← Chapters

ဓားနှလုံးသားရဲ့ အစွမ်း

Vol. 48 Ch. 654

ဓားနှလုံးသားရဲ့ အစွမ်း

Vol. 48 Ch. 654

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ပိတ်ခါနီး အချိန်မှာတော့ လူအားလုံးဟာ စတင်ပြီး ထွက်ခွာသွားခဲ့ကြပါပြီ ။

သူတော်စင် အထိမ်းအမှတ် မြက်ရိုင်းလွင်ပြင် ……

" မိတ်ဆွေလေး …… ဦးလေးရဲ့ သားဆီကနေပြီး ကြားတာတော့ မိတ်ဆွေလေးက လဝန်းနီ အင်ပိုင်ယာကဆို ။ ဘယ်လိုဖြစ်ပြီး မိတ်ဆွေလေးက လဝန်းနီ အင်ပိုင်ယာကနေ ထွက်သွားတာလဲ ။ မိတ်ဆွေလေးက လဝန်းနီ အင်ပိုင်ယာကို ပြန်မလာတော့ဘူးလား ။ တကယ်လို့ မိတ်ဆွေလေး အနေနဲ့ လဝန်းနီ အင်ပိုင်ယာကို ပြန်လာမယ် ဆိုရင် ဦးလေးက မိတ်ဆွေလေးကို ကြယ်၅ပွင့် ဘုရင်ဆိုတဲ့ ဂုဏ်ထူးကို ပေးနိုင်တယ်နော် ။ အဲသည် ဂုဏ်ထူးနဲ့ဆိုရင်တော့ မိတ်ဆွေလေး အနေနဲ့  တခြားသူတွေ အန္တရာယ်ပြုမှာကို ကြောက်နေစရာ မလိုတော့ဘူး "

့မြက်ရိုင်းလွင်ပြင်ကို လီဖူချန်း ရောက်တာနဲ့ တစ်ပြိုင်နက် လဝန်းနီ ဧကရာဇ်ရဲ့ အသံဟာ သူ့ရဲ့နားထဲ တိုးဝင်လာခဲ့ပါတယ် ။

ကြည့်ရတာတော့ လဝန်းနီ ဧကရာဇ်က သူရောက်လာတာကို စောင့်နေတဲ့ ပုံပါပဲ ။

သူ့အနေနဲ့ လီဖူချန်းကို လဝန်းနီ အင်ပိုင်ယာထဲ ဝင်ဖို့ ဆွယ်တာကလည်း သိပ်မထူးဆန်းလှပါဘူး ။ လက်ရှိ လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာက လဝန်းနီ အင်ပိုင်ယာရဲ့ ဘယ်ထိပ်တန်း ပါရမီရှင်ထက်ကိုမဆို သိသိသာသာကြီး ကောင်းမွန်နေတာ မဟုတ်ပါလား ။

လီဖူချန်းက လဝန်းနီ ဧကရာဇ်ရဲ့ ကမ်းလှမ်းမှုကို ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်လိုက်ပါတယ် ။

"လဝန်းနီ ဧကရာဇ် ခင်ဗျား ……အခုလို ကမ်းလှမ်းတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် ။ဒါပေမဲ့ ကျွန်တော်က မျောလွင့်ကောင်းကင်တောင်မှာပဲ အခြေချဖို့ ဆုံးဖြတ်ပြီးပါပြီ "

ကြယ်၅ပွင့် ဘုရင် ……

သည်ဂုဏ်ထူးက အတော်လေး မြင့်မားလှတဲ့ အဆင့်အတန်း တစ်ခုပါပဲ ။

လဝန်းနီ အင်ပိုင်ယာမှာဆိုရင် သာမန် မြို့တစ်မြို့ရဲ့ မြို့စားတွေဟာ ကြယ်၁ပွင့် ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြပြီး မြို့ကြီး၊ပြကြီးတွေကို အစားရတဲ့ မြို့စားတွေကတော့ ကြယ်၂ပွင့် ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြပါတယ် ။  စီရင်စုတွေကို အစားရတဲ့ နယ်စားတွေကတော့ ကြယ်၃ပွင့် ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြပြီး ကြယ်၄ပွင့် ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်တွေကတော့ မရှိသလောက်ပါပဲ ။

ဒါကိုမှ လဝန်းနီ ဧကရာဇ်က လီဖူချန်းကို ကြယ်၄ပွင့် ဘုရင်တွေထက် အဆင့်အတန်း တစ်ဆင့် ပိုမြင့်တဲ့ ကြယ်၅ပွင့် ဘုရင်ဆိုတဲ့ ဂုဏ်ထူးကို ပေးချင်နေတာ ဖြစ်ပါတယ် ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ လဝန်းနီ အင်ပိုင်ယာရဲ့ သမိုင်းတစ်လျှောက်မှာ ကြယ်၅ပွင့် ဘုရင်ဆိုတဲ့ ဂုဏ်ထူးကို လဝန်းနီ ဧကရာဇ်ရဲ့ ကလန်က တိုက်ခိုက်ရေး ဧကရာဇ်တွေကိုကလွဲပြီး တခြား ဘယ်သူ့ကိုမှ မပေးဖူးဘူး ဆိုတာပါပဲ ။

သည်အချက်နဲ့တင် လဝန်းနီ ဧကရာဇ်ဟာ လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာအပေါ် ဘယ်လောက်အထိ တန်ဖိုး ထားသလဲ ဆိုတာကို သိနိုင်နေပါပြီ ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ကြယ်၅ပွင့် အဆင့် ဘုရင် မကလို့ ကြယ်၆ပွင့် ၊ကြယ်၇ပွင့် အဆင့် ဘုရင်ဆိုတဲ့ ဂုဏ်ထူးပေးလည်း လဝန်းနီ အင်ပိုင်ယာအပေါ် စိတ်မဝင်စားတော့ပါဘူး ။

" မိတ်ဆွေလေး …… ဦးလေးရဲ့ ကမ်းလှမ်းချက်ကို သည်လောက် အမြန်ကြီး အဖြေပေးဖို့ မလိုပါဘူး ။ မိတ်ဆွေလေ အနေနဲ့ အေးအေးဆေးဆေး အချိန်ယူပြီး စဉ်းစားပါဦး ။ ပြီးမှ ဦးလေးကို ပြန်ပြီး အဖြေပေးပေါ့ "

လဝန်းနီ ဧကရာဇ်က လီဖူချန်းရဲ့ ငြင်းပယ်မှုကို လုံးဝ လက်မခံပါဘူး ။ သူက ချိုသာစွာနဲ့ လီဖူချန်းကို ငြင်းလို့ မရအောင် ဖိအား ပေးလာခဲ့ပါတယ် ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ လဝန်းနီ ဧကရာဇ်က လီဖူချန်းရဲ့ ဆုတ်လမ်း မှန်သမျှကို ပိတ်ဆို့ထားခဲ့ပါပြီ ။

" လဝန်းနီ ဧကရာဇ်…… ခင်ဗျား ဒါဘာလုပ်တာလဲ "

အဲသည်အချိန်မှာပဲ အဆွေး ဧကရာဇ်က ဒေါသတကြီးနဲ့ လှမ်းအော်လာခဲ့ပါတော့တယ် ။

သူက ဟင်းလင်းပြင်တာအို ဥပဒေသကို ကျွမ်းကျင်သူ ဖြစ်တဲ့အတွက် လဝန်းနီ ဧကရာဇ်ရဲ့ လီဖူချန်းအပေါ် တိတ်တဆိတ် ကမ်းလှမ်းမှုကို မကြားဘဲ မနေပါဘူး ။

လဝန်းနီ ဧကရာဇ်ကတော့ ခပ်တည်တည်ပါပဲ ။

" အဆွေး ဧကရာဇ် ခင်ဗျားဟာက မလွန်လွန်းဘူးလား ။ သူက ခင်ဗျားတို့ မျောလွင့်ကောင်းကင်တောင်ကတောင် မဟုတ်သေးဘူးလေ "

အဆွေးဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။

" ဘယ်သူက  မျောလွင့်ကောင်းကင်တောင်က မဟုတ်တာလဲ ။ လီဖူချန်းက  မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်မျိုးဆက် တပည့် ဖြစ်နေပြီကွ "

တစ်ဆက်တည်းမှာပဲ သူက  လီဖူချန်းကို လိပ်ပြာ အသိစိတ် အာရုံနဲ့ လှမ်းဆက်သွယ်ပြီး ပြောလိုက်ပါသေးတယ် ။

" လီဖူချန်း …… ငါတို့ မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်တပည့်ဆိုတဲ့ အဆင့်အတန်းနဲ့ ပတ်သက်ပြီး ဘာမှ စိတ်ပူမနေနဲ့ ။ ငါက မင်းကို လဝန်းနီ ဧကရာဇ် လက်ထဲကနေ ကယ်ပေးတာ ။ နောက်ကျရင် မင်းအနေနဲ့ မျောလွင့်ကောင်းကင်တောင်ကို လာချင်လည်း ရတယ် ။ ထွက်သွားချင်လည်း ရတယ် ။ မျောလွင့်ကောင်းကင်တောင်က မင်းအပေါ်မှာ ဘာအချုပ်အနှောင်မှ ထားမှာ  မဟုတ်ဘူး "

လီဖူချန်းက ငတုံး၊ငအ တစ်ယောက် မဟုတ်ပါဘူး ။ သူက အဆွေး ဧကရာဇ်ရဲ့ စကား ဆုံးတာနဲ့ တစ်ပြိုင်နက် လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေ ပေးလိုက်ပါတယ် ။

" တပည့် လီဖူချန်းက တောင်အရှင်သခင်ကို ဂါဝရ ပြုပါတယ် "

" ဟား……ဟား……ဟား…… မဆိုးဘူး …… မဆိုးဘူး "

အဆွေး ဧကရာဇ်ကလည်း အားရပါးရ ရယ်ပြီး လီဖူချန်း အရိုအသေပေးတာကို ခံယူလိုက်ပါတယ် ။

လီဖူချန်းဆီမှာ လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာကို သူက သိပြီးသားပါပဲ ။ ဒါပေမဲ့လည်း လောကပေါ်မှာ ဘယ်သူက လျှို့ဝှက်ချက် မရှိလို့လဲ ။

အဆွေး ဧကရာဇ်ရဲ့ အမြင်မှာတော့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ တကယ်ကို တန်ဖိုးထားထိုက်လှပါတယ် ။

" ဟမ့် "

လီဖူချန်းရဲ့ အရိုအသေပေးမှုကို မြင်ပြီးတဲ့ အခါမှာတော့ လဝန်းနီ ဧကရာဇ်ဟာ အကျီ ၤ လက်စကို ခါပြီး ထွက်သွားခဲ့ပါပြီ ။

"အခုလို အစွမ်းထက်တဲ့ တပည့်တစ်ယောက် ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်…… အဆွေး ဧကရာဇ် "

ဆူးပန်း ဧကရာဇ်က အဆွေး ဧကရာဇ်ကို လှမ်းပြီး ဂုဏ်ပြုလိုက်ပါတယ် ။

အဆွေး ဧကရာဇ်ကလည်း ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စကား ပြန်ပြောလိုက်ပါတယ် ။

" မျောလွင့်ကောင်းကင်တောင် ဘက်ကနေ ရပ်တည်ပေးခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး …… ဆူးပန်း ဧကရီ "

ဧကရာဇ် ကောင်းမြေတိုက်ရဲ့ အဓိက အင်အားစုကြီး ခုနစ်ခုထဲမှာ ဆိုရင် အားလုံးနီးပါးဟာ သံတမန် ရေးရာအရ အချင်းချင်း မိတ်ဆွေဖွဲ့ထားပြီးကြပါပြီ ။

လဝန်းနီ အင်ပိုင်ယာ နဲ့ နေဝန်းပြာ အင်ပိုင်ယာ ၊ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း နဲ့ နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်း ၊ ဆူးပန်း အင်ပိုင်ယာ နဲ့ မျောလွင့်ကောင်းကင်တောင်တို့ဟာ အချင်းချင်း သံတမန်ရေးရာအရ မိတ်ဆွေ ဖွဲ့ထားသူတွေပါပဲ ။

ဆူးပန်းဧကရီက ပြုံးရယ်နေရာကနေ ရုတ်တရက် မျက်နှာ တည်သွားပြီး အဆွေး ဧကရာဇ်ကို တိတ်တဆိတ် သတိပေးလာခဲ့ပါတယ် ။

" ဝိညာဉ် ဧကရာဇ်ကို သတိထား "

ဆူးပန်း ဧကရီ သတိမပေးရင်တောင်မှ အဆွေး ဧကရာဇ်က ဝိညာဉ် ဧကရာဇ်ရဲ့ မူမမှန်မှုတွေကို သတိပြုမိပြီးသားပါပဲ ။

" အင်း …… ကျုပ် ရိပ်မိပါတယ် "

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ပိတ်သွားတဲ့ နောက်မှာတော့ အဓိက အင်အားစုကြီးတွေ အကုန်လုံးဟာ လမ်းခွဲသွားခဲ့ကြပါပြီ ။ ဝိညာဉ် ဧကရာဇ်ကတော့ မပြန်ခင်မှာ လီဖူချန်းကို အဓိပါ္ပယ် ဖော်ဆောင်ရ ခက်ခဲလွန်းတဲ့ အကြည့်တွေနဲ့ ကြည့်သွားပါေoတယ် ။

………

-မျောလွင့်ကောင်းကင်တောင်၊ပင်မခန်းဆောင်-

" အခုချိန်ကစပြီး လီဖူချန်းက ငါတို့ မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်မျိုးဆက်က တပည့်တစ်ယောက် ဖြစ်သွားပြီ ။ တိမ်တိုက် ဧကရာဇ် …… ခင်ဗျားက လီဖူချန်းနဲ့ ခင်မင်ရင်းနှီးစွဲ ရှိပြီးပြီးဆိုတော့ သူ့ရဲ့ ကိစ္စအဝဝကို  တာဝန်ယူလိုက် "

မျောလွင့်ကောင်းကင်တောင်ကို ပြန်ရောက်တဲ့ အခါမှာတော့ အဆွေး ဧကရာဇ်က အကြီးအကဲတွေ အားလုံးကို စုစည်းပြီး ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ် ။

" ဟုတ်ကဲ့ပါ …… တောင်အရှင်သခင် "

တိမ်တိုက် ဧကရာဇ်အတွက် လီဖူချန်းရဲ့ ကိစ္စ အဝဝကို တာဝန်ယူရတာက ဘာမှ အပန်းမကြီးလှပါဘူး ။

သည်တစ်ခေါက် သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေမှာ သူရလာတဲ့ အကျိုးကျေးဇူးတွေအားလုံးက လီဖူချန်းကြောင့်ပဲ မဟုတ်ပါလား ။

အဲသည်အတွက် တိမ်တိုက် ဧကရာဇ်က  လီဖူချန်းကို တာဝန်ယူဖို့ကို ဝမ်းပန်းတသာနဲ့ လက်ခံလိုက်ပါတယ် ။

လီဖူချန်းအတွက်ကတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်မျိုးဆက် တပည့် ဖြစ်လာတာက ဘာမှ သိပ်အရေးမကြီးတဲ့ အရာပါပဲ ။ အခုလောလောဆယ်မှာတော့ သူ့အတွက် အရေးအကြီးဆုံးက ဓားနှလုံးသားကလွဲပြီး တခြားအရာ မရှိပါဘူး ။

" ဓားနှလုံးသားဆိုတာ ဒါလား "

လီဖူခနေ်းပ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတာကို ခံစားနေရပါတယ် ။

အဲသည်အရာက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေနဲ့ ဆင်တူပြီး အဲဒါက ဥပဒေသ တစ်ခုကို ကိုယ်စားပြုနေပုံလည်း ရပါတယ် ။

တကယ်လို့ သူထင်တာသာ မမှားဘူး ဆိုရင်တော့ ဓားနှလုံးသား ဆိုတာက ဓားတာအိုကို ကိုယ်စားပြုနေတဲ့ အရာပါပဲ ။ ပြီးတော့ အဲဒါက ကိုယ်ပိုင် အမှတ်အသား တစ်ခုလည်း ဖြစ်ရပါမယ် ။

" ပြတ်စမ်း "

လီဖူချန်းက သူ့ရဲ့ ဓားနှလုံးသားကို စမ်းသပ်ကြည့်ချင်တဲ့အတွက်  မြေကမ္ဘာ အထွတ်အထိပ် အဆင့် လက်နက်တစ်ခုကို ထုတ်ယူပြီး လက်ညှိုးနဲ့ ညွှန်ကြည့်လိုက်ပါတယ် ။

" ရွှမ်း "

အဲသည်နောက်မှာတော့ ဓားအလင်းတန်း တစ်ခုဟာ သူ့ရဲ့ လက်ညှိုးကနေ ထွက်ပေါ်လာပြီး မြေကမ္ဘာ အထွတ်အထိပ် အဆင့် လက်နက်ကို နှစ်ပိုင်း  ပိုင်းဖြတ်သွားခဲ့ပါပြီ ။

" ဟား……ဟား…… ငါ့ရဲ့ ဓားတာအို အစွမ်းက နဂိုထက် သုံးဆတောင် ပိုအစွမ်းထက်လာတာပဲ "

လီဖူချန်းရဲ့ မျက်လုံးတွေက ဝမ်းသာအားရမှုတွေကြောင့် အရောင်တဖိတ်ဖိတ် တောက်နေပါတော့တယ် ။

သူ့ရဲ့ အားကောင်းလွန်းလှတဲ့ စိတ်ဝိညာဉ်က ဓားနှလုံးသား ရှိတာနဲ့ ၊ မရှိတာနဲ့ကြားက ကွာခြားချက်ကို မခံစားမိဘဲ မနေပါဘူး ။

ဓားနှလုံးသားကို မရခင်တုန်းက ဆိုရင် သူက ကောင်းကင်နဲ့မြေကြီးကြားမှာ ရှိတဲ့ ဓားတာအို ဥပဒေသကို လမ်းကြောင်းပြပြီး တိုက်ခိုက်ဖို့ လုပ်ရတာပါ ။ အဲသည်လို လုပ်ရတာက သူ့ရဲ့ ချီစွမ်းအားတွေကို အတော်လေး ကုန်ခန်းစေပါတယ် ။

ဒါပေမဲ့ အခုတော့ အရာရာဟာ ကွဲပြား ခြားနားသွားခဲ့ပါပြိ ။ သူ့ရဲ့ ဓားနှလုံးသားက သူနားလည် သဘောပေါက်ထားတဲ့ ဓားတာအို ဥပဒေသပါပဲ ။ အဲသည်အတွက် သူက ရန်သူကို တိုက်ရိုက် တိုက်ခိုက်နိုင်ပါတယ် ။ ဥပဒေသကို လမ်းကြောင်းပြစရာ မလိုတော့တဲ့အတွက် သူ့ရဲ့ ချီစွမ်းအားတွေကလည်း အလဟသ ကုန်ခန်းစရာ မလိုတော့ပါဘူး ။

" သည်အတိုင်းဆိုရင် ငါက ငါ့ရဲ့ ဓားဆန္ဒကို ကြိုက်သလို ထုတ်သုံးလို့ ရပြီပေါ့ "

ရွှီး……

လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်ရုံပဲ ရှိပါသေးတယ် ။ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်က အလိုလို ပေါ်ထွက်လာပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်နေခဲ့ပါပြီ ။

" မင်းဘယ်လောက် အစွမ်းထက်လာပြီလဲ ဆိုတာ ငါစမ်းကြည့်ဦးမယ် "

လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို ခုတ်ကြည့်လိုက်ပါတယ် ။

ထန်……

မီးပွင့်လေးတွေ ထွက်လာပြီးတဲ့ နောက်မှာတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ ပြန်ကန်ထွက်သွားခဲ့ပါပြီ ။

" သည်အတိုင်း ဆိုရင်တော့ အဆင့်နိမ့် ဧကရာဇ်တွေတောင်မှ ငါ့ရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို အချိန်တို အတွင်းမှာ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး "

လီဖူချန်းက အစောပိုင်းက ခုတ်ချက်ထဲမှာ သူ့ရဲ့ ချီအတွင်းအား ခုနစ်ဆယ် ရာခိုင်နှုန်းနီးပါး ထုတ်သုံးထားခဲ့တာပါ ။ သူ့ရဲ့ ချီအတွင်းအား ခုနစ်ဆယ် ရာခိုင်နှုန်း ဆိုတာက သာမန် အဆင့်နိမ့် ဧကရာဇ်တွေထက်ကို အများကြီး ပြင်းထန်ပါတယ် ။

" ငါ့ရဲ့ ဓားဆန္ဒတွေ အကုန်လုံးကို ထုတ်လိုက်ရင်ကော "

နောက်ထပ် အတွေးပေါ်လာတဲ့ နောက်မှာတော့ ဖျက်ဆီးခြင်း အရှိန်အဝါ အပြည့်နဲ့ ဓားဆန္ဒ တစ်ခုဟာ လီဖူချန်းရဲ့ ကိုယ်ထဲကနေပြီး ထွက်ပေါ်လာပြန်ပါတယ် ။

ချွမ်…… ချွမ်…… ချွမ်……

လီဖူချန်းကို ဗဟိုပြုထားတဲ့ ပတ်ဝန်းကျင်ဟာ ကွဲကြေသွားတဲ့ မှန်တစ်ချက်လိုပါပဲ ။ ယုတ်စွအဆုံး မြေပြင်ကြီးတောင်မှ အက်ကွဲရာတွေ အထပ်ထပ် ဖြစ်သွားခဲ့ပါပြီ ။

ဒါကတော့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားဆန္ဒကလွဲပြီး တခြား မရှိပါဘူး ။

ရှဲ………

ပြီးတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးကို ငရဲတစ်ခုအလား ထင်မြင်သွားစေရလောက်တဲ့ လောင်ကျွမ်းခြင်း ဓားဆန္ဒ ၊ အဲသည်နောက်မှာတော့ လေနတ်ဘုရားရဲ့ ဒေါသ ဓားဆန္ဒတို့က ထပ်ပြီး ထွက်ပေါ်လာပြန်ပါတယ် ။

" ဓားတာအို ဥပဒေသက ညွှန်ကြားပေးဖို့ မလိုဘူး ။ ဒါပေမဲ့ ဟင်းလင်းပြင် ဥပဒေသ ၊ မီးတာအို ဥပဒေသနဲ့ လေတာအို ဥပဒေသတွေကိုတော့ ညွှန်ကြားပေးဖို့ လိုတယ် "

လက်ရှိ လီဖူချန်းမှာက အဓိက ဓားဆန္ဒခြောက်ခု ရှိပါတယ် ။ အဲဒါတွေကတော့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားဆန္ဒ ၊ ကြယ်ကြွေ ဓားဆန္ဒ ၊ လောင်ကျွမ်းခြင်း ဓားဆန္ဒ ၊ လေနတ်ဘုရားအမျက် ဓားဆန္ဒ ၊ မတည်မြဲခြင်း ဓားဆန္ဒ နဲ့ ကောင်းကင်စက်ကွင်း ဓားဆန္ဒတို့ပါပဲ ။

အဲသည် ဓားဆန္ဒ ခြောက်ခုထဲက အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်း ၊ လောင်ကျွမ်းခြင်းဓားနဲ့ လေနတ်ဘုရားအမျက် တို့မှာဆိုရင် ဓားတာအိုဥပဒေသ မပါဝင်ပါဘူး ။သူတို့ထဲမှာက ဟင်းလင်းပြင် ဥပဒေသ၊ မီးတာအို ဥပဒေသနဲ့ လေတာအို ဥပဒေသတွေပဲ ပါဝင်ပါတယ် ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဒါက သိပ်ပြီး မထူးဆန်းလှပါဘူူး ။ လီဖူချန်းက ဓားတာအို နှလုံးသားကိုသာ ဖွဲ့စည်းထားနိုင်တာ မဟုတ်ပါလား ။

အဲသည်အတွက်ကြောင့်ပဲ သူက ဟင်းလင်းပြင် ဥပဒေသ၊ မီးတာအို ဥပဒေသနဲ့ လေတာအို ဥပဒေသတို့ကို စိတ်ရှိသလို မသုံးစွဲနိုင်တာပါ ။

အဲသည်အတွက်ကြောင့် သည်ဓားဆန္ဒတွေကို ထုတ်သုံးတဲ့ အခါ ချီစွမ်းအင်တွေ ပိုပြီး ကုန်ခန်းရပါလိမ့်မယ် ။

တခြားနည်းနဲ့ ပြောရမယ် ဆိုရင်တော့ သည်ဓားဆန္ဒ သုံးခုဟာ တန်ခိုးစွမ်းအား အရာမှာ တခြား ဓားဆန္ဒ သုံးခုထက် အားနည်းသွားခဲ့ပါပြီ

" ဓားတာအို နှလုံးသားမှာလည်း တခြားအစွမ်းတွေ ပေါင်းထည့်လို့ ရတယ် ။ ငါ့ရဲ့ အရင်သခင်ဆိုရင် ဟင်းလင်းပြင်း ဓားနှလုံးသားကို ဖွဲ့စည်းခဲ့တာ "

ရုတ်တရက် ဆိုသလိုပဲ ဓားဝိညာဉ်ရဲ့ အသံက လီဖူချန်းရဲ့ နားထဲကို ဝင်လာခဲ့ပါတယ် ။

" ဓားနှလုံးသားက တခြားအစွမ်းတွေ ပေါင်းထည့်လို့ ရတာလား "

ဓားဝိညာဉ်ရဲ့ စကားကို လီဖူချန်းက သိပ်ပြီး နားမလည်ပါဘူး ။

ဓားဝိညာဉ်က ပြန်ရှင်းပြလာခဲ့ပါတယ် ။

" ဒါပေါ့ကွ ။ ဓားနှလုံးသားမှာ အစွမ်းတွေ ပေါင်းထည့်လို့ ရတယ် ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အရာ တစ်ခုက သန့်စင်လေလေ အဆုံးမှာ ပိုအစွမ်းထက်လေလေပဲ ။ ဒါပေမဲ့ အရာအားလုံးမှာ အားသာချက်နဲ့ အားနည်းချက်ဆိုတာ ရှိတယ် ။သည်ဓားရဲ့ အရင်သခင်က ဟင်းလင်းပြင်ဓားနှလုံးသားကို ပိုင်ဆိုင်ထားတာဆိုတော့ အဲသည်လမ်းကို လိုက်ရင် မင်းအတွက် ပိုနားလည်ရ လွယ်ကူတာပေါ့ ။ဒါပေမဲ့ ဓားနှလုံးသား စစ်စစ်ကို ကျင့်ကြံမလား ၊ဟင်းလင်းပြင် ဓားနှလုံးသားကို ကျင့်ကြံမလား ဆိုတာကိုတော့ မင်းဘာသာ စိတ်ကြိုက် ရွေးလို့ ရပါတယ် "

ဓားဝိညာဉ်က လီဖူချန်းကို ဘာလုပ်ရမယ် ဆိုပြီး နည်းပေးလမ်းညွှန်ဖို့ စိတ်ကူး မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့  လီဖူချန်းဟာ ကိုယ်ပိုင်ရွေးချယ်နိုင်စွမ်း ရှိတယ်လို့ သူ့အနေနဲ့ ယုံကြည်ထားလို့ပါပဲ ။ တကယ်လို့ လီဖူချန်းက ဒါလေးကိုတောင် ရွေးချယ်နိုင်စွမ်း မရှိဘူးဆိုရင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ပိုင်ရှင် ဖြစ်ဖို့ ဘယ်လိုမှ မထိုက်တန်ပါဘူး ။

" ဒါဆိုရင် ကျွန်တော်က သန့်စင်တဲ့ လမ်းစဉ်ကိုပဲ လိုက်တော့မယ် "

သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာတော့ လီဖူချန်းက ဓားနှလုံးသားစစ်စစ်ကိုပဲ ရွေးချယ်လိုက်ပါတယ် ။

အခုလို ရွေးချယ်လိုက်တာက သူ့အနေနဲ့ သန့်စင်လွန်းတဲ့ အရာတွေကို ကြိုက်လွန်းလို့တော့ မဟုတ်ပါဘူး ။ သူက ဓားနှလုံးသားကို တခြားဥပဒေသတွေ ပေါင်းထည့်တာက မဖြစ်သင့်ဘူးလို့ ခံစားမိလို့ပဲ ။

ဓားဆိုတာက ဓားသီးသန့်သာ ဖြစ်သင့်တာ မဟုတ်ပါလား ။

ဟုတ်ပါတယ် ။ သူ့အနေနဲ့ သန့်စင်တဲ့ လမ်းစဉ်ကို ရွေးချယ်လိုက်တာက ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ မတူညီတဲ့ လမ်းကို ရွေးချယ်လိုက်တာနဲ့ အတူတူပါပဲ ။

ဘုံခုနစ်ဆင့် ကောင်းကင်ဓားကတော့ သူ့ကို ဟင်းလင်းပြင် ဥပဒေသပါဝင်တဲ့ ဓားသိုင်းတွေပဲ ထုတ်ပေးလောက်ပါတယ် ။

အဲသည်အချိန်မှာပဲ ဓားဝိညာဉ်က ပြောလာပြန်ပါတယ် ။

"ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ တန်ဖိုးအရှိဆုံး အရာက ဓားကိုယ်တိုင်ပဲ ။ ဓားသခင် ချန်ထားခဲ့တဲ့ ဓားသိုင်းတွေ မဟုတ်ဘူး ။ အဲဒါကို တစ်နေ့မှာ မင်းနားလည်လာပါလိမ့်မယ် ။ အဲသည်အတွက် မင်းရဲ့ ရွေးချယ်မှုအတွက် ဘာမှ စိုးရိမ်မနေနဲ့ ။ ရှင်းရှင်းပြောရမယ် ဆိုရင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ လျှို့ဝှက်ချက်တွေကို အရင်သခင်တောင်မှ ကုန်စင်အောင် မဖော်နိုင်ခဲ့ဘူး "

ဓားဝိညာဉ်က ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ အစောင့်အရှောက် ဆိုပေမယ့် ဘုံခုနစ်ဆင့် ကောင်းကင်ဓား တစ်ခုလုံးကို ကိုယ်စားပြုနေတာ မဟုတ်ပါဘူး ။ အဲသည်အတွက် ဓားနဲ့ ပတ်သက်ပြီး သူမသိတဲ့ အပိုင်းတွေလည်း ရှိပါသေးတယ် ။

***

All Chapters