ရွှေနဂါး ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ
Vol. 50 Ch. 678
တန်ခိုးစွမ်းအားလက် ဆိုတာက ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာနဲ့ ညီမျှပါတယ် ။ ဖျက်ဆီးနိုင်စွမ်း အရ ဆိုရင်တော့ ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာ တစ်ခုဟာ ကောင်းကင် အဆင့်မြင့် ချီအတွင်းအား သိုင်းပညာ တစ်ခုအောက် လုံးဝ မနိမ့်ကျပါဘူး ။ ဟုတ်ပါတယ် ။ ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာ တစ်ခုနဲ့ ကောင်းကင် အဆင့်မြင့် ချီအတွင်းအား သိုင်းပညာ တစ်ခုကို နှိုင်းယှဉ်တယ် ဆိုတာက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး ။ ကောင်းကင် အဆင့်မြင့် ချီအတွင်းအား သိုင်းပညာ တစ်ခုမှာက ဥပဒေသ နဲ့ သိုင်းဆန္ဒ ပါဝင်ပါတယ် ။ အဲဒါက ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာ အနေနဲ့ ဘယ်လိုမှ မယှဉ်နိုင်တဲ့ အရာပါပဲ ။ တကယ်လို့သာ ဥပဒေသနဲ့ သိုင်းဆန္ဒက လုံလောက်နေမယ် ဆိုရင် သူတို့က အသုံးပြုသူနဲ့ ရန်သူကြားက ကွာခြားမှုတွေကို လျစ်လျူ ရှုထားပေးနိုင်ပါတယ် ။ အဲဒါတွေကို အသာထားပါလေ ။ အခုတော့ တန်ခိုးစွမ်းအားလက် အကြောင်းကိုပဲ ဆက်ကြတာပေါ့ ။ တန်ခိုးစွမ်းအားလက်ရဲ့ ဖျက်ဆီးနိုင်စွမ်းက အဆင့်၈ အနိမ့်စား အကာအကွယ် ဝင်္ကပါ အစီအရင် တစ်ခု တောင့်ခံနိုင်တာထက် အများကြီး သာလွန်ပါတယ် ။ သည်အကာအကွယ် ဝင်္ကပါ အစီအရင်က လက်ဝါးရိုက်ချက် တစ်ချက်စာကို မရှိပါဘူး။ " ဘယ်……ဘယ်လို ဖြစ်ရတာလဲ " ကောင်းကင်မြွေ ဘုရားကျောင်း သခင်ကတော့ သွေးအန်တော့မလိုကို ဖြစ်နေပါပြီ ။ သူတို့ ကောင်းကင်မြွေ ဘုရားကျောင်းရဲ့ ထျန်းရှယ် ဝင်္ကပါ အစီအရင် ဆိုတာက လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ အရည်အသွေး အကောင်းဆုံးပါပဲ ။ တကယ်လို့ သည်နေ့ ၊ သည်နေရာကို လမ်းစဉ်လေးသွယ် အင်ပိုင်ယာက လူတစ်ရာ ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာ ရောက်လာရင်တောင်မှ သူတို့ရဲ့ ထျန်းရှယ် ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးနိုင်စရာ အကြောင်း မရှိပါဘူး ။ ဒါပေမဲ့လည်း အခုတော့ တစ်ဖက်ရန်သူ လူငယ်က ထျန်းရှယ် ဝင်္ကပါ အစီအရင်ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ ဖျက်ဆီးသွားခဲ့ပါပြီ ။ " နေပါဦး ။ သူက ထျန်းရှယ် ဝင်္ကပါ အစီအရင်ရဲ့ ဟာကွက်ကို တွေ့သွားတာများလား " ကောင်းကင်မြွေ ဘုရားကျောင်း သခင်က စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။ ဒါပေမဲ့လည်း အဲဒါက သိပ်ပြီး မဖြစ်နိုင်ပါဘူး ။ ထျန်းရှယ် ဝင်္ကပါ အစီအရင်ရဲ့ ဟာကွက် ဆိုတာက ကောင်းကင်မြွေ ဘုရားကျောင်းရဲ့ ခေတ်အဆက်ဆက်က သခင်တွေပဲ သိတဲ့ အရာပါ ။ " ဒါ……ဒါက " မိုးကြိုးသားရဲကတော့ လီဖူချန်းကို မျက်လုံး အပြူ းသားနဲ့ ကြောင်ကြည့်နေပြီး ဘာပြောလို့ ပြောရမယ် မသိတော့ပါဘူး ။ အစောပိုင်းတုန်းက သူအထင်သေးခဲ့တဲ့ လူသားက တကယ့်တကယ်တမ်းမှာတော့ သူအထင်ကြီးရတဲ့ ရန်ချင်းဟူလိုပဲ အစွမ်း ထက်နေတာ မဟုတ်ပါလား ။ လီဖူချန်းရဲ့ လက်ဝါးရိုက်ချက်က သူ့ကို သွေးအိုင် တစ်ခု အဖြစ် ပြောင်းသွားအောင်ကို လုပ်နိုင်စွမ်း ရှိပါတယ် ။ " လခွီးပဲ …… သည်လို အစွမ်းထက်တဲ့ လူသား ဘုရင်က ဘယ်အချိန်ကတည်းနေ ပေါ်နေတာလဲ" မိုးကြိုးသားရဲက စိတ်ထဲကနေ ညည်းတွားလိုက်မိပါတယ် ။ သူသိသလောက် ဆိုရင်တော့ လူသားဘုရင်တွေ ဆိုတာက မိစ္ဆာသားရဲ ဘုရင်တွေကိုတောင် ယှဉ်နိုင်တာ မဟုတ်ပါဘူး ။ သူ့လို အထွတ်အမြတ် သားရဲဘုရင်ကို ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့ ။ ထျန်းရှယ် အကာအကွယ် ဝင်္ကပါ အစီအရင် ပျက်စီးသွားပြီးတဲ့ နောက်မှာတော့ ကောင်းကင်မြွေ ဘုရားကျောင်းဟာ အညံ့ မခံချင်လည်း ခံရတော့တာပါပဲ ။ ပြီးတော့ သူတို့ဟာ ရွေးချယ်စရာ မရှိဘဲ လီဖူချန်း နဲ့ ရန်ချင်းဟူတို့အတွက် သူတို့ရဲ့ ရတနာ ခန်းမကို ဖွင့်ပေးလိုက်ရပါတယ် ။ ဒါပေမဲ့လည်း လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ ရတနာ အရင်းအမြစ်တွေကို အလကား မယူခဲ့ပါဘူး ။ သူတို့က တန်ရာတန်ကြေးအဖြစ် ဓားဆန္ဒ တစ်ခု နဲ့ ဓားမော့ ဆန္ဒ တစ်ခုကို ကောင်းကင်မြွေ ဘုရားကျောင်းမှာ ချန်ထားပေးခဲ့ပါတယ် ။ တကယ်လို့ ကောင်းကင်မြွေ ဘုရားကျောင်းရဲ့ တပည့်တွေထဲမှာ ပင်ကို ပါရမီကောင်းတဲ့ လူတွေ ပါလာခဲ့ရင်တော့ သူတို့ဟာ အဲသည် ဓားဆန္ဒတွေကနေပြီး ကောင်းကင် အဆင့် ဓားသိုင်း နဲ့ ဓားမော့သိုင်းကို သင်ယူနိုင်မှာပါပဲ ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ ချန်ထားခဲ့တဲ့ ဓားဆန္ဒတွေဟာ သာမန် လုံးဝ မဟုတ်ပါဘူး ။ အဲဒါတွေက တိုက်ပွဲအတွင်းမှာ မတော်တဆ လျှံထွက်လာပြီး ကျန်နေခဲ့တဲ့ ဓားဆန္ဒတွေ မဟုတ်ဘဲ သူတို့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ် အစွမ်း တစ်ပိုင်းတစ်စနဲ့ ပေါင်းစပ်ထားတဲ့ ဓားဆန္ဒတွေ ဖြစ်ပါတယ် ။ အဲသည်အတွက် သူတို့ရဲ့ ဓားဆန္ဒတွေဟာ နားလည် သဘောပေါက်ရ ပိုလွယ်ပါတယ် ။ *** မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန် တစ်ပတ်ဟာ ကုန်လွန်သွားခဲ့ပြန်ပါပြီ ။ သည်အတောအတွင်းမှာတော့ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ဟာ လုံးဝ မအေးချမ်းတော့ပါဘူး ။ မိုးကြိုးတိမ်ဂိုဏ်း နဲ့ ကောင်းကင်မြွေ ဘုရားကျောင်းရဲ့ ဖြစ်ရပ်တွေ ဖြစ်အပြီးမှာပဲ နောက်ထပ် ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်း နှစ်ခုဟာလည်း လီဖူချန်း နဲ့ ရန်ချင်းဟူတို့ရဲ့ " အေးဓားပြ "တိုက်ခြင်းကို ခံရပြန်ပါတယ် ။ အခုဆိုရင် သူတို့နှစ်ယောက်ရဲ့ လုပ်ရပ်တွေကြောင့် လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ဟာ ကသောင်းကနင်းတွေ ဖြစ်ကုန်ပြီလို့ ဆိုရပါမယ် ။ လူတွေအားလုံးကလည်း အင်မတန် အစွမ်းထက်တဲ့ စုံတွဲ တစ်တွဲဟာ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ကို ရောက်လာပြီး ဂိုဏ်းအဖွဲ့အစည်းတွေ စုဆောင်းထားတဲ့ ရတနာ ခန်းမတွေထဲကို ဝင်ကာ အဖိုးတန် အရင်းအမြစ်တွေ ယူဆောင်သွားလေ့ ရှိတာကိုလည်း သိသွားခဲ့ကြပါပြီ ။ လီဖူချန်းတို့ရဲ့ " အေးဓားပြ "တိုက်ခြင်းကို ခံလိုက်ကြရတဲ့ ဂိုဏ်းအဖွဲ့အစည်းတွေကတော့ သူတို့လိုပဲ တခြား အဖွဲ့အစည်းတွေလည်း " အေးဓားပြ " အတိုက်ခံရပါစေလို့ ဆုတောင်းနေကြပါတယ် ။ ……… အဲသည်အချိန်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ မိုးကြိုးတိမ်ဂိုဏ်းကို ပြန်ရောက်နေကြပါပြီ ။ တုံးမူထျန်ကတော့ သူ့ရဲ့ဂိုဏ်းကို လီဖူချန်းတို့ နှစ်ယောက်က သူတို့ရဲ့အိမ်လို သဘောထားပြီး ပြုမူနေတာကို မသိသလိုပဲ ဟန်ဆောင်နေပါတယ် ။ " ဟား……ဟား…… လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာက စိတ်ဝိညာဉ် ဆေးပင်တွေ တကယ် ပေါတာပဲ " လီဖူချန်းက ကောင်းကင်မြွေ ဘုရားကျောင်းနဲ့ တခြား ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်း နှစ်ခုကနေပြီး အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် ဆယ့်တစ်ပင် ရရှိခဲ့ပါတယ် ။သည်အရေအတွက်က တကယ်ကို ကျေနပ်စရာပါပဲ ။ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်မှာဆိုရင် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် မပြောနဲ့ ။ သာမန် စိတ်ဝိညာဉ် ဆေးပင်တောင် မပေါက်ပါဘူး ။ "ကြည့်ရတာလမ်းစဉ် လေးသွယ် ကုန်းမြေတိုက် နဲ့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ရဲ့ ပထဝီ အနေအထားဟာ ဆင်နေတာပဲ ဖြစ်ရမယ် " လီဖူချန်းကတော့ သည်လိုပဲ နားလည်ထားလိုက်ပါတယ် ။ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် ဆယ့်တစ်ပင် ဆိုတာက လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို နောက်ထပ် အဆင့်တစ်ဆင့် တက်စေဖို့အတွက် ကောင်းကောင်းကြီး လုံလောက်ခဲ့ပါတယ် ။ အဲသည်အတွက် အခုဆိုရင် လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ အနီဖျော့ဖျော့ဘက်ကို ၁၄ ရာခိုင်နှုန်းတောင် သန်းနေခဲ့ပါပြီ ။ လီဖူချန်းက စိတ်နယ်ပယ်ထဲကို ဝင်ကြည့်လိုက်တဲ့ အခါမှာ ဆိုရင်လည်း သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ထာဝရ အသက်ဓာတ်နဲ့ သက်ဆိုင်တဲ့ ချီအရှိန်အဝါ တစ်ခုကို ထုတ်လွှတ်ပေးနေတာကို မြင်တွေ့လိုက်ရပါတယ် ။ သည်အတိုင်း ဆိုရင်တော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ အနီဖျော့ဖျော့ဘက်ကို အပြည့်အဝ ပြောင်းလဲသွားမယ် ဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်ဟာ အမတ အဖြစ်ကိုတောင် ပြောင်းလဲသွားတော့မယ့် ပုံပါပဲ ။ အဲသည်အချိန် ကျရင်တော့ သူ့ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားမယ် ဆိုရင်တောင်မှ သူဟာ ဆက်ပြီး တည်ရှိနေဦးမှာ ဖြစ်ပါတယ် ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ သူတော်စင် တစ်ပါးရဲ့ စိတ်ဝိညာဉ်ကတောင်မှ အမတ ဘဝကို မရနိုင်ပါဘူး ။ အချိန်ကျလာပြီ ဆိုတာနဲ့ အဲဒါက ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ် ။ ဒါက စကြဝဠာရဲ့ ဥပဒေသပါပဲ ။ …… သည်လိုနဲ့ တစ်နေ့မှာတော့ လူနှစ်ယောက်နဲ့ သားရဲ တစ်ကောင်ဟာ လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ အပြင်ကို ရောက်လာခဲ့ပါတယ် ။ သူတို့ကတော့ လီဖူချန်း ၊ ရန်ချင်းဟူနဲ့ မိုးကြိုးသားရဲကလွဲပြီး တခြား မရှိပါဘူး ။ အဲသည်သတင်းကို ကြားလိုက်ရတဲ့ အခါမှာတော့ လမ်းစဉ်လေးသွယ် ဧကရာဇ်ဟာ စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ပါတယ် ။ " သူတို့က နောက်ဆုံးတော့ ရောက်လာပြီပေါ့ " လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ကို အုပ်စိုးတဲ့ လမ်းစဉ်လေးသွယ် ဧကရာဇ်ဟာ ကုန်းမြေတိုက်ထဲမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို မသိဘဲ မနေပါဘူး ။ သူက တစ်နေ့မှာ နာမည်ကြီးနေတဲ့ လူငယ်စုံတွဲဟာ သူ့ဆီကိုလည်း ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပြီးသားပါပဲ ။ ဒါပေမဲ့ သူက သည်လူငယ်စုံတွဲကို အလွယ်တကူ အညံ့ခံပြီး သူတို့လိုချင်တာကို ပေးလိုက်ဖို့ စိတ်ကူး မရှိပါဘူး ။ အင်ပိုင်ယာ တစ်ခုရဲ့ ဧကရာဇ်က ရန်သူတွေကို ကြောက်ရွံ့ပြီး အလွယ်တကူ အရှုံးပေးလိုက်တယ် ဆိုတာကို ရှက်စရာ ကောင်းလွန်းလှပါတယ် ။ လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ အပြင်ဘက်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ မိုးကြိုးသားရဲ ခေါင်းပေါ်မှာ သက်တောင့်သက်သာ ရပ်နေကြပါတယ် ။ မိုးကြိုးသားရဲကတော့ သူ့ရဲ့ နဂိုမူလ အသွင်ကို ပြန်ပြောင်းထားခဲ့ ပြီးပါပြီ ။ သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်က နေကိုတောင် ကွယ်ထားပြီး လမ်းစဉ်လေးသွယ် အင်ပိုင်ယာကို အရိပ်မည်းကြီးတစ်ခု ထိုးကျနေစေတဲ့အတွက် အင်ပိုင်ယာထဲက လူတွေဟာ ဆောက်တည်ရာ မရ ဖြစ်နေကြပါတယ် ။ အင်ပိုင်ယာရဲ့ တော်ဝင် နန်းတော်ထဲမှာ ရှိနေကြတဲ့ မင်းသားတွေ ၊ မင်းသမီးတွေ ၊ နယ်စားတွေနဲ့ တော်ဝင် မိသားစုတွေဟာလည်း ထိတ်လန့်တကြား ဖြစ်နေကြတာပါပဲ ။ အရင်တုန်းကဆိုရင် သူတို့က အာဏာဆိုတာ အရာအားလုံး ဖြစ်ပြီး အာဏာနဲ့ဆိုရင် သူတို့က အောင်မြင်မှု၊ကျော်ကြားမှု၊ချမ်းသာကြွယ်ဝမှုတို့ကို ရရှိပြီး အပူအပင် ကင်းမဲ့တဲ့ ဘဝကို ပိုင်ဆိုင်ရလိမ့်မယ်လို့ ထင်ထားခဲ့ကြတာပါ ။ ဒါပေမဲ့လည်း သည်နေ့မှာတော့ သူတို့က အာဏာဟာ အကြွင်းမဲ့ စွမ်းအားရဲ့ ရှေ့မှောက်မှာ ဒူးထောက်ရတယ် ဆိုတာကို သိရှိသွားခဲ့ကြပါပြီ ။ သူတို့သိထားတဲ့ အာဏာ ဆိုတာက ရေပူဖောင်းလေး တစ်ခုလိုပါပဲ ။ လေလေး နည်းနည်းလောက် တိုက်ခတ်လာပြီ ဆိုတာနဲ့ အဲဒါက ပေါက်ကွဲပြီး ပျောက်ကွယ် သွားနိုင်ပါတယ် ။ " ခမည်းတော် ……ဧကရာဇ် ၊ ခမည်းတော် နိုင်မှ ဖြစ်မယ် " " ဧကရာဇ်က ဘယ်တော့မှ မရှုံးဘူး ။ ပြီးတော့ ငါတို့မှာ ရွှေနဂါး ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာ ကျန်နေသေးတယ် " အာဏာကို မက်မောတဲ့ လူတွေ အကုန်လုံးကတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို လမ်းစဉ်လေးသွယ် ဧကရာဇ် အပေါ်မှာ စုပုံ ထားခဲ့ပါပြီ ။ သူတို့က အာဏာ၊အောင်မြင်ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဘယ်လိုမှ မစွန့်ပစ်နိုင်ပါဘူး ။ အဲသည်အတွက် လမ်းစဉ်လေးသွယ် ဧကရာဇ်ဟာ သူတို့ရဲ့ တစ်ခုတည်းသော ကိုးကွယ်ရာ ဖြစ်လာပါတယ် ။ " သွားစမ်း " မိုးကြိုးသားရဲကတော့ ဘယ်တုန်းကမှ စိတ်ရှည်တဲ့သူ မဟုတ်ပါဘူး ။ သူက လမ်းစဉ်လေးသွယ် အင်ပိုင်ယာ အပြင်ဘက်ကို ရောက်ပြီး သိပ်မကြာခင်မှာပဲ အကာအကွယ် အစီအရင်ကို ဆုတ်ဖြဲလိုက်ပါတော့တယ် ။ မိုးကြိုးတိမ်ဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်လိုပါပဲ ။ လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကလည်း အကြို-အဆင့်၈ ဖြစ်ပါတယ် ။ အဲသည်အတွက် အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ မိုးကြိုးသားရဲရဲ့ လက်ချက်ကို ဘယ်လိုမှ မခံနိုင်ပါဘူး ။ မိုးကြိုးသားရဲက အဆင့်နိမ့် မိစ္ဆာသားရဲ ဧကရာဇ်တွေရဲ့ အစွမ်းကို ပိုင်ဆိုင်ထားပြီး သူက အဆင့်နိမ့် ဧကရာဇ်တွေထက်ကို အများကြီး အစွမ်းထက်ပါတယ် ။ သူ့ရဲ့ ဒေါသထွက်လာရင် မိတ်ဆွေ ၊ ရန်သူ မခွဲတတ်တဲ့ ညာဉ်ကြောင့်သာပေါ့ ။ မဟုတ်လို့ကတော့ မိုးကြိုးတိမ်ဂိုဏ်းဟာ သူ့ကို အသုံးပြု ပြီး လမ်းစဉ်လေးသွယ် ကုန်းမြေတိုက် တစ်ခုလုံးကို အုပ်စိုးပြီးနေလောက်ပါပြီ ။ " အရိုင်းအစိုင်း မိစ္ဆာသားရဲ …… မင်းရဲ့ ယုတ်ညံ့တဲ့ အပြုအမူကို အခုချက်ချင်း ရပ်စမ်း " လမ်းစဉ်လေးသွယ် ဧကရာဇ်က သူ့အင်ပိုင်ယာရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို မိုးကြိုးသားရဲ လုပ်ချင်တိုင်း လုပ်နေတာကို သည်အတိုင်း ထိုက်ကြည့်မနေနိုင်ပါဘူး ။ အဲသည်အတွက် သူက ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး ရွှေရောင်လှံ တစ်လက်နဲ့ မိုးကြိုးသားရဲကို ထိုးချလိုက်ပါတယ် ။ " လှံက သိပ်တော့ မဆိုးဘူး " လီဖူချန်းရဲ့ မျက်လုံးတွေက အဲသည် ရွှေရောင်လှံဟာ သာမန် မဟုတ်ဘဲ ကောင်းကင် အဆင့် လက်နက်တစ်ခု ဆိုတာကို ကောင်းကောင်းကြီး မြင်လိုက်ရပါတယ် ။ ကောင်းကင် အဆင့် လက်နက် ဆိုတာက တန်ခိုးစွမ်းအား ကြီးရုံတင် မကပါဘူး ။ အင်မတန်မှလည်း ချွန်ထက်ပါသေးတယ် ။ သည်လက်နက်က မိုးကြိုးသားရဲကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်နိုင်တဲ့ လက်နက် ဆိုတာကိုတော့ လုံးဝ ယုံမှား သံသယ ဝင်နေစရာ မလိုပါဘူး ။ ဒါပေမဲ့လည်း မိုးကြိုးသားရဲကို ထိဖို့တော့ လိုအပ်တာပေါ့ ။ " ဟမ့် …… ပုရွက်ဆိတ်လေး တစ်ကောင်က တောင်ကို ဖြိုဖို့ ကြိုးစားနေတာပဲ " ဘန်း…… မိုးကြိုးသားရဲက လမ်းစဉ်လေးသွယ် ဧကရာဇ်ကို မျက်လုံးထဲမှာကို မထည့်ပါဘူး ။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး လမ်းစဉ်လေးသွယ် ဧကရာဇ်ကို လွင့်ထွက်သွားအောင် ပုတ်ထုတ်ပစ်လိုက်ပါတယ် ။ " ရွှေနဂါး ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကို အမြန် ခင်းကြ " လမ်းစဉ်လေးသွယ် ဧကရာဇ်က သူဟာ မိုးကြိုးသားရဲရဲ့ ပြိုင်ဘက် မဟုတ်တာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် အော်ဟစ်ပြီး အမိန့် ပေးလိုက်ပါတော့တယ် ။ " ဟုတ် " အမိန့်သံ အဆုံးမှာတော့ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် ၃၃ပါး နဲ့ အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် ၆၆ပါးဟာ ကောင်းကင်ယံပေါ်ကို ခုန်တက်လာခဲ့ကြပါပြီ ။ သူတို့ရဲ့ ဦးတည်ရာကတော့ လမ်းစဉ်လေးသွယ် ဧကရာဇ်ဆီကိုပါပဲ ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့က လမ်းစဉ်လေးသွယ် ဧကရာဇ်ကို ဗဟိုထားပြီး ရွှေရောင် နဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပါတော့တယ် ။ သည်ရွှေရောင် နဂါးကြီးကတော့ မိုင်ပေါင်း သုံးရောကျာ်လောက် ရှိပြီး လက်သည်းတွေကလည်း ချွန်မြနေတာပါပဲ ။ ဂါး……ဂရား…… အဲသည်နောက်မှာတော့ ရွှေရောင် နဂါးကြီးက မိုးကြိုးသားရဲဆီကို တစ်ဟုန်ထိုး တိုးဝင်သွားပြီး အမြီးနဲ့ မိုင်ငါးရာလောက်အထိ ရောက်သွားအောင် ရိုက်ထုတ်ပစ်လိုက်ပါတယ် ။ ဘန်း…… " အမျိုးယုတ်တွေ ။ မင်းတို့က သေချင်နေကြတာပဲ " ရွှေရောင်နဂါးကြီးရဲ့ အမြီးရိုက်ချက်က အထွတ်အမြတ် သားရဲ တစ်ကောင် ဖြစ်တဲ့ မိုးကြိုးသားရဲကို ဒဏ်ရာ ရအောင် မတတ်စွမ်းနိုင်ပါဘူး ။ အဲဒါက မိုးကြိုးသားရဲရဲ့ ဒေါသကို ဆွပေးလိုက်သလိုတောင် ဖြစ်သွားပါသေးတယ် ။ မိုးကြိုးသားရဲဟာ သည်မတိုင်ခင်တုန်းကလည်း ကောင်းကင်မြွေ ဘုရားကျောင်းမှာ တစ်ခါ လွင့်ထွက်သွားပြီးပါပြီ ။ အခု သည်လမ်းစဉ်လေးသွယ် အင်ပိုင်ယာမှာလည်း သူက ရွှေနဂါး ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကြောင့် တစ်ခါ လွင့်ထွက်ပြန်ပါတယ် ။ သူက သည်လို စော်ကားမှုမျိုးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာတဲ့လဲ ။ " မိုးကြိုး ချပ်ဝတ်တန်ဆာ ……လာခဲ့စမ်း " ဂျိန်း……ဂျိန်း……ဂျိန်း…… မိုးကြိုးသားရဲရဲ့ အော်ဟစ်သံ အဆုံးမှာတော့ ကောင်းကင်ပေါ်ကနေ မိုးကြိုးတွေ သက်ဆင်းလာပြီး အဲဒါတွေက ချပ်ဝတ်တန်ဆာ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ် ။ ဒါကတော့ မိုးကြိုးသားရဲရဲ့ ဒုတိယမြောက် မွေးရာပါ စွမ်းရည်ဖြစ်တဲ့ မိုးကြိုး ချပ်ဝတ်တန်ဆာပါပဲ ။ တကယ်လို့ သက်ပျောက် မိုးကြိုးက အဝေးကနေ တိုက်ခိုက်တဲ့ နေရာမှာ သုံးတဲ့ စွမ်းရည်ဆိုရင် မိုးကြိုး ချပ်ဝတ်တန်ဆာက အနီးကပ် တိုက်ခိုက်တဲ့ နေရာမှာ အသုံးပြုတဲ့ စွမ်းရည်လို့ ဆိုရပါမယ် ။ အထူးသဖြင့် သည်စွမ်းရည်က မိုးကြိုးသားရဲ စိတ်ရိုင်း ဝင်လာတဲ့ အချိန်မှာ အသုံးပြုတဲ့ စွမ်းရည် ဆိုရင်လည်း မှားမယ် မထင်ပါဘူး ။ " သေဖို့သာ ပြင်ထားကြ " စကားဆုံးတဲ့ နောက်မှာတော့ မိုးကြိုးသားရဲဟာ ရွှေရောင် နဂါးကြီးဆီကို ဒေါသတကြီး ခုန်ဝင် သွားခဲ့ပါပြီ ။ ဘန်း……ဘန်း……ဘန်း…… ဝုန်း……ဝုန်း…… ဂျိန်း…… ရွှေရောင် နဂါးကြီး နဲ့ မိုးကြိုးသားရဲ ထိပ်တိုက် တွေ့ဆုံလိုက်တိုင်းမှာ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကတော့ ကမ္ဘာ ပျက်နေတဲ့ အလားပါပဲ ။ ရွှေရောင် နဂါးကြီးရဲ့ ခန္ဓာကိုယ်မှာ ဆိုရင်လည်း မိုးကြိုးတွေရဲ့ လက်ချက်ကြောင့် အပေါက် ၊အပြဲတွေ ဖြစ်နေခဲ့ပါပြီ ။ ဒါပေမဲ့လည်း ရွှေနဂါး ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာက အင်မတန် အစွမ်း ထက်လွန်းတဲ့အတွက် မိုးကြိုးတွေဟာ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကိုတော့ ဖျက်ဆီးနိုင်စွမ်း မရှိပါဘူး ။ " ဟင်း…… သည်ကောင်က သိပ်လည်း အားမကိုးရပါလား " မိုးကြိုးသားရဲရဲ့ ဦးခေါင်းပေါ်မှာ ရှိနေတဲ့ လီဖူချန်းကတော့ မိုးကြိုးသားရဲ နဲ့ ရွှေရောင်နဂါးရဲ့ တိုက်ပွဲကိုကြည့်ပြီး ခေါင်းတတွင်တွင် ခါယမ်းနေခဲ့ပါပြီ ။ မိုးကြိုးသားရဲက အစွမ်း ထက်တာ မှန်ပေမယ့်လည်း ရွှေနဂါး ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကိုတော့ အချိန်တို အတွင်းမှာ ဖျက်ဆီးနိုင်မယ့်ပုံ မပေါ်ပါဘူူး ။ " မိုးကြိုးသားရဲ …… နောက်ဆုတ် " စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက ညာဘက်လက်ကို ထုတ်ပြီး ရွှေရောင်နဂါးကြီးကို လေထဲကနေ ဖမ်းဆုပ်လိုက်ပါတယ် ။ ဟူး…… ခရက်…… ခရက်…… ဘန်း…… အဲသည်နောက်မှာတော့ လူတွေအားလုံးကို အံ့သြမှင်တက် ကြောက်ရွံ့ သွားစေတဲ့ အဖြစ်အပျက် တစ်ခုဟာ ပေါ်လာတော့တာပါပဲ ။ အဲသည်အဖြစ်အပျက်ကို ဖြစ်ပေါ်စေတာကတော့ လီဖူချန်းရဲ့ တန်ခိုးစွမ်းအားလက်ကလွဲပြီး တခြား မရှိပါဘူး ။ မိုင်ပေါင်း သုံးထောင်လောက် အထိ ရှိတဲ့ ဧရာမ လက်ကြီး တစ်ဖက်က ရွှေရောင်နဂါးကြီးကို ဖမ်းချုပ်ပြီး ညှစ်ချေလိုက်တဲ့ မြင်ကွင်းက အားလုံးကို သွေးပျက်သွားစေပါတယ် ။ အစောပိုင်းတုန်းက မိုးကြိုးသားရဲကို အပြန်အလှန် တိုက်နေတဲ့ ရွှေရောင် နဂါးကြီးဟာ ဧရာမ လက်ကြီးရဲ့အောက်မှာတော့ ရေမြွေလေး တစ်ကောင်လောက်ကို အဆိပ် မရှိပါဘူး ။ ဘန်း…… နောက်ဆုံးမှာတော့ ရွှေရောင် နဂါးကြီးဟာ ဧရာမ လက်ကြီးရဲ့ ညှစ်ချေမှုကြောင့် ပေါက်ကွဲထွက်သွားပြီး လမ်းစဉ်လေးသွယ် ဧကရာဇ် နဲ့ သူ့ရဲ့ လူတွေဟာလည်း ပြန်ပေါ်လာခဲ့ပါတယ် ။ ဒါပေမဲ့လည်း သူတို့ထဲက တစ်ယောက်ကမှ အခြေအနေ မကောင်းလှပါဘူး ။ သူတို့က ဧရာမ လက်ကြီးရဲ့ ဖိအားကြောင့် မသေရုံတမယ်ပါပဲ ။ " သူက မူလပင်လယ် နယ်ပယ် ဘုရင်ကော ဟုတ်သေးရဲ့လား " လမ်းစဉ်လေးသွယ် ဧကရာဇ်က မိုးကြိုးသားရဲရဲ့ ဦးခေါင်းပေါ်မှာ ရပ်နေတဲ့ လီဖူချန်းကို ကြည့်ပြီး မရေမရာ ဖြစ်လာခဲ့ပါတယ် ။ အစောပိုင်းတုန်းကတော့ သူက လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ မိုးကြိုးသားရဲ အားကိုးနဲ့ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ ဗိုလ်ကျနေတယ်လို့ ထင်နေခဲ့တာပါ ။ သူက လီဖူချန်းတို့ရဲ့ အစွမ်းဟာ အလွန်ဆုံးရှိမှ သူ့လောက်ပဲလို့ တွက်ဆ ခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူက အခုတော့ ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ ။ မိုးကြိုးသားရဲက အစွမ်းထက်တာ မှန်ပေမယ့် လီဖူချန်းနဲ့ ယှဉ်ရင်တော့ ကလေးကစားစရာ တစ်ခုသာသာပါပဲ ။ မဟုတ်သေးပါဘူး ။ မိုးကြိုးသားရဲက လီဖူချန်းနဲ့ နှိုင်းယှဉ်ဖို့ကို မထိုက်တန်ဘူးလို့ ပြောရင် ပိုပြီး မှန်ပါလိမ့်မယ် ။
***