လုပ်ကြံသတ်ဖြတ်သူများ၏တိုက်ပွဲ နောက်ဆုံးအပိုင်း၏
Vol. 61 Ch. 851
အကြွင်းမဲ့ခုခံမှု
နတ်ဆိုးပျိုးထောင်ခံ၏ ခန္ဓာကိုယ်အနှံ့တွင် အနက်ရောင်ကြေးခွံများ ပေါ်ထွက်လာပြီး သူ့ဝန်းကျင်တွင် ကြည်လင်ထိုးဖောက်မြင်ရသည့် အခွံတစ်ခု ပေါ်ထွက်လာသည်။ ထိုအခွံက သင်းခွေချပ်နှင့် လိပ်မှ ပြုလုပ်ထားသလိုမျိုး ဖြစ်နေ၏။
ဂျွတ်
ဝမ်ကျူက သူ့နောက်တွင် ပေါ်ထွက်လာသော်လည်း အခွံက ချက်ချင်းဆိုသလို လှုပ်ရှားကာ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ သို့သော်လည်း နတ်ဆိုးပျိုးထောင်ခံက အသက်ရှူဖို့ အချိန်ပင် မရှိသေးပဲ သူမက ရှေ့တွင် ပြန်လည်ပေါ်ထွက်လာ၏။
သူ့အခွံက တုံ့ပြန်ဖို့ အချိန်မရလိုက်ပေ။ ကံကောင်းစွာဖြင့် သူ့ကြေးခွံများက အလှပြရုံသက်သက် မဟုတ်ပေ။ ဓားမြောင်က ခြစ်ရာတချို့ကိုသာ ချန်ထားနိုင်ခဲ့သည့်အတွက် ဝမ်ကျူက မျက်မှောင်ကြုတ်လိုက်သည်။
ဤတိုတောင်းလှသည့် အာရုံလွဲမှုဖြင့် နတ်ဆိုးပျိုးထောင်ခံက သူ့လက်သည်းဖြင့် သူမ၏ ခေါင်းကို ဆွဲဖြုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူမက သူ့ထက် မြန်ဆန်နေသည့်အတွက် အသုံးမဝင်ခဲ့ပေ။
သူမက ပျောက်ကွယ်သွားပြီး သူ့ခေါင်းအထက် ရောက်ရှိလာသည်။ သူမ၏ ဓားမြောင်တွင် ကံကြမ္မာစွမ်းအား ပါဝင်နေလေ၏။
ကံကြမ္မာ ဖြတ်တောက်ခြင်း
ဓားမြောင်၏ အခြေခံသဘာဝ သို့မဟုတ် ကံကြမ္မာက ပြောင်းလဲသွားပြီး ထိုအရာက အချိန်တိုအတွင်းတွင် မိုးမြေကြားရှိ အထက်ဆုံးလက်နက်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် ထိုအရာ၏ ကံကြမ္မာက လမ်းတွင်ရှိသမျှ အတားအဆီးများကို ဖြတ်တောက်ပစ်ဖို့ ဖြစ်၏။
ဝှစ်
သို့သော် ကံကြမ္မာက အကြွင်းမဲ့ မဟုတ်ပေ။ အတိအကျပြောရလျှင် နတ်ဆိုးပျိုးထောင်ခံ၏ လွှမ်းမိုးမှုကို ခံလိုက်ရ၏။ ဓားမြောင်က ရည်ရွယ်ချက်ကို မရောက်ခင် သူ့ခန္ဓာကိုယ်အပေါ်မှ ကြေးခွံချပ်ဝတ်နှင့် အခွံက ပျောက်ကွယ်သွား၏။ သူက ဓားမြောင်၏ ပစ်မှတ်နေရာကိုသာ အားလုံးကို အာရုံစိုက်ထားလိုက်သည့်အတွက် သူ့အပြုအမူက တစ်စက္ကန့်လောက် အချိန်ဆွဲနိုင်ခဲ့သည်။ သို့သော်လည်း ထိုအရာက သူ့အတွက် လုံလောက်နေပြီ ဖြစ်၏။ နတ်ဆိုးပျိုးထောင်ခံက ထိုအခွင့်အရေးကို အရယူကာ သူ့ခန္ဓာကိုယ်ကို ကျုံ့၍ ဝမ်ကျူ၏ တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။
ဘာတွေဖြစ်နေတာလဲ…
နတ်ဆိုးပျိုးထောင်ခံက တွေးလိုက်မိသည်။ သူက အကြွင်းမဲ့ခုခံသည့် အနေအထားသို့ ဝင်ရောက်ထားသော်လည်း သူ ကြိုးစားနေသလို မဖြစ်ခဲ့ပေ။ သူ့စိတ်က ဝမ်ကျူ၏ ကူးသန်းသွားလာသည့် နည်းလမ်းများနှင့် တန်ပြန်နည်းလမ်းများကို ဆက်တိုက် တွက်ချက်နေလေ၏။
သူက မီးတောက်ဒိုင်မေးရှင်းတစ်ခုလုံးကို စည်းပိတ်ကာ အာကာပြင် အတက်အကျ သို့မဟုတ် ကူးသန်းသွားလာရေးကို တားဆီးဖို့ လုပ်ဆောင်လိုက်သည်။ သို့သော်လည်း ထိုနည်းလမ်းက သူမအတွက် အသုံးမဝင်ပေ။
သံသရာအငွေ့အသက်
နတ်ဆိုးပျိုးထောင်ခံ၏ ခန္ဓာကိုယ်မှ ပတ်ဝန်းကျင်တစ်ခုလုံးကို သက်ရောက်မှုရှိသည့် ထူးထူးဆန်းဆန်း အငွေ့အသက်မျိုး ထုတ်လွှတ်လာသည်။ သူက အချိန်လုံလုံလောက်လောက် ရှိသရွေ့ ထိုအရှိန်အဝါက သူ့အား မီးတောက်ဒိုင်မေးရှင်းတစ်ခုလုံးကို သူ့ကိုယ်ပိုင် သံသရာပုံစံအဖြစ် ပြောင်းလဲခွင့်ပြုထားပြီး ဤနေရာတစ်ခုလုံးအပေါ် အကြွင်းမဲ့ ထိန်းချုပ်ခွင့်ရှိလာစေလိမ့်မည်။
ဒါဆိုရင် သူမ ဘယ်လိုလုပ်တယ်ဆိုတာကို အာရုံခံလို့ ရပြီ…
သို့သော် ထိုအတွေးများက နတ်ဆိုးပျိုးထောင်ခံ၏ နောက်ဆုံးအတွေးများ ဖြစ်၏။
ဝမ်ကျူက ပေါ်ထွက်လာသည့်အခါ သူက သူမဆီမှ ယင်ယန်အငွေ့အသက်ကို ခံစားမိလိုက်သည်။ ထိုစဉ် သူ့မျက်ဝန်းအထက် အလင်းတန်းများစွာကို မြင်လိုက်ရသည်။
မြန်လိုက်တာ…
နတ်ဆိုးပျိုးထောင်ခံ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ထရီလီယံပေါင်း အပိုင်းပိုင်း အစစ ကွဲထွက်သွားကာ ဗလာလေဟာနယ်ထဲ ပြန့်ကျဲသွားသည်။
သေသွားပြီလား။ အဲ့လောက် မလွယ်သင့်ဘူး။
ဝမ်ကျူက တွေးလိုက်မိသည်။ ထင်ထားသည့်အတိုင်း ထူးထူးဆန်းဆန်း ကြောင်ပုံသဏ္ဌာန် ပုံရိပ်တစ်ခုက သူမနှင့် မနီးမဝေးတွင် ပေါ်ထွက်လာပြီး နတ်ဆိုးပျိုးထောင်ခံ၏ အကောင်းအတိုင်းရှိနေသည့် ခန္ဓာကိုယ် ပေါ်ထွက်လာလေသည်။
အသက်၉သက် နတ်ဆိုးကြောင်လား…
ဝမ်ကျူက ထိုအရာသည် ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်ပြီးသည့်နောက်တွင် အသက်ကိုးသက် ရှိလာသည့် မသေမျိုးကြောင် ပင်ကိုနတ်ဆိုးကို အတုခိုးထားကြောင်း သိလိုက်သည်။ သို့သော်လည်း အသင်္ချေအင်ပါယာကမ္ဘာတွင် လူသားများက အသက်ကယ်ဆေးလုံးများ ပြုလုပ်ဖို့ သူတို့ကို အမဲလိုက်ကြသည့်အတွက် မျိုးတုန်း ပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
မြောက်ပိုင်းကုန်းမြေရှိ သူတို့၏ တော်ဝင်မျိုးဆက်ပင် သက်ညှာမခံရပေ။
ငါ သူ့ကို ၈ကြိမ် ထပ်ပြီးတော့ သတ်ဖို့ လိုနေတာလား…
ဝမ်ကျူက သူမ၏ ယင်ယန်စွမ်းအားကို အသက်သွင်းကာ နှေးကွေးခြင်းနှင့် မြန်ဆန်ခြင်း သဘောတရားကို ထိန်းချုပ်လိုက်ပြီး သူမ၏ အရှိန်ကို အကန့်အသတ် ကျော်လွန်အောင် တိုးမြှင့်လိုက်သည်။
နတ်ဆိုးပျိုးထောင်ခံက ခုခံဖို့ ကြိုးစားခဲ့သော်လည်း မိနစ်ပိုင်းအတွင်း သူက လေးကြိမ် သေဆုံးသွားခဲ့ပြီး အသက်၄သက်သာ ကျန်ရှိတော့သည်။
ငါ့ရဲ့ သံသရာပိုင်နက်က သူမခန္ဓာကိုယ်က ထွက်နေတဲ့ ထူးထူးဆန်းဆန်း သက်ရှိအငွေ့အသက်မျိုးကို ခံစားမိတယ်။ သူမ ဘယ်နေရာကိုပဲ ကူးသန်းသွားသွား သက်ရှိတော့ ဖြစ်ရမယ်။ အဲဒီသက်ရှိကို ရှာဖို့ပဲ လိုတယ်…
သံသရာမျက်လုံး
သူ့မျက်လုံးက ရုတ်တရက် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည့် ဝမ်ကျူကို ကြည့်လိုက်သည်။ ထို့နောက် သူမ ဤနည်းစနစ်ကို အသုံးပြုကတည်းက ပထမဦးဆုံးအကြိမ်အနေဖြင့် သူမ၏ သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့၏။ နတ်ဆိုးပျိုးထောင်ခံက အရောင်များစွာနှင့် မျဉ်းကြောင်းများစွာ ရောယှက်နေသည့် ထူးထူးဆန်းဆန်း နေရာလွတ်တစ်ခုကို မြင်လိုက်ရသည်။ ထိုစဉ် ဝမ်ကျူက ထိုထူးထူးဆန်းဆန်း အခြေအနေတွင် လွင့်မြောနေပြီး သူမ၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အတက်အကျလှိုင်း တစ်ခုကို ထုတ်လွှတ်နေသည်။
ဒီမျဉ်းကြောင်းတွေက သက်ရှိတွေလား…
နတ်ဆိုးပျိုးထောင်ခံက စဉ်းစားလိုက်သည်။ သူ့ကြာရှည်လှသည့် သက်တမ်းတစ်လျှောက်တွင် မျိုးနွယ်စုများစွာကို မြင်တွေ့ခဲ့ဖူးသည်။ ထူးဆန်းကာ မဖော်ပြနိုင်လောက်သည့် မျိုးနွယ်များလည်း အပါအဝင် ဖြစ်သည်။ သို့သော်လည်း ယခု တွေ့ကြုံနေရသည့်အရာကိုမူ နားမလည်နိုင်ပေ။
ကျင့်ကြံရေးလောကတွင် လူတချို့ကသာ ထိုအရာကို မြင်မြင်ချင်း သိကြမည် ဖြစ်၍ သူ့ကိုတော့ အပြစ်တင်၍ မရပေ။
ဝမ်ကျူ၏ နည်းစနစ်က ဝမ်ဝေ့၏ ကမ္ဘာမြေမှ အတွေးအခေါ်များနှင့် အဓိပ္ပာယ် မရှိမှုများအပေါ် အခြေခံထားလေသည်။ တစ်ခါက သူသည် 2D သက်ရှိများက သူတို့ကိုယ်ပိုင်လူမှုအဖွဲ့အစည်းရှိကြောင်း ပြပွဲတစ်ခုကို ကြည့်ခဲ့ဖူး၏။
သူတို့ဝန်းကျင်တွင် ကွမ်တန်ပူဖောင်းကို ထားရှိခြင်းဖြင့် ပြပွဲရှိ ထိုလူသားများသည် သူတို့သည် 3D သက်ရှိများဖြစ်နေသော်လည်း 2D ကမ္ဘာအတွင်း ဝင်ရောက်နိုင်သည်။ သို့သော် သူတို့၏ နည်းပညာက ထိုနေရာကို သွားရောက်ဖို့သာ ခွင့်ပြုထားပြီး ဆက်သွယ်ခွင့်ပြုမထားပေ။
ထို့ကြောင့် ဝမ်ဝေ့က ဝမ်ကျူအား ထိုနေရာတည်ရှိနေမလားဟု ရှာဖွေခိုင်းခဲ့ပြီး ကူးသန်းပြောင်းရွှေ့ဖို့ရာ လျှို့ဝှက်လမ်းကြောင်းအဖြစ် အသုံးပြုခိုင်းခဲ့သည်။ သူမက ထိုဒိုင်မေးရှင်းကို ရှာဖွေတွေ့ရှိသွားသည့်အခါ ဝမ်ဝေ့က ဤသို့သော နေရာအမှန်တကယ် တည်ရှိနေသည့်အတွက် ဟွင်သွမ်းကမ္ဘာ၏ စည်းမျဉ်းများသည် သမိုင်းမတိုင်မီကမ္ဘာနှင့် လွန်စွာကွဲပြားသင့်သည့်အချက်အရ သံသယဖြစ်လာမိသည်။
သို့သော်လည်း ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုဒိုင်မေးရှင်းက မဟာတာအိုသည် သမိုင်းမတိုင်မီကမ္ဘာမှ အရာများကို အသုံးပြု၍ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိဖို့ သို့မဟုတ် ပြောင်းလဲဖို့ လုပ်နေကြောင်း သက်သေ ဖြစ်လာခဲ့သည်။
တစ်ဖက်လူကို အာရုံခံပြီးသည့်နောက်တွင် နတ်ဆိုးပျိုးထောင်ခံက ထိုဒိုင်မေးရှင်းတစ်ခုလုံးကို သုတ်သင်ပစ်ဖို့ ချက်ချင်းလှုပ်ရှားလာသည်။ သို့သော်လည်း သူ့ကို ထိတ်လန့်သွားစေသည်က အားနည်းသည့် စွမ်းအားတစ်ခုက ထိုနေရာကို ကာကွယ်ထားလေ၏။
သူက မည်မျှပင် ကြိုးစားစေကာမူ ဝမ်ကျူ ရှိနေသည့်နေရာကို နေရာလွတ်ကို သက်ရောက်မှု မရှိနိုင်ပေ။ ထူးဆန်းသည်က သူသည် မျဉ်းကြောင်းပုံသဏ္ဌာန် ရှိနေသည့် ထိုထူးထူးဆန်းဆန်း သက်ရှိများကို သက်ရောက်မှု ဖြစ်နိုင်ကြောင်း တွေ့ရှိလိုက်ရ၏။
သူတို့က သက်ရှိတွေဆိုတော့ သံသရာရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာလား။ အဲဒါဆိုရင် ဒီဒိုင်မေးရှင်းက ဘာလို့ကာကွယ်မှု ဖြစ်နေတာလဲ…
ဒီဟာတွေက သတ်လိုက်ရင် ကံဆိုးမယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်…
နတ်ဆိုးပျိုးထောင်ခံက ယခုအခါ ထိုအရာများကို စဉ်းစားနေရမည့်အချိန် မဟုတ်ကြောင်း သိသည့်အတွက် ခေါင်းယမ်းလိုက်သည်။ ယခု သူက ဝမ်ကျူ၏ လှုပ်ရှားမှုများကို အာရုံခံမိပြီဖြစ်သည့်အတွက် သူမ၏ ခြိမ်းခြောက်မှုက သိသိသာသာ လျော့ကျသွားခဲ့သည်။
ဂျွတ်
သူ့အနေဖြင့် သူမသည် ထူးဆန်းသည့် ဒိုင်မေးရှင်းမှ မီးတောက်ဒိုင်မေးရှင်းဆီ ကူးသန်းလာသည်ကို မြင်နေရသည့်အတွက် သူမ၏ တိုက်ကွက်များကို အားစိုက်ထုတ်စရာ မလိုဘဲ တားဆီးနိုင်လာသည်။
သူ့က ငါ ထင်ထားတာထက်ပိုပြီးတော့ စွမ်းဆောင်ရည် ကောင်းနေတာပဲ…
ဝမ်ကျူက သုံးသပ်လိုက်၏။
အမှောင်ထုကမ္ဘာ
ကြောက်မက်ဖွယ်အမှောင်ထုက ဝမ်ကျူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မီးတောက်ဒိုင်မေးရှင်းတစ်ခုလုံးကို အမှောင်ထု ဒိုင်မေးရှင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ထို့နောက် သတ္တုထိပ်တိုက် တွေ့ဆုံသံများက လေဟာနယ်အတွင်း ထွက်ပေါ်လာလေ၏။ နတ်ဆိုးပျိုးထောင်ခံက လုပ်ကြံသတ်ဖြတ်မှုတစ်ခုမှ ရှင်ကျန်ခဲ့လေသည်။ သူက အမှောင်ထုနှင့် နေသားကျဖို့ တိုတောင်းသည့်အချိန်ကို ယူလိုက်ရသည်။
သူ့တိရစ္ဆာန်စွမ်းအားက အသိအမြင်ကို တိုးမြှင့်ပေးပြီး သူ့မျက်ဝန်း၊ ဝိညာဉ် သို့မဟုတ် အံ့ဖွယ်အသိစိတ်အပေါ် အမှောင်ထု၏ သက်ရောက်မှုကို တိုက်ခိုက်ဖို့ ခွင့်ပြုပေးထားသည်။ နောက်ဆုံးအနေဖြင့် အမှောင်ထုသည် သံသရာတာအို၏ အစိတ်အပိုင်း သေးသေးလေးမျှသာ ဖြစ်၏။ လူအများစု သေဆုံးသည့်အခါ သူတို့က အမှောင်ထုကမ္ဘာကို ပထမဦးဆုံး မြင်ရသည်။ အမှောင်ထုက သေခြင်းတရား၏ ပြယုဂ်တစ်ခုသာ ဖြစ်၏။
တိုက်ကွက်ကို တားဆီးပြီးသည့်နောက်တွင် နတ်ဆိုးပျိုးထောင်ခံက သံသရာအငွေ့အသက်ကို အသုံးပြု၍ ဖန်တီးထားသည့် အတုအယောင် သံသရာပိုင်နက်ကို ထိန်းချုပ်ကာ အမှောင်ထုကို တိုက်ခိုက်လိုက်သည်။
ဟမ်…
ဤသည်က သူ့နောက်ဆုံးအတွေးဖြစ်ကာ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ကြေမွသွားပြီး နောက်ထပ် အသက်တစ်ခုကို သုံးဖို့ ဖိအားပေးခံလိုက်ရသည်။ ပြောရလျှင် တိုက်ကွက်တွင် သံသရာ စွမ်းအားပါဝင်နေသည့်အတွက် သူက သေဆုံးမှုတစ်ခေါက်တည်းဖြင့် အသက်နှစ်သက် ဆုံးရှုံးသွားလေသည်။
ဘာဖြစ်သွားတာလဲ…
နတ်ဆိုးပျိုးထောင်ခံက ယခင်နည်းစနစ်ကြောင့် စိတ်ရှုပ်ထွေးနေမိသည်။ ထို့ကြောင့် သူက ချက်ချင်းဆိုသလို သတိကြီးကြီးထားထားလိုက်သည်။ သို့သော်လည်း သူက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။
ဝမ်ကျူကလည်း သွေးအန်လိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်က ကန့်သတ်ချက် ရောက်လာပြီလား။ ဒီလိုဆိုရင်တော့ ငါ သတိထားဖို့လိုတယ်…
နတ်ဆိုးပျိုးထောင်ခံက သူမသည် တာအိုဘိုးဘေးအဆင့်စွမ်းအားကို အသုံးပြု၍ ကန့်သတ်ချက်သို့ ရောက်ရှိသွားသည့် လက္ခဏာဖြစ်မှန်း သိ၍ တွေးလိုက်မိသည်။
ထို့နောက် သူက ဝမ်ကျူသည် ဆေးလုံးတစ်လုံး ထုတ်ကာ သောက်သုံးတော့မည်ကို မြင်လိုက်ရ၍ အလျင်အမြန် တားဆီးလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစ ကြေမွသွားပြန်သည်။
ငါ သိပြီ။ သူက အချိန်တာအိုနဲ့ ငါ့အတိတ်ကိုယ်ကို သတ်နေတာပဲ။ အမှောင်ထုပိုင်နက်က အချိန်တာအိုရဲ့ အတက်အကျကို ဖုံးကွယ်ထားဖို့ နည်းလမ်းတစ်ခုကလွဲပြီး ဘာမှမဟုတ်ဘူး…
နတ်ဆိုးပျိုးထောင်ခံက သူ့သေဆုံးမှု မတိုင်ခင် တွေးလိုက်မိသည်။
သူ့သတိကြီးကြီးထားထားမှုကြောင့် နောက်ဆုံးကျန်ရှိနေသည့် အသိစိတ်က သေဆုံးမှုအပြီးတွင် ခေတ္တမျှ ကျန်ရှိနေလေသည်။ သူ လုပ်လိုက်သည်က သံသရာတာအိုကို ဖောက်ခွဲပစ်ပြီး ဝမ်ကျူအား တိုက်ခိုက်ကာ သူမအား အင်မော်တယ်ဆေးလုံးအား ဝါးမျိုခြင်းမှ တားဆီးဖို့ရာ ဖြစ်၏။
ငါ့ဆီမှာ အသက်တစ်သက်ပဲ ကျန်တော့တယ်…
နတ်ဆိုးပျိုးထောင်ခံက တွေးလိုက်မိသည်။ သူ့အသက်၉သက် နည်းစနစ်က နောက်ဆုံးအကြိမ် အသက်သွင်းခံလိုက်ရပြီ ဖြစ်၏။ သူ သေသည်နှင့် အပြီးသတ်သွားလိမ့်မည်။
သူက တစ်ဖက်လူကို ကြည့်ကာ အခြေအနေ ဆိုးရွားနေသည်ကို မြင်လိုက်ရသည်။
ဒါက ငါ့အခွင့်အရေးပဲ…
နတ်ဆိုးပျိုးထောင်ခံက သူမ၏ တန်ပြန်သက်ရောက်မှုသည် သူထင်ထားသည်ထက် ပိုမိုပြင်းထန်ကြောင်း သဘောပေါက်သွားခဲ့၏။ သူက လက်ကို အလျင်အမြန် မြောက်ကာ စည်းပိတ်ခြင်း၊ တောင်နှင့်တူသည့် စည်းပိတ်ခြင်းဧကရာဇ် အသုံးအဆောင်ကို ဆင့်ခေါ်လိုက်သည်။
သူက သူ့ဧကရာဇ်အဆင့် တိုက်ကွက်ကို သုံးနေပြီ…
ဝမ်ကျူက မရဏစွမ်းအားရှိသည့် မြင့်မားလှသော လက်သည်းချက်က သူမအပေါ် ကျဆင်းလာသည်ကို မြင်လိုက်ရ၏။ ထိုစဉ် သူမမျက်ဝန်းအထက် ဘဝတစ်လျှောက်ကို ပြန်လည်မြင်ယောင်လာမိသည်။
သေခြင်းတရားက သူမအပေါ် ကျဆင်းလာလေသည်။ ထိုစဉ် သူမက အလျင်အမြန် လှုပ်ရှားကာ ဧကရာဇ်အသုံးအဆောင်ပစ္စည်း တစ်ခုကို သုံးဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း နှမြောစရာကောင်းလှသည်က ဧကရာဇ်အသုံးအဆောင်များသည် သူမ ထင်ထားသည်ထက် ပိုမိုပြင်းထန်နေသည့်အတွက် ကူကယ်ရာမဲ့သွားစေသည်။