← Chapters

ထွက်ပြေးသွားတဲ့ ဧကရာဇ်

Vol. 49 Ch. 660

ထွက်ပြေးသွားတဲ့ ဧကရာဇ်

Vol. 49 Ch. 660

" မတည်မြဲခြင်းဓား "

လီဖူချန်းက သူ့ရဲ့ ဓားကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ လေဟာနယ်ထဲမှာ အက်ကွဲကြောင်း တစ်ခု ဖြစ်သွားခဲ့ပြီး  သူဟာ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ အနောက်ကို ချက်ချင်း ရောက်သွားခဲ့ပါတယ် ။ သည်ဟာက ရုတ်ချည်း နေရာ ပြောင်းရွှေ့ခြင်းတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း အဲဒါက အတော်လေး ဆင်တူပါတယ် ။

" သွားစမ်း "

ကော့မင်ဖူထုံး သိုင်းဧကရာဇ်ကလည်း ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၄ကို အလကား ရောက်လာတာ မဟုတ်ပါဘူး ။ သူက ချက်ချင်းဆိုသလိုပဲ အနောက်ကို လှည့်လိုက်ပြီး သူ့ရဲ့ ပုဆိန်ကြီးနဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ရိုက်ထုတ်ပစ်လိုက်ပါတယ် ။

ဘန်း……

သည်တစ်ကြိမ် တိုက်ခိုက်မှုမှာ လွင့်ထွက်သွားသူကတော့ လီဖူချန်းပါပဲ ။ ဒါပေမဲ့ သူက စိတ်မလျာ့ဘဲ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဆီကို နောက်ထပ်တစ်ကြိမ် တိုးဝင်သွားပြန်ပါတယ် ။

ထန်……ထန်……ထန်……ထန်……

ကော့မင်ဖူထုံ သိုင်းဧကရာဇ်ကတော့ လီဖူချန်းရဲ့ ဓားကွက်နဲ့ ပတ်သက်ပြီး ဘယ်လို နားလည်ရလို့ နားလည်ရမယ် မသိတော့ပါဘူး ။ သူက လီဖူချန်းကို ရိုက်ထုတ်ပစ်လိုက်တိုင်းမှာ နောက်ထပ် လီဖူချန်း တစ်ယောက်က သူ့အနားကို ရောက်လာပြီး တိုက်ခိုက်လာပြန်ပါတယ် ။

အခုဆိုရင် သူ့ကို ဝိုင်းတိုက်နေတဲ့ လီဖူချန်းတွေဟာ တစ်ဒါဇင်လောက်ကို ရှိနေပါပြီ ။ပြီးတော့ ဓားချီတွေကလည်း သူ့ပတ်ဝန်းကျင် တစ်ဝိုက်မှာ ပြန့်ကြဲနေတာပါပဲ ။

ထန်……ထန်……ထန်……

ဘန်း……ဘန်း……

" သွားစမ်း "

ဝုန်း……

"သည်ဓားကွက်ကိုလည်း မြည်းကြည့်ပါဦး "

ရွှမ်း……

ဘန်း…… ဘန်း……

တိုက်ပွဲအချိန် ကြာမြင့်လာတာနဲ့အမျှ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ စိုးရိမ်စိတ်တွေကလည်း နဂိုကထက် ပိုပြီး မြှင့်တက်လာခဲ့ပါတယ် ။ သူက လီဖူချန်းရဲ့ ဓားကွက်တွေနောက်ကို လုံးဝ အမီ မလိုက်နိုင်တော့ပါဘူး ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်တိုက်ပွဲကို ဦးဆောင်နေသူက သူမဟုတ်ဘဲ လီဖူချန်း ဖြစ်နေခဲ့ပါပြီ ။

အဲသည်ထက် ပိုဆိုးတာက လီဖူချန်းရဲ့ ဓားကွက်တွေဟာ မာယာ များလွန်းနေတာပါပဲ ။ သူ့ရဲ့ ဓားကွက်တွေက ပြင်းထန်မှု အပိုင်းမှာ သိပ်ပြီး အားမကောင်း ပေမယ့်လည်း ဓားချက်တွေရဲ့ ဦးတည်ရာကို ခန့်မှန်းရတာက ခက်ခဲလွန်းလှပါတယ် ။

ထန်……

နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ ဓားဦးဟာ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ ရင်ဝကို ဆောင့်ထိုးသွားမိ ခဲ့ပါပြီ ။ ကော့မင်ဖူထုံ သိုင်းဧကရာဇ်က ချပ်ဝတ်တန်ဆာ တစ်ခုကို ဝတ်ဆင်ထားလို့တာပေါ့ ။ မဟုတ်ရင်တော့ သည်ကိစ္စဟာ သွေးအန်တာနဲ့တင် ပြီးသွားမှာ မဟုတ်ပါဘူး ။

" ကောင်းကင်အဆင့် ချပ်ဝတ်တန်ဆာလား "

တစ်ဖက်မှာတော့ လီဖူချန်းက အနည်းငယ်လေး စိတ်ပျက်သွားမိပါတယ် ။

သူ့ရဲ့ လက်ရှိအစွမ်းက ကောင်းကင်အဆင့် ချပ်ဝတ်တန်ဆာကို ဖျက်ဆီးနိုင်ဖို့အတွက် မလုံလောက်သေးပါဘူး ။ သည်လို ချပ်ဝတ်တန်ဆာကို ဖျက်ဆီးနိုင်ဖို့ ဆိုတာက အဆင့်မြင့် ဧကရာဇ်တွေမှသာ ပြုလုပ်နိုင်မယ့် အရာပါ ။

ထန်……ထန်……ထန်……ထန်……

လီဖူချန်းရဲ့ မတည်မြဲခြင်း ဓားကတော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ အသက်ကို မရမချင်း ရပ်တန့်မယ့်ပုံမှာ မရှိပါဘူး ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ဓားချက်တစ်ထောင်လောက်ဟာ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဆီကို တိုးဝင်သွားခဲ့ကြပြန်ပါပြီ ။

ဘန်း……ဘန်း……ဘန်း……

အရူး မီးဝိုင်းတို့ ၊ ဆပ်ပြာသည် လင်ပျောက်တို့  ဆိုတာက လက်ရှိ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ ပုံစံမျိုးကို ပြောတာပဲ ဖြစ်ရပါမယ် ။

သူက လီဖူချန်းရဲ့ ဓားချက်တွေကို အတတ်နိုင်ဆုံး  ခုခံပေမယ့်လည်း လုံးဝ မရတော့ပါဘူး ။ ပျမ်းမျှ လီဖူချန်းရဲ့ ဓားချက် သုံးဆယ် ထွက်လာတိုင်းမှာ သူက ဓားချက်တစ်ချက်ကို ကောင်းကောင်းကြီး မြည်းစား နေခဲ့ရပါပြီ ။ အချိန်တွေ ကြာလာတာနဲ့အမျှ အဲသည်ပျမ်းမျှ အရေအတွက်လည်း ပိုပိုပြီး စိပ်လာပါသေးတယ် ။

" ဝေါ့ "

နောက်ဆုံးမှာတော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ် ာဟာ လီဖူချန်းရဲ့ ဓားချက်တွေကို တောင့်မခံနိုင်တော့တဲ့အတွက် သွေးစိမ်းရှင်ရှင် အန်ထုတ်လိုက်ရပါပြီ ။

ကော့မင်ဖူထုံ သိုင်းဧကရာဇ်က ဘယ်လိုမှ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး ။ အဲသည်အတွက် သူက သူ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးလိုက်ပါတော့တယ် ။

" ခွေးမသားလေး ……ငါသနားလို့ အလျော့ ပေးထားတာကို  အရမ်း ကမ်းတက် မနေနဲ့ "

" ဒေါသပုဆိန် ဥပဒေသ ပြောင်းလဲခြင်း "

ဝုန်း……

ရုတ်တရက် ဆိုသလိုပဲ သတ္တုရောင် တောက်နေတဲ့ ပုံရိပ်ကြီး တစ်ခုဟာ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ အနောက်မှာ ပေါ်လာခဲ့ပါပြီ ။

သည်ပုံရိပ်ကြီးက ကော့မင်ဖူထုံ သိုင်းဧကရာဇ်နဲ့ ၅၀ရာခိုင်နှုန်း ဆင်တူပြီး စစ်သုံး ပုဆိန်ကြီး တစ်လက်ကို မာန်အပြည့်နဲ့ ကိုင်ဆောင်ထားပါသေးတယ် ။

ပုံရိပ်ကြီး ထွက်ပေါ်လာတာနဲ့ တစ်ပြိုက်နက် ပတ်ဝန်းကျင် အချင်းဝက် မိုင်တစ်ရာကျော်ဟာ ဖိနှိပ်ခံလိုက်ရပြီး လှုပ်ရှားဖို့တောင် မလွယ်တော့ပါဘူး ။

ဒါကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေသာ ပြုလုပ်နိုင်တဲ့ ဥပဒေသ ပြောင်းလဲခြင်းပါပဲ ။

သူတို့အတွက်ကတော့ ပတ်ဝန်းကျင်ရဲ့ ဥပဒေသတွေကို ပြောင်းလဲဖို့ရာဟာ ဘာမှ မခက်ခဲလှပါဘူး ။ သူတို့က သူတို့ရဲ့ ကောင်းကင် အဆင့် ကျင့်စဉ်ကို အမြင့်ဆုံး အဆင့်အထိ ရောက်အောင် လေ့ကျင့်ထားနိုင်ဖို့ပဲ လိုတာပါ ။

ယေဘုယျအားဖြင့် ဆိုရင် ဥပဒေသ ပြောင်းလဲခြင်း အစွမ်းဟာ အကြောင်းအရင်း သုံးမျိုးအပေါ် မူတည်ပြီး အစွမ်းတွေ ကွဲပြား ခြားနားသွားတာ ဖြစ်ပါတယ် ။

အဲသည်ထဲက ပထမ အကြောင်းအရင်းကတော့ ကျင့်စဉ်ရဲ့ အဆင့်အတန်းပါပဲ ။ တကယ်လို့ ဧကရာဇ် နှစ်ပါးမှာ ပထမ ဧကရာဇ်က ကောင်းကင် အဆင့်နိမ့် ကျင့်စဉ်ကို ကျင့်ကြံထားပြီး ဒုတိယ ဧကရာဇ်က ကောင်းကင် အလယ်အလတ် အဆင့် ကျင့်စဉ်ကို ကျင့်ကြံထားတယ် ဆိုရင်တော့ ဒုတိယ ဧကရာဇ်ရဲ့ ဥပဒေသ ပြောင်းလဲခြင်းက ပိုအစွမ်းထက်မှာ ဖြစ်ပါတယ် ။ ဒါကိုတော့ ကျင့်ကြံသူတိုင်းက မသိဘဲ နေမှာ မဟုတ်ပါဘူး ။

ဒုတိယ အကြောင်းအရင်းကတော့ ကျင့်ကြံခြင်း အဆင့်ပဲ ဖြစ်ပါတယ် ။ ဒါကလည်း ကျင့်စဉ်တွေနဲ့ သိပ်မကွာခြားလှပါဘူး ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၂ကို ရောက်နေပြီ ဖြစ်တဲ့ ဧကရာဇ်ရဲ့ ဥပဒေသ ပြောင်းလဲခြင်း အစွမ်းက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၁ ဧကရာဇ်ထက် ပိုပြီး အစွမ်းထက်မှာပါပဲ ။

တတိယ အကြောင်းအရင်းကတော့ ဥပဒေသအပေါ် နားလည် သဘောပေါက်ခြင်းပဲ ဖြစ်ပါတယ် ။ ဥပဒေသ ပြောင်းလဲခြင်း ဆိုတာက တကယ်တမ်းမှာတော့ ကျင့်စဉ်ရဲ့ အစွမ်းကို သရုပ်သကန် ပြသခြင်းပါပဲ ။ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ ကျင့်စဉ်တွေ ဆိုတာက ဥပဒေသတွေအပေါ် အခြေခံထားတာပဲ မဟုတ်ပါလား ။

တကယ်လို့ မင်းက ဥပဒေသအပေါ် အလွန်အမင်း နားလည်ကျွမ်းဝင်ထားတယ် ဆိုရင် မင်းရဲ့ ဥပဒေသ ပြောင်းလဲခြင်းက တခြားသူတွေထက် ပိုအားကောင်းနေမှာပါပဲ ။

ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ ကျင့်စဉ်ကတော့ ပုဆိန်တာအိုကို အခြေခံတဲ့ နတ်ပုဆိန် ကျင့်စဉ်ပဲ ဖြစ်ပါတယ် ။ အဲဒါက ကောင်းကင် အဆင့်နိမ့် ကျင့်စဉ် ဆိုပေမယ့် လုံးဝ အထင်သေးလို့ မရပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သည်ကျင့်စဉ်က အထူး ကျင့်စဉ် တစ်ခု ဖြစ်နေလို့ပါပဲ ။ အဲသည်အတွက် ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ ဥပဒေသ ပြောင်းလဲခြင်း အစွမ်းဟာ အင်မတန်မှကို အားကောင်းလွန်းလှတယ်လို့ ဆိုရပါမယ် ။ တစ်ခါတုန်းကဆိုရင် ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဟာ ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းကို အသုံးပြုပြီး ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၅က ဧကရာဇ် တစ်ပါးကိုတောင် ရင်ဆိုင်ခဲ့ဖူးပါသေးတယ် ။

" ကောင်စုတ်လေး …… သည်တစ်ခါ မင်းခံနိုင်ရင် ခံစမ်း "

စကားဆုံးတဲ့ နောက်မှာတော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဟာ ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်ပြီး ပုဆိန်ကြီးကို ထိန်းချုပ်ကာ လီဖူချန်းအပေါ် ခုတ်ချလာခဲ့ပါပြီ ။

( note -ပုဆိန် ဥပဒေသ ပြောင်းလဲခြင်း ဆိုတာက ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ နောက်ကျောမှာ ပေါ်ထွက်လာတဲ့ ပုံရိပ်ကြီးကို ဆိုလိုဟန် တူပါတယ် ။ )

သည်ခုတ်ချက်ကတော့  ပုဆိန် အလင်းတန်းတင် မဟုတ်တော့ပါဘူး ။ အဲဒါက တကယ် သတ္တု ပုဆိန်ကြီး တစ်လက် ဖြစ်ပါတယ် ။ သတ္တုပုဆိန် ခုတ်ချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မိုးနဲ့မြေဟာ ကွဲအက်သွားသလိုပါပဲ ။ ပြီးတော့ အဲဒါက လီဖူချန်းအတွက်တော့ ဧရာမ တောင်ကြီးတစ်လုံ ပိကျလာတာနဲ့တောင် ဆင်တူနေပါသေးတယ် ။

" ဥပဒေသ ပြောင်းလဲခြင်း ဆိုတာ ဒါလား ။ ကိုယ်တိုင် ကြုံလိုက်ရတော့လည်း သိပ်အစွမ်းကြီး မဟုတ်ပါလား "

လီဖူချန်းက ဥပဒေသ ပြောင်းလဲခြင်းကို ကြုံဖူးချင်နေတာ ကြာပါပြီ ။

ခရမ်းရောင် ဆည်းဆာ သိုင်းဧကရာဇ်တုန်းကတော့ သူဟာ အဲဒါကို မကြုံခဲ့ရပါဘူး ။

ခရမ်းရောင် ဆည်းဆာ သိုင်းဧကရာဇ်က ဥပဒေသ ပြောင်းလဲခြင်းကို အသုံး မပြုတတ်သေးတာလား ဒါမှမဟုတ် အသုံးပြုဖို့ အချိန် မရခဲ့တာလား ။ တစ်ခုခုတော့ တစ်ခုခုပါပဲ ။

အမှောင်ထု ကလန်က အကြီးအကဲကျပြန်တော့လည်း လီဖူချန်းက တစ်ဖက်သတ်ကြီး ဖိနှိပ်ပြီး သတ်မိလိုက်ပါတယ် ။ ဒါပေမဲ့လည်း လီဖူချန်းနဲ့ သူနဲ့ကြားက တန်ခိုးအစွမ်းက ကွာခြားလွန်းလှတဲ့အတွင် ဥပဒေသ ပြောင်းလဲခြင်းကို အသုံးပြုလည်း သိပ်ပြီး ထူးမှာ မဟုတ်ပါဘူး ။

သည်တစ်ကြိမ်ကတော့ လီဖူချန်းအတွက် တကယ့် ပွဲကြီးပွဲကောင်းလို့ပဲ ဆိုရပါမယ် ။

ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းကို အသုံးပြုထားပြီးတဲ့ နောက်မှာတော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ အစွမ်းဟာ တရိပ်ရိပ် ထိုးတက်လာခဲ့ပါပြီ ။ သူက အစောပိုင်းက အသုံးပြုခဲ့တဲ့ ဒေါသပုဆိန် သိုင်းပညာရဲ့ တတိယမြောက် အကွက်ကိုပဲ ပြန်လည် အသုံးပြုခဲ့တာ ဖြစ်ပေမယ့်လည်း သိုင်းကွက်ထဲမှာ ပါတဲ့ တန်ခိုးစွမ်းအားတွေကတော့ လုံးဝ မတူညီတော့ပါဘူး ။

အဲသည်ထက် ပိုအရေးကြီးတာက ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းဟာ ပေတစ်သောင်းကျော်လောက်အထိ ကြီးမားနေတာပါပဲ ။ အဲသည်အတွက် သူ့ရဲ့ တိုက်ခိုက်မှုကို ရှောင်ဖို့ရာဟာ လီဖူချန်းအဖို့တော့  အတော်လေး ခက်ခဲနေပါတယ် ။

" လာစမ်းပါ "

ရှောင်တိမ်းဖို့ မဖြစ်နိုင်သလောက် ဖြစ်နေမှတော့ လီဖူချန်းက အထူးတလည် ကြိုးစားပြီး ရှောင်တိမ်း မနေတော့ပါဘူး ။

သူက အံကို တင်းတင်းစေ့ပြီး ရှိသမျှ အားတွေ အကုန်ထုတ်ကာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ သတ္တုရောင် ပုဆိန်ကြီးကို လွှဲခုတ်လိုက်ပါတော့တယ် ။

ဘန်း………

သတ္တုရောင် ပုဆိန်ကြီးနဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားတို့ ထိပ်တိုက် ရင်ဆိုင်မိတဲ့အခါမှာတော့ နားကွဲလုမတတ် ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာပြီး လီဖူချန်းဟာလည်း ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို လွင့်ထွက်သွားခဲ့ပါပြီ ။

သည်တစ်ခါ ထိပ်တိုက်ရင်ဆိုင်မှုမှာတော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်က အသာစီး ရသွားတာ အသိသာကြီးပါပဲ ။

" အရှုံးပေးစမ်း "

အသာစီး ရသွားတာကို သိလိုက်တဲ့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဟာ လီဖူချန်းကို လုံးဝ အခွင့်အရေး မပေးပါဘူး ။

သူက အရှေ့ကို လှမ်းတက်လာပြီး ပုဆိန်ကြီးနဲ့ လီဖူချန်းကို တရစပ် ခုတ်ချလာခဲ့ပါတယ် ။

ဘန်း……ဘန်း……ဘန်း……

လီဖူချန်းအတွက်ကတော့ အနောက်ကို ဆုတ်ဖို့ကလွဲပြီး တခြား ရွေးစရာလမ်း မရှိပါဘူး ။ ဒါပေမဲ့ သူက အနောက်ကို ဆုတ်နေရင်းနဲ့ " မိုးနဲ့မြေကို သုတ်သင်ခြင်း " ကို ထုတ်သုံးခဲ့ပါသေးတယ် ။

မိုးနဲ့မြေကို သုတ်သင်ခြင်းက သူ့ရဲ့ လက်ရှိ ဓားသိုင်းကွက်တွေထဲမှာ အစွမ်းအထက်ဆုံး မဟုတ်ပေမယ့်လည်း အဲဒါက သက်ရောက်မှု ဧရိယာပိုင်းမှာတော့ အကြီးမားဆုံး ဖြစ်နေဆဲပါပဲ ။ အထူးသဖြင့် ဧရာမ လူ့ဘီလူးကြီး ဖြစ်နေတဲ့ ကော့မင်ဖူထုံလို လူအတွက်ဆိုရင်တော့ ရလဒ်က ပိုလို့တောင် ကောင်းနိုင်ပါသေးတယ် ။

ချွမ်……

လေဟာနယ် ဟင်းလင်းပြင်က ကွဲကြေသွားတဲ့ မှန်တစ်ချပ်လို ဖြစ်သွားပြီးတဲ့ နောက်မှာတော့ ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းဟာ အနည်းငယ် တွန့်လိမ်သွားခဲ့ပါပြီ ။

မရေမတွက်နိုင်တဲ့ ဓားဒဏ်ရာတွေကလည်း ကော့မင်ဖူထုံရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တည်လာခဲ့ပြီး ပုဆိန် ဥပဒေသ ပြောင်းလဲခြင်း အစွမ်းကို ယုတ်လျော့သွားစေခဲ့ပါတယ် ။ ဒါပေမဲ့လည်း တစ်ခဏအတွင်းမှာပဲ အဲသည်ဒဏ်ရာတွေဟာ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပါတယ် ။

" ဒေါသပုဆိန် အဋ္ဌမ အကွက် "

လီဖူချန်းရဲ့ မိုးနဲ့မြေကို သုတ်သင်ခြင်း ဓားကွက်က ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ ဒေါသတွေကို လောင်စာဆီ ထည့်ပေးလိုက်သလိုပါပဲ။

ဓားဒဏ်ရာတွေ ပျောက်ကင်းသွားတာနဲ့ တစ်ပြိုင်နက် ကော့မင်ဖူထုံ သိုင်းဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထပ်မံ တိုက်ခိုက်လာပြန်ပါတယ် ။

ဘန်း……ဘန်း……ဘန်း……ဘန်း……

ရုတ်တရက် ဆိုသလို ကော့မင်ဖူထုံရဲ့ ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းဟာ လက်ပေါင်းတစ်ထောင် ပေါက်လာသလိုပါပဲ ။

" မီးတောက်အရွေ့ "

လီဖူချန်းကလည်း သူ့အခြေအနေကို သူသိတဲ့အတွက် မီးတောက်တစ်ခု အသွင်ပြောင်းကာ ပျောက်ကွယ်သွားပါတော့တယ် ။

ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူဟာ ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းရဲ့ နောက်ကျောမှာ ရောက်နေခဲ့ပါပြီ ။

" ကြယ်ကြွေ "

လီဖူချန်းက သည်အတိုင်းသက်သက် ပြန်ပေါ်လာတာ မဟုတ်ပါဘူူး ။ သူက သူနဲ့အတူ ကြယ်ကြွေဓားကွက်ကိုပါ ခေါ်ဆောင်လာခဲ့ပါသေးတယ် ။

ရွှီး……

ထွက်ပေါ်လာတဲ့ ဓားအလင်းတန်းက နေမင်းရဲ့ အလင်းရောင်ကိုတောင် ဖုံးလွှမ်းသွားသလိုပါပဲ ။

ဇွပ်……

အဲသည်နောက်မှာတော့ ကော့မင်ဖူထုံရဲ့ ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းဟာ ကြယ်ကြွေဓားချက်ကြောင့် ထုတ်ချင်းဖောက် ပေါက်ထွက်သွားခဲ့ပါပြီ ။

" ရုတ်ချည်း နေရာ ပြောင်းရွှေ့ခြင်းလား "

ကော့မင်ဖူထုံက အကြောက်တရားကို စတင် ခံစားလိုက်ရသလိုပါပဲ ။ သူ့ရဲ့ အသံကလည်း စိတ်လှုပ်ရှားမှုကြောင့် အနည်း တုန်ခါနေခဲ့ပါပြီ ။

သည်မတိုင်ခင်တုန်းကတော့ လီဖူချန်းအနေနဲ့ ဘယ်လောက်ပဲ အစွမ်းထက်ထက် သူက လက်ခံနိုင်ပါတယ် ။ သူ့ရဲ့ ချီအတွင်းအား ပမာဏက လီဖူချန်းထက်ကို အဆ တစ်ရာကျော် ရှိနေတဲ့အတွက် သူ့အနေနဲ့ အချိန်ဆွဲပြီး တိုက်ခိုက်လိုက်မယ် ဆိုရင် လီဖူချန်းဟာ ချီအတွင်းအား ကုန်ခန်းပြီး သေချာပေါက် သေမှာပါပဲ ။

ဘယ်လိုပဲဖြစ်ဖြစ်  သူက အဆင့်၄ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါး မဟုတ်ပါလား ။

ဒါပေမဲ့လည်း ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်းနဲ့ ဆိုရင်တော့ အရာရာဟာ ခြားနားသွားခဲ့ပါပြီ ။

ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်းနဲ့ ဆိုရင်တော့ လီဖူချန်းက သူ့ကို စိတ်ကြိုက် တိုက်ခိုက်နိုင်ပြီး အခြေအနေ မဟန်ဘူး ဆိုရင်လည်း စိတ်ကြိုက် ထွက်ပြေးသွားနိုင်ပါတယ် ။

တကယ်လို့ လီဖူချန်းက ထွက်ပြေးဖို့ ဆုံးဖြတ်လ်ုက်ပြီ ဆိုရင်တော့ သူဟာ သည်အတိုင်း ရပ်ကြည့်နေရမှာပါပဲ ။

" ပြန်ဆုတ်မှ "

ကော့မင်ဖူထုံ သိုင်းဧကရာဇ်က သူ့ရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို မထုတ်ရသေးပါဘူး ။ ဒါပေမဲ့ တကယ်လို့ သူ့အနေနဲ့ သူ့ရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို ထုတ်သုံးလိုက်မယ် ဆိုရင် တိုက်ပွဲ ရလဒ်ဟာ  ချက်ချင်း အဖြေ ပေါ်သွားတော့မှာပါ ။ တိုက်ပွဲရဲ့ ရလဒ်နဲ့ ပတ်သက်ရင်တော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ် အနေနဲ့လည်း တိတိကျကျကြီး မခန့်မှန်းနိုင်ပါဘူး ။ သည်တိုက်ပွဲရဲ့ အောင်နိုင်သူက သူဖြစ်နိုင်သလို လီဖူချန်းလည်း ဖြစ်သွားနိုင်ပါတယ် ။ အဲသည်အတွက် မသေချာ မရေရာတဲ့ တိုက်ပွဲကို ဆက်မတိုက်တော့ဘဲ အသာစီး ရနေတဲ့အချိန် ဆုတ်သွားတာက အကောင်းဆုံးပါပဲ ။

" ဟမ့်…… အခုမှ ထွက်သွားချင်လို့ ရမလား "

လီဖူချန်းက မီးတောက်အရွေ့ကို ထုတ်သုံးလိုက်ပြီး ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ ဆုတ်လမ်းကို ပိတ်ထားလိုက်ပါတယ် ။

" မင်းက ငါ့ကို ဖိအား ပေးနေတာပဲ "

ကော့မင်ဖူထုံရဲ့ စကား ဆုံးသွားတာနဲ့ တစ်ပြိုင်နက်  ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းဟာ ကျုံ့ဝင်သွားပြီး ဧရာမ သတ္တု ပုဆိန်ကြီး တစ်လက်အဖြစ်ကို ပြောင်းသွားပြီး လီဖူချန်းကို ခုတ်ချလိုက်ပါတယ် ။

ဘန်း……

လီဖူချန်းက မီးတောက် အရွေ့ကို သုံးပြီး ရှောင်တိမ်းလိုက်ပေမယ့် သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ နည်းစနစ်ဟာ သိပ်ပြီး ချောချောမွေ့မွေ့ မရှိလှပါဘူး ။

ကြည့်ရတာတော့ သည်သတ္တု ပုဆိန်ကြီးက လီဖူချန်းရဲ့ မီးတာအို စွမ်းအင်တွေကို စုစည်းမရအောင် နှောင့်ယှက်နိုင်စွမ်း ရှိပုံပါပဲ ။

" သေစမ်း "

သည်အကွက်က ကော့မင်ဖူထုံ သိုင်းဧကရာဇ်ကိုတောင်မှ အားအင်တွေ အတော်လေး ယုတ်လျော့စေပါတယ် ။ အဲသည်အတွက် သူက လီဖူချန်းကို သတ်မိမယ့် အရေးကို လုံးဝ မစိုးရိမ်တော့ပါဘူး ။

" ဓားအရွေ့ "

ရွှီး……

စိတ်မကောင်းစရာပါပဲ ။ သတ္တု ပုဆိန်ကြီးက လီဖူချန်းကို ထိခါနီးဆဲဆဲမှာတော့ လီဖူချန်းဟာ ဓားအလင်းတန်း တစ်ခုအသွင် ပြောင်းသွားပြီး ဟင်းလင်းပြင်ထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါတဟ် ။

သည်တစ်ကြိမ်မှာတော့ သတ္တု ပုဆိန်ကြီးဟာ လီဖူချန်းကို အနှောင့်အယှက် မပေးနိုင်တော့ပါဘူး ။

" မဖြစ်နိုင်ဘူး "

ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ မျက်လုံးတွေက အပြူ းသား ဖြစ်နေခဲ့ပါပြီ ။ သူက သူမြင်လိုက်ရတာကိုတောင် မယုံနိုင်တော့သလိုပါပဲ ။

သူက အစောပိုင်းကတောင်မှ လီဖူချန်းရဲ့ ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်းကို နှောင့်ယှက်နေသေးတာ မဟုတ်လား ။ ဒါပေမဲ့ အခု တစ်ကြိမ်ကျတော့ ဘယ်လိုလုပ်ပြီး ကျရှုံးသွားရတာလဲ ။

ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါပဲ ။

" ငါထင်ထားတဲ့ အတိုင်းပါပဲလား "

လီဖူချန်းကတော့ တစ်စုံတစ်ခုကို နားလည် သဘောပေါက်သွားခဲ့ပါပြီ ။

ကော့မင်ဖူထုံ သိုင်းဧကရာဇ်က သူ့ရဲ့ မီးတောက်အရွေ့ကို နှောင့်ယှက်နိုင်ပေမယ့် သူ့ရဲ့ ဓားအရွေ့ကိုတော့ မနှောင့်ယှက်နိုင်ပါဘူး ။

သည်ကိစ္စကတော့ အကြောင်းအရင်း နှစ်မျိုးကြောင့်ပဲ ဖြစ်နိုင်ပါတယ် ။

ပထမ တစ်ခုကတော့ သူ့ရဲ့ မီးတာအို ဥပဒေသအပေါ် နားလည် သဘောပေါက်နိုင်စွမ်းဟာ သူ့ရဲ့ ဓားတာအို ဥပဒေသအပေါ် နားလည် သဘောပေါက်နိုင်စွမ်းထက် နိမ့်ကျနေလို့ပါပဲ။

ဒုတိယ တစ်ခုကတော့ ဓားတာအို ဥပဒေသဟာ ပုဆိန်တာအို ဥပဒေသထက် နိမ့်ကျမနေဘဲ အနည်းငယ် ပိုအစွမ်း ထက်နေတာပဲ ဖြစ်ရပါမယ် ။

" လခွီး… … မင်းနဲ့ တိုက်ရတာ အားကုန်တာပဲ အဖတ်တင်တယ် ။ နောက်မှ ပြန်တွေ့ကြတာပေါ့ "

နောက်ဆုံးမှာတော့ သတ္တု ပုဆိန်ကြီးဟာ ပျောက်ကွယ်သွားပြီး ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ဟာ ပြန်ပေါ်လာခဲ့ပါပြီ ။ ဒါပေမဲ့လည်း ကော့မင်ဖူထုံ သိုင်းဧကရာဇ်က လီဖူချန်းကို ဆက်မတိုက်တော့ဘဲ တံဆိပ်တော် တစ်ခုကို ထုတ်ယူကာ ချေမွပစ်လိုက်ပါတယ် ။

ရွှီး……

အဲသည်နောက်မှာတော့ အလင်းတန်းကြီး တစ်ခုဟာ ကောင်းကင်ပေါ်ကနေ ကျလာပြီး ကော့မင်ဖူထုံ သိုင်းဧကရာဇ်ကို ဆွဲငင် ယူဆောင်သွားပါတော့တယ် ။

" တည်နေရာရွှေ့ပြောင်း တံဆိပ်တော်လား "

လီဖူချန်းက ပျောက်ကွယ်သွားတဲ့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ကို ကြည့်ပြီး ဘာဆက်လုပ်လို့ လုပ်ရမယ် မသိတော့ပါဘူး ။ သူက တည်နေရာရွှေ့ပြောင်း တံဆိပ်တော်လို ထွက်ပြေးနိုင်တဲ့ မှော်ဝင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လုံးဝ သတိမေ့သွားခဲ့တယ် ဆိုတာကိုတော့ ဝန်ခံရမှာပါပဲ ။

***

All Chapters