← Chapters

သေပြေး၊ရှင်ပြေး

Vol. 49 Ch. 663

သေပြေး၊ရှင်ပြေး

Vol. 49 Ch. 663

" ပြေး "

လီဖူချန်းနဲ့ ရန်ချင်းဟူတို့ကတော့ အချင်းချင်း တိုင်ပင်နေစရာကို မလိုပါဘူး ။ သူတို့နှစ်ယောက်က အပြာရောင်ဖျော့ဖျော့ ခြေထောက်ကြီးကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံး အတွင်းပိုင်းထဲကို ကသောကမျော ပြေးကြပါတော့တယ် ။သူတို့ရဲ့ အမြန်နှုန်းတွေကလည်း အစောပိုင်းက ပြေးနေတဲ့ နှုန်းထက်တောင်မှ သုံးဆလောက် မြန်သွားကြပါပြီ ။

သူတို့က အရူးတွေ မဟုတ်ကြပါဘူး ။ တကယ်လို့ သူတို့က အရူးတွေ ဖြစ်နေရင်တောင်မှပဲ သူတို့အနောက်က လိုက်လာတဲ့ လူဟာ မဟာ ဧကရာဇ်တစ်ပါး ဖြစ်တယ်ဆိုတာ သိနိုင်ပါသေးတယ် ။ ပြီးတော့ အဲသည် နောက်ကနေ လိုက်လာတဲ့ မဟာ ဧကရာဇ်ကလည်း နေဝန်းပြာ ဧကရာဇ် ဖြစ်ဖို့ ရာခိုင်နှုန်း များပါတယ် ။

မဟာ ဧကရာဇ် တစ်ပါးရဲ့ တန်ခိုးအစွမ်း ဆိုတာက အတော်လေး ခန့်မှန်းရခက်တဲ့ အရာလို့ပဲ ဆိုရပါမယ် ။အနီးစပ်ဆုံး ပြောရမယ် ဆိုရင်တော့ အဲဒါက တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးနဲ့ သာမန် မူလပင်လယ် နယ်ပယ် ဘုရင်ကြားက ကွာဟချက်လိုပါပဲ ။ သူတို့တွေက တူညီတဲ့ ကျင့်ကြံခြင်းနယ်ပယ် တစ်ခုတည်းမှာ ဖြစ်ပေမယ့် တန်ခိုးအစွမ်းကတော့ အဆပေါင်းများစွာ ကွာခြားပါတယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ပေပေါင်း သန်းနှစ်ဆယ်အထိ မြင့်တဲ့ လူ့ဘီလူးကြီးကို ထိန်းချုပ်ထားရတာက နေဝန်းပြာ ဧကရာဇ်အတွက်လည်း သိပ်ပြီး မလွယ်လှပါဘူး ။

သိပ်သည်းလွန်းလှတဲ့ ပုဆိန်တာအို ဥပဒေသတွေက သူ့ကို ဆက်တိုက် တိုက်ခိုက်နေကြတဲ့အတွက် အခုတောင်မှ သူဟာ ခန္ဓာကိုယ် အနှံ့မှာဒဏ်ရာတွေ အများကြီး ရနေခဲ့ပါပြီ ။ အဲသည်ဒဏ်ရာတွေထဲက တချို့ဆိုရင် မိုင်တစ်ရာ၊ မိုင်တစ်ထောင်လောက် အထိကို ရှည်လျားပါတယ် ။

ပြီးတော့ သည်လူ့ဘီလူးကြီးကို ပေပေါင်း သန်းနှစ်ဆယ်မှာ ဆက်ပြီး ရှိနေအောင် ထိန်းသိမ်းထားရတာကလည်း သာမန်ထက် ချီအတွင်းအား ကုန်ခန်းမှုနှုန်း အဆတစ်ထောင် ၊ အဆတစ်သောင်းမက မြန်လွန်းလှပါတယ် ။

အဲဒါကိုမှ ပုဆိန်တာအို ဥပဒေသတွေရဲ့ တိုက်ခိုက်နေမှုကိုပါ ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ နေဝန်းပြာ ဧကရာဇ်တောင်မှ အတော်လေး ပင်ပန်းလာခဲ့သလိုပါပဲ ။

" တွေ့ပြီ "

အပြာရောင် လက်ဝါးကြီးက အခိုးအငွေ့တွေကို နောက်ထပ် တစ်ကြိမ် ဖယ်ထုတ်လိုက်ပြီးတဲ့ အခါမှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ လီဖူချန်းနဲ့ ရန်ချင်းဟူတို့ကို တွေ့ရှိသွားခဲ့ပါပြီ ။

အဲသည်နောက်မှာတော့ သူက သူ့ရဲ့ ချီအတွင်းအားတွေကို စုစည်းလိုက်ပြီး လီဖူချန်းတို့ နှစ်ယောက်ကို ဆွဲဖမ်းလိုက်ပါတော့တယ် ။

" မဟူရာ ဓားမော့၊ ကံကြမ္မာ အလှည့်အပြောင်း "

ရန်ချင်းဟူရဲ့ လှုပ်ရှားမှုတွေက လျှပ်ပြက်သလိုပါပဲ ။ သူမက ခန္ဓာကိုယ်ကို တစ်ချက် လှည့်လိုက်ပြီး အပြာရောင် လက်ဝါးကြီးကို ဓားမော့နဲ့ ပိုင်းလိုက်ပါတယ် ။

ရွှမ်း ……

အဲသည်နောက်မှာတော့ အနက်ရောင် ဓားမော့ အလင်းတန်း တစ်ခုဟာ အပြာရောင် လက်ဝါးကြီးကို ထက်ခြမ်း ခွဲပစ်လိုက်ပါပြီ ။

ပေပေါင်း သန်းနှစ်ဆယ် ရှိတဲ့ လူ့ဘီလူးကြီးကို အချိန်အတော်ကြာ ထိန်းထားရတဲ့အတွက် နေဝန်းပြာ ဧကရာဇ်ရဲ့ တန်ခိုးအစွမ်းဟာ အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်မှာတောင် မရှိတော့ပါဘူး ။ သူ့ရဲ့ တန်ခိုးအစွမ်းက အလယ်အလတ် အဆင့်ကိုတောင် လျော့ကျနေခဲ့ပါပြီ ။

အဲသည်အတွက် သူ့ရဲ့ အပြာရောင် လူ့ဘီလူးကြီးဟာ အမြင်မှာသာ ကြောက်စရာ ကောင်းနေပြီး တကယ့် တကယ်တမ်းမှာတော့ ဘာမှ သိပ်မဟုတ်တော့ပါဘူး ။

ရန်ချင်းဟူက အရင်ဘဝမှာ မဟာ ဧကရာဇ် ဖြစ်ခဲ့ဖူးတဲ့ အတွက် ဥပဒေသပြောင်းလဲခြင်းရဲ့ အားနည်းချက်ကို ကောင်းကောင်းကြီး သိပါတယ် ။

" ကောင်းကင် အဆင့်မြင့် ဓားမော့သိုင်းပါလား ။ ဒါကြောင့်လည်း မင်းက သိပ်ပြီး အစွမ်း ထက်နေတာကိုး "

နေဝန်းပြာ ဧကရာဇ်က ရန်ချင်းဟူရဲ့ ဓားချက်ကို မြင်လိုက်တာနဲ့ တန်းပြီး သိလိုက်ပါတယ် ။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ သံသယတွေဟာ ပိုပြီး ခိုင်မာသွားခဲ့ပါပြီ ။ ရန်ချင်းဟူက ရိုးရိုးသာမန် မူလပင်လယ် နယ်ပယ် ကျင့်ကြံသူ မဟုတ်နိုင်ပါဘူူး ။

သူမက အထွတ်အထိပ် အဆင့် ဧကရီ တစ်ပါး ဖြစ်ပြီး အကြောင်းအရင်း မသိရတဲ့ အရာ တစ်ခုခုကြောင့် သူမရဲ့ ကျင့်ကြံမှုဟာ မူလပင်လယ် နယ်ပယ်ကို ကျဆင်းလာတာ ဖြစ်ရပါမယ် ။ ဒါကြောင့်လည်း သူမက ကောင်းကင် အဆင့်မြင့် ဓားသိုင်းကို ထုတ်သုံးနိုင်စွမ်း ရှိနေတာပါ ။

အဲသည်နောက်မှာတော့ နေဝန်းပြာ ဧကရာဇ်က သူ့ရဲ့ နေဝန်းပြာ ဥပဒေသပြောင်းလဲခြင်းကို အရွယ်အစား ရှုံ့ချလိုက်ပြီး လီဖူချန်းတို့နှစ်ယောက် အနောက်ကို လိုက်ပါတော့တယ် ။

သူက လီဖူချန်းတို့ကို လှမ်းမြင်နေရပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ အရွယ်အစားကို ပေသန်းပေါင်း နှစ်ဆယ်မှာ ဆက်ထိန်းထားစရာ မလိုတော့ပါဘူး ။

ပေငါးသန်း ……

ပေပေါင်းငါးသန်းဆိုတဲ့ အရွယ်အစားက လီဖူချန်းတို့ နှစ်ယောက်ကို လိုက်မီဖို့အတွက် ကောင်းကောင်းကြီး လုံလောက်နေပါပြီ ။

ပြီးတော့ သည်အရွယ်အစားနဲ့ဆိုရင် ပုဆိန်တာအို ဥပဒေသတွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်ကို မီးပွင့်ရုံကလွဲပြီး တခြား ဘာမှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး ။

" နေဝန်းပြာ ၊ အချုပ်အခြာမဲ့ စက်ကွင်း "

နေဝန်းပြာ ဥပဒေသ ပြောင်းလဲခြင်းရဲ့ ဧရာမ လက်ကြီးတစ်ဖက်က အရှေ့ကို ထပ်ပြီး ထွက်လာပြန်ပါပြီ ။ သည်တစ်ကြိမ်မှာတော့ လက်ကြီးက လီဖူချန်းတို့ကို ဖမ်းဆွဲဖို့ မကြိုးစားတော့ပါဘူး ။ အဲသည်အစား မီးလျှံစက်ကွင်း တစ်ခုကိုသာ ဖန်တီးလိုက်ပြီး လီဖူချန်းတို့ကို ပိတ်လှောင်ထားလိုက်ပါတယ် ။ ပြီးတော့ အဲဒါက ပုဆိန်တာအို ဥပဒေသတွေကိုလည်း စက်ကွင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်ပါသေးတယ် ။

" သွားစမ်း "

တကယ်လို့ တခြားနေရာ တစ်နေရာမှာ ဆိုရင်တော့ လီဖူချန်းက သည်အပြာရောင် မီးလျှံစက်ကွင်းကို ဆုတ်ဖြဲဖို့အတွက် အတော်လေး ကြိုးစားရကောင်း ကြိုးစားရပါမယ် ။ ဒါပေမဲ့လည်း ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့ ဗဟိုချက်မ နယ်မြေ  အပိုင်းအခြားထဲမှာတော့ အပြာရောင် မီးလျှံစက်ကွင်းဟာ ပုဆိန်တာအို ဥပဒေသတွေကို ဖယ်ထုတ်ထားခဲ့ရတဲ့အတွက် အတော်လေး အားလျော့နေခဲ့ပါပြီ ။ အဲသည်အတွက် လီဖူချန်းရဲ့ တန်ခိုးစွမ်းအားလက်က မီးလျှံစက်ကွင်းကို ဆွဲဖြဲဖို့အတွက် သိပ်ပြီး မကြိုးစားရတော့ပါဘူး ။

သည်လိုနဲ့ လီဖူချန်းတို့နှစ်ယောက်ဟာ အပြာရောင် မီးလျှံစက်ကွင်းကို ကျော်ဖြတ်ပြီး ထွက်ပြေးကြပြန်ပါတယ် ။

ခရက်……ခရက်……

ဘာကောင့်မှန်းတော့ မသိပါဘူး ။ အပြာရောင် လူ့ဘီလူကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲရာတွေ စတင် ပေါ်လာခဲ့ပါတယ် ။

" ဘယ်လိုဖြစ်တာလဲ ။ သည်နေရာက ပုဆိန်တာအို ဥပဒေသတွေက ပိုပြီး အားကောင်းလာပါလား "

နေဝန်းပြာ ဧကရာဇ်က မျက်မှောင် ကြုတ်လိုက်မိပါပြီ ။

သူသိသလောက် ဆိုရင်တော့ အခုသူက ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့  အကျိုးအပဲ့ နယ်မြေထဲမှာ ရောက်နေတာပါ ။

သည်နေရာကို အကျိုးအပဲ့ နယ်မြေလို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ သည်နေရာမှာက ပုဆိန် အကျိုးအပဲ့ အမြောက်အများကို မြုပ်နှံထားလို့ပါပဲ ။

အဲသည် ပုဆိန် အကျိုးအပဲ့တွေ ထဲမှာက အင်မတန်မှကို သိပ်သည်းလှတဲ့ ပုဆိန်တာအို ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေတဲ့အတွက် နေဝန်းပြာ ဧကရာဇ်တောင်မှ အကျိုးအပဲ့ နယ်မြေထဲမှာ လက်လွှတ်စပယ် မပြုမူရဲပါဘူး ။ တကယ်လို့သူသာ ပုဆိန် အကျိုးအပဲ့တွေ အနားကို အရမ်း ကပ်သွားမိမယ်ဆိုရင် ဒဏ်ရာရသွားမှာ အသေအချာပါပဲ ။

နေဝန်းပြာ ဧကရာဇ် တစ်ယောက် တွေဝေနေတဲ့  အချိန်မှာတော့ လီဖူချန်းနဲ့ ရန်ချင်းဟူတို့ဟာ အစအန ရှာမရအောင် ပျောက်ကွယ် သွားခဲ့ပါပြီ ။

***

အကျိုးအပဲ့ နယ်မြေ……

သည်နယ်မြေကတော့ ခြေလှမ်း တစ်လှမ်းကတောင်မှ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာပါပဲ ။တကယ်လို့ ဖူထုံဆေးပင်သာ မရှိလို့ကတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ သည်နေရာထဲမှာ တစ်စက္ကန့် ကြာအောင်တောင် နေနိုင်မှာ မဟုတ်ပါဘူး ။

နေဝန်းပြာ ဧကရာဇ်ရဲ့ လက်ထဲကနေ လွတ်မြောက်လောက်ပြီလို့ ခံစားမိတဲ့ အချိန်မှာတော့ လီဖူချန်းတို့ နှစ်ယောက်က ပြေးနေတာကို ရပ်လိုက်ကြပါပြီ ။ သူတို့က သည်နယ်မြေမှာ သွေးရူးသွေးတန်း ဇွတ်ပြေးနေလို့ မဖြစ်သေးပါဘူး ။ သူတို့အနေနဲ့ နည်းနည်းပါးပါးတော့ အနားယူရပါဦးမယ် ။

" ငါက မင်းကို ရန်ချင်းဟူလို့ ခေါ်ရမှာလား ဒါမှမဟုတ် မင်းဆီမှာ တခြားခေါ်စရာ နာမည် ရှိသေးလား "

အတန်ကြာ အမောဖြေပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ရန်ချင်းဟူကို လှမ်းမေးလိုက်ပါတယ် ။

ရန်ချင်းဟူက အေးစက်စက်လေသံနဲ့ ပြန်ဖြေလာခဲ့ပါတယ် ။

" ငါကလည်း ရန်ချင်းဟူ ၊ ရန်ချင်းဟူကလည်း ငါပဲ "

ပြီးတော့ သူမက လီဖူချန်းကို မျက်လုံးထောင့်ကပ် ကြည့်လိုက်ပြီး

" ငါကကော နင့်ကို ဘယ်လိုခေါ်ရမှာလဲ ။ လီဖူချန်းလား ဒါမှမဟုတ် နင့်မှာ တခြားနာမည် ရှိသေးလား "

သူမရဲ့ အမြင်မှာတော့ လီဖူချန်းဟာ သူမနဲ့ မကွာလောက်ပါဘူး ။ သူကလည်း အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်ရထားတာ ဖြစ်ရပါမယ် ။

လီဖူချန်းက ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်ပါတယ် ။

" ငါက လီဖူချန်းပဲ ။ ပြီးတော့ ငါနဲ့မင်းက မတူဘူး "

" သြော် …… ဟုတ်လား "

ရန်ချင်းဟူက မျက်ခုံးပင့်ပြီး ပြန်ပြောလာပါတယ် ။ ကြည့်ရတာတော့ သူမက လီဖူချန်း ပြောတာကို ယုံပုံ မရပါဘူး ။

" ငါ့အထင်ပြောရရင် မင်းက အရှေ့ယူနီကွန်းတိုက်မှာ ပြန်ဝင်စားတာပဲ ဖြစ်ရမယ် "

လီဖူချန်းက ပြန်ပြောလိုက်ပါတယ် ။

တကယ်လို့ ခန္ဓာကိုယ် အပိုင်စီးခံလိုက်ရပြီ ဆိုရင် ရန်ချင်းဟူက " ငါကလည်း ရန်ချင်းဟူ ၊ ရန်ချင်းဟူကလည်း ငါပဲ "လို့ ဖြေမှာ မဟုတ်ပါဘူး ။ ပြန်လည်ဝင်စားပြီး မွေးလားတဲ့ သူတွေမှသာ သည်လိုမျိုး ပြန်ဖြေမှာ ဖြစ်ပါတယ် ။

ရန်ချင်းဟူက မငြင်းပါဘူး ။ သူမက လီဖူချန်းကို မျက်လုံးချင်း ဆိုင်ကြည့်ပြီး မေးလိုက်ပါတယ် ။

" လီဖူချန်း… နင် သူတော်စင်ဝိညာဉ် ကုန်းမြေတိုက် ဆိုတာကို ကြားဖူးလား "

လီဖူချန်းက ခေါင်းခါလိုက်ပြီး

" မသိဘူး ။ အဲဒါက အဆင့်မြင့် ကုန်းမြေတိုက်လား "

" အင်း "

ရန်ချင်းဟူက ခေါင်းညိတ်ပြလိုက်ပါတယ် ။ ပြီးတော့ သူမက ဆက်ပြီး

" ငါနေတဲ့ဘက်မှာက လန်စွတ်ချင်း ဆိုတဲ့ လွင်ပြင် ရှိတယ် ။ အဲသည်လွင်ပြင်က စုစုပေါင်း အဆင့်မြင့် ကုန်းမြေတိုက် ကိုးခုနဲ့ ဖွဲ့စည်းထားတဲ့ လွင်ပြင် တစ်ခုပဲ ။ ငါပြောတဲ့ သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်က  အဲသည် ကုန်းမြေတိုက် ကိုးခုထဲမှာ ပါတယ် ။ အရင်ဘဝတုန်းက ငါက အဲသည် သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်မှာ မွေးခဲ့တာ "

" လန်စွတ်ချင်း လွင်ပြင် ၊ အဆငမြင့် ကုန်းမြေတိုက် ကိုးခု ဟုတ်လား "

လီဖူချန်းက ရန်ချင်းဟူ ပြောပြတာတွေကို တစ်ခါမှ မကြားဖူးပါဘူး ။ လူတစ်ယောက်က သူ့ကို သည်ကမ္ဘာရဲ့ အကြောင်း ပြောပြတာဟာ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ ။

ရန်ချင်းဟူက ဆက်ပြောပြန်ပါတယ် ။

"သူတော်စင်တွေ အကုန်လုံး နီးပါးက အဆင့်မြင့် ကုန်းမြေတိုက်တွေမှာ စုရုံးကြတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အဆင့်မြင့် ကုန်းမြေတိုက်တွေဆိုတာက စကြဝဠာ ကောင်းကင်ဘုံနဲ့ ချိတ်ဆက်မှု ရှိတဲ့ တစ်ခုတည်းသော နေရာပဲ ။ အခုတော့ လန်စွတ်ချင်း လွင်ပြင်မှာ သူတော်စင် နည်းနည်းပဲ ကျန်တော့တယ် ။ သူတော်စင် အများစုက သူတို့ရဲ့ အခွင့်အလမ်းတွေကို ရှာဖွေဖို့ စကြဝဠာ ကောင်းကင်ဘုံကို တက်သွားကြပြီ "

" ဒါဆိုရင် မင်းက ဘာဖြစ်လို့ အရှေ့ယူနီကွန်း ကုန်းမြေတိုက်မှာ ဝင်စားဖို့ ရွေးခဲ့တာလဲ ။ သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်မှာ နေတာက မင်းအတွက် ပိုမကောင်းဘူးလား "

လီဖူချန်းက မေးလိုက်ပါတယ် ။

အဆင့်မြင့် ကုန်းမြေတိုက်တွေ ဆိုတာက သိပ်သည်းလွန်းလှတဲ့ မိုးမြေ ဥပဒေသတွေ ရှိတဲ့ နေရာပါပဲ ။ တကယ်လို့ ရန်ချင်းဟူ အနေနဲ့ ပြန်လည် ဝင်စားဖို့ ရွေးမယ် ဆိုရင်တောင်မှ အဆင့်မြင့် ကုန်းမြေတိုက်တွေကိုပဲ ရွေးသင့်ပါတယ် ။

ရန်ချင်းဟူက မျက်လုံးရွှဲကြီးနဲ့ လီဖူချန်းကို ကြည့်လိုက်ပြီး

" လီဖူချန်း…… နင်က ပြန်ဝင်စားရတာကို လွယ်တယ်လို့ ထင်နေတာလား ။ ပြီးတော့ အဲသည်မှာ ရွေးချယ်စရာ ရှိတယ်လို့ ထင်နေတာလား ။အထူး လျှို့ဝှက်နည်းစနစ် မရှိရင် ပြန်ဝင်စားဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်ဘူူး ။ လူတစ်ယောက်က သေပြီဆိုရင် ပြန်ဝင်စားဖို့ဆိုတာ ကျပန်း ရွေးရတာပဲ ။ ပြီးတော့ ပြန်ဝင်စားတယ် ဆိုတာ အမြဲ အောင်မြင်တာ မဟုတ်ဘူး ။ တချို့ဆိုရင် အတိတ်ဘဝက မှတ်ဉာဏ်တွေ အကုန်လုံး ပျောက်သွားတာတောင် ရှိသေးတယ် "

" ငါစိတ်ကောင်း ဝင်နေလို့ နင့်ကို နည်းနည်းပါးပါး ရှင်းပြလိုက်မယ် ။ အကြမ်းဖျင်း ပြောရရင် ပြန်ဝင်စားဖို့ ဆိုတာက အဆင့်၃ဆင့် လိုတယ် ။ ပထမ အဆင့်က အထူးလျှို့ဝှက်နည်းစနစ် တစ်ခုကို ပိုင်ဆိုင်ထားဖို့ ။ ဒုတိယ အဆင့်ကတော့ မှတ်ဖျက်တွေ ဖျက်ပစ်ခံရတာကို ရှောင်ဖို့ ။ တတိယ အဆင့်ကတော့ အရင်ဘဝက မှတ်ဉာဏ်တွေကို ပြန်နိုးထနိုင်ဖို့ပဲ ။ သည်အဆင့် သုံးခုက တစ်ခုမှ လွဲချော်သွားလို့ မရဘူး "

" အဲလိုလား …… အင်း…… ငါသိပြီ "

လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပါတယ် ။

ရန်ချင်းဟူ ပြောတာက အမှန်တွေပါပဲ ။တခြားဘဝ တစ်ခုမှာ ပြန်ဝင်စားဖို့ ဆိုတာက တကယ်ကို ခက်ခဲလွန်းလှပါတယ် ။တိကျသေချာတဲ့ အစီအစဉ် တစ်ခု မရှိဘဲနဲ့တော့ ပြန်ဝင်စားဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်ပါဘူး ။

" ကြည့်ရတာ နင်ကလည်း အတိတ်ဘဝမှာ အတော်လေး အစွမ်းထက်ခဲ့တဲ့သူပဲ ။ ဒါပေမဲ့ နင်က နင့်ရဲ့ မှတ်ဉာဏ်တွေကို နိုးထဖို့ လိုသေးတယ် ။ ဒါမှမဟုတ် နင်ရဲ့ မှတ်ဉာဏ်တွေက လူဝင်စားခါနီး အချိန်မှာ ဖျက်ခံလိုက်ရတာ ဖြစ်မယ် "

ရန်ချင်းဟူက လေးနက်စွာနဲ့ လီဖူချန်းကို ပြောလာပြန်ပါတယ် ။

ပြန်လည်ဝင်စားသူ တစ်ယောက်က သူတို့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ခံလိုက်ရရင်တောင်မှ အရင်ဘဝက သူတို့ နားလည်သဘောပေါက်ခဲ့တဲ့ တာအိုဥပဒေသ တချို့ကတော့ သူတို့နဲ့အတူ ပါလာဦးမှာပါပဲ ။

သည်လောကမှာက ပြန်လည်ဝင်စားသူတွေ ဘယ်လောက်ရှိတယ် မသိပါဘူး ။ ဒါပေမဲ့ ရန်ချင်းဟူရဲ့ အမြင်မှာတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ လက်ရှိ နံပါတ်၁ မဟာ ဧကရာဇ် ဖြစ်တဲ့ ဝိညာဉ် ဧကရာဇ်ကလည်း ပြန်လည်ဝင်စားတဲ့သူ ဖြစ်လောက်ပါတယ် ။

" ဟင့်အင်း …… ငါက နင်ပြောသလို မဟုတ်လောက်ဘူး "

လီဖူချန်းက ထူးဆန်းတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပါတယ် ။

ဘယ်သူကမှ သူ့ကိုယ်သူထက် ပိုမသိနိုင်ပါဘူူး ။ပြန်လည်ဝင်စားခြင်း ဆိုတာက အတော်လေး အံ့သြဖို့ကောင်းတဲ့ အရာပါပဲ ။ ဒါပေမဲ့လည်း သူ့ရဲ့ စိတ်နယ်ပယ်ထဲက ရွှေရောင် လက်ဖွဲ့အဆောင်နဲ့တော့ ယှဉ်ဖို့ကို မထိုက်တန်ပါဘူး ။

တကယ်လို့ သူတော်စင်တွေကို ယှဉ်ဖို့ ထိုက်တန်တဲ့ အရာတစ်ခုကို ပြပါလို့ လီဖူချန်းကို မေးလာခဲ့ပြီဆိုရင် လီဖူချန်းက ရွှေရောင် လက်ဖွဲ့အဆောင်ကို မဆိုင်းမတွ ထုတ်ပြမှာပါပဲ ။

လီဖူချန်းရဲ့ အမြင်မှာတော့ ရွှေရောင် လက်ဖွဲ့အဆောင်က သူတော်စင်တွေထက်တောင်မှ အဆပေါင်းများစွာ သာလွန်တဲ့ မှော်ဝင်ရတနာ ပစ္စည်း တစ်ခုပဲ ဖြစ်ပါတယ် ။

ဘာကြောင့်မှန်းတော့ မသိပါဘူူး ။ ဘုံခုနစ်ဆင့် ကောင်းကင်ဓား နဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်တောင်မှ ရွှေရောင် လက်ဖွဲ့အဆောင်ထက် အဆင့် အများကြီး နိမ့်ကျတယ်လို့ လီဖူချန်းက ခံစားမိနေပါတယ် ။

လီဖူချန်းအတွက်ကတော့ ရွှေရောင် လက်ဖွဲ့အဆောင်က အမတ ၊ ထာဝရ နဲ့ မဟာတာအို အထက်မှာတောင် ရှိနေသလိုပါပဲ ။

***

All Chapters