မိုးကြိုးသားရဲကို ဖိတ်ခေါ်ခြင်း
Vol. 50 Ch. 674
" ဂိုဏ်းချုပ်ကြီး …… ဂိုဏ်းရဲ့ အကာအကွယ် ဝကီပါ အစီအရင် အပြင်ဘက်မှာ ယောကျာ်း တစ်ယောက် နဲ့ မိန်းမ တစ်ယောက် ရောက်နေပါတယ် ။ ပြီးတော့ သူတို့ကို ကြည့်ရတာက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတဲ့ပုံ မပေါ်ပါဘူး " တုံးမူထျန်က ဂိုဏ်းကနေတောင် မထွက် ရသေးပါဘူး ။ ဂိုဏ်သား တစ်ယောက် သူ့ကို လာပြီး အစီရင် ခံနေပါတယ် ။ " ယောကျာ်း တစ်ယောက် နဲ့ မိန်းမ တစ်ယောက် ဟုတ်လား " ဘေးနားမှာ ရှိနေတဲ့ တုံးမူလေ့က မျက်မှောင် ကြုတ်လိုက်မိပါတယ် ။ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကလည်း ယောကျာ်း တစ်ယောက် နဲ့ မိန်းမ တစ်ယောက်ပဲ မဟုတ်ပါလား ။ ဒါပေမဲ့ သည်လောက်ကြီး အထိတော့ မတိုက်ဆိုင်သင့်ဘူးလေ ။ ဟုတ်တယ်မလား ။ ဒါက လုံးဝ မဖြစ်လောက်ပါဘူး ။ အဲသည်နှစ်ယောက် မိုးကြိုးတိမ် ဂိုဏ်းအထိ အတင့်ရဲစွာနဲ့ မလာရဲလောက်ပါဘူး ။ " ဘယ်သူတွေက သည်လောက် အတင့်ရဲစမ်းတာလဲ " တုံးမူထျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ အလင်း မျက်နှာပြင် တစ်ခုဟာ ခန်းမရဲ့ နံရံပေါ်မှာ ပေါ်လာခဲ့ပါပြီ ။ နံရံပေါ်က ရုပ်ပုံတွေကို တွေ့ပြီးတဲ့ နောက်မှာတော့ တုံးမူလေ့ရဲ့ မျက်လုံးတွေဟာ ပြူ းကျယ်သွားခဲ့ပါတယ် ။ " အဖေ …… ကျွန်တော်ပြောတာ အဲနှစ်ယောက်ပဲ " သူက ရန်ချင်းဟူဟာ တကယ်ကြီး မိုးကြိုးတိမ်ဂိုဏ်းကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး ။ " ကောင်းတယ် …… အရမ်းကောင်းတယ် ။ ငါက သူတို့ကိုတောင် သွားမရှာရသေးဘူး ။ သူတို့က တံခါးကိုတောင် လာခေါက်နေပြီပေါ့ " တုံးမူထျန်းက ကြိမ်းဝါးလိုက်ပါတယ် ။ သူက အပြင်လောကက ဘုရင်တွေဟာ အစွမ်းထက်တယ် ဆိုတာကို လက်ခံပါတယ် ။ သူက တစ်ယောက်ချင်း တိုက်ပွဲတွေမှာဆိုရင် သူတို့ကို မနိုင်လောက်ပါဘူး ။ ဒါပေမဲ့ မိုးကြိုးတိမ် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာနဲ့ ဆိုရင်တော့ အရာရာဟာ ခြားနားသွားခဲ့ပါပြီ ။ သည်ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကိုက လမ်းစဉ်လေးသွယ် ဧကရာဇ်ကလွဲပြီး ဘယ်သူမှ တောင့်မခံနိုင်ပါဘူး ။ " သွားမယ် …… သူတို့ကို သွားတွေ့ကြရအောင် " စကားအဆုံးမှာတော့ တုံးမူထျန်ဟာ အလင်းတန်းတစ်ခု အသွင် ပြောင်းသွားပြီး ခန်းမထဲကနေ ထွက်ခွာ သွားခဲ့ပါပြီ ။ " လီဖူချန်း …… သူတို့ ထွက်မလာရင် ဘယ်လို လုပ်မလဲ " " ထွက်လာမှာပါ ။ ဒါက သူတို့ရဲ့ ဂိုဏ်းဌာနချုုပ်ပဲဟာကို " အကာအကွယ် ဝင်္ကပါ အစီအရင်ရဲ့ အပြင်ဘက် လေထုထဲမှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ အေးအေးလူလူ ရှိနေကြပါတယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ မိုးကြိုးတိမ်တိုက်ဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင် ဟာ အတော်လေး အံ့သြစရာကောင်းတဲ့ အရာပါပဲ ။ လီဖူချန်းက သည်အကာအကွယ် အစီအရင်ထဲမှာ ကြောက်စရာ ကောင်းလှတဲ့ မိုးကြိုးတာအို ဥပဒေသ တစ်ခု ခိုဝင်ကိန်းအောင်း နေတာကိုတောင် တွေ့မြင်နိုင်ပါတယ် ။သည်အကာအကွယ် အစီအရင်ကိုဆိုရင် အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးကိုတောင်မှ အချိန်တိုအတွင်းမှာ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူ နဲ့ ရန်ချင်းဟူ နှစ်ယောက်စလုံးရဲ့ အစွမ်းက အဆင့်နိမ့် ဧကရာဇ်တွေထက် သာလွန်နေတာပါပဲ ။ သူတို့နှစ်ယောက်က သည်အကာအကွယ် ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးဖို့အတွက် တစ်ချက်ပဲ လိုပါတယ် ။ ဒါပေမဲ့ သူတို့နှစ်ယောက်က သူခိုး၊ဓားပြတွေ မဟုတ်တဲ့အတွက် သူများရဲ့ ဂိုဏ်းထဲကို အကြမ်းပတမ်း ဝင်ရောက်ဖို့ စိတ်ကူး မရှိပါဘူး ။ " မင်းတို့ နှစ်ယောက်က ဘာလိုချင်လို့လဲ " နောက်ဆုံးမှာတော့ တုံးမူထျန်ဟာ ရောက်ရှိလာခဲ့ပါပြီ ။ လီဖူချန်းက တုံးမူထျန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလိုက်ပြီး အကူအညီ လှမ်းတောင်းလိုက်ပါတယ် ။ " ကျွန်တော်တို့က မိုးကြိုးတိမ်ဂိုဏ်းရဲ့ ရတနာ ခန်းမထဲကို တစ်ချက်လောက် ဝင်ကြည့်ချင်လို့ပါ ။ ကျေးဇူးပြု ပြီး ဦးလေးအနေနဲ့ ကျွန်တော်တို့ကို ကူညီပေးလို့ ရမလားဗျ " " မင်း ရူးနေတာလား ။ ဒါက မိုးကြိုးတိမ်တိုက်ဂိုဏ်းကွ ။ မင်းအမေလင်ရဲ့ အိမ် မဟုတ်ဘူး " အထက်ပါ စကားကို ပြောလိုက်တာကတော့ တုံးမူလေ့ပါပဲ ။ ခရမ်းရောင် တိမ်တိုက် စားတော်ဆက်မှာတုန်းက ဆိုရင်တော့ သူဟာ ယဉ်ကျေးသိမ်မွေ့ကောင်း သိမ်မွေ့ပါမယ် ။ ဒါပေမဲ့ မိုးကြိုးတိမ် ဂိုဏ်းထဲမှာတော့ သူဟာ မသိမ်မွေ့ နိုင်တော့ပါဘူး ။ " အသက်မရှင်ချင်တော့ဘူးလား " " သွားစမ်း " " ဝေါ့ " စကားသံနဲ့အတူ ရန်ချင်းဟူရဲ့ လက်တစ်ဖက်က လှုပ်ယမ်းသွားပြီး တုံးမူလေ့ကို သွေးပွက်ပွက် အန်သွားစေပါတယ် ။ တုံးမူထျန်ရဲ့ မျက်နှာကလည်း ကွက်ခနဲ ပျက်သွားခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ သူက မျက်နှာထားကို တည်လိုက်ပြီး " ကြည့်ရတာ မင်းတို့ နှစ်ယောက်က ငါ့ရဲ့ မိုးကြိုးတိမ်ဂိုဏ်းကို ပြသနာ ရှာဖို့အတွက် တမင်သက်သက် ရောက်လာတာပဲ ။ သည်လိုဆိုမှတော့ ငါတို့ မိုးကြိုးတိမ်ဂိုဏ်းကို လူအင်အားနဲ့ အနိုင်ကျင့်တယ် ဆိုပြီး အပြစ် မပြောနဲ့တော့ " " ခင်ဗျား စွမ်းသလောက် လုပ်စမ်းပါ ။ ကျုပ်တို့က ခင်ဗျားတို့ကို ဂရုမစိုက်လို့ သည်အထိ ရောက်လာတာ " လီဖူချန်းရဲ့ လေသံကလည်း မယဉ်ကျေးနေတော့ပါဘူး ။ အခြေအနေကတော့ သူတွက်ထားတဲ့ အတိုင်းပါပဲ ။ မိုးကြိုးတိမ်ဂိုဏ်းက သူတို့ကို သည်အတိုင်း အလကား နေရင်းနဲ့ ရတနာ ခန်းမကို ခေါ်သွားမှာ မဟုတ်ပါဘူး ။ သူတို့က မိုးကြိုးတိမ်ဂိုဏ်းကို ကျောင်းမှန်း ၊ ကန်မှန်းသိအောင် နည်းနည်းပါးပါး အစွမ်း ပြရပါဦးမယ် ။ " ငါ…… တုံးမူထျန်က မင်းရဲ့ အစွမ်းကို စမ်းကြည့်မယ် " တုံးမူထျန်က လီဖူချန်း နဲ့ ရန်ချင်းဟူတို့ရဲ့ အစွမ်းကို မသိပါဘူး ။ဒါပေမဲ့ သူက မိုးကြိုးတိမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်တဲ့အပြင် လမ်းစဉ်လေးသွယ် ထိပ်တန်း ဘုရင်ဆယ်ပါးထဲမှာ အပါအဝင် ဖြစ်ပါတယ် ။ သူ့အနေနဲ့ တိုက်ပွဲ စစချင်းမှာပဲ မိုးကြိုးတိမ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကို ထုတ်သုံးလိုက်မယ် ဆိုရင် သူဟာ လီဖူချန်းတို့ကို ကြောက်ရာ ကျသွားပါလိမ့်မယ် ။ အဲသည်အတွက် သူက လီဖူချန်း နဲ့ ရန်ချင်းဟူတို့ရဲ့ အစွမ်းကို အရင်ဆုံး စမ်းသပ်ဖို့ လိုပါတယ် ။ " မိုးကြိုးဓားမော့ ဓားကိုးကွက် " တုံးမူထျန်းရဲ့ လက်နက်ကတော့ အကြို-ကောင်းကင်အဆင့် ဓားမော့ တစ်လက်ပါပဲ ။ ဓားမော့ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မရေမတွက်နိုင်တဲ့ မိုးကြိုးတွေဟာ ပန်းပေါင်းစုံ ဖူးပွင့်လာသလို ထွက်ပေါ်လာခဲ့ကြပါတယ် ။ အဲသည်နောက်မှာတော့ ကြမ်းတမ်းရက်စက်တဲ့ ဓားမော့ အလင်းတန်း တစ်ခုဟာ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ ။ " ရှင့်ရဲ့ ဓားသိုင်းက ပုံစံပဲလှတာ ။ တကယ့်လက်တွေ့မှာ ဘာမှ အသုံးမဝင်ဘူး " ဓားမော့ အလင်းတန်းကို ရင်ဆိုင်လိုက်သူက လီဖူချန်း မဟုတ်ဘဲ ရန်ချင်းဟူ ဖြစ်နေခဲ့ပါတယ် ။သူမက မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းအရှေ့ကို လျှပ်ပြက်သလို ရောက်လာခဲ့တာပါ ။ တစ်ချိန်တည်းမှာပဲ သူမက ဓားမော့ကို လက်ညှိုး ၊ လက်ခလယ်နဲ့ ညှပ်ပြီး ဖမ်းထားလိုက်ပါသေးတယ် ။ " ဘယ်……ဘယ်လို လုပ်လိုက်တာလဲ " " မဖြစ်နိုင်တာ " တုံးမူလေ့ အပါအဝင် လူတွေအားလုံးဟာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြပါပြီ ။ " လာစမ်း " တုံးမူထျန်က အံကို ကျိတ်လိုက်ပြီး ရန်ချင်းဟူရဲ့ လက်ချောင်းထဲက ဓားမော့ကို ဆွဲထုတ်ဖို့ ကြိုးစားလိုက်ပါတယ် ။ ဒါပေမဲ့လည်း ရန်ချင်းဟူရဲ့ လက်ချောင်းတွေက ညှပ်တစ်ခုလိုပါပဲ ။ တုံးမူထျန်က ဘယ်လောက်ပဲ ကြိုးစား ၊ ကြိုးစား သူ့ရဲ့ ဓားမော့ကို ပြန်မဆွဲယူနိုင်ပါဘူး ။ ခရက် …… ရန်ချင်းဟူက သူ့ရဲ့ လက်ချောင်းတွေကို အားစိုက်ထုတ်လိုက်တဲ့ အခါမှာတော့ ဓားမော့ဟာ ထိပ်ပိုင်းကနေ နှစ်ပိုင်း ကျိုးသွားခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ သူမက အဲသည်ဓားကျိုးနဲ့ တုံးမူထျန်းရဲ့ ပခုံးကို ထုတ်ချင်းခတ် ပေါက်သွားအောင် ပြန်လည် ပစ်ပေါက်လိုက်ပါတယ် ။ " ဝေါ့ " တုံးမူထျန်က ရန်ချင်းဟူရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး ။ အဲသည်အတွက် သူက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပါတယ် ။ သူ့ရဲ့ မျက်နှာကလည်း စက္ကူ စ တစ်ခုလို ဖြူ လျနေခဲ့ပါပြီ ။ " မိုးကြိုးတိမ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကို အမြန်ခင်းကြ " ရန်ချင်းဟူရဲ့ လက်စာကို မြည်းစမ်းကြည့်ပြီးတဲ့ နောက်မှာတော့ တုံးမူထျန်က တစ်ယောက်တည်း ဆက်တိုက်ဖို့ မဝံံ့တော့ပါဘူး။အဲသည်အတွက် သူက သူ့ရဲ့ ဂိုဏ်းက ဘုရင်တွေကို စုပေါင်းတိုက်ကွက် ထုတ်ဖို့အတွက် အလျင်အမြန် အမိန့်ပေးလိုက်ပါတယ် ။ " ဟုတ် " အမိန့်သံ ဆုံးတာနဲ့ တစ်ပြိုင်နက် အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် ခုနစ်ပါး နဲ့ အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ဆယ့်တစ်ပါးဟာ စုစည်းလိုက်ကြပြီး မိုးကြိုးတိမ်တိုက်ကြီး တစ်ခု အသွင်ကို ပြောင်းသွားခဲ့ကြပါပြီ ။ ဂျိန်း……ဂျိန်း……ဂျိန်း…… သည်မိုးကြိုးတိမ်တိုက်ကြီးကတော့ သိပ်သည်းလှတဲ့ ပျက်စီးခြင်း သဘောကို ဆောင်နေပြီး မြေပြင်ပေါ်မှာ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးတော့မလိုပါပဲ ။ " မိုးကြိုးနဂါး ဆင်းသက်ခြင်း " ဂျိန်း…… မိုးခြိမ်းသံ တစ်ခုနဲ့အတူ အိမ်တစ်လုံး အရွယ်အစားလောက် ရှိတဲ့ မိုးကြိုးနဂါး တစ်ကောင်ဟာ မာန်ဟုန် အပြည့်နဲ့ ရန်ချင်းဟူဆီကို ဆင်းသက်လာခဲ့ပါပြီ ။ " ဟမ့် …… သည်အဆင့်လောက်နဲ့များ " ရန်ချင်းဟူက သည်မိုးကြိုးနဂါးလောက်ကို စာဖွဲ့မနေပါဘူး ။ သူမက မိုးကြိုးနဂါးကို မြင်တာနဲ့ တစ်ပြိုင်နက် ဓားမော့ကို ဆွဲထုတ်ပြီး ပြန်ခုတ်ပစ်လိုက်ပါတယ် ။ ရွှမ်း…… မျက်လုံးကန်းလုမတတ် စူးရှနေပြီး လေဟာနယ် တစ်ခုလုံးကိုတောင် နှစ်ခြမ်း ခွဲပစ်နိုင်လောက်တဲ့ ဓားမော့ အလင်းတန်း တစ်ခုဟာ ကောင်းကင်ယံကို ထိုးတက်သွားခဲ့ပါပြီ ။ ဘန်း…… အဲသည်နောက်မှာတော့ အိမ်တစ်လုံး အရွယ်အစားရှိတဲ့ မိုးကြိုးနဂါးဟာ တစ်စစီ ပြိုကွဲသွားပါတော့တယ် ။ ဓားမော့အလင်းတန်းက အဲသည်မှာတင် မရပ်တန့်သေးပါဘူး ။ အဲဒါက ကောင်းကင်ယံထက်ကို ဆက်ထိုးတက်သွားပြီး မိုးကြိုးတိမ်တိုက်ကြီးကိုပါ နှစ်ခြမ်း ခွဲပစ်လိုက်ပါသေးတယ် ။ " အား " " အမယ်လေး " " သေပါပြီ " မိုးကြိုးတိမ်တိုက် တိုက်ပွဲဝင် ဝင်္ကပါ နည်းဗျူ ဟာထဲမှာ ရှိနေတဲ့ လူတွေအကုန်လုံးကလည်း ဒဏ်ရာ အကြီးအကျယ် ရပြီး လွင့်ထွက်ကုန်ကြပါပြီ ။ ရန်ချင်းဟူက ညှာတာလိုက်လို့တာပေါ့ ။ မဟုတ်ရင်တော့ သူတို့ထဲက ဘယ်သူကမှ သည်တိုက်ခိုက်မှုအောက်မှာ အသက် ရှင်ကျန်နိုင်မှာ မဟုတ်ပါဘူး ။ " မရဘူး ။အဲသည် မိန်းကလေးက အရမ်း အစွမ်း ထက်လွန်းတယ် ။ လမ်းစဉ်လေးသွယ် ဧကရာဇ်မှပဲ သူ့ကို ယှဉ်နိုင်မှာ " မိုးကြိုးတိမ်ဂိုဏ်းက လူတွေဟာ အကြောက်တရားကို စတင်ပြီး မြည်းစမ်းနေကြရပါပြီ ။ သူတို့အနေနဲ့ ရန်ချင်းဟူကို မကြောက်လို့လည်း မဖြစ်ပါဘူး ။ မိုးကြိုးတိမ်တိုက် တိုက်ပွဲဝင် ဝင်္ကပါ နည်းဗျူ ဟာ ဆိုတာက သူတို့ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ဝှက်ဖဲ ဖြစ်နေတာ မဟုတ်ပါလား ။ မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ဆယ့်ရှစ်ပါး ပါဝင်နေတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာတောင်မှ တစ်ဖက် ရန်သူရဲ့ တိုက်ခိုက်မှုကို တစ်ချက်တောင် မခံနိုင်ဘူး ဆိုတာကြီးက တကယ်ကို ထိတ်လန့်စရာပါပဲ ။ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာဆိုရင် သည်လို အစွမ်းထက်တဲ့သူက လမ်းစဉ်လေးသွယ် ဧကရာဇ် တစ်ဦးသာ ရှိပါတယ် ။ " အကာအကွယ် ဝင်္ကပါ အစီအရင်ထဲကို ပြန်ဝင်ကြ " တုံးမူထျန်က နလပိန်းတုံး တစ်ယောက် မဟုတ်ပါဘူး ။ သူက အခြေအနေ မဟန်ဘူး ဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် သူ့လူတွေကို အကာအကွယ် ဝင်္ကပါ အစီအရင်ထဲ ပြန်ဝင်ကြဖို့ အော်ပြောလိုက်ပါတယ် ။ ရွှီး……ရွီှး……ရွှီး…… မိုးကြိုးတိမ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေဟာ အကာအကွယ် ဝင်္ကပါ အစီအရင်ရဲ့ အစပ်နားမှာ ရပ်နေကြတာပါ ။ အဲသည်အတွက် သူတို့က အကာအကွယ် ဝင်္ကပါ အစီအရင်ထဲကို အလျင်အမြန် ဝင်လိုက်နိုင်ကြပါတယ် ။ " အကာအကွယ် ဝင်္ကပါ အစီအရင်ကို အသက်သွင်း " လူတွေအားလုံး ဝင်ပြီးတာနဲ့ တစ်ပြိုက်နက် မိုးကြိုးတိမ်ဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ အသက်ဝင်လာခဲ့ပါပြီ ။ ဂါး……ဂရား…… ဂါး…… ရုတ်တရက် ဆိုသလိုပဲ ပေနှစ်ထောင်လောက်ရှိတဲ့ မိုးကြိုးနဂါးတွေဟာ အကာအကွယ် ဝင်္ကပါ အစီအရင်ထဲကနေ ထွက်ပေါ်လာပြီး မိုးကြိုးတိမ်ဂိုဏ်း တစ်ခုလုံးကို ဝန်းရံ ကာကွယ်လာခဲ့ပါတယ် ။ အကာအကွယ် ဝင်္ကပါ အစီအရင်ရဲ့ ထိပ်ပိုင်းမှာ ဆိုရင်လည်း မိုးကြိုး အမြုတေ တစ်ခု ဖြစ်တည်လာပြီး ကြည့်ရတာက အဲဒါဟာ အကာအကွယ် ဝင်္ကပါ အစီအရင်ရဲ့ ဗဟိုချက်မ ဖြစ်ပုံ ရပါတယ် ။ ကိုးနဂါး ဝင်္ကပါ …… ဟုတ်ပါတယ် ။ ဒါကတော့ မိုးကြိုးတိမ်ဂိုဏ်းရဲ့ အကြို-အဆင့်၈ ဝင်္ကပါ အစီအရင် တစ်ခုပါပဲ ။ " သည်အကာအကွယ် ဝင်္ကပါ အစီအရင်က ဆိုးတော့ မဆိုးဘူး ။ ဒါကို ငါတာဝန် ယူပေးရမလား " တိုက်ပွဲကို ဘေးနားကနေ အားပေးနေရတဲ့ လီဖူချန်းက ပျင်းလာတဲ့အတွက် ရန်ချင်းဟူကို လှမ်းမေးလိုက်ပါတယ် ။ ဒါပေမဲ့ ရန်ချင်းဟူက လက်မခံပါဘူး ။ သူမက နှာခေါင်းတစ်ချက် ရှုံ့ပြီး ပြန်ပြောလာခဲ့ပါတယ် ။ " ဟမ့် …… သည်အကြို-အဆင့်၈ အကာအကွယ် ဝင်္ကပါ အစီအရင်က ငါ့ကို ဘာတတ်နိုင်မှာမို့လဲ " အကြို-အဆင့်၈ အကာအကွယ် ဝင်္ကပါ အစီအရင် ဆိုတာက အကြို-ဧကရာဇ်တွေ နဲ့ တိုက်ခိုက်ရေး ဧကရာဇ်တွေကို ခုခံဖို့အတွက်ပါပဲ ။ လီဖူချန်း နဲ့ ရန်ချင်းဟူတို့လို အလယ်အလတ် အဆင့် ဧကရာဇ်တွေနဲ့ ညီမျှတဲ့ ဘုရင်တွေအတွက် ဆိုရင်တော့ သည်အကာအကွယ် ဝင်္ကပါ အစီအရင်က ဘာမှမဟုတ်ပါဘူး ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ အကြို-အဆင့်၈ အကာအကွယ် ဝင်္ကပါ အစီအရင်တွေက အကြို-ဧကရာဇ်တွေ နဲ့ တိုက်ခိုက်ရေး ဧကရာဇ်တွေကို ခုခံဖို့အတွက် ဆိုတဲ့ နေရာမှာ အဲဒါက အကြို-ဧကရာဇ်တွေ နဲ့ တိုက်ခိုက်ရေး ဧကရာဇ်တွေဟာ အကြို-အဆင့်၈ အကာအကွယ် ဝင်္ကပါ အစီအရင်တွေကို ဖျက်ဆီးနိုင်တယ်လို့ မဆိုလိုဘူး ဆိုတာပါပဲ ။ အကြို-ဧကရာဇ်တွေ နဲ့ တိုက်ခိုက်ရေး ဧကရာဇ်တွေဟာ ထူးခြားတဲ့ နည်းလမ်း တစ်ခုခု မရှိဘဲ အကြို-အဆင့်၈ အကာအကွယ် ဝင်္ကပါ အစီအရင်တွေကို မဖျက်ဆီးနိုင်ပါဘူး ။ တကယ်လို့ သူတို့က အကြို-အဆင့်၈ ဝင်္ကပါ အစီအရင် တစ်ခုထဲမှာ ပိတ်မိသွားပြီ ဆိုရင်တော့ ဝင်္ကပါကြောင့် တဖြည်းဖြည်း အားအင် ကုန်ခန်းပြီး သေရမှာ မလွဲဧကန်ပါပဲ ။ တကယ်တမ်း တိတိကျကျ ပြောရမယ် ဆိုရင်တော့ အကြို-အဆင့်၈ ဝင်္ကပါ အစီအရင် တစ်ခုကို ဖျက်ဆီးဖို့အတွက်ဆိုရင် အဆင့်နိမ့် ဧကရာဇ် တစ်ပါးတောင်မှ အတော်လေး ကြိုးစားရမှာ ဖြစ်ပါတယ် ။ ဝင်္ကပါ အစီအရင်တွေ ဆိုတာက ဝင်္ကပါ သော့ချက်ကို မဖျက်ဆီးနိုင်သရွေ့ အလိုအလျောက် ပြန်လည် အသက်ဝင်နိုင်တဲ့အတွက် သွားလျော့တွက်လို့တော့ မရပါဘူး ။ " သွားစမ်း " ရန်ချင်းဟူက သူမရဲ့ ဓားမော့သိုင်းကွက်ကိုတောင် ထုတ်မသုံးပါဘူး ။ သူမက သူမရဲ့ အနက်ရောင် ဓားမော့ကို သည်အတိုင်း ဖြစ်ကတတ်ဆန်း ဆွဲထုတ်လိုက်ပြီး အကာအကွယ် ဝင်္ကပါ အစီအရင်ကို ခုတ်ပိုင်းပစ်လိုက်ပါတယ် ။ ရွှမ်း…… ခရက်…… မိုးကြိုးတိမ်တောင်တန်းရဲ့ တစ်ဝက်လောက်အထိ ရှည်လျားတဲ့ အနက်ရောင် ဓားမော့ အလင်းတန်း တစ်ခု ထွက်ပေါ်လာအပြီးမှာတော့ ကိုးနဂါး ဝင်္ကပါဟာ အက်ကွဲသွားခဲ့ပါပြီ ။ ကိုးနဂါး ဝင်္ကပါနဲ့ မရှေးမနှောင်းမှာပဲ မိုးကြိုးတိမ်ဂိုဏ်းကို ဝန်းရံ အကာအကွယ် ပေးနေတဲ့ မိုးကြိုးနဂါး ကိုးကောင်ဟာလည်း ပျောက်ကွယ်ကုန်ပါတယ် ။ ဖောင်း…… ဝုန်း……ဝုန်း……ဝုန်း…… နောက်ဆုံးမှာတော့ အကာအကွယ် ဝင်္ကပါဟာ ဖောင်းခနဲ မြည်သံနဲ့အတူ ပေါက်ကွဲထွက်သွားခဲ့ပါပြီ ။ ဝင်္ကပါ အစီအရင်ထဲမှာ ခိုဝင်ကိန်းအောင်းနေကြတဲ့ မိုးကြိုးတာအို ဥပဒေသတွေကလည်း ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံနှံ့သွားတဲ့အတွက် မိုးကြိုးတိမ် ဂိုဏ်းတစ်ခုလုံးဟာ မိုးခြိမ်းသံတွေ တဂျိန်းဂျိန်း မြည်နေပြီး ကမ္ဘာ ပျက်တော့မလိုပါပဲ ။ " မင်းတို့က ငါတို့ မိုးကြိုးတိမ်ဂိုဏ်းကို အလွယ်လေးနဲ့ အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား " တုံးမူထျန်းရဲ့ မျက်လုံးတွေကတော့ နီရဲနေပြီး ပေါက်ကွဲတော့မလို ဖြစ်နေပါပြီ ။ ဒါပေမဲ့လည်း သူက လီဖူချန်းတို့ကို အညံ့ခံမယ့်ပုံ မပေါ်သေးပါဘူး ။ " မိုးကြိုးသားရဲကို ဆင့်ခေါ်ပါတယ် " စကားဆုံးတာနဲ့ တစ်ပြိုင်နက် တုံးမူထျန်ဟာ သူ့ရဲ့ သိုလှောင်အိတ်ထဲကနေ မိုးကြိုးသွား ပုံသဏ္ဍာန် သလင်းကျောက် တစ်ခုကို ထုတ်ယူပြီး မြေကြီးပေါ်ကို ပေါက်ချလိုက်တော့တယ် ။ ဝေါင်း…… အဲသည်နောက်မှာတော့ မိုးကြိုးတောင်တန်းရဲ့ အမြင့်ဆုံး တောင်ထွတ်ဆီကနေပြီး ထွက်ပေါ်လာတဲ့ ဟိန်းသံကြီး တစ်ခုဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ ။
***