အစီအစဉ်၏ ဒုတိယအပိုင်း
Vol. 61 Ch. 853
ဝမ်ကျူ ပေါ်ထွက်လာပြီးသည်နှင့် ယန်းလီလင်းက သူမကို ဆေးလုံးအမြောက်အများ ပေးလာ၏။
“ငါတို့မှာ အချိန်သိပ်မရှိဘူး” ယန်းလီလင်းက စိတ်တည်ငြိမ်အောင် ထိန်းထားပြီး စိုးရိမ်ပူပန်မှုများကို ဝှက်ထားဖို့ ကြိုးစားလိုက်သည်။
“ငါ့ကို နည်းနည်းအချိန်ပေး။ သူ့ကို တစ်ခါတည်းနဲ့ သတ်လိုက်မယ်” ဝမ်ကျူက ပြောလိုက်၏။
“အဲ့လိုလုပ်ဖို့ မလိုဘူး။ ငါတို့တွေ နင့်ကို ထိခိုက်သွားတာမျိုး မဖြစ်စေချင်ဘူး” ယန်းလီလင်းက ပြောလိုက်၏။
“အခု ဖြည်းဖြည်းချင်း ကုစားပြီးတော့ သူ့ကို ဖြည်းဖြည်းချင်း အမှုန့်ချေပြီး သတ်ဖို့ပဲ”
ဝမ်ကျူက ခေတ္တမျှ စဉ်းစားပြီး သဘောတူလိုက်သည်။ ထို့နောက် ယန်းလီလင်းနှင့် ထျဲ့ကန်တို့က အစီအရင် ထိန်းချုပ်မှုအား သူမထံ ပေးလိုက်ကြသည်။ နှစ်ဦးသားက မီးတောက်ဒိုင်မေးရှင်းအတွင်းမှ နေရာကို ကြည့်လိုက်ကြ၏။
သူတို့က တစ်မိနစ်မျှ ကြည့်ပြီးသည့်နောက်တွင် သူတို့၏ စိုးရိမ်ပူပန်မှုများက စက္ကန့်နှင့်အမျှ တိုးပွားလာနေသည်။ နောက်ဆုံးတွင် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့၏။ အနီရောင်စက်လုံး တစ်ခုက ထိုနေရာတွင် ပေါ်ထွက်လာသည့်အခါ သူတို့၏ အကြည့်များက တောက်ပသွားကြသည်။
ယန်းလီလင်း၏ မျက်နှာအထက် စိတ်သက်သာရာရသွားသည့် အမည်မသိ အပြုံးမျိုး ပေါ်ထွက်လာကာ ပြောလိုက်သည်။
“မြန်မြန်လုပ်”
ထျဲ့ကန်က သူမ၏ ဆိုလိုရင်းကို ချက်ချင်းနားလည်ကာ အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူက ပင်ကိုစွမ်းရည်နှင့် နည်းစနစ်ကို အသက်သွင်းပြီး သတ်ဖြတ်ရေးနှင့် မသေနိုင်သော တပ်ဖွဲ့ဝင်များ၏ အသက်ဓာတ်ကို ဆက်သွယ်လိုက်သည်။ ထို့နောက် သူက အနီရောင် စက်လုံးကိုလည်း ဆက်သွယ်လိုက်ကာ အသက်ဓာတ် အလုံအလောက် ထောက်ပံ့ပေးလိုက်သည်။
“တပ်သားတွေ ဆေးလုံးကို သောက်ကြ” ယန်းလီလင်းက အော်ပြောလိုက်သည်။ သူတို့၏ အစီအရင်ကို ထိန်းထားရင်း အဖွဲ့သားများက သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများကိုထုတ်ကာ ချက်ချင်း သောက်သုံးလိုက်ကြသည်။
ထို့နောက် ချက်ချင်းဆိုသလို သူတို့ခန္ဓာကိုယ်ထဲမှ အသက်ဓာတ် သို့မဟုတ် အသက်စွမ်းအားက အဆထောင်ချီ တိုးမြှင့်သွားလေ၏။ ထိုသို့သော အပြုအမူမျိုးက သူတို့၏ သက်လုံနှင့် ပြန်ကောင်းနိုင်စွမ်းကိုပင် တိုးမြှင့်ပေးနိုင်သည်။ သို့သော်လည်း သိပ်မကြာခင် ထိုအသက်ဓာတ်အများစုက လူတစ်ယောက်ဆီ စီးဆင်းသွားသည်ကို သတိပြုမိသွားကြသည်။
ထိုတပ်သားများက အကြောင်းအရင်းကို မမေးသလို အမိန့်အတိုင်းသာ လိုက်နာကြသည်။
ထိုစဉ် ယန်းလီလင်းက အနီရောင်စက်လုံး၏ အရှိန်အဝါ ဖြည်းဖြည်းချင်း မြင့်တက်လာသည်ကို ကြည့်နေရင်း အသက်အောင့်ထားလိုက်သည်။ သူမက အတက်အကျတိုင်းကို သေချာလေ့လာနေပြီး အမှားအယွင်း မရှိအောင် စောင့်ကြည့်နေသည်။
“မလုံလောက်သေးဘူး” ထျဲ့ကန်က ပြောလိုက်သည့်အတွက် ယန်းလီလင်းက မျက်မှောင်ကြုတ်လိုက်သည်။
“သူက ဧကရာဇ်တိုက်ကွက်ကို ခံရမယ်လို့ ထင်ထားပြီးသားလေ။ ကံကောင်းတာက တိုက်ကွက်က ဧကရာဇ်စွမ်းအား ပါနေပေမဲ့ အနှစ်သာရတော့ ပါမနေဘူး”
ဧကရာဇ်များ၏ လက်ချက်ဖြင့် သေဆုံးသွားသည့် သေမျိုးအများစုကို အချိန်စွမ်းအင် အသုံးပြုခြင်းအပါအဝင် အလွယ်တကူ အသက်ပြန်သွင်း၍ မရပေ။ သို့သော်လည်း ဒဿမသာလွန်အုတ်မြစ်၏ အားနည်းချက်တစ်ခု သို့မဟုတ် ဟာကွက်တစ်ခု က ဧကရာဇ်တစ်ယောက်၏ စွမ်းအားကိုသာ ထောက်ပံ့ပေးနိုင်ပြီး အဆင့်မြင့်သက်ရှိ၏ အင်မော်တယ်အနှစ်သာရများ မပါဝင်ပေ။
ယန်းလီလင်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အနီရောင်စက်လုံးကို ဗဟိုပြု၍ အစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူမက လက်ဝှေ့လိုက်ပြီး ကုသရေးနှင့် အသက်ဓာတ် အင်မော်တယ်ဆေးလုံးများကို အစီအရင်၏ ဆုံမှတ်အသီးသီးတွင် ထားရှိလိုက်၏။
ထိုနည်းလမ်းဖြင့် ဆေးလုံး၏ သက်ရောက်မှုက ပေါင်းစည်းသွားကာ သူတို့ကို ဆက်တိုက် သောက်သုံးသည်ထက် ပိုမိုအကျိုးသက်ရောက်မှု ရှိလာသည်။
ယန်းလီလင်းက ရလဒ်ကို စောင့်ဆိုင်းနေရင်း တစ်စုံတစ်ခုကို တွေးမိသွား၏။
သူမက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ကာ အာကာပြင်အလွှာများစွာကို ထိုးဖောက်သွားပြီး သစ်သားစွမ်းအင် ပြည့်နှက်နေသည့် ဒိုင်မေးရှင်းတစ်ခုကို မြင်လိုက်ရသည်။
ကောင်းပြီ…
သူမက လက်ကို ဝှေ့ပြီးသည့်နောက်တွင် နောက်ထပ် အစီအရင်နှစ်ခုကို ဖန်တီးလိုက်သည်။ ပထမတစ်ခုက သစ်သားဒိုင်မေးရှင်းနှင့် ဆက်သွယ်ပြီး သစ်သားစွမ်းရည်များကို စုပ်ယူဖို့ ဖြစ်၏။ ဒုတိယအစီအရင်က သစ်သားစွမ်းရည်ကို သက်ရောက်မှု ရှိသည့် အသက်ဓာတ်အဖြစ် ပြောင်းလဲဖို့ရာ ဖြစ်သည်။
ထိုအားစိုက်ထုတ်မှုများဖြင့် အနီရောင်စက်လုံးက ဖြည်းဖြည်းချင်း ပြောင်းလဲလာပြီး လူသားအသွင် ပုံစံထွက်ပေါ်လာသည်။ အချိန်ကြာလာသည့်အခါ ထိုလူသားအသွင်က လီကျွင်း၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွား၏။
“ငါ ထင်ထားတာထက် ပိုပြီး လွယ်ကူနေတာပဲ” ထိုသတ်ဖြတ်ရေးနတ်ဘုရား၏ ပထမဦးဆုံးစကား ဖြစ်ပေသည်။ သူက အဓိပ္ပာယ်မရှိ လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူ အသက်ပြန်ရှင်လာသည့်ဖြစ်စဉ်အတွင်း ပျက်စီးသွားသည့် အခြေအနေမှ တည်ရှိမှုအခြေအနေသို့ ပြောင်းလဲနေစဉ် ထိုတိုက်ကွက်ကြောင့် အပြည့်အဝ ပျက်သုဉ်းမသွားသေးသည့် သူ့အက်တမ်တချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့် သူက သူတို့အား အသုံးပြုကာ အသက်ပြန်ရှင်မှုကို အရှိန်မြှင့်တင်ခဲ့၏။
လီကျွင်းက လက်ကိုမြှောက်လိုက်ပြီး ပြေးဝင်လာသည့် အလှလေးကို ဖမ်းယူလိုက်သည်။
“ရှင့်ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်နေတာ” ယန်းလီလင်းက မငိုမိအောင် ထိန်းချုပ်ပြီး ပြောလိုက်သည်။
“အစီအစဉ်က ပြီးပြည့်စုံနေတာဆိုတော့ ဘာမှဖြစ်ပျက်လာမှာ မဟုတ်ပါဘူး” လီကျွင်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။
“တကယ်လို့ တစ်ခုခုဖြစ်သွားရင်လည်း မင်းက နောက်ထပ် တိထျန်းဖြစ်လာဖို့လည်း လိုတာပေါ့”
“ဒါက ဟာသ မဟုတ်ဘူး” ယန်းလီလင်းက ပြန်လည်ချေပလိုက်၏။
“ဟုတ်ပါတယ်။ ကိုယ် မှားသွားတာ။ မင်းက နောက်ထပ် ရှုရှစ်ဖြစ် … အား” လီကျွင်းက သူ့ခါးမှ နာကျင်မှုကို ခံစားလိုက်ရ၍ ဝိညာဉ်ထဲထိ အီစိမ့်သွားသလို ခံစားလိုက်ရသည်။ ဤသည်က သူ့ဇနီး၏ အားအကောင်းဆုံး တိုက်ကွက်ဖြစ်ပြီး သူ့မလက်သည်းဖြင့် သူ့အရေပြားကို လိမ်ဆွဲခြင်း ဖြစ်သည်။
“ကောင်းပြီ ကောင်းပြီ။ ကိုယ် တောင်းပန်တယ်။ နောက်ထပ် ထပ်ပြီး မစတော့ဘူး”
“အဲ့လိုမှပေါ့”
“နောက်တစ်ခုက ကိုယ်က ပိုပြီးတော့ ခန့်ညားလာသလိုပဲ” လီကျွင်းက သူ့နားထင်နားမှ အဖြူရောင်ဆံပင်များစွာကို ကြည့်ရင်း ပြောလိုက်သည်။ အနီရောင်နှင့် အဖြူရောင်ပေါင်းစပ်ထားမှုက သူ့ဆွဲဆောင်မှုကို မြှင့်တင်ပေးကာ သူ ပုံမှန်ထက်ရှကာ ဖြောင့်မတ်သည့် အငွေ့အသက်ကို ညင်သာသည့် အလွှာတစ်ခု ဖုံးလွှမ်းလိုက်သလိုမျိုး ဖြစ်သည်။
“ရှင် အဆင်ပြေရဲ့လား”
“ကိုယ့်ဆီမှာ သက်တမ်းနှစ်တစ်သောင်းလောက်ပဲ ကျန်တော့တယ်” လီကျွင်းက ပြောလိုက်သည်။
“သတင်းကောင်းက အဘိုးလောက်တော့ အခြေအနေ မဆိုးသေးဘူး”
ယန်းလီလင်းက သက်ပြင်းချလိုက်၏။ အကယ်၍ ဤသို့ဖြစ်နေပါက လီကျွင်း၏ အခြေအနေသည် အကြီးအကဲတန်က ကုသပေးနိုင်လောက်သည်။
“ဒါနဲ့ ရှင့်ရဲ့ ဆံပင်ကို အနီရောင် ပြန်ပြောင်းဖို့ လိုတယ်” ယန်းလီလင်းက ရုတ်တရက် ကြေညာလိုက်သည်။
“ဘာလို့လဲ။ ကိုယ်က အရမ်းကို ချောမောနေတာကိုး”
“ချောမောနေလွန်းလို့လေ။ ရှင့်ရဲ့ အရင်တုန်းက ပုံဖြစ်သွားတာမျိုးကို မလိုဘူး”
လီကျွင်းက ရှုံ့မဲ့သွားကာ လက်တွဲဖော်များကြားမှ ကမ္ဘာသွေဖယ်လောက်သည့် ယုံကြည်မှုက ဘာဖြစ်သွားလဲဟု စဉ်းစားနေသည်။
“အဟမ်း ဟမ်း”
လက်ထပ်ထားသည့် စုံတွဲက အသံလားရာကို လှည့်ကြည့်လိုက်သည်။
“ပျော်ရွှင်ဖွယ် ဆုံစည်းမှုလေးကို နှောင့်ယှက်ရတာ အားနာပါတယ်။ ဒါပေမဲ့ နောက်ထပ် ဘာလုပ်မှာလဲ။ ဒီတိုက်ပွဲကွင်းပြင်က ထွက်သွားမှာလား”
“မဟုတ်ဘူး။ ငါတို့တွေ ဆက်နေရမယ်” လီကျွင်းက တိုက်ပွဲဖြစ်ပွားရာ စကြဝဠာအလွှာကို လှမ်းကြည့်လိုက်သည်။
“အထူးသဖြင့် ဝမ်ကျူပဲ။ တကယ်လို့ ငါတို့သာ သူမကို အထွတ်အထိပ် အခြေအနေရောက်အောင် ပြန်ပြောင်းပေးဖို့ နည်းလမ်း ရှာနိုင်မယ်ဆိုရင် သူမက အသုံးဝင်လာပြီးတော့ အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ်” သူက ဆက်ပြောလိုက်သည်။
သူမက ဧကရာဇ်တိုက်ကွက်ကို အသုံးပြုပြီးသည့်နောက်တွင် နှစ်ဆယ်သန်းအတွင်း ထပ်မံအသုံးပြုနိုင်မည် မဟုတ်ပေ။ တခြားနည်းဖြင့်ပြောရလျှင် သူမက မျိုးဆက်တစ်ခုတွင် တိုက်ကွက်တစ်ကြိမ်သာ အသုံးပြုနိုင်၏။ သို့သော်လည်း နည်းလမ်းကို လျှော့ချဖို့ နည်းလမ်းများ ရှိနေလေသည်။ တန်ကြေးတစ်ခုကို ပေးဆပ်ပြီး ဤတိုက်ပွဲအတွင်း ထပ်မံ အသုံးပြုလို့ရအောင် လုပ်ဆောင်နိုင်လေ၏။
“ဒီလိုဆိုရင် သူမရဲ့ ဖိအားကို လျှော့ချအောင် သွားကူညီကြစို့။ ဒါနဲ့ အရိပ်ကို ဖမ်းဆီးချင်တာလား” ထျဲ့ကန်က သူ့ခေါင်းဆောင်သည် ပါရမီရှင်များအား ဒိုင်မေးရှင်းအမြင့်ဆီ ပို့ဆောင်ဖို့ ကြံစည်နေသည့်အတွက် အလေးထားကြောင်း သိထားလေသည်။
ထိုကောင်လေးက သစ္စာရှိလွန်းပြီး ရွေးချယ်ခံလူများလိုမျိုး လိုအပ်ချက်နှင့် မကိုက်ညီသော်လည်း နောက်ထပ်ပြဿနာတချို့ရှိနေဟန်ပေါ်သည်။
“မဟုတ်ဘူး။ ဝမ်ကျူက ငါတို့အကူအညီနဲ့ နောက်ထပ် အပြောင်းအလဲတစ်ခုဖြစ်လာနိုင်တယ်ဆိုတော့ သူကလည်း အဲ့လိုမျိုး ဖြစ်လာနိုင်တယ်။ သူ့ကို မြန်မြန်ဆန်ဆန် သတ်ပစ်ရမယ်” လီကျွင်းက အချိန်ဖြုန်းမနေဘဲ သွားရောက်ကူညီလိုက်သည်။
ထိုစဉ် ယန်းလီလင်းက သွားရောက်ကူညီလိုသည့် ထျဲ့ကန်ကို တားဆီးလိုက်သည်။
“ရှင့်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းဖို့ အစီအရင်ကို သုံးချင်လား”
ထျဲ့ကန်က ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် အစီအရင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“မလိုတော့ဘူး။ ငါ ခေါင်းဆောင် တာအိုကို သက်သေပြပြီးမှပဲ ပိုကောင်းတဲ့ ခန္ဓာကိုယ်ကို တောင်းဆိုလိုက်တော့မယ်”
“ကောင်းပြီလေ” ယန်းလီလင်းက ခေါင်းညိတ်လိုက်ပြီး အစီအရင်ကို ပိတ်ဖို့ပြင်လိုက်သည်။
“ခဏ” ထျဲ့ကန်က ရုတ်တရက် ထပြောလိုက်၏။
“စိတ်ပြောင်းသွားပြီလား”
“မဟုတ်ဘူး။ အကြံကောင်းတစ်ခု ရှိတယ်” ထျဲ့ကန်က ပြောလိုက်သည့်အခါ ယန်းလီလင်းက နားမလည်နိုင်သည့် အမူအရာမျိုး ဖြစ်လာလေ၏။
“ ဝိညာဉ်ကို သန့်စင်ပေးဖို့ ဒီဒိုင်မေးရှင်းတွေထဲက တစ်ခုရဲ့ စွမ်းအားကို ပြောင်းပေးလို့ရမလား”ထျဲ့ကန်က မေးလိုက်သည်။
“ဒါက ဝိညာဉ်ကို အထွတ်အထိပ်ရွှေကနေ အထွတ်အထိပ်ကျောက်စိမ်း အရည်အသွေး ပြောင်းလဲနိုင်တဲ့ အခွင့်အရေးလို့ ထင်တယ်”
“အင်း အဲဒါက အကြံကောင်းပဲ”
“မင်းရော အဲ့လိုထင်တယ်မလား။ မီးတောက်ဒိုင်မေးရှင်းကို နဂိုအခြေအနေ ပြန်ပြောင်းဖို့ စဉ်းစားနေတာ။ ဒါပေမဲ့ အဲဒီအခါကျမှ မီးတောက်စွမ်းအားနဲ့ ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်မှာလေ” ထျဲ့ကန်က ထပ်ပြောလိုက်သည်။
“အဲဒါက သက်ရောက်မှု နည်းလွန်းတယ်။ ယင်နဲ့ယန် ဒိုင်မေးရှင်းလည်း ရှိတယ်။ အဲဒီစွမ်းအားကို ရှင့်ရဲ့ ဝိညာဉ်လေ့ကျင့်ဖို့ ယူလို့ရတယ်” ယန်းလီလင်းက ပြောလိုက်၏။
“ဒီလိုပြင်းထန်တဲ့ စွမ်းအားနဲ့ဆိုရင် အဲဒီဒိုင်မေးရှင်းနှစ်ခုနဲ့ အများကြီးလုပ်နိုင်တယ်”
သူတို့က ယင်ယန်စွမ်းအားကို အသုံးပြုကာ ဝမ်ကျူ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး လီကျွင်းက သူ့သက်တမ်းတချို့ကို ပြန်ရယူနိုင်စဉ် ထျဲ့ကန်ကလည်း သူ့ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်ပြီး သူမကလည်း လိုအပ်သည့် ဆေးလုံးတချို့အတွက် သူတို့စွမ်းအားကို အသုံးပြုနိုင်လိမ့်မည်။
“အဲဒါဆို တခြားသူတွေကို အရင်ဆုံး ပြောပြရအောင်” ယန်းလီလင်းက ပြောပြီးသည့်နောက်တွင် ပြေးသွားလိုက်ကြသည်။
နတ်ဆိုးပျိုးထောင်ခံက သတ်ဖြတ်ရေး လှံနှင့် တပ်ဖွဲ့များဆီမှ အစီအရင်၏ ပူးပေါင်းမှုမှတဆင့် ဖန်တီးထားသည့် အသူရာနှင့် တိုက်ခိုက်နေရသည်။
သေချာလေ့လာကြည့်ပြီးသည့်နောက်တွင် သူက ကြာကြာမခံနိုင်တော့ကြောင်း သိသာနေလေ၏။ ထင်ထားသည့်အတိုင်း သိပ်မကြာခင် သူက တောင့်မခံနိုင်တော့ဘဲ တိုက်ကွက်အောက်တွင် သေဆုံးသွားလေသည်။
ဝမ်ကျူနှင့် လီကျွင်းတို့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။
“ဘာဖြစ်သွားတာလဲ” သူက သူတို့နှစ်ယောက် ချဉ်းကပ်လာသည်ကို မြင်ကာ မေးလိုက်သည်။
ယန်းလီလင်းက ထျဲ့ကန်၏ အစီအစဉ်အကြောင်းကို ရှင်းပြလိုက်သည်။
“အဲဒါက အကြံကောင်းပဲ။ ဒါပေမဲ့ စွန့်စားမှုက များလွန်းတယ်”
“စွန့်စားမှုလား” ထျဲ့ကန်က မေးလိုက်၏။
“ကောင်းကင်တာအိုက ဒီလိုတိုက်ပွဲကွင်းပြင်မျိုးကို ဘာကြောင့်များ စီစဉ်ထားတယ်ထင်လဲ”
“အဲဒီတိုက်တန် နှစ်ယောက်ကြောင့် မဟုတ်ဘူးလား” ထျဲ့ကန်က ချက်ချင်းဖြေလိုက်သည်။
“အတိအကျပဲ။ စကြဝဠာကြယ်တာရာအလွှာက သူတို့နှစ်ယောက်ကို တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ အဲ့လိုအချိန်အခါအတွက် တခြားဒိုင်မေးရှင်းတွေကို ဖန်တီးထားတာပဲ”
ထျဲ့ကန်က သက်ပြင်းချလိုက်ပြီး စကြဝဠာကြယ်တာရာအလွှာသည် မည်သို့ထောက်ပံ့ပေးထားကြောင်း အမှတ်ရသွားလေသည်။ ထိုသို့ဆိုလျှင်ပင် ထိုတိုက်တန်နှစ်ယောက်အတွက် မလုံလောက်ခဲ့ပေ။
“အဲဒါဆို ငါ့အစီအစဉ်က မလုံလောက်ဘူးလား”
“အဲ့လိုတော့ မဟုတ်ဘူး။ အပိုဒိုင်မေးရှင်းတွေရဲ့ ပုံစံက တစ်ခုနဲ့တစ်ခုနဲ့ ထပ်နေတာ။ အဲဒါဆိုတော့ စကြဝဠာကြယ်တာရာ တိုက်ပွဲကွင်းပြင်သာ ပျက်စီးသွားမယ်ဆိုရင် အစီအစဉ်တကျနဲ့ ကျရောက်လာမှာပဲ”
“မီးတောက်ဒိုင်မေးရှင်းက ပထမအလွှာလား” လီကျွင်းက မေးလိုက်သည်။
“ဟုတ်တယ်။ ယင်ဒိုင်မေးရှင်းက နောက်ဆုံးပဲ။ အဲဒါဆိုတော့ သူတို့လမ်းမှာ အတားအဆီးမဖြစ်အောင် သေချာလုပ်လို့ရတယ်။ အဲဒီမှာ စောင့်ဆိုင်းလို့ ရတယ်။ ထျဲ့ကန်ရဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ကြတာပေါ့”
“ဒီလိုဆိုရင် မြန်မြန် သွက်သွက်လက်လက် လှုပ်ရှားကြတာပေါ့”
………………………………………………………
စကြဝဠာကြယ်တာရာအလွှာ၊ အနောက်ဘက်ပိုင်း
ခေတ်ကာလများစွာ စောင့်ဆိုင်းနေရသည့် တိုက်ပွဲတစ်ခုက စတင်နေလေပြီ။