အစီအစဉ်
Vol. 61 Ch. 852
ဝမ်ကျူက သူမဆီ ဧရာမလက်သည်းချက်ကြီး ကျရောက်လာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေလေ၏။ သူမက မခုခံနိုင်ကြောင်း သိထားလေသည်။ ထူးဆန်းလှသည်က သူမသည် သေခြင်းတရား ချဉ်းကပ်လာသည့်အခါ မယုံလောက်ဖွယ် တည်ငြိမ်နေခြင်း ဖြစ်၏။
သူမ၏ အပြုအမူက သူမသည် ကံကြမ္မာကို လက်ခံလိုက်တာလား ဒါမှမဟုတ် သူမဆီတွင် ဝှက်ဖဲတချို့ရှိနေတာလားဟု ဆုံးဖြတ်ဖို့ရာ အခက်တွေ့စေသည်။
သူမ၏ နောက်ဆုံးကံကြမ္မာ ချဉ်းကပ်လာသည့်အခါ လူများစွာက အသက်အောင့်ထားလိုက်ကြသည်။ ကြည့်ရှုသူများက သူမ၏ ရှုံးနိမ့်မှုသည် တိထျန်း၏ လက်ရှိအခြေအနေကို ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု ခံစားမိနေကြသည်။ ထိုအရိပ်နှစ်ယောက်၏ တိုက်ပွဲက ကမ္ဘာကြီးအား အံ့အားသင့်စေခဲ့၏။
သခင့်အရိပ်နည်းစနစ်ကို မသိသည့်သူများက ဤမျိုးဆက်အတွင်း မဟာဧကရာဇ် စွမ်းအားရှိထားသည့် တတိယမြောက်လူ ပေါ်လာသည်ဟု တွေးထင်ကာ ရူးသွပ်လုမတတ် ဖြစ်နေကြသည်။
ထိုစဉ် တခြားသူများကမူ တိထျန်း၏ တစ်ပွဲတည်း အနိုင်ရရှိမှုက လက်ရှိအကျပ်အတည်းကို မပြောင်းလဲပစ်နိုင်ကြောင်း ယုံကြည်ထားကြသည်။ နောက်ဆုံးအနိုင်ရရှိမှုက အသင်္ချေအင်ပါယာကမ္ဘာ၏ သမိုင်းကြောင်းတစ်လျှောက်တွင် တစ်ခါမှ မပေါ်ထွက်ခဲ့ဖူးသော ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ယောက်ကြားမှ တိုက်ပွဲဖြင့်သာ ဆုံးဖြတ်ပေးခံရလိမ့်မည်။ ထိုစစ်သူကြီးများကလည်း အရေးပါသည့် ကဏ္ဍမှ ပါဝင်နေလေ၏။
ထိုစဉ် တိထျန်းနှင့် ဝမ်ဝေ့တို့က အရိပ်များကြားမှ နောက်ဆုံးတိုက်ပွဲကို သေချာစောင့်ကြည့်နေကြသည်။
တိထျန်းက ဝမ်ကျူ၏ သေဆုံးမှုကို မစိုးရိမ်ပေ။ သူက နတ်ဆိုးပျိုးထောင်ခံအား သူမကို အသက်ရှင်လျက် ဖမ်းဆီးဖို့ရာ အမိန့်ပေးထားပြီးလေပြီ။ သို့သော်လည်း သူက သတိကြီးကြီးထားကာ ဝင်ရောက်စွက်ဖက်ဖို့ရာအတွက် ပြင်ဆင်ထားခဲ့၏။
သူသာ ဝမ်ကျူကို ဖမ်းဆီးနိုင်သရွေ့ သူ့အနိုင်ရနိုင်ချေက သိသိသာသာ မြင့်တက်လာလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူက အောင်ပွဲမခံသေးပေ။ သူမက ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ လက်လျှော့မည် မဟုတ်ကြောင်း သိနေ၏။
ပို၍အရေးကြီးသည်က ဝမ်ဝေ့က သူ့လူများထံ တစ်စုံတစ်ခု ဖြစ်သွားမည်ကို ခွင့်ပြုမည် မဟုတ်ပေ။ သူ့သဘာဝက ထိုကိစ္စမျိုးကို ခွင့်ပြုမည် မဟုတ်ပေ။ သူက အေးစက်ကာ တွက်ချက်တတ်သော်လည်း မိသားစုနှင့် မိတ်ဆွေများအပေါ်တွင် စိတ်ပျော့လေသည်။
တိထျန်းက ကောင်းကင်ဘုံဗိမာန်ကမ္ဘာတွင် ပထမဆုံးတိုက်ပွဲကတည်းက ထိုအချက်ကို သိခဲ့၏။ သူ့ကို အကွက်ကျကျ စီစဉ်ခဲ့စဉ်အခါက သူ့အလိုလိုသိစိတ်သည် သူ့ကို အသက်ရှင်လျက် ထားဖို့ ခွင့်ပြုပေးခဲ့သည်။
သို့သော်လည်း လီကျွင်းနှင့် ယန်းလီလင်းတို့က ထိုကမ္ဘာတွင် သေဆုံးသွားနိုင်သည်။ ထို့ကြောင့် သူက အန္တရာယ်ရှိမှန်း သိရက်နှင့် နောက်တွင် နေကာ သူတို့ကို ကယ်တင်ခဲ့သည်။
တိထျန်းက တစ်ဖက်လူကို လေ့လာနေရင်း အခြေအနေတစ်ခုလုံးအတွင်း ထိုသူက အရှိန်အဝါအပြောင်းအလဲ မရှိသလို အမူအရာ အပြောင်းအလဲမရှိကြောင်း မြင်လိုက်ရပြီး သူ့စိတ်ထဲတွင် ဘာတွေးနေသည်ကို မတွေးမိနိုင်အောင် လုပ်ထားကြောင်း တွေ့လိုက်ရသည်။
ထို့နောက် တိထျန်းက ရုတ်ချည်း မျက်မှောင်ကြုတ်လိုက်၏။
ဝမ်ကျူက နောက်ဆုံးအခိုက်အတန့်လေးတွင် ပျောက်ကွယ်သွားသည်။
မဟုတ်သေးဘူး။ ဒီအတက်အကျက အရိပ်လဲလှယ်ခြင်း…
တိထျန်းက သူ့စိတ်ထဲ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အနှေးပြကွက်ဖြင့် ပြန်လည်တွေးတောရင်း ရေရွတ်လိုက်သည်။
ဝမ်ကျူ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က သူမ နေရာတွင် ဝင်ရောက်လာ၏။ ထိုသူက လီကျွင်း ဖြစ်ပေသည်။
ဘန်း
သတ်ဖြတ်ရေးလမ်းစဉ်ကို လျှောက်လှမ်းသည့် စွမ်းအားကြီးစစ်သူကြီး၏ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် တာအိုတို့က ချက်ချင်းဆိုသလို ပျက်သုဉ်းသွားသည်။
နတ်ဆိုးပျိုးထောင်ခံ၏ တိုက်ကွက်က ဝမ်ကျူအတွက် ဖြစ်သော်လည်း လီကျွင်းက ထိုသူ၏ ဖမ်းဆီးမှုကို လက်မခံပေ။
ထို့အပြင် ဝမ်ကျူ၏ ရုတ်ချည်း ပျောက်ကွယ်သွားမှုက နတ်ဆိုးပျိုးထောင်ခံ၏ စိတ်အခြေအနေအား အပြောင်းအလဲဖြစ်သွားစေကာ သူ့တိုက်ကွက်က အနည်းငယ် ထိန်းချုပ်မရဖြစ်သွားသည်။
လီကျွင်းက သေသွားတာလား…
တိထျန်းက တွေးလိုက်မိပြီး သူ့စိတ်ထဲ မြင်းရိုင်းများစွာ ဖြတ်ပြေးနေသလို ခံစားလိုက်ရသည်။ သူက တည်တည်ငြိမ်ငြိမ် နေဖို့ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်သည်။
သူက ဝမ်ကျူအတွက် လီကျွင်းကို စတေးခဲ့တာလား။ ဒါက အကြောင်းအရင်းအများကြီးကြောင့် ဖြစ်နိုင်ချေတော့ မရှိဘူး။ ပြီးတော့ ဒီလိုအပြုအမူမျိုးက သူ့အကျင့်စရိုက်နဲ့ မကိုက်ဘူး…
ထို့နောက် တိထျန်းက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် အမူအရာ ရုတ်ချည်းပြောင်းလဲသွားသည်။ ထို့နောက် ချက်ချင်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိလိုက်သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။
ဝမ်ဝေ့နှင့် ဝမ်ကျူတို့က သူ့ရှေ့တွင် ပေါ်ထွက်လာပြီဖြစ်ကာ သူတို့၏ အရှိန်အဝါက အထွတ်အထိပ်တွင် ရှိနေလေ၏။ ဝမ်ကျူက သူမ၏ အတုအယောင် တာအိုလက်နက်များကို ဧကရာဇ်အသုံးအဆောင်များဖြင့် လဲလှယ်ထားခဲ့သည်။
ထိုစဉ် ဝမ်ဝေ့၏ တာအိုသက်သေပြပစ္စည်းက ဓားတစ်ချောင်းအဖြစ် ပြောင်းလဲပြီး သူ ထုတ်လွှတ်ထားသည့် အရှိန်အဝါက သူ့အဖေကဲ့သို့ အထွတ်အထိပ် ဓားသမားတစ်ယောက်နှင့် တူညီနေသည်။
ကံကြမ္မာဖြတ်တောက်ခြင်း
သူတို့က သက်ဆိုင်ရာလက်နက်အသီးသီးကို စည်းချက်ကျကျ အတိုင်အဖောက်ညီညီ အသုံးပြုလိုက်ကြသည်။ သေချာလေ့လာကြည့်ပါက သူတို့၏ အသက်ရှူသံ၊ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုတို့က တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်နေကာ အစီအရင်တစ်ခုလိုမျိုး သူတို့၏ တိုက်ကွက်ကိုပူးပေါင်းကာ မြင့်မားသည့် အဆင့်တစ်ခုသို့ တိုးမြှင့်ပေးနိုင်ကြောင်း သတိထားမိလိမ့်မည်။
သူတို့၏ တိုက်ကွက်က ပုံမှန်ဓားချက်ကို မဖန်တီးခဲ့ပေ။ ထိုအစား အနောက်ဘက်ပိုင်းတွင် ကံကြမ္မာမြစ်ကြောင်း ပုံရိပ်တစ်ခုထွက်ပေါ်လာ၏။ ထိုမြစ်ကြောင်းက သေးငယ်သည့် ကြိုးမျှင်များဖြင့် ဖွဲ့စည်းထားသော်လည်း ရေလိုမျိုး စီးဆင်းနေသည်။ သို့သော်လည်း ထိုအရာက ကိစ္စမရှိပေ။ ထိုအရာကို မြင်လိုက်သည့်သူတိုင်းက ထိုအရာ၏ အလှတရား၊ ကြီးကျယ်ခမ်းနားမှုနှင့် အကြောက်တရားကြောင့် အံအားသင့်သွားလိမ့်မည်။
ငါက ငါ့ကံကြမ္မာကို ထိန်းချုပ်နိုင်ရဲ့လား
လူများစွာက အကြောင်းအရင်းအမျိုးမျိုးကြောင့် ကျင့်ကြံကြသည်။ စွမ်းအား၊ ခွန်အား၊ အာဏာနှင့် လွှမ်းမိုးမှု၊ မသေနိုင်စွမ်း၊ သေခြင်းတရားကို ကြောက်ရွံ့မှုနှင့် လွတ်လပ်ခွင့်တို့ကြောင့် ဖြစ်သည်။ သို့သော်လည်း မည်သည့်အကြောင်းအရင်းပင် ဖြစ်စေကာမူ သူတို့က ပိုမိုအားကောင်းလာပြီး ကမ္ဘာ၏ လျှို့ဝှက်ချက်ကို သင်ယူသည်နှင့် တစ်ချိန်မဟုတ် တစ်ချိန် ထိုမေးခွန်းကို ပြန်ပြီး မေးခွန်းထုတ်လာကြလိမ့်မည်။
နှမြောစရာကောင်းလှသည်က လူတချို့ကသာ အဖြေကို ရှာတွေ့နိုင်ကြ၏။ သူတို့ရှာတွေ့သွားသည်နှင့် သူတို့က ပထမကတည်းက ဘယ်သောအခါမှ မေးခွန်း မမေးခဲ့ဖို့ရာ ဆုတောင်းကြလိမ့်မည်။
ကံကြမ္မာမြစ်ကြောင်း ပေါ်ထွက်လာပြီးသည့်နောက်တွင် ထိုအရာက ဝမ်ဝေ့နှင့် ဝမ်ကျူတို့၏ ဓားချက်လားရာအတိုင်း လိုက်လာကာ ခဲဖြူရောင်လခြမ်းကွေး သဏ္ဌာန်ဖြင့် တိထျန်းဆီ ကျရောက်လာသည်။
ဘန်း
တိုက်ပွဲကွင်းပြင်တစ်ခုလုံးက တုန်ခါသွားလေသည်။ တိထျန်း၏ ကံကြမ္မာကြိုးမျှင်က ပြတ်တောက်လုနီးပါးဖြစ်နေပြီး သေမျိုးအနှောင်အဖွဲ့များမှ သုတ်သင်ပစ်နိုင်တော့မည့်ဟန် ပေါ်သည်။
တိထျန်း၏ ခန္ဓာကိုယ်က သူ့ခေါင်းအထက်တွင် ရေးထွင်းထားသည့် သံသရာ စာလုံးဟူသော စည်းတံဆိပ်နှင့်အတူ ပြန်လည်ပေါ်ထွက်လာသည်။ သူ့ညာဖက်ပုခုံးမှ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်လျှောက်မှ ဘယ်ဖက်ခြေထောက်အထိ ဒဏ်ရာကြီး ဖြစ်သွားလေသည်။
တိထျန်းက သူ့ခန္ဓာကိုယ်မှ ဒဏ်ရာကို ကြည့်လိုက်ပြီး သူ့စိတ်ခံစားချက်များက ဤသို့အန္တရာယ် များပြားလှသည့် အခြေအနေတွင်ပင် အင်မတန် တည်ငြိမ်နေလေ၏။ ဧကရီဝူနှင့် တိုက်ခိုက်ပြီးကတည်းက သူ့ရွယ်တူများနှင့် ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဒဏ်ရာရရှိသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။
“အဲဒါဆိုတော့ မင်းက သွေးထွက်သားပဲ” ဝမ်ဝေ့၏ အသံက ကြားရသူတိုင်းကို စိတ်တိုလာစေဟန်ပေါ်၏။
“မင်းဆီက ဒီလိုမျိုး အဆင့်နိမ့်ပြီး အရှက်မရှိတဲ့ ဗျူဟာမျိုးကို ထင်မှတ်ထားပြီးသားပဲ”
“အဆင့်နိမ့်တဲ့လား။ အရှက်မရှိဘူးတဲ့လား ဟား…ဟား…ဟား…” ဝမ်ဝေ့က လွတ်လပ်သည့် ခံစားချက်မျိုးကို ထုတ်လွှတ်ရင်း ရယ်မောလိုက်သည်။ သူက နှစ်များစွာအတွင်း လှောင်ချိုင့်၌ ပိတ်လှောင်နေခဲ့ပြီး ပထမဦးဆုံးအကြိမ်အနေနှင့် လွတ်မြောက်လာသလိုမျိုး ဖြစ်၏။
သူက သူ့စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။
ထိုစဉ် ဝမ်ဝေ့က ဂရုမစိုက်ဘဲ အသက်ပြင်းပြင်းရှူကာ သူ မရခဲ့ဖူးသည့် စိတ်အေးလက်အေး ဖြစ်မှုကို ခံစားလိုက်သည်။
“ဒီလိုစိတ်အခြေအနေမျိုးက မင်းက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကို မအောင်မြင်ဘဲနဲ့ မင်းရဲ့အချစ်ကို ဆုံးရှုံးသွားရတဲ့ အကြောင်းအရင်းပဲ”
တိထျန်းဆီမှ သတ်ဖြတ်ငွေ့ အမြောက်အများထွက်ပေါ်လာကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ သို့သော်လည်း သူက စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့၏။
ထိုစဉ် ဝမ်ဝေ့က ဂရုမစိုက်ဘဲ အသက်ပြင်းပြင်းရှူလိုက်သည်။
“ငါ့ဘဝမှာ မင်းရဲ့လွှမ်းမိုးမှုက မင်း ထင်ထားတာထက်တောင် ပိုပြီးပြင်းထန်တယ်ဆိုတာ သိလား။ ကောင်းကင်ဘုံဗိမာန်ကမ္ဘာမှာ ငါ့ရဲ့ အစစ်အမှန် ရှုံးနိမ့်မှုနဲ့ အရှက်ကွဲမှုကို တွေ့ကြုံခံစားခဲ့ရတယ်။
အဲဒီရက်နောက်ပိုင်းကတည်းက ငါ့ဘဝမှာ မကျော်လွှားနိုင်တော့တဲ့ တောင်ကြီးတစ်လုံး ရှိနေသလိုပဲ။ ဒီနေ့ရဲ့ အောင်မြင်မှုတွေက မင်းအပေါ် အကြွေးတင်နေတယ်လို့တောင် ပြောရမယ်။ မင်း ပေးတဲ့ဖိအားတွေက ငါ့ရဲ့ အလားအလာ အစစ်အမှန်ကို ဖော်ထုတ်နိုင်ပြီးတော့ ကျော်လွှားအောင် လုပ်ပေးခဲ့တာ”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“သူရဲကောင်း ဒါမှမဟုတ် ဇာတ်လိုက်တွေက သူတို့ရဲ့ ဗီလိန်လိုမျိုး ထူးချွန်တယ်လို့ ပြောတာကို ကြားဖူးတယ်။ သူတို့စကားတွေက အမှန်ပဲ။ ဒါပေမဲ့ သူတို့ကို မကြိုက်ဘူး။ ငါ့ကို ဖိအားတွေ အများကြီးအောက်မှာ အသက်ရှင်ဖို့ ဖိအားပေးခဲ့တာကိုလည်း မကြိုက်ဘူး။ ငါ့ဘဝမှာ မင်းက လွှမ်းမိုးမှုအများကြီး ရှိနေတာကိုလည်း မကြိုက်ဘူး။
ငါ့ရဲ့လမ်းစဉ်ကို ပိုမိုမြင့်မားတဲ့အဆင့် ရောက်အောင် ကံကြမ္မာက မင်းကို ထည့်ပေးလိုက်တယ်လို့ ခံစားမိနေတယ်။ ထိန်းချုပ်လို့ မရတဲ့ ခံစားချက်မျိုးကိုတော့ မုန်းတီးတယ်”
“အတ္တဝါဒီပဲ” တိထျန်းက နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်၏။
“တခြားနည်းလမ်း မရှိဘဲ မင်းက ငါ့ကို တားဖို့ ဒီရောက်လာရတယ်လို့ ထင်နေတာလား”
“၂ခုလုံး ဖြစ်နေနိုင်ပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ကောင်းကင်တာအိုက မင်းရဲ့ စွမ်းအား၊ အလားအလာနဲ့ သူမျိုးကို တာအိုသက်သေပြမဲ့ ဇာတ်ကြောင်းမျိုး မလိုချင်ဘူးလေ။ အဲဒီမှာ ကံကြမ္မာက ပိုမိုမြင့်မားတဲ့ ရည်ရွယ်ချက်နဲ့ အထက်ရောက်အောင် တွန်းပို့ချင်ခဲ့တာ။ နည်းလမ်းတွေအများကြီးမှာ ဒီနေ့ငါတို့တိုက်ပွဲက ကံကြမ္မာဖန်လာပြီးသားပဲ”
“ဒီနေ့ မင်းက အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတာပဲ။” တိထျန်းက လှောင်ပြောင်သည့် အကြည့်မျိုးကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူ သိထားသည့် ဝမ်ဝေ့က တဲ့တိုးဆန်ကာ မလိုအပ်လာသရွေ့ အချိန်ဖြုန်းတီးခဲသည်။
ထို့အပြင် သူက ကံကြမ္မာနှင့် ကြမ္မာ သဘောတရားကို စက်ဆုပ်လေသည်။ သူတို့၏ တည်ရှိမှုက သူ့ဇနီးသည်ကို ဖန်တီးကတည်းက သေဆုံးဖို့ရာ ကံကြမ္မာဖန်လာကြောင်း ညွှန်ပြနေလေ၏။ ဤသည်က သူ လက်ခံဖို့ ငြင်းဆန်သည့် အချက်တစ်ခု ဖြစ်သည်။
“ဟား…ဟား…ဟား…ဒါပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ စိတ်ထဲပြွတ်သိပ်ထည့်ထားရတာ ကြာလှပြီ။ အခု သူတို့ကို ထုတ်ဖော်ရမဲ့ အခွင့်အရေးရလာပြီဆိုတော့ စိတ်သက်သာရာ ရသွားပြီ” ဝမ်ဝေ့က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
ထို့နောက် ဝမ်ဝေ့က လည်ပင်းနှင့် ပုခုံးကို အညောင်းအညာဖြေလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် တိုက်ခိုက်ငွေ့တို့ ထွက်ပေါ်လာသည်။
“မင်းကို အချိန်များများ ပေးသင့်တယ်ဆိုပေမဲ့ အခုတော့ စတင်ရမဲ့အချိန် မလား” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
ဝမ်ဝေ့က စိတ်အခြေအနေ ကောင်းနေလေ၏။ သူ့စကားက ကံကြမ္မာကို အပြစ်တင်ဝေဖန်နေသော်လည်း ဤတိုက်ပွဲတွင် ကြမ္မာက သူ့ဘက်တွင် ရှိကြောင်း ခံစားမိနေသည်။ ထို့ကြောင့် သူ့ယုံကြည်ချက်က မြင့်မားနေလေ၏။
…………………………
မီးတောက်ဒိုင်မေးရှင်း
ဝမ်ကျူက အစီအစဉ်တစ်ခုလုံးတွင် သူမ၏ ကဏ္ဍကို ပါဝင်ကစားပြီးသည့်နောက်တွင် ဤနေရာသို့ ပြန်ရောက်ရှိလာသည်။ သူမ မြင်လိုက်ရသည့် ပထမဦးဆုံးအရာက ယန်းလီလင်းနှင့် ထျဲ့ကန်တို့သည် သတ်ဖြတ်ရေးနှင့် မသေနိုင်သော တပ်ဖွဲ့ကို ဦးဆောင်လျက် နတ်ဆိုးပျိုးထောင်ခံကို ဝိုင်းထားကာ စည်းပိတ်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
အကောင်းဆုံးစွမ်းဆောင်ရည်ရှိပြီး အလိုလိုသိစိတ်ရှိသည့် လုပ်ကြံသတ်ဖြတ်သူက သူ့ဘေးကင်းမှုကို လျစ်လျူရှုထားကာ အဖွဲ့၏ အစီအရင်မှ ထွက်ဖို့ရာ ကြိုးစားနေလေ၏။ ကံဆိုးစွာဖြင့် သူက နောက်ဆုံး တိုက်ကွက်အပြီးတွင် အားနည်းသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် သူက တာအိုဘိုးဘေး စွမ်းအားကို ထုတ်မသုံးနိုင်တော့ရုံသာမက သူ့ထာဝရအရှင် စွမ်းအားသည်လည်း မတည်မငြိမ် ဖြစ်နေလေသည်။
ဝမ်ကျူကလည်း တုံ့ဆိုင်းမနေဘဲ အဖွဲ့ကို ကူညီဖို့ ပြေးဝင်သွားလိုက်သည်။ သူမက သူနှင့် အခြေအနေတူ ရှိနေသော်လည်း အထောက်အပံ့တချို့ ပေးနိုင်သေး၏။ ထို့အပြင် သူမ၏ အဖွဲ့တွင် အင်မော်တယ်အဆင့် ဆေးဝါးပညာရှင် ရှိသည့်အတွက် သူမက အချိန်တိုအတွင်း ပြန်လည် တိုက်ခိုက်စွမ်းရည် ရလာနိုင်လိမ့်မည်။