← Chapters

စိတ်ဝိညာဉ်စွမ်းအား ထိပ်တိုက်တွေ့ခြင်း

Vol. 50 Ch. 681

စိတ်ဝိညာဉ်စွမ်းအား ထိပ်တိုက်တွေ့ခြင်း

Vol. 50 Ch. 681

ဘန်း…… စိတ်ဝိညာဉ် သံကြိုးက သည်တစ်ကြိမ်မှာတော့ အလုပ် မဖြစ်ခဲ့ပါဘူး ။ အဲဒါက သံမဏိနဲ့ လုပ်ထားတဲ့ နံရံတစ်ခုကို တိုက်မိပြီး ပြန်ကန်ထွက်သွားသလိုပါပဲ ။ " ဟင် ……ထူးဆန်းလှပါလား " အသံပိုင်ရှင်က ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။ ဒါပေမဲ့ သူက ရှုံးနိမ့်မှုကို လက်မခံပါဘူး ။ သူက ဝိညာဉ်သံကြိုးတွေ အကုန်လုံးကို ထိန်းချုပ်လိုက်ပြီး ခရမ်းရောင် စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်ပြန်ပါတယ် ။ ဘန်း……ဘန်း……ဘန်…… ရလဒ်ကတော့ အစောပိုင်းတုန်းကနဲ့ ဘာမှ ကွာခြားမှု မရှိပါဘူး ။ သူ့ရဲ့ စိတ်ဝိညာဉ် သံကြိုးတွေဟာ လီဖူချန်းရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်ကို မဆွဲယူနိုင်ဘဲ ခြွင်းချက်မရှိ လွင့်ထွက်ကုန်ပါတယ် ။ လီဖူချန်းရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်က ခရမ်းရောင် သလင်းကျောက် တစ်တုံးလိုပါပဲ ။ အဲဒါက ထင်ထားတာထက်ကို ပိုပြီး မာကျောပါတယ် ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ခရမ်းရောင် စိတ်ဝိညာဉ်က ထာဝရရဲ့ အငွေ့အသက် နဲ့ မသေဆုံးနိုင်တဲ့ အငွေ့အသက်ကို ပေးစွမ်းနေတာ ဖြစ်ပါတယ် ။ " သည်လောကပေါ်မှာ ထာဝရ ဆိုတာ ဘာမှ မရှိဘူးကွ ။ လာစမ်း " စကားသံ အဆုံးမှာတော့ စိတ်ဝိညာဉ် သံကြိုးတွေဟာ ထပ်ပေါ်လာပြီး ခရမ်းရောင် စိတ်ဝိညာဉ်ကို တိုက်ခိုက်လာကြပြန်ပါပြီ ။ "ဘယ်လိုဖြစ်တာလဲ ။ ရွှေရောင် လက်ဖွဲ့အဆောင်က အလုပ် မလုပ်ပါလား " လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ် ။ အရင်တုန်းကဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ် ဘေးအန္တရာယ် တစ်ခုခု ဖြစ်တိုင်းမှာ ရွှေရောင် လက်ဖွဲ့အဆောင်က အသက်ဝင်လာပြီး အန္တရာယ်ကို ဖြေရှင်းပေးလေ့ ရှိပါတယ် ။ ဒါပေမဲ့လည်း သည်တစ်ကြိမ်မှာတော့ ရွှေရောင်လက်ဖွဲ့ အဆောင်က ဝင်လှုပ်ရှားမယ့်ပုံ မပြပါဘူး ။ " ကြည့်ရတာ ရွှေရောင်လက်ဖွဲ့အဆောင်က ဘေးအန္တရာယ်နဲ့ တွေ့မှ အသက်ဝင်တာများလား " လီဖူချန်းက တွေးလိုက်မိပါတယ် ။ သည်အတွေးက အတော်လေး ယုတ္တိ ရှိတယ်လို့ ဆိုရမှာပါပဲ ။ မြူ ခိုးတွေရဲ့မြေက ဂူသင်္ချ ိုင်းထဲမှာဆိုရင် သူ့ရဲ့ ကျင့်ကြံမှုက အတော်လေး အဆင့်နိမ့်သေးပြီး သူ့ရဲ့ စိတ်ဝိညာဉ် အဆင့်ကလည်း အခုလောက်အထိ အဆင့် မမြင့်သေးပါဘူး ။အဲသည်အတွက် သူဟာ ဘုရင်တစ်ပါးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို တောင့်ခံနိုင်ဖို့ ခဲယဉ်းခဲ့ပါတယ် ။ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်မှာတုန်းကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းဖျော့ရောင် ဖြစ်နေခဲ့ပါပြီ ။ ဒါပေမဲ့လည်း မဟူရာ ရေနဂါး ဧကရာဇ်ရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ဟာ လီဖူချန်း တောင့်ခံနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး ။ အခုတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းရောင် စိတ်ဝိညာဉ် ဖြစ်နေခဲ့ပါပြီ ။ ဟုတ်ပါတယ် ။ တကယ်လို့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းရောင်သက်သက်ပဲ ဆိုရင်တော့ လိပ်ပြာတောင်ကြား သခင်ရဲ့ စိတ်ဝိညာဉ်သံကြိုး တိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မလား မသေချာပါဘူး ။ ဒါပေမဲ့လည်း ကံကောင်းတာကတော့ သူ့ရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်က အနီဖျော့ဖျော့ဘက်ကို ၂၅ရာခိုင်နှုန်း သန်းနေတာပါပဲ ။ အနီဖျော့ရောင် စိတ်ဝိညာဉ်က ထာဝရ နဲ့ မသေဆုံးနိုင်တဲ့ အငွေ့အသက်ကို ပေးစွမ်းနေတဲ့အတွက် လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ လိပ်ပြာ တောင်ကြားသခင်ရဲ့ စိတ်ဝိညာဉ်သံကြိုးတွေကို တောင့်ခံနိုင်တာ ဖြစ်ရပါမယ် ။ ရွှေရောင်လက်ဖွဲ့အဆောင် ပေါ်မလာတဲ့အပေါ် စိတ်ပူစရာ မလိုတော့တဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဦးနှောက်ကို အလုပ်ပေးပါတော့တယ် ။ " တကယ်လို့ လိပ်ပြာတောင်ကြား သခင်က သူ့ရဲ့ စိတ်ဝိညာဉ်အားကို စိတ်ဝိညာဉ် သံကြိုးတွေအဖြစ် ပြောင်းနိုင်တယ်ဆိုရင် ငါ့ရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်ကလည်း လုပ်နိုင်ရမှာပေါ့ " အတွေးဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကို သိပ်သည်းစေလိုက်ပါတယ် ။ တစ်ခေါက်……နှစ်ခေါက် …… ဒါပေမဲ့လည်း အကြိမ်ရေ တစ်ဒါဇင်လောက် ကြိုးစားပြီးတဲ့အထိ သူဟာ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို မသိပ်သည်းစေ နိုင်သေးပါဘူး ။ စိတ်ဝိညာဉ် သံကြိုးတွေအဖြစ် ပြောင်းဖို့ဆိုရင်တော့ စဉ်းကို မစဉ်းစားပါနဲ့တော့ ။ " ရတယ်……ရတယ် ……ဘာမှ မဖြစ်ဘူး ။ ငါက လိပ်ပြာတောင်ကြား သခင်ရဲ့ စိတ်ဝိညာဉ်သံကြိုးတွေကနေ အတုခိုးလို့ ရတာပဲ " အတွေးပေါ်လာတာနဲ့ တစ်ပြိုက်နက် သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာ ရှိနေတဲ့ ခရမ်းရောင် စိတ်ဝိညာဉ်ဟာ မျက်လုံးနှစ်လုံး ပေါက်လာခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ သူဟာ စိတ်ဝိညာဉ် သံကြိုးတွေကို စတင် လေ့လာလိုက်ပါတယ် ။ စိတ်ဝိညာဉ် သံကြိုးတွေက လီဖူချန်း ထင်ထားတာထက် ပိုပြီး လျှို့ဝှက်ဆန်းကြယ်တယ်လို့ ဆိုရမှာပါပဲ ။ အဲဒါတွေက စိတ်ဝိညာဉ် စွမ်းအားတွေကို သိပ်သည်းထားတာလို့ ထင်ရပေမယ့် တကယ့်တကယ်တမ်းမှာတော့ စိတ်ဝိညာဉ် မှော်အက္ခရာ အပိုင်းအစတွေကို ပေါင်းစည်းထားတာ ဖြစ်နေပါတယ် ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စိတ်ဝိညာဉ် သံကြိုးတွေအဖြစ် ပြောင်းချင်တယ် ဆိုရင် သူ့အနေနဲ့ စိတ်ဝိညာဉ် မှော်အက္ခရာတွေကို အရင်ဆုံး ရေးထွင်းနိုင်ရပါမယ် ။ ဒါပေမဲ့လည်း စိတ်ဝိညာဉ် မှော်အက္ခရာတွေက ရောနှောနေတဲ့အတွက် လီဖူချန်းဟာ တစ်ကြိမ်တည်းနဲ့ အဲဒါတွေကို မမှတ်မိနိုင်ပါဘူး ။ ကံကောင်းတာကတော့ သူ့မှာ အချိန်တွေ ပိုနေတာပါပဲ ။ ထန်…… တစ်ကြိမ်မှာတော့ စိတ်ဝိညာဉ် သံကြိုးတွေက ခရမ်းရောင် စိတ်ဝိညာဉ်ကို ရိုက်မိပြီး မီးပွားလေးတစ်ခု ဖြာထွက်သွားခဲ့ပါပြီ ။ အဲသည်မီးပွားလေးက တကယ်တမ်းမှာတော့ မရေမတွက်နိုင်တဲ့ စိတ်ဝိညာဉ် မှော်အက္ခရာတွေပါပဲ ။ တချိုု့ စိတ်ဝိညာဉ် မှော်အက္ခရာတွေကတော့ လီဖူချန်းရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်ကြောင့် စိတ်ဝိညာဉ် သံကြိုးကနေ ပဲ့ထွက်သွားခဲ့ပါတယ် ။ လီဖူချန်းက အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး ။ သူက ပဲ့ကျသွားတဲ့ စိတ်ဝိညာဉ် မှော်အက္ခရာတွေကို သေသေချာချာ လိုက်ကြည့်ပြီး မှော်အက္ခရာတွေရဲ့ အတွင်းပိုင်း တည်ဆောက်မှုကို ဂရုတစိုက် လေ့လာလိုက်ပါတယ် ။ " ငါသိပြီ " နောက်ဆုံးမှာတော့ လီဖူချန်းက သဘော ပေါက်သွားခဲ့ပါပြီ ။ စိတ်ဝိညာဉ် မှော်အက္ခရာတွေကို လေ့လာရတာက လွယ်တယ်လို့ ပြောလို့ရသလို ခက်တယ်လို့လည်း ဆိုရပါမယ် ။ ခက်တယ်ဆိုတာက စိတ်ဝိညာဉ် မှော်အက္ခရာတွေရဲ့ အတွင်းပိုင်း တည်ဆောက်မှုတွေဟာ အလွန်အမင်း ဖုံးကွယ်ထားတဲ့အတွက် ကြည့်မြင်ဖို့ ခက်ခဲတာကို ဆိုလိုပါတယ် ။ လွယ်တယ်ဆိုတာကတော့ စိတ်ဝိညာဉ် မှော်အက္ခရာတွေရဲ့ အတွင်းပိုင်း တည်ဆောက်မှုကို ကြည့်မြင်နိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ပါးလွှာတဲ့ ဇာပုဝါစ ပတ်ထားတဲ့ အပျိုစင် တစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို ဖောက်မြင်လိုက်သလို အရာအားလုံးကို လီဖူချန်းက သိသွားလို့ပါပဲ ။ ဒါပေမဲ့လည်း ဒါက လီဖူချန်းမို့လို့သာ ဖြစ်ပါတယ် ။ တကယ်လို့ လီဖူချန်း နေရာမှာသာ တခြားတစ်ယောက် ဆိုရင်တော့ စိတ်ဝိညာဉ် မှော်အက္ခရာ လျှို့ဝှက်နည်းစနစ်ကို ပိုင်ဆိုင်ထားရင်တောင်မှ အလွယ်တကူနဲ့ နားလည်နိုင်မှာ မဟုတ်ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ စဉ်းစားကြည့်မယ် ဆိုရင် ဒါက စိတ်ဝိညာဉ် တာအို နည်းစနစ် တစ်ခု ဖြစ်နေတာ မဟုတ်ပါလား ။ တကယ်လို့ စိတ်ဝိညာဉ်က လုံလောက်တဲ့ အဆင့်တစ်ခုအထိ အစွမ်းထက်မနေဘူး ဆိုရင် သည်ပညာရပ်ဟာ ဘယ်လိုမှ လေ့ကျင့်လို့ ရစရာ အကြောင်း မရှိပါဘူး။ စိတ်ဝိညာဉ် မှော်အက္ခရာတွေရဲ့ အတွင်းပိုင်း တည်ဆောက်မှုကို နားလည်ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက စိတ်ဝိညာဉ် မှော်အက္ခရာတွေကို စတင် ရေးထွင်းဖို့ ကြိုးစားပါတော့တယ်။ ချွင်…… သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ ကြိုးစားမှုက အလုပ်ဖြစ်တယ် ဆိုရမှာပါပဲ ။ သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာက သေးငယ်လှတဲ့ စိတ်ဝိညာဉ် မှော်အက္ခရာလေး တစ်ခုဟာ စတင်ပြီး ဖြစ်တည်လာခဲ့ပါပြီ ။ အချိန်တွေ ကြာလာတာနဲ့ အမျှ အဲသည်စိတ်ဝိညာဉ် မှော်အက္ခရာလေးက တဖြည်းဖြည်း ပုံပေါ်လာပြီး သက်ဝင် လှုပ်ရှားလာခဲ့ပါသေးတယ် ။ လိပ်ပြာတောင်ကြား သခင်ကတော့ အဲသည်ဖြစ်ရပ်ကို လုံးဝ သတိထားမိပုံ မရပါဘူး။ သူက စိတ်ဝိညာဉ် သံကြိုးတွေကို ထိန်းချုပ်ပြီး ခရမ်းရောင် စိတ်ဝိညာဉ်ကို တိုက်ခိုက်နေတာနဲ့ပဲ အလုပ်များနေခဲ့ပါတယ် ။ ရှှုး……ပလုံ…… လှိုင်းဂယက်လေး တစ်ခု မသိမသာ ထသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ပထမဆုံး စိတ်ဝိညာဉ် မှော်အက္ခရာကို ပြီးပြည့်စုံအောင် ရေးထွင်းသွားနိုင်ခဲ့ပါပြီ ။ ဘယ်ကိစ္စမှာမဆို ပထမဆုံး အကြိမ်ဆိုတာက အခက်ခဲဆုံးပါပဲ ။ ပထမဆုံး အကြိမ် ပြီးသွားရင်တော့ နောက်ဖက် အကြိမ်တွေဟာ အေးဆေး ဖြစ်သွားပါပြီ ။ သည်လိုနဲ့ပဲ လီဖူချန်းဟာ တစ်ခုကနေ နှစ်ခု ၊ နှစ်ခုကနေ လေးခု ၊လေးခုကနေ ရှစ်ခုနဲ့ နောက်ဆုံးမှာ စိတ်ဝိညာဉ် မှော်အက္ခရာတွေကို မရေမတွက်နိုင်တဲ့အထိ ရေးထွင်းလာနိုင်ခဲ့ပါတယ် ။တစ်ဆက်တည်းမှာပဲ အဲသည်စိတ်ဝိညာဉ် မှော်အက္ခရာတွေက ပေါင်းစည်းသွားပြီး ခရမ်းရောင် စိတ်ဝိညာဉ် သံကြိုးတစ်ခုအဖြစ် ပြောင်းသွားပြန်ပါတယ် ။ သည်ခရမ်းရောင် စိတ်ဝိညာဉ် သံကြိုးက လိပ်ပြာတောင်ကြား သခင်ရဲ့ အစိမ်းရောင် စိ်တ်ဝိညာဉ် သံကြိုးတွေလောက် ခန့်ညားထည်ဝါမှု ရှိမနေပါဘူး ။ဒါပေမဲ့လည်း အဲဒါက ပိုခိုင်မာပြီး ဖျက်ဆီးလို့ မရနိုင်တဲ့ပုံ ပေါက်နေပါတယ် ။ " ဟင် ……မင်းဘယ်လို လုပ်လိုက်တာလဲ " လိပ်ပြာတောင်ကြား သခင်ရဲ့ အထိတ်တလန့် အာ်သံက လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲမှာ ပဲ့တင်သံ အထပ်ထပ် ထပ်သွားခဲ့ပါပြီ ။ လိပ်ပြာတောင်ကြား သခင်က တကယ့်ကို ထိတ်လန့်သွားခဲ့တာပါ ။ သူက အခုချိန် မတိုင်မီအထိ လီဖူချန်းဟာ ဘယ်စိတ်ဝိညာဉ်တာအို နည်းစနစ်ကိုမှ မကျင့်ဖူးဘူး ဆိုတာကို လုံးဝ သေချာပါတယ် ။ မဟုတ်ရင်တော့ လီဖူချန်းဟာ အစောကြီးကတည်းက သူ့ရဲ့ ပညာကို ပြပြီးလောက်ပါပြီ ။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းက ရုတ်တရက်ကြီး စိတ်ဝိညာဉ် သံကြိုး တစ်ချောင်းကို ထုတ်လာခဲ့ပါတယ် ။ " ဒါက ကံအကြောင်း တိုက်ဆိုင်တာလား ။ မဖြစ်နိုင်ဘူး " လိပ်ပြာတောင်ကြားသခင်က ကံအကြောင်း တိုက်ဆိုင်တယ် ဆိုတာကို လုံးဝ မယုံပါဘူး ။ ဖြစ်နိုင်တာကတော့ လီဖူချန်းဟာ သည်အချိန်တိုလေး အတွင်းမှာ သူ့ရဲ့ စိတ်ဝိညာဉ်တာအို နည်းစနစ်ကို လေ့လာပြီး သူ့ရဲ့ စိတ်ဝိညာဉ်သံကြိုးကို အတု ခိုးလိုက်တာ ဖြစ်ရပါမယ် ။ လိပ်ပြာတောင်ကြား သခင်က သည်အချက်ကို လက်မခံချင်ပေမယ့်လည်း သူ့ရဲ့ မသိစိတ်ကတော့ အဲဒါဟာ တစ်ခုတည်းသော ဖြစ်နိုင်ချေ ဆိုတာကို ပြောနေပါတယ် ။ သည်လိုပါရမီ နဲ့ ထိုးထွင်းသိမြင်မှုက တကယ်ကို သြချရလောက်စရာပါပဲ ။ ဒါက တကယ်ကို ရှားပါးလွန်းလှပါတယ် ။ " မင်းရဲ့ စိတ်ဝိညာဉ်သံကြိုးက ငါ့ကို ယှဉ်နိုင်လိမ့်မယ်လို့ ငါမယုံဘူးကွ " လိပ်ပြာတောင်ကြား သခင်က လီဖူချန်းရဲ့ ပါရမီ နဲ့ ထိုးထွင်းသိမြင်မှု အပေါ်မှာ ထိတ်လန့်သွားပေမယ့်လည်း သွေးရူးသွေးတန်းတော့ ဖြစ်မသွားခဲ့ပါဘူး ။ လီဖူချန်းက အခုမှ စိတ်ဝိညာဉ် သံကြိုးကို ဘယ်လို အသုံးပြုရသလဲ ဆိုတာကို သိရုံတင် သိသေးတာပါ ။ သူက သူ့လောက်တော့ ကျွမ်းကျင်စရာ မရှိသေးပါဘူး ။ အဲသည်အတွက် သူက အပေါ်စည်းမှာ ရှိနေဆဲပါပဲ ။ ထင်……ထင်……ထင်…… ထန်……ထန်…… စိတ်ဝိညာဉ် သံကြိုး နှစ်ချောင်းက ထိပ်တိုက် တွေ့ဆုံသွားကြပါပြီ ။ လိပ်ပြာတောင်ကြား သခင်ရဲ့ အစိမ်းရောင် စိတ်ဝိညာဉ် သံကြိုးကတော့ အရောင် တဖိတ်ဖိတ် တောက်နေပြီး စိတ်ဝိညာဉ် စွမ်းအားတွေနဲ့ အပြည့်ပါပဲ ။ တခြာတစ်ဖက်မှာတော့ လီဖူချန်းရဲ့ ခရမ်းရောင် စိတ်ဝိညာဉ် သံကြိုးက အရောင် မှိန်ပျျပျ ထွက်နေတာကလွဲပြီး ဘာမှ မထူးခြားလှပါဘူး ။ အဲဒါက ရိုးရိုးသာမန် သံကြိုး တစ်ချောင်းလိုပါပဲ ။ ဒါပေမဲ့လည်း ဝိညာဉ်သံကြိုး နှစ်ချောင်း ထိပ်တိုက် တွေ့ကြတဲ့ အခါမှာတော့ အစိမ်းရောင် ဝိညာဉ်သံကြိုးဟာ ခရမ်းရောင် ဝိညာဉ်သံကြိုးကို မဖျက်ဆီးနိုင်တဲ့အပြင် ခရမ်းရောင် သံကြိုးရဲ့ တင်းတင်းကျပ်ကျပ် ရစ်ပတ်ခြင်းကိုတောင် ခံလိုက်ရပါသေးတယ် ။ " မ……မဖြစ်နိုင်ဘူး " လိပ်ပြာတောင်ကြားသခင်ရဲ့ အသံကတော့ ဖြစ်ပျက်သွားတာတွေကို ဘယ်လိုမှ မယုံကြည်နိုင်တဲ့ပုံပါပဲ ။ လီဖူချန်းက စိတ်ဝိညာဉ်သံကြိုးကို အခုမှ အသုံးပြုနိုင်တာလေ ။ အဲဒါကို ဘယ်လိုလုပ်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်သံကြိုးက အရေး နိမ့်နေရတာလဲ ။ " မဟုတ်မှလွဲရော အဲဒါက သူ့ရဲ့ အထူး စိတ်ဝိညာဉ်ကြောင့်လား " " အင်း …… အဲဒါပဲ ဖြစ်ရမယ် " " တောက် …… သည်စိတ်ဝိညာဉ်ကိုသာ ရလိုက်ရင်တော့ကွာ " လိပ်ပြာတောင်ကြား သခင်က စဉ်းစားရင်း စဉ်းစားရင်းနဲ့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို သွားရည် တမြားမြား ကျလာခဲ့ပါတယ် ။ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကိုသာ စုပ်ယူခွင့် ရလိုက်လို့ကတော့ သူဟာ ဘယ်လောက်အထိ အစွမ်းထက်လာမယ် မသိပါဘူး ။ ဒါပေမဲ့လည်း ပြသနာက သည်စိတ်ဝိညာဉ်ဟာ အင်မတန် အစွမ်း ထက်လွန်းနေတာပါပဲ ။ အခုတောင်မှ သူဟာ လိပ်ခွံကို ကိုက်ဖို့ ကြိုးစားနေတဲ့ ခွေးများ ဖြစ်နေပြီလားလို့ သူ့ကိုယ်သူ ထင်လာမိပါတယ် ။ ဘန်း…… အစွမ်းချင်း ယှဉ်မယ် ဆိုရင်တော့ ခရမ်းရောင် စိတ်ဝိညာဉ်သံကြိုးဟာ အစိမ်းရောင် စိတ်ဝိညာဉ်သံကြိုးကို မယှဉ်နိုင်ပါဘူး ။ ဒါပေမဲ့ မာကျောမှု အပိုင်းမှာတော့ ခရမ်းရောင် စိတ်ဝိညာဉ်သံကြိုးက အစိမ်းရောင် စိတ်ဝိညာဉ်သံကြိုးကို အပြတ်အသတ် သာတယ်လို့ ဆိုရပါမယ် ။ အဲသည်အတွက် စိတ်ဝိညာဉ်သံကြိုး နှစ်ခု အချင်းချင်း ရစ်ပတ်မိလိုက်တာနဲ့ ချက်ချင်း ဆိုသလိုပဲ အစိမ်းရောင် စိတ်ဝိညာဉ်သံကြိုးဟာ ပြတ်ထွက်သွားခဲ့ပါတယ် ။ ထောင်း……ထောင်း……ထောင်း…… ကြည့်ရတာတော့ အစိမ်းရောင် စိတ်ဝိညာဉ်သံကြိုးတွေက အချင်းချင် ဆက်နွှယ်မှု ရှိနေတဲ့ ပုံပါပဲ ။ အစိမ်းရောင် စိတ်ဝိညာဉ်သံကြိုး တစ်ချောင်း ပြတ်သွားတာနဲ့ တစ်ပြိုင်နက် ကျန်တဲ့ အစိမ်းရောင် စိတ်ဝိညာဉ်သံကြိုးတွေကလည်း လိုက်ပြီး ပြတ်ကုန်ကြပါတယ် ။ အဲသည်နောက်မှာတော့ အစိမ်းရောင် စိတ်ဝိညာဉ်သံကြိုးတွေဟာ လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကနေ ဆုတ်ခွာ သွားခဲ့ကြပါပြီ ။ ခရမ်းရောင် စိတ်ဝိညာဉ်သံကြိုးကတော့ လီဖူချန်းရဲ့ နဖူးကနေ ထွက်လာပြီး အခြေအနေကို တစ်ချက် စောင့်ကြည့်နေပါတယ် ။ " လူငယ်လေး ……တော်လိုက်ကြစို့ ။ ငါဟုဟွမ်က မင်းကို အရှုံးပေးပါတယ် ။ သည်လို လုပ်ပါလား ။ ငါတို့နှစ်ယောက် အပေးအယူ တစ်ခု လုပ်ရအောင် ။ တကယ်လို့ အပေးအယူ အောင်မြင်ရင် ငါက မင်းကို အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ်ဆေးပင် ဆယ်ပင် ပေးမယ်လေ " ရုတ်တရက် ဆိုသလိုပဲ လိပ်ပြာတောင်ကြား သခင်က လီဖူချန်းကို အပေးအယူ တစ်ခု လုပ်ဖို့ ညှိနှိုင်းလာခဲ့ပါတယ် ။ " ဘာအပေးအယူလဲ " လီဖူချန်းက သည်နေရာကနေပြီး ထွက်သွားဖို့အတွက် မလောပါဘူး ။ တစ်ဖက်လူက သူ့အပေါ်မှာ ဘာမှ မလုပ်နိုင်မှတော့ သူက ဘာဖြစ်လို့ ထွက်ပြေးနေစရာ လိုဦးမှာလဲ ။ " အပေးအယူက လွယ်လွယ်လေးပါပဲ ။ မူလပင်လယ် နယ်ပယ် ဘုရင် အပါးတစ်ရာကို လိပ်ပြာတောင်ကြားထဲ ခေါ်ခဲ့ပေး ။ ဘုရင်ဆယ်ပါးကို ခေါ်လာပေးတိုင်း ငါက မင်းကို အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင် ပေးမယ် " လိပ်ပြာတောင်ကြားသခင်က အပေးအယူကို ပြောလာခဲ့ပါတယ် ။ " ခင်ဗျားက ဘယ်သူမို့လို့ ကျုပ်က သည်လို အပေးအယူကို လက်ခံရမှာလဲ ။ ကျုပ်က ရူးနေတယ်လို့ ခင်ဗျား ထင်နေတာလား " လီဖူချန်းက လိပ်ပြာတောင်ကြား သခင်ကိုလှမ်းပြီး လှောင်လိုက်ပါတယ် ။ သူက သည်လို အပေးအယူကို လက်ခံရအောင် အရူး မဟုတ်ပါဘူး ။ လိပ်ပြာတောင်ကြား သခင်ဟာ အစွမ်းလျော့ပါးနေပြီး ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်ကို စုပ်ယူကာ သူ့ကိုယ်သူ နဂိုအတိုင်း အစွမ်းပြန်ထက်အောင် လုပ်နေတယ် ဆိုတာကို အစောကြီးကတည်းက သူ ရိပ်မိပြီးသားပါပဲ ။ မူလပင်လယ် နယ်ပယ် ဘုရင် အပါးတစ်ရာရဲ့ စိတ်ဝိညာဉ်တွေကိုသာ စုပ်ယူပြီးသွားပြီဆိုရင် လိပ်ပြာတောင်ကြားသခင်ဟာ သူ့ရဲ့ နဂိုအစွမ်းတွေကို ပြန်ရသွားလောက်ပါတယ် ။ လိပ်ပြာတောင်ကြား သခင်က တိတ်ဆိတ်သွားပြီး အတန်ကြာမှ " သည်လိုဆိုရင်လည်း ငါးဆယ်.…… ငါးဆယ်တော့ လုပ်ကွာ။ ငါ့အထင် ပြောရရင် မင်းက အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင်ရဲ့ အစွမ်းကို လက်တွေ့ သိပြီးလောက်ပြီ ။ သည်ဆေးပင် ဆယ်ပင်နဲ့ ဆိုရင် မင်းအနေနဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ဆယ်နှစ်အတွင်းမှာ ချိုးဖောက် ဝင်ရောက်နိုင်လောက်တယ် ။ငါကတော့ ငါ့ရဲ့ စိတ်ဝိညာဉ်ကို သည်အတိုင်းလေး ဆက်ပြီး တည်ရှိစေဖို့ အတွက်ပဲ တောင်းဆိုတာပါ ။ ငါက နဂိုအတိုင်း ပြန်ဖြစ်ဖို့ဆိုရင် မူလပင်လယ် နယ်ပယ် ဘုရင် ငါးရာတောင် မလောက်ဘူးကွ " စကားဆုံးတဲ့ နောက်မှာတော့ လိပ်ပြာတောင်ကြား သခင်ဟာ ဘာမှ ထပ်ပြီး မပြောတော့ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းက မမြင်ရတဲ့ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေတယ် ဆိုတာကို ခံစားမိနေပါတယ် ။ " ဟင့်အင်း …… ကျုပ် အပေးအယူကို လက်မခံဘူး " သေသေချာချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက အပေးအယူကို ငြင်းလိုက်ပါတယ် ။ လိပ်ပြာတောင်ကြား သခင်က စိတ်ဝိညာဉ် ဘယ်လောက်အထိ စုပ်ယူပြီးပြီ ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ ။ ဒါက အတော်လေး စွန့်စားရာ ကျလွန်းပါတယ် ။ ပြီးတော့ သူက လူအယောက်ငါးရာရဲ့ အသက်ကို စတေးဖု့ိအတွက် အသည်း မမာသေးပါဘူး ။ စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ချာခနဲလှည့်ပြီး ထွက်သွားခဲ့ပါပြီ ။ " ကောင်လေး.…… ငါမင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး ။ တစ်နေ့ကျရင် ငရဲဆိုတာ ဘာလဲ ဆိုတာကို ငါမင်းကို ကောင်းကောင်းကြီး ပြပေးမယ် " ဝိညာဉ်တောင်ကြား သခင်ကတော့ ကြက်သီးထဖွယ် လေသံကြီးနဲ့ ကြိမ်းဝါးရင်း ကျန်နေခဲ့ပါတယ် ။ *** နောက်ထပ် နေ့တစ်ဝက် အကြာမှာတော့ လီဖူချန်းဟာ လိပ်ပြာတောင်ကြားကနေ ထွက်လာနိုင်ခဲ့ပါပြီ ။ ဒါပေမဲ့လည်း သူက လိပ်ပြာတောင်ကြား သခင်အကြောင်း စဉ်းစားလိုက်တိုင်းမှာ အခုထက်ထိ ကြောက်လန့်နေဆဲပါပဲ ။ သူ့ရဲ့ အစွမ်းထက်တဲ့ စိတ်ဝိညာဉ်ကြောင့်သာ မဟုတ်ဘူး ဆိုရင် အခုဆိုရင် သူဟာ အသက်ရှင်လျက် သေနေတဲ့လူလို ဖြစ်နေလောက်ပါပြီ ။ " မဖြစ်သေးပါဘူး ။ သည်လူ တစ်နေ့ ငါ့ကို ပြသနာ လာရှာရင် ဘယ်လို လုပ်မလဲ " အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက ကြယ်ကြွေ ဓားဆန္ဒကို ထုတ်ပြီး လိပ်ပြာတောင်ကြားရဲ့ အဝင်ဝကို ချိပ်ပိတ် ပစ်လိုက်ပါတယ် ။ " အင်း …… ဒါဆို ဘယ်သူမှ ဝင်မရတော့ဘူး " သူ့ရဲ့ လုပ်ရပ်ကို ကြည့်ပြီး စိတ်ကျေနပ်သွားမှပဲ လီဖူချန်းဟာ အဝေးကို ထွက်သွားပါတော့တယ် ။ " အား……ခွေးမသား …… ငါမင်းကို သတ်မယ် ။ ငါငရဲကို ရောက်နေရင်တောင်မှ မရရအောင် ပြန်တက်လာပြီး မင်းကို သတ်ပစ်မယ်ကွ " လီဖူချန်း ထွက်သွားပြီး သိပ်မကြာခင်မှာတော့ သွေးရူးသွေးတန်း အော်ဟစ်သံကြီး တစ်ခုနဲ့အတူ လိပ်ပြာ တောင်ကြား တစ်ခုလုံးဟာ တုန်ခါသွားပါတော့တယ် ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ အဲသည် အော်ဟစ်သံကြီးကို မကြားတော့ပါဘူး ။

***

All Chapters