ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၁)
Vol. 61 Ch. 854
ထိုကောင်စုတ်က သူ့စကားလုံးများဖြင့် သူ့ကို ပြန်လည်ရင်ဆိုင်နေကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် တိထျန်း၏ နှလုံးသားထဲမှ မြင့်တက်လာသည့် မထိန်းချုပ်နိုင်ဖွယ် ဒေါသတရားကို ခံစားမိလိုက်သည်။ သူက ထိုသူသည် တမင်ရန်စနေကြောင်း သိသော်လည်း မတတ်နိုင်ပေ။
ယခင်အခါက ထိုကောင်စုတ်လေးသည် သူ့ရှေ့တွင် အသက်ရှင်ရဖို့ ရုန်းကန်နေရသည့် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။ သို့သော် ယခုတွင် သူက သူ့ကို အထင်သေးမှုဖြင့် ကြည့်ကာ ပြောဆိုနေသည်။
တိထျန်းက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူက အာရုံလွဲမှားဖွယ် အတွေးများကို ဖယ်ရှားလိုက်ပြီး တိုက်ပွဲကိုသာ အာရုံစိုက်ထားလိုက်၏။ သူ ပထမဦးဆုံးလုပ်သည့် အရာက ရင်ဘတ်ပေါ်မှ ဒဏ်ရာကို အတင်းအကြပ် ပိတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုအရာက သူ ကောင်းမွန်သွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။
တာအိုဆန္ဒအထုံး နည်းစနစ်
တိထျန်းက တစ်ဖက်လူ၏ တုယီနယ်ပယ်သည် သူ့ခန္ဓာကိုယ်အတွင်း ရှိနေသည်ကို ခံစားမိ၍ တွေးလိုက်သည်။ တာအိုဆန္ဒ သို့မဟုတ် တုယီနယ်ပယ်နှင့် ပတ်သက်ပြီး အသုံးပြုပုံများစွာ ရှိလေသည်။
ထိုအသုံးပြုပုံထဲမှ ကဏ္ဍတစ်ခုက သူတို့ခန္ဓာကိုယ်ထဲမှ ထိုတာအိုဆန္ဒကို ဖယ်မရှားနိုင်စေရန် တားဆီးခြင်း ဖြစ်၏။ ထိုအရာက ကြိုးထုံးကျင့်စဉ် အစပြုလာသည့်နေရာလည်း ဖြစ်ပေသည်။
တာအိုဆန္ဒကို ကြိုးထုံးနှင့် တူညီသည့် ပုံသဏ္ဌာန်အသွင်ပြောင်းလဲပြီးသည့်နောက်တွင် ထိုအရာကို ဖယ်ဖို့ရာ အဆရာချီ ပိုမိုခက်ခဲလာစေ၏။
တာအိုဆန္ဒက ထိန်းချုပ်ဖို့တောင် ခက်နေပြီ။ ကြမ်းတမ်းတဲ့ တုယီနယ်ပယ်ဆိုတာကို ပြောဖို့မလိုတော့ဘူး။ ငါတို့ရဲ့ လက်ရှိအတုအယောင် တာအိုဆန္ဒက ဒီလိုနည်းစနစ်မျိုးကို သုံးဖို့ ခက်ခဲသင့်တယ်ဆိုပေမဲ့ သူကတော့ ပြစ်ချက်ကင်းတယ်…
အဲဒါအပြင် ဒီဘက်ခေတ်ကာလမှာ တုယီနယ်ပယ်နဲ့ ပတ်သက်တဲ့ အသိပညာတွေက ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ သူက ဒါတွေကို ဘယ်လို ပြန်လည်ဖန်တီးခဲ့တာပဲ။ သူ့ပါရမီက ငါနဲ့ အဲ့လောက်တောင် ကွဲပြားနေတာလား…
ပထမဦးဆုံးအကြိမ်အနေဖြင့် တိထျန်းက မကျေချမ်းမှုကို ခံစားမိလိုက်သည်။ သူ့ပါရမီရှင်များစွာ ပြည့်နှက်နေသည့် သူ့ခေတ်ကာလတွင်ပင် အကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်ခဲ့၏။ သို့သော်လည်း ဧကရီဝူနှင့် ဝမ်ဝေ့တို့လို မကောင်းဆိုးဝါးမျိုးနဲ့ ယှဉ်လိုက်လျှင် သူက စိတ်ပျက်မှုကိုသာ ခံစားမိလေသည်။
မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ။
သူက တွေးမိပြီးသည့်နောက်တွင် သူ့စိတ်က ပိုမိုကြည်လင်လာ၏။
ဒီကောင်စုတ်က ငါ့စိတ်ကို တိတ်တဆိတ် လွှမ်းမိုးနိုင်အောင် ဝိညာဉ်အရိပ်အမြွက် သုံးထားတာပဲ…
သူက ယခင်နည်းဗျူဟာနှင့် ဒဏ်ရာသည် သူ့ကို အားနည်းစေရုံသက်သက် မဟုတ်ကြောင်း နားလည်လေ၏။ တစ်ဖက်လူက ကျွမ်းကျင်ဗျူဟာရှင်ဖြစ်သည့်အတွက် သူ့အပြုအမူတိုင်းက သက်ရောက်မှုအများအပြား ရှိလေသည်။
တိထျန်း၏ စိတ်ထဲ နာနိုစက္ကန့်ပိုင်းလေးအတွင်း ထိုအတွေးများစွာ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက သူ့ဆီ ပြေးဝင်လာနေသည့် ဝမ်ဝေ့၏ ခပ်လှောင်လှောင် အမူအရာကို မြင်လိုက်ရ၏။
ဝုန်း
ဝမ်ဝေ့၏ လက်သီးချက်က အတုအယောင်တာအိုဆန္ဒ၏ စွမ်းအားဖြင့် မြှင့်တင်ထားလေသည်။ ထိုလက်သီးချက်က တိထျန်း၏ လက်ကြက်ခြေခတ်ခုခံထားမှုအပေါ် ကျရောက်လာလေ၏။ တိထျန်းကလည်း ထိုအရာကိုလည်း သူ့အတုအယောင် တာအိုဆန္ဒဖြင့် လွှမ်းခြုံထားခဲ့သည်။ ရလဒ်က တိထျန်းသည် မီတာဒါဇင်ချီ လွင့်စင်သွားပြီး သူ့အရိုးများက နာကျင်နေသည်။
သူ့ခန္ဓာကိုယ်က ငါ့ထက်ပိုပြီး အားကောင်းနေတာလား။ အနည်းဆုံးတော့ မိစ္ဆာနတ်ဘုရား ၆ပါးကနေ ၇ပါးလောက် ရှိမယ်…
တာအိုဆန္ဒရဲ့ ထိန်းချုပ်မှုကို ထည့်ပေါင်းလိုက်တော့ ငါ့အရိုးက ထိပ်တိုက်တွေ့ဆုံမှုမှာ ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး…
တိထျန်း၏ စိတ်က ထပ်မံ ဗြောင်းဆန်သွားလေသည်။
သူ့အနေဖြင့် ဤအဆင့်သို့ ရောက်လာဖို့ မည်မျှအချိန်ယူခဲ့ရသနည်း။
ဘဝဆယ်ခု၏ အတွေ့အကြုံများနှင့် ၉ဘဝ ကျင့်ကြံခဲ့ရသည်။ သူက နှစ်များစွာ လေ့ကျင့်ကာ သင်ယူပြီး ရုန်းကန်ပြီးသည့်နောက်မှ ယနေ့လို အောင်မြင်မှုမျိုး ရရှိလာခြင်း ဖြစ်၏။ သို့သော် မျိုးဆက်တစ်ခုတည်းဖြင့် တစ်စုံတစ်ယောက်က သူ့ကို အမှီလိုက်လာကာ ကျော်တက်သွားခဲ့သည်။
“ကံကြမ္မာက တကယ်ကို မမျှတဘူးမလား” ဝမ်ဝေ့က သူ့စိတ်ကို ဖတ်နိုင်သည့်အလား ရုတ်ချည်းပြောနိုင်သည်။
ဘန်း
အာကာပြင်က တုန်ခါသွားကာ ဝမ်ဝေ့၏ ကန်ချက်က ကမ္ဘာဦးဟွင်သွမ်းကိုပင် နှစ်ပိုင်း ပိုင်းနိုင်သည့် ပုဆိန်အလား ကျရောက်လာသည်။ ထို့နောက် သူ့တိုက်ကွက်နောက်တွင် အရိုးအက်သံများ ထွက်ပေါ်လာ၏။
ငါ့အရိုးအက်သွားပြီ…
တိထျန်းက သူ့အတွေးများကို စုစည်းလိုက်၏။
သူ့ခန္ဓာကိုယ်နဲ့ တာအိုဆန္ဒက ငါ့ထက် မြင့်မားနေရုံတင် မကဘူး။ သူ့ရဲ့ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းကလည်း ပိုမိုမြင့်မားနေတာပဲ…
သူ့လက်ရှိအောင်မြင်မှုက သူ့ခန္ဓာကိုယ်ထဲရှိ အက်တမ်တိုင်း၊ အမှုန်တိုင်းကို ထိန်းချုပ်ထားနိုင်လေသည်။ သို့သော်လည်း ထိုတိုက်ကွက်နှစ်ခုမှ သူသည် ဝမ်ဝေ့က သူ့အဆီအနှစ်ကို ထိန်းချုပ်ထားနိုင်သည့် တခြားနယ်ပယ်အဆင့်တစ်ခုသို့ ရောက်ရှိနေလေသည်။ ပြောရလျှင် ခန္ဓာကိုယ်၏ အရင်းအမြစ် ဖြစ်၏။ ဝိညာဉ်အတွက် စိတ်ဝိညာဉ်၊ မိုးမြေကြားရှိ စွမ်းအားအားလုံးအတွက် ချီကဲ့သို့ ဖြစ်သည်။
တိထျန်းက တစ်ဖက်လူ၏ စွမ်းရည်များကို သုံးသပ်ပြီး တန်ပြန်နည်းလမ်းကို စဉ်းစားလိုက်သည်။ ဤအချိန်တိုလေးအတွင်း သူ့အရိုးက ပြီးပြည့်စုံသည့် အခြေအနေသို့ ပြန်လည်ကောင်းမွန်လာ၏။
သူ ဒဏ်ရာရရှိပြီးသည့်နောက်တွင် တစ်ဖက်လူကို မည်သို့ ရင်ဆိုင်နိုင်ကြောင်း၊ ထိုသူ၏ အတုအယောင်တာအိုဆန္ဒကို သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်းမှ တားဆီးဖို့ရာကို တွေးလိုက်မိသည်။
“ပြောရမယ်ဆိုရင် မင်းက ငါ ထင်ထားတာထက် ပိုပြီး အားနည်းနေတာပဲ” ဝမ်ဝေ့က ခေါင်းအသာယမ်းကာ ပြောလိုက်သည်။
“ငါတော့ အတော်လေး စိတ်ပျက်မိတယ်”
“မင်းက အောင်မြင်မှုအသေးလေးနဲ့ အဲ့လောက်ကြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေပြီလား”
“မင်းရော အဲ့လို မထင်ဘူးလား။ လူသားတိုင်းက အောင်မြင်မှုကို တပ်မက်ကြတာချည်းပဲ။ ဒီလိုဆိုရင် ငါ့အမှားတွေကို မင်း ပြလိုက်လေ”
စိတ်ငြိမ်ငြိမ်ထား၊ စိတ်ငြိမ်ငြိမ်ထား…
သူက ငါ့ကို ရန်စနေတာ…
တိထျန်းက သူ့စိတ်ထဲ အကြိမ်ကြိမ်အခါခါ ရေရွတ်နေပြီး အကျိုးအကြောင်းသင့် စိတ်ကို ထိန်းထားရသည်။ သူ့ခန္ဓာကိုယ်မှ သံသရာစွမ်းအား ထွက်ပေါ်လာကာ သူ့အနောက်ဘက်တွင် ဂိတ်ပေါက်တစ်ခု ထွက်ပေါ်လာသည်။
ဝမ်ဝေ့က ထိုဂိတ်ပေါက်ကို ယခင်တိုက်ပွဲအတွင်း သတိထားမိလိုက်သည်။ တိရစ္ဆာန်ခန်းမ ဖြစ်၏။
ထိုဂိတ်ပေါက်တံခါး ဖွင့်လာသည့်အခါ ကြောက်မက်ဖွယ် သက်ရှိတစ်ကောင် ထွက်ပေါ်လာ၏။ ထိုအရာက ကြေးခွံများ ဖုံးလွှမ်းနေသည့် ဧရာမဆင် တစ်ကောင်ဖြစ်ကာ နဂါးဦးချိုနှစ်ခုနှင့် သူ့နှာမောင်းကလည်း နဂါးခန္ဓာကိုယ်လိုမျိုး ဖြစ်နေသည်။
ဟွင်သွမ်းသက်ရှိ နဂါးဆင်
ဝမ်ဝေ့က တွေးလိုက်မိသည်။ ဒဏ္ဍာရီလာတစ်ခုမှလွဲပြီး ခွန်အားရှိသည့် ဤသက်ရှိနှင့် များစွာ မသိရပေ။ ကောလဟာလများအရ ထိုသက်ရှိသည် ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ဖြင့် သံသရာတစ်ခုလုံးကို ဖိနှိပ်ခဲ့သည်ဟု ဆိုကြသည်။
နဂါးဆင်က တိထျန်းနှင့် ပေါင်းစပ်သွားကာ သူ့ရင်ဘတ်တွင် တက်တူးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်လာ၏။ သူက ဝမ်ဝေ့ကို သွေးဆာမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
အဆုံးသတ်တော့ မင်းက ဒီအကွက်ထဲ ကျရှုံးသွားတုန်းပဲ…
ဝမ်ဝေ့က အင်မတန် တည်ငြိမ်ကာ တွေးလိုက်မိသည်။ တိထျန်း၏ ခန္ဓာနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတို့က သူနှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် အကောင်းဆုံးအပြုအမူက သူ အရေးသာနိုင်သည့် တခြားကဏ္ဌတစ်ခုကို ပြောင်းလိုက်ဖို့ ဖြစ်၏။ သို့သော် ထိုအစား သူက ဝမ်ဝေ့နှင့် ယှဉ်နိုင်ဖို့ သူ့အနေအထားကို တိုးမြှင့်ဖို့ နည်းစနစ်တစ်ခုကို အသုံးပြုလာခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သူက တိုက်ပွဲစည်းချက်ကို ဆုံးရှုံးသွားပြီးသား ဖြစ်၏။
တိထျန်းဆီမှ ထုတ်လွှတ်သည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြောင့် အာကာပြင်က ကြေမွသွားလေသည်။ သူ့လက်သီးချက်ထဲတွင် မြေဆွဲအားထက် ကျော်လွန်နေပြီး ကာလံဒေသံကိုပင် အတင်းအကြပ် ကွေးညွှတ်သွားစေသည့် ဖိနှိပ်စွမ်းအား ပါဝင်နေသည်။
ဘန်း
ဝမ်ဝေ့က ဘယ်ဖက်လက်ကို မြှောက်ကာ တိုက်ကွက်ကို တားဆီးလိုက်သည်။ သို့သော်လည်း ထိုအရာနှင့် ထိတွေ့မိသည်နှင့် နောက်ကွယ်ရှိ ခွန်အားသည် သူ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်း အာရုံခံမိလိုက်သည်။
သူက တည်တည်ငြိမ်ငြိမ်ဖြင့် ဝက်ရာသီခွင် ကျင့်စဉ်ကို အသုံးပြုလိုက်သည်။
သူက သူ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေသည့် စွမ်းအားများကို စုပ်ယူပြီး သူ့ဆုံမှတ်ထဲတွင် သိမ်းဆည်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ၏ ညာဖက်လက်ဖြင့် တိထျန်း၏ ဦးခေါင်းဆီ ပစ်ခွင်းရင်း ပြန်လည်ထုတ်ဖော်လိုက်သည်။
တိထျန်းက ဂလက်ဆီ ထရီလီယံပေါင်းများစွာကိုပင် ဖျက်ဆီးပစ်နိုင်သည့် လက်သီးချက်ကို အလျင်အမြန် ရှောင်ရှားလိုက်သည်။ ဆက်တိုက်ဆိုသလို သူကလည်း တစ်ဖက်လူကို အကွာအဝေးအနည်းငယ် တွန်းနိုင်သည့် စွမ်းအားတစ်ခု ထုတ်လွှတ်လာသည်။
နောက်ဆုံးတွင် သူက ဝမ်ဝေ့၏ အပေါ်တွင် ပေါ်ထွက်လာပြီး အရာအားလုံးကို ပိုင်းခုတ်ပစ်နိုင်သည့် ပုဆိန်အလား ဖြတ်ကန်ပစ်လိုက်သည်။
ဝမ်ဝေ့က ထိုအရာကို မြင်သည့်အခါ တိတ်တဆိတ် ခေါင်းခါလိုက်၏။
နွားရာသီခွင်
သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားများက သိသိသာသာ တိုးပွားလာပြီး တိထျန်း၏ ခြေထောက်နှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။
ဝုန်း
ဖရိုဖရဲကာလံနှင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက သူတို့ထိတွေ့သွားရာနေရာ၌ ဖြစ်ပေါ်လာသည်။ နောက်ဆုံးသော ရလဒ်အနေဖြင့် ဝမ်ဝေ့က အနောက်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
“အခု ငါတို့ ပြောနေတာပဲ။ ဒါပေမဲ့ မင်းကို သတိပေးရဦးမယ်။ တကယ်လို့ မင်းဆီမှာ ဒါပဲ ရှိတယ်ဆိုရင်တော့ ပြိုင်ဘက်အဖြစ် မှတ်ယူဖို့ မလုံလောက်သေးဘူး” ဝမ်ဝေ့က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။
“မင်းရဲ့ မောက်မာမှုက ကန့်သတ်ချက် မရှိဘူးပဲ”
“ဒါက ယုံကြည်ချက်လို့ ခေါ်တယ်” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ပြေးဝင်သွားလိုက်သည်။
သူက ယုန်ရာသီခွင်ကို အသုံးပြုကာ မြန်ဆန်သည့် အရှိန်ဖြင့် သူ့ မောက်မာမှုနှင့် စိတ်ကြီးဝင်မှုတို့ကို ပြန်လည်ပေးဆပ်လိုက်သည်။
သူ ရောက်ရှိလာပြီးသည့်နောက်တွင် လက်သီးချက်မြောက်များစွာကို ထုတ်လွှင့်လာ၏။ သူ့အရှိန်က မြန်ဆန်လွန်းလှသည့်အတွက် မျက်စိဖြင့် မမြင်နိုင်လောက်နီးပါး ဖြစ်သည်။ တိထျန်းကလည်း သူ့လက်သီးချက်များကို ပြန်လည် ထိုးခွင်းလိုက်သည်။
ပထမလက်သီးချက်အချို့တွင် ဝမ်ဝေ့က ပုံမှန်တိုက်ကွက်ကိုသာ အသုံးပြုထား၏။ ထို့နောက် သူက သူ့ခန္ဓာကိုယ်ထဲမှ ခွန်အား အားလုံးကို တစ်နေရာထဲတွင် စုစည်းပြီး ဖောက်ခွဲပစ်လိုက်သည်။
ထိုနည်းစနစ်က သူ့တိုက်ခိုက်ရေး အလားအလာကို မြှင့်တင်ပေးနိုင်၏။ သို့သော်လည်း တိထျန်းက နောက်ကောက်ကျ မကျန်ဘဲ တူညီသည့် နည်းစနစ်ကို အသုံးပြုလာသည်။
ကြာမြင့်စွာ အသက်ရှင်လာပြီးသည့်နောက်တွင် သူ့အင်အားကို မည်သို့ကောင်းကောင်းအသုံးပြုရမည်မှန်း သိထားလေသည်။
ရလဒ်က သရေ ဖြစ်နေလေ၏။
နဂါးဆင်ဖြင့် တိထျန်း၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက ဝမ်ဝေ့၏ အထက်တွင် ရှိသည်။
သို့သော်လည်း သူက သူ့အတုအယောင် တာအိုဆန္ဒနှင့် ခန္ဓာကိုယ်လှုံ့ဆော်နှုန်းကို အသုံးပြုကာ ဟာကွက်ကို ဖြည့်စည်းခဲ့သည်။
ထိုတိုက်ခိုက်ရေးအလယ်တွင် ဝမ်ဝေ့က သူ့ကြွက်ရာသီခွင်ကို အသုံးပြုကာ တိထျန်း၏ ညာဖက်တွင် ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်သည်။
ထိုသူက အလျင်အမြန် လှုပ်ရှားကာ ကိုယ်ပွားကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်လာသည်။
ဟာကွက်ပဲ…
ဝမ်ဝေ့က တွေးလိုက်မိပြီး တိထျန်း၏ အနည်းငယ် အာရုံလွတ်သွားမှုကို အခွင့်ကောင်းယူကာ ယခင်ဒဏ်ရာရရှိသွားသည့် နေရာကို တိုက်ရိုက်ထိုးချလိုက်သည်။