← Chapters

အပိုင်း-၆၉၁

Vol. 51 Ch. 691

အပိုင်း-၆၉၁

Vol. 51 Ch. 691

အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို အနိုင်ယူခြင်း " လွှတ်စမ်း …… ငါ့ကို လွှတ်စမ်း " အရိုးစုကြီးက ခန္ဓာကိုယ် တစ်ခုလုံးကို အားကုန် ယမ်းခါပြီး ချောက်ချားဖွယ်ရာ အသံကြီးနဲ့ အော်ဟစ်နေပါတယ် ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေလည်း မီးခိုးရောင် မီးတောက်တွေက ထွက်ပေါ် လာခဲ့ပါသေးတယ် ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဧရာမ လက်ကြီးကို လောင်ကျွမ်း ပြာကျစေဖို့ပါပဲ ။ ဒါပေမဲ့လည်း ဧရာမ လက်ကြီးက မယုံနိုင်စရာ ကောင်းလောက်အောင်ကို မာကျောကြီး တောင့်တင်းလွန်းနေတဲ့အတွက် မီးခိုးရောင် မီးတောက်တွေက လက်ကြီးကို မီးစွဲအောင်တောင် မလုပ်နိုင်ခဲ့ပါဘူး ။ လက်ကြီးကို ပြာကျအောင် လုပ်ဖို့ ဆိုရင်တော့ စဉ်းကို မစဉ်းစားပါနဲ့တော့ ။ " သေးစမ်း " ကြီးတာက အလုပ် မဖြစ်တဲ့ နောက်မှာတော့ အရိုးစုကြီးဟာ သေးတဲ့ဘက်ကို ပြန်ပြီး ခြေဦး လှည့်ပြန်ပါတယ် ။ ဟူး……ဟူး……ဟူး…… သည်တစ်ကြိမ်မှာတော့ သေးတာက အလုပ်ဖြစ်တဲ့ ပုံပါပဲ ။ အရိုးစုကြီးက တစ်စထက် တစ်စ သေးသွားပြီတဲ့ နောက်မှာတော့ လေဟာနယ် ဟင်းလင်းပြင်နဲ့ ရောနှော ပေါင်းစပ်ပြီး ပျောက်ကွယ် သွားပါတော့တယ်။ " ကောင်းလိုက်တဲ့ မှော်ဝင် ရတနာပါလား " လီဖူချန်းကတော့ ပါးစပ်အဟောင်းသားနဲ့ပါပဲ ။ သည်မှော်ဝင် ရတနာ ပစ္စည်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ အစွမ်းကို မြှင့်တင်ပေးရုံတင် မကပါဘူး ။ အဲဒါက လေဟာနယ် ဟင်းလင်းပြင်နဲ့ပါ ရောနှော ပေါင်းစပ် နိုင်ပါသေးတယ် ။ လေဟာနယ် ဟင်းလင်းပြင်နဲ့ ရောနှော ပေါင်းစပ်တယ် ဆိုတာက ကိုယ်ပျောက် မန္တာန် နဲ့ အလုပ် လုပ်ဆောင်ပုံခြင်း အတူတူပါပဲ ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ လက်ရှိ ကိုယ်ပျောက် မန္တာန်က အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ရတနာ ပစ္စည်းရဲ့ လုပ်ဆောင်နိုင်စွမ်းထက် အများကြီး နိမ့်ကျနေပါသေးတယ် ။ …… လေရူးတောင်နဲ့ မိုင်ပေါင်းဒါဇင်ချီ ကွာဝေးတဲ့ အရပ်က ကောင်းကင်ယံမှာတော့ လူသား အရွယ်အစား ရှိတဲ့ အရိုးစု တစ်ခုဟာ ရုတ်တရက် ပေါ်လာခဲ့ပါတယ် ။ အဲသည် အရိုးစုကတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ပါပဲ ။ " တောက် …… ဘယ်လိုလုပ်ပြီး အဲသည် ခွေးစုတ်လေးက သည်လောက်အထိ အစွမ်း ထက်လာတာလဲ ။ သူက ဓားတာအိုကို ကျင့်ကြံသူ မဟုတ်ဘူးလား ။ ဘယ်လိုဖြစ်ပြီး အခု သူက ရုတ်တရက် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ ဖြစ်သွားတာလဲ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ပါတယ် ။ တကယ်လို့ လီဖူချန်းက သူ့ဓားတာအို အစွမ်းကို သုံးပြီး တိုက်ခိုက်နေဦးမယ် ဆိုရင် သူက လီဖူချန်းကို လုံးဝ ဂရုစိုက်မှာ မဟုတ်ပါဘူး ။ သူက လီဖူချန်းကော ရန်ချင်းဟူကိုပါ အချိန်တိုအတွင်းမှာ ဖိနှိပ် ပစ်နိုင်ဖို့ ယုံကြည်မှု အပြည့် ရှိပါတယ် ။ ဒါပေမဲ့လည်း အခုတော့ သူက လီဖူချန်း တစ်ယာက်တည်းကိုတောင် မဖိနှိပ် နိုင်ခဲ့ပါဘူး ။ " တောက် …… အရိုးစု လက်ကောက်ကိုပါ ငှားခဲ့ရမှာကွာ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က တောက်တစ်ချက် ခေါက်ပြီး မကျေမချမ်းနဲ့ ရေရွတ်လိုက်ပါတယ် ။ အရိုးစု မှော်ဝင်ရတနာ ပစ္စည်းက အစုံလိုက် ရှိတဲ့ ရတနာပစ္စည်း ဆိုရင်လည်း မမှားပါဘူး ။ အဲသည်ရတနာမှာက အရိုးစု ဝတ်ရုံ ၊ အရိုးစု လက်ကောက် နဲ့ အရိုးစု လည်ဆွဲတို့ ပါဝင်ပါတယ် ။ သည်အရိုးစု မှော်ဝင်ရတနာ ပစ္စည်းက အစုံလိုက်ဆိုရင် အဆင့်မြင့် ဧကရာဇ် တစ်ပါးကိုတောင်မှ မဟာ ဧကရာဇ် တစ်ပါး အဆင့်ရဲ့ အစွမ်းမျိုး ပိုင်ဆိုင်နိုင်အောင် စွမ်းဆောင် ပေးနိုင်ပါတယ် ။ နောက်ပြီး သည်မှော်ဝင် ရတနာ ပစ္စည်းရဲ့ သမိုင်းကလည်း သာမန် မဟုတ်ပါဘူး ။ တစ်ချိန်က ဦးခေါင်းခွံ မဟာ ဧကရာဇ်ဟာ သည်မှော်ဝင်ရတနာ ပစ္စည်း အစုံလိုက်ကို အမြတ်တနိုး ဝတ်ဆင်ခဲ့တာပါ ။ နောက်ပိုင်းမှ သူက ပိုမိုကောင်းမွန်တဲ့ မှော်ဝင်ရတနာ ပစ္စည်း အစုံကို ထပ်ရသွားတဲ့အတွက် သည်ကို ပစ္စည်းကို ရတနာ ပစ္စည်း အငှားခန်းဆောင်ကို ပို့ပြီး ငှားရမ်း ရယူခွင့် ပေးလိုက်တာ ဖြစ်ပါတယ် ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ အရိုးစု မှော်ဝင်ရတနာ ပစ္စည်းရဲ့ ငှားရမ်းနှုန်းဟာ အရေအတွက်ပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားသွားတယ် ဆိုတာပါပဲ ။ တကယ်လို့ ရတနာပစ္စည်း တစ်မျိုးတည်း ငှားရမ်းမယ် ဆိုရင် ငှားရမ်းခက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သောင်းသာ ကျသင့်မှာ ဖြစ်ပေမယ့် ရတနာ ပစ္စည်း နှစ်မျိုးကို ငှားရမ်းမယ် ဆိုရင်တော့ ငှားရမ်းခက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲအထိ ကျသင့်မှာ ဖြစ်ပါတယ် ။ အရိုးစု မှော်ဝင်ရတနာ ပစ္စည်း တစ်စုံလုံးကို ငှားရမ်း ရယူမယ် ဆိုရင်တော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသိန်းတောင် ကျသင့်မှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဖြေသာတာ တစ်ခုကတော့ ငှားရမ်း အသုံးပြုခွင့်ရတဲ့ အချိန်က တစ်နှစ်တိတိ ဖြစ်ပြီး အဲသည်အချိန်တွင်းမှာ ငှားရမ်းရယူထားသူဟာ ရတနာ ပစ္စည်းကို စိတ်ရှိသလို အသုံးပြုခွင့် ရှိတာပါပဲ ။ နောက်ပြီး တကယ်လို့ ငှားရမ်းထားတဲ့ အချိန်အတွင်းမှာ တခြားတစ်ယောက်က လာငှားမယ် ဆိုရင်လည်း စိတ်ကြိုက် တန်ဖိုးနဲ့ ပြန်လည် ငှားရမ်းပေးခွင့် ရှိပါသေးတယ် ။ " တောက် …… ငါသည်အတိုင်း ပြန်သွားရင် ငါ့သိက္ခာတွေ ကုန်းကောက်စရာ မရှိအောင် ကျသွားလိမ့်မယ် " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အသာတကြည် ဆုတ်ခွာသွားလို့ ရနေပြီ ဖြစ်ပေမယ့်လည်း သည်အတိုင်းတော့ မဆုတ်ခွာ သွားချင်ပါဘူး။ သူက မဆုတ်ခွာခင်မှာ လီဖူချန်းကို တတ်နိုင်သလောက် ဒုက္ခ ပေးသွားချင်ပါသေးတယ် ။ "အရိုးစု နတ်မီးတောက် " အရိုးစုက နောက်ထပ် တစ်ကြိမ် ကြီးမားလာပြီးတဲ့ နောက်မှာတော့ ပိန်းတိတ်အောင် နက်မှောင်နေတဲ့ မဟူရာ မီးတောက်ကြီး တစ်ခုဟာ လေရူးတောင်ဆီကို တိုးဝင်သွားခဲ့ ပြန်ပါပြီ ။ သည်မဟူရာ မီးတောက်က သာမန် မီးတောက် မဟုတ်ပါဘူး ။အဲဒါက အစစ်အမှန် ကောင်းကင် မီးတောက် ဖြစ်ပါတယ် ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ မီးတောက်တွေကို သာမန် ၊မြေကမ္ဘာ နဲ့ ကောင်းကင် ဆိုပြီး အမျိုးအစား သုံးခု ခွဲခြားထားတယ် ဆိုတာပါပဲ ။ နောက်ပြီး မီးတောက်အမျိုးအစား တစ်ခုချင်းစီရဲ့ အစွမ်းကလည်း အဆင့်ပေါ် မူတည်ပြီး အစွမ်းထက်မြက်ပုံချင်း ကွာခြားပါသေးတယ် ။ အထွတ်အထိပ် အဆင့် မြေကမ္ဘာ မီးတောက်က ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးကို သတ်နိုင်ရုံတင် စွမ်းဆောင်နိုင်ပေမယ့် ကောင်းကင် မီးတောက်ကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးကို ပြာကျသွားအောင်တောင် လောင်ကျွမ်း စေနိုင်ပါတယ် ။ ရှဲ…… မဟူရာ မီးတောက်ကြီးက အနက်ရောင် နဂါးကြီး တစ်ကောင်လိုပါပဲ ။ အဲဒါက သူ့ရဲ့ လမ်းကြောင်းမှာ ရှိသမျှ အရာအားလုံးကို လောင်ကျွမ်း သွားစေပါတယ် ။ " ဟင် " လီဖူချန်းကလည်း သည်လောက်အထိ အားကောင်းတဲ့ မီးတောက်ကြီးကို သတိမထားမိဘဲ မနေပါဘူး ။ အဲသည်အတွက် သူက မျက်မှောက် တစ်ချက် ကြုတ်ပြီး တန်ပြန် လက်ဝါးတစ်ချက် ရိုက်လိုက်ပါတယ် ။ ဝုန်း…… တန်ခိုးစွမ်းအားလက် နဲ့ မဟူရာ မီးတောက်တို့ ထိပ်တိုက် တွေ့ဆုံကြတဲ့ အခိုက်အတန့်မှာတော့ တန်ခိုးစွမ်းအားလက်ဟာ အရည် ပျော်ကျမယ့် အရိပ်အယောင် လက္ခဏာတွေ ပြလာခဲ့ပါပြီ ။ အဲဒါက မီးနဲ့ တွေ့သွားတဲ့ ဖယောင်းလိုပါပဲ ။ ရှဲ…… နောက်ဆုံးမှာတော့ မဟူရာ မီးတောက်ဟာ တန်ခိုးစွမ်းအားလက်ကို လောင်ကျွမ်းစေပြီး ကျော်ဖြတ် သွားနိုင်ခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ ကျန်ရှိနေသေးတဲ့ မီးတောက် အကြွင်းအကျန်တွေက လီဖူချန်းဆီကို မြွေတစ်ကောင်လို တိုးဝင် သွားခဲ့ပြန်ပါတယ် ။ " စိတ်ဝင်စားစရာပဲ ။ ခင်ဗျား သည်လို မီးတောက်တွေ ဘယ်လောက် ထုတ်နိုင်မလဲ ဆိုတာကို ကြည့်ရသေးတာပေါ့ " စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး မရေမတွက်နိုင်တဲ့ လက်ဝါးရိပ်တွေကို ရိုက်ထုတ် ပစ်လိုက်ပါတယ် ။ ဘန်း……ဘန်း……ဘန်း…… မဟူရာ မီးတောက် အကြွင်းအကျန်က လက်ဝါးရိပ်တွေကို ဘယ်လိုမှ မတောင့်ခံနိုင်ပါဘူး ။ " များလိုက်တဲ့ လက်ဝါးရိပ်တွေပါလား " အရိုးစု အတွင်းမှာ ရှိနေတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က မျက်လုံး အပြူ းသား ဖြစ်နေခဲ့ပါပြီ ။ မှော်ဝင်ရတနာ ပစ္စည်း ဆိုတာက အငှားစွမ်းအား တစ်ခုသာ ဖြစ်တဲ့အတွက် ကိုယ်ပိုင် အစွမ်းလောက်တော့ စိတ်တိုင်းကျ သုံးလို့ မရပါဘူး ။ ဒါပေမဲ့လည်း အရိုးဖြူ မိစ္ဆာ ဧကရာဇ်က လီဖူချန်းကို လုံးဝ အလျော့ မပေးလိုတဲ့အတွက် အံကို တင်းတင်း ကျိတ်ပြီး မဟူရာ မီးတောက် တစ်ဒါဇင်ကျော်ကို မှုတ်ထုတ် ပစ်လိုက်ပါတယ် ။ အဲသည်နောက်မှာတော့ မီးတောက်တွေဟာ ကောင်းကင်ပြင် တစ်ခုလုံးကို လွှမ်းမိုးသွားပြီး လက်ဝါးရိပ်တွေကို ဝါးမျို ဖို့ ကြိုးစားပါတော့တယ် ။ ွှှရှဲ……ရှဲ……ရှဲ…… ဖောင်း…… ဘန်း……ဘန်း…… ဒါပေမဲ့လည်း လက်ဝါးရိပ်တွေက မီးတောက်တွေကို ဖြတ်ကျော်ပြီး အရိုးစု ဆီကို တိုးဝင် လာနေဆဲပါပဲ ။ မဟူရာ မီးတောက်တွေက လက်ဝါးရိပ်တွေကို ဝါးမျို နိုင်တယ် ဆိုပေမယ့်လည်း လက်ဝါးရိပ်တွေက မယုံနိုင်လောက်အောင်ကို များပြားလွန်းလှပါတယ် ။ ဝုန်း…… ဝုန်း……ဝုန်း…… အဲသည်နောက်မှာတော့ အရိုးစုကြီးဟာ အရေအတွက် ဘယ်လောက်မှန်း သေသေချာချာ မသိရတဲ့ လက်ဝါးရိပ်တွေကြောင့် ပျက်စီးလု နီးပါး ဖြစ်သွား ခဲ့ရပါပြီ ။ " လခွီးပဲ …… ဒါက ဘယ်လို ဖြစ်ရတာလဲ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အရိုးစု အသွင်နဲ့ ဆက်ပြီး မနေနိုင်တော့ပါဘူး ။ သူက သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး နဂိုမူလ အသွင်ကို ပြန်ပြောင်း လိုက်ရပါတယ် ။ " အရိုးဖြူ မိစ္ဆာ ဧကရာဇ် ……နောက်တစ်ခေါက် ကျုပ်ဆီကို ခင်ဗျားလာပြီး ပြသနာ ရှာမယ် ဆိုရင် အခေါင်းပါ တစ်ခါတည်း ပြင်ခဲ့ ။ ခင်ဗျားနောက်မှာ အရိုးခေါင်းခွံ မဟာ ဧကရာဇ် ရှိနေလို့ ကျုပ်က ခင်ဗျားကို မသတ်ရဲဘူး ထင်နေလား " အဲသည် အချိန်မှာပဲ လီဖူချန်းရဲ့ အေးစက်စက် စကားသံက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ နားထဲကို ဝင်ရောက် လာပြန်ပါတယ် ။ " မင်းက ငါ့ကို သတ်မယ် ပြောရအောင် မင်းဆီမှာ ငါ့ကို သတ်နိုင်တဲ့ အစွမ်း တကယ် ရှိလို့လား " အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကလည်း မာနကြီးပြီး ဝင့်ကြွားတဲ့သူ တစ်ယောက် ဖြစ်တဲ့အတွက် လုံးဝ ဆတ်ဆတ်ထိ မခံပါဘူး ။ မဟာ ဧကရာဇ် တစ်ပါးတောင်မှ မပြောရဲတဲ့ စကားကို သည်လို ဘာမှမဟုတ်တဲ့ နောက်ပေါက် လူငယ်လေး တစ်ယောက်က ပြောရဲသတဲ့လား ။ သူ့ကို သတ်မယ်လို့ ပြောနိုင်တဲ့ အဆင့် ရှိသူဟာ အနည်းဆုံးတော့ ထိပ်တန်း မဟာ ဧကရာဇ် တစ်ပါး အဆင့်မှာ ရှိရပါမယ် ။ " မယုံရင် ခင်ဗျား စမ်းကြည့်လေ " စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူူချန်းက လက်နှစ်ဖက်ကို ခပ်အုပ်အုပ် တီးလိုက်ပါတယ် ။ အဲသည်နောက်မှာတော့ မိုင်ပေါင်း ၂၀ကျော်လောက် ရှိတဲ့ လက်ဝါးကြီး နှစ်ဖက်ဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို အလယ်မှာ ညှပ်ထားလိုက်ပါပြီ ။ " ညှစ်စမ်း " လီဖူချန်းရဲ့ အမိန့်သံ တစ်ခုကို ထပ်ပေးလိုက်ပြန်ပါတယ် ။ အဲသည်နောက်မှာတော့ လက်ဝါးကြီး နှစ်ဖက်ဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို အမှုန့်ဖြစ်သွားအောင် ညှစ်ခြေပါတော့တယ် ။ ဒါပေမဲ့လည်း အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အရိုးဖြူ ဘဝပြောင်း ပညာရပ်ကို တတ်ကျွမ်းထားတဲ့အတွက် အမှုန့် ဘဝကနေ လူအသွင်ကို ပြန်လည် ကူးပြောင်း လာပြန်ပါတယ် ။ တစ်ဖက်မှာ ရှိနေတဲ့ လက်ကြီး နှစ်ဖက်ကလည်း အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို လုံးဝ အခွင့်အရေး မပေးပါဘူး ။ သူတို့က အရိုးဖြူ မိစ္ဆာ ဧကရာဇ် လူအသွင် အပြည့်အဝ မပြောင်းနိုင်ခင်မှာပဲ သူ့ကို အမှုန့်ဖြစ်အောင် ပြန်ညှစ်ခြေ ပစ်ပြန်ပါတယ် ။ တတိယ အကြိမ် …… စတုတ္ထ အကြိမ် ……ပဉ္စမ အကြိမ် …… အရိုးဖြူ ဘဝပြောင်း ပညာရပ်ကို ငါးကြိမ်တိတိ ပြောင်းပြီးတဲ့ နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ အတော်လေး မောပန်း လာခဲ့ပါပြီ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ သူ့ရဲ့ အရိုးဖြူ ဘဝပြောင်း ပညာရပ်က အကန့်အသတ်မဲ့ သုံးလို့ရတဲ့ ပညာရပ်မျိုး မဟုတ်ပါဘူး ။ထိုက်သင့်တဲ့ အရေအတွက် တစ်ခုအထိ ရောက်သွားပြီ ဆိုရင် သူဟာ အသက် ပြန်ရှင်နိုင်စွမ်း ကင်းမဲ့သွားမှာ ဖြစ်ပါတယ် ။ " ရပ်တော့ ……… မြန်မြန်လေး ရပ်လိုက်တော့ " အသက်ဘေးနဲ့ နီးလာတဲ့ အချိန်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ကြောက်လန့်တကြား အော်ဟစ် လာခဲ့ပါတယ် ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ လုံးဝ မရပ်ပါဘူး ။သူက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ အော်သံကို လုံးဝ မကြားသလိုပါပဲ ။ ဆဋ္ဌမ အကြိမ်…… သတ္တမ အကြိမ် …… " ခွေးမသားလေး …… ငါတို့ အရိုးခေါင်းခွံဂိုဏ်းက မင်းကို လွှတ်ထားပေးမှာ မဟုတ်ဘူးကွ ။ မင်းကတော့ သေပြီပဲ " " ရပ်တော့ ……ရပ်လိုက်တော့ …… ငါအရှုံး ပေးပါပြီကွာ " " သူရဲကောင်းလေး …… ရပ်လိုက်ပါတော့ ။ ကျေးဇူးပြု ပြီး ဦးလေးရဲ့ အသက်ကို ချမ်းသာပေးပါ " နောက်ဆုံး အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အမျိုးမျိုး တောင်းပန် ခယတဲ့ အချိန်မှာမှ လီဖူချန်းက ညှစ်ခြေနေတာကို ရပ်လိုက်ပါတော့တယ် ။ သည်တစ်ကြိမ်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ အမှုန့် ဘဝကနေ လူအသွင် ပြန်ပြောင်းလာဖို့ အတွက် အချိန် အနည်းငယ် ယူလိုက်ရပါတယ်။ သူ့ရဲ့ မျက်နှာက သွေးမရှိတော့သလို ဖြူစွတ်နေပြီး သူ့ရဲ့ မျက်လုံးတွေကလည်း အရောင် ကင်းမဲ့ နေသလိုပါပဲ ။ သူ့ရဲ့ မျက်လုံးတွေထဲမှာက လီဖူချန်းကို မုန်းတီးတဲ့ အရိပ်အယောင်တွေ ရှိနေဆဲ ဖြစ်ပေမယ့် အကြောက်တရား ဆိုတဲ့ အရိပ်အယောင်ကလည်း ရောနှော ပါဝင်နေခဲ့ပါတယ် ။ " သွားတော့ ။ ကျုပ်မျက်စိရှေ့ ထပ်ပေါ် မလာနဲ့" လီဖူချန်းက လက်တစ်ဖက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ အဝေးကို လွင့်ထွက် သွားခဲ့ပါပြီ ။ လီဖူချန်းက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ မျက်နှာကို ထောက်ထားတဲ့အတွက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို မသတ်လိုက်ပါဘူး ။ (note - အရိုးခေါင်းခွံ = ဦးခေါင်းခွံ ) ယန်ထျန်းရဲ့ ပြောကြားချက်အရ ဆိုရင် အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ ထိပ်တန်း မဟာ ဧကရာဇ်တွေထဲမှာ ပါဝင်ပါတယ် ။ သည်ကုန်းမြေတိုက်မှာက သူ့ကို ယှဉ်နိုင်သူဟာ တစ်ယောက် ၊ နှစ်ယောက်ထက် မပိုပါဘူး ။ တကယ်လို့ လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ဒဏ်ရာ နည်းနည်းပါးပါး ရစေရုံလောက်ပဲဆိုရင် အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ဝင်ပါလာမှာ မဟုတ်ပေမယ့် တကယ်လို့ လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို သတ်ပစ်လိုက်မယ် ဆိုရင်တော့ သူဟာ သည်ကိစ္စကို သေချာပေါက် စွက်ဖက် လာပါလိမ့်မယ် ။ အဲသည်အချိန် ကျရင်တော့ ယန်ကလန်ကို ကျောထောက်နောက်ခံ ပေးထားတဲ့ ကောင်းကင်မီးတောက် အစည်းအရုံးကလည်း လီဖူချန်းကို ကာကွယ် ပေးနိုင်မှာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက သူတို့နဲ့ ဘာမှ မသက်ဆိုင်တဲ့ အပြင်လူ တစ်ယောက် ဖြစ်နေတာ မဟုတ်ပါလား ။ တကယ်လို့ သူတို့ကပါ သည်ကိစ္စထဲကို ဝင်ပါလာမယ် ဆိုရင် နှစ်ဖက်စလုံးဟာ မဟာစစ်ပွဲကြီး တစ်ပွဲကို မဖြစ်မနေ တိုက်ရတော့မှာ ဖြစ်ပါတယ် ။ အဲသည်အချိန်မှာတော့ ယန်ကလန် တစ်ခုလုံးဟာ ဆူညံ ပွက်လော ရိုက်နေခဲ့ပါပြီ ။ သူတို့အနေနဲ့ ပွက်လော မရိုက်ရင်လည်း မကောင်းပါဘူး ။ လီဖူချန်း နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့ရဲ့ တိုက်ပွဲက တကယ်ကို ကြောက်စရာ ကောင်းလှလွန်းတာ မဟုတ်ပါလား ။ လေပြင်းတောင်တန်းက တောင်တွေကို ကျော်ပြီး ကောင်းကင်ထိ ထိုးတက်သွားတဲ့ အရိုးစုကြီး…… အရိုးစုကြီးနဲ့အတူ လိုက်ပြီး ကြီးမားနေတဲ့ ဧရာမ လက်ကြီး …… အရိုးဖြူ မိစ္ဆာ ဧကရာဇ် အမှုန့်ဖြစ်အောင် ဆက်တိုက် ခြေမွနေတဲ့ လက်ကြီး နှစ်ဖက် …… အမှုန့်အဖြစ် ခြေမွ ခံရပေမယ့်လည်း ပြန်လည် ရှင်သန်လာတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်…… အစရှိတဲ့ အရာ အားလုံးဟာ သူတို့တွေအတွက်တော့ ကြောက်မက်ဖွယ်ရာတွေချည်းပါပဲ ။ နောက်ပြီး အဲသည်လောက် အစွမ်းထက်တာတောင်မှ လီဖူချန်းကို အနိုင် မယူနိုင်ဘဲ တောင်းပန်တိုးလျှိုး သွားခဲ့ရတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်…… တကယ်လို့ သည်ကိစ္စကသာ အပြင်ကို ပျံနှံ့သွားမယ် ဆိုရင် ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးတောင်မှ ဆူညံ ပွက်လော ရိုက်သွားမှာ အသေအချာပါပဲ ။ " သူရဲကောင်းလေးလီက ပါရမီပိုင်းမှာ တကယ် ပြည့်ဝတာပဲ ။ သူက ဘယ်ကုန်းမြေတိုက်က လာတာလဲ မသိဘူး " ယန်ကလန်အတွင်းမှာ ရှိနေတဲ့ ယန်ထျန်း နဲ့ ယန်လုံတို့က တူညီတဲ့ မေးခွန်း တစ်ခုကို စိတ်ထဲကနေ မေးနေရင်းနဲ့ အချင်းချင်း စိုက်ကြည့် လိုက်မိကြပါတယ် ။ သည်ကမ္ဘာလောကကြီးက ကြီးမားလွန်းလှတဲ့ အတွက် ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ထက် ပိုအစွမ်းထက်တဲ့ ကုန်းမြေတိုက်တွေဟာ မနည်းမနော ရှိနေမှာ အသေအချာပါပဲ ။ …… အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို အနိုင်ယူပြီး ပေမယ့်လည်း လီဖူချန်းတစ်ယောက် ရတက် မအေးနိုင်သေးဘူး ။ မိစ္ဆာတာအို လမ်းစဉ်က လူတိုင်းဟာ ကောက်ကျစ် စဉ်းလဲလွန်းပြီး ခန့်မှန်းရ ခက်ခဲလွန်း လှပါတယ် ။ အထူးသဖြင့် အရှက်တကွဲ အကျိုးနည်း သွားရတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သည်ကိစ္စကို သည်အတိုင်း ထားလိုက်မှာ မဟုတ်ပါဘူး ။သူက လီဖူချန်းကို ရင်ဆိုင်ဖို့အတွက် တခြား တစ်နည်းနည်းကို ကြံဦးမှာပါပဲ ။ " အင်း……ငါ့ရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ် အကန့်အသတ်ကို မြှင့်တင်ပေးနိုင်မယ့် ဆေးဝါး တစ်ခုခု ရှိရင် ငါ့အနေနဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချက်ချင်း ရောက်သွားမှာပဲ ။ ယန်ကလန်ကို သွားမေးကြည့်ဦးမှ " အတွေးတစ်ခု ရလာတဲ့ နောက်မှာတော့ လီဖူချန်းဟာ ယန်ထျန်း နဲ့ ယန်လုံတို့ဆီကို ဦးတည်လိုက်ပါတော့တယ် ။ " သူရဲကောင်းလေးလီက စွမ်းအင် ဗဟိုချက်မ ပင်လယ် အကန့်အသတ်ကို မြှင့်ချင်တာလား " လီဖူချန်းရဲ့ မေးခွန်းကို ကြားပြီးတဲ့ နောက်မှာတော့ ယန်ထျန်း နဲ့ ယန်လုံတို့ဟာ အချင်းချင်း မတိုင်ပင်ဘဲ ကြည့်မိလိုက်ကြပါတယ် ။ ့ကြည့်ရတာတော့ သူတို့က အခုချိန်အထိ လီဖူချန်းကို အထင်သေးမိနေသေးပုံပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျင့်ကြံမှု အပိုင်းမှာ အလွန်အမင်း မြန်ဆန်လွန်းတဲ့ သူတွေမှသာ စွမ်းအင် ဗဟိုချက်မ ပင်လယ် အကန့်အသတ်ကို မြှင့်တင်ပေးတဲ့ ဆေးပင်တွေ လိုအပ်ကြတာ မဟုတ်ပါလား ။ နောက်တစ်နည်း ပြောရမယ် ဆိုရင် သည်လိုဆေးပင်မျိူ း ဆိုတာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေမှသာ အသုံးပြုလေ့ ရှိတာလည်း ဖြစ်ပါတယ် ။ " သူရဲကောင်းလေးလီ …… ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာက သူရဲကောင်းလေး လိုချင်တဲ့ ဆေးပင်မျိုး ရှိပါတယ် ။ ဒါပေမဲ့ သူတို့ရဲ့ တန်ဖိုးက မြင့်လွန်းပြီး ရှားပါးလွန်းတော့ ကျုပ်တို့ ယန်ကလန် အနေနဲ့ ……" ယန်ထျန်းက စကားကို ဆုံးအောင်တောင် မပြောရသေးပါဘူး ။ လီဖူချန်းက လက်ကာပြလိုက်ပြီး ဖြတ်ပြော လိုက်ပါတယ် ။ " ရတယ် ။ အဲသည် ဆေးပင်တွေရဲ့ တန်ဖိုး ဘယ်လောက်ကြီးကြီး ကျုပ်အတွက် ကိစ္စ မရှိဘူူး ။ရော့…… သည်မှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သောင်း ။ ကျန်တာကတော့ ခင်ဗျားရဲ့ အစွမ်းအစကို ကြည့်ရမှာပဲ " လီဖူချန်းမှာက အဆင့်မြင့် ဝိညာဉ် ကျောက်တုံး တစ်သောင်း နီးပါးသာ ရှိတယ် ဆိုပေမယ့် သူ့ရဲ့ တခြား ပစ္စည်းတွေ အကုန်လုံးကို ထုခွဲ ရောင်းချလိုက်မယ် ဆိုရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး စ်သန်းတောင် ကမှာ မဟုတ်ပါဘူး ။ အဲသည်အတွက် သူက အဆင့်မြင့် ဝိညာဉ် ကျောက်တုံး ၅သောင်းလောက်ကို မျက်တောင် တစ်ချက် မခတ်ဘဲ သုံးဖြုန်း နိုင်ပါတယ် ။ " သည်လိုဆိုရင်လည်း ကျုပ်တို့ အကောင်းဆုံး စွမ်းဆောင်ပေးပါ့မယ် " ယန်ထျန်း နဲ့ ယန်လုံတို့က သူတို့ယန်ကလန်ရဲ့ အနာဂတ်ဟာ လီဖူချန်းအပေါ် မူတည်တယ် ဆိုတာကို တွက်ဆ ထားပြီးပါပြီ ။ အဲသည်အတွက် သူတို့က လီဖူချန်း လိုအပ်တာ မှန်သမျှကို အကောင်းဆုံး ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ ။ ……… သည်လိုနဲ့ပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံး သွားခဲ့ပါပြီ ။ ယန်ကလန်က သူတို့ရဲ့ လူတွေကို အနယ်နယ် အရပ်ရပ်ကို စေလွှတ်ပြီး ဆေးပင် ရှာပုံတော် ဖွင့်ခိုင်းလိုက်တဲ့ အခါမှာတော့ စွမ်းအင် ဗဟိုချက်မ ပင်လယ် အကန့်အသတ်ကို မြှင့်တင် ပေးနိုင်တဲ့ ဆေးပင် တချို့ ရလာခဲ့ပါတယ် ။ ဒါပေမဲ့လည်း အဲသည် ဆေးပင်တွေရဲ့ အဆင့်အတန်း နဲ့ အရည်အသွေးက သိပ်ပြီး မကောင်းလှပါဘူူး ။ လီဖူချန်းက နှစ်တစ်သောင်း အမြစ်မဲ့ပန်းနဲ့ ယှဉ်နိုင်တဲ့ ဆေးပင်မျိုးကို လိုအပ်တာပါ ။ တကယ်လို့ အဲသည်လို ဆေးပင်မျိုး မရှိဘူး ဆိုရင်တောင်မှ သူဟာ နှစ်တစ်ထောင် အမြစ်မဲ့ပန်းလို အစွမ်းရှိတဲ့ ဆေးပင်မျိုးကို ထိုက်သင့်တဲ့ အရေအတွက် တစ်ခုအထိ လိုအပ်ပါတယ် ။ …… ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာက အဓိက အင်အားစုကြီး ဆယ်စု ရှိပြီး ခြောက်စုက လမ်းမှန် အင်အားစုတွေ ဖြစ်ကာ လေးခုက လမ်းမှား အင်အားစုတွေ ဖြစ်ပါတယ် ။ အဲသည် လမ်းမှား အင်အားစု လေးစုကတော့ မကောင်းဆိုးဝါး ဧကရာဇ် တောင်ကြား ၊ ဖုတ်ကောင် အစည်းအရုံး ၊ အရိုးခေါင်းခွံဂိုဏ်း နဲ့ အဆိပ်နဂါး နန်းတော်တို့ပါပဲ ။ အဲသည်ထဲမှာမှ ဖုတ်ကောင် အစည်းအရုံးဟာ ခန္ဓာကိုယ် သန့်စင်တဲ့ လမ်းစဉ်ကို အထူး အားပေးတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သူတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်တဲ့ နည်းလမ်းက သာမန် ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေနဲ့ လုံးဝ မတူပါဘူး ။ သူတို့က နေ ၊လ ၊ ကမ္ဘာမြေတို့ရဲ့ စွမ်းအင် အဆီအနှစ်တွေကို စုပ်ယူတဲ့အပြင် အဆိပ် နဲ့ လူသွေးကိုလည်း စုပ်ယူပါတယ် ။ အထူးသဖြင့်ကတော့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေရဲ့ သွေးတွေပေါ့ ။ အပိုတွေ ပြောတာတော့ မဟုတ်ပါဘူး ။ ခန္ဓာကိုယ် အပြင်အား ဧကရာဇ် တစ်ပါးရဲ့ သွေးဟာ ဖုတ်ကောင် အစည်းအရုံးက ဧကရာဇ် တစ်ပါးရဲ့ ခန္ဓာကိုယ်ကို အဆင့်တစ်ခု တက်သွားနိုင်တဲ့ အထိတောင် ထောက်ပံ့ နိုင်ပါတယ် ။ နောက်ဆုံး ဖုတ်ကောင် မဟာဧကရာဇ် အတွက်တောင်မှ ဒါက ခြွင်းချက် မရှိပါဘူး ။ -ဖုတ်အလောင်းကောင် နယ်မြေ - အလောင်းပျံ ဧကရာဇ် …… ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ လက်အောက်မှာ ရှိတဲ့ အစွမ်း အထက်ဆုံး ဧကရာဇ်တွေကို ပြပါ ဆိုရင်တော့ အလောင်းပျံ ဧကရာဇ်ကို ဘယ်လိုမှ ချန်ထားခဲ့လို့ မရပါဘူး ။ သူက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ထက်တောင်မှ အများကြီး ပိုအစွမ်း ထက်တယ်လို့ ဆိုရပါမယ် ။ တကယ်လို့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သာမန် မဟာ ဧကရာဇ်တွေနဲ့ တွေ့ပြီဆိုရင် သိုင်းကွက် အနည်းငယ် ဖလှယ်ပြီးတာနဲ့ ထွက်ပြေးရမှာ ဖြစ်ပေမယ့် အလောင်းပျံ ဧကရာဇ်ကတော့ ထွက်ပြေးစရာကို မလိုပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အလောင်းပျံ ဧကရာဇ်ဟာ လမ်းမှန် လမ်းစဉ် အဖွဲ့အစည်း ခြောက်ခုထဲက ခရမ်းရောင်ဝါး မဟာ ဧကရာဇ်နဲ့ တစ်နေ့လုံးလုံး တိုက်ခိုက်ခဲ့ဖူးလို့ပါပဲ ။ အဲသည်ကိစ္စကြောင့်ပဲ အလောင်းပျံ ဧကရာဇ်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက် တစ်ခွင်မှာ နာမည် ကျော်ကြားလာခဲ့ပြီး တချို့ဆိုရင် သူ့ကို မဟာ ဧကရာဇ် တစ်ပါး အဖြစ်တောင် မှတ်ယူ ထားကြပါတယ် ။ သည်လိုနဲ့ တစ်နေ့မှာတော့ ကျော်ကြားတဲ့ အလောင်းပျံတောင်ကို အရိုးဖြူ မိစ္ဆာ တစ်ယောက် ရောက်ရှိ လာပါတော့တယ် ။

All Chapters