← Chapters

( စာစဉ်-၅၁) အထွတ်အထိပ် တိုက်ပွဲ

Vol. 51 Ch. 697

( စာစဉ်-၅၁) အထွတ်အထိပ် တိုက်ပွဲ

Vol. 51 Ch. 697

   ဖုတ်ကောင် မဟာ ဧကရာဇ် ရောက်ရှိလာမှုက ကောင်းကင်မီးတောက် တုံယန်ကိုသာမက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကိုလည်း အံ့အား သင့်သွားစေတာပါပဲ ။

ဒါပေမဲ့လည်း အဲဒါက သိပ်တော့ အရေးမကြီးပါဘူး ။ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ ရည်ရွယ်ချက်က ယန်ကလန်ရဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကို ဖမ်းဆီးပြီး အရိုးစု စစ်သူကြီးတွေအဖြစ် စီရင်ဖို့ပါပဲ ။

" ကောင်းကင်မီးတောက် တုံယန်…… သည်နေ့က ယန်ကလန် ပျက်စီးရမယ့်နေ့ပဲ ။ ခင်ဗျား ဒါကို ဘယ်လိုမှ တားလို့ မရဘူး "

စကား အဆုံးမှာတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ယန်ကလန်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို ရိုက်ချပစ်လိုက်ပါတယ် ။

ဘန်း……

အကာအကွယ် ဝင်္ကပါ အစီအရင်က အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ ရိုက်ချက်ကို ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး ။

" သတ် "

အဲသည်နောက်မှာတော့ တိမ်မည်းကြီးတွေထဲကနေ ထွက်လာတဲ့ အရိုးစု စစ်သည်တွေဟာ ဟန်ကလန်ဆီကို ခုန်ဆင်း လာပါတော့တယ် ။

" အတင့်ရဲလိုက်စမ်းတာ "

ကောင်းကင်မီးတောက် တုံယန် အစကတော့ ချီတုံချတုံ ဖြစ်နေပါသေးတယ် ။ဒါပေမဲ့လည်း အဆုံးမှာတော့ သူဟာ ယန်ကလန်ကို ကာကွယ်ဖို့ ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပါဘူး ။

သူက အရိုးခေါင်းခွံ မဟာ ဧကရာဇ် နဲ့ ဖုတ်ကောင် မဟာဧကရာဇ်တို့ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲဒါက  ယန်ကလန် ပျက်စီးတာကို သည်အတိုင်း ကြည့်နေဖို့အတွက် အကြောင်းပြချက် မဟုတ်သေးပါဘူး ။

တကယ်လို့သာ သူ့အနေနဲ့ သည်ကိစ္စထဲကို ဝင်မပါဘူးဆိုရင် ကောင်းကင်မီးတောက် နယ်မြေထဲက သူ့ရဲ့ လက်အောက်ခံတွေ နဲ့ တခြား ဧကရာဇ် အဆင့် ကလန်တွေဟာ သူ့ကို အယုံအကြည် ကင်းမဲ့သွားနိုင်ပါတယ် ။

" သွားစမ်း "

" ဂရား"

ကောင်းကင်မီးတောက် တုံယန်ရဲ့ လက်နက်ကတော့ ဆိတ်ခေါင်းပုံ ချိုင်းထောက် တစ်လက်ပါပဲ ။ သူက ချိုင်းထောက်ကို မာန်အပြည့်နဲ့ ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ မီးနဂါးကြီး တစ်ကောင်ဟာ အရိုးစု စစ်တပ်ထဲကို ဒေါသတကြီး ဝင်ရောက်သွားခဲ့ပါတယ် ။

" ဒါမျိုး ဘယ်ရမလဲ "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က သူ့ရဲ့ စစ်တပ် ဖျက်ဆီးခံရတာကို ဘယ်လိုမှ ခွင့်မပြုနိုင်ပါဘူး ။အဲသည်အတွက် သူက လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်ပြီး မီးနဂါးကြီးကို အေးခဲစေလိုက်ပါတယ် ။

သည်လိုနဲ့ပဲ အရိုးစု စစ်တပ်ဟာ ယန်ကလန်ရဲ့ တံခါးဝကို ရောက်ရှိလာခဲ့ပါပြီ ။

" သေကြစမ်း "

အဲသည်အချိန်မှာပဲ လီဖူချန်းက သူ့ရဲ့ လက်ကို ဝှေ့ယမ်းပြီး ဓားအလင်းတန်းလွှာတစ်ခု ဖြစ်ပေါ်စေကာ ယန်ကလန်ကို အကာအကွယ် ပေးလိုက်ပါတယ် ။

ဘန်း……ဘန်း……ဘန်း……

မရေမတွက်နိုင်တဲ့ အရိုးစု စစ်သည်တွေဟာ ဓားအလင်းတန်းနဲ့ အတွေ့မှာတော့ ဘာမှ မတုံ့ပြန်နိုင်ဘဲ တစ်စစီ ပိုင်းဖြတ်ခံလိုက်ရပါတော့တယ် ။

ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အဆင့်၃၊ မီးတောက် နတ်ဓား စွမ်းအင် နဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ် ………

သည်အရာသုံးခုရဲ့ ပေါင်းစပ်မှုက အနည်းဆုံး အဆင့်မြင့် ဧကရာဇ် တစ်ပါးနဲ့ ညီမျှပါတယ် ။

ဝုန်း………

ဓားအကာအကွယ်က တုန်ခါသွားခဲ့ပါပြီ ။

အဲဒါကတော့ အရိုးစု စစ်သူကြီး တချို့ရဲ့ လက်ချက်ကြောင့်ပါပဲ ။ ဒါပေမဲ့လည်း သည်စစ်သူကြီးတွေရဲ့ အစွမ်းက အဆင့်မြင့် ဧကရာဇ်တွေရဲ့ အစွမ်းသာ ရှိတဲ့အတွက် သူတို့အနေနဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို အချိန်တိုအတွင်းမှာ ဖြိုဖျက်နိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး ။

" ဟမ့်……ဒါကြောင့်လည်း မင်းက အရိုးဖြူကို သတ်နိုင်တာကိုး ။ မဆိုးဘူး……မဆိုးဘူး ……"

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က နှုတ်ခမ်းကို လျှာနဲ့ တစ်ချက် သပ်လိုက်ပြီး တီးတိုး ရေရွတ် လိုက်ပါတယ် ။ သူ့ကိုကြည့်ရတာက တကယ်ကို စိတ်လှုပ်ရှားနေတဲ့ ပုံပါပဲ ။

သူ့အနေနဲ့ စိတ်လှုပ်ရှားတာကလည်း မလွန်လှပါဘူး ။ တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းကို အရိုးစု စစ်သူကြီးအဖြစ် စီရင်လိုက်နိုင်မယ် ဆိုရင် သူဟာ မဟာ ဧကရာဇ် တစ်ပါးလို အစွမ်းမျိုးရှိတဲ့ အရိုးစု စစ်သူကြီး တစ်ပါးကို ပိုင်ဆိုင်သွားနိုင်တော့မှာ မဟုတ်ပါလား ။

အမှန်အတိုင်း ပြောရမယ် ဆိုရင် သူ့ရဲ့ အရိုးစု စစ်သူကြီး အဖြစ် စီရင်တဲ့ နည်းစနစ်ဟာ သူတော်စင် တစ်ပါးရဲ့ အမွေအနှစ်ကနေ လာတာပါ ။ အဲသည်ထက် ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင်တော့ အရိုးစု ရတနာ တစ်ခုကနေ လာတာပါ ။

အဲသည် အရိုးစု ရတနာက ဘယ်လို ရှေးဟောင်း ရတနာမျိုးလည်းတော့ မသိပါဘူး ။ အရိုးစု ရတနာရဲ့ အစွမ်း တစ်စွန်းတစ်စက အရိုးစု စစ်သူကြီးရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ တန်ခိုးအစွမ်းဟာ သိသိသာသာ ထိုးတက်သွားတာပါပဲ ။

ဒါပေမဲ့လည်း ပထမဆုံး ရုပ်အလောင်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က အဲသည် အစွမ်းကို တောင့်ခံ ထားနိုင်ရပါမယ် ။ရုပ်အလောင်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က တောင့်ခံထားနိုင်လေလေ အရိုးစု စစ်သူကြီးအဖြစ် ပြောင်းလဲရာမှာ ပိုအစွမ်း ထက်လေလေပါပဲ ။

ပြီးတော့ အရိုးစု စစ်သူကြီးတွေဟာ သူတို့ အသက်ရှင်စဉ် ကာလက သိုင်းပညာတွေ နဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို တစ်ခုမှ မမေ့လျော့ သွားကြပါဘူး ။ သူတို့ရဲ့ ပညာတွေက အရိုးစု စစ်သူကြီး ဖြစ်သွားချိန်မှာ ပိုပြီးတော့တောင် အစွမ်း ထက်လာဦးမှာပါ ။

အခု လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကိုတော့ လုံးဝ သံသယ ဝင်နေဖို့ မလိုပါဘူး ။ အဲဒါက သေချာပေါက် မဟာ ဧကရာဇ် အဆင့်မှာပါပဲ ။ မဟုတ်လို့ကတော့ သူက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို သတ်နိုင်စရာ ဘာအကြောင်းမှကို မရှိတာပါ ။

ခရက်……

ဘန်း……

ကောင်းကင်စက်ကွင်း ဓားအကာအကွယ် ဘယ်လောက်ပဲ ကြံ့ခိုင်တယ်ပြောပြော၊ နောက်ဆုံးမှာတော့ ဓားမကြီး တစ်လက်ကြောင့် အက်ကွဲရာ ထင်သွားခဲ့ပါပြီ ။

အဲသည် အက်ကွဲရာကို ထင်စေခဲ့တဲ့ လက်သည် တရားခံကတော့ အရိုး ဓားမကြီးကို ကိုင်ဆောင်ထားတဲ့ အရိုးစု စစ်သူကြီးပါပဲ ။ သူက အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါးရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားမှန်းကလည်း သိသာ လွန်းလှပါတယ် ။

" လီဖူချန်း …… သူတို့ကို ငါ့တာဝန် ထားလိုက် "

ဝုန်း……ဝုန်း……ဝုန်း……ဝုန်း……

အဲသည်အချိန်မှာပဲ အနက်ရောင် ဓားမော့ အလင်းတန်း တစ်ခုနဲ့အတူ ရန်ချင်းဟူဟာ တိုက်ပွဲထဲကို ဝင်ပါလာခဲ့ပါတယ် ။ ပြီးတော့ သူမက အရိုးစု စစ်သူကြီး လေးဦးကိုလည်း လွင့်ထွက်သွားစေပါသေးတယ် ။

" အင်း "

လီဖူချန်းက ရန်ချင်းဟူ တစ်ယောက် တိုက်ပွဲထဲ ဝင်ပါလာတာကို မတားပါဘူး ။ အဲသည်အစား သူက နောက်ထပ် ဓားအလင်းတန်း အလွှာတစ်ခုကို ဖန်ဆင်းလိုက်ပြီး ယန်ကလန်ကို အကာအကွယ် ပေးလိုက်ပါတယ် ။

" အင်း…သည်လောက်လှတဲ့ အလှပဂေးလေးကို အရိုးစု စစ်သူကြီးအဖြစ် စီရင်လိုက်ရင် အလှတရားကို တန်ဖိုးမထားရာ ကျသွားလိမ့်မယ် "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ မျက်လုံးတွေကတော့ ရန်ချင်းဟူ အပေါ်မှာ ကျရောက်နေခဲ့ပါပြီ ။

သူက ရန်ချင်းဟူလို လှပတဲ့ အလှပဂေးလေးတွေကို မြင်ဖူးခဲ့ပေမယ့်လည်း ရန်ချင်းဟူက သူ့ကို နှလုံးခုန်အောင် ပြုစားနိုင်နေဆဲပါပဲ ။

ဒါကတော့ ရန်ချင်းဟူရဲ့ အလှတရားကြောင့်တင် မဟုတ်ပါဘူး ။

တိတိကျကျ ပြောရမယ် ဆိုရင် ရန်ချင်းဟူနဲ့ အလှတရားချင်း ယှဉ်နိုင်တဲ့ ပန်းကလေးတွေဟာ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာတောင်မှ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် ရှိပါတယ် ။

ရန်ချင်းဟူအနေနဲ့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ စိတ်နှလုံးကို ပြုစားနိုင်တာက သူမရဲ့ ပြိုင်ဘက်ကင်း အလှအပြင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရီတစ်ပါး ဖြစ်နေတာလည်း ပါပါသေးတယ် ။

အထူးသဖြင့် ရုပ်ရည်သွင်ပြင် လက္ခဏာချင်း ယှဉ်မယ်ဆိုရင် ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်က ဘယ်ဧကရီကမှ ရန်ချင်းဟူကို မမီပါဘူး ။

" သည်မိန်းကလေးက ငါ့အပိုင်ပဲ "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က စိတ်ထဲကနေ သန္နိဋ္ဌာန် ချလိုက်ပါတယ် ။

ပြီးတာနဲ့ တစ်ပြိုင်နက် သူက လီဖူချန်းကို လက်ဝါးနဲ့ အားကုန် ရိုက်ချပစ်လိုက်ပါတယ် ။

"မယား လိုချင် လင်ကို အရင်သတ် " ဆိုတဲ့ ဆိုရိုး စကားတောင် ရှိသေးတာ မဟုတ်ပါလား ။

သူ့အနေနဲ့ ရန်ချင်းဟူကို လိုချင်ရင်တော့  လီဖူချန်းကို အရင်ဆုံး သတ်မှပဲ ရနိုင်ပါလိမ့်မယ် ။

ဘန်း……

ဒါပေမဲ့လည်း သူ့ရဲ့ လက်ဝါးရိုက်ချက်က လီဖူချန်းဆီကို ရောက်မသွားခဲ့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုတ်ကောင် မဟာ ဧကရာဇ်က သူ့ရဲ့ လက်ဝါးကို လမ်းတစ်ဝက်ကနေ လက်သီးနဲ့ ဖြတ်တားလိုက်လို့ပါပဲ ။

" ဖုတ်ကောင် မဟာဧကရာဇ်…… ခင်ဗျား ဒါဘာလုပ်တာလဲ "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က မျက်မှောင် ကြုတ်လိုက်ပြီး လှမ်းမေးလိုက်ပါတယ် ။

ဖုတ်ကောင် မဟာ ဧကရာဇ်က ထီမထင်တဲ့ ဟန်နဲ့ ခပ်ထေ့ထေ့ တစ်ချက် ရယ်လိုက်ပြီး ပြန်ဖြေလာခဲ့ပါတယ်။

" ခင်ဗျား ယန်ကလန်ကို လုပ်ချင်တာလုပ် ဒါပေမဲ့ အဲသည်ကောင်လေးက ကျုပ်အပိုင် "

" ခင်ဗျားက ကျုပ်ကို ကျော်ချင်တာလား "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ မျက်လုံးက လူသတ်ငွေ့တွေ သမ်းလာခဲ့ပါပြီ ။

ဖုတ်ကောင် မဟာ ဧကရာဇ်က အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို တစ်စက်ကလေးမှ ကြောက်ရွံ့တဲ့ပုံ မပြပါဘူး ။

" ခင်ဗျား ဘယ်လိုထင်လဲ "

စကားအဆုံးမှာတော့ ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ ပေပေါင်း တစ်သိန်းလောက်အထိ ကြီးထွား သွားခဲ့ပါပြီ ။

ဒါက ဥပဒေသ ပြောင်းလဲခြင်း မဟုတ်ပါဘူး ။ အဲဒါက ခန္ဓာကိုယ်ကို ကြီးထွားစေနဲ့ နည်းစနစ်သန့်သန့် တစ်ခုပါပဲ ။

" ဟမ့် …… ကျုပ်ကကော ခင်ဗျားကို ကြောက်နေရမှာလား "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကလည်း သူ့ရဲ့ ချီအတွင်းအားတွေကို လည်ပတ်လိုက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်လိုက်ပါတယ် ။

' ဟူး……တော်သေးတာပေါ့ '

အရိုးခေါင်းခွံ မဟာ ဧကရာဇ် နဲ့ ဖုတ်ကောင် မဟာ ဧကရာဇ်တို့ နှစ်ယောက် အချင်းများနေတာကို မြင်မှပဲ ကောင်းကင်မီးတောက် တုံယန်ဟာ သက်ပြင်း ချနိုင်ပါတော့တယ် ။

သည်မဟာ ဧကရာဇ် နှစ်ပါးက ပူးပေါင်းပြီး ယန်ကလန်ကို ဖျက်ဆီးဖို့ မကြိုးစား မချင်းတော့ သူ့အနေနဲ့ သည်တိုက်ပွဲမှာ ဝင်ပါနေစရာ လိုမှာ မဟုတ်ပါဘူး။

ဝုန်း……ဝုန်း……ဝုန်း……

မဟာ ဧကရာဇ် နှစ်ပါးကြားက တိုက်ပွဲက တကယ်ကို တုန်လှုပ် ချောက်ချားစရာပါပဲ ။

လေပြင်းတောင်တန်းရဲ့ အပြင်ဘက် ပတ်ဝန်းကျင် တစ်ခုလုံးကလည်း သည်မဟာ ဧကရာဇ် နှစ်ပါးရဲ့ လက်ချက်ကြောင့် ရစရာကို မရှိတော့ပါဘူး ။

မသိရင်တော့ ဒါက ကမ္ဘာပျက်ကိန်း တစ်ခုနဲ့ ကြုံလိုက်ရသလားလို့တောင် ထင်ရလောက်ပါတယ် ။

"ဖုတ်ကောင် မဟာ ဧကရာဇ် …… ကျုပ်တို့နှစ်ယောက်ရဲ့ အစွမ်းက သူမသာ၊ကိုယ်မသာပဲ ။ သည်အတိုင်း တိုက်နေရင်တော့ ဆယ်ရက် ကြာရင်တောင် တိုက်ပွဲက ပြီးမှာ မဟုတ်ဘူး ။ သည်တော့ နည်းနည်းပါးပါး ညှိနှိုင်းကြရအောင် "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ညှိနှိုင်းဖို့ကို ပထမဦးဆုံး ကမ်းလှမ်းလိုက်ပါတယ် ။

ဖုတ်ကောင် မဟာ ဧကရာဇ်ကလည်း ညှိနှိုင်းချက်ကို မငြင်းပါဘူး။

" ရတယ် …… ကျုပ်ကို သည်ကောင်လေးသာ ပေးလိုက် "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး

" ဟုတ်ပြီလေ ။ ခင်ဗျားက သူ့ရဲ့ အသွေးအသားကို ယူလိုက် ။ ကျုပ်က သူ့ရဲ့ အရိုးကို ယူမယ် ။ အဆင်ပြေလား "

အရိုးစု စစ်သူကြီး တစ်ပါးကို စီရင်တဲ့ နေရာမှာက အသွေးအသားကလည်း တစ်စိတ်တစ်ပိုင်း အရေးပါတာပါပဲ ။ မဟုတ်လို့ကတော့ အစီအရင်ဟာ အပြည့်အဝ ပြီးမြောက်မှာ မဟုတ်ပါဘူး ။

ဒါပေမဲ့လည်း တစ်ဖက်လူက ဖုတ်ကောင် မဟာ ဧကရာဇ် ဖြစ်နေတဲ့အတွက် အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ အနောက်ကို တစ်လှမ်း ဆုတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

" ဟုတ်ပြီ "

ဖုတ်ကောင် မဟာ ဧကရာဇ်က သူတို့နှစ်ယောက်ရဲ့ ခွဲဝေမှုကို သဘော တူလိုက်ပါတယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူကလည်း လီဖူချန်းရဲ့ အရိုးကို လိုချင်တာပါပဲ ။

ဘယ်လိုပဲဖြစ်ဖြစ် ။ အရိုး ဆိုတာက စွမ်းအင် အဆီအနှစ်တွေ ကိန်းအောင်းနေတဲ့ နေရာ မဟုတ်ပါလား ။

ဒါပေမဲ့လည်း တစ်ဖက်လူက အရိုးခေါင်းခွံ မဟာ ဧကရာဇ် ဖြစ်နေတဲ့အတွက် သူ့အနေနဲ့ အနောက်ကို ခြေတစ်လှမ်း ဆုတ်ပေးမှကို ရပါမယ် ။

" ကဲ …… စလိုက်ကြစို့ "

" အေး "

နှစ်ယောက်သား အကျိုးအမြတ်ကို ဝေပုံကျ ခွဲပြီးတဲ့ နောက်မှာတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ် နဲ့ ဖုတ်ကောင် မဟာ ဧကရာဇ်တို့ဟာ သူတို့ရဲ့ ပစ်မှတ်တွေဆီကို အသီးသီး သွားလိုက်ကြပါတော့တယ် ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ ပစ်မှတ်က ရန်ချင်းဟူ ဖြစ်ပြီး ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ပစ်မှတ်က လီဖူချန်း ဖြစ်တယ် ဆိုတာကိုတော့ အထူးတလည် ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး ။

" ကောင်လေး …… အသာတကြည်နဲ့ အညံ့ခံစမ်း "

ဖုတ်ကောင် မဟာ ဧကရာဇ်က လီဖူချန်းကို လှမ်းပြီး အမိန့် ပေးလိုက်ပါတယ် ။

သူ့အတွက်ကတော့ လီဖူချန်းဆိုတာက ဘာမှ မဟုတ်တဲ့ ပမွှားလေး တစ်ခုပါပဲ ။

လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို သတ်ကောင်း သတ်နိုင်ပါမယ် ။ ဒါပေမဲ့ သူက အရိုးဖြူ မိစ္ဆာ ဧကရာဇ် မဟုတ်ပါဘူး ။ သူက ဖုတ်ကောင် မဟာ ဧကရာဇ် ဖြစ်ပါတယ် ။

သူ့ရဲ့ ခန္ဓာကိုယ် မာကျောမှုက ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးမှာ နံပါတ်တစ် ဆိုတာကိုလည်း လူတိုင်းက လက်ခံပြီးသားပါပဲ ။

အဲသည်အတွက် လီဖူချန်းလို သာမန် ဧကရာဇ် တစ်ပါးကို အသာထားပါဦး ။ အစွမ်းအထက်ဆုံး မဟာ ဧကရာဇ်တွေတောင်မှ သူ့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး ။

ကျင့်ကြံသူ တစ်ဦးက လက်နက်မတိုးရုံမက တခြား အားနည်းချက်လည်း မရှိဘူးဆိုရင် အဲသည်သူဟာ အကြမ်းအားဖြင့် ပြိုင်ဘက်ကင်းလို့ ခေါ်ဆို ထိုက်နေပါပြီ ။

ပြီးတော့ ဖုတ်ကောင် မဟာ ဧကရာဇ်က လီဖူချန်းရဲ့ စိတ်ဝိညာဉ် တာအို နည်းစနစ်ဟာ သိပ်ပြီး အစွမ်းမထက်သေးဘူး ဆိုတာကိုလည်း အလောင်းပျံ ဧကရာဇ်ဆီကနေပြီး သိထားပြီးပါပြီ ။

အလောင်းပျံ ဧကရာဇ်တောင်မှ ထွက်ပြေး လွတ်မြောက်လာနိုင်မှတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်တာအို နည်းစနစ်ဟာ သူ့အပေါ်မှာ ဘယ်လောက်မှ သက်ရောက်မှု မရှိလောက်ပါဘူး။

" လဲအိပ်လိုက်စမ်း "

စကားအဆုံးမှာတော့ ဖုတ်ကောင် မဟာ ဧကရာဇ်က လက်ဝါးကြီးနဲ့ လီဖူချန်းကို ဖိချပစ်လိုက်ပါတယ် ။

" ဟမ့်…… သည်အကွက်လောက်နဲ့များ "

ဟူး……

ဒါပေမဲ့လည်း လီဖူချန်းက ခေသူတစ်ဦး မဟုတ်ပါဘူး ။ သူက လက်ဝါးကို အေးအေးလူလူပဲ ရှောင်ထွက် သွားခဲ့ပါတယ် ။

" ဓားအရွေ့ "

ဖုတ်ကောင် မဟာ ဧကရာဇ်က မျက်မှောင် ကြုတ်ပြီး အလောင်းပျံ ဧကရာဇ်ဘက်ကို လှည့်ကြည့် လိုက်ပါတယ် ။ အလောင်းပျံ ဧကရာဇ်က လီဖူချန်းဟာ ဓားအရွေ့ကို နားလည် သဘောပေါက်ထားကြောင်း လုံးဝ မပြောပြခဲ့ပါဘူး ။

ဧကရာဇ်တွေ ကြားမှာက တည်နေရာ ရွှေ့ပြောင်း နည်းစနစ်ကို ပိုင်ဆိုင် ထားမထား ဆိုတာဟာ အင်မတန်မှ အရေးကြီးလှပါတယ် ။

သည်ပုံစံအတိုင်း ဆိုရင်တော့ သူ့အနေနဲ့ လီဖူချန်းရဲ့ ဓားအရွေ့ကို မချိုးနှိမ်နိုင်မချင်း လီဖူချန်းကို ဘယ်လိုမှ သတ်နိုင်မှာ မဟုတ်ပါဘူး ။

" ကောင်လေး …… ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့ ငါဖုတ်ကောင် ဧကရာဇ်က မင်းရဲ့ ကလေး ကစားစရာ အကွက်လေးကို အနိုင် မယူနိုင်ဘူး ထင်နေလား "

စကား ပြောနေရင်းမှာပဲ ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ညာဘက် လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ သံမဏိ လက်ကောက်ဟာ အရောင် တဖျတ်ဖျတ် တောက်လာခဲ့ပါပြီ ။

အဲသည် သံမဏိ လက်ကောက်ပေါ်မှာကတော့ ငွေပြာရောင်မင်နဲ့ ရေးဆွဲထားတဲ့ အင်းကွက် တစ်ခု ရှိနေပြီး အဲသည် အင်းကွက်ကနေ ထွက်လာတဲ့ စွမ်းအင် တစ်ခုဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံဖို့ ကြိုးစားနေပါတယ်။

" ဟင်းလင်းပြင်ကို ပိတ်လိုက်တာလား "

လီဖူချန်းရဲ့ မျက်နှာက တည်ကြည် လေးနက် သွားခဲ့ပါပြီ ။

ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရှိနေတဲ့ ဟင်းလင်းပြင်တွေဟာ ပိတ်ဆု့ိခံနေရပြီလို့ သူ့အနေနဲ့ ခံစားလိုက်မိလို့ပါပဲ ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းက သည်ဟင်းလင်းပြင် ပိတ်ဆို့ ခံလိုက်ရတာနဲ့ ပတ်သက်ပြီး သိပ်မကြောက်မိပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ သူက သည်လို အခြေအနေမျိုးမှာတောင် သူ့ရဲ့ ဓားအရွေ့ဟာ အလုပ် ဖြစ်လိမ့်မယ်လို့ ယုံကြည်စိတ်ချမှု အပြည့် ရှိလို့ပါပဲ ။

ဘယ်လိုပဲ ဖြစ်ဖြစ် ။ သူက ဓားနှလုံးသားကို မွေးဖွားထားပြီးသား မဟုတ်ပါလား။

ဒါပေမဲ့လည်း သည်ဟင်းလင်းပြင် ပိတ်ဆို့မှုက သူ့ရဲ့ ဓားအရွေ့ကိုတော့ အနည်းငယ် နှေးကွေး လေးလံကောင်း ၊ လေးလံ နိုင်စေလောက်ပါတယ် ။

ဒါကလည်း ကိစ္စတော့ သိပ်မရှိပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက ဓားအရွေ့ကို သုံးမှာ မဟုတ်လို့ပါပဲ ။သူက မဟာ ဧကရာဇ် တစ်ပါး ဘယ်လောက် အစွမ်း ထက်သလဲ ဆိုတာကို ကိုယ်တိုင်၊ကိုယ်ကျ စမ်းကြည့်ချင်ပါသေးတယ် ။

" ငါ့ရဲ့ လက်သီးကို မြည်းကြည့်စမ်း "

ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်ပြီးတဲ့ နောက်မှာတော့ ဖုတ်ကောင် မဟာ ဧကရာဇ်က ဧရာမ လက်သီးကြီးနဲ့ လီဖူချန်းကို ထိုးချလိုက်ပါတယ်။

" လာစမ်းပါ "

လီဖူချန်း သည်လက်သီးချက်ကို ရှောင်ဖို့ စိတ်ကူး မရှိပါဘူး ။ သူက သူ့ရဲ့ မီးတောက်နတ်ဓား ကျင့်စဉ်ကို အစွမ်းကုန် လည်ပတ်လိုက်ပြီး သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို အသက် သွင်းလိုက်ပါတော့တယ် ။

ရှဲ………ရှဲှ……ရှဲ……

အဲသည်နောက်မှာတော့ မီးတောက်မီးလျှံတွေ ရစ်သိုင်းနေတဲ့ ဧရာမ ပုံရိပ်ကြီး တစ်ခုဟာ လီဖူချန်းရဲ့ နောက်ဘက်မှာ ပေါ်လာခဲ့ပါပြီ ။

သည်ပုံရိပ်ကြီးကလည်း  အမြင် ပေတစ်သိန်းနီးပါး ရှိတဲ့အတွက် ဖုတ်ကောင် မဟာ ဧကရာဇ်နဲ့ အရွယ်အစားချင်း သူမသာ ၊ကိုယ်မသာလို့ပဲ ဆိုရပါမယ် ။

" ခုတ်စမ်း "

ထန်……

အဲသည်နောက်မှာတော့ ပုံရိပ်ကြီးက တစစ်သုံးဓားကြီးကို ဆွဲထုတ်ကာ ဖုတ်ကောင် မဟာ ဧကရာဇ်ကို ခုတ်ပိုင်း ပစ်လိုက်ပါတော့တယ် ။

All Chapters