← Chapters

(စာစဉ်- ၄၉) ရှေးဟောင်း ကြယ်စင်မြို့တော်

Vol. 49 Ch. 668

(စာစဉ်- ၄၉) ရှေးဟောင်း ကြယ်စင်မြို့တော်

Vol. 49 Ch. 668

" ကောင်းကင် အဆင့်မြင့် သိုင်းပညာတွေက အစစ်အမှန် စိတ်ဝိညာဉ်ရဲ့ အရည်အသွေး မြင့်မြင့်ကို တောင်းဆိုတယ် ။ သာမန် အခြေအနေတွေမှာ ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေရဲ့ အစစ်အမှန် စိတ်ဝိညာဉ်တွေကပဲ ကောင်းကင် အဆင့်မြင့် သိုင်းပညာတွေကို အမြင့်ဆုံး ရောက်အောင် ဆွဲတင်ပေးတာပဲ ။ အဲသည်နယ်ပယ်ကို မရောက်သေးရင်တော့ နင်က  ကောင်းကင် အဆင့်မြင့် သိုင်းပညာတွေကို နားလည်သဘောပေါက်ရင်တောင်မှ သူ့ရဲ့ အစွမ်းကို အပြည့်အဝ အသုံးချနိုင်မှာ မဟုတ်ဘူး ။ အဲဒါက ကောင်းကင် အလယ်အလတ် အဆင့် သိုင်းပညာတွေထက် နည်းနည်းလေး သာနေတာပဲ ရှိနေလိမ့်မယ် "

လမ်းတစ်လျှောက်မှာတော့ ရန်ချင်းဟူက လီဖူချန်းကို သိုင်းတာအို အခြေခံ ဗဟုသုတတွေနဲ့ ပတ်သက်ပြီး ရှင်းပြနေပါတယ် ။

"အင်း…… ဒါကြောင့်ကိုး "

လီဖူချန်းကလည်း ရန်ချင်းဟူ ရှင်းပြတာတွေကို သေသေချာချာ ဂရုစိူက်ပြီး နားထောင်နေပါတယ် ။

တစ်ချိန်တည်းမှာပဲ သူက ရန်ချင်းဟူရဲ့ ဓားမော့သိုင်းဟာ ကောင်းကင် အဆင့်မြင့် ဓားမော့သိုင်း ဖြစ်ပေမယ့် ဘာဖြစ်လို့ အစွမ်းထက်သင့်သလောက် မထက်ရသလဲ ဆိုတာကို နားလည် သဘောပေါက် သွားခဲ့ပါပြီ ။ သူမက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ရဲ့ စိတ်ဝိညာဉ် အရည်အသွေးကို သေချာပေါက် လိုနေသေးတာပဲ ဖြစ်ရပါမယ် ။

" ကျင့်စဉ်တွေပဲဖြစ်ဖြစ် ဒါမှမဟုတ် သိုင်းပညာတွေ ၊ချပ်ဝတ်တန်ဆာတွေ ၊ လက်နက်တွေပဲဖြစ်ဖြစ် ၊ ကောင်းကင် အဆင့်ကို ရောက်သွားပြီ ဆိုရင်တော့ အဆင့် တစ်ခုနဲ့ တစ်ခုကြားမှာ ကွာဟချက်က အင်မတန် ကြီးမားသွားပြီ ။ ဒါကြောင့်လည်း ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကြားက ကွာဟချက်က အရမ်း ကွာခြားနေတာပဲ "

" ယေဘုယျ အားဖြင့် ဆိုရင် ကောင်းကင် အဆင့်နိမ့် ကျင့်စဉ် နဲ့ သိုင်းပညာကို ကျင့်ကြံထားတဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်ကို သာမန် ဧကရာဇ်လို့ပဲ သတ်မှတ်ကြတယ် ။ သူတို့ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်ပဲ အဆင့်မြင့်မြင့် သူတို့က ဧကရာဇ်တွေ ကြားထဲမှာ ဆိုရင် အောက်ဆုံးမှာ ရှိနေမှာပဲ ။ ပိုကောင်းတဲ့ ကျင့်စဉ်နဲ့ သိုင်းပညာတွေကို မကျင့်ကြံနိုင်ဘူး ဆိုရင်တော့ သူတို့က ပိုမြင့်တဲ့ အဆင့်ကို တစ်သက်လုံး တက်လှမ်းနိုင်မှာ မဟုတ်ဘူး ။ ဥပဒေ ပြောင်းလဲခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်းက သူတို့ရဲ့ အဆုံးစွန်ဆုံး ကန့်သတ်ချက်ပဲ "

" တချို့ကကျတော့ ကောင်းကင် အဆင့်နိမ့် ကျင့်စဉ်တွေ နဲ့ ကောင်းကင် အလယ်အလတ် အဆင့်  သိုင်းပညာတွေကို ကျင့်ကြံထားကြတယ် ။ အဲသည်အမျိုးအစား ဧကရာဇ်တွေကတော့ သည်ကမ္ဘာကြီးမှာ အပေါများဆုံးပဲ ။ သူတို့က အစောပိုင်းတုန်းက ပြောတဲ့ သာမန် ဧကရာဇ်တွေထက် အဆပေါင်းများစွာ အစွမ်းထက်တယ် ။ သူတို့ကကျတော့ ကံကောင်းမှုတွေနဲ့ မကြုံရဘူး ဆိုရင်တောင်မှ ကြိုးကြိုးစားစား ကျင့်ကြံမယ် ဆိုရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အလယ်အလတ်ပိုင်းကို တက်လှမ်းနိုင်ဖို့အတွက် အခွင့်အရေး ရှိတယ် "

" ပြီးတော့ …… အထွတ်အထိပ် အဆင့် ဧကရာဇ်တွေ ။ သူတို့တွေကတော့ ကောင်းကင် အလယ်အလတ် အဆင့် ကျင့်စဉ်တွေ နဲ့ သိုင်းပညာတွေကို ကျင့်ကြံထားသူတွေ ဖြစ်တယ် ။ သာမန်အားဖြင့် ဆိုရင် သည်လို ဧကရာဇ် အမျိုးအစားက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေကြသူတွေပဲ ။ မဟာ ဧကရာဇ်တွေတောင်မှ သူတို့ကို သတ်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ ချီအတွင်းအားတွေက မဟာ ဧကရာဇ်တွေထက် ဘယ်လောက်မှ အားမနည်းလို့ပဲ ။ သူတို့က တိုက်ခိုက်တဲ့ နေရာမှာပဲ အားနည်းတာ ။ တကယ်လို့ သူတို့က ထွက်ပြေးဖို့ ဆန္ဒရှိတယ် ဆိုရင်တောင် အေးအေးဆေးဆေး ထွက်ပြေးလို့ ရသေးတယ် "

" နောက်ဆုံးကတော့ မဟာ ဧကရာဇ်တွေပဲ ။ မဟာ ဧကရာဇ် တစ်ပါး ဖြစ်ဖို့ဆိုရင် ကောင်းကင်  အလယ်အလတ် အဆင့် ကျင့်စဉ်တွေနဲ့ ကောင်းကင် အဆင့်မြင့် သိုင်းပညာတွေကို တတ်မြောက်ထားဖို့ လိုတယ် ။ သူတို့ကတော့ ကန့်သတ်ချက် မရှိဘူး ။ နင်လည်း နေဝန်းပြာ ဧကရာဇ်ရဲ့ အစွမ်းကို ဒေါသ ပုဆိန် ချောက်ကမ်းပါးထဲမှာ မြင်ဖူးတာပဲ ။ သာမန် ဧကရာဇ် တစ်ပါးက မဟာ ဧကရာဇ်တွေကို ဘယ်လိုမှ မယှဉ်နိုင်ဘူး ။ မိုင်ပေါင်း သောင်းချီ ကွာဝေးနေရင်တောင်မှ မဟာ ဧကရာဇ်တွေက ရန်သူကို လှမ်းပြီး တိုက်ခိုက်နိုင်တယ် "

" အကြို - သူတော်စင်တွေကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ရဲ့ ဘောင်ထဲက ထွက်သွားကြပြီ ။ သူတို့က ဧကရာဇ်တွေ နဲ့ သူတော်စင်တွေ ကြားထဲက တည်ရှိမှုတွေပဲ ။ သူတို့က သူတော်စင်တွေလို အစွမ်း မထက်သေးဘူး ဆိုပေမယ့် သူတို့ရဲ့ အစွမ်းက ဧကရာဇ်တွေထက်တော့ အဆပေါင်းများစွာ သာတယ် ။ ဒါကြောင့်လည်း သူတို့ကို အကြို-ဧကရာဇ်တွေလို့ ခေါ်ကြတာ "

" နင်ကတော့ ကောင်းကင် အလယ်အလတ် အဆင့် သိုင်းပညာ တစ်မျိုးကို တတ်မြောက်ထားပြီး ကောင်းကင် အလယ်အလတ် အဆင့် သိုင်းကွက်တချို့ကိုတောင် ကိုယ်တိုင် တီထွင်ထားတာ ငါတွေ့ရတယ် ။ ဒါပေမဲ့ ကောင်းကင် အဆင့်မြင့် သိုင်းကွက်တွေကို တီထွင်ချင်တယ် ဆိုရင်တော့ ထိုးထွင်းသိမြင်မှုနဲ့တင် လုံလောက်မှာ မဟုတ်ဘူူ း။ နင်က ကမ္ဘာကြီး တစ်ခုလုံးကို လျှောက်သွားဖို့ လိုအပ်ပြီး မိုးနဲ့မြေရဲ့ မဟာတာအို အငွေ့အသက်ကို ခံစားမိနိုင်ဖို့ လိုသေးတယ် "

ရန်ချင်းဟူက စကား အရှည်ကြီးပြောပြီး လီဖူချန်းကို ရှင်းပြလိုက်ပါတယ် ။ သူမက လီဖူချန်းဟာ ပြန်ဝင်စားတဲ့သူ မဟုတ်ဘူး ဆိုတာကို ယုံကြည်သွားခဲ့ပါပြီ ။လီဖူချန်းက တမင်သက်သက် ရည်ရွယ်ပြီး လုပ်နေရင်တောင်မှ လူတစ်ယောက်ရဲ့ အတွေ့အကြုံ ဆိုတာက အတု လုပ်ယူရတာ ခက်ခဲလွန်းလှပါတယ် ။ ဒါကြောင့်လည်း သူမက လီဖူချန်းကို သူမ သိသမျှတွေကို မခြွင်းမချန် ပြောပြနေတာပါ ။

" အင်း "

လီဖူချန်းကလည်း ခေါင်းညိတ်လိုက်မိပါတယ် ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်မှာက ကွာဟချက်တွေဟာ တကယ်ပဲ ကြီးမားလွန်းလှပါတယ် ။

ဒေါသပုဆိန် ချောက်ကမ်းပါးထဲမှာတုန်းက ဆိုရင် သူတို့ဟာ နေဝန်းပြာ ဧကရာဇ်ကို မြင်တောင် မမြင်လိုက်ရပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ ဖိအားက သူတို့အပေါ်မှာ သက်ရောက်မှု ကြီးမားလွန်းလှပါတယ် ။

ကောင်းကင် အဆင့်မြင့် သိုင်းပညာတွေနဲ့ ပတ်သက်ပြီးတော့လည်း ရန်ချင်းဟူရဲ့ ရှင်းပြချက်တွေက မှန်တာပါပဲ ။

လီဖူချန်းက သူ့အနေနဲ့ ကောင်းကင် အလယ်အလတ် အဆင့် သိုင်းကွက်တွေကို တီထွင်နိုင်တယ် ဆိုပေမယ့်  ကောင်းကင် အဆင့်မြင့် သိုင်းကွက်တွေကိုတော့ တီထွင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ရနေတာ ကြာပါပြီ ။

ကမ္ဘာကြီးပေါ်မှာ ရှိနေတဲ့ အရာတိုင်းက သူ့ရဲ့ သတ်မှတ်ချက်နဲ့သူ ရှိနေတာပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့ ဘာမှ မရှိဘဲနဲ့တော့ ကောင်းကင် အဆင့်မြင့် သိုင်းပညာတွေကို ဘယ်လိုမှ တီထွင်နိုင်စရာ အကြောင်း မရှိပါဘူး ။

ကောင်းကင် အဆင့်မြင့် သိုင်းပညာတွေကို တီထွင် ဖန်တီးဖို့ဆိုရင် သူ့အနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ် အခြေခံ အုတ်မြစ်ကို အလဲအလှယ် အနေနဲ့ အသုံးပြုဖို့ လိုကို လိုပါတယ် ။ အဲသည် အခြေခံ အုတ်မြစ် ဆိုတာကတော့ အတွေ့အကြုံတွေ စုဆောင်းထားတာကို ဆိုလိုတာပါပဲ ။

***

သည်လိုနဲ့ပဲ လီဖူချန်းတို့ နှစ်ယောက်ဟာ သမုဒ္ဒရာကြီးထဲမှာ ရည်ရွယ်ချက်မရှိဘဲ လျှောက်ပြီး ပျံသန်းနေကြပါတယ် ။

ဒါပေမဲ့လည်း တစ်နေ့မှာတော့ ……

" လီဖူချန်းက နင်တစ်ခုခု မခံစားမိဘူးလား ။ အဲဒါက မမြင်ရတဲ့ စွမ်းအင် တစ်ခု လွှမ်းခြုံခံထားရသလိုပဲ "

ရန်ချင်းဟူက မျက်မှောင် ကြုတ်လိုက်မိပါတယ် ။

လီဖူချန်းကလည်း အဲသည် စွမ်းအင်ကို မခံစားမိဘဲ မနေပါဘူး ။ အဲသည်အတွက် သူက ခေါင်းည်လိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။

" အင်း…… အဲဒါက ဝင်္ကပါ အစီအရင်တစ်ခု နေမယ် "

ဝင်္ကပါ အစီအရင် တစ်ခု ဆိုတာက သဘာဝ တရားကြီးကို အတုအပ ပြုလုပ်ထားတာပါပဲ ။ လမ်းညွှန်မှု တိတိကျကျနဲ့ဆိုရင် အဲဒါက ထူးဆန်းတဲ့ ရာသီဥတု အခြေအနေတွေကိုပါ ဖန်တီးနိုင်ပါတယ် ။

အစွမ်းထက်လှတဲ့ ဝင်္ကပါ အစီအရင် တချို့ဆိုရင် အထဲမှာ သီးသန့် ကိုယ်ပိုင် ကမ္ဘာငယ်လေး တစ်ခုတောင် ဖြစ်တည်နေတတ် ပါသေးတယ် ။

" ဟင်…… သည်ဝင်္ကပါ အစီအရင်က တော်တော် အဆင့်မြင့်တာပဲ "

ဝင်္ကပါ အစီအရင်ကို အာရုံ ခံကြည့်လိုက်တဲ့ နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်က သည်ပင်လယ်ပြင် ရေပိုင်နက်ကို လွှမ်းခြုံထားတဲ့ ဝင်္ကပါ အစီအရင်ဟာ အနည်းဆုံး အကြို - အဆင့်၉ အဆင့်မှာ ရှိလောက်တယ်လို့ ခန့်မှန်းလိုက်ကြပါတယ် ။ တကယ်လို့ သည်ဝင်္ကပါ အစီအရင်ကသာ အဆင့်၈ ဆိုလို့ကတော့ သူတို့နှစ်ယောက်ဟာ အစောကြီးကတည်းက သတိပြုမိပြီးလောက်ပါပြီ ။

ဝုန်း……

အဲသည်အချိန်မှာပဲ ပင်လယ်ရေမျက်နှာပြင်ဟာ ဆူနာမီ ရေလှိုင်းလုံးကြီးသဖွယ် မို့တက်လာခဲ့ပြီး အဲသည်ရေလှိုင်းလုံးထဲကနေ မိုင်တစ်ရာကျော် အလျားရှိတဲ့ အပြာရောင် ဝေလငါး တစ်ကောင် ထွက်ပေါ်လာခဲ့ပါတယ် ။

သည်ဝေလငါးကြီး မပေါ်လာမချင်းမှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ သူ့ရဲ့ ဖြစ်တည်မှုကို သတိ မပြုမိခဲ့ကြပါဘူး ။

ဒါပေမဲ့ အဲဒါက သည်ဝေလငါးကြီးဟာ အစွမ်းထက်တယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး ။ သည်ပင်လယ်ပြင် ရေပိုင်နက်ကို လွှမ်းခြုံထားတဲ့ ဝင်္ကပါ အစီအရင်ရဲ့ အစွမ်းတွေက သူတို့ရဲ့ အာရုံခံစားမှုတွေကို လျော့ကျသွားစေတဲ့အတွက် သူတို့ဟာ ဝေလငါးကြီးရဲ့ ဖြစ်တည်မှုကို အာရုံ မခံမိတာပဲ ဖြစ်ပါတယ် ။

လူသားတွေနဲ့ မိစ္ဆာသားရဲတွေ ဆိုတာက အမြဲလိုလို ရန်စောင်နေလေ့ ရှိတဲ့ မျိုးနွယ်တွေပါပဲ ။

ဒါပေမဲ့လည်း အံ့သြစရာ ကောင်းတာကတော့ဘအပြာရောင် ဝေလငါးကြီးက လီဖူချန်းတို့ကို မတိုက်ခိုက်လာခဲ့ပါဘူး ။ အဲသည်အစား သူက ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး အပြာရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ လူကြီးတစ်ယောက်အဖြစ် ပုံပြောင်းသွားခဲ့ပါတယ် ။

" သည်နေရာက ရှေးဟောင်း ကြယ်စင်မြို့တော်ရဲ့ နယ်နိမိတ် ဖြစ်ပြီး သတ်ဖြတ်တာတွေကို ပိတ်ပင်ထားလို့ မင်းတို့နှစ်ယောက် ကံကောင်းသွားတယ်မှတ် "

စကားဆုံးတဲ့ နောက်မှာတော့ လူကြီးဟာ အကျီ ၤလက်စကို ခါယမ်းပြီး ထွက်သွားခဲ့ပါပြီ ။

" ရှေးဟောင်းကြယ်စင် မြို့တော် "

ရန်ချင်းဟူက တစ်ခုခုကို ရုတ်တရက် သတိရမလိုက်သလိုပါပဲ ။

" ရှေးဟောင်းကြယ်စင် မြို့တော်ဆိုတာ ဘာကြီးလဲ "

လီဖူချန်းက ရန်ချင်းဟူကို မေးလာခဲ့ပါတယ် ။

ရန်ချင်းဟူက ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်ပါတယ် ။

" လန်စွတ်ချင်း လွင်ပြင်မှာ နာမည်ကျော် ကုန်သည် အစည်းအရုံး တစ်ခု ရှိတယ် ။ အဲသည် အစည်းအရုံးရဲ့ နာမည်က ရှေးဟောင်းကြယ်စင် ကုန်သည် အစည်းအရုံးတဲ့ ။ ရှေးဟောင်းကြယ်စင် ကုန်သည် အစည်းအရုံးက သမုဒ္ဒရာထဲမှာ မြို့တွေ အများကြီး တည်ထောင်ထားတယ် ။အဲသည်မြို့တွေ တည်ထောင်ထားရတာရဲ့ ရည်ရွယ်ချက်ကတော့ မိစ္ဆာသားရဲ မျိုးနွယ်တွေနဲ့ ကုန်ပစ္စည်းတွေ အလဲအလှယ် လုပ်ဖို့ပဲ ။ လူသားတွေကတော့ အဲသည် မြို့တွေမှာ အနားယူလို့ ရသလို ကျင့်ကြံလို့လည်း ရတယ် ။ တကယ်လို့ ငါထင်တာ မမှားဘူး ဆိုရင်တော့ ရှေးဟောင်းကြယ်စင် မြို့တော်က ရှေးဟောင်းကြယ်စင် ကုန်သည် အစည်းအရုံး တည်ထောင်ထားတဲ့ မြို့တွေထဲက တစ်ခုပဲ "

" ဒါဆိုရင် အခု ငါတို့က ကုန်းမြေတိုက် တစ်ခုခုနဲ့ နီးလာပြီဆိုတဲ့ သဘောလား "

လီဖူချန်းက ထပ်မေးလိုက်ပါတယ် ။

ရန်ချင်းဟူက ခေါင်းခါလိုက်ပြီး

" ဒါတော့ ငါလည်း မသိဘူး "

ဂီး……

အဲသည်အချိန်မှာပဲ စူးရှတဲ့ အော်ဟစ်သံ တစ်ခုနဲ့အတူ အဝေးကနေပြီး ခေါင်းနှစ်လုံး ငှက်တစ်ကောင်ဟာ ရောက်လာပြန်ပါတယ် ။

အပြာရောင် ဝေလငါးကြီးလိုပါပဲ ။ သည်ခေါင်းနှစ်လုံးငှက်ကလည်း  ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ နယ်နိမိတ်ထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် လူယောင် ဖန်ဆင်းလိုက်ပါတယ် ။ဒါပေမဲ့ သူ့ရဲ့ ဦးခေါင်းနှစ်လုံးကတော့ ရှိနေပါသေးတယ် ။

" ငါမင်းတို့ နှစ်ယောက်ကို တကယ်ပဲ စားချင်တယ်ကွာ "

" ရှလွတ် "

လီဖူချန်းတို့ သွားရည် တမြားမြားနဲ့ ကြည့်ပြီးတဲ့ နောက်မှာတော့ လူယောင် ဖန်ဆင်းထားတဲ့ ခေါင်းနှစ်လုံး ငှက်ဟာလည်း ထွက်သွားခဲ့ပြန်ပါပြီ ။

" ရန်ချင်းဟူ …… ငါတို့လည်း  ရှေးဟောင်းကြယ်စင် မြို့တော်ကို တစ်ချက်လောက် သွားကြည့်ကြရအောင် "

လီဖူချန်းက ရှေးဟောင်းကြယ်စင် မြို့တော်နဲ့ ပတ်သက်ပြီး အတော်လေး စိတ်ဝင်စားသွားခဲ့ပါပြီ ။

" အင်း "

ရန်ချင်းဟူက သမုဒ္ဒရာထဲမှာ ရှိတဲ့ မြို့တစ်မြို့ကို တစ်ခါမှ မရောက်ဖူးပါဘူး ။ ဒါက သူမအတွက် အခွင့်အရေးကောင်း တစ်ခုပါပဲ ။

……

ရှေးဟောင်းကြယ်စင် မြို့တော်ကိုတော့ ကျွန်းတစ်ကွန်းပေါ်မှာ တည်ထောင်ထားတာ ဖြစ်ပါတယ် ။

သည်ကျွန်းက သိပ်ပြီး မကြီးလှပါဘူး ။ အဲဒါက မိုင်တစ်သောင်း ပတ်လည်ပဲ ရှိပါတယ် ။ အကာအကွယ် ဝင်္ကပါ အစီအရင်သာ မရှိရင်တော့ သည်ကျွန်းဟာလည်း နောက်ထပ် နှစ်အနည်းငယ်လောက် ဆိုရင် ရေလှိုင်းတွေ ဒါမှမဟုတ် ပင်လယ်သားရဲကြီးတွေရဲ့ လက်ချက်နဲ့ ပျောက်ကွယ် သွားမှာပါပဲ ။

ရှေးဟောင်းကြယ်စင် မြို့တော်မှာက တခြား မြို့ကြီးတွေလို မြို့ရိုးတွေ မရှိပါဘူး ။ သည်မြို့တော်ကိုက အဝေးကနေ ကြည့်လိုက်မယ် ဆိုရင် လှိုင်းလုံးတွေလို အနိမ့်မြင့် မညီညာတဲ့ အဆောက်အဦးတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ တချို့နေရာတွေမှာ ဆိုရင်လည်း ပျားအုံသဖွယ် ရှုပ်ယှက်ခက်နေတဲ့ အဆောက်အဦးတွေ ရှိနေပါသေးတယ် ။ ပြီးတော့ မြူ နှင်းတွေ အုံ့ဆိုင်းနေပြီး ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတဲ့ အဆောက်အဦးတွေကလည်း တစ်ခု ၊ နှစ်ခု မကပါဘူး ။

သိပ်မကြာခင်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ ရှေးဟောင်းကြယ်စင် မြို့တော်ကို ရောက်လာခဲ့ကြပါပြီ ။

" များလိုက်တဲ့ မိစ္ဆာသားရဲ ဧကရာဇ်တွေပါလား "

လီဖူချန်းတို့ နှစ်ယောက်က မြို့ထဲကို ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်လုံး အပြူ းသားတွေ ဖြစ်ကုန်ပါတယ် ။

သည်မြို့ထဲမှာက လူသားတွေက သိပ်မရှိလှပါဘူး ။ ဒါပေမဲ့ မိစ္ဆာသားရဲတွေကတော့ ထောင်နဲ့ချီပြီး ရှိနေကြပါတယ် ။ ပြီးတော့ သည်မှာ ရှိနေတဲ့ လူသားတွေကလည်း လှည့်လည် သွားလာနေသူတွေနဲ့ မတူဘဲ ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အဖွဲ့ဝင်တွေနဲ့ ပိုတူနေပါသေးတယ် ။

လီဖူချန်းတို့ နှစ်ယောက်က မိစ္ဆာသားရဲ ဘုရင်တွေနဲ့ မိစ္ဆာသားရဲ ဧကရာဇ်တွေအပြင် များပြားလှတဲ့ မိစ္ဆာ ဘုရင်တွေ နဲ့ မိစ္ဆာ ဧကရာဇ်တွေကိုလည်း တွေ့ခဲ့ရပါသေးတယ် ။

မိစ္ဆာတွေ ဆိုတာက လုံးဝ နောက်စရာ မဟုတ်ပါဘူး ။ သူတို့က တူညီတဲ့ အဆင့် တစ်ခုမှာဆိုရင် အားလုံးထက် ခေါင်းတစ်လုံး ပိုသာနေကြသူတွေပါ ။

မိစ္ဆာတွေထဲမှာ ဆိုရင် အားအနည်းဆုံး ဆိုတဲ့ မိစ္ဆာ ဘုရင် တစ်ပါးကတောင်မှ လူသား အကြို-ဧကရာဇ် တစ်ပါးရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ပြီး အားအနည်းဆုံး မိစ္ဆာ ဧကရာဇ် တစ်ပါးက အထွတ်အထိပ် အဆင့် လူသား ဧကရာဇ် တစ်ပါးရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားပါတယ် ။

သာမန် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကို အသာ ထားပါဦး ။ မဟာ ဧကရာဇ်တွေတောင်မှ မိစ္ဆာ ဧကရာဇ်တွေကို တွေ့ရင် လေးလေးစားစား ဆက်ဆံ ရမှာပါပဲ ။ သူတို့တွေက မိစ္ဆာ ဧကရာဇ်တွေကို ရန်မစဝံ့ပါဘူး ။

***

All Chapters