← Chapters

မိစ္ဆာသားရဲ အရှင်သခင်ကြောင့် ပျက်စီးသွားတဲ့မြို့

Vol. 50 Ch. 671

မိစ္ဆာသားရဲ အရှင်သခင်ကြောင့် ပျက်စီးသွားတဲ့မြို့

Vol. 50 Ch. 671

ရွှီး…… မိစ္ဆာဝိညာဉ် မြားက မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကို ထိုးဖောက် ဝင်ရောက်သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ မျက်နှာကတော့ ဘာမှကို မပြောင်းလဲသွားပါဘူး ။ အစွမ်း ဆယ်ရာခိုင်နှုန်းပဲ ရှိတဲ့ မိစ္ဆာဝိညာဉ်မြားကို အသာထားပါဦး ။ တကယ်လို့ မိစ္ဆာဝိညာဉ်မြားက တစ်ရာ ရာခိုင်နှုန်း အစွမ်းရှိနေရင်တောင်မှ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို ဒဏ်ရာရအောင် လုပ်ဖို့ ဆိုတာဟာ အတော်လေး ခက်ပါလိမ့်မယ် ။ အစစ်အမှန် ဝိညာဉ် ဆိုတာက လူတစ်ယောက်ရဲ့ အဓိက ပင်မ အရင်းအမြစ်ပါပဲ ။ လိပ်ပြာ အသိစိတ်အာရုံ ဆိုတာကတော့ သည်အတိုင်း ပင်မ အရင်းအမြစ်ကနေ ခွဲထွက်လာတဲ့ အခက်အလက်လေး တစ်ခုသာ ဖြစ်ပါတယ် ။ အဲသည်အတွက် လိပ်ပြာ အသိစိတ် အာရုံနဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ထိခိုက် ဒဏ်ရာရအောင် လုပ်ဖို့ ဆိုတာက သိပ်ပြီး မလွယ်လှပါဘူး ။ တခြားသူတွေကို မပြောပါနဲ့ ။လီဖူချန်းလို အစွမ်းထက်တဲ့ လိပ်ပြာ အသိစိတ်အာရုံ ပိုင်ရှင်တောင်မှ တစ်ဖက်လူရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ဒဏ်ရာ သိသိသာသာကြီး ရအောင် လုပ်ဖို့ ဆိုတာက ခက်ခဲလွန်းလှပါတယ် ။ ပြီးတော့ တစ်ဖက်လူတွေ အနေနဲ့လည်း လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ဒဏ်ရာ ရအောင် လုပ်ဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်ပါဘူး ။ " ဟား……ဟား… ဟေ့ကောင် သွေးမိစ္ဆာ ငါ့ရဲ့ အစွမ်းကို မြင်လား …… ဟား…ဟား " အစတုန်းကတော့ လက်လေးဖက် မဟာ ဧကရာဇ်ဟာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြုံးနေပါသေးတယ် ။ ဒါပေမဲ့လည်း သူ့ရဲ့ အပြုံးက ကြာရှည် မခံခဲ့ပါဘူး ။ သိပ်မကြာခင်မှာပဲ သူက မျက်နှာ အကြီးအကျယ် ပျက်သွားခဲ့ပါပြီ ။ သူ့ရဲ့ အမြင်မှာတော့ မိစ္ဆာဝိညာဉ်မြားရဲ့ တစ်ဆယ် ရာခိုင်နှုန်းဟာ သာမန် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးကို ဒုက္ခ အကြီးအကျယ် ရောက်သွားအောင် လုပ်နိုင်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ မိစ္ဆာဝိညာဉ်မြားက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုသက်သက် မဟုတ်ဘဲ သူ့ရဲ့ မွေးရာပါ စွမ်းရည်ပါ ပါဝင် ပတ်သက်နေလို့ပါပဲ ။ ဒါပေမဲ့လည်း လီဖူချန်းကို ကြည့်ရတာကတော့ သူ့ရဲ့ မိစ္ဆာဝိညာဉ်မြားနဲ့ ပတ်သက်ပြီး ဘာမှကို ခံစားရပုံ မပေါ်ပါဘူး ။ " သည်ဧကရာဇ် နှစ်ပါးနဲ့ အငြင်းပွားနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး ။ သွားမှ " လီဖူချန်းက သွေးမိစ္ဆာ ဧကရာဇ် နဲ့ လက်လေးဖက် မဟာ ဧကရာဇ်တို့ကို လုံးဝ ဂရု မစိုက်တော့ပါဘူး ။ အဲသည်အစား သူက ချာခနဲ လှည့်ပြီး ထွက်ခွာသွားခဲ့ပါပြီ ။ မဟာ ဧကရာဇ် နှစ်ပါးကတော့ ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်ပြီး တောက်တစ်ခေါက်ခေါက်နဲ့ ကျန်နေခဲ့ပါတယ် ။ ရှေးဟောင်းကြယ်စင် ပင်လယ်ပြင်မှာက သူတို့ဟာ သူတို့ရဲ့ အစွမ်းတွေကို ဆယ်ပုံ တစ်ပုံတောင်မှ မထုတ်သုံးနိုင်ပါဘူး ။ အဲသည်အတွက် သူတို့က သူတို့ရဲ့ ဒေါသတွေကို ချိုးနှိမ် ထားရမှာပါပဲ ။ တကယ်လို့သာ သူတို့က သူတို့ရဲ့ ဒေါသတွေကို မချိုးနှိမ်ဘဲ လွှတ်ပေးလိုက်မယ် ဆိုရင် လီဖူချန်းကို မသတ်နိုင်ခင်မှာတင် သူတို့ရဲ့ အသက်ဟာ ပျောက်သွားပြီးလောက်ပါပြီ ။ " သွေးမိစ္ဆာ…… ကြည့်ရတာတော့ ငါတို့နှစ်ယောက်က သည်ကောင်စုတ်လေးကို အချိန် တစ်ခုလောက်အထိ လွတ်ပေးထားရမယ့် ပုံပဲ " လက်လေးဖက် မဟာ ဧကရာဇ်က စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားလိုက်ပါတယ် ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်က စိတ်ပျက်နေတဲ့ပုံ မရှိပါဘူး ။ သူက ကြိမ်းတောင် ကြိမ်းဝါးလိုက်ပါသေးတယ် ။ " ဟမ့် ……သည်ကောင် သတ္တိရှိရင် ရှေးဟောင်းကြယ်စင် ပင်လယ် အပြင်ဘက်ကို ထွက်ရဲ ထွက်ကြည့်လိုက်လေ ။ ငါ့အကြောင်းကို ကောင်းကောင်းကြီး ပြလိုက်မယ် " သူ့အတွက်ကတော့ သွေးလင်ဇီးကို လီဖူချန်းစားလိုက်ရင်လည်း အဆင်ပြေတာပါပဲ ။ သူက လီဖူချန်းကို ပြန်ပြီး စားလို့ ရတာပဲ မဟုတ်ပါလား ။ လူသားတွေဆိုတာက ဆေးတွေကို သန့်စင်ပေးတဲ့ နေရာမှာ အတော်လေး အသုံးဝင်ပြီး မိစ္ဆာသားရဲတွေရဲ့ မျိုးဆက်သွေးကို ပိုအားကောင်းအာင် လုပ်ပေးနိုင်ပါတယ် ။ ***** ရှေးဟောင်းကြယ်စင်မြို့တော်ကို ပြန်ရောက်တဲ့ အခါမှာတော့ လီဖူချန်းက အပြင်ကို လုံးဝ မထွက်တော့ပါဘူး ။ သူ့အနေနဲ့ လိုအပ်တာတွေ အားလုံး ရှိနေပြီ ဖြစ်တဲ့အတွက် ဒါက တံခါးပိတ် ကျင့်ကြံဖို့ အချိန်ကောင်းပါပဲ ။ အခု သူရရှိလာတဲ့ သွေးလင်ဇီး ၁၉ပင် ၊ သွေးလင်ဇီး သရဖူ ၁ ပင်တို့နဲ့ ဆိုရင် သူ့ရဲ့ သွေးချီ အရင်းအမြစ်ဟာ အပြည့်အဝ ပြန်လည်ပြည့်တင်းလာရုံမက နောက်ထပ် တစ်ဆင့်ကိုတောင် ရောက်သွားလောက်မှာပါ ။ ဒါပေမဲ့လည်း လီဖူချန်းက သွေးလင်ဇီးတွေရဲ့ အစွမ်းကို လျော့တွက်မိခဲ့ ပုံပါပဲ ။ သူက သွေးလင်ဇီး ၉ပင်ပဲ စားရုံပဲ ရှိပါသေးတယ် ။ သူ့ရဲ့ သွေးချီအရင်းအမြစ်ဟာ နဂိုမူလအတိုင်း ပြန်ဖြစ်လာရုံ မက အရင်ကထက်တောင် ပိုပြီး အားကောင်း သွားခဲ့ပါပြီ ။ " အင်း …… သွေးလင်ဇီး သရဖူရဲ့ အစွမ်းကိုလည်း မြည်းစမ်းကြည့်မှ " အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သွေးလင်ဇီး သရဖူရဲ့ အပိုင်း တစ်ပိုင်းကို လှီးထုတ်ပြီး စားကြည့်လိုက်ပါတယ် ။ " ဟင်…… သည် …သည်ခံစားချက်က " သွေးလင်ဇီး သရဖူကနေ ရတဲ့ အစွမ်းက အတော်လေး ဖော်ပြရခက်တဲ့ အရာပါပဲ ။ အဲဒါက သူ့ရဲ့ သွေးချီအရင်းအမြစ်တွေကို ပိုအားကောင်းလာစေရုံမက သွေးချီ အရင်းအမြစ်ထဲမှာ ရှိတဲ့ မမြင်ရတဲ့ အားတစ်ခုကိုလည်း ခံစား လာမိစေပါတယ် ။ တကယ်လို့ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ အဲဒါက မျိးဆက်သွေး အစွမ်းပဲ ဖြစ်ပါလိမ့်မယ် ။ လူသားတွေရဲ့ မျိုးဆက်သွေးက သန်မာတဲ့ အမျိုးအစားထဲမှာ မပါပါဘူး ။ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ တစ်ယောက်ရဲ့ မျိုးဆက်သွေးကတောင်မှ မိစ္ဆာသားရဲတွေထက် အဆပေါင်းများစွာ အားနည်းပါတယ် ။ ဒါပေမဲ့လည်း မျိုးနွယ် တစ်ခုချင်းစီမှာက သူတို့ကိုယ်ပိုင် အထူးအားသာချက်တွေ ရှိတာပါပဲ ။ မိစ္ဆာသားရဲတွေ နဲ့ မိစ္ဆာတွေရဲ့ ကိုယ်ပိုင် အထူး အားသာချက်ကတော့ သူတို့ရဲ့ မျိုးဆက်သွေးဖြစ်ပြီး လူသားတွေရဲ့ ကိုယ်ပိုင် အထူး အားသာချက်ကတော့ သူတို့ရဲ့ အရိုးတည်ဆောက်ပုံ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သူတော်စင် နယ်ပယ်ကို ရောက်ပြီးပြီ ဆိုရင်တော့ လူသားတွေရဲ့ မျိုးဆက်သွေးဟာ မိစ္ဆာသားရဲ နဲ့ မိစ္ဆာတွေရဲ့ မျိုးဆက်သွေးကို ယှဉ်လို့ ရသွားပါပြီ ။ အချက်အလက်နဲ့ ပြောရမယ် ဆိုရင် လူသားတွေရဲ့ မျိးဆက်သွေးက ပိုပြီးတောင် သာလွန်၊ကောင်းမွန်နိုင်ပါသေးတယ် ။ သွေးလင်ဇီး သရဖူ တစ်ခုလုံးကို စားပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မျိုးဆက်သွေးဟာ နဂိုမူလကထက် ဆယ်ဆမက ပိုအားကောင်းလာခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကိုယ်ထဲကနေပြီး ဓားတစ်စင်းနဲ့ တူညီလှတဲ့ ချီအရှိန်အဝါ တစ်ခုကလည်း ထွက်ပေါ်လာပါသေးတယ် ။ အဲသည်အတွက် လီဖူချန်းရဲ့ မျိုးဆက်သွေးဟာ ဓားတာအို မျိုးဆက်သွေး ဖြစ်တယ်ဆိုတာ အသိသာကြီးပါပဲ ။ တကယ်လို့သာ လီဖူချန်း အနေနဲ့ သူတော်စင် နယ်ပယ်ကို ချိူ းဖောက် ဝင်ရောက်သွားနိုင်ခဲ့မယ် ဆိုရင် သူ့ရဲ့ ပထမဆုံး မျိုးဆက်ဟာ သူ့ရဲ့ ဓားတာအို မျိုးဆက်သွေးကို အမွေအဖြစ် အပြည့်အဝ ဆက်ဆံ ရရှိသွားမှာပါ ။ အဲသည်လို ဆိုရင်တော့ သူ့ရဲ့ မျိုးဆက်တွေဟာ ပင်ကိုပါရမီ နဲ့ အရိုးတည်ဆောက်ပုံ အားနည်းနေရင်တောင်မှ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်ကို ရောက်နိုင်ပါသေးတယ် ။ တချို့ ရှေးဟောင်း မှတ်တမ်းမှတ်ရာတွေအရ ဆိုရင်တော့ သူတော်စင်တွေရဲ့ ပထမဆုံး မျိုးဆက်တွေကို လူသားပုံစံနဲ့ မိစ္ဆာသားရဲတွေလို့ ခေါ်ပါတယ်တဲ့ ။ အဲသည်အဓိပါ္ပယ်ကတော့ သူတို့ဟာ သူတို့ရဲ့ မျိုးဆက်သွေးကို တူးဆွ ရှာဖွေလို့ ရတယ် ဆိုတာပါပဲ ။ တကယ်လို့ သူတို့တွေက ထိုးထွင်းသိမြင်မှု အပိုင်းမှာ နိမ့်ကျနေခဲ့မယ် ဆိုရင်တောင်မှ သူတို့တွေကို အစွမ်းထက်လာတဲ့ လူတွေ ဖြစ်မလာအောင် ဘယ်လိုမှ တားဆီးလို့ရမှာ မဟုတ်ပါဘူး ။ ကျန်တဲ့ သွေးလင်ဇီး ဆယ်ပင်ကိုတော့ လီဖူချန်းက ရန်ချင်းဟူကို ပေးလိုက်ပါတယ် ။ သွေးလင်ဇီး ဆိုတာက စိတ်ဝိညာဉ်ကို သန့်စင်ပေးရုံတင် မကပါဘူး ။ အဲဒါက အစစ်အမှန် စိတ်ဝိညာဉ်ကိုပါ အစွမ်းပိုထက်လာအာင် တိုးမြှင့်ပေးပါတယ် ။ တကယ်လို့ ရန်ချင်းဟူက သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်အောင် မြှင့်တင်နိုင်မယ် ဆိုရင်တော့ သူမရဲ့ ကောင်းကင် အဆင့်မြင့် ဓားသိုင်းဟာ အဆပေါင်းများစွာ ပိုအစွမ်းထက်လာမှာ အသေအချာပါပဲ ။ သည်လိုနဲ့ပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ ။ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းရဲ့ ဓားအင်းကွက်အပေါ် နားလည်သဘောပေါက်လာမှုကလည်း ပိုပိုပြီး လျင်မြန်လာခဲ့ပါတယ် ။ ၉၁ ရာခိုင်နှုန်း…… ၉၂ ရာခိုင်နှုန်း…… နှစ်ဝက် အကြာမှာတော့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားအပေါ်က အင်းကွက်ကို ၉၃ ရာခိုင်နှုန်းအထိ နားလည် သဘောပေါက် သွားခဲ့ပါပြီ ။ ဓားအင်းကွက် အပေါ်မှာ ၉၃ ရာခိုင်နှုန်းအထိ နားလည် သဘောပေါက်သွားပြီ ဆိုတာက တကယ်ကို ကြောက်မက်ဖွယ်ရာပါပဲ ။ တကယ်လို့ လီဖူချန်းက သစ်ကိုင်းတစ်ခုပေါ်မှာ ဓားအင်းကွက် တစ်ခုကို ရေးဆွဲလိုက်မယ် ဆိုရင် အဲဒါက ကောင်းကင် အလယ်အလတ် အဆင့် ရတနာ ဓားတစ်လက် အဖြစ်ကိုတောင် ခေတ္တခဏ ပြောင်းသွားနိုင်ပါတယ် ။ တခြားတစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ လက်ရှိ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ အစွမ်းကတောင်မှ လီဖူချန်း နားလည်ထားတဲ့ ဓားအင်းကွက်ကို လိုက်မမီနိုင်တော့ပါဘူး ။ သူ့ရဲ့ ဓားအင်းကွက် အပေါ် နားလည်သဘောပေါက်နိုင်မှုက ပိုမို မြင့်မားလာတာနဲ့အမျှ သူ့ရဲ့ ဓားနှလုံးသားကလည်း ပိုပြီး သန်မာလာတယ်လို့ လီဖူချန်းက ခံစားမိနေပါသေးတယ် ။ နောက်ဆုံးမှာတော့ လီဖူချန်းက ဓားဝိညာဉ်ဟာ ဘာဖြစ်လို့ သူ့ကို ဓားအင်းကွက်အပေါ်မှာ အာရုံစိုက်ဖို့ အကြံပေးရသလဲ ဆိုတာကို နားလည်သွားခဲ့ပါပြီ ။ ကြည့်ရတာတော့ ဓားနှလုံးသား နဲ့ ဓားအင်းကွက်တွေက ဆက်နွှယ်မှု ရှိနေတဲ့ ပုံပါပဲ ။ သူ့အနေနဲ့ ဓားနှလုံးသားကို မွေးဖွားစေနိုင်ခဲ့တာကလည်း သူ့ရဲ့ ဓားအင်းကွက်တွေအပေါ် မြင့်မားလှတဲ့ နားလည် သဘောပေါက်နိုင်မှုကြောင့်ပဲ ဖြစ်ရပါမယ် ။ အဲသည်အချက်ကို နားလည် သဘောပေါက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဓားအင်းကွက် အပေါ်မှာ ပိုပြီး အာရုံ စိုက်လာခဲ့ပါတယ် ။ အာရုံစူးစိုက်မှုရဲ့ အစွမ်းကတော့ တကယ် ကြောက်စရာပါပဲ ။ နှစ်လအတွင်းမှာပဲ လီဖူချန်းရဲ့ ဓားအင်းကွက်အပေါ် နားလည် သဘောပေါက်မှုဟာ ၉၅ ရာခိုင်နှုန်းအထိ ဖြစ်လာခဲ့ပါတယ် ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဓားအင်းကွက် သက်ရောက်မှုဟာ ပိုပိုပြီး အစွမ်း ထက်လာခဲ့ပါပြီ ။ …… ရှေးဟောင်းကြယ်စင် ပင်လယ်ပြင် တစ်နေရာ…… ဝုန်း…… ရုတ်တရက် ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ အလင်းတန်းတွေဟာ ပင်လယ်ပြင်ထဲကို အရှိန်အဟုန် အပြည့်နဲ့ ထိုးဆင်းလာခဲ့ပါတယ် ။ အဲသည်နောက်မှာတော့ ကြီးမားလှတဲ့ အရိပ်ကြီး တစ်ခုဟာ ပင်လယ်ပြင်ထဲကနေပြီး ပေါ်ထွက်လာခဲ့ပါပြီ ။ သည်အရိပ်ကြီးက ကြီးမားလှတဲ့ မိစ္ဆာသားရဲကြီး တစ်ကောင် ဖြစ်ပါတယ် ။ ပြီးတော့ သူက ရှေးဟောင်းကြယ်စင် ပင်လယ်ပြင်ထဲကို ဝင်လာတာတောင်မှ လူသားအသွင်ကို မပြောင်းထားပါဘူး ။ ကြည့်ရတာတော့ သူက ရှေးဟောင်းကြယ်စင် မြို့တော်ကို လုံးဝ ဂရု မစိုက်ပုံပါပဲ ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အကြို-အဆင့်၉ ဝင်္ကပါ အစီအရင်ဟာ လုံးဝ သာမန် မဟုတ်ဘူး ဆိုတာပါပဲ ။ ဘယ်လို မိစ္ဆာသားရဲမျိုးပဲဖြစ်ဖြစ် သည်ပင်လယ်ပြင်ထဲကို ဝင်မယ် ဆိုရင် လူသားအသွင်ကို ပြောင်းကို ပြောင်းရပါတယ် ။ တကယ်လို့ သူတို့က လူသားအသွင်ကို မပြောင်းဘူး ဆိုရင်တော့ ရှေးဟောင်းကြယ်စင် ပင်လယ်ပြင်ထဲကို ဝင်လို့ကိုရမှာ မဟုတ်ပါဘူး ။ ဒေါင်……ဒေါင်……ဒေါင်…… ရှေးဟောင်းကြယ်စင် မြို့တော်ထဲမှာတော့ အန္တရာယ် အချက်ပေး ခေါင်းလောင်းသံတွေဟာ နားကွဲလုမတတ် မြည်လာခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ မြို့စားဂေဟာထဲမှာ မျက်စိမှိတ်ပြီး ကျင့်ကြံနေတဲ့ အဘိုးအို တစ်ယောက်ဟာ မျက်လုံးတွေ ပွင့်လာခဲ့ပါတယ် ။ " ဒါ……ဒါက …… " သူက မြို့တော်ရဲ့ ဝင်္ကပါ အစီအရင်ကို ထိန်းချုပ်ပြီး အခြေအနေကို တစ်ချက် လှမ်းကြည့်လိုက်ပြီးတဲ့ နောက်မှာတော့ ဘာလုပ်လို့ လုပ်ရမယ် မသိတော့ပါဘူး ။ မြို့တော်ရဲ့ အန္တရာယ် အချက်ပေး ခေါင်းလောင်းကို အသံမြည်လာအောင် လုပ်စေခဲ့တဲ့ လက်သည် တရားခံကတော့ မိစ္ဆာသားရဲ အရှင်သခင် တစ်ပါးပါပဲ ။ အကြို-အဆင့်၉ ဝင်္ကပါ အစီအရင်ရဲ့ အကူအညီကို ရယူနိုင်တဲ့ အဘိုးအိုဟာ အကြို-အရှင်သခင် အဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို သတ်ပစ်နိုင်ဖို့အတွက် ယုံကြည်မှု အပြည့်အဝ ရှိပါတယ် ။ ဒါပေမဲ့ မိစ္ဆာသားရဲ အရှင်သခင် တစ်ပါး ဆိုတာက နောက်စရာ ဖြစ်တည်မှုမျိုး မဟုတ်ပါဘူး ။ သူက အကြို-အရှင်သခင်အဆင့် မိစ္ဆာသားရဲ တစ်ကောင်ထက် ဆယ်ဆ ဒါမှမဟုတ် အဆ နှစ်ဆယ် ပိုအစွမ်းထက်ပါတယ် ။ သူ့ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်နဲ့တင် ရှေးဟောင်းကြယ်စင် မြို့တော်ကို ပျောက်ကွယ်သွားမှာ အသေအချာပါပဲ ။ " မတတ်နိုင်တော့ဘူး ။ အကူအညီတောင်းမှ " အဲသည်နောက်မှာတော့ အဘိုးအိုဟာ သိုလှောင်အိတ်ထဲက သလင်းကျောက် တစ်ခုကို ထုတ်ယူပြီး ချေမွပစ်လိုက်ပါတော့တယ် ။ …… ဝုန်း…… ပင်လယ်ပြင်ထဲက တိုးထွက်လာတဲ့ အရိပ်ကြီးဟာ ရှေးဟောင်းကြယ်စင် မြို့တော်ကို အုပ်မိုးထားလိုက်ပါပြီ ။ သည်အရိပ်ကြီးက ဖွတ်တစ်ကောင်နဲ့ ဆင်တူတဲ့ မိစ္ဆာသားရဲကြီး တစ်ကောင်ပါပဲ ။ သူ့ရဲ့ ခန္ဓာကိုယ်ကတော့ သာမန် မိစ္ဆာသားရဲတွေထက်ကို အဆပေါင်းများစွာ ကြီးမားပြီး ကောင်းကင်တစ်ခုလုံးကိုတောင် အုပ်မိုးထားပါတယ် ။နောက်ပြီး သူ့ရဲ့ မျက်လုံး နှစ်လုံးကလည်း နေနဲ့လလိုပါပဲ ။ ရွှီး……ရွှီး…… ဝုန်း……ဝုန်း……ဝုန်း…… သူ့ရဲ့ မျက်လုံးတွေထဲကနေ စူးရှလှတဲ့ အလင်းတန်းကြီး နှစ်ခု ထွက်ပေါ်လာအပြီးမှာတော့ ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ ပြိုကွဲသွားပြီး အဆောက်အဦးကြီးတွေဟာလည်း ပြိုကျပျက်စီး ကုန်ပါပြီ ။ တစ်ချိန်တည်းမှာပဲ မိစ္ဆာသားရဲ ဘုရင်တွေနဲ့ လူသား ဘုရင် တော်တော်များများဟာလည်း အသက် ပျောက်ကုန်ကြပါတယ် ။ " အသင်္ချေ ဖွတ်…… အခုချက်ချင်း ရှေးဟောင်းကြယ်စင် မြို့တော်ကနေ ထွက်သွားစမ်း " စကားသံ အဆုံးမှာတော့ ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အထက်မှာ မိုင်ထောင်ချီ ရှိတဲ့ လူရိပ်ကြီး တစ်ခုဟာ ပေါ်လာခဲ့ပါပြီ ။ " ဟမ့်… ကိုယ်ခွဲ အစီအရင် တစ်ခုကများ " မိစ္ဆာသားရဲကြီးက လူရိပ်ကို လုံးဝ ဂရုမစိုက်ပါဘူး ။ သူက ထွက်မသွားတဲ့အပြင် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရှေးဟောင်းကြယ်စင် မြို့တော်ကိုတောင် ကုတ်ဆွဲ ပစ်လိုက်ပါသေးတယ် ။ ဘန်း…… လူရိပ်ကြီးက လက်သည်းချက်ကို ကာကွယ်ဖို့ ကြိုးစားလိုက်ပေမယ့်လည်း အပြည့်အဝတော့ မကာကွယ် နိုင်ခဲ့ပါဘူး ။ အဲသည်အတွက် မြို့တော်ရဲ့ တစ်ခြမ်းဟာ တစ်စစီ ပျက်စီး သွားခဲ့ပါတယ် ။ ကြည့်ရတာတော့ သည်လက်သည်းချက်မှာက အချိန်နဲ့နေရာ စည်းမျဉ်းကို နှေးကွေးသွားစေနိုင်တဲ့ အစွမ်းတစ်ခု ပါနေတဲ့ ပုံပါပဲ ။ " မသေချင်ရင် ပြေးကြဟေ့ " လက်သည်းချက်ရဲ့ အောက်မှာ မသေဘဲ ကျန်ရှိနေခဲ့ကြတဲ့ မိစ္ဆာသားရဲတွေ ၊ မိစ္ဆာတွေနဲ့ လူသားတွေကတော့ အသက်ဘေးက လွတ်ဖို့အတွက် ခြေဦးတည့်ရာကို သွေးရူးသွေးတန်း ပြေးနေခဲ့ကြပါပြီ ။ အဲသည်ထဲမှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့လည်း အပါအဝင်ပါပဲ ။ သူတို့နှစ်ယောက်အတွက် ကံကောင်းတာ တစ်ခုကတော့ သူတို့ဟာ မြို့တော်ရဲ့ အတွင်းစည်းနယ်နိမိတ်ထဲမှာ ရှိနေတာပါပဲ ။ မိစ္ဆာသားရဲကြီးရဲ့ လက်သည်းချက်က ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အပြင်စည်း နယ်နိမိတ်နဲ့ အတွင်းစည်း နယ်နိမိတ် တစ်ဝက်ကိုသာ ပျက်စီး စေခဲ့တဲ့အတွက် သူတို့ဟာ သေကံမရောက် ၊ သက်မပျောက်ခဲ့ကြပါဘူး ။ သူတို့နှစ်ယောက်က ဘာတွေ ဘယ်လို ဖြစ်နေတယ် ဆိုတာကို သေသေချာချာ မသိပါဘူး ။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်စလုံးက သူတို့အနေနဲ့ ရှေးဟောင်းကြယ်စင် မြို့တော်ကနေပြီး ဝေးနိုင်သမျှ ဝေးအောင် ပြေးရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး သိကြပါတယ် ။ ဝုန်း…… ချီစွမ်းအင်လှိုင်း တုန်ခါမှုတွေက ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ သက်ရှိ သတ္တဝါတွေရဲ့ အသက်ကို နုတ်ယူ သွားခဲ့ကြ ပြန်ပါပြီ ။ အဲသည် အသက် နုတ်ယူခံလိုက်ရသူတွေ ထဲမှာတော့ မိစ္ဆာသားရဲ ဧကရာဇ် တော်တော်များများလည်း ပါဝင်နေပါသေးတယ် ။ သည်မိစ္ဆာသားရဲကြီးရဲ့ လက်သည်းချက်က အချိန်နဲ့နေရာ စည်းမျဉ်း ဥပဒေသကိုတောင် ရပ်တန့် သွားစေနိုင်တဲ့ အတွက် လက်သည်းချက်အားနဲ့ ထိမိသွားပြီဆိုရင် မိစ္ဆာသားရဲ ဧကရာဇ်တွေတောင်မှ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ပါဘူး ။ သည်မိစ္ဆာသားရဲကြီးရဲ့ ရှေ့မှောက်မှာတော့ မိစ္ဆာသားရဲ ဧကရာဇ်တွေတောင်မှ ပုရွက်ဆိတ်တွေသာသာလို့ပဲ ဆိုရပါမယ် ။

***

All Chapters