ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်
Vol. 50 Ch. 684
" သွား " လီဖူချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး အမိန့် ပေးလိုက်တဲ့ အခါမှာတော့ ဓားချီ တစ်သန်းဟာ သွေးမိစ္ဆာ မဟာ ဧကရာဇ်ဆီကို တိုးဝင် သွားခဲ့ကြပါပြီ ။ " ကောင်စုတ်လေး …… မင်းက တကယ် သေချင်နေတာပဲ " " ကောင်းကင်မျို " သွေးမိစ္ဆာ မဟာ ဧကရာဇ်က မူလဘူတဓားချီ တစ်သန်းကို သည်အတိုင်း မခံဆောင်ဝံ့ပါဘူး ။ အဲသည်အတွက် သူက သူ့ရဲ့ မွေးရာပါ စွမ်းရည်ကို အလျင်အမြန် အသက်သွင်းလိုက်ပါတယ် ။ ကျွီး…… အဲသည်နောက်မှာတော့ မိုင်ပေါင်း နှစ်ရာကျော်လောက်အထိ ကြီးမားတဲ့ သွေးရောင် ငါးမန်းကြီး တစ်ကောင်ဟာ ဟင်းလင်းပြင်ထဲကနေပြီး ပေါ်ထွက်လာခဲ့ပါပြီ ။ ပေါ်ထွက်လာတာနဲ့ တစ်ပြိုင်နက် ငါးမန်းကြီးက ပါးစပ်ကို ဟလိုက်ပြီး ရေဝဲတစ်ခုကို ဖြစ်ပေါ်စေကာ မူလဘူတ ဓားချီတွေကို စုပ်ယူဖို့ ကြိုးစားပါတော့တယ် ။ ဝေါ……ဝေါ……ဝေါ…… တစ်စက္ကန့် ……နှစ်စက္ကန့်…… စက္ကန့် အနည်းငယ် အကြာမှာတော့ သွေးရောင် ငါးမန်းကြီးဟာ သောင်းနဲ့ချီတဲ့ မူလဘူတ ဓားချီတွေကိုတောင် စုပ်ယူ ပြီးသွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း သွေးရောင် ငါးမန်းကြီးရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း အက်ကွဲလာခဲ့ပြီး ခန္ဓာကိုယ်ထဲကနေလည်း သူမျိုချလိုက်တဲ့ မူလဘူတ ဓားချီတွေရဲ့ အလင်းတန်းတွေ ပေါ်လာခဲ့ပါတယ် ။ ရေဓားတွေ ဆိုတာက ဓားအင်းကွက်နဲ့ ပေါင်းစပ်ထားရုံတင်ပဲ ရှိတာပါ ။ အခု လီဖူချန်းရဲ့ မူလဘူတ ဓားချီတွေက ရေဓားတွေထက်ကို အများကြီး အစွမ်းထက်ပါတယ် ။ သူတို့တွေက ဓားအင်းကွက်နဲ့ ပေါင်းစပ်ထားရုံတင် မဟုတ်ပါဘူး ။ သူတို့တွေက သေစေနိုင်တဲ့ စွမ်းအားတွေကိုလည်း အစောကြီးကတည်းက ပိုင်ဆိုင်ထားနှင့် ပြီးပါပြီ ။ မူလဘူတ ဓားချီတွေ ဆိုတာက လီဖူချန်းရဲ့ အသက်ဓာတ်ဓားကနေပြီး ဖြစ်တည်လာတာ မဟုတ်ပါလား ။ အဲသည်အတွက် သူတို့မှာက သိပ်သည်းတဲ့ ဓားဆန္ဒ ခိုဝင် ကိန်းအောင်းနေပြီးသားပါပဲ ။ ဝုန်း…… နောက်ဆုံးမှာတော့ သွေးရောင် ငါးမန်းကြီးဟာ မူလဘူတ ဓားချီတွေကို မစုပ်ယူနိုင်တော့ဘဲ ပေါက်ကွဲ သွားခဲ့ပါပြီ ။ မူလဘူတ ဓားချီတွေကတော့ တစ်သောင်းကျော် ကျန်ရှိနေသေးပြီး အဲသည် ဓားချီတွေ အကုန်လုံးက သွေးမိစ္ဆာ မဟာ ဧကရာဇ်ဆီကို ဆက်လက် တိုးဝင်သွားကြပါတယ် ။ " သေစမ်း ……သောက်ပြသနာပဲ " သွေးမိစ္ဆာ မဟာ ဧကရာဇ်က အံတစ်ချက် ကျိတ်လိုက်ပြီး နောက်ထပ် သွေးစက်လုံး တစ်လုံးကို ဖန်ဆင်းလိုက်ရပြန်ပါတယ် ။ ဝုန်း……ဝုန်း……ဝုန်း…… ဘန်း……ဘန်း…… မူလဘူတ ဓားချီတွေ နဲ့ သွေးရောင် စက်လုံးတို့ ထိပ်တိုက် တွေ့ဆုံပြီး နှစ်မျိုးစလုံး ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ဟာ ဓားဒဏ်ရာ ဗရပွနဲ့ ဖြစ်နေခဲ့ပါပြီ ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သည်ဒဏ်ရာမျိုး ဆိုတာက သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို အယားတောင် မပြေစေပါဘူး ။ ဒါပေမဲ့လည်း ဒဏ်ရာ ရတယ် ဆိုတာကတော့ ဒဏ်ရာ ရတာပါပဲ ။ " တောက် …… ငါသည်နေ့ မင်းကို မရရအောင် သတ်မယ်ကွ " သူ့ရဲ့ ဒဏ်ရာတွေကို စစ်ဆေး အပြီးမှာတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ဟာ ဒေါသ အကြီးအကျယ် ထွက်သွားပြီး လီဖူချန်းကို သတ်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းက သူ့နေရာမှာ ရှိမနေတော့ပါဘူူး ။ လီဖူချန်းတင် မကပါဘူး ။ ရန်ချင်းဟူ နဲ့ မိုးကြိုးသားရဲတို့ကလည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါပြီ ။ …… ဟူး…… ဟူး……ဟူး…… " ပြေးထား ……ပြေးထား " မိုင်ပေါင်းတစ်သောင်းကျော် အကွာမှာတော့ လူနှစ်ယောက်နဲ့ မိစ္ဆာသားရဲ တစ်ကောင်ဟာ သွေးရူးသွေးတန်း ပြေးနေကြပါတယ် ။ အဲသည်သူတွေကတော့ လီဖူချန်း ၊ ရန်ချင်းဟူနဲ့ မိုးကြိုးသားတို့က လွဲပြီး တခြား မရှိပါဘူး ။ သူတို့က ငတုံး၊ငအတွေ မဟုတ်ပါဘူး ။ လီဖူချန်းက သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို ဒဏ်ရာ ရအောင် လုပ်နိုင်တယ် ဆိုပေမယ့် တကယ့်တကယ်တမ်းမှာ သူက သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ဆိုတာကို သိကြပါတယ် ။ လီဖူချန်းအတွက်ကတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို ဒဏ်ရာ ရအောင် လုပ်နိုင်တယ် ဆိုတာနဲ့တင် ချီးကျူ း ထိုက်နေပါပြီ ။သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို ဒဏ်ရာ ရအောင် လုပ်နိုင်တယ် ဆိုတာက သာမန် လူသား မဟာ ဧကရာဇ်တွေတောင် လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး ။ ဒါပေမဲ့ အဲဒါက လီဖူချန်းဟာ လူသား မဟာ ဧကရာဇ်တွေကို ယှဉ်နိုင်တယ် ဆိုတဲ့ အဓိပါ္ပယ်လည်း မဟုတ်ပါဘူး ။ ကျင့်စဉ် အဆင့်နဲ့ ဥပဒေသတွေအပေါ် နားလည်ကျွမ်းဝင်မှု အပိုင်းမှာဆိုရင် လီဖူချန်းက လူသား မဟာ ဧကရာဇ်တွေနဲ့ ညီမျှလောက်ပြီး သူ့ရဲ့ ဓားနှလုံးသား နဲ့ ဓားအင်းကွက်က လူသား မဟာ ဧကရာဇ်တွေထက်ကို သာလွန်နေပါပြီ ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ကျင့်ကြံမှု နယ်ပယ်က နိမ့်ကျလွန်းလှပါတယ် ။ လီဖူချန်းက သွေးမိစ္ဆာ မဟာ ဧကရာဇ်နဲ့ တိုက်ကွက် အနည်းငယ် ယှဉ်တိုက်နိုင်ပြီး ဒဏ်ရာ ရအောင် လုပ်နိုင်တယ် ဆိုပေမယ့် တိုက်ပွဲအချိန် ကြာလာရင် သူဟာ သွေးမိစ္ဆာ မဟာ ဧကရာဇ် လက်ချက်နဲ့ အသက်ပျောက်သွားမှာ အသေအချာပါပဲ ။ ဒါပေမဲ့ လူသား မဟာ ဧကရာဇ်တွေကတော့ အဲသည်လို မဟုတ်ပါဘူး ။ သူတို့က သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို အနိုင် မယူနိုင်ရင်တောင်မှ အချိန်မရွေး ထွက်ပြေး လွတ်မြောက်နိုင်ပါတယ် ။ " ပြေး…… ပြေးထား " လူသား နှစ်ယောက် နဲ့ မိစ္ဆာသားရဲ တစ်ကောင်ဟာ သူတို့ရဲ့ ပြေးနေတဲ့ နှုန်းကို လုံးဝ မလျော့ပါဘူူး ။ လီဖူချန်းမှာက ဓားအရွေ့ နဲ့ မီးတောက် အရွေ့ ရှိပြီး ရန်ချင်းဟူမှာက ဓားမော့အရွေ့ ရှိပါတယ် ။ ပြီးတော့ မိုးကြိုးသားရဲကလည်း အထွတ်အမြတ် သားရဲ တစ်ကောင် ဖြစ်တဲ့အတွက် မိုးကြိုးအရွေ့ကို အလိုအလျောက် တတ်မြောက်ပြီးသားပါပဲ ။ အဲသည်အတွက် သူတို့သုံးယောက်ဟာ စက္ကန့်တိုင်း ၊ စက္ကန့်တိုင်းမှာ မိုင်ပေါင်း တစ်ထောင် ကျော်တဲ့ အထိ ပြေးနိုင်ကြပါတယ် ။ " အခုမှ ထွက်ပြေးချင်တယ် ဟုတ်လား ။ အိပ်မက် မက်မနေစမ်းနဲ့ " ဒါပေမဲ့လည်း သူတို့ရဲ့ ထွက်ပြေးနေမှုက သွေးမိစ္ဆာ မဟာ ဧကရာဇ်ကိုတော့ မျက်ချည် မဖြတ်နိုင်သေးပါဘူူး ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်က သူ့ကိုယ်သူ သွေးငါးမန်း တစ်ကောင် အဖြစ် ဖန်ဆင်းလိုက်ပြီး လီဖူချန်းတို့ရဲ့ အနောက်ကို ကပ်လိုက်လာခဲ့ပါတယ် ။ အဆင့်၈ အဆင့်မြင့် ပင်လယ်သားရဲ …… သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ မူလ ဇစ်မြစ်ကတော့ အဆင့်၈ အဆင့်မြင့် ပင်လယ်သားရဲ ဖြစ်တဲ့ သွေးငါးမန်းပါပဲ ။ သူက သူအစိုးရတဲ့ ပင်လယ်ကို သူ့ရဲ့ သွေးဆာမှုျတွနဲ့ အုပ်စိုးတာ ဖြစ်ပါတယ် ။ သွေးငါးမန်း အဖြစ် ပြောင်းလဲထားတဲ့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ လှုပ်ရှားမှုတွေဟာ လုံးဝ မနှေးကွေးပါဘူး ။ သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်တာနဲ့ မိုင်တစ်ထောင်ကျော် ရောက်အောင် သွားနိုင်ပါတယ် ။ ဝုန်း…… ရုတ်တရက် ဆိုသလိုပဲ တောင်တစ်လုံး အရွယ်လောက်ရှိတဲ့ ရေဓားကြီး တစ်လက်ဟာ သမုဒ္ဒရာ ရေပြင်ထဲက ထိုးထွက်လာပြီး သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ ဝမ်းဗိုက်ကို လာရောက် စိုက်ဝင်လာခဲ့ပါတယ် ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ ခံနိုင်ရည်က ကောင်းလွန်းလှတဲ့အတွက် ရေဓားကြီးက သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို ဒဏ်ရ ရအောင် လုပ်နိုင်စွမ်း မရှိပါဘူူး ။ ဒါပေမဲ့လည်း အဲဒါက သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို အနည်းငယ် နှောင့်နှေး သွားစေပါတယ် ။ ဝုန်း…… နောက်ထပ် တောင်တစ်လုံး အရွယ်အစားရှိတဲ့ ရေဓားကြီး တစ်လက်ဟာ သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို တိုက်ခိုက်လာပြန်ပါပြီ ။ ဒါပေမဲ့လည်း ရှေ့က ရေဓားကြီး အတိုင်းပါပဲ ။ သည်ရေဓားကြီးက သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို အနည်းငယ် နှောင့်နှေး သွားစေရုံကလွဲပြီး တခြား ဘာမှ မတတ်နိုင်ပါဘူး ။ ဝုန်း……ဝုန်း……ဝုန်း…… ရေဓားကြီးတွေက သမုဒ္ဒရာ ရေပြင်ထဲမှာ ဘယ်နှစ်လက်တောင် ပုန်းအောင်းနေတယ် မသိပါဘူး ။ ပြီးတော့ အဲသည် ဓားတွေက ဘယ်လို အသက်ဝင်လာမှန်းလည်း မသိပါဘူး ။ ဒါပေမဲ့လည်း သွေးမိစ္ဆာ မဟာ ဧကရာဇ်ကတော့ မိုင်တစ်ထောင်လောက် သွားလိုက်တိုင်းမှာ ရေဓားကြီး တစ်လက်နဲ့ ကြုံနေရပါတယ် ။ " ဓားအင်းကွက် " သည်ရေဓားကြီးတွေကို ဖြစ်ပေါ်စေတဲ့ တရားခံ လက်သည်ကတော့ လီဖူချန်းကလွဲပြီး တခြားလူ မရှိပါဘူး ။ သူက ပြေးနေရင်းနဲ့ မိုင်တစ်ထောင် ရောက်တိုင်းမှာ ဓားအင်းကွက် တစ်ခုကို သမုဒ္ဒရာ ရေပြင်ပေါ်မှာ ချထားခဲ့တာ ဖြစ်ပါတယ် ။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ သူချထားခဲ့တဲ့ ဓားအင်းကွက်တွေဟာ နွယ်ပင်တွေလိုပါပဲ ။ ဒါပေမဲ့ သမုဒ္ဒရာ ရေပြင်နဲ့ ထိလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူတို့တွေက သက်ဝင်လှုပ်ရှားလာပြီး နဂါးတွေလို ဖြစ်လာကြပါတယ် ။ ပြီးတော့ သူတို့တွေက သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ ချီအရှိန်အဝါကိုလည်း အာရုံ ခံနိုင်ကြပါသေးတယ်။ သည်လိုနဲ့ပဲ ပြေးသူတွေ နဲ့ လိုက်သူကြားက အကွာအဝေးဟာ တစ်စထက် တစ်စ ပိုဝေးလာခဲ့ပါပြီ ။ မိုင်နှစ်သောင်း…… မိုင်ငါးသောင်း…… မိုင်တစ်သိန်း…… မိုင်နှစ်သိန်း…… နောက်ဆုံးမှာတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ဟာ လီဖူချန်းတို့ အုပ်စုရဲ့ တည်ရှိမှုကိုတောင် အာရုံ မခံနိုင်တော့ပါဘူး ။ " ဟင်း…… လူသားစုတ် .…… နောက်တစ်ကြိမ် တွေ့ရင်တော့ မင်းကိုငါ ပြေးခွင့်ပေးမယ် မထင်နဲ့ " လီဖူချန်းတို့ အုပ်စုရဲ့ တည်ရှိမှုကို အာရုံ မခံနိုင်တော့တဲ့ နောက်မှာတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်က နောက်ကနေ လိုက်နေတာကို လက်လျော့လိုက်ပါတော့တယ် ။ တစ်ဖက်လူတွေရဲ့ တည်ရှိမှုကို အာရုံ မခံနိုငိတော့ဘူး ဆိုတာက တစ်ဖက်လူတွေဟာ သူနဲ့ အလွန်ဝေးကွာတဲ့ အရပ်တစ်ခုကို ရောက်သွားပြီလို့ ဆိုလိုနေတာပဲ မဟုတ်ပါလား ။ …… တကယ့် တကယ်တမ်းမှာတော့ လီဖူချန်းတို့ အုပ်စုဟာ သွေးမိစ္ဆာ မဟာ ဧကရာဇ်နဲ့ သိပ်ပြီး ဝေးကွာလှသေးတာ မဟုတ်ပါဘူး ။ သူက ကိုယ်ပျောက်မန္တာန် နဲ့ ဟူကွေးထင်းကျင် မန္တာန်ကို သူတို့အပေါ်မှာ အသုံးပြုလိုက်တဲ့ အတွက်ကြောင့် သွေးမိစ္ဆာ မဟာ ဧကရာဇ်ဟာ သူတို့ကို အာရုံ ခံမရတော့ဘဲ လက်လျော့ သွားခဲ့တာ ဖြစ်ပါတယ် ။ သည်လိုနဲ့ပဲ အချိန် လဝက်လောက် ကြာသွားခဲ့ပါပြီ ။ လီဖူချန်းတို့ သုံးယောက်ကတော့ ပြေးနေတာကို မရပ်သေးဘဲ အားသွန်ခွန်စိုက် ပြေးနေဆဲပါပဲ ။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ရုတ်ချည်း နေရာ ပြောင်းရွှေ့ခြင်းကိုတော့ အသုံး မပြုု ကြတော့ပါဘူူး ။ ရုတ်ချည်း နေရာ ပြောင်းရွှေ့ခြင်း ဆိုတာက သူတို့ရဲ့ အားတွေကို အင်မတန် ကုန်ခန်းစေတာ မဟုတ်ပါလား ။ *** ဝုန်း……ဝုန်း……ဝုန်း…… " သွားစမ်း " ဘန်း……ဘန်း…… အဆုံးမရှိတဲ့ ပင်လယ်ထက်မှာတော့ လူသားဟတစ်ယောက် နဲ့ အဖြူ ရောင် ရေနဂါး တစ်ကောင်ဟာ သည်းကြီးမဲကြီး တိုက်ခိုက်နေကြပါတယ် ။ အရွယ် ရောက်ပြီးသွားတဲ့ ရေနဂါးတိုင်းက အဆင့်၈ မိစ္ဆာသားရဲတွေပါပဲ ။ အဲသည်အတွက် အခု ရေနဂါးဖြူ ကလည်း ခြွင်းချက် မရှိပါဘူး ။ " မရဏ ဓားချက် " ရေနဂါးဖြူ နဲ့ တိုက်နေတဲ့ လူသားကတော့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ဖြစ်ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပါတယ် ။ သူ့ရဲ့ တိုက်ခိုက်ပုံကတော့ တိုက်စစ်ကို ဦးစားပေးလွန်းပြီး သူ့ရဲ့ ဓားမကြီးဟာဆိုရင် ရေနဂါးဖြူ ရဲ့ သွေးအနည်းငယ်ကိုတောင် သောက်ပြီးသွားပါပြီ ။ ဂါး..……ဂရား…… တစ်ဖက်မှာတော့ ရေနဂါးဖြူ ဟာ ဓားမကြီးရဲ့ ခုတ်ချက်ကို မြည်းစမ်းလိုက်ရတဲ့အတွက် ဒေါသ အကြီးအကျယ် ထွက်သွားပုံပါပဲ ။ သူက အားရပါးရ မာန်ဖီလိုက်ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူကို အဖြူ ရောင် အခိုးအငွေ့တွေနဲ့ မှုတ်ထုတ်ပစ်လိုက်ပါတယ် ။ ခရက်……ခရက်……ခရက်…… ရုတ်တရက် ဆိုသလိုပဲ ပင်လယ်ပြင်ဟာ အေးခဲ သွားခဲ့ပါပြီ ။ အဖြူ ရောင် ရေနဂါး မှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေက ရေခဲဓာတ်တွေ ပါနေတာ အသိသာကြီးပါပဲ ။ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ လူက လုံးဝ မမျှော်လင့်ထားတဲ့ အတွက် အဖြူ ရောင် အခိုးအငွေ့တွေကို မရှောင်လိုက်နိုင်ပါဘူး ။ အဲသည်အတွက် သူဟာ အဖြူရောင် အခိုးအငွေ့တွေရဲ့ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ရေခဲရုပ်တု တစ်ခု အဖြစ်ကို ပြောင်းသွားခဲ့ပါပြီ ။ ဘန်း…… အဖြူ ရောင် ရေနဂါးက ခဲနေတဲ့ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူကို အမြီးနဲ့ အပိုင် ရိုက်ချပြီး လွင့်ထွက်သွားစေခဲ့ပါတယ် ။ အမြီး ရိုက်ချက်က လုံးဝ ချက်ကောင်းကို ထိသွားတဲ့ အတွက် အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူဟာ လုံးဝ မလှုပ်နိုင်တော့ပါဘူူး ။ သူက အဖြူရောင် ရေနဂါး ပြုသမျှ နုရမယ့် အဖြစ်ကို ရောက်သွားခဲ့ပါပြီ ။ ရွှမ်း …… အဲသည်အချိန်မှာပဲ ရေဓားကြီး တစ်လက်ဟာ ပင်လယ်ထဲကနေ တိုးထွက်လာပြီး အဖြူ ရောင် ရေနဂါးကို လွင့်ထွက်သွားစေလိုက်ပါတယ် ။ " ဘယ်သူတွေက ငါ့ကို ဝင်ရှုပ်တာလဲကွ" အဖြူ ရောင် ရေနဂါးက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပြီး ဘေးဘယ်ညာကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ လူနှစ်ယောက် နဲ့ မိစ္ဆာသားရဲ တစ်ကောင်ကို တွေ့လိုက်ရပါတယ် ။ သူတို့တွေကတော့ လီဖူချန်း ၊ရန်ချင်းဟူနဲ့ မိုးကြိုးသားရဲတို့က လွဲပြီး တခြား မရှိပါဘူး ။ " သေချင်နေတဲ့ကောင်တွေ " အဖြူရောင် ရေနဂါးက သူ့ကို ဝင်ရှုပ်တဲ့ တရားခံတွေကို တွေ့သွားတာနဲ့ တစ်ပြိုင်နက် လေအေးတွေနဲ့ လှမ်းမှုတ်လိုက်ပါတယ် ။ အဖြူရောင် ရေနဂါးက သူ့ရဲ့ ခဲစေနိုင်တဲ့ အစွမ်းအပေါ်မှာ အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။ သူက အစောတုန်းကလည်း အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူကို သည်အကွက်နဲ့ အနိုင် ယူခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း စိတ်မကောင်းစရာကတော့ တစ်ဖက်လူဟာ လီဖူချန်း ဖြစ်နေတာပါပဲ ။ တကယ်လို့သာ လီဖူချန်းအနေနဲ့ သည်လေအေးတွေကို ရှောင်တိမ်းချင်တယ် ဆိုရင် သာမန် ရွှေ့ပြောင်းခြင်း နည်းစနစ်နဲ့တင် အလုပ်ဖြစ်ပါတယ် ။ ဒါပေမဲ့ သူက ဘာဖြစ်လို့ ရှောင်ရမှာလဲ ။ ရှောင်တယ် ဆိုတာက သူ့ထက် အင်အားကြီးတဲ့ လူတွေရဲ့ တိုက်ခိုက်မှုနဲ့ တွေ့တဲ့အခါမှ အသုံးပြုရမယ့် အရာ ဖြစ်ပါတယ် ။ " ကောင်းကင်စက်ကွင်း ဓားအကာအကွယ် လာခဲ့ " လီဖူချန်းက အမိန့်ပေးလိုက်တဲ့ အခါမှာတော့ ဓားအလင်းတန်း တစ်ခုဟာ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ ။ ဟူး……ဟူး……ဟူး…… ရေခဲမှုန်တွေက ဓားအကာအကွယ်ပေါ်မှာ ဖြစ်တည်လာပေမယ့် အကာအကွယ်ကိုတော့ ချိုးဖျက်နိုင်စွမ်း မရှိပါဘူး ။ " ပြေးမှ " အဖြူရောင် ရေနဂါးက အတော်လေး ဉာဏ်ကောင်းတယ်လို့ ဆိုရမှာပါပဲ ။ သူက လီဖူချန်းရဲ့ ခုခံပုံကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ဖက်လူဟာ သူ့ထက် အများကြီး အစွမ်းထက်တယ် ဆိုတာကို ရိပ်မိသွားပါတယ် ။ ဗွမ်း…… အဲသည်အတွက် သူက လီဖူချန်းကို တိုက်ခွင့်တောင် မပေးဘဲ ပင်လယ်ထဲကို ဒိုင်ဗင် ထိုးဆင်းပြီး ပျောက်ကွယ် သွားခဲ့ပါပြီ ။ " ကျုပ်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် မောင်ရင်လေး " အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူက ဒဏ်ရာ အပြင်းအထန် ရသွားပေမယ့်လည်း ပျံသန်းနိုင်နေဆဲပါပဲ ။ " ဦးလေး …… တစ်ချက်လောက် " ဒါပေမဲ့လည်း လီဖူချန်းက သူ့ကို သည်အတိုင်း မထားလိုက်ပါဘူး ။ သူက အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ လူအနားကို ကပ်သွားလိုက်ပြီး သူ့ရဲ့ နတ်ဓားစွမ်းအင်တွေကို သွင်းပေးလိုက်ပါတယ် ။ သူက အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ လူရဲ့ ကိုယ်ထဲမှာ အအေးဓာတ် အဆိပ်တွေ ရှိနေတာကို မြင်နေရတာ မဟုတ်ပါလား ။ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူရဲ့ ကိုယ်ထဲက အအေးဓာတ် အဆိပ်တွေကို ဖယ်ပေးပြီးတဲ့ အခါမှ လီဖူချန်းက " ဦးလေး…… သည်နားမှာ ကုန်းမြေတိုက် တစ်ခုခု မရှိဘူးလားဗျ " အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ လူက ဘာမှ ပြန်မပြောလာပါဘူး ။ သူက မျက်လုံးမှိတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြွင်းကျန်ရစ်နေတဲ့ အအေးဓာတ် အဆိပ်တွေကို တိုက်ထုတ်ဖို့ အတွက်ကိုပဲ အာရုံစိုက်နေခဲ့ပါတယ် ။ အတန်ကြာမှ သူက သက်ပြင်း တစ်ချက် ချလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ လီဖူချန်းကို အရိုအသေ ပေးလိုက်ပါတယ် ။ " မောင်ရင်လေး…… သည်အနီးအနားမှာ ကောင်းကင်မဏ္ဍိုင်ဆိုတဲ့ ကုန်းမြေတိုက် တစ်ခု ရှိပါတယ် ။ ဦးလေးက အဲသည် ကုန်းမြေတိုက်ကပါ " " ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်လား…… အဲသည် ကုန်းမြေတိုက်ရဲ့ အဆင့်က ဘယ်လောက်လဲ " ရန်ချင်းဟူက မေးလိုက်ပါတယ် ။ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး " ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်က အလယ်အလတ်တန်းစား ကုန်းမြေတိုက်တွေထဲမှာ ထိပ်ဆုံး အဆင့် ရှိပါတယ် ။ ပြီးတော့ သည်ကုန်းမြေတိုက်မှာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကို စိတ်ကြိုက် လှုပ်ရှားခွင့် ပေးထားပါတယ် " " အလယ်အလတ် အဆင့် ကုန်းမြေတိုက်တွေထဲမှာ ထိပ်ဆုံးလား " လီဖူချန်း နဲ့ ရန်ချင်းဟူတို့ရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့ပါပြီ ။ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူရဲ့ စကားအရ ဆိုရင် ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်နဲ့ အဆင့် အတူတူပါပဲ ။ တကယ်လို့သာ သူတို့အနေနဲ့ သည်ကုန်းမြေတိုက်မှာ ကျင့်ကြံလိုက်မယ် ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို အလျင်အမြန် ချိုးဖောက် ဝင်ရောက် နိုင်လောက်ပါတယ်။ ( တောင်းပန်ခြင်း - ကျွန်တော် အလုပ်ကိစ္စနဲ့ ရွှေမှော်ဘက် ခဏ သွားလိုက်ရလို့ ပျောက်သွားမိတာပါ ။ အားလုံးကို တောင်းပန်ပါတယ်ဗျ ။ )
***