လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ပွဲ အပိုင်း(၃)
Vol. 61 Ch. 850
နတ်ဆိုးပျိုးထောင်ခံက သူမ၏ အန္တရာယ်ရှိသည့် အကြည့်ကို ဂရုမစိုက်ပေ။ သူက သူမသည် သက်ရောက်မှုနည်းနည်းဖြင့် အကြောက်တရား သားရဲအကြည့်မှာ ရှင်သန်နိုင်ခဲ့သည်ကိုသာ အနည်းငယ် အံ့အားသင့်မိသည်။
ငါ အကြောက်တရားကို ယေဘုယျအနေနဲ့ မထားဘဲနဲ့ သေဆုံးမှုအပေါ် အကြောက်တရားကို အာရုံစိုက်ခဲ့သင့်တာ…
နတ်ဆိုးပျိုးထောင်ခံက သူ့တိုက်ကွက်သည် ကျယ်ပြန့်လွန်းနေကြောင်း သဘောပေါက်သွားလေ၏။ သူသာ ပိုအာရုံစိုက်လိုက်လျှင် နောက်ဆုံးရလဒ်က ပို၍ ပြင်းထန်သွားလိမ့်မည်။
ဟမ် သူမက ဘယ်ရောက်သွားတာလဲ…
နတ်ဆိုးပျိုးထောင်ခံက ကြယ်နှုတ်သီး ပွေးဆီမှ အာရုံခံ အင်္ဂါရပ်အားလုံးကို အသက်သွင်းကာ တစ်ဖက်လူ၏ နေရာကို လိုက်ရှာဖို့ ကြိုးစားလိုက်သည်။ သူက နေရာတိုင်း ရှာဖွေကြည့်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ထို့နောက် သူ့သားရဲအလိုလိုအသိစိတ်က အသက်ဝင်လာကာ အန္တရာယ်ကြီးကြီးတစ်ခု ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။ နတ်ဆိုးပျိုးထောင်ခံက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ ကြိုးစားလိုက်သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။
ဝှစ်
ဓားမြောင်နှစ်ခုက သူ့ကျောမှ ထိုးဖောက်ကာ အတွင်းအင်္ဂါများစွာကို ထိုးဖောက်သွားလေ၏။ နတ်ဆိုးပျိုးထောင်ခံက နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
ငါက သူမရဲ့ လှုပ်ရှားမှုတွေကို ဘာလို့ မခံစားမိတာလဲ…
သူ့စိတ်ထဲ ထိုအတွေးမျိုး ပေါ်ထွက်လာသော်လည်း ဝမ်ကျူက နီးကပ်နေ၍ အခွင့်အရေး ရသွားကြောင်း သိလိုက်သည်။ သူက ဘယ်လက်ဖြင့် သူမ၏ ဓားမြောင်များကို ဖမ်းဆုပ်ဖို့ ရွေ့လျားလိုက်သည်။
နတ်ဆိုးပျိုးထောင်ခံ၏ အစီအစဉ်က သူမအား မလှုပ်ရှားနိုင်အောင် ဆုပ်ကိုင်ထားပြီး ညာဖက်လက်ဖြင့် မြန်မြန်ဆန်ဆန် တိုက်ခိုက်လိုက်ဖို့ ဖြစ်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် ယခင်ကကဲ့သို့ အလွယ်တကူ မထိန်းချုပ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
သူက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိကာ အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်ပြီး မူမမှန်မှု၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားသည်။ ဝမ်ကျူ၏ ဓားမြောင်က သူ့ဆဲလ်များကို အချင်းချင်း တိုက်ခိုက်စေသည့် ထူးထူးဆန်းဆန်း အဆိပ် သို့မဟုတ် ကျိန်စာ ပါဝင်နေသည်။
သူ့ကိုယ်ခံအားက ယခုအခါ ရန်သူ ဖြစ်လာခဲ့သည်။ နတ်ဆိုးပျိုးထောင်ခံက သူ့ဆဲလ်များကို အလျင်အမြန် ထိန်းချုပ်ဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။ သူတို့က ကိုယ်ပိုင်ဆန္ဒ ရှိနေသလိုမျိုး သူ့ထံ နာခံဖို့ ငြင်းဆန်နေကြသည်။
ထို့ကြောင့် သူက အားလုံးကို အတင်းအကြပ် နာခံအောင် လုပ်ဆောင်ရမည်။ ဘီလီယံချီနေသည့် ဆဲလ်များကို ထိန်းချုပ်ရခြင်းက အချိန်ကြာမြင့်၏။ သို့သော် ဝမ်ကျူက သူ့ကို အချိန်ပေးမည် မဟုတ်ပေ။
သူမက သူ့ရှေ့တွင် ရုတ်ချည်း ပျောက်ကွယ်သွားပြီး ပေါ်ထွက်လာသည်။ သူမ၏ ဓားမြောင်က သူ့နှလုံးနှင့် ဦးနှောက်ကို ထိုးစိုက်သွား၏။
ကံကောင်းစွာဖြင့် နတ်ဆိုးပျိုးထောင်ခံက တိုက်ပွဲအတွေ့အကြုံများအပြီး တိုက်ခိုက်ရည် မြင့်မားလေသည်။
ဒုတိယဓားမြောင်က သူ့ဦးနှောက်ကို မထိုးဖောက်နိုင်ခင် တိရစ္ဆာန်ခန်းမကို အသက်သွင်းပြီး တောင်ဆိတ် စွမ်းအားကို ရယူပြီး သူ့ဦးခေါင်းခွံအား သူမ လက်ထဲမှ တာအိုလက်နက်ထက် ပိုမိုမာကြောအောင် လုပ်ဆောင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူ့နှလုံးသားက ပြဿနာ ဖြစ်လာ၏။ သူက တိထျန်း၏ အရိပ်ဖြစ်နေသည့်အတွက် ထိုသူ၏ အားကောင်းသော ခန္ဓာကိုယ်ကို အမွေဆက်ခံရရှိထားသည်။ သို့သော်လည်း နှလုံးသားမရှိဘဲ သူ့အသက်ဓာတ်က ဖြည်းဖြည်းချင်း လွင့်ပြယ်နေသည်။ ဤအခြေအနေက ဆဲလ်များက သူ့ထိန်းချုပ်မှုအောက် မရှိသည့်အခါ ပို၍ ဆိုးရွားသွား၏။
သူမရဲ့ တုယီနယ်ပယ်အဆင့်က အတော်လေး ပြင်းထန်တာပဲ
နတ်ဆိုးပျိုးထောင်ခံက သူ့စိတ်ကို သုံးပိုင်း ခွဲလိုက်သည်။ သူက ဝမ်ကျူ၏ လှုပ်ရှားမှုများကို ဂရုစိုက်ဖို့ လိုအပ်ပြီး ထိန်းချုပ်မှုကင်းလွတ်နေသည့် သူ့ဆဲလ်များကိုလည်း တိုက်ခိုက်နေရသလို သူ့ခန္ဓာကိုယ်မှ သူမ၏ တုယီနယ်ပယ်စွမ်းအားကိုလည်း ဖယ်ရှားဖို့ ကြိုးစားနေရသည်။ ထိုအခါမှသာ သူက ပြန်လည်ကောင်းမွန်လာမည် ဖြစ်၏။
သူ့စွမ်းရည်က တကယ်ကို စိတ်ရှုပ်စရာပဲ…
ဝမ်ကျူက တွေးလိုက်မိသည်။
ရှင်းလိုက်ကြရအောင်…
သူမက ဓားမြောင်၏ စွမ်းအားကို အပြည့်အဝ အသက်သွင်းလိုက်သည်။ ထို့နောက် သူမက သူ့ရှေ့တွင် ပေါ်ထွက်လာကာ ထိုးချလိုက်သည်။
နတ်ဆိုးပျိုးထောင်ခံက တုံ့ပြန်ကာ ပြန်လည်တိုက်ခိုက်တော့မည့်အချိန်တွင် သူ့ဆဲလ်များက ပိုမိုအားကောင်းလာပြီး သူတို့က ဦးနှောက်နှင့် အာရုံကြောစနစ်ကို တိုက်ခိုက်လာကြသည်။
ကျင့်ကြံသူအနေဖြင့် သူ့ခန္ဓာကိုယ်ကို ဝိညာဉ်က ထိန်းချုပ်ထားသည့်အတွက် ဦးနှောက်က ထိန်းချုပ်စရာ မလိုအပ်ပေ။ သို့သော်လည်း ပြောင်းလဲဖို့ရာအတွက် ဖြစ်စဉ်က နာနိုစက္ကန့်မျှ ကြာမြင့်လိမ့်မည်။ ထိုအရာက ဝမ်ကျူအတွက် အချိန်လုံလောက်၏။
ဝမ်ကျူက တစ်ဖက်လူသည် သူ့ဦးနှောက်ကို ကာကွယ်ဖို့ စွမ်းအားအမြောက်အများ ထားရှိထားကြောင်း သိလေသည်။ ထိုအရာ ဖျက်ဆီးခံလိုက်ရလျှင်ပင် မသေနိုင်သော်လည်း အဓိက အင်္ဂါရပ်နှစ်ခုဖြစ်သည့် ဦးနှောက်နှင့် နှလုံးသားကို ဆုံးရှုံးရသည့်အခါ အသက်ဓာတ် အမြောက်အများ လွင့်ပြယ်သွားလိမ့်မည်။
ဓားမြောင်က နတ်ဆိုးပျိုးထောင်ခံ၏ အဆုတ်နှစ်ခုကို ထိုးဖောက်သွား၏။ သို့သော်လည်း ထိုအရာက သူမ၏ အဓိကရည်ရွယ်ချက် မဟုတ်ပေ။ သူမ၏ ဓားမြောင်ဆီမှ သံသရာစွမ်းအား ထွက်ပေါ်လာပြီး တိရစ္ဆာန်ခန်းမကို အတင်းအကြပ် ပိတ်လိုက်သည်။
ငါ့စိတ်က တခြားအရာတွေအပေါ် အာရုံစိုက်ပြီးတော့ သူမကလည်း သံသယတာအိုအပေါ် ထိန်းချုပ်နိုင်တယ်ဆိုတာကို လျစ်လျူရှုထားမိတာပဲ…
နတ်ဆိုးပျိုးထောင်ခံက တည်တည်ငြိမ်ငြိမ်ဖြင့် တွေးလိုက်မိသည်။ သူက သူ့စွမ်းရည်ဖြင့် ရယူထားပြီးသား တိရစ္ဆာန်စွမ်းအားများကို ထိန်းသိမ်းနိုင်သည်။
ဒီအခြေအနေကို ဖြေရှင်းဖို့ အဲဒီနည်းစနစ်ကို သုံးရမယ်။ တကယ်လို့ ဒီလိုဖြစ်နေမယ်ဆိုရင် သူမက ဘာကိုမှ သတိမပြုမိစေပဲ ဘယ်လိုကူးပြောင်းနေလဲဆိုတာကို အလေးထား စောင့်ကြည့်သင့်တယ်…
နတ်ဆိုးပျိုးထောင်ခံက ဝမ်ကျူကို အပြည့်အဝ အာရုံစိုက်ထားလိုက်ပြီး ဖြည်းဖြည်းချင်း ပြိုလဲနေသည့် သူ့ခန္ဓာကိုယ်ကို လျစ်လျူရှုထားလိုက်သည်။ ကံဆိုးစွာဖြင့် သူက အခြေခံအားဖြင့် အသုံးမဝင်သည့်အတွက် ဝမ်ကျူက ကူးသန်းသွားလာနေစရာ မလိုတော့ပေ။
ဒါက မလွယ်ဘူးပဲ…
နတ်ဆိုးပျိုးထောင်ခံက သူ့ကိုယ်ပိုင် ထူးကဲနည်းစနစ်ကို အသုံးပြုရင်း တွေးလိုက်မိသည်။
ပိုးကောင်သားလောင်း အသက်ဓာတ်နည်းစနစ်
ကုဗတုံးနှင့် ဆင်တူသည့် ဧကရာဇ်အသုံးအဆောင် ပစ္စည်းတစ်ခုက သူ့အထက်ပေါ်ထွက်လာကာ သူ့အား ကာကွယ်ရေးအလွှာတစ်ခုဖြင့် လွှမ်းခြုံသွားလေသည်။
ထိုစဉ် နတ်ဆိုးပျိုးထောင်ခံ၏ အသက်ဓာတ်အားလုံးက သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ရောက်ရှိလာပြီး တစ်နေရာထဲတွင် စုစည်းသွားလေ၏။ ထိုတစ်နေရာမှ နောက်ထပ် သူတစ်ယောက် ကြီးထွားလာသည်။
ဖွီ
ကလေးပုံစံ နတ်ဆိုးပျိုးထောင်ခံက ယခင်ခန္ဓာကိုယ်ပုံစံမှ ပိုးကောင်က ပိုးအိမ်အတွင်းမှ ထွက်လာသလိုမျိုး ယခင်ခန္ဓာကိုယ်အတွင်းမှ တွားသွားထွက်လာခဲ့သည်။ ထိုဖြစ်စဉ်က ရက်စက်လွန်းလှ၏။
သို့သော်လည်း ဝမ်ကျူက တစ်ဖက်လူ၏ မျက်နှာကို မြင်လိုက်ရသည်။
သူက လူအုပ်ကြားတွင် အလွယ်တကူ ရောနှောနိုင်သည့် သာမန်လူတစ်ယောက်နှင့် တူနေသည်။ ထိုသို့သော မျက်နှာမျိုးက လုပ်ကြံသတ်ဖြတ်သူအတွက် သင့်တော်လှ၏။ သို့သော်လည်း ဝမ်ကျူက ထိုအရာသည် သူ့နဂိုရုပ်ရည် မဟုတ်ဘဲ အရိပ်ဖြစ်လာဖို့ရာ ပြောင်းလဲထားကြောင်း မှန်းဆမိလိုက်သည်။
သာမန်ရုပ်ရည် ရှိနေသော်လည်း နတ်ဆိုးပျိုးထောင်ခံနှင့်ပတ်သက်ပြီး ထူးကဲသည့် အရာတစ်ခုရှိနေသည့် သူ့မျက်ဝန်းများ ဖြစ်၏။ သူတို့က လူအများအား ကြောက်ရွံ့လာစေအာင် လုပ်နိုင်သည်။ စက္ကန့်ပိုင်းအတွင်း ကလေးငယ် နတ်ဆိုးပျိုးထောင်ခံက ယခင်အရွယ်အစားအဖြစ် ပြန်လည်ကြီးထွားလာခဲ့သည်။ ထို့ကြောင့် သူက လက်ကို ဝှေ့ယမ်းကာ ယခင်ဝတ်စုံကို ပြန်လည်ဝတ်ဆင်လိုက်၏။
ဖြစ်စဉ်က အမြဲတမ်း ကြမ်းတမ်းနေတာပဲ…
နတ်ဆိုးပျိုးထောင်ခံက အတိတ်အကြောင်း ပြန်လည်တွေးတောမိသွားကာ တွေးလိုက်သည်။
သူက အစောပိုင်းဧကရာဇ်ခေတ်ကာလတွင် သေမျိုးမိသားစုကြီး၌ မွေးဖွားခဲ့လေသည်။ သူက ၉ယောက်မြောက် ကလေးဖြစ်ပြီး ၅ယောက်မြောက်သား ဖြစ်၏။ သို့သော် သေမျိုးများအတွက် စစ်ဆေးမှုနှင့် စမ်းသပ်ချက်များ ပြည့်နှက်နေသည့် ခေတ်ကာလအတွင်း နေထိုင်ခဲ့ရသည်။
ပင်ကိုသက်ရှိများက လူသားများ၏ လူဦးရေတိုးပွားနှုန်းကို လျှော့ချဖို့ ရောဂါ၊ ကျိန်စာ၊ သဘာဝကပ်ဘေးနှင့် သေမျိုးများကြားတွင် အတွင်းရေးပဋိပက္ခစစ်ပွဲများကိုပင် ဖြန့်ဝေခဲ့သည်။ သူတို့က လူဦးရေ များပြားခြင်းသည် ကျင့်ကြံသူများအတွက် စွမ်းရည်တစ်ခုဖြစ်ကြောင်း သိထား၍ သူတို့ကို ဆက်တိုက် ပစ်မှတ်ထားခဲ့၏။
ကံဆိုးစွာဖြင့် နတ်ဆိုးပျိုးထောင်ခံ၏ မိသားစုက အားကောင်းသော ကျင့်ကြံသူများ၏ ကမ္ဘာငယ်အတွင်း ကာကွယ်ပေးခံလိုက်ရအောင် ကံမကောင်းခဲ့ပေ။ တစ်ရက်တွင် သူတို့၏ စိုက်ခင်းက ညတွင်းချင်း သေဆုံးသွားပြီး သူတို့မိသားစုက အားလုံးကို မကျွေးမွေးနိုင်တော့ပေ။
၁၈ လသားဖြင့် သူက အနီးနားတောအုပ်တွင် စွန့်ပစ်ခံလိုက်ရသည်။
ထိုအချိန်တွင် သေဆုံးသွားခဲ့သော်လည်း ကံကြမ္မာက သူ့အတွက် နောက်ထပ်အစီအစဉ် တစ်ခု ရှိဟန်ပေါ်၏။ ထိုအစား ဝံပုလွေအုပ်စုက သူ့ကို ရှာတွေ့ကာ သူတို့ကိုယ်ပိုင်အဖြစ် ပြုစုပျိုးထောင်ခဲ့သည်။
နတ်ဆိုးပျိုးထောင်ခံက ဝံပုလွေတစ်ကောင်အနေဖြင့် အရွယ်ရောက်လာပြီး အမဲလိုက်ခြင်းနှင့် အစားအစာ စုဆောင်ခြင်းတို့ပင် ပါဝင်ခဲ့သည်။ ထို့အပြင် သူ့အမေက ဉာဏ်အလင်းပွင့်ကာ ဝိညာဉ်စွမ်းအားကို နှိုးထပြီး နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့၏။
ရလဒ်အနေဖြင့် သူတို့၏ အုပ်စုက ထိုတောအုပ်အတွင်း အကောင်းဆုံးထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် ထိုအရာက သိပ်ကြာရှည်မခံခဲ့ပေ။ နတ်ဆိုးပျိုးထောင်ခံက ၃၀ အရွယ်တွင် ကျင့်ကြံသူအုပ်စုက သူ့အမေနှင့် သူ့ညီအစ်ကိုမောင်နှမများကို အမဲလိုက်ခဲ့သည်။
သူက အမုန်းတရားအပြည့် အညိုးတရား အပြည့်ရှိနေရင်း သေဆုံးတော့မည့်ဆဲဆဲတွင် ဖန်ဆင်းမှုအားလုံးကို သင်ယူပြီး တစ်ရက်ကျ ပြန်လည်ဖန်ဆင်းကာ လူသားများကို စစ်ပွဲအနိုင်ရရှိဖို့ ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့အနှံ့ ခရီးထွက်လာသည့် တိထျန်းငယ်လေးနှင့် တွေ့ဆုံခဲ့ရသည်။
တိထျန်းက သူ့ကို စိတ်ဝင်စားဖို့ ကောင်းသည်ဟု ထင်ခဲ့သည်။ သူက တိရစ္ဆာန်တစ်ကောင်နှင့် လူသားတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုသူက သူ့အသက်ကို ကယ်တင်ခဲ့သည်။ ထိုကံကြမ္မာဖန်သည့်နေ့ရက်တွင် နတ်ဆိုးပျိုးထောင်ခံက တိထျန်းအား သူ့ကို လက်စားချေခွင့်ပြုလျှင် တစ်ဘဝလုံး သစ္စာရှိပါ့မည်ဟု ကျိန်ဆိုခဲ့၏။
တိထျန်းက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သဘောတူကာ ခွင့်ပြုခဲ့သည်။ အထူးသဖြင့် ထိုကျင့်ကြံသူများက လူသားနှင့် နတ်ဆိုးမျိုးနွယ်ကြားမှ သဘောတူညီချက်ကို ချိုးဖောက်ကာ အကြောင်းတရားမရှိဘဲ နတ်ဆိုးများကို အမဲလိုက်ခဲ့၍ ဖြစ်သည်။
နတ်ဆိုးအဖြစ် ပြောင်းလဲသွားသည့် ထိုတိရစ္ဆာန်များက ဤစစ်ပွဲအတွင်း အဆင့်နိမ့်တပ်ဖွဲ့တွင် အရင်းအမြစ်တစ်ခု ဖြစ်သောကြောင့် ဟော်သဲ့သက်ရှိများကြားတွင် ကောင်းမွန်စွာ ကာကွယ်ပေးခံထားရသည်။
ထိုဖြစ်ရပ်အပြီးတွင် နတ်ဆိုးပျိုးထောင်ခံက တိထျန်း၏ လက်အောင်ငယ်သားအနေဖြင့် ကျင့်ကြံရေး ခရီးလမ်းကို စတင်ခဲ့၏။ ထိုသူက စစ်ဆေးမှုကို ကျရှုံးကာ ပြန်လည်ဝင်စားတော့မည့်အချိန်တွင် နတ်ဆိုးပျိုးထောင်ခံက သူ့ကျမ်းသစ္စာကို မချိုးဖောက်ဘဲ ပြန်လည်ဝင်စားခြင်းမှ တဆင့် လိုက်ပါလာခဲ့သည်။
ဒုတိယဘဝတွင် အိပ်စက်သူများကို သေသေချာချာ အစီအစဉ်တကျ ဖန်တီးကာ သူက သူ့အမေကို အစွဲသမှတ်ပြု၍ နတ်ဆိုးပျိုးထောင်ခံဟု အမည်ယူခဲ့သည်။
သူက အိပ်စက်သူများအဖြစ် နေစဉ်အခါက နတ်ဆိုးမျိုးနွယ်နှင့် ရင်ဆိုင်ပြီး သတင်းအချက်အလက် ရယူဖို့ကို တာဝန်ယူထားခဲ့သည်။ သူက နတ်ဆိုးမျိုးနွယ်နှင့် ရင်းနှီးသည့်အတွက် မိတ်ဆွေဖွဲ့ဖို့ လွယ်ကူလေသည်။
ထို့ကြောင့် သူ့လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ်များလည်း အပါအဝင် သူ့ကျင့်စဉ်အများစုက တိရစ္ဆာန်ကို အတုခိုးခြင်းအပေါ် အမှီသဟဲပြုထားလေ၏။
လက်ရှိအချိန်တွင် ဝမ်ဝေ့က အိပ်စက်သူများ၏ ၉၅ ရာခိုင်နှုန်းကျော်ကို သုတ်သင်ပစ်ခဲ့ပြီးသည့်နောက်တွင် သူက အသက်ရှင်သန်သူ တချို့ထဲတွင် ပါဝင်ခဲ့၏။ ကျန်ရှိနေသည့်သူများကို စမ်းသပ်ပြီးသည့်နောက်တွင် တိထျန်းအနေနှင့် သူသည် သစ္စာအရှိဆုံးနှင့် ကျင့်စဉ်အပေါ် ရင်းနှီးမှုအများဆုံးသူဖြစ်၍ သူ့အရိပ်အဖြစ် ရွေးချယ်ခဲ့သည်။
နတ်ဆိုးပျိုးထောင်ခံက လက်ကို မြှောက်ကာ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါနှင့် ဆဲလ်တိုင်းကို လှုံ့ဆော်လိုက်သည်။ သူက ဤခန္ဓာကိုယ်အသစ်နှင့် မြန်မြန်နေသားကျလို၏။
ငါ အသက်ရှင်ပေမဲ့ အခြေအနေက များများစားစား ပြောင်းလဲမသွားဘူး…
သူက တွေးလိုက်မိသည်။ သူက သူမ၏ ကူးသန်းသွားလာရေး နည်းစနစ်ကို ရှာဖွေမတွေ့ရှိသရွေ့ ဤတိုက်ပွဲရှိ အရှိန်အဟုန်ကို ဆုံးရှုံးသွားနိုင်သည်။