← Chapters

အပိုင်း-၆၉၂

Vol. 51 Ch. 692

အပိုင်း-၆၉၂

Vol. 51 Ch. 692

အလွှာသုံးလွှာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အလောင်းပျံ ဧကရာဇ်ဟာ ခန္ဓာကိုယ် အပြင်အား ဧကရာဇ် တစ်ပါးအပေါ် စိတ်မဝင်စားဘူးလို့ မယုံပါဘူး ။ အလောင်းပျံ ဧကရာဇ်က စိတ်ဝင်စားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ ဘဝဟာ ဆုံးခန်းတိုင်တော့မှာ အသေအချာပါပဲ ။ " အရိုးဖြူ မိစ္ဆာ ဧကရာဇ် ဘယ်လိုဖြစ်ပြီး ကျုပ်ရဲ့ အလောင်းပျံတောင်ကို ရောက်လာရတာလဲ " အရိုးဖြူ မိစ္ဆာ ဧကရာဇ် တစ်ယောက် အလောင်းပျံ တောင်ခြေနားကို ရောက်တာနဲ့ တစ်ပြိုင်နက် သတ္တုနှစ်ခု ပွတ်တိုက်သလို စူးရှတဲ့ အသံတစ်ခုက သူ့ရဲ့ နားထဲကို တိုးဝင် လာခဲ့ပါတယ် ။ အဲသည်အသံ ပိုင်ရှင်ကတော့ အလောင်းပျံ ဧကရာဇ်ကလွဲပြီး တခြားသူ မရှိပါဘူး ။ " အလောင်းပျံ ဧကရာဇ် …… ကျုပ်မှာ ခင်ဗျားအတွက် မဟာ အခွင့်အလမ်းကြီး တစ်ခု ပါလာတယ် ။ ခင်ဗျား စိတ်ဝင်စားရဲ့လား " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က နှလုံးခုန်သံ အနည်းငယ် မြန်သွားပေမယ့်လည်း ဟန်မပျက်စေဘဲ ပြန်ပြောလိုက်ပါတယ် ။ " အခွင့်အလမ်း ဟုတ်လား ။ ဘာအခွင့်အလမ်းလဲ ။ကျုပ်က ခင်ဗျား အခွင့်အလမ်းပေးတာကို လိုအပ်တဲ့ လူလို့ ထင်နေတာလား ။အမှန်အတိုင်း ပြောစမ်းပါ ။ ခင်ဗျားက ကျုပ်ဆီက အကူအညီ တစ်ခုခု လိုချင်လို့ ရောက်လာတာ မဟုတ်လား " အလောင်းပျံ ဧကရာဇ်က မိတ်ဆွေ မဆန်တဲ့ အသံက ထပ်မံ ထွက်ပေါ်လာပြန်ပါတယ် ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အားတင်းကာ ပြုံးလိုက်ပြီး " အထင်မလွဲစမ်းပါနဲ့ ။ ကျုပ်က တကယ် သဘောရိုးနဲ့ ခင်ဗျားဆီကို လာခဲ့တာပါ ။ ကျုပ်က ခန္ဓာကိုယ် အပြင်အား ဧကရာဇ် တစ်ပါးကို တွေ့ထားတယ်လို့ ပြောရင် ခင်ဗျား ယုံပါ့မလား " " ဟမ့် …… ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ ဘယ်ခန္ဓာကိုယ် အပြင်အား ဧကရာဇ်က နောက်ခံ အသိုင်းအဝိုင်း မရှိလို့လဲ ။ ခင်ဗျားက ကျုပ်ကို တမင်သက်သက် ပြသနာ လာပေးနေတာပဲ " အလောင်းပျံ ဧကရာဇ်ရဲ့ အသံက တစ်စထက် တစ်စ တင်းမာလာပြီး ရန်လိုတဲ့ အရိပ်အယောင်တွေ ပြသလာခဲ့ပါပြီ ။ ဒါပေမဲ့လည်း အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အရဲစွန့်ပြီး ဆက်ပြောလိုက်ပါတယ် ။ " အဲသည်ခန္ဓာကိုယ် အပြင်အား ဧကရာဇ်မှာက နောက်ခံ အသိုင်းအဝိုင်း မရှိဘူး ဆိုရင်ကော ။ ပြီးတော့ အဲသည် ခန္ဓာကိုယ် အပြင်အား ဧကရာဇ်က သည်ကုန်းမြေတိုက်က မဟုတ်ဘူး ဆိုရင်ကော " " ဘယ်လို " ဟူး…… စကားသံ အဆုံးမှာတော့ လေတိုးသံ တစ်ခုနဲ့ အတူ အစိမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ ပေါ်လာခဲ့ပါပြီ ။ အဲသည်လူကတော့ အလောင်းပျံ ဧကရာဇ်ကလွဲပြီး တခြားသူ မရှိပါဘူး ။ " ငါ့ကို လာလိမ်ရင်တော့ အခေါင်းသာ ပြင်ထား " အလောင်းပျံ ဧကရာဇ်က အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ကြည့်ပြီး အေးစက်စက် ပြောလိုက်ပါတယ် ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး " ကျုပ်က အလောင်းပျံ ဧကရာဇ်ကို မလိမ်ဝံ့ပါဘူး " " ဟုတ်ပြီလေ ။ ဒါဆိုရင် ကျုပ်ကို သူ့ဆီ လမ်းပြပေး ။ သည်ကိစ္စ အောင်မြင်သွားရင် ကျုပ် ခင်ဗျားကို ကျေးဇူးကြွေး တစ်ခု တင်သွားပြီ မှတ်လိုက် " အလောင်းပျံ ဧကရာဇ်က အတော်လေး စိတ်လောနေခဲ့ပါပြီ ။ တကယ်လို့သာ သူ့အနေနဲ့ ခန္ဓာကိုယ် အပြင်အား ဧကရာဇ် တစ်ပါး ဆီကနေ သွေးတွေကို စုပ်ယူနိုင်မယ် ဆိုရင် သူဟာ မဟာ ဧကရာဇ် တစ်ပါး ဖြစ်လာနိုင်တာ မဟုတ်ပါလား ။ အဲသည်အချိန် ကျရင်တော့ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်က ဘယ်သူကမှ သူ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။ " ကျေးဇူးကြွေးပဲလား …… သည်အတိုင်းဆိုရင်တော့ ကျုပ် အရှုံး ပေါ်သွားမှာပေါ့ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က လီဖူချန်းကို လက်စတုံးပစ်ဖို့ လိုလားတာ မှန်ပေမယ့် သူ့အနေနဲ့ အလောင်းပျံ ဧကရာဇ်ကို သည်အတိုင်း အလကား မပြောပြနိုင်ပါဘူး ။ " ဒါဆိုရင် ခင်ဗျားက ဘာလိုချင်သေးတာလဲ " " အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သိန်း ။ အဲသည်ထဲကမှ ၂သိန်းကို စရန် အနေနဲ့ အရင်ဆုံး ပေးထားရမယ် " " အရိုးဖြူ မိစ္ဆာ ဧကရာဇ်…… ခင်ဗျားက ရူးနေတာပဲ ။ ခင်ဗျားက ကျုပ်ကို ခွက်ဆွဲ စေချင်တာလား " " အပိုတွေ လုပ်မနေစမ်းပါနဲ့ ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သိန်းက ခင်ဗျား ရမယ့် အကျိုးအမြတ်နဲ့ ယှဉ်ရင် ဘာရှိမှာလဲ ။ ခင်ဗျားက သည်ကိစ္စုပြီးရင် မဟာ ဧကရာဇ် တစ်ပါး ဖြစ်လာမှာလေ ။ အဲသည်အချိန်ကျရင် သန်းနဲ့ချီတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေတောင်မှ ခင်ဗျားအတွက် ဘာမှ ဟုတ်တော့မှာ မဟုတ်ဘူး " " ဟုတ်ပြီလေ ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သိန်းဆိုလည်း ၅သိန်းပေါ့ " အတန်ကြာ ဆွေးနွေးပြီးတဲ့ နောက်မှာတော့ အလောင်းပျံ ဧကရာဇ်ဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ် တောင်းဆိုတဲ့ အရာကို သဘော တူလိုက်ပါတယ် ။ ခန္ဓာကိုယ် အပြင်အား ဧကရာဇ် တစ်ပါးနဲ့ ယှဉ်ရင်တော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သိန်း ဆိုတာက ဘာမှ မဟုတ်ပါဘူး ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သိန်း မပြောပါနဲ့ ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သန်း ဆိုရင်လည်း သူက မရရအောင် ရှာပြီး ပေးမှာပါပဲ ။ ………… - လေရူးတောင် - ဆေးပြင် ၊ ဆေးမြစ်တွေ အပေါ်မှာ သူ့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံး ပုံအောထားလို့ မရတာကို သိပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ နတ်ဘုရားလက်ကို အဓိက ထားပြီး ကျင့်ကြံပါတော့တယ် ။ နတ်ဘုရားလက် …… သည်ပညာရပ်က စုစုပေါင်း အဆင့် ၇ဆင့် ရှိတဲ့ ပညာရပ်ပါပဲ ။ အဲသည်ထဲကမှ ပထမ အဆင့်ဖြစ်တဲ့ သွေးလက် နဲ့ ဒုတိယ အဆင့်ဖြစ်တဲ့ တန်ခိုးစွမ်းအားလက်တို့ဟာ ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ်တွေနဲ့ ညီမျှပါတယ် ။ တတိယ အဆင့်ဖြစ်တဲ့ ကြယ်တာရာလက် ။ စတုတ္ထ အဆင့်ဖြစ့်တဲ့ လစန္ဒာလက် ။ ပဉ္စမ အဆင့်ဖြစ်တဲ့ သူရိယနေဝန်းလက် ။ သည်အဆင့် သုံးဆင့်ကတော့ ကောင်းကင် အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ်တွေနဲ့ ညီမျှပါတယ် ။ ဆဋ္ဌမ အဆင့်ဖြစ်တဲ့ ပျက်စီးခြင်းလက်ကတော့ ကောင်းကင် အထွတ်အထိပ် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ်နဲ့ ညီမျှပါတယ် ။ သတ္တမ အဆင့်ဖြစ်တဲ့ နတ်ဘုရားလက်ကတော့ ကောင်းကင် အဆင့်အတန်းမှာ မရှိတော့ပါဘူး ။ သူကတော့ နောက်ထပ် အဆင့်အတန်း အသစ် တစ်ခုကို ရောက်ရှိ သွားခဲ့ပါပြီ ။ လက်ရှိမှာတော့ လီဖူချန်းက တန်ခိုးစွမ်းအားလက်ရဲ့ အထွတ်အထိပ် အဆင့်မှာ ရောက်ရှိနေပြီး ကြယ်တာရာ လက်ဝါးကို ရောက်ဖို့အတွက် ခြေလှမ်း တစ်လှမ်းသာ လိုပါတော့တယ်လို့ ဆိုရပါမယ် ။ တကယ်လို့ လီဖူချန်း အနေနဲ့သာ ကြယ်တာရာ လက်ဝါးကို ကျင့်ကြံနိုင်ခဲ့မယ် ဆိုရင် သူ့ရဲ့ အစွမ်း တိုးတက်မှုဟာ ဆယ်ဆတောင်ကမှာ မဟုတ်ပါဘူး ။ အဲဒါက အဆ နှစ်ဆယ် ၊ အဆ သုံးဆယ်လောက်အထိကို တိုးတက် သွားစေနိုင်ပါတယ် ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဒါကလည်း သိပ်ပြီး အံ့သြစရာ မကောင်းလှပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ နတ်ဘုရားလက် ဆိုတာက ခန္ဓာကိုယ် အပြင်အား ကျင့်စဉ် နဲ့ ခန္ဓာကိုယ် အပြင်အား သိုင်းပညာတို့ ပေါင်းစပ်ထားတဲ့ ဒဏ္ဍာရီလာ ပညာရပ် တစ်ခု မဟုတ်ပါလား ။ ဒါပေမဲ့လည်း ကံမကောင်းတာ တစ်ခုကတော့ ကြယ်တာရာ လက်ဝါးက လီဖူချန်း ထင်ထားတာထက် ပိုခဲယဉ်းနေတာပါပဲ ။ သူက သူဟာ တစ်နေရာရာမှာ လိုအပ်နေဆဲလို့ ခံစားနေရပါတယ် ။ အထူးသဖြင့် သူက ကြယ်တာရာတွေဆီကနေ အားကောင်းတဲ့ စွမ်းအားတွေကို လုံးဝ မခံစားမိပါဘူး ။ ဖြစ်နိုင်တာကတော့ သူဟာ ကြယ်တာရာတွေရဲ့ လည်ပတ်ပုံကို ကောင်းကောင်း မလေ့လာနိုင်သေးလို့ပဲ ဖြစ်ရပါမယ် ။ ရှင်းရှင်း ပြောရမယ် ဆိုရင် ဒါက ဓားတာအို ဥပဒေသကို ဖမ်းဆုပ်နိုင်အောင် ကြိုးစားရတာနဲ့ အတူတူပါပဲ ။ ဓားတစ်လက်ကို မထိဖူးဘဲနဲ့ ဒါမှမဟုတ် ဓားတစ်လက်ကို မမြင်ဖူးဘဲနဲ့တော့ ဓားတာအို ဥပဒေသကို နားလည် သဘောပေါက်နိုင်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ " အင်း …… ကြယ်တာရာလက်ကို နားလည်ဖို့ဆိုရင် ကံကောင်းဖို့လည်း လိုတာပဲ ။ ငါ့ရဲ့ကံကို စမ်းကြည့်ဦးမှ " အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး ကြယ်တွေဆီ ပျံသန်းသွားပါတော့တယ် ။ ကောင်းကင်က လီဖူချန်း ထင်ထားတာထက်တောင်မှ ပိုပြီး မြင့်ပါသေးတယ် ။ မီတာ တစ်သိန်း …… မီတာ ငါးသိန်း…… မီတာ တစ်သန်း …… သည်လိုနဲ့ပဲ လေတွေက တဝူးဝူး မြည်လာပြီး ဓားသွားသမျှ ထက်ရှ လာခဲ့ပါပြီ ။ သည်လိုအမြင့်မှာတော့ သာမန် မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ဘယ်လိုမှ အသက်ရှင်ကျန် နိုင်စရာ အကြောင်း မရှိပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သည်နေရာမှာ ရှိတဲ့ လေထု တာအို စွမ်းအင်က အင်မတန် သိပ်သည်းလွန်းရုံမက သတ္တုရောင် ပိုးချည်မျှင်တွေလို အရောင် တောက်ပ နေလို့ပါပဲ ။ တကယ်လို့ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ သည်နေရာမှာ ရှိနေတဲ့ လေထု တာအိုရဲ့ သိပ်သည်းမှုက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးထက် ဘယ်လိုမှ နိမ့်ကျစရာ အကြောင်း မရှိပါဘူး ။ အမြင့်မီတာ ၂သန်း ……အမြင့်မီတာ ၅သန်း…… ဟူး……ဟူး……ဟူး…… သည်နေရာကို အရောက်မှာတော့ မရေမတွက်နိုင်တဲ့ ဟင်းလင်းပြင် ဓားတွေဟာ ရုတ်တရက် ပေါ်လာပြီး လီဖူချန်းရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကိုတောင် မတည်မငြိမ် ဖြစ်လာစေခဲ့ပါပြီ ။ သည်နေရာမှာ ရှိနေတဲ့ လေထုကလည်း လေတာအို ဥပဒေသ အဆီအနှစ် ၅၀ ရာခိုင်နှုန်းနီးပါး ခိုဝင် ကိန်းအောင်းနေတဲ့အတွက် လီဖူချန်း ကိုယ်တိုင်တောင်မှ သိပ်ပြီး သက်တောင့်သက်သာ မရှိလှတော့ပါဘူး ။ အမြင့်မီတာ ၈သန်း…… အမြင့်မီတာ ၁၀ သန်း…… ဖောင်း…… အမြင့်မီတာ ၁၀သန်းကို ရောက်တဲ့အခါမှာတော့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ပေါ်မှာ အက်ကွဲရာ တစ်ခု ဖြစ်ပေါ်လာပြီး အဲသည်အက်ကွဲရာကနေ လေထုတာအို အဆီအနှစ် ဓားသွားတစ်ခု တိုးဝင်လာကာ လီဖူချန်းကို တိုက်ခိုက် လာခဲ့ပါတယ် ။ ကံကောင်းတာ တစ်ခုကတော့ လီဖူချန်း အပေါ်မှာ မမြင်ရတဲ့ အကာအကွယ် တစ်ခု ကာဆီး ပေးထားတာပါပဲ ။ အဲသည် အကာအကွယ်က ခန္ဓာကိုယ် အပြင်အား ဥပဒေသ နဲ့ အသက်ဓာတ် စက်ကွင်းကနေ ဖြစ်တည်လာတာ ဖြစ်တဲ့အတွက် လေထုတာအို ဓားသွားဟာ လီဖူချန်းကို ဘာဒဏ်ရာမှ မပေးနိုင်ခဲ့ပါဘူး ။ " အင်း …… သည်နေရာ တစ်ခုလုံးက လေတာအို အဆီအနှစ်တွေနဲ့ ပြည့်နှက်နေတာပါလား ။ ကြောက်စရာ ကောင်းလိုက်တာ " လီဖူချန်းက ခပ်တိုးတိုး ရေရွတ်ရင်းနဲ့ အထက်ကို ဆက်တက် သွားပြန်ပါတယ် ။ လူတစ်ယောက်က ကြယ်တွေကို ညကောင်းကင်ပေါ်မှာ မြင်တွေ့နိုင်တယ် ဆိုပေမယ့် အဲဒါက တိတိကျကျ မြင်တွေ့နိုင်တယ်လို့ မဆိုလိုပါဘူး ။သူတို့က အလင်းပျောက်လေးတွေကိုသာ မြင်တွေ့ရတာပါ ။ အထူးသဖြင့် ကြယ်တာရာလက်ကို လေ့ကျင့်တဲ့ နေရာမှာ အဲဒါက ဘာမှ အသုံးမဝင်ပါဘူး ။ အမြင့်မီတာ ၁၅သန်း …… အမြင့်မီတာ သန်း၂၀…… ခရက်……ခရက်……ခရက်…… ဖောင်း…… သည်နေရာကို အရောက်မှာတော့ ကောင်းကင် စက်ကွင်း ဓားအကာအကွယ်ဟာ တစ်စစီဖြစ်သွားပြီး ဥပဒေသ စက်ကွင်း တစ်ခုသာ လီဖူချန်းကို အကာအကွယ် ပေးထားနိုင်ပါတော့တယ် ။ ဒါပေမဲ့ အဲသည် ဥပဒေသ စက်ကွင်းကလည်း သိပ်အခြေအနေ မဟန်လှပါဘူး ။ သည်နေရာမှာ ရှိနေတဲ့ လေတာအို စွမ်းအင်တွေက ဥပဒေသ စက်ကွင်းကို တွန့်လိမ်သွားအောင် တရစပ် ဖိအားပေးစ ပြုနေခဲ့ပါပြီ ။ ဂျိန်း…… ရုတ်တရက် ဆိုသလိုပဲ နားကွဲလုမတတ် အသံကြီးနဲ့အတူ မိုးကြိုးတစ်စင်းဟာ လီဖူချန်းရဲ့ ဥပဒေသ စက်ကွင်းအပေါ် ကျရောက် လာခဲ့ပါတယ် ။ သည်မိုးကြိုးက ဘယ်လောက်အထိ ပြင်းသလဲတော့ မသိပါဘူး ။ မိုးကြိုး ထိမှန်ခံလိုက်ရတဲ့ လီဖူချန်းတောင်မှ အောက်ကို အတော်လေး နိမ့်ဆင်း သွားတဲ့ အထိပါပဲ ။ " ဟင်…… မိုးကြိုးအလွှာတောင် ရောက်လာပြီလား " လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။ သူသိထားတဲ့ အချက်အလက်တွေအရ ဆိုရင်တော့ သည်ကမ္ဘာကို လွှမ်းခြုံထားတဲ့ အလွှာဟာ လေးခု ရှိပါတယ် ။ အဲဒါတွေကတော့ လေထုအလွှာ ၊ မိုးကြိုးအလွှာ ၊ အပူစီးကြောင်း အလွှာနဲ့ အငွေ့ အလွှာတို့ပါပဲ ။ အဲသည်ထဲမှာမှ ပထမ အလွှာဖြစ်တဲ့ လေထု အလွှာက ဧရိယာ အကြီးမားဆုံးလို့ ဆိုရပါမယ် ။ ဒုတိယ အလွှာဖြစ်တဲ့ မိုးကြိုး အလွှာကတော့ မရေမတွက်နိုင်တဲ့ မိုးကြိုး အမျိုးအစားတွေ ကိန်းဝပ်နေပြီး အစွမ်းအနည်းဆုံး မိုးကြိုးကတောင်မှ သာမန် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးကို သတ်ပစ်နိုင်ပါတယ် ။ အစွမ်း အထက်ဆုံး မိုးကြိုးကတော့ မဟာ ဧကရာဇ် တစ်ပါးကိုတောင်မှ အသက် ချမ်းသာခွင့် ပေးမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း အဲသည် မိုးကြိုးအမျိုးအစားက အတေ်လေး ရှားပါးလွန်းတယ်လို့ ဆိုရပါမယ် ။ အခု လီဖူချန်း ကြုံတွေ့ရတဲ့ မိုးကြိုး အမျိုးအစားကတော့ အတော်လေး အစွမ်းထက်လှပြီး ဆန်းကြယ် ယင်ကောင်းကင်မိုးကြိုးလို့ ခေါ်ပါတယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုရင် ဆန်းကြယ် ယင်ကောင်းကင် မိုးကြိုးရဲ့ အစွမ်းကတော့ ဆန်းကြယ် ယန်ကောင်းကင် မိုးကြိုး အစွမ်းနဲ့ အတူတူလောက်ပါပဲ ။ လီဖူချန်းမှာက မိုးကြိုးကို ဆင့်ခေါ်နိုင်တဲ့ မန္တာန် တစ်ပုဒ် ရှိပြီး အဲဒါက ဆန်းကြယ် ယန်ကောင်းကင် မိုးကြိုးလို့ ခေါ်ပါတယ် ။ ဒါပေမဲ့လည်း ဆန်းကြယ် ယန်ကောင်းကင် မိုးကြိုးက ကမ္ဘာ့လေထု အလွှာတွေကို ဖြတ်သန်းပြီး ကမ္ဘာပေါ်ကို ဆင်းသက်လာရတဲ့အတွက် ကမ္ဘာမြေပေါ် ရောက်လာတဲ့အခါ သိပ်ပြီး အစွမ်း မထက်လှတော့ပါဘူး ။ တတိယ အလွှာဖြစ်တဲ့ အပူစီးကြောင်း အလွှာကတော့ အလွန်အမင်း ကြောက်စရာ ကောင်းလှပြီး မဟာ ဧကရာဇ် တစ်ပါးတောင်မှ အဲသည်အလွှာကို ဝင်သွားတာနဲ့ တန်းပြီး သေသွားနိုင်ပါတယ် ။ သည်အလွှာက ကြယ်တာရာတွေနဲ့ နေရောင်ခြည် စွမ်းအင်တွေ အားလုံးကို စုပ်ယူထားတာ ဖြစ်ပါတယ် ။ အဲသည်အတွက် သည်အလွှာကို ဝင်ရောက်ချင်တယ် ဆိုရင်တော့ အဲသည်လူဟာ အနည်းဆုံး သူတော်စင် အဆင့်ကို ချိုးဖောက် ဝင်ရောက်ပြီးသား ဖြစ်နေရပါမယ် ။ မဟုတ်လို့ကတော့ သေချာပေါက် အဲသည်လူဟာ သေမှာပါပဲ ။ ကံကောင်းတာ တစ်ခုကတော့ လီဖူချန်းဟာ မိုးကြိုးအလွှာ အစပ်ကိုပဲ ရောက်သေးပြီး အပူအလွှာကို မရောက်သေးဘူး ။ ရှေးဟောင်းမှတ်တမ်း ၊ မှတ်ရာတွေအရ ဆိုရင် လူတစ်ဦးဟာ ကြယ်တာရာတွေကို မိုးကြိုးအလွှာကနေ ကောင်းကောင်းကြီး လေ့လာနိုင်ပါတယ် ။တချို့ ကြယ်တာရာတွေ ဆိုရင် မိုးကြိုးအလွှာနဲ့ အတော်လေး နီးကပ်နေတဲ့အတွက် သူတို့ရဲ့ မျက်နှာပြင်တွေကိုတောင် မြင်ရတဲ့ အထိပါပဲ ။ " အင်း…… ငါ့ရဲ့ လက်ရှိ အစွမ်းက မိုးကြိုးအလွှာထဲကို ဝင်ဖို့ မဖြစ်နိုင်သေးဘူး ။ တကယ် နှမြောစရာပဲ " လီဖူချန်းက စိတ်ပျက်လက်ပျက်နဲ့ ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ် ။ အစောပိုင်းက သူဟာ ကြယ်တာရာ တစ်ခုလုံးရဲ့ အနားသတ်ကို မြင်လိုက်ရပေမယ့် အဲသည်အချိန်ဟာ တိုတောင်းလွန်းလှတဲ့အတွက် သူဟာ ဆင်ခြင်သုံးသပ်ဖို့ အချိန် မရလိုက်ပါဘူး ။

All Chapters