← Chapters

မိတ်ဆွေဟောင်းတွေ

Vol. 48 Ch. 655

မိတ်ဆွေဟောင်းတွေ

Vol. 48 Ch. 655

ဓားနှလုံးသားကို ဖွဲ့စည်းပြီးတဲ့နောက်မှာတော့ ဓားတာအို ဥပဒေသကို ဆင်ခြင်သုံးသပ်ရတာဟာ လီဖူချန်းအတွက် အတော်လေး လွယ်ကူလာခဲ့တယ်လို့ ဆိုရပါမယ် ။

အဲသည်အတွက် တစ်လအကြာမှာတော့ လီဖူချန်းဟာ နတ်မီးတောက်ဓား ကျင့်စဉ်ရဲ့ အဆင့် ၃၉ကို တီထွင်နိုင်ခဲ့ပါတယ် ။

အခုအချိန်မှာတော့ လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်စဉ်ဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေနဲ့ကို ယှဉ်နိုင်နေပါပြီ ။

( မဟာ ဧကရာဇ်တွေကတော့ ခြွင်းချက်ပေါ့လေ ။)

သူသိသလောက် ဆိုရင်တော့ မဟာ ဧကရာဇ်တွေဟာ ကောင်းကင် အလယ်အလတ် အဆင့် ကျင့်စဉ်တွေကို ကျင့်ကြံထားကြပြီး ကောင်းကင်အလယ်အလတ် အဆင့် ကျင့်စဉ်တွေရဲ့ အမြင့်ဆုံး အဆင့်ကတော့ ၃၉ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း မဟာ ဧကရာဇ်တွေ ဆိုတာက အဘက်ဘက်မှာ ထူးချွန်ကြသူတွေ ဖြစ်တဲ့အတွက် အဲသည်အဆင့်ထက် မြင့်တဲ့ အဆင့်တွေကို တီထွင်နိုင်ကြမှာ အသေအချာပါပဲ ။ မဟာ ဧကရာဇ်တွေက ဘယ်အဆင့်အထိ တီထွင်ထားနိုင်မလဲ ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မခန့်မှန်း နိုင်ပါဘူး ။

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူ့ရဲ့ မီးတောက်နတ်ဓား ကျင့်စဉ် အဆင့်၃၉ဟာ အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်တယ် ဆိုတာပါပဲ ။

တကယ်လို့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် နဲ့ ခန္ဓာကိုယ်ကသာ အရင်ကထက် မကြံ့ခိုင်လာဘူး ဆိုရင်တော့ လီဖူချန်းအနေနဲ့ သည်မီးတောက်နတ်ဓား စွမ်းအင်တွေကို ဘယ်လိုမှ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး ။

ပြီးတော့ အခုတောင်မှ သူ့ရဲ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ စွမ်းအားတွေ ပြည့်လျှံနေမှုကြောင့် သက်တောင့်သက်သာ ရှိမနေတာကို လီဖူချန်းက ခံစားနေရပါတယ် ။

သည်အတိုင်းဆိုရင်တော့ လီဖူချန်း အနေနဲ့ သူ့ရဲ့ မီးတောက်နတ်ဓား စွမ်းအင်တွေကို အပြည့်အဝ လည်ပတ်လိုက်မယ် ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ဟာ မနိုင်ဝန် ထမ်းသလိုဖြစ်ပြီး ပေါက်ကွဲရင် ပေါက်ကွဲသွားလောက်ပါတယ် ။

အဲသည်အတွက် သူဟာ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို အရည်အသွေး မြှင့်တင်ဖို့ လိုအပ်လာခဲ့ပါပြီ ။

***

ဧကရာဇ် အဆင့် အဓိက အဖွဲ့အစည်းကြီးတစ်ခုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဟာ များပြားလှတဲ့ အခွင့်ထူးတွေကို ခံစားရပါတယ် ။ အဲသည် အခွင့်ထူးတွေထဲက တစ်ခုကတော့ ကြိုက်တဲ့ ဆေးပင်တွေကို ထောက်ပံ့ရေး ရမှတ်တွေနဲ့ လဲလှယ်ခွင့် ရှိတာပါပဲ ။

ထောက်ပံ့ရေး ရမှတ်တွေနဲ့ ပတ်သက်ရင်တော့ လီဖူချန်းအနေနဲ့ ဘာမှ စိုးရိမ်နေစရာ မလိုပါဘူး ။

အဆွေး ဧကရာဇ်က သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ စွမ်းဆောင်ပြခဲ့တဲ့ လီဖူချန်းကို  ဆုလာဘ်တစ်ခု အနေနဲ့ မယုံနိုင်လောက်အောင် များပြားတဲ့ ထောက်ပံ့ရေး ရမှတ်တွေကို ပေးခဲ့ပါတယ် ။

အဲသည် ထောက်ပံ့ရေး ရမှတ်တွေက ဘယ်လောက်အထိ များသလဲဆိုတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ အကြီးအကဲတွေတောင်မှ မနာလို ဖြစ်လာက်တဲ့ အထိပါပဲ ။

သည်လိုနဲ့ပဲ လီဖူချန်းဟာ မျောလွင့်ကောင်းကင်တောင်ရဲ့ အရင်းအမြစ် ဌာနကနေပြီး နှစ်တစ်ထောင် အမြစ်မဲ့ပန်းကို လဲလှယ်ရယူကာ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် အကန့်အသတ်ကို မူလပင်လယ် နယ်ပယ် အဆင့်၉ အထိ မြှင့်တင်နိုင်ခဲ့ပါတယ် ။

အဲသည်အတွက် အခုဆိုရင်တော့ လီဖူချန်းဟာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို သုံးပြီး သူ့ရဲ့ ကျင့်ကြံမှုကို မူလပင်လယ် နယ်ပယ် အဆင့်၉ကို ရောက်အောင် အေးအေးဆေးဆေး ကျင့်ကြံလို့ ရသွားခဲ့ပါပြီ ။

" တကယ်လို့ နှစ်တစ်သောင်း အမြစ်မဲ့ပန်းကို ရှာမတွေ့ဘူးဆိုရင် ငါကတော့ နောက်ထပ် ဆယ်နှစ် ကြာတာတောင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်နိုင်မယ့်ပုံ မပေါ်ဘူး "

လီဖူချန်းရဲ့ ကျင့်ကြံမှုက တအားကို မြန်လွန်းနေတဲ့အတွက် သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်က   ကျင့်ကြံမှုနောက်ကို လိုက်မမီပါဘူး။

သည်နေရာမှာ တစ်ခု သိထားရမှာတော့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ မူလပင်လယ် နယ်ပယ် အဆင့်၉ကို ရောက်ဖို့အတွက် အနည်းဆုံး အသက်၅၀ ကနေ ၁၀၀ကြား ဖြစ်နေဖို့ လိုတယ် ဆိုတာပါပဲ ။ ဒါပေမဲ့ လီဖူချန်းကတော့ အသက်၃၀ကျော်မှာပဲ မူလပင်လယ်နယ်ပယ် အဆင့်၉ကို ရောက်နေခဲ့ပါပြီ ။

သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်က အမြဲလိုလို သူ့ရဲ့ ကျင့်ကြံမှုကို နှောင့်နှေးစေတာ သဘာဝပါပဲ ။

တကယ်လို့  သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်က လုံလောက်တဲ့ အဆင့်တစ်ခုအထိ ကြံ့ခိုင်ခြင်း မရှိလို့ကတော့ သူ့ဆီမှာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး ရှိတာဖြစ်ဖြစ် ၊ သူ့ရဲ့ စိတ်ပိုင်း ဆိုင်ရာ အခြေအနေက အမြင့်ဆုံး ဖြစ်နေတာဖြစ်ဖြစ် ။ ဘာမှထူးလာမှာ မဟုတ်ပါဘူး ။ သူက မူလပင်လယ် နယ်ပယ်မှာပဲ နေနေရဦးမှာပါပဲ ။

***

လီဖူချန်းက မျောလွင့်ကောင်းကင်တောင်မှာ တစ်သက်လုံး နေထိုင်ပြီး ကျင့်ကြံသွားဖို့ စိတ်ကူး မရှိပါဘူး ။ အဲသည်အတွက် သူက မျောလွင့်ကောင်းကင်တောင်ရဲ့ အုပ်ချုပ်ခံ ဒေသတွေကို စိတ်ပြေလက်ပျောက်အဖြစ်  လေ့လာရေး ခရီး ထွက်ဖို့ ပြင်ဆင်ပါတော့တယ် ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို ရောက်ပြီးကတည်းက သူဟာ ဆက်တိုက်ဆိုသလိုပဲ ကျင့်ကြံနေရတာပါ ။ အဲသည်အတွက် သည်အချိန်က သူ့အတွက် စိတ်ထွက်ပေါက် အဖြစ် အနားယူရမယ့် အချိန်ပါပဲ ။

တစ်ခါတစ်ရံမှာတော့ ခရီးထွက်ခြင်း ဆိုတာကလည်း ကျင့်ကြံခြင်း တစ်မျိုးပဲ မဟုတ်ပါလား ။

***

သူ့ရဲ့ ခရီးစဉ်တစ်လျှောက်မှာတော့ လီဖူချန်းဟာ မျောလွင့်ကောင်းကင်တောင်ရဲ့ နာမည်ကျော် နေရာမှန်သမျှကို ရောက်အောင် သွားခဲ့ပါတယ် ။

သုက ပေတစ်သိန်းကျော် အမြင့်ရှိတဲ့ ရေတံခွန်တွေဆီကို ရောက်ခဲ့သလို အကွေ့ပေါင်း တစ်ထောင်ရှိတဲ့ မြစ်ကြီးတွေ ၊ မြင်မြင်သမျှ ပန်းတွေပဲ ဖြစ်နေတဲ့ ပန်းပေါင်းစုံတောင်တွေကိုလည်း ကျော်မသွားခဲ့ပါဘူး ။

မျောလွင့်ကောင်းကင်တောင် အုပ်စိုးတဲ့ နယ်မြေမှာတော့ ဒေသတိုင်းလိုလို ရင်သပ်ရှုမောဖွယ်ရာ လှပလွန်းတဲ့ ရှုခင်းတွေ ပိုင်ဆိုင်ထားကြတာချည်းပါပဲ ။ ဒါပေမဲ့ လီဖူချန်း သေသေချာချာ လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ အဲသည် သဘာဝ ရှုခင်းတွေဟာ မိခင်သဘာဝကြီးရဲ့ အပြောင်မြောက်ဆုံး လက်ရာတွေ ဖြစ်နေတာကို သတိပြုမိလိုက်ပါတယ် ။ အဲသည် ရှုခင်းတွေ တစ်ခုချင်းစီမှာလည်း  ထူးခြားတဲ့ ကောင်းကင်တာအို အငွေ့အသက်တွေ ကိုယ်စီ ရှိနေကြပါသေးတယ် ။

လီဖူချန်းက ခရီးစဉ်တစ်လျှောက်မှာ  နာမည်ကျော် နေရာဒေသတွေကို ရောက်ခဲ့တဲ့အပြင် ကျင့်ကြံသူတွေ အချင်းချင်းကြားက မရေမတွက်နိုင်တဲ့  သတ်ဖြတ်မှုတွေကိုလည်း ကြုံခဲ့ရပါသေးတယ် ။

တကယ်လို့ နှစ်ဖက်စလုံးက ညီမျှနေရင်တော့ လီဖူချန်းက ဝင်မပါပါဘူး ။ ဒါပေမဲ့ တစ်ဖက်က အားအလွန်ကြီးနေပြီး တစ်ဖက်ကို အနိုင်ကျင့်နေတာ ဆိုရင်တော့ သူက ဝင်ပြီး ပါခဲ့ပါတယ် ။

အားကောင်းလွန်းလှတဲ့ လိပ်ပြာ အသိစိတ်အာရုံကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်း အဖို့ကတော့ ဘယ်သူက မတရားလုပ်နေသလဲ ၊ ဘယ်သူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိသလဲ ဆိုတာကို ခွဲခြားဖို့က အလွယ်လေးပါပဲ ။

မြင်းတစ်သောင်းမြို့ ………

သည်မြို့ကတော့ မျောလွင့်ကောင်းကင်တောင် နယ်နိမိတ်ရဲ့ အရှေ့ဘက်ခြမ်းက ကြွယ်ဝချမ်းသာတဲ့ မြို့တစ်မြို့ပါပဲ ။

မြင်းတစ်သောင်းမြို့ရဲ့ နာမည်ကျော် စားသောက်ဆိုင် တစ်ခုဖြစ်တဲ့ နှင်းပျံမြေခွေးရဲ့ ထိပ်ဆုံး အထပ်မှာတော့ ဆံပင်ရှည်တွေကို ဖြစ်သလို စည်းနှောင်ထားတဲ့ လူငယ်တစ်ယောက် ရှိနေပါတယ် ။

နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ ထိပ်ဆုံးအထပ်က သာမန်လူတွေ လာရောက်နိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး ။ သည်အထပ်မှာက အညံ့ဆုံး အရက် တစ်အိုးဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်း ကျသင့်ပြီး အရက်ကောင်း တစ်အိုးဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းမက ကျသင့်ပါတယ် ။

ဒါပေမဲ့လည်း လူငယ်ကို ကြည့်ရတာက သည်ပမာဏက သူ့အတွက် ဘာမှ မှုလောက်တဲ့ ပမာဏမျိုး မဟုတ်တဲ့ ပုံပါပဲ ။ အဲသည်လူငယ်ကတော့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး ။

လီဖူချန်းအတွက်ကတော့ သည်ပမာဏဟာ ကလေး ကစားစရာလို့ပဲ ဆိုရပါမယ် ။

ဘာဖြစ်လို့လဲဆိုတော့ သူက သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ တိုက်ခိုက်ရေး ဧကရာဇ်တွေဆီက နေပြီး များပြားလှတဲ့ သိုလှောင်အိတ်တွေကို ရရှိခဲ့လို့ပါပဲ ။

အဲသည် သိုလှောင်အိတ်တွေက တိုက်ခိုက်ရေး ဧကရာဇ်တွေရဲ့ အဆုံးစွန်ဆုံး ကြွယ်ဝမှု မဟုတ်ပေမယ့်လည်း သိပ်ပြီး နည်းပါးလှတဲ့ ပမာဏတော့ မဟုတ်ပါဘူး ။ အဲသည်အတွက်ကြောင့် လီဖူချန်းဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက်ကိုတောင် မျက်တောင် မခတ်ဘဲ အေးအေးဆေးဆေး သုံးဖြုန်းနိုင်ပါတယ် ။

လီဖူချန်း တွက်ချက်ထားသလောက် ဆိုရင်တော့ သူ့ရဲ့ လက်ရှိ ပိုင်ဆိုင်မှုဟာ အနည်းဆုံး အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်း၅၀၀အောက် မလျော့ပါဘူး ။

" စားပွဲထိုး…… ငါ့ကို နောက်ထပ် ဆောင်းအိပ်မက် သေရည် တစ်အိုး ပေးဦး "

လီဖူချန်းရဲ့ အသံက နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ အပေါ်ဆုံးထပ် တစ်ထပ်လုံးကို ဟိန်းထွက်သွားခဲ့ပါတယ် ။

" ရောက်လာပါပြီ …… ဆရာ "

စားပွဲထိုးလေးရဲ့ လှုပ်ရှားမှုကတော့ လုံးဝ နှောင့်နှေး မနေပါဘူး ။ လီဖူချန်းရဲ့ စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် ဆောင်းအိပ်မက် သေရည်တစ်အိုးဟာ လီဖူချန်းရဲ့ စားပွဲခုံပေါ် ရောက်လာပြီးနေပါပြီ ။

ဆောင်းအိပ်မက် သေရည်ဆိုတာက နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ ဈေးအကြီးဆုံး သေရည်ပါပဲ ။ သည်သေရည်က တစ်အိုးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်တောင် ကျသင့်ပြီး လီဖူချန်းက နှစ်အိုးတောင် သောက်ခဲ့ပြီးပါပြီ ။

အဲသည်အတွက် လီဖူချန်းရဲ့ ကြွယ်ဝချမ်းသာမှုဟာ စားပွဲထိုးလေးကို တကယ်ကြီး မျက်လုံး ပြူ းစေခဲ့ပါတယ် ။ ပြီးတော့ တစ်ချိန်တည်းမှာပဲ သူဟာ အပျော်ကြီး ပျော်နေခဲ့ပါပြီ ။

ဘာဖြစ်လို့လဲဆိုတော့ နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ စည်းကမ်းချက်တွေအရ ဆိုရင် ဧည့်သည်တစ်ယောက်က သေရည်တစ်အိုး မှာလိုက်တိုင်းမှာ အဲသည်စားပွဲဝိုင်းကို တာဝန်ယူရတဲ့ စားပွဲထိုးက ရာခိုင်နှုန်း ရလို့ပါပဲ ။

အဲသည်အတွက် လီဖူချန်းက ဆောင်းအိပ်မက် သေရည် တစ်အိုး မှာလိုက်တိုင်းမှာ သူက ရာခိုင်နှုန်းအဖြစ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ရနေမှာ ဖြစ်ပါတယ် ။

" အား…… ကောင်းလိုက်တဲ့ သေရည်နဲ့ လှလိုက်တဲ့ ရှုခင်းကွာ "

သေရည်အိုး ရောက်လာတာနဲ့ တစ်ပြိုင်နက် လီဖူချန်း ပထမဆုံး လုပ်တာကတော့ သူ့ရဲ့ အရက်ခွက်ထဲ ထည့်ပြီး တစ်ရှိန်ထိုး မော့လိုက်တာပါပဲ ။ ပြီးတော့ သူက နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းကို ပွတ်လိုက်ပြီး အားရကျေနပ်စွာနဲ့ ရေရွတ်လိုက်ပါသေးတယ် ။

" ဟင်  "

ရုတ်တရက် ဆိုသလိုပဲ လီဖူချန်းရဲ့ မျက်လုံးတွေက လမ်းမပေါ်ကို ရောက်သွားပြီး ယောကျာ်းပျို နှစ်ယောက်နဲ့ မိန်းမပျို တစ်ယောက်ကို မြင်သွားခဲ့ပါတယ် ။ အဲသည်သူတွေကတော့ အရှေ့ယူနီကွန်းတိုက်က  ချီဟန် ၊ တန်ကျင်းယွန်နဲ့ စုမူယူတို့ပါပဲ ။

သည်လူ သုံးယောက်ကိုတော့ လီဖူချန်းအနေနဲ့ ဘယ်လိုမှ မမှတ်မိဘဲ မနေပါဘူး ။

ချီဟန်က ကြယ်ဘုရင် သုံးဦးထဲက ဖြစ်ပြီး တန်ကျင်းယွန် နဲ့ စုမုယူတို့က အရှေ့ယူနီကွန်းတိုက်ရဲ့ သခင်လေး ခြောက်ပါး နဲ့ နတ်မိမယ် လေးပါးထဲက ဖြစ်ပါတယ် ။

တကယ်လို့သာ လီဖူချန်းရဲ့ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် မဟုတ်ရင် ကြယ်ဘုရင် သုံးပါး၊သခင်လေး ခြောက်ပါးနဲ့ နတ်မိမယ် လေးပါးတို့ဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်နေမှာ အမှန်ပါပဲ ။

ချီဟန်တို့ သုံးယောက်ကတော့ လီဖူချန်းကို သတိပြုမိတဲ့ပုံ လုံးဝ မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ သုံးယောက်က ငယ်ရွယ်တဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးရဲ့ လက်ထဲကနေပြီး သေပြေးရှင်ပြေး ပြေးနေလို့ပဲ ဖြစ်ပါတယ် ။

" မင်းတို့သုံးယောက် ဘယ်လိုမှ ပြေးမလွတ်ပါဘူးကွာ ။ ဒါက ငါ့ရဲ့ ပိုင်နက်ဖြစ်တဲ့ မြင်းတစ်သောင်းမြို့ကွ "

ချီဟန်တို့ သုံးယောက်ကို နောက်ကနေ လိုက်နေတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်ပေါက်စလေးက  လုံးဝ အေးအေးဆေးဆေးပါပဲ ။ ကြည့်ရတာတော့ သူက ချီဟန်တို့ကို ဘယ်အချိန်ဖမ်းဖမ်း ဖမ်းလို့ရတဲ့ ခြံထဲက ကြက်တွေလို သဘောထားနေပုံ ရပါတယ် ။

"အရှင်  မြို့စားငယ်လေး…… အရှင်က ဘာဖြစ်လို့ ကျုပ်တို့ကို ဖိအား ပေးနေရတာလဲ '

ပြေးမလွတ်တဲ့ နောက်မှာတော့ ချီဟန်က အနောက်ကို လှည့်ပြီး မေးလိုက်ပါတယ် ။

သူတို့နောက်ကို လိုက်နေတဲ့ မူလပင်လယ် နယ်ပယ် ဘုရင် ပေါက်စလေးကတော့ မြင်းတစ်သောင်းမြို့စားရဲ့ သားတော် ဟွာကျန်းချီပါပဲ ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ချီဟန်တို့ သုံးယောက်ဟာ မူလပင်လယ်နယ်ပယ် အဆင့်၁မှာသာ ရှိသေးတဲ့ ဟွာကျန်းချီကို ဘာမှ ကြောက်စရာ မရှိပါဘူး ။

ဒါပေမဲ့လည်း ဒါက မြင်းတစ်သောင်းမြို့ ဖြစ်နေတဲ့အတွက် သူတို့ဟာ ဟွာကျန်းချီကို ကြောက်နေရတာ ဖြစ်ပါတယ် ။

ချီဟန်တို့သုံးယောက် အခုလို ပြေးနေရတာရဲ့ အကြောင်းရင်းကတော့ စုမုယူကြောင့်ပါပဲ ။ စုမုယူက ပြိုင်ဘက်ကင်းလောက်အောင် လှပလွန်းတဲ့အတွက် ဟွာကျန်းချီက သူမကို မယားငယ်အဖြစ် လိုချင်နေတာ ဖြစ်ပါတယ် ။ ပြီးတော့ သူက ချီဟန်နဲ့တန်ကျင်းယွန်ကို သူ့ရဲ့ သီးသန့် ကိုယ်ရံတော်တွေအဖြစ် လိုချင်နေပါသေးတယ် ။

ချီဟန်တို့ သုံးယောက်ရဲ့ ကျင့်ကြံခြင်းက သိပ်ပြီး အဆင့် မမြင့်လှသေးပါဘူး ။ ဒါပေမဲ့လည်း သူတို့က အရှေ့ယူနီကွန်းတိုက်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ ရည်မှန်းချက်ဟာ မြင့်မားပါတယ် ။ အဲသည်အတွက် သူတို့က ဟွာကျန်းချီရဲ့ လိုအပ်ချက်ကို ဘယ်လိုမှ မဖြည့်ဆည်းပေးနိုင်ပါဘူး ။

" မင်းတို့တွေက ဘာဖြစ်လို့ ငါ့ကို ဖိအားပေးနေတာလဲ ။ ငါ့ရဲ့ အလိုဆန္ဒကို သဘောတူလိုက်ရင် မင်းတို့အနေနဲ့ အခုလို ပြေးနေစရာ မလိုတော့ဘူးလေ "

ဟွာကျန်းချီကတော့ အေးအေးဆေးဆေးပါပဲ ။

ဟွာကျန်းချီက သူ့ဘဝမှာ သူလိုချင်တဲ့ မိန်းမကို မရဖူးတာ မရှိပါဘူး ။အဲသည်အတွက် ချီဟန်တို့ သုံးယောက်ရဲ့ ထွက်ပြေးမှုဟာ စိတ်ကူးယဉ် ဆန်လွန်းလှတယ်လို့ပဲ ဆိုရပါမယ် ။

" စုမုယူ …… ငါတို့ မတွေ့ရတာလည်း နှစ်အတော်လေး ကြာနေပြီ ။ အဲသည်တော့ ကြုံတုန်း၊ဆုံတုန်း တစ်ခွက်လောက် သောက်လိုက်ရအောင် "

အဲသည်အချိန်မှာပဲ မိုးခြိမ်းသံလို ကျယ်လောင်ပြီး ုသြဇာကတ္တိမ အပြည့်ရှိတဲ့ အသံတစ်ခုဟာ လမ်းမ တစ်ခုလုံးကို ဖုံးလွှမ်းသွားပါတော့တယ် ။

စုမုယူက သည်အသံကို ကြားဖူးနေတဲ့အတွက် အသံလာရာဆီကို မော့ပြီး ကြည့်လိုက်မိပါတယ် ။ အသံပိုင်ရှင်ကတော့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး ။

" မင်းဘယ်သူလဲ ။ သေချင်နေပြီလား "

ဟွာကျန်းချီက နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ အပေါ်ဆုံးထပ်ကနေ ငုံ့ကြည့်နေတဲ့ လူငယ်ကို လှမ်းပြီး ရန်စကား ပြောလိုက်ပါတယ် ။

သူက လီဖူချန်းရဲ့ ကျင့်ကြံမှုဟာ သူ့ထက် အဆင့်မြင့်တယ် ဆိုတာကို မရိပ်မိဘဲ မနေပါဘူး ။ ဒါပေမဲ့လည်း သည်မြင်းတစ်သောင်းမြို့ဆိုတာက သူ့ရဲ့ ပိုင်နက် ဖြစ်ပါတယ် ။ အဲသည်အတွက် သူက လီဖူချန်းအပေါ် ကြောက်ရွံ့ပြနေလို့ မဖြစ်ပါဘူး ။

"မင်းအခု ထွက်သွားမယ် ဆိုရင် ငါသည်ကိစ္စကို မမြင်သလို နေပေးလိုက်မယ် ။ ဒါပေမဲ့ မထွက်သွားဘူး ဆိုရင်တော့ ငါ့အဆိုး မဆိုနဲ့ "

လီဖူချန်းရဲ့ လေသံ တင်းမာမှုကလည်း ဟွာကျန်းချီအောက် လုံးဝ မလျော့ကျပါဘူး ။ ပြီးတော့ သူက ဟွာကျန်းချီကိုတောင် ပြန်ပြီး ခြိမ်းခြောက်လိုက်ပါသေးတယ် ။

***

All Chapters