← Chapters

( စာစဉ်-၅၁) လီဖူချန်းရဲ့ တန်ခိုးအစွမ်း

Vol. 51 Ch. 698

( စာစဉ်-၅၁) လီဖူချန်းရဲ့ တန်ခိုးအစွမ်း

Vol. 51 Ch. 698

ဘန်း………

လက်သီးအား နဲ့ ဓားအလင်းတန်းတို့ဟာ လမ်းတစ်ဝက်မှာတင် ထိပ်တိုက် တွေ့ဆုံ သွားခဲ့ကြပါတယ် ။

ဝုန်း……ဝုန်း……ဝုန်း……

သည်ထိပ်တိုက် တွေ့ဆုံမှုက ဘယ်လောက်အထိ ပြင်းသလဲတော့ မသိပါဘူး ။လေပြင်းတောင်တန်း တစ်ဝိုက်မှာ ရှိနေတဲ့ မြေသားတွေကတော့ အက်ကွဲရာတွေ အထပ်ထပ် ဖြစ်ပေါ်သွားပြီး အောက်ကို ကျွံဝင် သွားခဲ့ပါပြီ ။

ကောင်းကင်ယံမှာ ဆိုရင်လည်း ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ မုန်တိုင်ကြီး တစ်စင်းက ရုတ်တရက် ပေါ်လာပြီး အရာအားလုံးကို စုပ်ယူဖို့ ကြိုးစားနေပါသေးတယ် ။

ဖုတ်ကောင် မဟာ ဧကရာဇ် နဲ့ လီဖူချန်းတို့ကတော့ သူတို့ရဲ့ နေရာတွေကနေ တစ်လှမ်းမှ မရွေ့ကြသေးပါဘူး ။

အဲသည် အဓိပါ္ပယ်ကတော့ သူတို့နှစ်ယောက်ဟာ တန်ခိုးစွမ်းအား အရာမှာ ညီမျှနေတယ် ဆိုတာပါပဲ ။

" ဟင် "

ကောင်းကင်မီးတောက် တုံယန်က မျက်ခုံး တစ်ချက် ပင့်လိုက်မိပါတယ်။

ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ပေါ်က မဟာ ဧကရာဇ်တွေကြားမှာ ထူးပြီး ချွန်ထွက်နေတာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ သူက အောက်ဆုံး အဆင့်မှာလည်း ကပ်ပြီး ရှိမနေပါဘူး ။

အခု လီဖူချန်းက ဖုတ်ကောင် မဟာ ဧကရာဇ်ကို လက်ရည်တူ ယှဉ်နိုင်တယ်ဆိုတော့  လီဖူချန်းရဲ့ တန်ခိုးအစွမ်းဟာ မဟာ ဧကရာဇ် တစ်ပါး အဆင့်မှာ ရောက်နေပြီ ဆိုတာကို ဖော်ပြနေတာနဲ့ အတူတူပါပဲ ။

" သူရဲကောင်းလေးလီကတော့ သူရဲကောင်းလေးလီပါပဲ "

ယန်လုံ နဲ့ ယန်ထျန်းကတော့ လီဖူချန်းရဲ့ တန်ခိုးအစွမ်းနဲ့ ပတ်သက်ပြီး သိပ်အံ့သြ မနေကြပါဘူး ။

သူတို့နှစ်ယောက်က လီဖူချန်းဟာ လမ်းစဉ်နှစ်သွယ် ကျင့်ကြံသူ ဖြစ်တယ် ဆိုတာကို ရိပ်မိနေကြတာ အတော်လေး ကြာနေခဲ့ပါပြီ ။

လီဖူချန်းက ခန္ဓာကိုယ် အပြင်အားက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကိုတော့ သူတို့အနေနဲ့ ထူးပြီး ခန့်မှန်းနေစရာ မလိုပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို သတ်ဖြတ်ရာမှာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား သီးသန့်ကိုသာ သုံးပြီး သတ်ဖြတ်ခဲ့တာ မဟုတ်ပါလား ။

ဒါပေမဲ့ လီဖူချန်းရဲ့ ဓားတာအိုကလည်း အစွမ်းထက်သင့်သလောက် ထက်တာပါပဲ ။

အရိုးဖြူတောင်မှာတုန်းက ဆိုရင် လီဖူချန်းဟာ သူ့ရဲ့ ဓားစွမ်းကို ပြပြီး သူတို့ နှစ်ယောက်ကို ကယ်တင်ခဲ့တာပါ ။ ဒါတောင်မှ အဲသည်တုန်းက လီဖူချန်းဟာ မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့်မှာသာ ရှိနေသေးတာ ဖြစ်ပါတယ် ။

ဒါပေမဲ့ အခုတော့ လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ မူလပင်လယ် နယ်ပယ် အဆင့်၃ကိုတောင် ရောက်နေခဲ့ပါပြီ ။

အဲသည်အတွက် သူတို့နှစ်ယောက်က လီဖူချန်းရဲ့ ဓားတာအို အစွမ်းဟာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားအောက် နိမ့်ကျလိမ့်မယ်လို့ လုံးဝ မယုံကြည်ပါဘူး ။

ဒါကြောင့်လည်း ယန်လုံ နဲ့ ဟန်ထျန်းတို့ဟာ အစောပိုင်းက လီဖူချန်း တစ်ယောက် ဖုတ်ကောင် မဟာ ဧကရာဇ်ကို လက်ရည်တူ တိုက်ခိုက်နိုင်တဲ့ အပေါ်မှာ အံ့အား သင့်မနေခဲ့ကြတာပါ ။

ဟုတ်ပါတယ် ။ တကယ်လို့ လီဖူချန်းက ဖုတ်ကောင် မဟာ ဧကရာဇ်နဲ့ သိုင်းကွက်ပေါင်း မရေမတွက်နိုင်အောင် ဖလှယ်နိုင်တာ ဖြစ်ဖြစ် ဒါမှမဟုတ် ဖုတ်ကောင် မဟာ ဧကရာဇ်ကို အနိုင်ယူတာ ဖြစ်ဖြစ် ။အဲသည်နှစ်မျိုးထဲက တစ်မျိုးကို လုပ်ပြနိုင်ရင်တော့ သူတို့နှစ်ယောက်ဟာ သေချာပေါက် အံ့အား သင့်မိကြမှာပါပဲ ။

လောကပေါ်မှာက မဟာ ဧကရာဇ် တစ်ပါးနဲ့ သိုင်းကွက် တစ်ကွက် ဖလှယ်နိုင်တဲ့ အထွတ်အထိပ် ဧကရာဇ်တွေဟာ ရိုက်သတ်လို့ မကုန်အောင် ပေါများလှပါတယ် ။ ဒါပေမဲ့ သိုင်းကွက်ပေါင်း တော်တော်များများအထိ ဖလှယ်နိုင်သူတွေကတော့ သိပ်မရှိပါဘူး ။ ပြီးတော့ မဟာ ဧကရာဇ် တစ်ပါးနဲ့ သိုင်းကွက်ပေါင်း တော်တော်များများ ဖလှယ်နိုင်တာနဲ့ အဲသည် ဧကရာဇ်ကို မဟာ ဧကရာဇ် အစွမ်း ရှိတယ်လို့လည်း သတ်မှတ်လို့ မရပြန်ပါဘူး ။

အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါး နဲ့ မဟာ ဧကရာဇ် တစ်ပါးကြားမှာ ရှိတဲ့ အစစ်အမှန် ကွာဟာမှုက သူတို့ရဲ့ ဘက်ပေါင်းစုံ စွမ်းရည်ပါပဲ ။

အထွတ်အထိပ် အဆင့် ဧကရာဇ်တွေက တချို့နေရာတွေမှာ မဟာ ဧကရာဇ်တွေကို ယှဉ်နိုင်ပေမယ့် ဘက်ပေါင်းစုံကနေ ခြုံငုံပြီး ယှဉ်မယ်ဆိုရင်တော့ လုံးဝ မယှဉ်နိုင်ပါဘူး ။

" ကောင်းတယ်…… ကောင်းတယ် ။ ငါ့ရဲ့ လက်သီးချက် ဘယ်နှစ်ချက်ကို မင်းခံနိုင်မလဲ ကြည့်ကြတာပေါ့ "

ဖုတ်ကောင် မဟာ ဧကရာဇ်က တဟားဟား ရယ်မောပြီး လီဖူချန်းကို လက်သီးနဲ့ အဆက်မပြတ် ထိုးလိုက်ပါတယ် ။

ဖုတ်ကောင် မဟာ ဧကရာဇ်က ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ သူ့ရဲ့ ခန္ဓာကိုယ် မာကျောမှု တစ်ခုတည်းနဲ့ နာမည်ကျော်ခဲ့တာ မဟုတ်ပါဘူး ။ သူ့ရဲ့ ဖုတ်ကောင် လက်သီးသိုင်းကလည်း သူ့ရဲ့ ခန္ဓာကိုယ်နဲ့ တန်းတူ ကျော်ကြားတာပါပဲ ။ အဲသည်အတွက် သူက လီဖူချန်းဟာ သူ့ရဲ့ လက်သီးတွေကို ခံနိုင်လိမ့်မယ်လို့ လုံးဝ မယုံကြည်ပါဘူး ။

ဖုတ်ကောင် မဟာ ဧကရာဇ်က မဟာ ဧကရာဇ် တော်တော်များများနဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ် ။အဲသည် မဟာဧကရာဇ်တွေထဲက အများစုက သူ့ထက် တိုက်ခိုက်နိုင်စွမ်းမှာ အစွမ်း ထက်သူတွေချည်းပါပဲ ။ ဒါပေမဲ့လည်း အဆုံးသတ်မှာတော့ အဲသည် ဧကရာဇ်တွေဟာ အရင်ဦးဆုံး ခြေကုန်လက်ပန်း ကျသွားလေ့ ရှိပါတယ် ။

လက်သီးချက် ၁၀၀ ……လက်သီးချက် ၅၀၀……

ဖုတ်ကောင် မဟာ ဧကရာဇ် နဲ့ လီဖူချန်းတို့ရဲ့ လှုပ်ရှားမှုတွေက လျင်မြန်လွန်းလှတဲ့အတွက် လက်သီးချက် ၅၀၀ဟာ ၁၅မိနစ်တောင် မကြာလိုက်ပါဘူး ။

တိုက်ပွဲ အချိန် ကြာမြင့်လာတာနဲ့အမျှ ဖုတ်ကောင် မဟာ ဧကရာဇ်ဟာ မျက်နှာ တဖြည်းဖြည်း ပျက်လာပြီး ညိုပုပ် လာခဲ့ပါပြီ ။

သည်ဘာမဟုတ်တဲ့ ပမွှားလေး တစ်ယောက်ကို သိုင်းကွက်ပေါင်း ၅၀၀ အထိ အနိုင်မရသေးတာက သူ့လို မဟာ ဧကရာဇ် တစ်ပါးအဖို့တော့ တကယ်ကို အရှက် ရစရာပါပဲ ။

ဘန်း……ဘန်း……ဘန်း……

ဝုန်း……

ရွှမ်း……

လက်သီးချက် ၅၀၀ ရောက်တဲ့အထိ လီဖူချန်းဟာ လုံးဝ အောက်စည်းကို မရောက်သေးပါဘူး ။ အဲသည်အစား သူကတောင်မှ ဖုတ်ကောင် မဟာ ဧကရာဇ်ကို ဓားချက်တွေ တော်တော်များများ ထိအောင် ပြန်ကျွေးနေပါသေးတယ် ။

ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က မာလွန်းလို့တာပေါ့ ။ မဟုတ်လို့ကတော့ သူ့ရဲ့ ဦးခေါင်းဟာ လီဖူချန်းရဲ့ ဓားချက်နဲ့ အစိတ်စိတ်အမွှာမွှာ ဖြစ်နေလောက်ပါပြီ ။

"သည်လူရဲ့ ခန္ဓာကိုယ်က တကယ် မာတာပဲ "

လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။

ရွှမ်း……ရွှမ်း……ရွှမ်း……

ဝုန်း……

" သွားစမ်း "

ဘန်း……

လီဖူချန်းက ဖုတ်ကောင် မဟာ ဧကရာဇ်ကို လက်ရည်တူ ယှဉ်နိုင်ပေမယ့် တခြားတစ်ဖက်မှာတော့ ရန်ချင်းဟူဟာ အခြေအနေ မကောင်းတော့ပါဘူး ။

ရန်ချင်းဟူက တန်ခိုးအစွမ်း ထက်တာ မှန်ပါတယ် ။ ဒါပေမဲ့လည်း အရိုးခေါင်းခွံ မဟာ ဧကရာဇ်လို မဟာ ဧကရာဇ် တစ်ပါးနဲ့ ယှဉ်လိုက်ရင်တော့ သူတို့ကြားမှာက ကွာဟာမှု ကြီးကြီးမားမား ရှိနေဆဲပါပဲ ။

" ငါသည်တိုက်ပွဲကို အမြန်ဖြတ်မှ ရတော့မယ် "

ရန်ချင်းဟူ တစ်ယောက် အခြေအနေ မဟန်တာကို ရိပ်မိလိုက်တဲ့ လီဖူချန်းက တိုက်ပွဲကို အချိန် ဆက်ဆွဲ မနေတော့ပါဘူး ။

သူက သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို ရုတ်သိမ်းလိုက်ပြီး ဘုံခုနစ်ဆင့်ဓားကို ထုတ်လိုက်ပါတယ် ။

ရွှမ်း……

သွေးစိမ်းရှင်ရှင်တွေက နေရာအနှံ့ ပန်းထွက် သွားခဲ့ပါပြီ ။

လူတွေအားလုံးကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ ။အဲသည်လူတွေ ထဲမှာတော့ ကောင်းကင်မီးတောက် တုံယန် နဲ့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်တို့ကလည်း ခြွင်းချက် မရှိပါဘူး ။

ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ နံပါတ်တစ် ဆိုတာကို လူတိုင်း အသိပါပဲ ။

ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ ဆိုရင် ဖုတ်ကောင် မဟာ ဧကရာဇ် ပေါ်လာချိန်က စပြီး အခုချိန်အထိ သူ့ကို ဒဏ်ရာ ရအောင် လုပ်နိုင်သူဟာ လုံးဝ မရှိသေးပါဘူး ။ အလွန်ဆုံးမှ သူ့ကို ဖိနှိပ်နိုင်တဲ့သူပဲ ရှိတာပါ ။

ဒါပေမဲ့လည်း အခုတော့ လီဖူချန်းဟာ ဓားချက် တစ်ချက်တည်းနဲ့ ဖုတ်ကောင် မဟာ ဧကရာဇ်ကို ဒဏ်ရာရအောင် ပြုလုပ်လိုက်ပါပြီ ။ အဲဒါက ကိုယ်တိုင်ကိုယ်ကျ မြင်ရတာသာ မဟုတ်ရင် လုံးဝ မယုံနိုင်စရာပါပဲ ။

မဟုတ်မှလွဲရော ။ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းက မဟာ ဧကရာဇ်တွေရဲ့ အဆင့်ကို ကျော်လွန်ပြီး အကြို-သူတော်စင် အဆင့်ကို ရောက်နေတာများလား ။

" မဟုတ်သေးဘူး ။ အဲဒါက ဓားကြောင့်ပဲ "

ကောင်းကင်မီးတောက် တုံယန်ရဲ့ မျက်လုံးတွေက လီဖူချန်းရဲ့ ဘုံခုနစ်ဆင့် ဓားအပေါ် ကျရောက်သွားခဲ့ပါတယ် ။

သည်ဓားက ကြောက်စရာ ကောင်းလှတဲ့ ဓားဆန္ဒ တစ်ခုကို ထုတ်လွှတ်နေပြီး အဲဒါက မိုးမြေ ဥပဒေသကိုတောင် သက်ရောက်မှု ရှိနေစေတာ မဟုတ်ပါလား ။

" ကောင်းကင် အဆင့်မြင့် ရတနာဓား "

ကောင်းကင်မီးတောက် တုံယန်ရဲ့ ပင့်သက် တစ်ချက် ရှိုက်လိုက်မိပါတယ် ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ကောင်းကင် မဏ္ဍိုင် ကုန်းမြေတိုက်မှာက ကောင်းကင်အဆင့်မြင့် ရတနာ လက်နက် ဆိုလို့ တစ်လက်သာ ရှိပြီး အဲသည်လက်နက်ကလည်း အစွမ်းအထက်ဆုံး မဟာ ဧကရာဇ် ဖြစ်တဲ့ ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ်ရဲ့ လက်ထဲမှာ ဆိုတာပါပဲ ။

ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ်က လွဲပြီး တခြားကျန်တဲ့ မဟာ ဧကရာဇ်တွေဟာ ကောင်းကင် အလယ်အလတ် အဆင့် လက်နက်တွေကိုသာ သုံးကြရတာပါ ။

ကောင်းကင် အဆင့်မြင့် လက်နက်တွေ ဆိုတာက နောက်စရာ မဟုတ်ပါဘူး ။

သူတို့တွေက အင်မတန် အစွမ်းထက်ပြီး မိုးမြေ ဥပဒေသကိုတောင် မျက်ကွယ် ပြုနိုင်ပါတယ် ။

ဒါကြောင့်မို့လို့လည်း ဘယ်သူကမှ တောင့်မခံနိုင်ကြတာပါ ။

လီဖူချန်းက ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ခံစစ်ကို ကျော်ဖြတ်သွားနိုင်တယ် ဆိုတာကလည်း ဘုံခုနစ်ဆင့်ဓားက ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ ခန္ဓာကိုယ် အပြင်အား ဥပဒေသကို ဖယ်ရှား ပစ်လိုက်လို့ပါပဲ ။

မဟုတ်လို့ကတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ ဘယ်လောက်ထက်ထက် ဖုတ်ကောင် မဟာ ဧကရာဇ်ကို ဒဏ်ရာရအောင် လုပ်နိုင်စရာ အကြောင်း မရှိပါဘူး ။

" ကောင်းကင် အဆင့်မြင့် ရတနာဓားလား "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကလည်း မျက်နှာ ပျက်နေခဲ့ပါပြီ ။

သူက ကောင်းကင် အဆင့်မြင့် ရတနာ လက်နက်တွေရဲ့ အကြောင်းကို တခြားသူတွေထက်ကို ပိုပြီး သိပါတယ် ။ အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင် ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ် ဆီမှာသာ ကောင်းကင် အဆင့်မြင့် ရတနာ လက်နက် ရှိမနေဘူး ဆိုရင် သူတို့ နှစ်ယောက်ကြားက တန်ခိုးအစွမ်းဟာ သိပ်ပြီး ကွာခြားနေမှာ မဟုတ်ပါဘူး။

" ကြောက်ဖို့ကောင်းလိုက်တဲ့ ဓား "

အလောင်းပျံ ဧကရာဇ်ကတော့ လီဖူချန်းရဲ့ လက်ထဲက ဓားကို ကြည့်ပြီး ချွေးစေးတွေ ပြန်လာခဲ့ပါတယ် ။

အရင်တစ်ခေါက်က လီဖူချန်းက သူ့ရဲ့ ဓားတာအို အစွမ်းကို ထုတ်မသုံးဘဲ ခန္ဓာကိုယ် အပြင်အားကိုသာ ထုတ်သုံးခဲ့လို့တာပေါ့ ။ မဟုတ်လို့ကတော့ သူဟာ သည်နေ့ သည်နေရာမှာတောင် ရပ်နေနိုင်မှာ မဟုတ်ဘဲ အဲသည်ကတည်းက လီဖူချန်းရဲ့ လက်ချက်နဲ့ နှစ်ပိုင်း ပြတ်နေလောက်ပါပြီ ။

" ခွေးမသား ……မျိုးမစစ်ကောင် သေစမ်း "

ဒဏ်ရာ ရသွားတဲ့ ဖုတ်ကောင် မဟာ ဧကရာဇ်ကတော့ သူ့ရဲ့ ဒေါသတွေကို ဘယ်လိုမှ ထိန်းမရနိုင်တော့တဲ့ ပုံပါပဲ ။ သူက လီဖူချန်းကို ဒေါသတကြီး ဆဲဆိုလိုက်ပြီး လက်သီးနဲ့ တရစပ် ထိုးပါတော့တယ် ။

ရွှမ်း……

ကြည်လင်တောက်ပနေတဲ့ ဓားချက် တစ်ချက်က အကွာအဝေးကို မျက်ကွယ်ပြုပြီး ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို လှီးဖြတ် သွားခဲ့ပြန်ပါပြီ ။

ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းက ဟင်းလင်းပြင် တာအို အထူးပြုတဲ့ ဓားသိုင်း ဖြစ်တဲ့အတွက် အကွာအဝေးကို သိပ်ပြီး ဂရုစိုက်နေစရာ မလိုပါဘူး ။

ဒါတောင်မှ လီဖူချန်းက ဗလာနယ် ဓားကမ္ဆာကို အပြည့်အဝ မတတ်ကျွမ်းသေးလို့တာပေါ့ ။ မဟုတ်လို့ကတော့ သူဟာ ဓားတစ်ချက်တည်းနဲ့တင် ဖုတ်ကောင် မဟာ ဧကရာဇ်ကို ဒဏ်ရာ အကြီးအကျယ် ရအောင် လုပ်နိုင်လောက်ပါတယ် ။

" မဖြစ်ဘူး …… သည်အတိုင်းဆိုရင် ငါအခြေအနေ မကောင်းဘူး "

ဖုတ်ကောင် မဟာ ဧကရာဇ်က လူပါး၊လူနပ် တစ်ယောက်ပါပဲ ။ သူက အခြေအနေ မဟန်မှန်း ရိပ်မိလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ဧရာမ ခန္ဓာကိုယ်ကြီးကို နဂိုမူလအတိုင်း ပြန်ကျုံ့စေလိုက်ပါတယ် ။

ခန္ဓာကိုယ်က ပိုကြီးလေလေ၊ ပစ်မှတ်က ပိုထင်ရှားလေလေ မဟုတ်ပါလား ။

" ဖုတ်ကောင်သွေး …… လောင်စမ်း "

တစ်ဆက်တည်းမှာပဲ သူက သူ့ရဲ့ ဖုတ်ကောင်သွေးတွေကို လောင်ကျွမ်း ပစ်လိုက်ပါတယ် ။

သူ့အတွက်ကတော့ တခြား ရွေးချယ်စရာလမ်း မရှိပါဘူး ။ သူက ဖုတ်ကောင်သွေးကို လောင်ကျွမ်းစေမှပဲ လီဖူချန်းကို ဖိအား ပေးနိုင်တော့မှာပါ ။

ရှဲ……ရှဲ……ရှဲ……

လောင်ကျွမ်းနေတဲ့ သွေးအလွှာ တစ်ခုက ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံ သွားခဲ့ပါပြီ ။

" သေစမ်း ……ခွေးမျိုး "

အဲသည်နောက်မှာတော့ ဖုတ်ကောင် မဟာ ဧကရာဇ်က လီဖူချန်းဆီကို တစ်ရှိန်ထိုး ခုန်ဝင်သွားပြီး လက်သီးနဲ့ ထိုးထည့်လိုက်ပါတယ် ။

သည်လက်သီးချက်ကတော့ အစောပိုင်းက လက်သီးချက်တွေနဲ့ တခြားစီပါပဲ ။

သည်လက်သီးချက်က ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် လေဟာနယ် ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကိုလည်း ဖိနှိပ် ပစ်နိုင်ပါတယ် ။

တကယ်လို့သာ လက်သီးက ပစ်မှတ်ကို ထိသွားပြီ ဆိုရင်တော့ ထိပ်တန်း အဆင့် မဟာ ဧကရာဇ် တစ်ပါးတောင်မှ ချောင်မှာ မဟုတ်ပါဘူး ။ သည်လက်သီးချက်က ထိပ်တန်း အဆင့် မဟာ ဧကရာဇ် တစ်ပါးကိုတောင်မှ ဒဏ်ရာ အပြင်းအထန် ရသွားအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ် ။

ဒါကြောင့်မို့လည်း ဖုတ်ကောင် မဟာ ဧကရာဇ်က သည်အကွက်ကို အသက်ကယ် ဝှက်ဖဲအဖြစ် အမြဲတစေ သိမ်းထားခဲ့တာပါ ။

တကယ့် သေရေးရှင်ရေးနဲ့ မကြုံရမချင်း သူက သည်အကွက်ကို လုံးဝ မထုတ်ပါဘူး ။

" ဗလာနယ်ဓား "

တစ်ဖက်က လီဖူချန်းရဲ့ လှုပ်ရှားမှုကလည်း လျှပ်ပြက်သလိုပါပဲ ။

သူက ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ လက်သီးချက် ရောက်လာတာကို ထိုင်စောင့်မနေဘဲ ဆီးပြီး ခုတ်ချလိုက်ပါတယ် ။

ဝုန်း……

လက်သီးချက် နဲ့ ဓားအလင်းတန်းတို့က ထိပ်တိုက် တွေ့သွားခဲ့ကြ ပြန်ပါပြီ ။

သည်တစ်ကြိမ်မှာတော့ လီဖူချန်းက ဖုတ်ကောင် မဟာ ဧကရာဇ်ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ လက်သီးချက်က သူ့ရဲ့ ဗလာနယ်ဓားကို ရေဝဲကြီး တစ်ခုလို စုပ်ယူ သွားခဲ့လို့ပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းက ဖုတ်ကောင် မဟာ ဧကရာဇ်ဟာ သူ့ရဲ့ ဖုတ်ကောင်သွေးကို အမြဲတစေ လောင်ကျွမ်းထားနိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး ။

တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ သူ့အတွက် အခွင့်အရေးက ရောက်လာဦးမှာပါပဲ ။

" သေစမ်း "

ဖုတ်ကောင် မဟာ ဧကရာဇ်က အံတစ်ချက်ကျိတ်ကာ ကြုံးဝါးလိုက်ပြီး လီဖူချန်းကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက်လာခဲ့ပြန်ပါပြီ ။

သူက ခုခံဖို့ကို လုံးဝ မပြင်ဆင်ထားပါဘူး ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လက်သီးတစ်ချက် နဲ့ ဓားတစ်ချက်ကို အနာခံ လဲလှယ်ဖို့ပါပဲ ။

သူက လီဖူချန်းရဲ့ ဓားချက်ကို တစ်ချက်မက ခံနိုင်ရည် ရှိပေမယ့် လီဖူချန်းကတော့ သူ့ရဲ့ လက်သီး တစ်ချက်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ပါဘူး ။

အဲသည်အတွက် သူက လီဖူချန်းကို လက်သီးနဲ့ တစ်ချက် ထိအောင် ထိုးနိုင်ဖို့ပဲ လိုပါတယ် ။ တကယ်လို့ သူ့အနေနဲ့ လီဖူချန်းကို လက်သီးနဲ့ တစ်ချက်သာ ထိုးမိလိုက်ပြီ ဆိုတာနဲ့ တိုက်ပွဲက ဆက်သွားဖို့ မလိုတော့ပါဘူး ။ လုံးဝကို နိဋ္ဌိတံပါပြီ ။

ဒါပေမဲ့လည်း လက်သီးချက် ရာနဲ့ချီလာတာတောင်မှ သူက လီဖူချန်းရဲ့ အကျီ ၤစကို ထိအောင် မထိုးနိုင်သေးပါဘူး ။ တစ်ဖက်မှာလည်း သူ့ရဲ့ ဖုတ်ကောင်သွေးတွေဟာ တော်တော်များများ အထိ ကုန်ခမ်း လာခဲ့ပါပြီ ။

လီဖူချန်းရဲ့ တုံ့ပြန်မှုတွေက မယုံနိုင်လောက်အောင်ကို မြန်လွန်းနေပြီး မသိရင် သူက ဖုတ်ကောင် လက်သီးသိုင်းကို အကုန်အစစ် တတ်မြောက်ထားသလိုပါပဲ ။

ရွှမ်း……ရွှမ်း……

တစ်ကြိမ်မှာတော့ ကြည်လင်တောက်ပနေတဲ့ ဓားအလင်းတန်း နှစ်ခုဟာ ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ မျက်လုံးတွေဆီကို တိုးဝင် လာခဲ့ပါတယ် ။

ဖုတ်ကောင် မဟာ ဧကရာဇ်က ခေါင်းကို တစ်ဖက်လှည့်ပြီး ရှောင်တိမ်းဖို့ ကြိုးစားပေမယ့်လည်း အချိန် မမီခဲ့ပါဘူး ။

" အား "

" ခွေးမသား …… မင်းက ငါ့မျက်လုံးကို တိုက်ရဲတယ်ပေါ့ "

သွေးစီးကြောင်း နှစ်ကြောင်းက ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ မျက်ခွံတွေကနေပြီး စီးကျလာခဲ့ပါပြီ ။

ကံကောင်းတာ တစ်ခုကတော့ ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ မျိုးဆက်သွေး စွမ်းအားတစ်ခုရဲ့ အကာအကွယ် ပေးခြင်းကို ခံထားရတာပါပဲ ။ မဟုတ်လို့ကတော့ သည်ဒဏ်ရာက သူ့ကို တိုက်ပွဲ အောက်စည်း ရောက်သွားအောင် ဆွဲချသွားနိုင်ပါတယ် ။

" အရိုးခေါင်းခွံ မဟာ ဧကရာဇ် …… သည်ကောင်လေးက တကယ့် ပြသနာကောင်ပဲ ။ ကျုပ်ကို မြန်မြန်လာကူဦး "

ဖုတ်ကောင် မဟာ ဧကရာဇ်က လီဖူချန်းကို ဘယ်လိုမှ တစ်ယောက်ချင်း ရင်ဆိုင် မတိုက်ဝံ့တော့ပါဘူး ။ သူက လီဖူချန်းကို အကြောက်ကြီး ကြောက်နေခဲ့ပါပြီ ။

သည်ဘာမှမဟုတ်တဲ့ ပမွှားလေးက အထွတ်အထိပ် မဟာ ဧကရာဇ် အဆင့်မှာကို မဟုတ်ပါဘူး ။ သူက တကယ် အစစ်အမှန် မဟာ ဧကရာဇ် တစ်ပါးနဲ့ကို ယှဉ်နိုင်နေပါပြီ ။

ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ သာမန် မဟာ ဧကရာဇ်တွေထက်တောင်မှ ပိုပြီး အစွမ်း ထက်ပါသေးတယ် ။

ဖုတ်ကောင် မဟာ ဧကရာဇ်ရဲ့ အမြင်အရ ဆိုရင် လီဖူချန်းရဲ့ ပျမ်းမျှ တန်ခိုးအစွမ်းဟာ ထိပ်တန်း မဟာ ဧကရာဇ် အဆင့်မှာ ရှိပြီး တိုက်ခိုက်နိုင်စွမ်းဟာ ထိပ်တန်း မဟာ ဧကရာဇ်တွေထက်တောင် သာလွန်ပါသေးတယ် ။

" ကောင်းလိုက်တဲ့ တန်ခိုးစွမ်းအား "

ယန်ထျန်း နဲ့ ယန်လုံတို့ကလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြပါပြီ ။

သူတို့က လီဖူချန်းဟာ တန်ခိုးထက်တယ် ဆိုတာကို သိပေမယ့် သည်လောက်ကြီးအထိ တန်ခိုးထက်လိမ့်မယ်လို့တော့ မထင်ခဲ့ကြပါဘူး ။

ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေတဲ့ ဖုတ်ကောင် မဟာ ဧကရာဇ်ကတောင်မှ တစ်ယောက်ချင်း မတိုက်ရဲဘဲ အကူအညီ ခေါ်နေရပြီ ဆိုကတည်းက လီဖူချန်းဟာ ဘယ်လောက်အထိ တန်ခိုးအစွမ်း ထက်သလဲ ဆိုတာကို စဉ်းစားလို့ ရနေပါပြီ ။

သည်ပံုံစံအတိုင်း ဆိုရင်တော့ ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ်ကလွဲပြီး တခြား ဘယ်သူကမှ လီဖူချန်းကို တစ်ယောက်ချင်း တိုက်ပွဲမှာ ယှဉ်နိုင်ကြမယ့်ပုံ မပေါ်ပါဘူး ။

" သူရဲကောင်းလေးလီ "

ယန်လုံ နဲ့ ယန်ထျန်း နှစ်ယောက်စလုံးက မတိုင်ပင်ဘဲနဲ့ လီဖူချန်းရဲ့ နာမည်ကို စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိကြပါတယ် ။

တကယ်လို့သာ လီဖူချန်းက သူတို့ ယန်ကလန်ကို ကျောထောက်နောက်ခံ ပြုထားပေးမယ် ဆိုရင် ယန်ကလန်ဟာ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးကိုတောင် ခါးစောင်း တင်နိုင်လောက်မှာ အသေအချာပါပဲ ။

လီဖူချန်းရဲ့ ကျောထောက်နောက်ခံက ကောင်းကင်မီးတောက် အစည်းအရုံးထက်ကို အများကြီး သာပါတယ် ။

သည်စကားက ကောင်းကင်မီးတောက် အစည်းအရုံးဟာ လီဖူချန်းထက် နိမ့်ကျတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး ။

ကောင်းကင်မီးတောက် အစည်းအရုံးက သူတို့ ယန်ကလန်ကို သေရေးရှင်ရေး အခိုက်အတံ့တွေမှာမှ ဝင်ပါလေ့ ရှိတာပါ ။ ယန်ကလန်နဲ့ ကောင်းကင်မီးတောက် အစည်းအရုံးကြားက ဆက်နွှယ် ပတ်သက်မှုက ယန်ကလန်နဲ့ လီဖူချန်းတို့ကြားကလို မဟုတ်ပါဘူး ။

All Chapters