုက်သည်။ ထို့နောက် တိရစ္ဆာန်ခန်းမမှ နတ်သမီးငါးအမှတ်အသားက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။ သူ့မျက်လုံးက တောက်ပနေသည့် အလင်းလုံးနှစ်လုံးအဖြစ် ပြောင်းလဲသွားပြီး အရိပ်များကို အငွေ့ပျံသွားစေသည်။

နတ်ဆိုးပျိုးထောင်ခံက မြန်မြန်ဆန်ဆန်ဖြင့် နောက်ထပ် သတ္တဝါဖြစ်သည့် ပြည်ကြီးငါးကို ဖော်ဆောင်လိုက်သည်။ သူက ပတ်ဝန်းကျင်နှင့် ရောနှောကာ ပျောက်ကွယ်သွားလေ၏။ ထိုအချိန်တိုလေးအတွင်း ဝမ်ကျူ မတုံ့ပြန်နိုင်ခင် သူက ကိုယ်ပွား၃ယောက်ထဲမှ တစ်ယောက်၏ နောက်တွင် ပေါ်ထွက်လာကာ သူမ၏ နှလုံးသားကို ဆွဲဖြဲပစ်ခဲ့သည်။

ကျန်နှစ်ဦးက အလျင်အမြန် တုံ့ပြန်ခဲ့၏။ သူတို့က ထိပ်တိုက် တွေ့ဆုံလိုက်သည်နှင့် နတ်ဆိုးပျိုးထောင်ခံ ဝန်းကျင်တွင် သီးသန့်ဒိုင်မေးရှင်းတစ်ခုကို ဖန်တီးပြီး ချက်ချင်း စည်းပိတ်ခဲ့သည်။ သို့သော်လည်း ထိုအရာက မလုံလောက်သေးကြောင်း သိလေ၏။

ထိုဒိုင်မေးရှင်းပုံပေါ်လာသည်နှင့် သူတို့က ဖောက်ခွဲပစ်လိုက်သည်။ ထိုအရာက တိုက်ကွက်၏ စွမ်းအားတစ်ခုလုံး မဟုတ်သေးပေ။ ဝမ်ကျူက ပထမအလွှာထိပ်တွင် ဒိုင်မေးရှင်းရာချီကို ထပ်ထည့်ထားပြီး တုံ့ဆိုင်းခြင်း မရှိဘဲ ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း သူမက ထိုဖရိုဖရဲ အာကာပြင်စွမ်းအားကြားတွင် အားကောင်းသည့် အသက်ဓာတ်ကို ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်း နတ်ဆိုးပျိုးထောင်ခံက ပေါက်ကွဲမှုအလယ်တွင် ပေါ်ထွက်လာ၏။

သူက ခန္ဓာကိုယ်တစ်ပိုင်း ဆုံးရှုံးသွားပြီး ညာဖက်လက်က ထူးထူးဆန်းဆန်းပုံစံဖြင့် တွန့်လိမ်နေကာ ခေါင်းကလည်း နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်နေသည်။ သူ့မျက်နှာဖုံးနှင့် ခေါင်းဆောင်းတို့က သူ့မျက်နှာကို မထုတ်ဖော်သေးသော်လည်း ဝမ်ကျူက သူ့တည်ငြိမ်မှုကို ခံစားမိလေသည်။

နတ်ဆိုးပျိုးထောင်ခံက ခြေလက်များကို ပြန်လည်ပေါက်နိုင်ပြီး ဦးနှောက်ကိုပင် ပြန်လည်ကောင်းနိုင်စွမ်းရှိသည့် ရေပုတ်သင်၏ စွမ်းအားကို ငှားယူခဲ့သည်။ ထိုအရာ၏ စွမ်းအားဖြင့် သူ့သဘာဝပြန်လည်ကောင်းမွန်နိုင်စွမ်းက ပိုမိုမြင့်မားလာသည်။

ထို့နောက် သူက ဝမ်ကျူကို ကြည့်လိုက်သည်။

မကောင်းတော့ဘူး…

ဝမ်ကျူက စိတ်ထဲတွင် အကြောက်တရားကို ခံစားမိ၍ တွေးလိုက်သည်။ သူမက ဤသို့စိတ်ကူးမကြည့်နိုင်လောက်သည့် အကြောက်တရားကို ခံစားမိခဲ့သည့် အချိန်အခါများကို ပြန်လည်တွေးတောမိသွား၏။

ဝမ်ကျူက ဤတိုက်ကွက်ကို ရင်ဆိုင်ဖို့ သူမ၏ မှတ်ဉာဏ်များကို အလျင်အမြန် ထိန်းချုပ်ခဲ့သည်။

……………………………

“သခင်လေး” ဝမ်ကျူက ဒူးတစ်ဖက် ထောက်လျက်ရှိသည်။ ပုံမှန်အားဖြင့် သူမက ယခုအခါ တုံ့ပြန်မှုရသင့်ပြီဖြစ်ကာ မတ်တတ်ရပ်သင့်လေပြီ။ သို့သော် သူမက ထိုပုံစံအတိုင်း အနည်းဆုံး နာရီဝက်ကြာနေခဲ့ရပြီး စက္ကန့်ပိုင်းနှင့်အမျှ ကျောတွင် ချွေးများ ရွှဲနေသည်။

“လီကျွင်းက ငါ့ကို ပြောတယ်။ အခုနှစ်ပိုင်းအတွင်းမှာ မင်းကို မကြာခဏ တွေ့ရတယ်တဲ့” ဝမ်ဝေ့က စာအုပ်တစ်အုပ်ကို ဖတ်နေရင်း စာအုပ်ထဲ နစ်မြောနေသည့်အလား ပြောလာသည်။ သူက စာရွက်တစ်ရွက်ချင်းစီကို ညင်သာမှုဖြင့် လှန်နေသည်။ ထိုစာအုပ်က မိုးမြေကြားတွင် အဖိုးတန်ဆုံးအရာကဲ့သို့ ဖြစ်နေသည်။

“နောက်ဆုံးတိုက်ပွဲက ချဉ်းကပ်လာပြီမလို့ ကျွန်မတို့ရဲ့အနိုင်ရရှိမှုကို သေချာဖို့ရာအတွက် သတင်းအချက်အလက်ကို သွားပို့ခဲ့တာပါ”

“အဲ့လိုလား။ မင်း ပါးစပ်က ထွက်လာတာတွေကို မင်း ကိုယ်တိုင်တောင် မယုံဘူးမလား” သူက သူမကို မကြည့်ဘဲ ရေရွတ်လိုက်၏။

ဝမ်ကျူက စိတ်ထဲ လေးလံလာမိသည်။

“ကျွန်မ…”

“မင်း ပြောတဲ့အတိုင်း နောက်ဆုံးတိုက်ပွဲက ချဉ်းကပ်လာပြီ။ ငါ အပါအဝင် အားလုံးက အစွန်အဖျားကို ရောက်နေပြီ။ ကျင့်ကြံရေးကနေ အခုယာယီ ခဏအနားယူလိုက်တာ။ မင်းရဲ့ အဓိပ္ပာယ် မရှိတာတွေနဲ့ ဖြုန်းတီးနေဖို့ အချိန်မရှိဘူး။ အမှန်အတိုင်းပြော။ ငါကိုယ်တိုင် ရှာတွေ့အောင် မလုပ်နဲ့”

ထိုစကားများက တည်ငြိမ်လှပြီး ခြိမ်းခြောက်မှု မရှိသလို အရှိန်အဝါ ထုတ်လွှတ်ထားခြင်းလည်း မရှိပေ။ သို့သော်လည်း ဝမ်ကျူက သူမ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားပြီး သွေးကြောတိုင်းတွင် အကြောက်တရား စီးဝင်လာသလို ခံစားနေရသည်။

သူမက ခေါင်းငုံ့ထားပြီး ပြောလိုက်သည်။

“ဒါက သခင်မကြီးဆီက အမိန့်ပါ”

“အမေကလား။ သူမက ဘာလိုချင်တာလဲ”

ဝမ်ကျူက တုံ့ဆိုင်းနေသော်လည်း ယခုအချိန်တွင် ဖုံးကွယ်နေ၍ အကျိုးမရှိတော့ကြောင်း သဘောပေါက်သွားခဲ့သည်။

“နောက်ဆုံးအချိန်မှာ လီကျွင်း သစ္စာဖောက်မှာကို စိုးရိမ်နေတာပါ။ အဲဒါကြောင့် ကျွန်မဆီ သူ့ကို စစ်ဆေးလို့ရအောင် လုပ်ခိုင်းခဲ့တာပါ”

“မဖြစ်နိုင်တာ။ သူမက လီကျွင်း အရွယ်ရောက်လာတာကို ကြည့်ပြီး ကိုယ့်သားလို သဘောထားခဲ့တာ။ သူ ဒီလိုအရာမျိုး မလုပ်ဘူးဆိုတာကို သူမ သိပြီးသားပဲ။ ပြီးတော့ ဒီလိုနည်းလမ်းကို ဖန်တီးဖို့ရာ သူမက အရမ်းကို ဉာဏ်ကောင်းလွန်းတယ်”

ဝမ်ဝေ့က သူမကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး “ငါ့ကို လိမ်ဖို့ ကြိုးစားနေတာလား”

“သခင်လေး ကျွန်မ အဲ့လိုအရာမျိုး မလုပ်ဘူးဆိုတာ သိပါတယ်” ဝမ်ကျူက အလျင်အမြန် ပြောလိုက်သည်။

“အဲဒါဆို ဘာတွေဖြစ်တာတုန်း ရှင်းပြဦး”

ဝမ်ကျူက တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း နောက်ထပ် အသက်ရဲရဲမရှူရဲပေ။

“သခင်မကြီးရဲ့ ခေါင်းထဲကို တခြားတစ်ယောက်က အဲဒီအတွေးအခေါ်တွေ ရိုက်သွင်းပေးခဲ့တာပါ”

“ဘယ်သူလဲ”

“ဝမ်မျိုးနွယ်က လူတွေပါ”

“ငါ သိပြီ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့အမေက အတော်လေး တတ်နိုင်စွမ်း ရှိ၏။ သို့သော်လည်း သူမက သူနှင့် ပတ်သက်လာသည့်အခါ ဉာဏ်ရည်ဆုံးရှုံးသွားသလိုမျိုး ပြစ်ချက်ကြီး ရှိနေလေသည်။

ကျင့်ကြံသူအများစုက ကိုယ်ပိုင်မိသားစုနှင့် ပတ်သက်လာသည့်အခါ သူတို့ မတည်ရှိဖူးသလိုမျိုး အေးစက်စက် ဆက်ဆံတာမျိုး သို့မဟုတ် မူမမှန်လောက်သည့် အနေအထားအထိ ချစ်မြတ်နိုးတာမျိုး ဖြစ်တတ်ကြသည်။ ထိုအချက်က သူတို့၏ ရှည်ကြာလှသည့် သက်တမ်းဖြင့် မွေးဖွားနှုန်း နိမ့်ပါးမှုကြောင့် ဖြစ်၏။

ထို့ကြောင့် သူတို့က သူတို့၏ ကလေးသည် သူတို့လောက်အသက်ရှည်ရှည် မနေနိုင်သောကြောင့် ဂရုမစိုက်တာမျိုး သို့မဟုတ် သူတို့သည် နောက်ထပ် ရှိလာတော့မည်မဟုတ်သည့် အဖိုးတန်ဆုံးရတနာကဲ့သို့ ဆက်ဆံတာမျိုး ဖြစ်တတ်ကြသည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့အမေသည် ဝမ်မျိုးနွယ်မှ လူများသည် ထိုအယူအဆများ ခေါင်းထဲရိုက်သွင်းပြီးသည့်နောက်တွင် ထိုသို့တုံးအအအရာမျိုး လုပ်လာလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

သူတို့က ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ…

အဖြေက ရိုးရှင်းလှသည်။ အာဏာနှင့် စွမ်းအားကြောင့် ဖြစ်၏။ ဂိုဏ်း၏ အင်အားစုများက စည်းလုံးနေသော်လည်း ဂိုဏ်း၏ အဓိကအင်အားစုက ဝမ်မျိုးနွယ်လက်ထဲတွင် ရှိနေသည်။

ထိုလူများ၏ အနည်းစုက ဝမ်မျိုးနွယ်၏ သာလွန်မှုကို ယုံကြည်ထားကြပြီး သူတို့ကသာ ဂိုဏ်းကို အကြွင်းမဲ့ထိန်းချုပ်ခွင့် ရသင့်ကြောင်း ယုံကြည်ထားကြသည်။

ထို့ကြောင့် ဝမ်ဝေ့က ဝမ်မျိုးနွယ်၏ ၅ယောက်မြောက် ဧကရာဇ်နှင့် ဒုတိယမြောက် ထာဝရဧကရာဇ်ဖြစ်လာနိုင်ချေ ရှိသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် လူတချို့က ဘာမှဖြစ်ပျက်မလာစေရန် ဤမျှထိ လုပ်ဆောင်လာကြသည်။

ဝမ်ဝေ့က စာအုပ်ကို ပိတ်လိုက်ပြီး ပြောလိုက်သည်။

“သူမက မင်းကို အမိန့်ပေးပေးချင်းတုန်းက ဘာလို့ မပြောရတာလဲ”

“ကျွန်မရဲ့ အပြုအမူတွေက သခင်လေးနဲ့ သခင်မကြီးကြားမှာ ပဋိပက္ခတွေ ဖြစ်သွားမှာစိုးလို့ပါ”

“မင်းက အစီအစဉ်ကို ဆိုးဆိုးရွားရွားလုပ်ပြီးတော့ ဒီလိုအခြေအနေ ဖြစ်ပျက်လာတာတောင်လား”

ဝမ်ကျူက ခေါင်းငုံ့ထားလေ၏။ ယခုအချိန် အကောင်းဆုံးအပြုအမူက အမှန်တိုင်းပြောဖို့ရာသာ ဖြစ်ကြောင်း သိလေသည်။ သို့သော်လည်း သူမက ထိုအရာကြောင့်သခင်မကြီးနှင့် ဂိုဏ်းချုပ်ကြားရှိ ဆက်ဆံရေး ပျက်ပြားသွားခဲ့လျှင် အကျိုးဆက်ကို သိထားလေသည်။

ထို့ကြောင့် သူမက တွေးနိုင်သမျှ နည်းလမ်းထဲမှ အကောင်းဆုံးကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်ကာ “လီကျွင်းကို သွားတောင်းပန်ပြီးတော့ အမှန်တိုင်းပြောလိုက်။ ဒုတိယအနေနဲ့ အဲဒီဝမ်မျိုးနွယ်အဖွဲ့သားတွေကို သွားပြီး သတိပေးလိုက်။ တချို့ကို အကျဉ်းထောင်ထဲပို့ပြီးတော့ တချို့ကို နမူနာအနေနဲ့ နှင်ထုတ်လိုက်။ နောက်ဆုံးအနေနဲ့ မင်းကို အမှတ်ရဖို့ သတိပေးလိုက်မယ်။ မင်းက ငါ့ရဲ့ အရိပ်၊ ငါ့အမိန့်အတိုင်းပဲ လိုက်နာ”

“ဟုတ်ကဲ့ပါ သခင်လေး။ အဲဒါဆို သခင်မကြီးကရော”

“အဲဒါက မင်း ဂရုစိုက်စရာမဟုတ်ဘူး။ မင်းရဲ့ အလုပ်မှာ ဒါက ငါ့ကို စိတ်ပျက်စေခဲ့တာ ဒုတိယအကြိမ်ပဲ။ တတိယအကြိမ် ရှိမလာဖို့ မျှော်လင့်တယ်”

ဝမ်ကျူ၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်သွားကာ “နောက်ထပ် ရှိမလာရစေပါဘူး”

“အဲ့လိုပဲမျှော်လင့်တယ်”

ဝမ်ဝေ့က သူ့အမေနှင့် ပြောဆိုဖို့ ထွက်ခွာသွားသည်။ ထိုစဉ် ဝမ်ကျူက သူမ၏ ပုခုံးမှ ဝန်ထုပ်ဝန်ပိုးကြီး ပေါ့သွားသလို ခံစားလိုက်ရ၏။

ဝုန်း

ဝမ်ကျူ၏ မှတ်ဉာဏ်က ပြိုလဲသွားကာ သူမ၏ စိတ်က အကြွင်းမဲ့ အမှောင်ထုအတွင်း ဝင်ရောက်သွားသည်။ သူမက မျက်လုံးဖွင့်ကာ နတ်ဆိုးပျိုးထောင်ခံအား ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းက ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် နီရဲနေသည်။

All Chapters