လိပ်ပြာတောင်ကြား သခင်
Vol. 50 Ch. 680
လိပ်ပြာတောင်ကြား.…… လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ရဲ့ အလျှို့ဝှက်ဆန်းကြယ်ဆုံး နဲ့ ကြောက်စရာ အကောင်းဆုံးကို နေရာကို ပြပါ ဆိုရင်တော့ လိပ်ပြာတောင်ကြားကို ပြရမှာပါပဲ ။ အစတုန်းကတော့ လိပ်ပြာတောင်ကြားဟာ နာမည် မကြီးလှပါဘူး ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်လောက်က ကျင့်ကြံသူ တစ်ဦးဟာ လိပ်ပြာတောင်ကြားရဲ့ အပြင်ဘက်မှာ ပေါက်နေတဲ့ စိတ်ဝိညာဉ် ဆေးပင် တစ်ပင်ကို တွေ့ပြီး စားလိုက်မိပါတယ် ။ စိတ်ဝိညာဉ်ဆေးပင်ကို စားပြီးတဲ့ နောက်မှာတော့ အဲသည် ကျင့်ကြံသူရဲ့ ထိုးထွင်းသိမြင်မှုဟာ တစ်ဟုန်ထိုး တိုးတက်လာပြီး ကျင့်စဉ် အဆင့်တွေကို ခုန်ကျော် ကျင့်ကြံနိုင်သွားတော့တာပါပဲ ။ အဲသည်ကနေစပြီး စိတ်ဝိညာဉ် ဆေးပင်ဟာ လမ်းစဉ်လေးသွယ်မှာ ရုတ်တရက် ကျော်ကြားလာပြီး လူတိုင်းဟာလည်း စိတ်ဝိညာဉ် ဆေးပင်ကို ရှာဖွေဖို့ အာရုံ စိုက်လာကြပါတယ် ။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ လူတိုင်းဟာ စိတ်ဝိညာဉ် ဆေးပင်ရဲ့ ဘေးထွက် ဆိုးကျိုးကို သတိ ပြုမိသွားကြပါတယ် ။ သည်ဆေးပင်က အကြိမ်ရေ အတော် စားပြီးရင် မစားရ မနေနိုင်တဲ့အထိ စွဲလန်းမှု ဖြစ်စေတယ် ဆိုတာကိုပေါ့ ။ အဲသည်ဆေး ယဉ်းထပြီဆိုရင် အရှင်လတ်လတ် သေချင်စိတ် ပေါက်လာတယ် ဆိုတဲ့ အကြောင်းကိုလည်း သူတို့တွေက သိရှိ သွားခဲ့ကြပါတယ် ။ နောက်ပိုင်း တောင်ကြား အပြင်မှာ စိတ်ဝိညာဉ် ဆေးပင်တွေ ကုန်သွားတဲ့ အချိန်မှာ ဆိုရင်လည်း ဆေးစွဲနေကြတဲ့ လူတွေဟာ တောင်ကြားထဲကို ဝင်ဖို့ မတွန့်ဆုတ်ကြတော့ပါဘူး ။ အဲသည်နောက်မှာတော့ လိပ်ပြာတောင်ကြားထဲကို ဝင်သွားတဲ့ လူဆယ်ယောက်မှာ တစ်ယောက်သာ ပြန်ထွက်လာတယ် ဆိုတဲ့ ရလဒ်ဟာ ထွက်ပေါ်လာတော့တာပါပဲ။ ကျန်တဲ့ လူကိုးယောက်ကတော့ ဘယ်ကို ရောက်သွားလို့ ရောက်မှန်း မသိတဲ့အထိ အစအန ပျောက်သွားပါတော့တယ် ။ အဲသည် မတော်တဆ ဖြစ်ရပ်တွေက အရေအတွက် စိပ်လာတဲ့ အခါမှာတော့ လူကြီးသူမတွေက သူတို့ရဲ့ မျိုးဆက်တွေကို စိတ်ဝိညာဉ် ဆေးပင်တွေကို စားခွင့် မပြုတော့ပါဘူး ။ပြီးတော့ လိပ်ပြာတောင်ကြားထဲ ဝင်ခွင့်ကိုလည်း ပိတ်ပင်လိုက်ကြပါတယ် ။ ဒါပေမဲ့လည်း နှစ်စဉ်၊နှစ်တိုင်းမှာတော့ အကြောင်း အမျိုးမျိုး ပြပြီး လိပ်ပြာတောင်ကြားထဲကို ဝင်ကာ စိတ်ဝိညာဉ် ဆေးပင် ရှာဖွေတဲ့ လူတွေကတော့ ရှိနေဆဲပါပဲ ။ ကြည့်ရတာတော့ တန်ခိုး စွမ်းအား နိမ့်ကျခြင်းက သူတု့ိအတွက် သေတာထက် ပိုပြီး ဆိုးဝါးပုံ ရပါတယ် ။ ……… သည်လိုနဲ့ပဲ တစ်နေ့မှာတော့ လူငယ် တစ်ယောက်ဟာ လိပ်ပြာတောင်ကြားရဲ့ အဝင်ဝကို ရောက်ရှိလာခဲ့ပါပြီ ။ အဲသည်လူငယ်ကတော့ လီဖူချန်းကလွဲပြီး တခြားလူ မရှိပါဘူး ။ ရန်ချင်းဟူ နဲ့ မိုးကြိုးသားရဲတို့က သူနဲ့အတူ လိပ်ပြာ တောင်ကြားကို လိုက်ဖို့ စိတ်ဝင်စားကြပေမယ့်လည်း လီဖူချန်းက သူတို့ကို တမင် ချန်ထားခဲ့တာ ဖြစ်ပါတယ် ။ သူ့ရဲ့ အမြင်မှာတော့ လိပ်ပြာ တောင်ကြားဟာ အန္တရာယ် များလွန်းလှပါတယ် ။ ပြီးတော့ လိပ်ပြာတောင်ကြားဟာ စိတ်ဝိညာဉ် ၊ အစစ်အမှန် စိတ်ဝိညာဉ်တို့နဲ့ ပတ်သက်နေတာ ဖြစ်ရပါမယ် ။ ရန်ချင်းဟူ နဲ့ မိုးကြိုးသားရဲတို့ဟာ အစွမ်းထက်တာ မှန်ပေမယ့် သည်အပိုင်းမှာတော့ သူ့ကို လုံးဝ မမီပါဘူး ။ အဲသည်အတွက် လိပ်ပြာတောင်ကြားဟာ သူ့ထက်ပိုပြီး ရန်ချင်းဟူတို့ နှစ်ယောက်အတွက် အန္တရာယ် ပိုများမှာ အသေအချာပါပဲ ။ ဒါကြောင့်လည်း လီဖူချန်းက ရန်ချင်းဟူ နဲ့ မိုးကြိုးသားရဲတို့ကို သူနဲ့ မလိုက်စေဘဲ ချန်ထားခဲ့တာ ဖြစ်ပါတယ် ။ …… လိပ်ပြာတောင်ကြားက တစ်နှစ်ပတ်လုံး မြူ နှင်းတွေ ဖုံးအုပ်နေလေ့ ရှိတဲ့ နေရာ တစ်ခုပါပဲ ။ သည်နေရာမှာက လိပ်ပြာ အသိစိတ် အာရုံကလည်း အလုပ် မလုပ်ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ကံကောင်းတယ်လို့ပဲ ဆိုရပါမယ် ။ သူ့မှာက လိပ်ပြာ အသိစိတ်အာရုံ အပြင် စိတ်ဝိညာဉ်အားလည်း ရှိပါသေးတယ် ။ သူ့ရဲ့ စိတ်ဝိညာဉ်အားက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာတောင်မှ မီတာ အနည်းငယ် အထိ ဖြန့်ကြက်နိုင်စွမ်း ရှိနေခဲ့တာပါ ။ အဲသည်အတွက် လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ ဆိုရင် သူက စိတ်ဝိညာဉ်အားကို မီတာ ရာပိုင်းအထိ ဖြန့်ကြက်နိုင်ပါတယ် ။ သူ့ရဲ့ လက်ရှိ တုံ့ပြန်နိုင်စွမ်းနဲ့ ဆိုရင်တော့ မီတာ ရာပိုင်း ဆိုတာက သူ့အတွက် လုံလောက်တဲ့ အကွာအဝေး တစ်ခုပါပဲ ။ " ကဲ…… ဝင်ကြည့်ဦးမှ " အဲသည်နောက်မှာတော့ လီဖူချန်းဟာ တုံ့ဆိုင်းမှု မရှိဘဲ လိပ်ပြာ တောင်ကြားထဲကို ဝင်သွားခဲ့ပါပြီ ။ ကျွိ……ကျွိ……ကျွိ……ကျွိ…… လိပ်ပြာတောင်ကြားထဲကို ဝင်ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်း စကြားလိုက်ရတာကတော့ မရေမတွက်နိုင်တဲ့ ကြွက်တွေရဲ့ အော်သံပါပဲ ။ ကြည့်ရတာတော့ သူတို့တွေက တောင်ကြားရဲ့ အတွင်းပိုင်းထဲမှာ ကျင်လည် ကျက်စားနေကြပုံ ရပါတယ် ။ ကြွက်တစ်ကောင်တည်းရဲ့ အော်သံကတောင်မှ နားကြားပျင်း ကပ်လှပါတယ် ဆိုမှ အခုလို မရေမတွက်နိုင်တဲ့ ကြွက်တွေရဲ့ အော်သံဆိုရင် ဘယ်လောက်အထိ နေရခက်မလဲ စဉ်းစားသာ ကြည့်ပါတော့ ။ သည်နေရာမှာတော့ လီဖူချန်းဟာလည်း ခြွင်းချက် မရှိပါဘူး ။ အဲသည်အတွက် သူက စိတ်နှလုံးသန့်စင် မန္တာန်ကို ရွတ်ဖတ်ပြီး ရှေ့ကို ဆက်လျှောက်ရပါတယ် ။ " တွေ့ပြီ " ၁၅မိနစ်လောက် လမ်းလျှောက်အပြီးမှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေဟာ အရောင် တောက်သွားခဲ့ပါပြီ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ စိတ်ဝိညာဉ်အားက မြူ နှင်းတွေထဲမှာ ရှိနေတဲ့ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်ကို သေသေချာချာ အာရုံ ခံလိုက်မိလို့ပါပဲ ။ အဲသည်နောက်မှာတော့ သူက ခြေလှမ်းတွေကို အရှိန် မြင့်လိုက်ပြီး စိတ်ဝိညာဉ် ဆေးပင် အနားကို သွားကာ ဆေးပင်ကို အလျင်အမြန် နုတ်ယူလိုက်ပါတယ် ။ " သည်ကုန်းမြေတိုက်မှာ ဘယ်လို အခြေအနေတွေ ဖြစ်နေလို့ စိတ်ဝိညာဉ် ဆေးပင်တွေ ပေါက်နေရတာလဲ " လီဖူချန်းက စိတ်ဝိညာဉ် ဆေးပင်တွေဟာ ဘာဖြစ်လို့ ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက်မှာ မပေါက်ဘဲ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ ပေါက်နေရသလဲ ဆိုတာကို လုံးဝ နားမလည်နိုင်ပါဘူး ။ အဲဒါက သူ့အတွက် ပဟေဠိ ပုစ္ဆာ တစ်ပုဒ်လို ဖြစ်နေပါတယ် ။ ယုတ္တိဗေဒကျကျ ပြောရမယ် ဆိုရင်တော့ ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက်ဟာ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ထက် ဘယ်နေရာမှာမှ မနိမ့်ကျပါဘူး ။ နောက်ထပ် မိနစ်သုံးဆယ် အကြာမှာတော့ လီဖူချန်းဟာ ဒုတိယမြောက် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်ကို ရှာတွေ့ပြန်ပါတယ် ။ အဲသည်နောက်မှာတော့ တတိယမြောက် ဆေးပင် နဲ့ စတုတ္ထမြောက် ဆေးပင်တို့ကို အစဉ်လိုက် ထပ်မံ ရှာဖွေ တွေ့ရှိပြန်ပါတယ် ။ လိပ်ပြာတောင်ကြားထဲမှာ လျှောက်သွားနေရင်းနဲ့ လီဖူချန်း တဖြည်းဖြည်း သဘောပေါက်လာတာကတော့ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် အသစ်တွေကို ရှာဖွေ့တွေ့ရှိဖို့ရာဟာ တဖြည်းဖြည်း အချိန် ကြာလာတယ် ဆိုတာပါပဲ ။ ပထမတုန်းက ဆယ့်ငါးမိနစ် ၊ အဲသည်နောက်မှာ မိနစ်သုံးဆယ် ၊ ပြီးတော့ လေးဆယ့်ငါးမိနစ် ၊တစ်နာရီ ၊ နှစ်နာရီ စသဖြင့်ပေါ့ ။ သည်လိုနဲ့ပဲ လီဖူချန်းဟာ လိပ်ပြာတောင်ကြားရဲ့ အတွင်းပိုင်းထဲကို မသိလိုက်၊မသိဘာသာနဲ့ ရောက်သထက် ရောက်သွားခဲ့ပါပြီ ။ ကံကောင်းတာ တစ်ခုကတော့ သူဟာ စိတ်ဝိညဉ် ချီအရှိန်အဝါ တစ်ခုကို တောင်ကြားရဲ့ အပြင်ဘက်မှာ ချန်ထားခဲ့တာပါပဲ ။ အဲသည်အတွက် သူဟာ စိတ်ဝိညာဉ် ချီအရှိန်အဝါ မပျောက်သွားမချင်း တောင်ကြား အပြင် ပြန်မထွက်နိုင်မှာကို ကြောက်နေစရာ မလိုပါဘူး ။ စိတ်ဝိညာဉ် ဆေးပင် ဆယ်ပင် ……ဆယ့်တစ်ပင် …… ဆယ့်နှစ်ပင် ……… " မဟုတ်သေးဘူး ။ တစ်ခုခုတော့ မှားနေပြီ " အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် ဆယ့်နှစ်ပင်ကို ခူးယူ အပြီးမှာတော့ လီဖူချန်းဟာ တစ်ခုခု လွဲချော်နေပြီ ဆိုတာကို ခံစားလိုက်မိပါတယ် ။ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်တွေက ဘာဖြစ်လို့ သူသွားနေတဲ့ လမ်းပေါ်မှာပဲ ရှိနေရတာလဲ ။ ပြီးတော့ စိတ်ဝိညာဉ် ဆေးပင်တွေကို ရှာတွေ့ဖို့ အချိန်က ဘာဖြစ်လို့ တဖြည်းဖြည်း အချိန် ပိုကြာ လာရတာလဲ ။ ပြီးတော့ သူ့အနေနဲ့ ရှေ့ဆက်သွားမယ် ဆိုရင် စိတ်ဝိညာဉ် ဆေးပင်တွေကို ထပ်တွေ့နိုင်မယ်လို့ ယုံကြည်စိတ် များလာရတာလဲ ။ အစရှိတဲ့ မေးခွန်းတွေက လီဖူချန်းရဲ့ ခေါင်းထဲကို အစဉ်လိုက် တိုးဝင်လာခဲ့ပါတယ် ။ အဲသည်ထက် ပိုဆိုးတာကတော့ သူ့ရဲ့ စိတ်ဝိညာဉ်အား ဖြန့်ကြက်နိုင်စွမ်းဟာ တစ်ဝက် လျော့ကျသွားတာပါပဲ ။ အခုဆိုရင် လီဖူချန်းဟာ သူ့ရဲ့ စိတ်ဝိညာဉ်အားကို မီတာ ၁၀၀ကျော်ထက် ပိုပြီး မဖြန့်ကြက်နိုင်တော့ပါဘူး ။ " ဒါတစ်ယောက်ယောက် အကွက် ဆင်ထားတာပဲ " အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ လာရာလမ်းအတိုင်း အလျင်အမြန် ပြန်ဆုတ်ပါတော့တယ် ။ အဲသည်အချိန်မှာပဲ သူ့ရဲ့ စိတ်ဝိညာဉ်အားကလည်း အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်ပင်ကို ရုတ်တရက် ဆိုသလို အာရုံ ခံမိလိုက်ပါတယ် ။ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မရှိပါဘူး ။ အဲဒါက အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ်ဆေးပင် အသေအချာပါပဲ ။ အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင် ဆိုတာက အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်ထက် အနည်းဆုံး အဆသုံးဆယ် ပိုသက်ရောက်မှု ရှိပါတယ် ။ပြီးတော့ ကောင်းကင် အဆင့်မြင့် ဆေးပင် ဆိုတာက နာမည်နဲ့လိုက်အောင် အစွမ်း ထက်ပြီး တကယ်ကို ကံမကောင်းဘဲနဲ့ ဘယ်လိုမှ မတွေ့နိုင်ပါဘူး ။ " သေချာပြီ ။ သည်ကိစ္စရဲ့ နောက်ကွယ်မှာ လက်သည် လုံးဝ ရှိနေတယ် " တကယ်လို့ လီဖူချန်း နေရာမှာသာ တခြားသူတွေ ဆိုရင်တော့ အဲသည်သူတွေဟာ သေချာပေါက် အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင်ကို သွားရောက် နုတ်ယူကြမှာပါပဲ ။ ဒါပေမဲ့လည်း လီဖူချန်းက တခြားသူတွေလို မဟုတ်ပါဘူူး ။ သူက လူသားတွေရဲ့ အကြီးမားဆုံး အားနည်းချက်ဟာ အလိုလောဘကြီးခြင်း ဆိုတာကို ကောင်းကောင်းကြီး သိထားပါတယ် ။ အလိုလောဘ ဆိုတာ ရှိနေသရွေ့ အားနည်းချက် ဆိုတာကလည်း ရှိနေဦးမှာပါပဲ ။ သူလာရာလမ်းအတိုင်း ပြန်ဆုတ်ဖို့ ပြင်လိုက်တာနဲ့ အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင် ပေါ်လာတယ် ဆိုတာက တိုက်ဆိုင်လွန်းရာ ကျလွန်းပါတယ် ။ တကယ်လို့ တိုက်ဆိုင်တယ် ဆိုရင်တောင်မှ အဲသည်လောက်ကြီးတော့ မတိုက်ဆိုင်သင့်ပါဘူး ။ ဝိညာဉ်တောင်ကြားက သူ့ကို ထွက်မသွားစေချင်ဘဲ တောင်ကြား အတွင်းကို ရောက်သထက် ရောက်အောင် ဆွဲဆောင်နေတာ အသိသာကြီးပါပဲ ။ " ပြေးမှ " အဲသည်နောက်မှာတော့ လီဖူချန်းဟာ ချာခနဲလှည့်ကာ တောင်ကြားထဲကနေပြီး ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးပါတော့တယ် ။ ချွင်……ချွင်……ချွင်…… ဒါပေမဲ့လည်း လီဖူချန်းက သိပ်ကြာကြာ မပြေးလိုက်ရပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ ပုံရိပ်ယောင်ဆန်ဆန် သံကြိုးတွေက သူ့ဆီကို တိုးဝင်လာခဲ့လို့ပါပဲ ။ " စိတ်ဝိညာဉ်အား" လီဖူချန်းက ကျောရိုးထဲကတောင်မှ စိမ့်ခနဲ ဖြစ်သွားခဲ့ပါပြီ ။ သူက သည်သံကြိုးတွေဟာ စိတ်ဝိညာဉ် စွမ်းအားကနေ ဖြစ်တည်လာတယ် ဆိုတာကို သိနေတာ မဟုတ်ပါလား ။ သည်စိတ်ဝိညာဉ်သံကြိုးတွေရဲ့ အမြန်နှုန်းကတော့ မယုံနိုင်စရာ ကောင်းလောက်အောင်ပါပဲ ။ လီဖူချန်းက စိတ်ဝိညာဉ်အားကို ဘယ်လို အသုံးပြုရသလဲ ဆိုတာကို သေသေချာချာ မသိပါဘူး ။ သူက ဖြန့်ကြက် ကြည့်တာကိုပဲ လုပ်တတ်တာပါ ။ အဲသည်အတွက် သူဟာ စိတ်ဝိညာဉ် သံကြိုးတွေရဲ့ အထပ်ထပ် ရစ်ပတ်မှုကို ချက်ချင်းဆိုသလိုပဲ ခံလိုက်ရပါတော့တယ် ။ " ငါမင်းကို ချီးကျူ းတယ် ။ မင်းက အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ်ဆေးပင်ရဲ့ ဆွဲဆောင်မှုကိုတောင် တောင့်ခံနိုင်သားပဲ " အေးစက်စက် စကားသံ တစ်ခုက လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကို တိုးဝင်လာခဲ့ပါတယ် ။ " ခင်ဗျားက ဘယ်သူလဲ " လီဖူချန်းက သံကြိုးတွေနဲ့ ရစ်ပတ်ခံထားရပေမယ့်လည်း ကြောက်နေတာမျိုးတော့ လုံးဝ မရှိပါဘူး။ သူက သူ့ရဲ့ ကိုယ်ထဲက နတ်ဓားစွမ်းအင်တွေကို လည်ပတ်စေရင်းနဲ့ အသံပိုင်ရှင်ကို ပြန်မေးလိုက်ပါတယ် ။ ဒါပေမဲ့လည်း စိတ်ဝိညာဉ် သံကြိုးတွေနဲ့ ရင်ဆိုင်အတွေ့မှာတော့ သူ့ရဲ့ နတ်ဓားစွမ်းအင်တွေဟာ လုံးဝ အမှိုက်သာသာပါပဲ ။ဓားဆန္ဒကတော့ စိတ်ဝိညာဉ် သံကြိုးတွေအပေါ်မှာ သက်ရောက်မှု အနည်းငယ် ရှိပေမယ့် အဲဒါက မသိသာလှပါဘူး ။ " ငါဘယ်သူလဲ ဆိုတာက အရေး မကြီးဘူး ။ အရေးကြီးတာက မင်းအနေနဲ့ တောင့်မခံထားဖို့ဘဲ ။ ဒါက ငါ့အတွက် ဝိညာဉ် အစေခံကောင်း တစ်ယောက် ရမှာ " " ဝိညာဉ် အစေခံ …… " လီဖူချန်းက ချက်ချင်းပဲ နားလည် သဘောပေါက် သွားခဲ့ပါပြီ ။ လိပ်ပြာတောင်ကြားမှာက ဇာတ်မြုပ် နေထိုင်နေတဲ့ ဝိညာဉ်တာအို ကျင့်ကြံသူ တစ်ဦး ရှိနေတာ မဟုတ်ပါလား ။ ပြီးတော့ အဲသည် ဝိညာဉ်တာအို ကျင့်ကြံသူက ဝိညာဉ် ဧကရာဇ်ထက်ကို ပိုကြောက်ဖို့ ကောင်းလောက်ပါတယ် ။ အနည်းဆုံးတော့ ဝိညာဉ် ဧကရာဇ်က သည်လိုမျိုးကို မစွမ်းဆောင်နိုင်ပါဘူး ။ ဟုတ်ပါတယ် ။သူက ဝိညာဉ် ဧကရာဇ်နဲ့ ကိုယ်တိုင်ကိုယ်ကျ ထိပ်တိုက် မတွေ့ဖူးသေးလို့ သည်လို တွေးမိတာလည်း ဖြစ်ကောင်း ဖြစ်လောက်ပါမယ် ။ " သွားစမ်း " လီဖူချန်းက ကြယ်ကြွေ ဓားဆန္ဒကို ထုတ်ပြီး စိတ်ဝိညာဉ် သံကြိုးတွေကို ခုတ်ပိုင်းပစ်လိုက်ပါတယ် ။ ထန်…… စိတ်ဝိညာဉ် သံကြိုးတွေထဲက တစ်ခုပေါ်မှာတော့ အက်ကွဲရာကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ ။ " အိုး…… ကောင်းကင် အဆင့်မြင့် ဓားဆန္ဒပါလား ။ မဆိုးဘူး ……မဆိုးဘူး ။ မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးက ကောင်းကင် အဆင့်မြင့် ဓားဆန္ဒကို အသုံးပြုနိုင်တယ်ပေါ့ " အသံပိုင်ရှင်က လီဖူချန်းကို ချီးကျူ းလာခဲ့ပါတယ် ။ " ဒါပေမဲ့ ကောင်းကင် အဆင့်မြင့် ဓားဆန္ဒလေး တစ်ခုက ငါ့ကို ယှဉ်နိုင်မယ်လို့ မင်းထင်နေတာလား ။ ကောင်းကင် အထွတ်အထိပ် အဆင့် ဓားဆန္ဒ မဟုတ်ဘဲနဲ့တော့ ငါ့ကို ယှဉ်ဖို့ မစဉ်းစားနဲ့ " " သွားစမ်း " ထန်…… လီဖူချန်းကတော့ အသံပိုင်ရှင်ကို ဘာမှ ပြန်ပြောမနေပါဘူး ။ အဲသည်အစား သူက ဓားနှလုံးသား စွမ်းအားတွေကိုသာ အဆုံးစွန်ဆုံးအထိ ထုတ်လိုက်ပြီး စိတ်ဝိညာဉ် သံကြိုးတွေကို ခုတ်ဖြတ်ပစ်လိုက်ပါတယ် ။ သည်တစ်ကြိမ်မှာတော့ စိတ်ဝိညာဉ် သံကြိုးတွေက အက်ကွဲရာဟာ ပိုပြီး သိသာထင်ရှား လာခဲ့ပါပြီ ။ " ဓားနှလုံးသားပါလား " အသံပိုင်ရှင်ကလည်း အံ့အား သင့်သွားပုံပါပဲ ။ " ကြည့်ရတာ ငါက မင်းအပေါ် အထင်သေးလိုက်မိတာပဲ ။ ဝိညာဉ်ပေါင်းစည်းခြင်း နယ်ပယ်ကိုတောင် မရောက်သေးဘဲနဲ့ ဓားနှလုံးသားကို မွေးဖွားထားနိုင်တယ် ဆိုတာက လူသန်းတစ်ထောင်မှာ တစ်ယောက်တောင် လုပ်နိုင်တာ မဟုတ်ဘူး ။ " ဟား……ဟား……ဟား…… မင်းက တကယ့် ပါရမီရှင်ပဲ ။ ကောင်းတယ် ……ကောင်းတယ် ……မင်းက ကောင်းကင် အဆင့်မြင့် ဓားဆန္ဒကို ထုတ်သုံးနိုင်တာလည်း ဘယ်ထူးဆန်းတော့မလဲ ။ ဟား……ဟား……နောက်ဆုံးတော့ ကောင်းကင်ဘုံက ငါ……ဟုဟွမ်ကို ကောင်းချီး ပေးလိုက်ပြီပေါ့ ။ မင်းရဲ့ ပါရမီနဲ့ ဆိုရင်တော့ ဝိညာဉ် အစေခံ လုပ်ခိုင်းတာက မင်းကို မတရားရာ ကျသွားလိမ့်မယ် ။ သည်တော့ ငါ့ရဲ့ အစိတ်အပိုင်းပဲ လုပ်လိုက်တော့ " အသံ ဆုံးသွားတဲ့ နောက်မှာတော့ စိတ်ဝိညာဉ် သံကြိုးတွေက တင်းခနဲ ဖြစ်သွားပြီး လီဖူချန်းကို လိပ်ပြာတောင်ကြားရဲ့ အတွင်းပိုင်းထဲအထိ ဆွဲခေါ်သွားပါတော့တယ် ။ " သေစမ်း ။ ပြသနာတော့ တက်ပြီ " လီဖူချန်းက သူ့ရဲ့ အခြေအနေ မဟန်တော့ဘူး ဆိုတာကို မရိပ်မိဘဲ မနေပါဘူး ။ အဲသည်အတွက် သူက သူ့ရဲ့ ဓားဆန္ဒကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး စိတ်ဝိညာဉ် သံကြိုးတွေကို အရူးတစ်ယောက်လို သွေးရူးသွေးတန်း ခုတ်ပါတော့တယ် ။ ထန်……ထန်……ထန်……ထန်…… ထောင်း…… လီဖူချန်းရဲ့ သွေးရူးသွေးတန်း ကြိုးစားအားထုတ်မှုက အလကား မဖြစ်ပါဘူး ။ နောက်ဆုံးမှာတော့ ဝိညာဉ် သံကြိုးတွေထဲက တစ်ကြိုးဟာ ပြတ်ထွက်သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း ကျန်နေတဲ့ သံကြိုးတွေကတော့ လီဖူချန်းကို ပိုပြီး တင်းကျပ်စွာ ရစ်ပတ်လာခဲ့ပါတယ် ။ အဲသည်ထက် ပိုဆိုးတာကတော့ ပြတ်ထွက်သွားတဲ့ ဝိညာဉ်သံကြိုးက အပြီးတိုင် မပြတ်သွားဘဲ ချက်ချင်း ပြန်ဆက်သွားတာပါပဲ ။ ထန်……ထန်……ထန်…… " သွားစမ်း ……ပြတ်စမ်း " ဆယ်မိနစ်ကျော်လောက် အကြာမှာတော့ ဝိညာဉ် သံကြိုးတွေဟာ ဆွဲခေါ်နေတာကို ရပ်တန့်လိုက်ကြပါပြီ ။ လီဖူချန်းက ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် အကဲခတ်လိုက်တဲ့ အခါမှာတော့ အသိစိတ် ရှိတော့ပုံ မပေါ်တဲ့ လူတွေဟာ တင်ပျဉ်ခွေထိုင်နေကြတာကို မြင်လိုက်ရပါတယ် ။ သည်လူတွေ အားလုံးက မျက်လုံးတွေ မှိတ်ထားကြပြီး သူတို့ရဲ့ နဖူးအလယ် တည့်တည့်မှာလည်း စိတ်ဝိညာဉ် သံကြိုးတစ်ချောင်းစီ ရှိနေပါသေးတယ် ။ အဲသည် စိတ်ဝိညာဉ်သံကြိုးတွေရဲ့ မြစ်ဖျားခံရာ နေရာကတော့ မြူ နှင်းတွေ ဖုံးအုပ်နေတဲ့ တွင်းနက်ကြီး တစ်တွင်း ဖြစ်ပြီး အထဲမှာ ဘာရှိနေသလဲ ဆိုတာကို လီဖူချန်းကိုယ်တိုင်တောင်မှ မကြည့်မြင်နိုင်ပါဘူး ။ ဒါပေမဲ့ သူခန့်မှန်းတာ မမှားဘူးဆိုရင်တော့ အဲသည်တွင်းနက်ကြီးက သည်လိပ်ပြာတောင်ကြား တစ်ခုလုံးကို မြူ နှင်းတွေ ဝေနေစေတာ ဖြစ်ရပါမယ် ။ " သည်လူတွေက လိပ်ပြာတောင်ကြားထဲကို ဝင်ခဲ့တဲ့ လူတွေပဲ " လီဖူချန်းက လိပ်ပြာတောင်ကြား သခင်ရဲ့ အကြံအစည်ကို ချက်ချင်း တွေးလိုက်နိုင်ပါတယ် ။ သည်လူက စိတ်ဝိညာဉ် ဆေးပင်တွေနဲ့ လူတွေကို လိပ်ပြာတောင်ကြားထဲ ဝင်အောင် ဆွဲဆောင်ပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို စုပ်ယူနေတာပါပဲ ။ " မင်းရဲ့ စိတ်ဝိညာဉ်က ဘယ်လောက်အထိ ထူးခြားနေသလဲ ဆိုတာ ငါကြည့်ပါဦးမယ် " စကားသံ အဆုံးမှာတော့ စိတ်ဝိညာဉ် သံကြိုး တစ်ချောင်းဟာ လီဖူချန်းရဲ့ နဖူးထဲကို စိုက်ဝင်သွားခဲ့ပါပြီ ။ " အား " လီဖူချန်းက ပြင်းထန်လှတဲ့ နာကျင်မှု တစ်ခုကို စိတ်ထဲကနေ တန်းပြီး ခံစားလိုက်ရပါတယ် ။ " ဟင် …… ခရမ်းရောင် စိတ်ဝိညာဉ်ပါလား ။ ဒါက ဘာစိတ်ဝိညာဉ်လဲ " အသံပိုင်ရှင်က ဝေခွဲမရ ဖြစ်သွားပုံပါပဲ ။ သူက ဘဝမှာ ခရမ်းရောင် စိတ်ဝိညာဉ်ကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး ။ သူသိရသလောက် ဆိုရင်တော့ သူတော်စင် တစ်ဦးရဲ့ စိတ်ဝိညာဉ်ကတောင်မှ အစိမ်းရောင်ပဲ ရှိတာပါ ။ " ဒါက ဒဏ္ဍာရီထဲက နတ်ဘုရားဝိညာဉ်များလား" " ဟား……ဟား…… ငါ……ဟုဟွမ်က စကြာဝဠာ တစ်ခုလုံးကို အုပ်ချုပ်မယ့်သူကွ " အသံပိုင်ရှင်ရဲ့ ကြွေးကြော်မှု အပြီးမှာတော့ စိတ်ဝိညာဉ် သံကြိုးဟာ လီဖူချန်းရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်ကို အညှာအတာ ကင်းမဲ့စွာ ဆွဲယူပါတော့တယ် ။
***