ဧကရာဇ်တို့ရဲ့ တိုက်ပွဲ
Vol. 48 Ch. 644
လေရိုင်းမြို့စားဟာ မြို့မှာရှိတဲ့ ထောက်လှမ်းရေး ဝင်္ကပါ အစီအရင်တွေကို အသုံးပြုခဲ့ပြီးတာတောင်မှ လူသတ်သမားနဲ့ ပက်သက်တဲ့ အချက်အလက် တစ်ခုကိုမှ မရရှိခဲ့ပါဘူး ။ သည်ရက်ပိုင်းမှာက မြို့ထဲကို ဝင်ထွက်၊သွားလာခဲ့ကြတဲ့ လူစိမ်းတွေဟာ များလွန်းလှပါတယ် ။ အဲသည်ထက် ပိုဆိုးတာကတော့ သူတို့က လူသတ်သမားဟာ ဘယ်လိုပုံစံမျိုး ရှိတယ်ဆိုတာကို မသိတာပါပဲ ။
သည်လိုနဲ့ပဲ တစ်နေ့မှာတော့ ထူးဆန်းလှတဲ့ ချီအရှိန်အဝါ တစ်ခုဟာ လေရိုင်းမြို့စား ဂေဟာကနေ စတင်ပြီး တစ်မြို့လုံးကို ပျံနှံ့ လာခဲ့ပါတယ် ။
ဘာကြောင့်မှန်းတော့ မသိပါဘူး ။ သည်ချီအရှိန်အဝါနဲ့ ထိတွေ့မိတဲ့ လူတိုင်းဟာ အလိုလိုနေရင်း ဝမ်းနည်းကာ မျက်ရည်တွေ ကျကုန်ပါတယ် ။
တချို့တွေကတော့ ဝမ်းနည်းပူဆွေးပြီး မျက်ရည် ကျရလွန်းလို့ မူးမေ့လဲကျတဲ့ အထိပါပဲ ။
ဒါတင် မကသေးပါဘူး ။ တချို့တွေဆိုရင် အိမ်ထုပ်တန်းပေါ်မှာ ကြိုးတစ်ချောင်းတင်ကာ ကြိုးဆွဲချ သတ်သေ သွားကြပြီး တချို့တွေကတော့ ရေတွင်းထဲကို အသားလွတ် ပြေးဝင် ခုန်ချကာ သတ်သေကုန်ကြပါသေးတယ် ။
မြို့စားဂေဟာထဲမှာ ဆိုရင်လည်း ကိုယ့်ကိုယ်ကို သတ်သေကြသူတွေက မနည်းမနောပါပဲ ။
လေရိုင်းမြို့စားကတော့ သည်ချီအရှိန်အဝါကို ခံစားလိုက်မိတာနဲ့ တစ်ပြိုင်နက် ဝမ်းနည်းပူဆွေးခြင်း မဖြစ်မိဘဲ အသွေးထဲ၊အသားထဲကနေ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ သူက သည်ချီအရှိန်အဝါရဲ့ လက်သည်ကို ကောင်းကောင်းကြီး ရိပ်မိနေလို့ပါပဲ ။
ကမ္ဘာပေါ်မှာက သည်လို လူပေါင်းများစွာကို ဝမ်းနည်းပူဆွေးအောင် လှုံ့ဆော်နိုင်သူဟာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကလွဲပြီး တခြားသူ မရှိပါဘူး ။
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်……
သည်လူရဲ့ နဂိုမူလ ဘွဲ့နာမည်က ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် မဟုတ်ပါဘူး ။ဒါပေမဲ့လည်း တစ်နေ့မှာတော့ သူဟာ လျှို့ဝှက်နယ်မြေ တစ်ခုထဲက နေပြီး ရှေးဟောင်း ကျင့်ကြံသူ တစ်ဦး ချန်ထားခဲ့တဲ့ ကျင့်စဉ်နှစ်ခုကို ရသွားခဲ့ပါတယ် ။
အဲသည်ကျင့်စဉ် နှစ်ခုကတော့ ရမ္မက်ခြောက်ပါး နတ်ဘီလူး ကျင့်စဉ် နဲ့ ခံစားချက် ခုနစ်ပါး နတ်ဘုရား ကျင့်စဉ်ပါပဲ ။ ကျင့်စဉ် နှစ်ခုထဲမှာမှ ပထမ ကျင့်စဉ်ကိုတော့ အလိုရမ္မက်တွေနဲ့ ကျင့်ကြံရပြီး ဒုတိယ ကျင့်စဉ်ကိုတော့ ခံစားချက်တွေနဲ့ ကျင့်ကြံရပါတယ် ။
ပြောကျတာကတော့ ရမ္မက်ခြောက်ပါး ကျင့်စဉ်ကို အဆုံးတိုင်အထိ ကျင့်ကြံနိုင်မယ်ဆိုရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး ခံစားချက် ခုနစ်ပါး ကျင့်စဉ်ကို အဆုံးတိုင်အထိ ကျင့်ကြံနိုင်မယ် ဆိုရင်တော့ သူတော်စင် နယ်ပယ်အထိ တက်လှမ်းနိုင်ပါတယ်တဲ့ ။ဒါပေမဲ့လည်း ဒါက ကောလာဟလ သက်သက်သာ ဖြစ်တဲ့အတွက် ဘယ်သူကမှ အာမ မခံဝံ့ပါဘူး ။
" အရှင် သိုင်းဧကရာဇ်ကို ကြိုဆိုပါတယ် "
ရုတ်တရက် ဆိုသလိုပဲ လေရိုင်းမြို့စားဟာ ဒူးထောက်ချလိုက်ပါတယ် ။
" အရှင် သိုင်းဧကရာဇ်ကို ကြိုဆိုပါတယ် "
လေရိုင်းမြို့စား ဒူးထောက်လိုက်တာနဲ့ တစ်ပြိုင်နက် မြို့စားဂေဟာထဲမှာ ရှိသမျှ လူတွေကလည်း ဒူးထောက်ပြီးသားပါပဲ ။
" ငါ့တပည့်…… ငါ့တပည့်က ဘယ်လို ဖြစ်ရတာလဲ "
အဲသည်နောက်မှာတော့ လေဟာနယ် ဟင်းလင်းပြင်ဟာ ကွဲထွက်သွားပြီး လူတစ်ယောက်ဟာ ဟိတ်ဟန်အပြည့်နဲ့ ခန့်ညားစွာ ထွက်ပေါ်လာခဲ့ပါပြီ ။ ဒါပေမဲ့လည်း သူ့ရဲ့ မျက်နှာကတော့ သိပ်ပြီး မကောင်းလှပါဘူး ။
သူထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မြို့စားဂေဟာထဲမှာ ရှိနေတဲ့ ဝမ်းနည်းပူဆွေးမှု ချီအရှိန်အဝါတွေဟာ တစ်စုတစ်ဝေးတည်း စုစည်းသွားကြပြီး ရမ္မက်ခြောက်ပါး သခင်လေးရဲ့ ပုံရိပ်အဖြစ် ပြောင်းသွားခဲ့ပါတယ် ။ ရမ္မက်ခြောက်ပါး သခင်လေးရဲ့ မျက်နှာပေါ်မှာတော့ ထိတ်လန့်ကြောက်ရွံ့မှုတွေက အပြည့်ပါပဲ ။
" သေသွားပြီးတာတောင်မှ သူ့ရဲ့ အကြောက်တရားတွေက မပျောက်သွားသေးဘူး ။ ဘယ်သူက ငါ့တပည့်ကို သည်လောက်အထိ ကြောက်အောင် လုပ်နိုင်တာလဲ "
ခန့်ညားထည်ဝါလှတဲ့ လူကြီးက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။
" ပေါ်လာစမ်း "
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အမိန့်ပးလိုက်တဲ့ နောက်မှာတော့ ရမ္မက်ခြောက်ပါး သခင်လေးရဲ့ ပုံရိပ် နံဘေးမှာ ကုချူ းယီနဲ့ နောက်ထပ် လူတစ်ယောက်ဟာ ထပ်ပေါ်လာပြန်ပါတယ် ။
လောကပေါ်မှာ ရှိသမျှ သက်ရှိတိုင်းဟာ ခံစားချက် ရှိကြတာချည်းပါပဲ ။ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကတော့ အဲသည် ခံစားချက်တွေကို စုစည်းပြီး အခင်းဖြစ်ပွားရာ နဂိုမူလ အခြေအနေကို ပြန်လည် ပုံဖော်နိုင်ပါတယ် ။
ရမ္မက်ခြောက်ပါး သခင်လေးနဲ့ ကုချူ းယီတို့ရဲ့ ပုံရိပ်ဟာ အခင်းဖြစ်ပွားရာမှာ ပြတ်ပြတ်သားသားကြီး ပေါ်လာပေမယ့် နောက်ဆုံးပုံရိပ်ကတော့ မှုန်ဝါးဝါး ရှိနေဆဲပါပဲ ။
" ပေါ်လာစမ်း "
ခံစားချက် ခုနစ်ပါးက နောက်ဆုံးပုံရိပ်ကို ပေါ်လာဖို့အတွက် နောက်ထပ် တစ်ကြိမ် ဖိအား ပေးလိုက်ပြန်ပါတယ် ။
ဖောင်း……
ဒါပေမဲ့လည်း အဲသည်ပုံရိပ်ဟာ ကြည်လင် ပြတ်သားလာရမယ့်အစား ပေါက်ကွဲပြီး ပျောက်ကွယ်သွားခဲ့ပါပြီ ။ ကြည့်ရတာတော့ အမျိုးအမည် မသိရတဲ့ တစ်စုံတစ်ခုက ပုံရိပ်ကို အကာအကွယ် ပေးထားတဲ့ ပုံပါပဲ ။
" ကောင်းလိုက်တဲ့ ချီအရှိန်အဝါ ဖုံးကွယ်ခြင်း နည်းစနစ် ။ ကောင်းလိုက်တဲ့ ခံစားချက် ချုပ်ထိန်းနိုင်စွမ်း ။ သည်လူက ဘယ်သူလဲ "
ခန့်ညားထည်ဝါလွန်းလှတဲ့ လူကြီးရဲ့ ချီအရှိန်အဝါဟာ ဝမ်းနည်းပူဆွေးမှု တစ်ခုတည်းကိုပဲ ကိုယ်စား ပြုမနေတော့ပါဘူး ။ အဲသည်အစား ဝမ်းသာပျော်ရွှင်မှု ၊ဒေါသတရား၊စိုးရိမ်ကြောင့်ကြမှု၊ သိချင်စိတ် ပြင်းပြမှု ၊ဝမ်းနည်းပူဆွေးမှု ၊ အကြောက်တရား နဲ့ အံ့သြမှုတို့ကို ကိုယ်စား ပြုလာခဲ့ပါတယ် ။
လောကပေါ်မှာက များပြားလွန်းလှတဲ့ ခံစားချက်တွေ ရှိပေမယ့် သူတို့ရဲ့ နဂိုမူလ ရင်းမြစ်ကတော့ သည်ခံစားချက် ခုနစ်ပါးပါပဲ ။
ခံစားချက် ခုနစ်ပါး ဖြစ်တည်လာတဲ့ အခါမှာတော့ ခန့်ညားထည်ဝါတဲ့ လူကြီးရဲ့ ဘေးနားမှာ ရစ်သိုင်းနေတဲ့ ချီအရှိန်အဝါတွေဟာ ရောယှက်သွားပြီး အစောပိုင်းက ပျောက်ကွယ်သွားတဲ့ ပုံရိပ်ကို ပြန်လည်ပုံဖော်ဖို့ ကြိုးစားပါတော့တယ် ။
ဘန်း……
ဒါပေမဲ့လည်း ရလဒ်ကတော့ အစောပိုင်းကနဲ့ မခြားနားလှပါဘူး ။ ပုံရိပ်ဟာ ဖြစ်တည်ခါနီး နောက်ဆုံးအဆင့်ကို ရောက်တဲ့အခါမှာတော့ နောက်ထပ်တစ်ကြိမ် ပေါက်ကွဲသွားပြန်ပါတယ် ။
" ဟမ့်…… မင်းက အရမ်း တတ်နေတာပေါ့ "
သည်တစ်ကြိမ်မှာတော့ ခန့်ညားထည်ဝါတဲ့ လူကြီးဟာ ဆက်ပြီး မကြိုးစားတော့ပါဘူး ။ ပစ်မှတ်က ခံစားချက်တွေနဲ့ ချီအရှိန်အဝါကို မဖော်ပြချင်တာ အထင်းသားကြီးပါပဲ ။အဲသည်ထက် ပိုဆိုးတာက မမြင်ရတဲ့ အားတစ်ခုက သူ့ကို တားဆီးနေပါသေးတယ် ။
"တောက် ……တွေ့ကြသေးတာပေါ့ကွာ ။ မင်းငါ့လက်က ပြေးမလွတ်ပါဘူး "
တောက်တစ်ချက် ခေါက်ပြီးတဲ့ နောက်မှာတော့ ခန့်ညားထည်ဝါတဲ့ လူကြီးဟာ လေရိုင်းမြို့စား ဂေဟာကနေ ထွက်ခွာသွားခဲ့ပါပြီ ။ သူက လေရိုင်းမြို့စားနဲ့ တခြားလူတွေကိုလည်း ဘာအပြစ်မှ မပေးသွားခဲ့ပါဘူး ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူ့အနေနဲ့ လေရိုင်းမြို့စားတို့ကို အပြစ်ပေးစရာကို မလိုတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ လေရိုင်းမြို့စားနဲ့ သူ့လူတွေဟာ အသိစိတ် လွတ်သွားကြပြီး အချင်းချင်း အရူးတွေသဖွယ် တိုက်ခိုက်နေကြပြီ ဖြစ်နေလို့ပါပဲ ။
…………
အဲသည်အချိန်မှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ မျောလွင့်ကောင်းကင်တောင်ကို မရပ်မနား ခရီး နှင်နေကြပါတယ် ။
မျောလွင့်ကောင်းကင်တောင် ဆိုတာကတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ ဧကရာဇ်အဆင့် အဓိက အင်အားစုကြီး ၇ခုထဲက တစ်ခုပါပဲ ။
အခြားသော ဧကရာဇ်အဆင့် အင်အားစုကြီးတွေနဲ့ ယှဉ်မယ် ဆိုရင်တော့ မျောလွင့်ကောင်းကင်တောင်ဟာ အေးချမ်းမှုကို လိုလားပြီး အေးချမ်းတယ်လို့ ဆိုရပါမယ် ။
ပြောကြတာကတော့ မျောလွင့်ကောင်းကင်တောင်ကို တည်ထောင်ခဲ့တဲ့ ရှေးဘိုးဘေးကြီးတွေဟာ အဖွဲ့သားတိုင်း မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်းဥပဒေ တစ်ခုကို ချမှတ်ခဲ့ပါတယ်တဲ့ ။ အဲသည် စည်းမျဉ်းကတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ရာထူးအာဏာကို အသုံပြု ပြီး အားနည်းသူတွေအပေါ် ဖိနှိပ်ခြင်း မပြုရဘူး ဆိုတာပါပဲ ။ အဲသည် စည်းမျဉ်းဥပဒေကတော့ လက်ရှိ မျောလွင့်ကောင်းကင်တောင်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အဆွေး ဧကရာဇ် အပေါ်မှာတောင်မှ ခြွင်းချက် မရှိပါဘူး ။
ဒါပေမဲ့လည်း တစ်စုံတစ်ယောက်က မျောလွင့်ကောင်းကင်တောင်ကို သွားရောက် ထိပါးပြီး ရန်စ စော်ကားလိုက်မယ် ဆိုရင်တော့ မျောလွင့်ကောင်းကင်တောင်ရဲ့ တပည့်တွေဟာ ပျားအုံကို တုတ်နဲ့ ထိုးလိုက်သလိုပဲ ထွက်ပေါ်လာပါလိမ့်မယ် ။မျောလွင့်ကောင်းကင်တောင်က သူတစ်ပါးကို ရန်မစမိစေဖို့ တားမြစ်ထားပေမယ့်လည်း ရန်စလာသူကို တုံ့ပြန်ဖို့အတွက်ကိုတော့ မတားမြစ်ထားပါဘူး ။ ပြီးတော့ သူတို့ဟာ ကျီးတွေလိုပဲ စည်းရုံးကြပါတယ် ။ မျောလွင့်ကောင်းကင်တောင်ကို ရန်စမိသူဟာ ကမ္ဘာဆုံးတဲ့အထိ ပြေးရင်တောင်မှ ပြေးလွတ်မှာ မဟုတ်ပါဘူး ။
လီဖူချန်းတို့ အနေနဲ့ မျောလွင့်ကောင်းကင်တောင်ဆီကို နေ့မနား ၊ ညမနား ခရီးနှင်လာရတာကတော့ သူ့ရဲ့ ဆဋ္ဌမအာရုံကြောင့်ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ ဆဋ္ဌမအာရုံက သူ့ကို အန္တ္တရာယ် အချက်ပေး ခေါင်းလောင်းသံတွေ ဆက်တိုက် ထိုးနေတာ မဟုတ်ပါလား ။
သာမန် အခြေအနေတွေမှာ ဆိုရင်တော့ လီဖူချန်းဟာ သူ့ရဲ့ ပင်ကိုအသိစိတ်အာရုံကိုပဲ ယုံလေ့ ရှိပါတယ် ။ ဒါပေမဲ့ တကယ့် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာတော့ သူဟာ ဆဋ္ဌမအာရုံကို မပစ်ပယ်နိုင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဆဋ္ဌမအာရုံက သူ့ရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်ကနေ အခြေတည်လာတာ ဖြစ်နေလို့ပါပဲ ။
မျောလွင့်ကောင်းကင်တောင်ရဲ့ နယ်နိမိတ်ထဲကို ရောက်တဲ့အခါမှာတော့ လီဖူချန်း ခံစားနေရတဲ့ အန္တရာယ် အနံ့တွေဟာ သိသိသာသာကြီး လျော့ကျသွားခဲ့ပါတယ် ။ ဒါပေမဲ့လည်း ရှိတော့ ရှိနေဆဲပါပဲ ။
ပြောရမယ် ဆိုရင်တော့ မျောလွင့်ကောင်းကင်တောင်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ လဝန်းနီ အင်ပိုင်ယာနဲ့ မကွာခြားလှပါဘူး ။ ဒါပေမဲ့လည်း သူတို့ဆီမှာက ပြည်နယ်ကြီး ဆယ်ခု နဲ့ စီရင်စုပေါင်း ငါးဆယ် ရှိပါတယ် ။
တစ်နေ့မှာတော့ ပြည်နယ်မြို့တော် တစ်ခုဖြစ်တဲ့ တိမ်တောင်တန်း မြို့တော်ရဲ့ မြို့အဝင် လမ်းမကြီးထက်မှာ မျက်နှာစိမ်း လူငယ်သုံးယောက် ပေါ်လာခဲ့ပါတယ် ။ အဲသည်လူငယ်သုံးယောက်ကတော့ လီဖူချန်း ၊ ယွန်လုံ နဲ့ ကုချူ းယီတို့ပါပဲ ။
လီဖူချန်းကတော့ သူ့ရဲ့ နဂိုရုပ်သွင်ကို ပြန်လည် ပြောင်းလဲထားခဲ့ပါပြီ ။
တခြားနေရာတွေမှာ ဆိုရင်တော့ လီဖူချန်းဟာ သူ့ရဲ့ နဂိုဇစ်မြစ် ပေါ်သွားမှာကို ကြောက်ရင် ကြောက်ပါလိမ့်မယ် ။ ဒါပေမဲ့ သည်လို ပြည်နယ်မြို့တော် တစ်ခုမှာတော့ သူဟာ သူ့ရဲ့ နဂိုဇစ်မြစ် ပေါ်သွားမှာကို လုံးဝ မကြောက်ပါဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ ပြည်နယ်မြို့တော် ဆိုတဲ့ အရာဟာ နောက်စရာ တစ်ခု မဟုတ်လို့ပါပဲ ။
ပြည်နယ်တိုင်း ၊ ပြည်နယ်တိုင်းရဲ့ မြို့တော်တွေမှာ မြို့စားအဖြစ် ခန့်အပ်ထားခြင်း ခံရသူတွေဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ ဖြစ်ကြပါတယ် ။ အဲသည်အတွက် တခြား အဖွဲ့အစည်း တစ်ခုက ဧကရာဇ်တစ်ပါးဟာ ပြည်နယ် မြို့တော် တစ်ခုရဲ့ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူး ။ ပြီးတော့ မြို့တော်ရဲ့ ထောက်လှမ်းရေး ဝင်္ကပါ အစီအရင်ကိုလည်း အသုံးပြုခွင့် မရှိပါဘူး ။
အဲသည်ထက် ပိုအရေးကြီးတာက ပြည်နယ်မြို့တော်တွေဟာ ရုန့်ရင်းကြမ်းတမ်းမှုတွေကို လုံးဝ လက်မခံတာပါပဲ ။ အဲဒါကတော့ ခေတ်အဆက်ဆက်က မျောလွင့်ကောင်းကင်တောင် ခေါင်းဆောင်ကြီးတွေရဲ့ တစ်ချက်လွှတ် အမိန့်ဖြစ်ပြီး တခြားဒေသက ဧကရာဇ်တွေဟာလည်း သည်အမိန့်ကို လိုက်နာရပါလိမ့်မယ် ။
တကယ်လို့ သူတို့က အဲသည် အမိန့်ကို မလိုက်မာဘဲ ပြည်နယ်မြို့တော် တစ်ခုကို စော်ကားမိမယ် ဆိုရင်တော့ အဲဒါက မျောလွင့်ကောင်းကင်တောင် တစ်ခုလုံးကို စော်ကားလိုက်သလိုပါပဲ ။ အဲသည်လို ဖြစ်သွားရင်တော့ မျောလွင့်ကောင်းကင်တောင်ရဲ့ တပည့်တွေဟာ တောင်ပေါ်ကနေ တစ်ပြိုင်တည်း ဆင်းလာပါလိမ့်မယ် ။
ဒါပေမဲ့ ဘယ်အရာကမှ အကြွင်းမဲ့ ဆိုတာ မရှိပါဘူး ။ တကယ်လို့ တခြားဒေသက ဧကရာဇ် တစ်ပါးက ပြည်နယ်မြို့စား တစ်ပါးနဲ့ အရမ်းကြီး ခင်မင် ရင်းနှီးနေရင်တော့ လီဖူချန်းတို့သုံးယောက် မြို့ထဲ ဝင်လာတဲ့ ကိစ္စဟာ ဘူးပေါ်သလို ပေါ်သွားမှာပါပဲ ။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် တိမ်တောင်တန်းမြို့ဟာ တခြားသော နေရာတွေထက်တော့ ပိုပြီး အန္တရာယ် ကင်းနေပါသေးတယ်လို့ ဆိုရပါမယ် ။
" ဒါက ပြည်နယ်မြို့တော်ပဲ ။ သည်နေရာမှာ ရှိနေတဲ့ အရင်းအမြစ်တွေက ကျွန်တော်တို့အတွက် မလုံလောက်စရာ မရှိဘူး ။ သည်တော့ ကျွန်တော်တို့ သည်မှာ ခဏလောက် စတည်းချရအောင် "
အခြေအနေ အရပ်ရပ်ကို သေသေချာချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက တိမ်တောင်တန်းမြို့တော်မှာ ခဏလောက် နေကြဖို့ အကြံပြု လိုက်ပါတယ် ။
" အစ်မကတော့ အဆင်ပြေတယ် "
" အစ်ကိုလည်း သည်နေရာကို သဘောကျတယ် "
ကူချူ းယီနဲ့ ယွန်လုံတို့ကလည်း မငြင်းပါဘူး ။

အထူးသဖြင့် ယွန်လုံပါပဲ ။ သူက သွေးချီ အရင်းအမြစ်တွေ နဲ့ သွေးအဆီအနှစ်တွေ အများကြီးကို ဆုံးရှုံးခဲ့ရတာပါ ။ အဲသည်အတွက် သူက သူ့ရဲ့ နဂိုမူလ အခြေအနေကို ပြန်ရောက်ဖို့အတွက် နေရာကောင်း တစ်ခုကို ကောင်းကောင်းကြီး လိုအပ်ပါတယ် ။
ကုချူ းယီကတော့ အမြဲတမ်း နေရာ တစ်နေရာမှာ နေပြီး ကျင့်ကြံရတာကို သဘောကျသူပါ ။သူက အပြင်ထွက်ပြီး စွန့်စားခန်း ခရီးဖွင့်တာကို သိပ်ပြီး နှစ်ခြိုက်လှသူ မဟုတ်ပါဘူး ။ ဒါကြောင့်လည်း သူက လေရိုင်းမြို့ထဲမှာ အချိန်အကြာကြီး နေနိုင်ခဲ့တာ ဖြစ်ပါတယ် ။
…
" ဟမ့်…… ဒါက …… တိမ်တောင်တန်းမြို့တော်လား "
သည်လိုနဲ့ တစ်နေ့မှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ တိမ်တောင်တန်း မြို့တော်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာခဲ့ပါပြီ ။
သူက သည်မြို့ကို ကုချူ းယီရဲ့ ခံစားချက်တွေကို အာရုံခံပြီး လိုက်လာတာ ဖြစ်ပါတယ် ။
သူ့လို ခံစားချက် ခုနစ်ပါး နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံထားသူအဖို့ကတော့ ကုချူ းယီရဲ့ ခံစားချက်တွေ နဲ့ ချီအရှိန်အဝါတွေကို အာရုံ မခံနိုင်စရာ အကြောင်း မရှိပါဘူး ။
လီဖူချန်းတို့ သုံးယောက်က သူ့ထက် အများကြီး ပိုစောသွားလို့သာပေါ့ ။ မဟုတ်ရင်တော့ သူဟာ လီဖူချန်းတို့ကို လမ်းတစ်ဝက်လောက်မှာတင် ဖမ်းမိနေလောက်ပါပြီ ။
" သည်နေရာပဲ "
ခြံဝင်းတစ်ခုရဲ့ အရှေ့ကို အရောက်မှာတော့ ခံစားချက် ခုနစ်ပါး သူ့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပါတယ် ။
သူရပ်တန့်လိုက်တာနဲ့ တစ်ပြိုင်နက် သောင်းပြောင်းထွေလာ ခံစားချက်တွေ ရောနှောနေတဲ့ ချီအရှိန်အဝါ တစ်ခုဟာ ခြံဝင်း တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ ။ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က သည်ချီအရှိန်အဝါ ထွက်လာဖို့အတွက် သူ့ရဲ့ နတ်ဘုရား ကျင့်စဉ်ကိုတောင် အသက် မသွင်းထားပါဘူး ။
ဝေါ့……
သောင်းပြောင်းထွေလာ ခံစားချက်တွေ ရောနှောပါဝင်နေတဲ့ ချီအရှိန်အဝါရဲ့ ဒဏ်ကို ပထမဆုံး ခံစားလိုက်ရသူကတော့ ယွန်လုံပါပဲ ။ သူက ကျင့်ကြံနေတာကို ရပ်ပြီး သွေးစိမ်းရှင်ရှင် တစ်လုတ်တောင် အန်ထုတ်လိုက်ရပါတယ် ။ သူ့ရဲ့ မျက်နှာကလည်း သွေးမရှိတော့သလို ဖြူ ဖွေးလျနေပြီး ချီအပြင်အား ဖောက်လွဲဖောက်ပြန် ဖြစ်တော့မယ့် အခြေအနေမျိုးကို ရောက်နေပါပြီ ။
ကုချူ းယီရဲ့ အခြေအနေကလည်း သိပ်အကောင်းကြီး မဟုတ်လှပါဘူး ။ သူမရဲ့ စိတ်ဟာ နဂိုမူလတုန်းကတော့ တည်ငြိမ်နေခဲ့ပေမယ့် အခုချိန်မှာတော့ ခံစားချက် အမျိုးမျိုး ပါဝင်နေတဲ့ ချီအရှိန်အဝါရဲ့ ရိုက်ခတ်မှုကြောင့် ဘောင်ဘင် ခတ်နေခဲ့ပါပြီ ။ သူမရဲ့ ချီအတွင်းအားတွေကလည်း အထိန်းအကွပ်မဲ့ပြီး ခန္ဓာကိုယ်ထဲမှာ ပရမ်းပတာ လျှောက်သွားတော့မလိုပါပဲ ။
" ကြောက်ဖို့ကောင်းလိုက်တဲ့ ခံစားချက်တွေပါလား ။ ကြည့်ရတာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ပဲ နေမယ် "
တံခါးပိတ် ကျင့်ကြံနေတဲ့ လီဖူချန်းရဲ့ မျက်လုံးတွေကလည်း ပွင့်လာခဲ့ပါပြီ ။
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ ခံစားချက် တန်ခိုးအစွမ်းက တကယ်ကို ကြောက်စရာပါပဲ ။ ဒါပေမဲ့ အဲဒါက လီဖူချန်း အပေါ်မှာ လုံးဝ သက်ရောက်မှု မရှိပါဘူး ။အဲဒါက လီဖူချန်းရဲ့ စိတ်ကို လှိုင်းဂယက် အနည်းငယ် ထသွားစေရုံလောက်သာ တတ်စွမ်းနိုင်ပါတယ် ။
" ဟင်…သည်ကောင်က "
သူ့ရဲ့ ခံစားချက် တန်ခိုးအစွမ်းက လီဖူချန်း အပေါ်မှာ သက်ရောက်မှု မရှိတာကို အာရုံခံမိလိုက်တဲ့ နောက်မှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ အတော်လေး အံ့သြသွားမိပါတယ် ။ သူရဲ့ ခံစားချက် တန်ခိုးအစွမ်းဟာ အမြဲ အလုပ်ဖြစ်ခဲ့တာ မဟုတ်ပါလား ။
မဟာဧကရာဇ်တွေက လွဲပြီး ကျန်တဲ့လူတွေအပေါ်မှာ သူ့ရဲ့ ခံစားချက် တန်ခိုးအစွမ်းဟာ အနည်းနဲ့အများ သက်ရောက်မှု ရှိခဲ့တာပါပဲ ။ ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ ခံစားချက် တန်ခိုးအစွမ်းဟာ ခြံဝင်းထဲမှာ ရှိနေတဲ့ လူတစ်ယောက်အပေါ်မှာ လက်မြှောက် အရှုံးပေးလိုက် ရပါပြီ ။ အဲသည်လူက သူ့ရဲ့ ခံစားချက် တန်ခိုးအစွမ်းကို လုံးဝ ဂရုမစိုက်ပါဘူး ။
" မိစ္ဆာချိပ်ပိတ် စိတ်နှလုံးသန့်စင် မန္တာန် "
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ လက်နှစ်ဖက်နဲ့ ထူးခြားတဲ့ လက်ဟန် တစ်ခုကို ပုံဖော်လိုက်ပြီး မိစ္ဆာချိပ်ပိတ် စိတ်နှလုံးသန့်စင် မန္တာန်ကို ရွတ်ဆိုထားခဲ့ ပြီးပါပြီ ။ တစ်ဆက်တည်းမှာပဲ သူက မိစ္ဆာချိပ်ပိတ် စိတ်နှလုံးသန့်စင် မန္တာန်ရဲ့ အစွမ်းတွေကို ယွန်လုံ နဲ့ ကုချူ းယီတို့အပေါ် လွှဲပြောင်း ပေးလိုက်ပါသေးတယ် ။
မိစ္ဆာချိပ်ပိတ် စိတ်နှလုံးသန့်စင် မန္တာန်ရဲ့ အကာအကွယ်ကို ရသွားတဲ့ နောက်မှာတော့ ယွန်လုံ နဲ့ ကုချူ းယီတို့ဟာ စိတ်အခြေအနေဟာ ပြန်လည်ပြီး တည်ငြိမ်သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း သူတို့တွေက အကြောက်တရားကိုတော့ ခံစားနေရဆဲပါပဲ ။
" ကောင်းတယ် …… ကောင်းတယ် "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ မျက်လုံးတွေကတော့ ရေခဲပြင် တစ်ခုအလား အေးစက်သွားခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ သူက ညာဘက်လက်ကို ထုတ်လိုက်ပြီး ခြံဝင်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို ဆွဲဖြဲလိုက်ပါတော့တယ် ။
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ လက်က အကာအကွယ် ဝင်္ကပါ အစီအရင်ကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် တိမ်တောင်တန်း မြို့စားဂေဟာထဲမှာ ရှိတဲ့ ဝတ်စုံဖြူ ဝတ် လူကြီးတစ်ယောက်ရဲ့ မျက်လုံးတွေဟာ အရောင် တလက်လက် တောက်ပလာခဲ့ပါတယ် ။ ကြည့်ရတာတော့ သူက အကာအကွယ် အစီအရင် ဝင်္ကပါကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့သူကို အာရုံ ခံမိပုံပါပဲ ။
" တောက်……ရာရာစစ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က ငါ့မြို့မှာ လာသောင်းကျန်းရဲတယ်ပေါ့လေ "
စကားဆုံးတဲ့ နောက်မှာတော့ ဝတ်စုံဖြူ ဝတ် လူကြီးဟာ မြို့စား ဂေဟာထဲကနေ ပျောက်ကွယ် သွားခဲ့ပါပြီ ။
အကာအကွယ် ဝင်္ကပါ အစီအရင်ကို ဆွဲဖြဲပြီးတဲ့ နောက်မှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ လီဖူချန်းတို့ သုံးယောက်ကို သတ်ဖို့အတွက် ပြင်ပါတော့တယ် ။
ဒါပေမဲ့လည်း ဘယ်လိုဖြစ်တယ် မသိပါဘူး ။ သူဆွဲဖြဲလိုက်တဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ အကောင်းပကတိ ပြန်ဖြစ်သွားပြီး သူ့ကို ခြံဝင်းထဲ ဝင်ဖို့အတွက် တားဆီးလာခဲ့ပါတယ် ။ ပြီးတော့ နဂိုမူလ အကာအကွယ် ဝင်္ကပါ အစီအရင်ထက် ပိုအားကောင်းတဲ့ အကာအကွယ် ဝင်္ကပါ တစ်ခုကလည်း ပေါ်လာခဲ့ပါသေးတယ် ။
" တိမ်တိုက် ဧကရာဇ် …… ခင်ဗျားက ဘာလို့ ကျုပ်ရဲ့ လမ်းမှာ လာပိတ်နေတာလဲ "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်လို လူတစ်ယောက် အနေနဲ့ကတော့ သည်ကိစ္စရဲ့ တရားခံ လက်သည်ကို မသိစရာ အကြောင်း မရှိပါဘူး ။ အဲသည်အတွက် သူက လေဟာနယ် ဟင်းလင်းပြင် တစ်နေရာကို ကြည့်ပြီး လှမ်းပြောလိုက်ပါတယ် ။
" ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် …… စကားကို ကြမ်းပိုးကနေ လိပ်ဖြစ်အောင် မပြောစမ်းပါနဲ့ ။ ကျုပ်က ခင်ဗျားရဲ့လမ်းကို ပိတ်နေတာ မဟုတ်ဘူး ။ ခင်ဗျားကသာ ကျုပ်ရဲ့ လမ်းကို ပိတ်နေတာ "
စကားသံ အဆုံးမှာတော့ အဖြူ ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက်ဟာ လေဟာနယ် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့ပါပြီ ။ သူကတော့ တိမ်တောင်တန်းမြို့စား တိမ်တိုက်ဧကရာဇ်ပါပဲ ။ တိမ်တိုက်ဧကရာဇ်က ယွင်ရှန်းပြည်နယ်ကို အစိုးရတဲ့ ဧကရာဇ်တစ်ပါး ဆိုရင်လည်း မမှားပါဘူး ။
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က မထီမဲ့မြင်ပုံနဲ့ တိမ်တိုက်ဧကရာဇ်ကို လှမ်းကြည့်လိုက်ပြီး
" သည်ခြံဝင်းထဲမှာ ရှိနေတဲ့ လူတွေက ကျုပ်တပည့် ရမ္မက်ခြောက်ပါး သခင်လေးကို သတ်သွားတဲ့သူတွေ ။ သည်တော့ ကျုပ်အနေနဲ့ သူတို့ကို သတ်ရမှ ဖြစ်မယ် ။ တကယ်လို့ ခင်ဗျားက ကျုပ်ကို တားမယ်ဆိုရင်တော့ ခင်ဗျားကိုယ်တိုင်လည်း သေရလိမ့်မယ် "လို့ ပြောလိုက်ပါတယ် ။
ဒါပေမဲ့လည်း တိမ်တိုက် ဧကရာဇ်ကတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ စကားကို ကြားတဲ့ပုံတောင် မပေါ်ပါဘူး ။ သူက မခိုးမခန့်နဲ့ ပြန်တောင် ပြောလိုက်ပါသေးတယ် ။
" ခင်ဗျားရဲ့ တပည့်အကြောင်းကို ကျုပ်ကြားဖူးသားပဲ ။ သည်ကောင်က သေသင့်တာ ကြာနေပြီ မဟုတ်ဘူးလား "
တိမ်တိုက်ဧကရာဇ်က ဘဝကို အမြဲတမ်း ရိုးသားဖြောင့်မတ်စွာ ဖြတ်သန်းခဲ့သူပါ ။ အဲသည်အတွက် သူက ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် နဲ့ ရမ္မက်ခြောက်ပါး သခင်လေးတို့လို လူတွေကို လုံးဝ သဘောမတွေ့ပါဘူး ။
" တိမ်တိုက် ဧကရာဇ် …… ခင်ဗျားရဲ့ ပါးစပ်ကို သတိထား ။ ခင်ဗျားက မျောလွင့်ကောင်းကင်တောင် အဖွဲ့ဝင်ဖြစ်နေတာနဲ့ပဲ ခင်ဗျားကို ကျုပ်မသတ်ရဲဘူးလို့ ထင်နေတာလား "
သူ့ရဲ့ တပည့်ကို ထိပါးလာတဲ့ အခါမှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ ထောင်းခနဲ ဒေါသ ထွက်သွားခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ သူက ဒေါသ ခံစားချက် စွမ်းအားနဲ့ တိမ်တိုက် ဧကရာဇ်ကို လှမ်းပစ်လိုက်ပါတယ် ။
" လာစမ်းပါ "
တိမ်တိုက် ဧကရာဇ်ရဲ့ ကျင့်ကြံခြင်းဟာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို ယှဉ်နိုင်စွမ်း မရှိတာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လည်း ဒါက သူ့ရဲ့ ပိုင်နက်ထဲမှာ ဖြစ်တဲ့အတွက် တိမ်တိုက်ဧကရာဇ်ဟာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို လုံးဝ ကြောက်မနေပါဘူး ။ပြီးတော့ သူ့အနေနဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်လို လူမျိုးကို သူမြို့ထဲမှာ လုပ်ချင်တာ လုပ်ခွင့် မပေးနိုင်ပါဘူး ။
" အဲဒါက တိမ်တိုက် ဧကရာဇ်ပဲ "
ခြံဝင်းထဲမှာ ရှိနေတဲ့ လီဖူချန်းကတော့ ဝတ်စုံဖြူ နဲ့ လူကြီးကို မြင်လိုက်တာနဲ့ တန်းပြီး မှတ်မိလိုက်ပါတယ် ။
သည်လူကြီးက အရိပ်အသူရာ ချောက်ထဲမှာ သူတို့ကို ကယ်တင်ခဲ့တဲ့ တိမ်တိုက် ဧကရာဇ်ပါပဲ ။ သူက တိမ်တိုက်ဧကရာဇ်ဟာ ယွင်ရှန်းပြည်နယ်ကို အစိုးရတဲ့သူ ဖြစ်နေမယ်လို့တော့ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး ။
" ခင်ဗျားက တကယ် သေချင်နေတာပဲ"
" ခံစားချက် ခုနစ်ပါး မဟာလက်ဝါး "
တပည့်ဇော ကပ်နေတဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ ခံစားချက် ခုနစ်မျိုးလုံး ခိုဝင်ကိန်းအောင်းနေတဲ့ လက်ဝါးရိုက်ချက်ကို ထုတ်သုံးလာခဲ့ပါပြီ ။
" တိမ်ပင်လယ် လက်ဝါး "
တိမ်တိုက်ဧကရာဇ်ကလည်း လုံးဝ တုံ့ဆိုင်း မနေပါဘူး ။ သူကလည်း လက်ဝါးရိုက်ချက် တစ်ချက်ကို အလျင်အမြန် ထုတ်ပြီး ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို ပြန်တိုက်ခိုက်လိုက်ပါတယ် ။
သည်လက်ဝါးရိုက်ချက်မှာကတော့ တိမ်တိုက်ဧကရာဇ်ရဲ့ တန်ခိုးစွမ်းအားတွေတင် ပါဝင်နေတာ မဟုတ်ဘဲ တိမ်တောင်တန်းမြို့ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင် တန်ခိုးစွမ်းအားတွေလည်း ပါဝင်နေပါသေးတယ် ။
ဝုန်း……
လက်ဝါးရိုက်ချက် နှစ်ခု ဆုံတွေ့တဲ့ အခါမှာတော့ လေဟာနယ်ဟာ လှိုင်းအထပ်ထပ် ထသွားပြီး မြို့တွင်းက လမ်းတွေဟာ တုန်ခါသွားခဲ့ပါပြီ ။အဆောက်အဦးတွေဟာလည်း အက်ကွဲကုန်ပြီး တချို့ နေရာတွေမှာဆိုရင် မြေပြင်ဟာ ထယ်ထိုးထားသလိုကို ဖြစ်သွားခဲ့ပါတယ် ။
ဒါတောင်မှ တိမ်တိုက်ဧကရာဇ်က အကာအကွယ် ဝင်္ကပါ အစီအရင် တစ်ခုကို သုံးပြီး မြို့တစ်ခုလုံးကို ကာကွယ်ပေးထားလို့သာပေါ့ ။ မဟုတ်ရင်တော့ တိမ်တောင်တန်း မြို့တစ်ခုလုံးဟာ ကမ္ဘာပျက်သလိုကို ဖြစ်နေလောက်ပါပြီ ။
" ငါ့မြို့ထဲကနေ အခုချက်ချင်း ထွက်သွားစမ်း "
ရုတ်တရက် ဆိုသလိုပဲ တိမ်တိုက်ဧကရာဇ်ဟာ မိုးခြိမ်းသံတမျှ ကျယ်လောင်လွန်းတဲ့ အသံနဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို အော်ငေါက်လိုက်ပါတယ် ။
တိမ်တောင်တန်း မြို့တော်မှာက များပြားလှတဲ့ အဆင့်၈ ဝင်္ကပါ အစီအရင်တွေ အထပ်ထပ် ခင်းကျင်းထားတာပါ ။
တိမ်တိုက်ဧကရာဇ်က အဲသည်ဝင်္ကပါ အစီအရင်တွေ အားလုံးရဲ့ တန်ခိုးအစွမ်းကို အငှားရယူလိုက်တဲ့ အခါမှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ တိမ်တိုက်ဧကရာဇ်ရဲ့ အော်ငေါက်သံကို လုံးဝ တောင့်မခံနိုင်တော့ပါဘူး ။ သူက တိမ်တိုက်ဧကရာဇ်ရဲ့ အသံလှိုင်း ခေါ်ဆောင်ရာအတိုင်း မျောပါသွားခဲ့ပြီး တိမ်တောင်တန်းမြို့ အပြင်ဘက်ကို ရောက်သွားခဲ့ပါတယ် ။
" တိမ်တိုက်ဧကရာဇ်…… မျိုးမစစ်ကောင် …… မင်းက ငါ့ကို မောင်းထုတ်ရဲတယ်ပေါ့ "
ဘန်း……ဘန်း……ဘန်း……
တိမ်တောင်တန်းမြို့တော် အပြင်ဘက်ကို ရောက်သွားတဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကတော့ သူ့ရဲ့ ဒေါသတွေကို ဘယ်လိုမှ မထိန်းနိုင်တော့ပါဘူး ။ အဲသည်အတွက် သူက တိမ်တိုက် ဧကရာဇ်ကို ဆဲရေးတိုင်းထွာပြီး တိမ်တောင်တန်းမြို့ကို လက်ဝါးနဲ့ အဆက်အပြတ် ရိုက်ချပါတော့တယ် ။
သူ့အနေနဲ့ သည်နေ့မှာ လူသတ်သမားကို မသတ်နိုင်မှတော့ တိမ်တိုက်ဧကရာဇ်ကိုလည်း ကောင်းကောင်းနေခွင့် မပေးနိုင်ပါဘူး ။
ဝုန်း……ဝုန်း……ဝုန်း……
ဒါပေမဲ့လည်း အဖြူ ရောင် တိမ်လက်ဝါး တစ်ခုဟာ တိမ်တောင်တန်းမြို့တော်ရဲ့ ကောင်းကင်ထက်မှာ ဖြစ်တည်လာပြီး ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ လက်ဝါးရိုက်ချက်တွေကို ဖျက်ဆီးသွားပါတော့တယ် ။ သည်တိမ်တိုက်လက်ဝါးကတော့ မြို့တော်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို အခြေပြု ပြီး ဖြစ်တည်လာတဲ့ လက်ဝါးဆိုတာ အသိသာကြီးပါပဲ ။
" ခွေးမသား တိမ်တိုက် ဧကရာဇ် …… မင်းက ငါ့ကို ဖိအား ပေးနေတာပဲ "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ ဒေါသတွေကတော့ လုံးဝကို ထိန်းမနိုင် ၊ သိမ်းမနိုင်အောင်ပါပဲ ။ သူက တိမ်တိုက်ဧကရာဇ်ကို အားရပါးရ ဆဲဆိုလိုက်ပြီး လက်တစ်ဖက်ကို ဖြန့်ကာ ပုံရိပ်ယောင် ပုလဲလုံးလေး ငါးလုံးကို ဖြစ်တည်စေလိုက်ပါတော့တယ် ။
အဲသည်နောက်မှာတော့ ရူးသွယ်ဖွယ် ကောင်းလောက်အောင် များပြားလှတဲ့ ခံစားချက်တွေဟာ ပုလဲလုံးတွေ ထဲကနေ ထွက်ပေါ်လာပြီး တိမ်တောင်တန်း မြို့တော်ထဲကို သွေးရူးတန်းရူး တိုးဝင် သွားခဲ့ကြပါပြီ ။
တိမ်တောင်တန်းမြို့တော်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကလည်း သည်ခံစားချက်တွေကိုတော့ မတားဆီး နိုင်ပါဘူး ။
စက္ကန့်ပိုင်းလေး……
တကယ့်ကို စက္ကန့်ပိုင်းလေး အတွင်းမှာပဲ ပျော်ရွှင်မှု ၊ ဒေါသထွက်မှု ၊ ဝမ်းနည်းပူဆွေးမှု ၊ အလိုဆန္ဒကြီးမှု ၊ စိုးရိမ်ကြောင့်ကြမှု အစရှိတဲ့ ခံစားချက် ၅မျိုးကြောင့် တိမ်တောင်တန်း မြို့တော်ထဲမှာ ရှိတဲ့ လူတွေဟာ အရူးတွေလိုပဲ ဖြစ်ကုန်ကြပါတယ် ။ စိတ်ဓာတ် ခိုင်မာမှု မရှိတဲ့ တချို့လူတွေဆိုရင် ခံစားချက် ငါးမျိုးရဲ့ ဖိနှိပ်မှုကြောင့် သူတို့ကိုယ် သူတို့ သတ်သေတဲ့အထိတောင်ပါပဲ ။
" ခံစားချက် မျိုးစေ့လား "
တိမ်တိုက်ဧကရာဇ်ကတော့ အတော်လေး မျက်နှာ ပျက်နေခဲ့ပါပြီ ။
သူက ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်နဲ့ ပက်သက်ပြီး ကောလာဟလ အမျိုးမျိုးကို ကြားခဲ့ဖူးပါတယ် ။ ပြောကြတာကတော့ ခံစားချက် ခုနစ်ပါး နတ်ဘုရား ကျင့်စဉ်ဟာ ခံစားချက် မျိုးစေ့တွေ ဖြစ်တည်လာအောင် လေ့ကျင့်ရတာပါတဲ့ ။ သည်ခံစားချက် မျိုးစေ့တွေဟာ အန္တရာယ် များလှပြီး ထိမှန်သွားပြီဆိုရင် ကုသဖို့အတွက် နည်းလမ်း မရှိပါဘူး ။
ခံစားချက်မျိုးစေ့ရဲ့ လက်ချက် မိသွားတဲ့ လူဟာ ဆိုရင်လည်း ချက်ချင်းလိုလို စိတ်ကယောင်ချောက်ချား ဖြစ်သွားမှာ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ စိတ်ဓာတ်တွေကျကာ သေဖို့လမ်းကိုပဲ ရွေးချယ်သွားလေ့ ရှိပါတယ် ။
တိမ်တိုက်ဧကရာဇ်က ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် အနေနဲ့ အခုလို ခံစားချက် မျိုးစေ့ ငါးစေ့ ရတဲ့အထိ ကျင့်ကြံထားနိုင်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားမိတာ အမှန်ပါပဲ ။
တိမ်တောင်တန်းမြို့တော်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ အဆင့်၈ အလယ်အလတ် ဆိုပေမယ့် ခံစားချက် မျိုးစေ့ ငါးစေ့ကနေ ထွက်ပေါ်လာတဲ့ ခံစားချက်တွေကိုတော့ ဘယ်လိုမှ မကာကွယ်ပေးနိုင်ပါဘူး
" ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်…… ခင်ဗျားက သည်လိုပဲ အရှက်မရှိ လုပ်နေတော့မှာလား "
အပြစ်မဲ့တဲ့ လူတွေ အမြောက်အများ သေနေတာကို ရပ်ကြည့်နေရတဲ့ တိမ်တိုက်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ မီးဝင်းဝင်း တောက်လာခဲ့ပါပြီ ။
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်ပြီး ပြန်ပြောလာခဲ့ပါတယ် ။
" ငါက ဘာကို အရှက် ရှိရမှာလဲ ။ မင်းတောင်မှ လူသတ်သမား သုံးယောက်ကို ကာကွယ်ပေးနေတာ မဟုတ်ဘူးလား ။ သည်တော့ ငါကလည်း မင်းရဲ့မြို့ကို မြေလှန်ပစ်ရမှာပေါ့ "
တစ်ဆက်တည်းမှာပဲ သူက သူ့ရဲ့ လက်ထဲက ပုံရိပ်ယောင် ပုလဲလုံး ငါးလုံးကို ရိုက်ထုတ်ပစ်လိုက်ပါသေးတယ် ။
' သည်မျိုးစေ့တွေကို ပေါက်ကွဲခံလို့ လုံးဝ မဖြစ်ဘူး '
တိုက်ပွဲစပြီ ဆိုကတည်းက လီဖူချန်းဟာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ လှုပ်ရှားမှုတိုင်းကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာပါ ။ အဲသည်အတွက် သူက အခြေအနေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး မိစ္ဆာချိပ်ပိတ် စိတ်နှလုံးသန့်စင် မန္တာန်ကို ရွတ်ဆိုကာ တိမ်တောင်တန်းမြို့တော်ကို အကာအကွယ် ပေးလိုက်ပါတယ် ။အဲဒါတင် မကသေးပါဘူး ။ လီဖူချန်းက မိစ္ဆာနှင် ဂါထာ နဲ့ စိတ်နှလုံး အေးရိပ်ဖုံး ဂါထာကိုပါ နေုင်ထပ် ရွတ်ဆိုပြီး တိမ်တောင်တန်းမြို့တော်ကို ကာရံထားလိုက် ပါသေးတယ် ။
ဝုန်း……ဝုန်း……
မိစ္ဆာချိပ်ပိတ် စိတ်နှလုံးသန့်စင် မန္တာန်ဟာ ခံစားချက် မျိုးစေ့တွေကို တားဆီးဖို့အတွက် အဆင့် မမီသေးပါဘူး ။ ပြီးတဲ့နောက်မှာတော့ မိစ္ဆာနှင် ဂါထာ နဲ့ စိတ်နှလုံး အေးရိပ်ဖုံး ဂါထာတို့ဟာလည်း တစ်စစီ ပြိုကွဲသွားခဲ့ပါပြီ ။
ဒါပေမဲ့လည် ကံကောင်းတာ တစ်ခုကတော့ ခံစားချက် မျိုးစေ့စွမ်းအားတွေ အကုန်လုံးနီးပါးဟာ ဂါထာ၊မန္တာန် အလွှာသုံးခုနဲ့ အဆင့်၈ အကာအကွယ် ဝင်္ကပါ အစီအရင်တွေကြောင့် ပျက်ပြယ်သွားတာပါပဲ ။
" ခွေးမသား …… မျိုးမစစ်ကောင် "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ လီဖူချန်းရဲ့ လုပ်ရပ်ကိုကြည့်ပြီး ဒေါသက ငယ်ထိပ်အထိ တက်ဆောင့် သွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ခန္ဓာကိုယ်ကနေပြီး လူသတ်ငွေ့တွေဟာ တထောင်းထောင်း ထလာပါတာ့တယ် ။
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို ဘယ်သူကမှ သည်လောက်အထိ ဒေါသထွက်အောင် မလုပ်ခဲ့ဖူးပါဘူး ။ လီဖူချန်းက တကယ့်ကို ပထမဆုံးပါပဲ ။
" ကျေးဇူးပဲ…… ညီငယ်လေး "
တိမ်တိုက်ဧကရာဇ်က လီဖူချန်းကို ကျေးဇူးတင်စကား လှမ်းပြောလာခဲ့ပါတယ် ။
အစောပိုင်းတုန်းက သွေးလေချောက်ချားပြီး လုပ်ချင်ရာ လျှောက်လုပ်နေကြတဲ့ လူအများစုဟာ လီဖူချန်းရဲ့ အားထုတ်မှုကြောင့် တဖြည်းဖြည်း ပြန်ကောင်းလာခဲ့ကြပြီ မဟုတ်ပါလား ။
လီဖူချန်းကတော့ တိမ်တိုက်ဧကရာဇ်ရဲ့ ကျေးဇူးတင်စကားကို မခံယူဝံံ့ပါဘူး ။ သူက ရှက်ရွံ့စွာနဲ့
" ကျွန်တော်က ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို သည်အထိရောက်အောင် ခေါ်လာခဲ့မိတဲ့သူပါ ။ ကျွန်တော့်အနေနဲ့ ဆရာကြီးခေါင်းပေါ်ကို ပြသနာထုပ်ကြီး တင်ပေးခဲ့မိပါတယ် ။ အဲသည်အတွက် ကျွန်တော့်အနေနဲ့ ဆရာကြီးရဲ့ ကျေးဇူးတင်မှုကို မခံယူဝံ့ပါဘူး " လို့ ပြန်ပြောလိုက်ပါတယ် ။
တိမ်တိုက်ဧကရာဇ်က ခေါင်းခါလိုက်ပြီး
" မဆိုင်ဘူး ။ သည်ခံစားချက် ခုနစ်ပါးသိုင်း ဧကရာဇ်က လုပ်ချင်ရာ လျှောက်လုပ်တတ်တဲ့လူ ။ အခုဖြစ်တဲ့ ပြသနာက သူ့ကြောင့် ဖြစ်တာပဲ "
တကယ်လို့ လူတိုင်းကသာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်လို အထိန်းအကွပ် မရှိ ၊ လုပ်ချင်ရာ လျှောက်လုပ်နေမယ် ဆိုရင် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ဟာ သွေးချောင်း စီးနေတော့မှာပါ ။ ဒါမျိုးကိုတော့ တိမ်တိုက်ဧကရာဇ်က ဘယ်လိုမှ လက်မခံနိုင်ပါဘူး ။
အဲသည်အချိန်မှာပဲ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ တစ်စခန်း ပြန်ထလာပြန်ပါတယ် ။
" မင်းတို့ကောင်တွေ ဘယ်လောက် ကာကွယ်နိုင်မလဲ ဆိုတာကို ကြည့်ကြသေးတာပေါ့ "
ခံစားချက် ခုနစ်ပါး နတ်ဘုရားသိုင်းကို လေ့ကျင့်ပြီးကတည်းက ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ ဘာကိုမှ အလေးအနက် မထားတော့ပါဘူး ။ သူက အရာရာကို သူ့စိတ်တိုင်းကျ အတိုင်းသာ ပြုမူဆောင်ရွက်တော့တာပါ ။
" ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် …… အခုချက်ချင်း ငါ့ရဲ့ ပိုင်နက်ထဲက ထွက်သွားစမ်း ။ ဒါမှမဟုတ်ရင်တော့ မင်းဘယ်တော့မှ ထွက်ဖို့ မစဉ်းစားနဲ့တော့ "
အဲသည်အချိန်မှာပဲ တိမ်တောင်တန်းမြို့တော်ရဲ့ ဝင်္ကပါ အစီအရင်ဟာ အလိုအလျောက် အသက်ဝင်လာပြီး တန်ခိုးရှင် နတ်ဘုရားတစ်ပါးနဲ့ ဆင်တူလှတဲ့ ပုံရိပ်တစ်ခုဟာ ကောင်းကင်ယံထက်မှာ ထွက်ပေါ်လာပါတော့တယ်။
" အဆွေး ဧကရာဇ် "
ပုံရိပ်ကို မြင်လိုက်တဲ့ အခါမှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ မျက်နှာ ပျက်သွားခဲ့ပါပြီ ။
အဆွေးဧကရာဇ် ဆိုတာက မျောလွင့်ကောင်းကင်တောင်ရဲ့ အာဏာရှင် ဖြစ်ပြီး မဟာ ဧကရာဇ် တစ်ပါးလည်း ဖြစ်ပါတယ် ။
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က တိမ်တိုက် ဧကရာဇ်ကို မကြောက်ပေမယ့် အဆွေး ဧကရာဇ်ရှေ့မှာတော့ မြောက်ကြွ၊မြောက်ကြွ မလုပ်ရဲပါဘူး ။ တကယ်လို့ အဆွေးဧကရာဇ်ကို ရန်စမိမယ် ဆိုရင်တော့ ဝိညာဉ်ဧကရာဇ်လည်း အချိန်မီ လာရောက် ကယ်တင်နိုင်မှာ မဟုတ်ဘူး ဆိုတာကို ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် အနေနဲ့ ကောင်းကောင်းကြီး သိထားပြီးသားပါပဲ ။
" သူက မျောလွင့်ကောင်းကင်တောင်ရဲ့ အရှင်သခင်လား "
လီဖူချန်းရဲ့ မျက်နှာကလည်း လေးနက် တည်ကြည်နေခဲ့ပါပြီ ။
ကြေးခွံဖြူ ကုန်းမြေတိုက်မှာတုန်းက သူဟာ မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ပွဲဝင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာနဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ် ။ သူက အခုလို မျောလွင့်ကောင်းကင်တောင်ရဲ့ ကာကွယ်မှုကို ရရှိလိမ့်မယ်လို့ လုံးဝ မတွေးခဲ့ဖူးပါဘူး ။
" အဆွေးဧကရာဇ်ကို လေးစားတဲ့ အနေနဲ့ ကျုပ် ထွက်သွားပေးပါ့မယ် "
စကားဆုံးတဲ့ နောက်မှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ ပျောက်ကွယ်သွားခဲ့ပါပြီ ။
တစ်ချိန်တည်းမှာပဲ အဆွေး ဧကရာဇ်ရဲ့ ပုံရိပ်ဟာလည်း ပျောက်ကွယ် သွားခဲ့ပါတယ် ။
သည်ပုံရိပ်ကတော့ တိမ်တောင်တန်းမြို့ ပျက်စီးမယ့် အခြေအနေမျိုးကို ကာကွယ်ဖို့အတွက် အဆွေးဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ အမှတ်အသား တစ်ခုပါပဲ ။ တကယ်လို့သာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် အနေနဲ့ ပုံရိပ်ရဲ့ သတိပေး စကားကို နာမခံဘူး ဆိုရင်တော့ အဆွေး ဧကရာဇ်ဟာ တိမ်တောင်တန်းမြို့ကို ပုံရိပ်ကနေ တည်နေရာ ရွှေ့ပြောင်းလာမှာ ဖြစ်ပြီး သူ့ကို သတ်ဖြတ်သွားမှာ ဖြစ်ပါတယ် ။
***