← Chapters

အပိုင်း-၆၇၃

Vol. 50 Ch. 673

အပိုင်း-၆၇၃

Vol. 50 Ch. 673

မိုးကြိုးတိမ်ဂိုဏ်း လမ်းစဉ်လေးသွယ် သိုင်းဧကရာဇ်က တိုက်ခိုက်ရေး ဧကရာဇ်ဆိုတာ အသိသာကြီးပါပဲ ။ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာက တိုက်ခိုက်ရေး ဧကရာဇ်တွေဟာ ရိုက်သတ်လို့ကို မကုန်ပါဘူး ။ ဒါပေမဲ့ သည်လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာတော့ တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး ရှိနေတာတောင်မှ အတော်လေး ချီးကျူ းထိုက်နေပါပြီ ။ ဒါကြောင့်မို့လည်း လမ်းစဉ်လေးသွယ် သိုင်းဧကရာဇ်က ဧကရာဇ်ဘွဲ့ ခံထားတာဟာ လက်ခံချင်စရာပါပဲ ။ ဒါပေမဲ့လည်း လီဖူချန်း နဲ့ ရန်ချင်းဟူတို့ရဲ့ မျက်လုံးထဲမှာတော့ တိုက်ခိုက်ရေး ဧကရာဇ်တွေဟာ ဘာမှ မဟုတ်ပါဘူး ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ အင်မတန်မှကို အစွမ်းထက်လှပါတယ် ဆိုတဲ့ တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးတောင်မှ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၁ ဧကရာဇ် တစ်ပါးနဲ့ပဲ ညီမျှတယ် ဆိုတာပါပဲ ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ အလယ်အလတ် အဆင့် ဧကရာဇ်တွေနဲ့တောင် ညီမျှပါတယ် ။ လီဖူချန်း နဲ့ ရန်ချင်းဟူတို့က အချင်းချင်း စိုက်ကြည့်မိလိုက်ကြပါတယ် ။ သည်အတိုင်းဆိုရင်တော့ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ဟာ သူတို့အတွက် ဘာအန္တရာယ်မှ မရှိလောက်ပါဘူး ။ "ဟုတ်ပြီ ……ကဲ…ကဲ…… ခင်ဗျားတို့ တိုက်ပွဲကို ဆက်ကြတော့ " လမ်းစဉ်လေးသွယ် ကုန်းမြေတိုက် အကြောင်းကို တော်တော်လေး နားလည်သွားတဲ့ နောက်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ ထွက်သွားခဲ့ကြပါပြီ ။ ဒါပေမဲ့လည်း မဟူရာ ကင်းခြေများ ဘုရင် နဲ့ ဝါးစိမ်း ဘုရင်တို့ဟာ ဆက်ပြီး တိုက်ခိုက်ကြဖို့ စိတ်ကူး မရှိတော့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က မုန်တိုင်းတစ်ခုဟာ သိပ်မကြာခင်မှာ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ကို မွှေနှောက်သွားတော့မယ် ဆိုတာကို ရိပ်စားမိကြလို့ပါပဲ ။ အဲသည်အတွက် သူတို့အနေနဲ့ ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ထားမှ ရပါမယ် ။ " ဝါးစိမ်းဘုရင် …… သည်တစ်ကြိမ်တော့ ခင်ဗျားကို သက်ညှာပေးလိုက်မယ် " စကားဆုံးတဲ့နောက်မှာတော့ မဟူရာ ကင်းခြေများ ဘုရင်ဟာ သူ့လူတွေကို ခေါ်ပြီး ထွက်သွားခဲ့ပါပြီ ။ " သွားကြစို့ " တစ်ဖက်မှာလည်း ဝါးစိမ်း ဘုရင်က သူ့လူတွေကို ခေါ်ပြီး ထွက်သွားခဲ့ပါတယ် ။ ******** -မိုးကြိုးတိမ်မြို့- မိုးကြိုးတိမ်မြို့ ဆိုတာက လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ရဲ့ အဓိက မြို့တော်ကြီး ဆယ်ခုထဲက တစ်ခုပါပဲ ။ ပြီးတော့ ပထမတန်းစား ဂိုဏ်းတစ်ခု ဖြစ်တဲ့ မိုးကြိုးတိမ်ဂိုဏ်း အခြေချရာ မြို့ဆိုရင်လည်း မမှားပါဘူး ။ " ဘေးဖယ်ကြ ……ဘေးဖယ်ကြ " " ဟေ့လူ …… သည်မှာ ကျုပ်တို့ သခင်လေးရဲ့ ဝေါယာဉ်က အရင်နေရာ ယူထားတာ မမြင်ဘူးလား " "ဟီး……ဟီး………ဟီး………ဟီး " ခလောက်……ခလောက်……ခလောက်……ခလောက် …… မိုးကြိုးတိမ်မြို့အတွင်းမှာတော့ မြင်းတွေ ၊ လူတွေ ၊ ဝေါယာဉ်တွေနဲ့ ပျားပန်းခတ်သလို ရှုပ်ယှက်ခတ်နေတာပါပဲ ။ မိုးကြိုးတိမ် ဈေးတန်းရဲ့ အပြင်ဘက်က ခရမ်းရောင်တိမ် စားတော်ဆက်ရဲ့ နဝမမြောက် အထပ်မှာတော့ လူငယ် စုံတွဲ တစ်တွဲဟာ ပြူတင်းပေါက်နားက စားပွဲမှာ ထိုင်ပြီး သေရည် နဲ့ အမြည်းဟင်းလျာတွေကို အရသာခံကာ စားသောက်နေကြပါတယ် ။ အဲသည် လူငယ် စုံတွဲကတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့က လွုဲပြီး တခြား မရှိပါဘူး ။ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်က သူတို့ရဲ့ စိတ်ကြိုက် ကုန်းမြေတိုက် မဟုတ်ပေမယ့်လည်း သူတို့အတွက် ဗဟုသုတ နဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ပါသေးတယ် ။ အဲသည်အတွက် သူတို့အနေနဲ့ အခု လောလောဆယ်မှာတော့ သည်ကုန်းမြေတိုက်ပေါ်မှာ နေရဦးမှာပါပဲ ။ ကျင့်ကြံသူတစ်ဦး ဆိုတာက အစွမ်းထက်ဖို့အတွက်ချည်းကိုပဲ အာရုံစိုက်ပြီး တံခါးပိတ် ကျင့်ကြံ မနေသင့်ပါဘူး ။ သူတို့အနေနဲ့ သူတို့ရဲ့ ပျော်ရွှင်မှုအတွက်ကိုလည်း အာရုံစိုက်သင့်ပါသေးတယ် ။ မတူညီတဲ့ ကုန်းမြေတိုက်တွေကို ခရီးထွက်ရတယ် ဆိုတာက တကယ်ကို ပျော်ရွှင်စရာပါပဲ ။ လီဖူချန်းတို့ နှစ်ယောက်က သူတော်စင် အဆင့်ကို မရောက်သေးလို့တာပေါ့ ။ တကယ်လို့ တစ်နေ့မှာ သူတော်စင် အဆင့်ကို ရောက်ပြီ ဆိုရင်တော့ သူတို့ဟာ ကုန်းမြေတိုက် အသီးသီးကို လှည့်ပတ်ပြီး ခရီးထွက်နေတော့မှာ ဖြစ်ပါတယ် ။ မိုးကြိုးတိမ် မြေကွက်လပ် …… သည်မြေကွက်လပ်ကတော့ တည်နေရာ ရွှေ့ပြောင်း စင်မြင့်တွေ ထားရှိရာ မြေကွက်လပ်ပါပဲ ။ ရွှီး…… တည်နေရာ ရွှေ့ပြောင်း စင်မြင့်တွေထဲက တစ်ခုကတော့ ရွှီးခနဲ မြည်သံကြီးနဲ့အတူ အလင်းတန်းကြီး တစ်ခု ကျရောက်လာပြီး လူသုံးယောက် ထွက်ပေါ်လာခဲ့ပါပြီ ။ အဲသည်လူတွေထဲက တစ်ယောက်ကတော့ အပြာရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ဘဝင်မြင့်ပြီး မောက်မာတဲ့ အမူအယာတွေနဲ့ ပြည့်နှက်နေပါတယ် ။မသိရင်တော့ သည်လူငယ်ဟာ ရှေးဘဝက " မျက်နှာမြင် ရိုက်ချင်ပါစေ " ဆိုတဲ့ ဆုတောင်းကို တောင်းခဲ့သလားလို့တောင် ထင်ချင်စရာပါပဲ ။ သူ့ရဲ့အနောက်မှာတော့ အရပ် ခပ်ပုပု လူတစ်ယောက် နဲ့ ပိန်လှီနေတဲ့ အရိုးပဒေသာ လူတစ်ယောက် ကပ်ပြီး ရှိနေပါတယ် ။ မိုးကြိုးတိမ် မြေကွက်လပ်ထဲမှာ ရှိနေကြတဲ့ လူတွေကတော့ အပြာရောင် ဆံပင်ပိုင်ရှင် လူငယ်ကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် အမြန် ရှောင်ကွင်းသွားကြပါတယ် ။ သူတို့အနေနဲ့ လူငယ်ကို ရှောင်ကွင်းပြီး မသွားလို့လည်း မဖြစ်ပါဘူး ။ သည်အပြာရောင် ဆံပင်ပိုင်ရှင် လူငယ်က မိုးကြိုးတိမ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေး တုံးမုလေ့ ဖြစ်နေတာ မဟုတ်ပါလား ။ ပြီးတော့ တုံးမုလေ့က မူလပင်လယ် နယ်ပယ် အဆင့်၅ ဘုရင် တစ်ပါး ဖြစ်နေပါသေးတယ် ။ ဂိုဏ်းသခင်လေး ဆိုတဲ့ သူ့ရဲ့ အဆင့်အတန်းမှာ ကျင့်ကြံမှု အဆင့်ကိုပါ ထည့်ပေါင်းလိုက်တဲ့ အခါမှာတော့ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ တုံးမုလေ့ကို ဖက်ပြိုင်ရဲသူဟာ သိပ်မရှိလှပါဘူး ။ " သခင်လေး …… အရမ်းလောနေဖို့ မလိုပါဘူး ။ ပိုးကျောက်စိမ်းဂိုဏ်းက ဒုတိယတန်း ဂိုဏ်းတစ်ဂိုဏ်းပဲဥစ္စာ ။ ကျွန်တော့် အမြင် ပြောရရင် သိပ်မကြာခင်မှာပဲ သူတို့က အညံ့ခံပြီး လီပိုင်ဟွားကို သခင်လေးဆီ ဆက်သမယ် ထင်တယ် " ပိန်လှီနေတဲ့ အရိုးပဒေသာက တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်ကနေ ဆင်းဆင်းပြီးချင်းမှာပဲ တုံးမူလေ့ကို လှမ်းပြောလိုက်ပါတယ် ။ " အင်း " တုံးမူလေ့က ခေါင်းညိတ်လိုက်ပါတယ် ။ သူက ပိုးကျောက်စိမ်းဂိုဏ်းက သူ့ကို ဆန့်ကျင်မှာကို လုံးဝ မစိုးရိမ်ပါဘူး ။ သူက တစ်စုံတစ်ယောက်က သူ့ထက် လက်ဦးမှု ရယူပြီး လီပိုင်ဟွားကို "မ" သွားမှာကိုပဲ စိုးရိမ်တာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ သူတို့ မိုးကြိုးတိမ်ဂိုဏ်း တစ်ခုတည်းကပဲ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက် တစ်ခုလုံးကို အုပ်စိုးထားတာ မဟုတ်ပါဘူး ။ သည်ကုန်းမြေတိုက်မှာက လမ်းစဉ်လေးသွယ် အင်ပိုင်ယာ ရှိနေသေးသလို သူတို့လို အဆင့်တူ တခြား ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်းတွေလည်း ရှိနေသေးတာ မဟုတ်ပါလား ။ " သူတို့က ငါ့ရဲ့ စိတ်ရှည်မှုကို လာမစမ်းသပ်ရင် ပိုကောင်းမယ် " တုံးမူလေ့က မဲ့ပြုံးတစ်ချက် ပြုံးပြီး ကြိမ်းဝါးလိုက်ပါတယ် ။ အဲသည်နောက်မှာတော့ သူတို့ သုံးယောက်ဟာ မိုးကြိုးတိမ် မြေကွက်လပ်ကနေ ထွက်ခွာသွားခဲ့ကြပါပြီ ။ " ဟင် " မိုးကြိုးတိမ် မြေကွက်လပ် အပြင်ကို ရောက်ခါနီးလေးမှာတော့ တုံးမူလေ့ရဲ့ ခြေလှမ်းတွေဟာ ကျောက်ဆူး ချထားသလို တုံ့ခနဲ ရပ်တန့် သွားခဲ့ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက ခရမ်းရောင်တိမ် စားတောက်ဆက်ရဲ့ နဝမမြောက် အထပ် ပြူ တင်းပေါက်မှာ နတ်သမီးလေး တစ်ပါးကို မြင်တွေ့လိုက်ရလို့ပါပဲ ။ ဆီးနှင်းလို ဖွေးစွတ်နေပြီး ကျောက်စိမ်းလို ကြည်လင်နေတဲ့ အသားအရေ ။ နတ်ဘုရားတွေ ဖန်ဆင်းထားသလို ဆွဲဆောင်မှု အပြည့်နဲ့ မျက်နှာသွင်ပြင် ။ ပန်းပု အကျော်အမော်တွေတောင် လက်မှိုင်ချရမယ့် လည်တိုင်ကျော့ကျော့ ။ သောက်ရှူ းကြယ်လို တလက်လက် တောက်ပနေတဲ့ မျက်လုံး တစ်စုံ ။ မက်မုံပန်းလေးတွေလို ပန်းဆီရောင် သန်းပြီး မနက်ခင်း နေရောင်ခြည်လို နွေးထွေးနေစေမယ့် ပါးလျလျာ နှုတ်ခမ်း ။ ဒါက လုံးဝ နတ်သမီးလေး တစ်ပါးပါပဲ ။ အလှအပပဲဖြစ်ဖြစ် ဒါမှမဟုတ် အရှိန်အဝါပဲဖြစ်ဖြစ် ။ လီပိုင်ဟွားဟာ သူမကို ဘယ်နေရာမှာမှ မယှဉ်နိုင်ပါဘူး ။ ' မဖြစ်နိုင်ဘူး ။ဘယ်လိုဖြစ်ပြီး သည်လိုနေရာမှာ နတ်သမီးတစ်ပါးက ပေါ်လာရတာလဲ ။ ဒါက ရိုးကော ရိုးရဲ့လား " တုံးမူလေ့က လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ ဘယ်လိုလုပ်ပြီး သည်လောက်အထိ လှပတဲ့ မိန်းမပျိုလေး တစ်ယောက် ရှိနေရသလဲ ဆိုတာကိုလည်း တွေးနေမိပါသေးတယ် ။ ' ဟာ …… မသိတော့ဘူး ။ သည်မိန်းကလေးက ဘယ်သူပဲဖြစ်ဖြစ် ။ ငါသူ့ကို အပိုင်ရအောင် ယူမယ်ကွာ ' နောက်ဆုံးမှာတော့ တုံးမူလေ့ဟာ နတ်သမီးလေးရဲ့ အလှအပတွေအောက်ကနေ ရုန်းမထွက်နိုင်တော့ဘဲ သူမကို အပိုင် ရယူဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ် ။ " အား…ပါး…ပါး…… လှလိုက်စမ်းတဲ့ အချောအလှကလေး " အရပ်ပုပုလူ နဲ့ အရိုးပဒေသာတို့ရဲ့ မျက်လုံးတွေကလည်း ခရမ်းရောင်တိမ် စားတော်ဆက်ထဲ မိန်းကလေးကို မြင်ပြီး အရောင် တဖျတ်ဖျတ် တောက်သွားခဲ့ပါပြီ ။ သူတို့က အတွေ့အကြုံ ရင့်ကျက်သူတွေ ဖြစ်တဲ့အတွက် အချောအလှကလေးပေါင်း များစွာကို မြင်ဖူးခဲ့ကြပါတယ် ။ ဒါပေမဲ့ အခုလို အသက်ရှူ မှားသွားလောက်အောင် လှလွန်းတဲ့ မိန်းကလေး တစ်ယောက်ကို မြင်ဖူးတာကတော့ သူတို့အတွက် ဒါဟာ ပထမဦးဆုံး အကြိမ်လို့ ဆိုရပါမယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ သည်လို အလှလေးမျိုးဟာ သူတို့နဲ့ လားလားမှ မသက်ဆိုင်တာပါပဲ ။ သည်လို အချောအလှလေးမျိုး ဆိုတာက အထွတ်အထိပ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့မှသာ သက်ဆိုင်ပါလိမ့်မယ် ။ " ကြည့်ရတာ မင်းကို တစ်ယောက်ယောက်က မျက်စိကျသွားပြီနဲ့ တူတယ် " လီဖူချန်းက ကျောက်ရုပ် တစ်ရုပ်လို ရပ်နေတဲ့ တုံးမူလေ့ကို ပြုံးပြီး ကြည့်နေရင်းနဲ့ ရန်ချင်းဟူကို လှမ်းပြောလိုက်ပါတယ် ။ " ငါကတော့ အဲသည်ကောင် သူ့သေတွင်း သူမတူးပါစေနဲ့လို့ပဲ ဆုတောင်းတယ် " ရန်ချင်းဟူရဲ့ အမူအယာကတော့ ဘာမှ မပြောင်းလဲသွားပါဘူး ။ သူမက ရေခဲတုံး တစ်တုံးလို အေးစက်စက် ရှိနေဆဲပါပဲ ။ ရန်ချင်းဟူလို နတ်သမီး တစ်ပါးကို တွေ့ပြီးတဲ့ နောက်မှာတော့ တုံးမူလေ့ဟာ လီပိုင်ဟွားကို သတိကို မရတော့ပါဘူး ။ သူက ခရမ်းရောင်တိမ် စားတော်ဆက်ထဲကို ဝင်သွားပြီး ပိုင်ရှင်ကို လှမ်းပြောလိုက်ပါတော့တယ်။ " ငါသည်စားတော်ဆက် တစ်ခုလုံးကို ငှားမယ် ။ ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို အခုချက်ချင်း ထွက်သွားခိုင်းလိုက် " " ဟုတ်……ဟုတ်ကဲ့ပါ ……သခင်လေး " ခရမ်းရောင်တိမ် စားတော်ဆက် ပိုင်ရှင်က တုံးမူလေ့ရဲ့ စကားကို လုံးဝ မပယ်ရှားရဲပါဘူး ။ ထပ်……ထပ်……ထပ်…… အဲသည်နောက်မှာတော့ တုံးမူလေ့ဟာ အရပ်ပုပုလူ နဲ့ အရိုးပဒေသာတို့ကို ခြံရံပြီး နဝမထပ်ကို တက်သွားပါတော့တယ် ။ " သည်ကမိန်းကလေး …… ကျွန်တော်က မိုးကြိုးတိမ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးပါ ။ ကျွန်တော့်အနေနဲ့ မိန်းကလေးကို တစ်ခွက် ၊ တစ်ဖလားလောက် ဧည့်ခံခွင့် ရပါရစေ " နဝမမြောက်အထပ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် တုံးမူလေ့က ရန်ချင်းဟူကို ပရောပရည် ပြုလုပ်ဖို့ ကြိုးစားတော့တာပါပဲ ။ " ထွက်သွားစမ်း " ဒါပေမဲ့လည်း ရန်ချင်းဟူကတော့ တုံးမူလေ့ကို လုံးဝ မျက်နှာသာ မပေးပါဘူး ။ အမှန်အတိုင်း ပြောရမယ် ဆိုရင် သူမက တုံးမူလေ့လို လူမျိုးကို မျက်နှာသာ ပေးစရာကို မလိုတာပါ ။ အရင်ဘဝမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အခုဘဝမှာပဲ ဖြစ်ဖြစ်၊ သူမရဲ့ မျက်လုံးထဲမှာတော့ မိုးကြိုးတိမ်ဂိုဏ်း ဆိုတာဟာ ပုရွက်ဆိတ်တစ်ကောင် သာသာပါပဲ ။ " ဘ……ဘာ " တုံးမူလေ့ရဲ့ မျက်နှာက ရှုံ့တွသွားခဲ့ပါပြီ ။ သူက သူ့ရဲ့ အဆင့်အတန်း ဖြစ်တဲ့ မိုးကြိုးတိမ်ဂိုဏ်း သခင်လေးဆိုတာကို ထုတ်ပြောပြခဲ့တာတောင်မှ တစ်ဖက်က မိန်းမပျိုက သူ့ကို လုံးဝ မျက်နှာသာ မပေးခဲ့ပါဘူး ။ ဒါက သူ့အဖို့တော့ အတော်လေး မခံချိ ၊ မခံသာ ဖြစ်ချင်စရာပါပဲ ။ ဒါပေမဲ့လည်း သူက ရန်ချင်းဟူဟာ လမ်းစဉ်လေးသွယ် အင်ပိုင်ယာ ဒါမှမဟုတ် တခြား ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်း တစ်ခုက ဖြစ်နေမှာ စိုးတဲ့အတွက် ဒေါသကို အတတ်နိုင်ဆုံး ချိုးနှိမ်ထားလိုက်ပါတယ် ။ " သည်က မိန်းကလေးရဲ့ နာမည်ကို သိခွင့်ရှိမလားဗျ " " ကျွန်မ ရှင့်ကို သည်နေရာကနေ ထွက်သွားဖို့အတွက် အချိန် သုံးစက္ကန့်ပေးမယ် ။ အဲဒါမှ မထွက်သွားရင်တော့ ကျွန်မ အဆိုး မဆိုနဲ့တော့ " ရန်ချင်းဟူကတော့ တုံးမူလေ့ကို လုံးဝ မျက်နှာသာ မပေးပါဘူး ။ " တောက် …… မောက်မာရိုင်းစိုင်းလိုက်စမ်းတာ ။ ဒါက မိုးကြိုးတိမ်ဂိုဏ်းရဲ့ နယ်မြေကွ ။ မင်းကိုမင်း ဘာထင်နေတာလဲ ။ ငါ …… ဗာဂျရာ သိုင်းဘုရင်က …… မင်းကို ……" " ရွှီး " " အား " ဗာဂျရာ သိုင်းဘုရင်လို့ခေါ်တဲ့ အရပ်ပုပုလူက စကားကိုတောင် ဆုံးအောင် မပြောရသေးပါဘူး ။ " ရွီှး" ဆိုတဲ့ အသံတစ်ခုနဲ့အတူ ရေစက်တစ်စက်ဟာ သူ့ရဲ့ နဖူးပြင်ကို ဖောက်ထွက်သွားခဲ့ပါပြီ ။ ဘန်း…… အဲသည်နောက်မှာတော့ ဗာဂျရာ သိုင်းဘုရင်ဟာ မြေကြီးပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားပါတော့တယ် ။ " မင်း……မင်း……မင်း……" အရိုးပဒေသာ လူက လန့်လွန်းလို့ ထတောင် ခုန်မိတော့မလိုပါပဲ ။ တစ်ချိန်တည်းမှာပဲ သူက ရန်ချင်းဟူကို တစ္ဆေ ၊သရဲ တစ်ကောင်လို မျက်လုံး အပြူ းသားနဲ့ ကြောင်ပြီး ကြည့်နေမိပါတယ် ။ အစောပိုင်းတုန်းက ရန်ချင်းဟူဟာ သူရဲ့ မိတ်တွေဖြစ်သူ ဗာဂျရာ သိုင်းဘုရင်ကို သတ်ဖို့အတွက် ဘယ်လောက်မှတောင် အားမစိုက်ထုတ်ခဲ့ပါဘူး ။ သူမက သေရည်ခွက်ထဲကို လက်ကလေး နှစ်လိုက်ပြီး တောက်ထုတ်လိုက်တာပဲ ရှိတာပါ ။ သည်အစွမ်းက သာမန် အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေထက်ကို အဆပေါင်းများစွာ သာနေတာ အသိသာကြီးပါပဲ ။ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မရှိပါဘူး ။သည်မိန်းမပျိုလေးက သေချာပေါက် မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့် ဘုရင်မ တစ်ပါးပါပဲ ။ " ကျွန်တော့်ရဲ့ မျက်လုံးတွေက သိပ်မကောင်းတော့တဲ့အတွက် မိန်းကလေးကို စော်ကားသလို ဖြစ်သွားမိပါပြီ ။ ခွင့်ပြုပါဦး " တုံးမူလေ့ကလည်း ငတုံး တစ်ယောက် မဟုတ်ပါဘူး ။ သူက ရန်ချင်းဟူဟာ မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့် ဘုရင်မ တစ်ပါး ဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်း အရိုအသေ ပေးပြီး လှည့်ထွက်သွားပါတော့တယ် ။ ***** ခရမ်းရောင်တိမ်တိုက် စားတော်ဆက် အပြင်ဘက် တစ်နေရာ …… " သခင်လေး …… ကျွန်တော်တို့က သည်ကိစ္စကို သည်အတိုင်း ထားလိုက်တော့မှာလာ ။ မားဟူ သေသွားတာက ဘာမှ မဟုတ်ဘူးလား " အရိုးပဒေသာ လူက စားတော်ဆက် အပြင်ကို ရောက်တာနဲ့ တစ်ပြိုင်နက် တုံးမူလေ့ကို လှမ်းပြောလိုက်ပါတယ် ။ တုံးမူလေ့က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး " မားဖန်.…… မင်းလည်း ငါ့အကြောင်းကို သိရဲ့သားနဲ့ ။ ငါက သည်ကိစ္စကို သည်အတိုင်း ထားလိုက်မယ်လို့ မင်းတကယ်ကြီး ထင်နေတာလား " " မထင်…မထင်ပါဘူး ……သခင်လေး " တုံးမူလေ့ဆီက စကားကို ကြားမှပဲ အရိုးပဒေသာ လူဟာ ပြုံးနိုင်ပါတော့တယ် ။ " ကဲ…… သည်နေရာမှာ အပိုတွေ ပြောမနေနဲ့ ။ ငါတိုု့နှစ်ယောက် ဂိုဏ်းတော်ဆီကို အရင်ပြန်ကြမယ် " " ဟုတ်ကဲ့ပါ ……သခင်လေး " အဲသည်နောက်မှာတော့ သူတို့နှစ်ဦးဟာ ခရမ်းရောင်တိမ် စားတော်ဆက် ရှေ့ကနေ ထွက်သွားခဲ့ကြပါပြီ ။ ရန်ချင်းဟူရဲ့ တန်ခိုးအစွမ်းက တကယ့်ကို ကြောက်စရာပါပဲ ။ တကယ်လို့ သူတို့နှစ်ယောက် အနေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင်တောင်မှ ရန်ချင်းဟူရဲ့ တိုက်ကွက် တစ်ကွက်ကို ခံနိုင်မှာ မဟုတ်ပါဘူး ။ အဲသည်အတွက် သူတို့အနေနဲ့ အရင်ဆုံး ဂိုဏ်းတော်ဆီကို ပြန်ပြီး အကူအညီ တောင်းရပါလိမ့်မယ် ။ သူတို့ဂိုဏ်းက ဘုရင်တွေက တစ်ယောက်ချင်း ဆိုရင်တော့ ရန်ချင်းဟူကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။ ဒါပေမဲ့လည်း သူတို့ဆီမှာ လူနှစ်ဆယ့်ရှစ်ယောက် ပါဝင်လို့ရတဲ့ မိုးကြိုးတိမ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာ တစ်ခု ရှိပါတယ် ။ အဲသည် ဝင်္ကပါ တိုက်ခိုက်နည်းနဲ့ ဆိုရင်တော့ သူတို့ဟာ ရန်ချင်းဟူလို အထွတ်အထိပ် အဆင့် ဘုရင်မ တစ်ပါးကို မှုနေစရာ မလိုတော့ပါဘူး ။ သည်ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာက လမ်းစဉ်လေးသွယ် ဧကရာဇ်ကလွဲပြီး တခြားလူ မှန်သမျှကို သတ်ဖြတ်နိုင်စွမ်း ရှိပါတယ် ။ " အဲသည်လူက တော်တော်လေးတော့ သိမ်မွေ့တာပဲ " လီဖူချန်းက ရယ်ချင်စိတ်ကို မျိုသိပ်ထားပြီး ပြောလိုက်ပါတယ် ။ " အလကား လူပြက်သာသာပါ " ရန်ချင်းဟူကတော့ လက်မခံပါဘူး ။ " အင်း…… အဲသည်လို လူပြက်တွေလည်း ရှိဦးမှ ။ မဟုတ်ရင်တော့ ငါတို့က သည်ကုန်းမြေတိုက်ကနေပြီး ဘာမှ ရတော့မှာ မဟုတ်ပါဘူး " လီဖူချန်းက ပြန်ပြောလိုက်ပါတယ် ။ သူတို့က လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ကို ရောက်လာပြီးမှတော့ လက်ဗလာကြီးနဲ့ ပြန်ထွက်သွားဖို့ စိတ်ကူး မရှိပါဘူး ။ ဒါပေမဲ့ ပြသနာက သူတို့က လမ်းမှန် လမ်းစဉ်က ကျင့်ကြံသူတွေ ဖြစ်နေတာပါပဲ ။ အဲသည်အတွက် သူတို့က အရင်းအမြစ် ပစ္စည်းတွေကို သူများတွေဆီကနေပြီး အတင်း အဓမ္မ သွားလုယူလို့ မသင့်တော်ပါဘူး ။ ဒါပေမဲ့ အခုတော့ အဲသည် ပြသနာကို တစ်ယောက်ယောက်က ဖြေရှင်းပေးတော့မယ့် ပုံပါပဲ ။ ……… အဲသည်အချိန်မှာတော့ တုံးမူလေ့ဟာ မိုးကြိုးတိမ်တိုက် ဂိုဏ်းဆီကို ပြန်ရောက်နေခဲ့ပါပြီ ။ တုံးမူလေ့က လုံးဝ အချိန်မဆွဲပါဘူး ။သူက မိုးကြိုးတိမ်တိုက်ဂိုဏ်းကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် ပြေးပြီး သူ့အဖေ တဖြစ်လဲ လက်ရှိ ဂိုဏ်းခေါင်းဆောင် ဖြစ်သူ တုံးမူထျန်ကို တိုင်တန်းပါတော့တယ် ။ " အထွတ်အထိပ် အဆင့် ဘုရင်မ လား " စစချင်းမှာတော့ တုံးမူထျန်က လှုပ်ရှားဖို့အတွက် သဘော မတူပါဘူး ။ ဒါပေမဲ့ ရန်ချင်းဟူက လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်က မဟုတ်ဘူး ဆိုတာကို သေချာသွားတဲ့ နောက်မှာတော့ တုံးမူထျန်ဟာ လှုပ်ရှားဖို့အတွက် သဘော တူလိုက်ပါတော့တယ် ။ " ငါနဲ့ လိုက်ခဲ့ကြ " အဲသည်နောက်မှာတော့ တုံးမူထျန်ဟာ ဂိုဏ်းက အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် ခုနစ်ပါး နဲ့ အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ဆယ့်တစ်ပါးကို ခေါ်ဆောင်ပြီး ပင်မခန်းဆောင်ထဲကနေ ထွက်ခွာဖို့ ပြင်ဆင်ပါတော့တယ် ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အရှင်းကြီးပါပဲ ။ ရန်ချင်းဟူက သည်ကုန်းမြေတိုက်က မဟုတ်မှတော့ သူမဆီမှာ လျှို့ဝှက်ချက်တွေ ပါလာမှာပါပဲ ။ အဲသည်အတွက် ရန်ချင်းဟူကို ဖမ်းဆီးနိုင်မယ် ဆိုရင် သူတို့ ဂိုဏ်းဟာ မဟာကံကောင်းမှုတွေနဲ့ ကြုံလာရနိုင်ပါတယ် ။ ( Note - လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်က ဂိုဏ်းတွေဟာ တစ်ယောက်ချင်းဆို အစွမ်း မထက်ကြပါဘူး ။ သူတို့က ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာတွေနဲ့မှသာ အစွမ်း ထက်ကြပါတယ် ။ )

***

All Chapters