တာအိုကို ရှာဖွေခြင်း
Vol. 50 Ch. 675
မိုးကြိုးသားရဲ …… လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်က ဘယ်သူကမှ မိုးကြိုးတိမ်ဂိုဏ်းဟာ မိုးကြိုးသားရဲ တစ်ကောင်ကို မွေးမြူ ထားတယ် ဆိုတာကို မသိကြပါဘူး ။ မိုးကြိုးသားရဲ ဆိုတာက အထွတ်အမြတ် ထားခံရတဲ့ သားရဲ ဖြစ်ပြီး အရွယ်ရောက်လာပြီဆိုရင် အဆင့်နိမ့် မိစ္ဆာသားရဲ အရှင်သခင် တစ်ပါးနဲ့ ညီမျှပါတယ် ။ သူက အိပ်စက်ရတာကို နှစ်ခြိုက်လေ့ရှိပြီး အိပ်ရာကနေ ထလာပြီ ဆိုတာနဲ့ သူ့ရဲ့ မိုးကြိုးတွေကို အသုံးပြု ပြီး ဖျက်ဆီးခြင်းတွေကို လုပ်ဆောင်တော့တာပါပဲ ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အခု မိုးကြိုးဂိုဏ်းက မွေးမြူ ထားတဲ့ မိုးကြိုးသားရဲဟာ အရွယ် ရောက်ဖို့အတွက် အများကြီး လိုပါသေးတယ် ။ အဆင့်အတန်း အရ ဆိုရင်လည်း သူက အဆင့်မြင့် မိစ္ဆာသားရဲ ဘုရင်ထက် မပိုသေးပါဘူး ။ဒါပေမဲ့ တန်ခိုးအစွမ်းအရ ဆိုရင်တော့ သူက မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးလို အစွမ်းထက်နေပါပြီ ။ တုံးမူထျန် သိသလောက် ဆိုရင်တော့ မိုးကြိုးဂိုဏ်းရဲ့ ပထမမျိုးဆက် ဂိုဏ်းချူပ်ကြီးဟာ အခုလက်ရှိ မိုးကြိုးသားရဲကို ဥဘဝကတည်းကနေပြီး ဂိုဏ်းကို ယူဆောင်လာခဲ့တာပါ ။ အဲသည်အတွက် မိုးကြိုးသားရဲက မိုးကြိုးဂိုဏ်းကို သူ့ရဲ့ နေအိမ် ပိုင်နက်အဖြစ် အမြဲလိုလို သတ်မှတ်ထားလေ့ ရှိပါတယ် ။ သူက သူ့ရဲ့ ပိုင်နက် နယ်မြေကို တစ်လက်မမှ ထိပါးခွင့် ပေးတတ်သူ မဟုတ်ပါဘူး ။ ဒါပေမဲ့ မိုးကြိုးသားရဲ ဆိုတာကလည်း သားရဲ တစ်ကောင်ပါပဲ ။ အဲသည်အတွက် သူဒေါသ ထွက်လာပြီ ဆိုရင်တော့ ရန်သူသော၊မိတ်ဆွေသော ခွဲခြားနေမှာ မဟုတ်ပါဘူး ။ သူက မျက်လုံးထဲမှာ မြင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့လည်း တုံးမူထျန်က မိုးကြိုးသားရဲကို တော်ရုံတန်ရုံဆိုရင် မဆင့်ခေါ်ဘဲ အရေးကြီးမှသာ ဆင့်ခေါ်လေ့ ရှိတာပါ ။ ဝုန်း……ဝုန်း……ဝုန်း…… မိုးကြိုးဂိုဏ်းရဲ့ အမြင့်ဆုံး တောင်ထိပ်ဟာ အက်ကွဲလာခဲ့ပြီး နောက်မှာတော့ ဧရာမ ဦးခေါင်းကြီး တစ်ခုဟာ မြေအောက်ထဲကနေပြီး တိုးထွက်လာခဲ့ပါပြီ ။ ဦးခေါင်းကြီးရဲ့ ထိပ်ပိုင်းကတော့ ကြံ့တစ်ကောင် နဲ့ တူနေသလို ဖွတ်တစ်ကောင်နဲ့လည်း ဆင်တူနေသလိုပါပဲ ။ ဒါပေမဲ့လည်း သူ့မှာက ဦးချို သုံးခု ရှိနေပြီး ဦးချို တစ်ခုစီကိုက ရိုးရှင်းတဲ့ မိုးကြိုးတာအို အင်းကွက်တွေ ရစ်ပတ်ထားပါတယ် ။ မိုးကြိုးသားရဲ နိုးထလာတာနဲ့ တစ်ပြိုင်နက် အပြာရောင်ရင့်ရင့် မိုးကြိုး အလင်းတန်းတွေကလည်း သူ့ရဲ့ ဦးချိူတွေထက်မှာ ထွက်ပေါ်လာခဲ့ပါသေးတယ် ။ " မိုးကြိုးသားရဲ သခင်ကြီးခင်ဗျား …… သည်လူနှစ်ယောက်က သခင့်ရဲ့ ပိုင်နက်ကို လုယူဖို့ ကြိုးစားနေကြတာပါ ။ ကျေးဇူးပြု ပြီး သူတို့ကို ဆုံးမ ပေးပါဦး " မိုးကြိုးသားရဲကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တုံးမူထျန်က တန်းပြီး လှမ်းတိုင်တော့တာပါပဲ ။ " ဘာ…… ငါ့ရဲ့ ပိုင်နက်ကို လုယူချင်တယ်……ဟုတ်လား " တုံးမူထျန်ရဲ့ စကားကို ကြားအပြီးမှာတော့ မိုးကြိုးသားရဲရဲ့ မျက်လုံးတွေဟာ ဒေါသကြောင့် နီရဲသွားခဲ့ပါပြီ ။ ဂျိန်း……… အဲသည်နောက်မှာတော့ မိုးကြိုးသားရဲဟာ သူ့ရဲ့ ဦးချို တစ်ခုကနေပြီး လိမ္မော်ရောင်ဘက် သန်းနေတဲ့ မိုးကြိုးတစ်စင်းကို ထုတ်ကာ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဆီကို ပစ်လွှတ်လိုက်ပါတော့တယ် ။ မိုးကြိုးသားရဲရဲ့ မိုးကြိုးတာအို ဥပဒေသအပေါ် နားလည်သဘောပေါက်မှုက သိပ်ပြီး မမြင့်မားလှပါဘူး ။ ဒါပေမဲ့လည်း အထွတ်အမြတ် သားရဲ တစ်ကောင် ဖြစ်တဲ့အတွက် သူဟာ မိုးကြိုးတာအို မျိုးဆက်သွေးကို ဆက်ခံထားပါတယ် ။ အဲသည်အတွက် သူပစ်လွှတ်လိုက်တဲ့ မိုးကြိုးဟာ အတော်လေး ပြင်းထန်လွန်းလှတယ်လို့ ဆိုရပါမယ် ။ လီဖူချန်းကတော့ သူ့ဆီကို တိုးဝင်လာတဲ့ လိမ္မော်ရောင် မိုးကြိုးကိုကြည့်နေရင်းနဲ့ အဲဒါက သူသိထားတဲ့ ဆန်းကြယ် ယန်ကောင်းကင်ဘုံ မိုးကြိုး မန္တာန်ထက်တောင် အများကြီး ပိုအစွမ်း ထက်နေတာကို သတိပြုမိလိုက်ပါတယ် ။ " ဟမ့် …… သည်အဆင့်လောက်နဲ့များ " သည်မိုးကြိုးကို ရင်ဆိုင်ဖို့အတွက်ကိုတော့ လီဖူချန်းအနေနဲ့ ဘာမှ လုပ်စရာကို မလိုပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ချင်းဟူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါပြီး အရှေ့ကို တက်သွားလို့ပါပဲ ။ ရွှမ်း …… အဲသည်နောက်မှာတော့ အားကောင်းလွန်းလှတဲ့ မဟူရာ ဓားမော့ အလင်းတန်း တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး လိမ္မော်ရောင် မိုးကြိုးကို ဝါးမျို ပစ်လိုက်ပါတော့တယ် ။ တကယ်လို့သာ သည်မိုးကြိုးသားရဲက အရွယ် ရောက်နေပြီ ဆိုရင်တော့ ရန်ချင်းဟူဟာ သူ့ကိုတွေ့တာနဲ့ တန်းပြီး ပြေးမှာပါပဲ ။ ဒါပေမဲ့လည်း အခု တွေ့နေရတဲ့ မိုးကြိုးသားရဲက အရွယ် ရောက်ဖို့အတွက် အများကြီး လိုနေပါသေးတယ် ။ အဲသည်အတွက် ရန်ချင်းဟူက သည်မိုးကြိုးသားရဲကို လုံးဝ မမှုတော့ပါဘူး ။ " တောက် …… မင်းက ငါ့ရဲ့ မိုးကြိုးသွားကို ဖျက်ဆီးရဲတယ်ပေါ့လေ " သူ့ရဲ့ လိမ္မော်ရောင် မိုးကြိုး ဖျက်ဆီး ခံလိုက်ရတာကို မြင်လိုက်ရတဲ့ မိုးကြိုးသားရဲကတော့ ပိုပိုလို့ကို ဒေါသ ထွက်သွားခဲ့ပါပြီ ။ ဝုန်း……ဝုန်း……ဝုန်း…… အဲသည်အတွက် သူက မြေကြီးထဲကနေ မြေပေါ်ကို ကုန်းရုန်းပြီး ထလာပါတော့တယ် ။ မိုးကြိုးသားရဲက တကယ်ကို ကြောက်စရာ မိစ္ဆာသားရဲကြီး တစ်ကောင်ပါပဲ ။ သူ့ရဲ့ အရွယ်အစားက မိုင်ဒါဇင် အနည်းငယ်လောက်အထိ ရှိပြီး ကျားရဲ တစ်ကောင်လို တုတ်ခိုင်သန်မာတဲ့ ခန္ဓာကိုယ်၊ သိမ်းငှက် တစ်ကောင်လို့ ချွန်မြနေတဲ့ လက်သည်းတွေ နဲ့ မိချောင်းတစ်ကောင်လို ကျစ်လစ်သန်မာတဲ့ အမြီးတစ်ချောင်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ။ " မင်းက ငါ့ကို အာခံရဲတယ် ဆိုတော့ သေသင့်နေပြီ " " သေစမ်း " ဂျိန်း…… ဂျိန်း…… ဂျိန်း…… သည်တစ်ကြိမ်မှာတော့ မိုးကြိုးသားရဲဟာ မိုးကြိုး တစ်စင်းတည်း မပစ်လွှတ်တော့ပါဘူး ။သူက ဦးချိုသုံးခုလုံးကို တုန်ခါစေလိုက်ပြီး လိမ္မော်ရောင် ၊ အပြာရင့်ရောင်နဲ့ ခရမ်းရောင်ရှိတဲ့ မိုးကြိုးတွေကို ပစ်လွှတ်လာခဲ့ပါတယ် ။ သည်မိုးကြိုးသုံးစင်းရဲ့ ပေါင်းစပ်မှုကတော့ တကယ့်ကို ကြောက်စရာပါပဲ ။ မိုးကြိုးတိမ်ဂိုဏ်းရဲ့ အဖွဲ့ဝင် တော်တော်များများဟာဆိုရင် မိုးကြိုးသုံးစင်းရဲ့ စက်ကွင်းကြောင့် အော်ဟစ်ချိန်တောင် မရလိုက်ဘဲ ပြာကျသွားခဲ့ပါတယ် ။ မိုးကြိုးတိမ်ဂိုဏ်းရဲ့ အဆောက်အဦး တော်တော်များများက မိုးကြိုးသားရဲရဲ့ အနောက်ဘက် တော်တော်ဝေးမှာ ရှိနေတာကတော့ အဆိုးထဲက အကောင်းလို့ပဲ ဆိုရပါမယ် ။ မဟုတ်လို့ကတော့ မိုးကြိုးတိမ်ဂိုဏ်း တစ်ခုလုံးဟာ မိုးကြိုးသားရဲရဲ့ မဆင်မခြင် တိုက်ခိုက်မှုကြောင့် ပြာကျနေလောက်ပါပြီ ။ " မဟူရာဓားမော့ ၊ ရွက်လွှင့်ခြင်း " အရောင်သုံးမျိုးရှိတဲ့ မိုးကြိုးတွေကိုတော့ ရန်ချင်းဟူက ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပါဘူး ။ အဲသည်အတွက် သူမက သူမရဲ့ ဓားမော့သိုင်းကို ထုတ်သုံးလိုက်ပါတော့တယ် ။ ဘန်း……ဘန်း……ဘန်း…… ရန်ချင်းဟူရဲ့ ဓားကွက်ထဲမှာ ပါလာတဲ့ ဓားမော့ဆန္ဒက တကယ်ကို ကြောက်စရာပါပဲ ။ အဲဒါက မြေပြင်ကို အက်ကွဲကြောင်းကြီးတွေ အထပ်ထပ် ထသွားစေရုံမက မိုးကြိုးသုံးစင်းလုံးကိုပါ စက္ကန့်ပိုင်း အတွင်းမှာပဲ ဝါးမျိုပစ်လိုက်ပါတယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဒါက သိပ်ပြီး ထူးဆန်း၊အံ့သြနေစရာ မဟုတ်ပါဘူး ။ ရန်ချင်းဟူက သူမရဲ့ ဓားမော့သိုင်း အစွမ်းကို အပြည့်အဝ မသုံးနိုင်သေးဘူး ဆိုပေမယ့် အဲဒါက ကောင်းကင် အဆင့်မြင့် ဓားမော့သိုင်း ဖြစ်နေဆဲပါပဲ ။ မိုးကြိုးသားရဲလို မိစ္ဆာသားရဲ ဘုရင်အဆင့်မှာသာ ရှိနေသေးတဲ့ သူက ကောင်းကင် အဆင့်မြင့် ဓားသိုင်းကို ဖက်ပြိုင်ပြုနိုင်ဖို့ ဆိုတာကတော့ စိတ်ကူးယဉ်နေမှပဲ ရပါလိမ့်မယ် ။ မိုးကြိုးသားရဲက အဆင့်နိမ့် မိစ္ဆာသားရဲ ဧကရာဇ် အဆင့်ကို မတက်လှမ်းနိုင်သေးသရွေ့တော့ ရန်ချင်းဟူကို ဘယ်လိုမှ ယှဉ်နိုင်စရာ မရှိပါဘူး ။ " မဖစ်နိုင်ဘူး ။ ငါက အထွတ်အမြတ် သားရဲကွ" မိုးကြိုးသားရဲရဲ့ မျက်လုံးတွေက မယုံကြည်နိုင်မှုတွေကြောင့် ပြူ းကျယ်နေခဲ့ပါပြီ ။ သူက သည်လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ သူ့ကို ယှဉ်နိုင်မယ့်လူ ရှိလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး ။ " ရန်ချင်းဟူ …… သည်နေ့ မင်းရဲ့ ဓားချက်က သာမန်ထက် ပျော့နေသလိုပဲ ။ မဟုတ်မှလွဲရော မင်းက မိုးကြိုးသားရဲကို သိမ်းသွင်းဖို့ စဉ်းစားထားတာလား " အဲသည်အချိန်မှာပဲ လီဖူချန်းရဲ့ အသံက ထွက်ပေါ်လာပါတယ် ။ လီဖူချန်းက ရန်ချင်းဟူနဲ့ ရင်းနှီးကျွမ်းဝင် လာတာ အချိန် အတော်လေး ကြာနေပြီ ဖြစ်တဲ့အတွက် သူမရဲ့ တန်ခိုးအစွမ်းတွေကို ကောင်းကောင်းကြီး ယဉ်ပါးနေပါပြီ ။ ရန်ချင်းဟူရဲ့ တန်ခိုးအစွမ်းနဲ့ ဆိုရင် မိုးကြိုးသားရဲဟာ သူမရဲ့ ဓားချက် တစ်ချက်ကိုတောင် ခံနိုင်စရာ အကြောင်း မရှိပါဘူး ။ " နင်……အထွတ်အမြတ် သားရဲတစ်ကောင်ရဲ့ တန်ဖိုးကို သိလား " ရန်ချင်းဟူက လီဖူချန်းကို မျက်လုံးထောင့်ကပ် ကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။ အဲသည် အမူအယာကတော့ လီဖူချန်းကို သူမကိစ္စထဲ ဝင်မရှုပ်ဖို့ သတိပေးလိုက်တဲ့ အချက်ပြ အမှတ်အသားပါပဲ ။ အထွတ်အမြတ် သားရဲတစ်ကောင်ကို ပိုင်ဆိုင်နိုင်ဖို့ ဆိုတာက လွယ်တာ မဟုတ်ပါဘူး ။ မိုးကြိုးသားရဲ ဆိုတာက အထွတ်အမြတ် သားရဲတွေထဲမှာ အဆင့် အနည်းငယ် နိမ့်တဲ့ သားရဲမျိုး ဖြစ်ပေမယ့် အရွယ်ရောက်ပြီ ဆိုရင်တော့ အဆင့်နိမ့် မိစ္ဆာသားရဲ အရှင်သခင် ဖြစ်နိုင်ပါသေးတယ် ။ ရန်ချင်းဟူက အရင်ဘဝမှာ မဟာ ဧကရီသာ ဖြစ်ခဲ့တာပါ ။ တကယ်လို့ အဲသည်တုန်းကသာ သူမဆီမှာ အရွယ်ရောက်ပြီးနေတဲ့ မိုးကြိုးသားရဲ တစ်ကောင် ရှိနေမယ်ဆိုရင် သူမဟာ အခုလို ပြန်ဝင်စားဖို့ လမ်းကို ရွေးချယ်ဖို့ရာ အကြောင်းကို မရှိပါဘူး ။ တစ်ဖက်မှာတော့ အထွတ်အမြတ် သားရဲ တစ်ကောင်ကို သိမ်းသွင်းဖို့ရာဟာ ခက်ခဲလွန်းလှပါတယ် ။ သူတို့ကို သိုင်းကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တာက သိမ်းသွင်းရာ မကျပါဘူး ။ အဲဒါက ရန်စကိုတောင် ပိုပြီး ရှည်စေနိုင်ပါသေးတယ် ။ အထွတ်အမြတ် သားရဲတွေ ဆိုတာက သူတို့မာနနဲ့ သူတို့ပါပဲ ။ သူတို့က တစ်ချိန်ချိန်မှာ ကိုယ့်ထက် သာသွားပြီး ကိုယ့်ကိုယ်တောင် အသက် ပြန်ရန်ရှာလာနိုင်ပါတယ် ။ အဲသည်အတွက် ရန်ချင်းဟူဟာ သူမရဲ့ ကြီးကျယ် မြင့်မြတ်မှုကို ပြသပြီး မိုးကြိုးသားရဲကို စိတ်ပါလက်ပါနဲ့ အညံ့ခံစေနိုင်မှ တော်ကာ ကျပါလိမ့်မယ် ။ " မိုးကြိုးသားရဲကို သိမ်းသွင်းမယ် …… ဟုတ်လား " တုံးမူထျန်ကတော့ အကြောင်သား ဖြစ်နေခဲ့ပါပြီ ။ မိုးကြိုးတိမ်ဂိုဏ်းရဲ့ တခြား ကျန်ရှိနေသေးတဲ့ အဖွဲ့ဝင်တွေကလည်း မျက်လုံး အကြောင်သားနဲ့ပါပဲ ။ မိုးကြိုးသားရဲ ဆိုတာက သူတို့ရဲ့ ဝှက်ဖဲ အကြီးစား တစ်ခုလေ ။ ဒါကို ရန်ချင်းဟူက အပိုင် သိမ်းချင်နေတာလား ။ " ဘာ… ငါ့ကို သိမ်းသွင်းချင်တယ် ဟုတ်လား " မိုးကြိုးသားရဲကလည်း ဒေါသ ထွက်ရလွန်းလို့ ရူးမတတ် ဖြစ်နေခဲ့ပါပြီ ။ သူက အထွတ်အမြတ် သားရဲ တစ်ကောင် ဖြစ်တဲ့အတွက် မွေးကတည်းကနေ အခုထက်ထိကို လူအများရဲ့ ပစားပေးခြင်းကို ခံခဲ့ရတာပါ ။ သူက အခုလို အရှက်ခွဲခံရတာမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပါဘူး ။ " သက်ပျောက်မိုးကြိုး " " သေစမ်း " ဂျိန်း……ဂျိန်း……ဂျိန်း…… မိုးကြိုးသားရဲရဲ့ ဦးခေါင်းပေါ်က ချိုသုံးချောင်းဟာ နောက်ထပ်တစ်ကြိမ် တောက်ပလာခဲ့ပြန်ပါပြီ ။ သည်တစ်ကြိမ်မှာတော့ မိုးကြိုးသုံးစင်းဟာ ဦးချိုတွေကနေ ထွက်လာတာ မဟုတ်ပါဘူး ။ အဲဒါတွေက ကောင်းကင်ပေါ်ကနေပြီး သက်ဆင်းလာတာ ဖြစ်ပါတယ် ။ ပြီးတော့ သည်အရောင်သုံးမျိုး မိုးကြိုးသုံးစင်းက လမ်းတစ်ဝက်မှာ အတူပေါင်းစပ်သွားပါသေးတယ် ။ " လာစမ်းပါ " ရန်ချင်းဟူရဲ့ မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုကြောင့် အရောင် တောက်နေခဲ့ပါပြီ ။ မိုးကြိုးသားရဲက သည်တစ်ကြိမ်မှာ အားကောင်းလွန်းလှတဲ့ မွေးရာပါစွမ်းရည် တစ်ခုကို ထုတ်သုံးလာခဲ့တာ အသိသာကြီး မဟုတ်ပါလား ။ မိုးကြိုးသားရဲရဲ့ ဦးခေါင်းပေါ်က ချိုသုံးချောင်းဟာ နောက်ထပ်တစ်ကြိမ် တောက်ပလာခဲ့ပြန်ပါပြီ ။ သည်တစ်ကြိမ်မှာတော့ မိုးကြိုးသုံးစင်းဟာ ဦးချိုတွေကနေ ထွက်လာတာ မဟုတ်ပါဘူး ။ အဲဒါတွေက ကောင်းကင်ပေါ်ကနေပြီး သက်ဆင်းလာတာ ဖြစ်ပါတယ် ။ ပြီးတော့ သည်အရောင်သုံးမျိုး မိုးကြိုးသုံးစင်းက လမ်းတစ်ဝက်မှာ အတူပေါင်းစပ်သွားပါသေးတယ် ။ " လာစမ်းပါ " ရန်ချင်းဟူရဲ့ မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုကြောင့် အရောင် တောက်နေခဲ့ပါပြီ ။ မိုးကြိုးသားရဲက သည်တစ်ကြိမ်မှာ အားကောင်းလွန်းလှတဲ့ မွေးရာပါစွမ်းရည် တစ်ခုကို ထုတ်သုံးလာခဲ့တာ အသိသာကြီး မဟုတ်ပါလား ။ အထွတ်အမြတ် သားရဲ တစ်ကောင်ရဲ့ မွေးရာပါစွမ်းရည် ဆိုတာက အမြဲလိုလို အကြွင်းမဲ့ ကြောက်စရာ ကောင်းပြီး အရာအားလုံးကို ဖျက်ဆီးဖို့ လုံလောက်ပါတယ် ။ ဒါပေမဲ့လည်း တကယ်လို့ သူမအနေနဲ့ မမျှော်လင့်ထားတဲ့ အထူးနည်းလမ်း တစ်ခုကို သုံးပြီး သည်မွေးရာပါ စွမ်းရည်ကို တစ်ကွက်တည်းနဲ့ ချေဖျက်ပြလိုက်မယ် ဆိုရင်တော့ မိုးကြိုးသားရဲရဲ့ နှလုံးသားထဲမှာ လေးစားမှု မျိုးစေ့လေး တစ်စေ့ ချရင် ချလိုက်နိုင်မှာပါ ။ " ဓားမော့ကလည်း တာအို ၊ တာအိုကလည်း ဓားမော့ပဲ " " မဟူရာဓားမော့ ……တာအိုကို ရှာဖွေခြင်း " ဝေါ……ဝေါ……ဝေါ…… ရန်ချင်းဟူရဲ့ စကား အဆုံးမှာတော့ လေပြင်းတွေဟာ တဝေါဝေါ တိုက်ခတ်လာပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ ဓားမော့ဆန္ဒ တစ်ခုဟာလည်း ထွက်ပေါ်လာခဲ့ပါပြီ ။ သည်ဓားမော့ဆန္ဒက အားကောင်းလွန်းလှတဲ့အတွက် အချိန် နဲ့ နေရာ စည်းမျဉ်းကိုတောင် ပိုင်းဖြတ်ပစ်တော့မလိုပါပဲ ။ပြီးတော့ အဲဒါက ယင်နဲ့ယန်ရဲ့ ဘက်မျှနေမှုကိုလည်း ဖျက်ဆီးပစ်နိုင်တဲ့ပုံ ပေါ်ပါတယ် ။ သည်ဓားမော့ဆန္ဒရဲ့ ရှေ့မှောက်မှာ ဆိုရင်တော့ ဥပဒေသတွေ နဲ့ ကုန်းမြေတိုက် အသိစိတ်ဟာလည်း နောက်ဆုတ်မပေးလို့ကို မဖြစ်ပါဘူး ။ " သွားစမ်း " ရွှမ်း …… အဲသည်နောက်မှာတော့ နေမင်းထက်တောင် တောက်ပနေတဲ့ ဓားမော့ အလင်းတန်း တစ်ခုဟာ ကောင်းကင်ယံကို ထိုးတက်သွားခဲ့ပါပြီ ။ ဘန်း…… ဓားမော့အလင်းတန်းက ကောင်းကင်ပေါ်မှာ တည်ရှိနေတဲ့ တိမ်မည်းအုပ်ကြီး တစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီးတဲ့ နောက်မှာတော့ အရောင်သုံးမျိုး မိုးကြိုးဟာ အိပ်မက်လိုပဲ ပျောက်ကွယ်သွားပါတော့တယ် ။ " ဒါက ကောင်းကင်အဆင့်မြင့် ဓားမော့သိုင်းရဲ့ အစွမ်းပါလား " လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။ သူက ရန်ချင်းဟူဟာ သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ် အရည်အသွေးကို နည်းလမ်း တစ်ခုခု သုံးပြီး မြှင့်တင်လိုက်တယ် ဆိုတာကို သတိမပြုမိဘဲ မနေပါဘူး ။ အဲဒါကြောင့်မို့သာ ရန်ချင်းဟူဟာ ကောင်းကင် အဆင့်မြင့် ဓားမော့သိုင်းရဲ့ အနှစ်သာရကို ထုတ်ပြနိုင်ခဲ့တာပါ ။ " မဟုတ်သေးဘူး ။ သည်ဓားကွက်က သာမန် ကောင်းကင် အဆင့်မြင့် ဓားမော့သိုင်းထက်ကို ပိုပြီး အဆင့်မြင့်ရမယ် " လီဖူချန်းက ခေါင်းခါပြီး နောက်ထပ် တစ်ကြိမ် ရေရွတ်လိုက်ပြန်ပါတယ် ။ သူက ရန်ချင်းဟူရဲ့ တာအိုကို ရှာဖွေခြင်း ဓားကွက်ကနေပြီး မဟာတာအိုရဲ့ အရိပ် အငွေ့အသက်ကို ခံစားလိုက်မိသလိုပါပဲ ။ " ကြည့်ရတာ သူက အရင်ဘဝမှာ သာမန် မဟာဧကရီ ဖြစ်ခဲ့ပုံ မပေါ်ဘူး " လီဖူချန်းက ကောက်ချက် ချလိုက်မိပါတယ် ။ တခြားတစ်ဖက်မှာတော့ ရန်ချင်းဟူရဲ့ မျက်နှာဟာ သွေးမရှိတေ့သလို ဖွေးလျနေခဲ့ပါပြီ ။ ဒါပေမဲ့လည်း သူမရဲ့ အေးစက်စက် မျက်နှာထားကတော့ ထုံးစံအတိုင်း ရှိနေဆဲပါပဲ ။ " မိုးကြိုးသားရဲ …… ရှင်က အထွတ်အမြတ် သားရဲ တစ်ကောင်ဖြစ်ပြီး သည်ဘာမဟုတ်တဲ့ ကုန်းမြေတိုက်မှာပဲ တစ်သက်လုံး နေသွားတော့မှာလား ။ သည်ကုန်းမြေတိုက်မှာပဲ နေသွားမယ် ဆိုရင်တော့ ရှင်က ဘယ်တော့မှ အရွယ်ရောက်လာမှာ မဟုတ်ဘူး ။ ဓားတစ်လက် ဆိုတာက ဘယ်လောက်ပဲထက်ထက် အမြဲ သွေးပေးနေရတယ် ။ မဟုတ်ရင်တော့ အဲသည် ဓားက သံချေးတက်သွားပြီး မြောင်းထဲ ပစ်ခံရမှာပဲ " " ကျွန်မနဲ့သာ လိုက်ခဲ့စမ်းပါ ။ ဆယ်နှစ် ……ဆယ်နှစ်အတွင်းမှာပဲ ရှင် အရွယ် ရောက်စေရမယ် " "တကယ်လို့ ကျွန်မနဲ့ မလိုက်ခဲ့ဘူး ဆိုရင်တော့ ရှင်ဆက်ပြီး အသက်ရှင်နေဖို့ မလိုတော့ဘူး ။ ရန်စကို ချန်ထားခဲ့တယ် ဆိုတာက ရူးနေတဲ့ လူတွေပဲ လုပ်တဲ့ အလုပ်ပဲ " စကားအရှည်ကြီးကို မရပ်မနား ပြောပြီးတဲ့ နောက်မှာတော့ ရန်ချင်းဟူဟာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ထုတ်လိုက်ပြီး မိုးကြိုးသားရဲကို စေ့စေ့ကြည့်လိုက်ပါတယ် ။ မိုးကြိုးသားရဲကတော့ ရန်ချင်းဟူရဲ့ တာအိုကို ရှာဖွေခြင်း ဓားမော့ဆန္ဒကို တွေ့လိုက်ပြီးကတည်းက အကြောက်တရားကို စတင် ခံစားနေရပါပြီ ။ အဲသည်အတွက် သူက ရန်ချင်းဟူကို မျက်လုံးချင်းဆိုင်ပြီး ပြန်မကြည့်ရဲပါဘူး ။တစ်ချိန်တည်းမှာပဲ သူက ရန်ချင်းဟူ ပြောတာဟာ အဓိပါ္ပယ် ရှိတယ်လို့ ခံစားလာရပါတယ် ။ သူက လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ ။ သည်ကုန်းမြေတိုက်မှာက သူ့ရဲ့ တိုးတက်မှုဟာ နှေးကွေးလွန်းလှပါတယ် ။ သူ့အနေနဲ့ သည်အတိုင်း ဆက်ပြီး နေနေလို့ မဖြစ်တော့ပါဘူး ။ " မိုးကြိုးသားရဲ သခင်ကြီး …… ကျွန်တော်တို့ကို မစွန့်ခွာသွားပါနဲ့ " တုံးမူထျန်ကတော့ ငိုသံပါကြီးနဲ့ မိုးကြိုးသားရဲကို အသနား ခံနေပါတယ် ။ မိုးကြိုးသားရဲက တုံးမူထျန်ကို စိုက်ကြည့်လိုက်ပြီး " မင်းနဲ့ငါက ဘာတော်လို့လဲ ။ မင်းက ငါ့ကို အမိန့် ပေးချင်နေတာလား " " တောင်းပန်ပါတယ် …… မိုးကြိုးသားရဲ သခင်ကြီး ။ တုံးမူထျန်က သခင်ကြီးကို အမိန့်မပေးဝံ့ပါဘူး " မိုးကြိုးသားရဲရဲ့ စိုက်ကြည့်တာကို ခံလိုက်ရအပြီးမှာတော့ တုံးမူထျန်ဟာ ပါးစပ် ပိတ်သွားခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ မိုးကြိုးသားရဲက ရန်ချင်းဟူဘက်ကို လှည့်လိုက်ပြီး မေးလိုက်ပါတယ် ။ " ဟုတ်ပြီ ။ ငါမင်းနဲ့ လိုက်ခဲ့မယ် ။ ဒါပေမဲ့ ငါက မင်းရဲ့ စီးတော်သားရဲတော့ အဖြစ်မခံနိုင်ဘူး ။ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မိတ်ဆွေတွေပဲ ဖြစ်ရမယ် ။ ဘယ်လိုလဲ " မိုးကြိုးသားရဲရဲ့ အမြင်မှာတော့ ရန်ချင်းဟူက သူ့ရဲ့ မိတ်ဆွေ ဖြစ်ထိုက်သူပါပဲ ။တကယ်လို့ ရန်ချင်းဟူ နေရာမှာသာ တခြားလူ တစ်ယောက်သာ ဆိုရင်တော့ အဲသည်လူက လူသား ဧကရာဇ် ဖြစ်နေလည်း သူက မိတ်ဆွေအဖြစ် လက်ခံမှာ မဟုတ်ပါဘူး ။ သူက တစ်နေ့ အစွမ်းထက်လာတဲ့ အချိန်မှာ အဲသည် လူသားဧကရာဇ်ကို အရှင်လတ်လတ် ပြန်ပြီး စားပစ်လိုက်မှာ ဖြစ်ပါတယ် ။ " ရတယ် ။ ကျွန်မ လက်ခံတယ် " နောက်ဆုံးမှာတော့ ရန်ချင်းဟူဟာ ပြုံးနိုင်သွားခဲ့ပါပြီ ။ သူမက အစကတည်းက မိုးကြိုးသားရဲကို စီးတော်သားရဲ အဖြစ် သိမ်းသွင်းဖို့ လုံးဝ စိတ်ကူး မရှိပါဘူး ။ အထွတ်အမြတ် သားရဲ တစ်ကောင်ကို စီးတော် သားရဲအဖြစ် သိမ်းသွင်းဖို့ ဆိုတာက မဟာ ဧကရာဇ် တစ်ပါးတောင် မလုပ်နိုင်တဲ့ အရာပါပဲ ။ " ဒါဆိုရင် ငါ့ကို မျက်နှာသာ ပေးတဲ့ အနေနဲ့ သူတို့ကို မသတ်ပါနဲ့လား " မိုးကြိုးသားရဲက ဆက်ပြောလာပြန်ပါတယ် ။ သူက မိုးကြိုးတိမ်ဂိုဏ်းရဲ့ ကျွေးမွေးပြုစုမှုအောက်မှာ ကြီးပျင်းလာရတဲ့အတွက် မိုးကြိုးတိမ်ဂိုဏ်း တိမ်ကောပပျောက်သွားတာကိုတော့ လုံးဝ မမြင်လိုပါဘူး ။ လီဖူချန်းက " ဒါတော့ စိတ်မပူနဲ့ ။ ကျုပ်တို့က မိုးကြိုးတိမ်ဂိုဏ်းကို ဖျက်ဆီးဖို့ စိတ်ကူး မရှိဘူး ။ ကျုပ်တို့က မိုးကြိုးတိမ်ဂိုဏ်းရဲ့ ရတနာခန်းမထဲကို တစ်ချက်လောက် ဝင်ကြည့်ချင်ရုံပဲ ရှိတာ " " တုံးမူထျန် …… ဘာလုပ်နေတာလဲ ။ ငါတို့ကို ရတနာ ခန်းမဆီ မြန်မြန်ခေါ်သွားစမ်း " လီဖူချန်းရဲ့ စကားကို နားထောင်အပြီးမှာတော့ မိုးကြိုးသားရဲက တုံးမူထျန်ကို လှမ်းငေါက်လိုက်ပါတယ် ။ " ဟုတ်……ဟုတ်ကဲ့ " တုံးမူထျန်ရဲ့ နှလုံးသားထဲမှာတော့ သွေးတွေ ယိုစီးကျနေပါပြီ ။ ဒါပေမဲ့ သူက မိုးကြိုးသားရဲ ၊ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကို ဘယ်လိုမှ မဆန့်ကျင်ရဲပါဘူး ။ အဲသည်အတွက် သူက လီဖူချန်းတို့ကို ရိုကျိုးစွာနဲ့ ရတနာ ခန်းမဆီ ခေါ်ဆောင်သွားပါတော့တယ် ။ တုံးမူလေ့ကတော့ ရန်ချင်းဟူ သူ့ကို ပြသနာ ရှာမှာ စိုးတဲ့အတွက် လူကြားထဲကနေကို ထွက်မလာတော့ပါဘူး ။ ရတနာခန်းမ…… မိုးကြိုးတိမ်ဂိုဏ်းရဲ့ ရတနာခန်းမကိုတော့ အဆင့်မြင့် အဆင့်၇ ဖုံးကွယ် ဝင်္ကပါ အစီအရင်ကို အသုံးပြုပြီး ဖျောက်ထားတာ ဖြစ်ပါတယ် ။ တကယ်လို့ တုံးမူထျန်သာ လမ်းပြ ခေါ်မသွားလို့ကတော့ လီဖူချန်းဟာ မိုးကြိုးတိမ်ဂိုဏ်းရဲ့ ရတနာ ခန်းမကို ရှာဖို့အတွက် အချိန်နည်းနည်းပါးပါး ပေးရမှာ အသေအချာပါပဲ ။ " ဝိုး…… ဒါက မင်းတို့ရဲ့ ရတနာခန်းမလား " မိုးကြိုးတိမ်ဂိုဏ်းရဲ့ ရတနာ ခန်းမကို မြင်လိုက်ရတဲ့ အခါမှာတော့ လီဖူချန်းဟာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ မိုးကြိုးတိမ်ဂိုဏ်းရဲ့ ရတနာ ခန်းမက အနည်းဆုံး သုံးမိုင်အထိ ရှိပြီး အခန်းတွေကလည်း ရာနဲ့ချီ ရှိနေလို့ပါပဲ ။ ရတနာ ခန်းမထဲမှာ ဆိုရင်လည်း ကောင်းကင် အဆင့်မြင့် ဆေးပင်တွေ တစ်ရာနီးပါး နဲ့ ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင်တွေ ပုံနေပါသေးတယ် ။ " ဝိညာဉ်ပြန် ဆေးပင် " ဆေးပင်တစ်ပင်ကို တွေ့တဲ့အခါမှာတော့ ရန်ချင်းဟူရဲ့ မျက်လုံးတွေဟာ အရောင် တောက်သွားခဲ့ပါပြီ ။ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်ဆေးပင်က သူမအတွက် အင်မတန် အသုံး ဝင်နေလို့ပါပဲ ။ ဝိညာဉ်ပြန်ဆေးပင် …… သည်ဆေးပင်ကတော့ ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင် ဖြစ်ပြီး အဲဒါက အစစ်အမှန် စိတ်ဝိညာဉ်ကို သိပ်သည်းကြံ့ခိုင်စေရုံမက လိပ်ပြာ အသိစိတ် အာရုံကိုလည်း ပိုအားကောင်းစေပါတယ် ။ သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်မှာဆိုရင် ဝိညာဉ်ပြန် ဆေးပင် တစ်ပင်ဟာ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းအောက် မလျော့ပါဘူး ။ " စိတ်ဝိညာဉ်ဆေးပင်တွေပါလား " လီဖူချန်းကလည်း အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် သုံးပင်ကို ရှာတွေ့သွားခဲ့ပါပြီ။ တန်ဖိုးအရ ဆိုရင်တော့ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် သုံးပင်က ဝိညာဉ်ပြန်ဆေးပင် တစ်ပင်နဲ့ အတူတူလောက်ပါပဲ ။ သူတို့ လိုချင်တဲ့ ပစ္စည်းတွေကို ရယူလို့ အားရပြီး နောက်ဆုံးမှာမှ လီဖူချန်းတို့ နှစ်ယောက်ဟာ ရတနာ ခန်းမကနေ ပြန်ထွက်လာခဲ့ကြပါတယ် ။
***