← Chapters

ဓားဧကရာဇ်

Vol. 52 Ch. 699

ဓားဧကရာဇ်

Vol. 52 Ch. 699

အရင်တစ်ခေါက် အရိုးခေါင်းခွံ မဟာ ဧကရာဇ် တံခါးပိတ် ကျင့်ကြံတယ် ဆိုတာက သူဟာ အရိုးဖြူ သူတော်စင် သရဖူကို သန့်စင်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း ကံဆိုးတာ တစ်ခုကတော့  အရိုးဖြူ သူတော်စင် သရဖူဟာ ကောင်းကင် အဆင့်မြင့် မှော်ဝင်ရတနာ ဖြစ်နေတာပါပဲ ။

အဲသည်ထက် ပိုအရေးကြီးတာကတော့ အဲဒါက သူတော်စင် တစ်ပါးရဲ့ အရိုးနဲ့ ပြုလုပ်ထားတာ ဖြစ်နေတာပါပဲ ။

အဲသည်အတွက် အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ နှစ်ပေါင်းရာချီ အချိန်မပေးဘဲနဲ့ သရဖူကို သန့်စင်နိုင်စရာ အကြောင်း မရှိပါဘူး ။

ဒါကြောင့် အခုချိန်အထိ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ အရိုးဖြူ သူတော်စင် သရဖူကို ၅၀ ရာခိုင်နှုန်းသာ သန့်စင်ထားနိုင်သေးပြီး သရဖူရဲ့ အစွမ်းကိုလည်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိသာ အသုံး ပြုနိုင်ပါသေးတယ် ။

တကယ်လို့သာ သူ့အနေနဲ့ သည်သရဖူကို အပြည့်အဝ သန့်စင်လိုက်နိုင်မယ် ဆိုရင် ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ်ကိုတောင်မှ မျက်လုံးထဲ ထည့်စရာ အကြောင်း မရှိတော့ပါဘူး ။သူက ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ အကြွင်းမဲ့ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်သွားတော့မှာပါ ။

ဘန်း……ဘန်း……

ဝုန်း……

" မဆိုင်ဘဲ သူများကိစ္စ ဝင်ရှုပ်တဲ့ အဘိုးကြီး …… မှတ်ပြီလား ……ကဲ "

ဘန်း……

အရိုးဖြူ သူတော်စင် သရဖူရဲ့ အထောက်အပံ့ကို ရထားတဲ့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကိုတော့ ကောင်းကင်မီးတောက် တုံယန်ဟာ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ။

အဲသည်အတွက် သူက  အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ လက်ဝါးရိုက်ချက်တွေကို ဆက်တိုက် မြည်းစမ်းနေရပြီး ဒဏ်ရာ အနည်းငယ်လည်း ရနေခဲ့ပါပြီ ။

"ကောင်းကင်မီးတောက် အစည်းအရုံး သခင် ……  အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို ကျွန်တော့် တာဝန်ထားလိုက် ။ ကျေးဇူးပြုပြီး အစည်းအရုံး သခင်က ဖုတ်ကောင် မဟာဧကရာဇ်ကို တာဝန်ယူပေးပါ"

လီဖူချန်းက ကောင်းကင်မီးတောက် အစည်းအရုံး သခင်ရဲ့ အခြေအနေကို ရိပ်မိတဲ့အတွက် နေရာလဲဖို့ အကြံ ပြုလိုက်ပါတယ် ။

"ဟုတ်ပြီ …… မောင်ရင်လေး"

ကောင်းကင်မီးတောက် တုံယန်က လီဖူချန်းရဲ့ အကြံပြုချက်ကို မငြင်းပါဘူး ။ သူက သည်အချိန်ဟာ သန်မာချင်ယောင် ဆောင်နေရမယ့် အချိန် မဟုတ်ဘူး ဆိုတာကို ကောင်းကောင်းကြီး သိပါတယ် ။

"ဟမ့် ……ခင်ဗျားကို ဘယ်သူက သွားခွင့် ပြုလို့လဲ"

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ကောင်းကင်မီးတောက် တုံယန်ကို ဖုတ်ကောင် မဟာဧကရာဇ်ဆီ သွားခွင့် မပြုပါဘူး ။သူက အရိုးစွမ်းအင်လှိုင်းတွေနဲ့ ကောင်းကင်မီးတောက် တုံယန်ကို လှမ်းပြီး ရိုက်ချလိုက်ပါတယ် ။

" သွားစမ်း "

ရွှမ်း……

အဲသည်အချိန်မှာပဲ ကြည်လင်တောက်ပနေတဲ့ ဓားအလင်းတန်း တစ်ခုက ကြားဝင်လာပြီး အရိုးစွမ်းအားလှိုင်းတွေ ဖြတ်တောက် ပစ်လိုက်ပါတယ် ။

သည်ဓားအလင်းတန်းရဲ့ ပိုင်ရှင်ကတော့ လီဖူချန်းကလွဲပြီး တခြား မရှိပါဘူး ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က အစွမ်းထက်ကောင်း ထက်ပါမယ် ။ ဒါပေမဲ့ လီဖူချန်းရဲ့ ဓားစွမ်းကလည်း မဟာ ဧကရာဇ်တွေရဲ့ အဆုံးစွန်ဆုံး အထိကို ရောက်နှင့်နေပြီးသားပါပဲ ။

အဲသည်အတွက် သူ့ရဲ့ ဓားချက်က အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ လက်ဝါးရိုက်ချက်ကို ခုခံနိုင်စွမ်း အပြည့် ရှိပါတယ် ။

" လာ…… လာခဲ့ ……ကောင်စုတ်လေး ။ ငါမင်းကို ဆုံးမချင်နေတာ ကြာပြီ "

စကားအဆုံးမှာတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ခန္ဓာကိုယ်ကို တစ်ချက် တွန့်ခါလိုက်ပြီး စွမ်းအင် စက်ကွင်း တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ် ။

လီဖူချန်းရဲ့ ဓားအရွေ့ကို ပိတ်ဆို့ဖို့က သိုင်းစက်ကွင်း တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး ။ ဒါပေမဲ့ အရိုးဖြူ သူတော်စင် သရဖူ အစွမ်းကိုပါ သိုင်းစက်ကွင်းထဲမှာ ပေါင်းထည့်လိုက်မယ် ဆိုရင်တော့ အဲဒါက လီဖူချန်းရဲ့ ဓားအရွေ့ကို အနည်းနဲ့အများ ပိတ်ဆု့ိထားနိုင်မှာပါပဲ ။

တကယ်လို့ ဓားအရွေ့ကို မပိတ်ဆို့နိုင်ဘူး ဆိုရင်တောင်မှ အဲဒါက လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကို သေချာပေါက် နှေးကွေးသွားစေမှာ ဖြစ်ပါတယ် ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ သိုင်းစက်ကွင်း ဖိအားကိုတော့ လီဖူချန်းဟာ သည်အတိုင်း ငြိမ်ခံ မနေဝံ့ပါဘူး ။

သူက သူ့ရဲ့ မီးတောက်နတ်ဓား စွမ်းအင်စက်ကွင်းကို အလျင်အမြန် ထုတ်လွှတ်ပြီး အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ သိုင်းစက်ကွင်းကို တန်ပြန်လိုက်ပါတယ် ။

ဓားနှလုံးသားရဲ့ ထောက်ပံ့မှုကို ရထားတဲ့ လီဖူချန်းရဲ့ မီးတောက်နတ်ဓား စွမ်းအင် စက်ကွင်းဟာ အလွန်အမင်း အစွမ်းထက်တဲ့ အဆင့်ကို ရောက်ရှိနေခဲ့ပါပြီ ။

တိတိကျကျ ပြောရမယ် ဆိုရင် အဲဒါက မဟာ ဧကရာဇ် တစ်ပါးရဲ့ သိုင်းစက်ကွင်းကိုတောင် ယှဉ်နိုင်ပါတယ် ။ ဒါပေမဲ့လည်း အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ သိုင်းစက်ကွင်းနဲ့ ယှဉ်ရင်တော့ အားနည်းနေဆဲပါပဲ ။

" ဒါကြောင့်လည်း ကောင်းကင်မီးတောက် အစည်းအရုံး သခင်က အလူးအလဲ ခံနေရတာကိုး "

လီဖူချန်းက အခုမှပဲ ကောင်းကင်မီးတောက် တုံယန်ရဲ့ အခြေအနေကို နားလည် သဘောပေါက်မိပါတော့တယ် ။

"  ဒူးထောက်စမ်း "

အရိုးခေါင်းခွံ မဟာ ဧကရာဇ် အရိုးဖြူ သူတော်စင် သရဖူ အစွမ်းတွေကို လည်ပတ်စေလိုက်ပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ် ။

" လာစမ်းပါ "

လီဖူချန်းက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ လက်ဝါးရိုက်ချက်ကို ကြောက်ရွံ့တဲ့ပုံ လုံးဝ မပြပါဘူး ။ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်ပြီး လက်ဝါးရိုက်ချက်ကို ပြန်တုံ့ပြန်လိုက်ပါတယ် ။

ဝုန်း……

ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာအပြီးမှာတော့ လီဖူချန်းဟာ ၂မိုင်လောက် အထိကို လွင့်ထွက် သွားခဲ့ပါပြီ။

တခြားတစ်ဖက်မှာတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ သူ့ရဲ့ နေရာမှာပဲ တောင်ကြီးတစ်ခုလို မတုန်မလှုပ် ရှိနေခဲ့ပါတယ် ။

ထိပ်တိုက်ရင်ဆိုင်မှု အပိုင်းမှာတော့ လီဖူချန်းဟာ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ထက် မသိမသာလေး အားနည်းနေတယ်ဆိုတာ အသိသာကြီးပါပဲ ။

" နတ်ဆိုး အရိုးခေါင်း လက်ဝါး "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က အသာစီး ရနေတဲ့ အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး ။ သူက အားမာန်အပြည့်နဲ့ အော်ဟစ်လိုက်ပြီး နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်လိုက်ပြန်ပါတယ် ။

နတ်ဆိုး အရိုးခေါင်း လက်ဝါးသိုင်း……

ဒါကတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဆိုတဲ့ နာမည်ကို ဖြစ်ပေါ်လာစေတဲ့ အမှတ်တံဆိပ် တစ်ခုပါပဲ ။

သည်လက်ဝါးသိုင်းမှာက မိစ္ဆာချီစွမ်းအင်တွေ ပါဝင်နေတဲ့အပြင် အရိုးစု အရိပ်တွေလည်း ပါဝင်နေပါသေးတယ် ။

ဝုန်း……

လီဖူချန်းက နောက်ထပ်တစ်ကြိမ် လွင့်ထွက် သွားခဲ့ပြန်ပါပြီ ။ သည်တစ်ကြိမ်မှာတော့ သူက ၇မိုင်လောက်ကို လွင့်ထွက် သွားခဲ့တာပါ ။

"နတ်ဆိုး အရိုးခေါင်း ……အမြစ်ပြတ် သုတ်သင်ခြင်း "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က မာန်သွင်းလိုက်ပြီး သူ့ရဲ့ နောက်ထပ် နာမည်ကျော် လက်ဝါးသိုင်းကွက် တစ်ကွက်ကို ထုတ်လိုက်ပြန်ပါတယ် ။

သူက သည်သိုင်းကွက်ကို ကောင်းကင်မီးတောက် တုံယန် အပေါ်မှာတောင်မှ  အသုံးမပြုခဲ့ပါဘူး ။

အဲသည်အချက်နဲ့တင် သည်သိုင်းကွက်ဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကို သိမြင် နေနိုင်ပါပြီ ။

ဂါး……ဂရား……

နတ်ဆိုး အရိုးစု ပုံရိပ်တစ်ခုဟာ လေဟာနယ်ထဲမှာ ရုတ်တရက် ဖြစ်ပေါ်လာပြီး လက်ဝါးရိုက်ချက်နဲ့အတူ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါတယ် ။

သည်လက်ဝါးရိုက်ချက်ရဲ့ ရှေ့မှောက်မှာတော့ သေဆုံးခြင်း နဲ့ ပျက်စီးခြင်းကလွဲပြီး တခြားဘာမှ မရှိနိုင်ပါဘူး ။

ဘန်း……

သည်တစ်ကြိမ်မှာလည်း လီဖူချန်းဟာ အနောက်ကို လွင့်ထွက်သွားခဲ့ ပြန်ပါပြီ ။ သူ့ရဲ့ ဗလာနယ် ဓားသိုင်းက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ နတ်ဆိုး အရိုးခေါင်း လက်ဝါးသိုင်းကို အပြည့်အဝ ဖျက်ဆီးနိုင်စွမ်း မရှိပါဘူး ။

" သည်တစ်ကြိမ်တော့ ကိစ္စ ပြတ်လောက်ပါပြီ ။ ဟုတ်တယ်မလား "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က အဝေးကို လွင့်ထွက်သွားတဲ့ လီဖူချန်းကို ကြည့်ပြီး တွေးလိုက်မိပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းက သိပ်အချိန်ကြာကြာ မလွင့်ထွက်သွားပါဘူး ။ သူက ိမိုင်ပေါင်း ၂ဒါဇင်ကျော်လောက် အရောက်မှာပဲ သူ့ရဲ့ ကိုယ်ဟန်ကို ပြန်ထိန်းလိုက်နိုင်ပါတယ် ။

" ဟင် …… ဒဏ်ရာတောင် မရဘူးလား "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က မျက်ခုံး မပင့်ဘဲ မနေနိုင်တော့ပါဘူး ။

သူ့ရဲ့ သည်လက်ဝါးရိုက်ချက်ဟာ ကောင်းကင်မီးတောက် တုံယန်ကိုတောင်မှ ဒဏ်ရာ အကြီးအကျယ် ရသွားအောင် လုပ်နိုင်စွမ်း ရှိတာ မဟုတ်ပါလား ။

လီဖူချန်းက အစွမ်းထက်ကောင်း ထက်ပါမယ် ။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကတော့ ကောင်းကင်မီးတောက် တုံယန်ထက်ကို တော်တော်လေး နိမ့်ကျနေပါသေးတယ် ။ သူ့ရဲ့ အသက်ဓာတ်ဟာ ကောင်းကင်မီးတောက် တုံယန်ထက် ပိုကောင်းစရာ ဘာအကြောင်းမှ မရှိပါဘူး ။အဲသည်အတွက် လီဖူချန်းဟာ ဒဏ်ရာ အပြင်းအထန် ရကို ရရမှာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း အခု တွေ့ရသလောက်တော့ လီဖူချန်းဟာ သွေးချီ လည်ပတ်မှု အနည်းငယ် ကမောက်ကမ ဖြစ်သွားတာက လွဲလို့ တခြား ဘာမှ ထွေထွေထူးထူး ဖြစ်သွားပုံ မရပါဘူး ။

" ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခန္ဓာကိုယ် အပြင်အား ဥပဒေသ စက်ကွင်း ရှိနေလို့ တော်သေးတာပေါ့ "

လီဖူချန်းက ကျိတ်ပြီး သက်ပြင်း ချလိုက်မိပါတယ် ။

တကယ်လို့သာ သူ့အနေနဲ့ သာမန် အစကနဦးပိုင်း ခန္ဓာကိုယ် အပြင်အား ဧကရာဇ် တစ်ပါး ဖြစ်ခဲ့မယ် ဆိုရင်တော့ သည်လက်ဝါးရိုက်ချက်ဟာ သူ့ကို သေလုမျောပါးတောင် ဖြစ်သွားစေနိုင်ပါတယ် ။

ဒါပေမဲ့လည်း စိတ်မကောင်းစရာ တစ်ခုက လီဖူချန်းဟာ သာမန် အစကနဦးပိုင်း ခန္ဓာကိုယ် အပြင်အား ဧကရာဇ် မဟုတ်ပါဘူး ။ ပြီးတော့ သူ့ရဲ့ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းကလည်း အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ လက်ဝါးအား အများစုကို ရှင်းထုတ်ခဲ့ပြီးပါပြီ ။

ဒါကြောင့်မို့လည်း လီဖူချန်းက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ လက်ဝါးရိုက်ကို ဘာမှမဖြစ်ဘဲ တောင့်ခံနိုင်ခဲ့တာပါ ။

" ခင်ဗျားအလှည့် ပြီးပြီဆိုတော့ ကျုပ်အလှည့်ပေါ့ "

" ဗလာနယ် အရှိတရား "

လီဖူချန်းက သူ့ရဲ့ ဓားကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ပိတ်ကျဲစ တစ်ခုလို ပါးလွှာတဲ့ အလင်းတန်း တစ်ခုဟာ ကောင်းကင်ယံထက်မှာ  ရုတ်ချည်း ထွက်ပေါ်လာခဲ့ပါပြီ ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က အရိုးခေါင်း အရွေ့ကို မသုံးဘဲနဲ့တော့ သည်ဓားကွက်ကို ဘယ်လိုမှ အချိန်မီ ရှောင်တိမ်းနိုင်စရာ အကြောင်း မရှိပါဘူး ။

ဒါပေမဲ့လည်း အရိုးခေါင်းခွံ မဟာ ဧကရာဇ်က သူ့အနေနဲ့ အရိုးခေါင်း အရွေ့ကို ထုတ်သုံးရင်တောင်မှ သည်ဓားကွက် လက်အောက်ကနေ အပြည့်အဝ လွတ်မြောက်မှာ မဟုတ်ဘူးလို့ ခံစားနေမိပါတယ် ။

ဘန်း…… ဘန်း……ဘန်း……ဘန်း……

ထင်ထားတဲ့အတိုင်းပါပဲ ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ ဗလာနယ် အရှိတရားရဲ့ လက်အောက်ကနေ ဘယ်လိုမှ ရုန်းမထွက်နိုင်ဘဲ အနောက်ကို ဆက်တိုက် ဆိုသလို ဆုတ်ပေးလိုက်ရပါတယ် ။

ဒါပေမဲ့လည်း အရိုးဖြူ သူတော်စင် သရဖူက သူ့ကို ကာကွယ်ပေးထားတဲ့ အတွက် အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ ဘာဒဏ်ရာမှတော့ မရခဲ့ပါဘူး ။

" ကြယ်ကြွေ "

အဲသည်အချိန်မှာပဲ လီဖူချန်းဟာ အလင်းတန်း တစ်ခုအသွင် ပြောင်းသွားပြီး ပျောက်ကွယ် သွားပါတော့တယ် ။

ဘန်း……

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ ယိမ်းထိုးလာပြီး အက်ကွဲရာ တစ်ခုတောင် ပေါ်လာခဲ့ပါပြီ ။ ဒါပေမဲ့လည်း အဲသည် အက်ကွဲကြောင်းက ချက်ချင်းပဲ ပြန်လည် ပျောက်ကွယ် သွားခဲ့ပါတယ် ။

လီဖူချန်း……

လီဖူချန်းကတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ အနောက်မှာ ဘယ်အချိန်ကတည်းကနေ ဘယ်လို ရောက်နေမှန်း မသိပါဘူး ။

" မြန်လိုက်တဲ့ အမြန်နှုန်း…… မဟုတ်သေးဘူး ။ အဲဒါက အချိန်စီးဆင်းမှုနှုန်းကို နှေးသွားစေတာ "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က စိတ်ထဲကနေ အလန့်တကြား တွေးလိုက်မိပါတယ် ။

လီဖူချန်းရဲ့ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းက အစွမ်းထက်တာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လည်း အဲဒါက လေဟာနယ်တွေပေါ်မှာသာ သက်ရောက်မှု ရှိတာပါ ။ လေဟာနယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခု ဖြစ်ပေါ်လာတာကို ခံစားလိုက်မိတာနဲ့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်က အဲဒါကို မဆိုင်းမတွ ပြန်တုံ့ပြန်နိုင်ပါတယ် ။

ဒါပေမဲ့လည်း အခု လီဖူချန်းရဲ့ ကြယ်ပျံ ဓားသိုင်းကတော့ မြန်ကို မြန်လွန်းနေတာပါ ။

သည်လို အမြန်နှုန်းရဲ့ ရှေ့မှောက်မှာတော့ အာရုံခံစားမှု ဘယ်လောက်ကောင်းကောင်း အချိန်မီ တုံ့ပြန်နိုင်စရာ အကြောင်း မရှိပါဘူး ။

" မာလိုက်တဲ့ ခန္ဓာကိုယ် ။ ဒါက ဖုတ်ကောင် မဟာ ဧကရာဇ်ထက်တောင် ပိုမာနေပါလား "

လီဖူချန်းက တွေးလိုက်မိပါတယ် ။

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃ကို ရောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ကြယ်ပျံဓားသိုင်းဟာ အဆင့်သစ် တစ်ခုကို ရောက်ရှိသွားခဲ့ပါပြီ ။

( TL note : ကြယ်ပျံ ဓားသိုင်းမှာက ဓားကွက် တစ်ကွက်ပဲ ရှိပါတယ် ။ အဲဒါက " ကြယ်ကြွေ " ပါ ။ )

ကြယ်ကြွေဓားကွက်က အရင်ကတည်းက ကောင်းကင် အဆင့်မြင့် ဓားကွက် ဖြစ်နေတယ် ဆိုပေမယ့်လည်း အဲသည်တုန်းက သူ့ရဲ့ စွမ်းဆောင်နိုင်မှုဟာ ကန့်သတ်မှု ရှိနေပါသေးတယ် ။

အခုတော့ လီဖူချန်းရဲ့ ကျင့်ကြံမှုက အဆင့်တက်သွားပြီ ဖြစ်တဲ့အတွက် သူဟာ ဘာကန့်သတ်မှုကို မခံစားရတော့ပါဘူး ။

အခုအချိန်မှာတော့ ဓားကွက်ကလည်း သူဖြစ်သလို သူကလည်း ဓားကွက်ပါပဲ ။

ဒါကိုတော့ ဓားနဲ့လူ ပေါင်းစည်းခြင်းရဲ့ အဆုံးစွန်ဆုံး အဆင့်လို့ ခေါ်ပါတယ် ။

လီဖူချန်းက ဓားနဲ့လူ ပေါင်းစည်းခြင်း အဆင့်ကို ရောက်နေခဲ့တာ အတော်လေး ကြာနေခဲ့ပါပြီ ။ ဒါပေမဲ့လည်း ပေါင်းစည်းခြင်းမှာက အကန့်အသတ် ဆိုတာ မရှိပါဘူး ။

အစောပိုင်း အဆင့်မှာက ဓားနဲ့လူ ပေါင်းစည်းခြင်းသာ ဖြစ်ပေမယ့် နောက်ပိုင်း အဆင့်တွေမှာ ဆိုရင်တော့ အဲဒါဟာ ဓားတာအိုနဲ့လူ ပေါင်းစည်းခြင်း ဖြစ်သွားမှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဆိုရင်တော့ အဲဒါဟာ ကောင်းကင်ဘုံ နဲ့ လူ ပေါင်းစည်းခြင်း ဖြစ်သွားမှာ ဖြစ်ပါတယ် ။

ကောင်းကင်ဘုံ ဆိုတာကတော့ မဟာတာအိုကို အဓိပါ္ပယ် ဖော်ဆောင်နေတဲ့ အရာ ဆိုရင်လည်း မမှားပါဘူး ။

ရွှမ်း…… ရွှမ်း……ရွှမ်း……

ဘန်း…… ဘန်း……

လီဖူချန်းရဲ့ အမြန်နှုန်းကတော့ တကယ်ကို သြချလောက်စရာပါပဲ ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ လီဖူချန်းရဲ့ ဓားချက်လားရာတွေကို ဘယ်လိုမှ မခန့်မှန်းနိုင်ခဲ့ပါဘူး ။ အဲသည်အတွက် သူဟာ တခြား ရွေးချယ်စရာ မရှိဘဲ လီဖူချန်းရဲ့ တိုက်ခိုက်မှုတွေကိုသာ အံကျိတ်ပြီး ခံနေရပါတော့တယ် ။

ကံကောင်းတာ တစ်ခုကတော့ အရိုးဖြူ သူတော်စင် သရဖူက သူ့ရဲ့ ခံနိုင်ရည်ကို ထပ်ပေါင်းပေးထားတာပါပဲ ။ မဟုတ်လို့ကတော့ သူဟာ လီဖူချန်းရဲ့ ဓားချက်တွေကြောင့် ဒဏ်ရာ အကြီးအကျယ် ရနေလောက်ပါပြီ ။

" ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားနဲ့လူ ပေါင်းစည်းခြင်း ။ သည်လောကပေါ်မှာ နောက်ထပ် ဓားဧကရာဇ် တစ်ပါး တိုးလာပြန်ပြီပေါ့ "

ကောင်းကင်မီးတောက် တုံယန်က ဖုတ်ကောင် မဟာဧကရာဇ်နဲ့ တိုက်ခိုက်နေရင်းကနေ ချီးကျူးလိုက်မိပါတယ် ။

ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်က အလွန်အမင်း အစွမ်းထက်တဲ့ ဓားတာအို မဟာ ဧကရာဇ်တွေကို မွေးထုတ်ပေးခဲ့ ဖူးပါတယ် ။ ဒါပေမဲ့ သည်ဘက် နှစ်တစ်သန်းမှာတော့ ဓားဧကရာဇ် ဆိုတဲ့ ဘွဲ့နာမည်နဲ့ ထိုက်တန်သူဟာ တစ်ယောက်မှ မရှိခဲ့ပါဘူး ။

" အရိုးခေါင်း နယ်မြေ "

တစ်ဖက်လူကို ပြန်မတိုက်ဘဲ ငြိမ်ပြီး ခံနေတယ် ဆိုတာက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ ပုံစံ မဟုတ်ပါဘူး ။

အဲသည်အတွက် သူက သူ့ရဲ့ ဘယ်ဘက်လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကိုယ်ပိုင် နယ်မြေတစ်ခုကို ဖန်ဆင်းလိုက်ပါတယ် ။

ဝေါ……ဝေါ……ဝေါ……

အဲသည်နောက်မှာတော့ အရိုးခေါင်းခွံ တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး လီဖူချန်း နဲ့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်တို့ကို ဝါးမျို သွားခဲ့ပါပြီ ။

" နတ်ဘုရားစွမ်းရည်လား "

လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ် ။

သူက တစ်ဖက်ရန်သူရဲ့ နတ်ဘုရားစွမ်းရည် အတွင်းမှာ ကျရောက်နေပေမယ့် ကြောက်ရွံ့မှုကိုတော့ လုံးဝ မခံစားရပါဘူး ။

ဒါပေမဲ့ သူက တစ်ဖက်ရန်သူရဲ့ နတ်ဘုရား စွမ်းရည်ကိုလည်း လုံးဝ လျော့မတွက်ရဲပါဘူး ။

မဟာ ဧကရာဇ် တစ်ပါးရဲ့ လက်ထဲမှာက သာမန် နတ်ဘုရား စွမ်းရည် တစ်ခုကတောင်မှ ကြောက်စရာ ကောင်းလွန်းလှပါတယ် ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ အင်းကွက် တစ်ခုလုံးကို နားလည် သဘောပေါက်ထားတဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ နတ်ဘုရားစွမ်းရည်ကတောင်မှ မဟာဧကရာဇ် တစ်ပါးရဲ့ နတ်ဘုရားစွမ်းရည် အဆင့်ကို မရောက်သေးဘူး ဆိုတာပါပဲ ။

ကြယ်၈ပွင့် အထူးအရိုး တည်ဆောက်ပုံကနေ ရတဲ့ နတ်ဘုရား စွမ်းရည်ကမှ မဟာ ဧကရာဇ်တွေကို သာလွန်တာ ဖြစ်ပါတယ် ။

" ဒါက ကြယ်၈ပွင့် အထူးအရိုး တည်ဆောက်ပုံပဲ "

လီဖူချန်း အမြင်အရ ဆိုရင်တော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ အရိုးတည်ဆောက်ပုံဟာ ရိုးရိုးသာမန် ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ မဟုတ်ပါဘူး ။

အဲဒါက သေချာပေါက် ကြယ်၈ပွင့် အထူးအရိုး တည်ဆောက်ပုံပါပဲ ။

အဲသည်အတွက် အရိုးခေါင်းခွံ မဟာ ဧကရာဇ် နားလည်သဘောပေါက်ထားတဲ့ နတ်ဘုရား စွမ်းရည်ကလည်း သေချာပေါက် အစွမ်းထက်နေမှာ ဖြစ်ပါတယ် ။

" ကောင်လေး …… ခံနိုင်ရင် ခံပေတော့ "

စကားအဆုံးမှာတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ လေထုထဲကနေ ပျောက်ကွယ် သွားခဲ့ပါတယ် ။

ချွမ် ……

ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူဟာ လီဖူချန်းရဲ့ အနောက်မှာ ရောက်နေခဲ့ပါပြီ ။

သည်အရိုးခေါင်း နယ်မြေထဲမှာတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ စိတ်ကြိုက်သွားလာ လှုပ်ရှားနိုင်ပြီး သူပေါ်ချင်တဲ့ နေရာမှာ ချက်ချင်း ပေါ်လာနိုင်ပါတယ် ။အဲသည်အတွက် သည်စွမ်းရည်က အရိုးခေါင်း အရွေ့ထက် ပိုအစွမ်းထက်တယ်လို့ ဆိုရပါမယ် ။

ထန် ….…

လီဖူချန်းကလည်း လုံးဝ သတိ မလွတ်ပါဘူး ။ သူက အရိုးခေါင်းခွံ မဟာ ဧကရာဇ် ပေါ်လာတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်ကို တစ်ချက် တွန့်လိမ်လိုက်ပြီး ပြန်တိုက်လိုက်ပါတယ် ။

ထင်……ထင်…… ထင်……

ထန်.…… ထန် ………

မှုန်မှိုင်းနေတဲ့ အရိုးခေါင်း နယ်မြေထဲမှာတော့ ဓားအလင်းတန်း တစ်ခုနဲ့ အရိပ်မဲကြီး တစ်ခုဟာ သွေးရူးသွေးတန်း တိုက်ခိုက်နေကြပါပြီ ။

သည်မှုန်မှိုင်းနေတဲ့ နယ်မြေက ကိုယ့်လက်ကိုတောင် ပြန်မမြင်နိုင်တဲ့အထိ မှောင်မိုက်နေပေမယ့်လည်း လီဖူချန်း အတွက်ကတော့ သိပ်ပြီး ပြသနာ မရှိလှပါဘူး ။

သူ့ရဲ့ မျက်လုံးက အလုပ် မဖြစ်တော့ရင်တောင်မှ သူ့ရဲ့ အစွမ်းထက်လွန်းလှတဲ့ လိပ်ပြာ အသိစိတ် အာရုံက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ တိုက်ခိုက်မှုတွေကို အာရုံ ခံနေနိုင်ဆဲပါပဲ ။

ပြီးတော့ သူက ဓားနဲ့လူ ပေါင်းစည်းခြင်း အခြေအနေမှာ ရောက်နေတဲ့အတွက် အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ ဖိနှိပ်မှုကိုလည်း စိုးရိမ်နေစရာ မလိုပါဘူး ။ သူက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ လက်ချက်ကြောင့် အနောက်ကို လွင့်ထွက်သွားရင်တောင်မှ ချက်ချင်း ပြန်ပြီး ကိုယ်ဟန်ကို ထိန်းထားနိုင်ပါသေးတယ် ။

ဘန်း……ဘန်း……ဘန်း……

ဝုန်း…… ဝုန်း……

လီဖူချန်း နဲ့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်တို့ သဲကြီးမဲကြီး တိုက်ခိုက်နေကြသလို ဖုတ်ကောင် ဧကရာဇ် နဲ့ ကောင်းကင်မီးတောက် အစည်းအရုံး သခင်တို့ကလည်း သဲကြီးမဲကြီး တိုက်ခိုက်နေကြတာပါပဲ ။

ဒါပေမဲ့လည်း သူတို့နှစ်ယောက်စလုံးက ဘယ်သူ့ ဘယ်သူကိုမှ အသာစီး မရယူနိုင်ပါဘူး ။

ရန်ချင်းဟူကတော့ သူမရဲ့ အခြေအနေကို သူမ သိတဲ့အတွက် အစောကြီးကတည်းကနေ တိုက်ပွဲစည်းထဲက ဆုတ်ခွာ သွားခဲ့ပါပြီ ။

ခရက်…… ခရက်……ခရက်……

သည်လိုနဲ့ အချိန်အတန်ကြာမှာတော့ အရိုးခေါင်း နယ်မြေဟာ ကွဲအက်သွားပြီး လီဖူချန်း နဲ့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်တို့ဟာ ပြန်လည် ပေါ်ထွက် လာခဲ့ပါပြီ ။

" မင်းက တကယ် အစွမ်းထက်တယ် "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့ပါတယ် ။

ဒါပေမဲ့ သူ့ရဲ့ အသံထဲမှာက ကျိတ်မနိုင်၊ခဲမရ ဖြစ်နေတဲ့ အငွေ့အသက်တွေ ပါဝင်နေတာကို လူတိုင်း ခံစားမိနေကြပါတယ် ။

သူက သူ့ရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို သုံးပြီးသွားပါပြီ ။ ဒါကိုတောင်မှ သူဟာ လီဖူချန်းကို အနိုင် မယူနိုင်သေးပါဘူး ။

တကယ်လို့ လီဖူချန်းက ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ်ဆိုရင် သူ့အနေနဲ့ ဖြေသာနိုင်ပေမယ့် အခု လီဖူချန်းက လောလောလတ်လတ်ကမှ ဧကရာဇ် ဖြစ်လာတဲ့ မျိုးဆက်သစ် တစ်ယောက် ဖြစ်နေပါတယ် ။

အဲသည်အတွက် သူ့အနေနဲ့ ကျိတ်မနိုင်၊ခဲမရ ဖြစ်မယ် ဆိုရင်လည်း ဖြစ်ချင်စရာပါပဲ ။

"ခင်ဗျားလည်း မဆိုးပါဘူး ။ ခင်ဗျားရဲ့ နာမည်၊ဂုဏ်သတင်းက ကျော်ကြားထိုက်ပါတယ် "

လီဖူချန်းကလည်း အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို ပြန်ပြီး ချီးကျူး လိုက်ပါတယ် ။

သူက သူ့ရဲ့ အခြေအနေကို မသိဘဲ မနေပါဘူး ။

သူက တချို့ အပိုင်းတွေမှာ မဟာ ဧကရာဇ်တွေထက် အစွမ်းထက်တာ မှန်ပေမယ့် အဘက်ဘက်ကနေ ခြုံကြည့်လိုက်မယ် ဆိုရင်တော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ထက် မသိမသာ နိမ့်ကျနေဆဲပါပဲ ။

" ဟမ့် "

နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး နောက်မှာတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ သူ့ရဲ့ အရိုးစု စစ်တပ်ကို ခေါ်ဆောင်ကာ လှည့်ထွက်သွားခဲ့ပါပြီ ။

သူက အခုအချိန်မှာ လီဖူချန်းကို အနိုင် မယူနိုင်ပေမယ့် အရိုးုဖြူ သူတော်စင် သရဖူကို သင့်တော်တဲ့ အခြေအနေ တစ်ခုအထိ သန့်စင်ပြီးသွားရင်တော့ လီဖူချန်းကို အနိုင်ယူဖို့အတွက် သေချာပါတယ် ။

အဲသည်အတွက်သူက အပိုစကားတွေ ပြောပြီး အချိန် ဖြုန်းမနေတော့ပါဘူး။

" နောက်မှ တွေ့ကြတာပေါ့ "

အရိုးခေါင်းခွံ မဟာ ဧကရာဇ်တောင် ထွက်သွားမှတော့ ဖုတ်ကောင် မဟာ ဧကရာဇ်ကလည်း ခေါင်းမာပြီး ဆက်တိုက် မနေတော့ပါဘူး ။ သူကလည်း သူ့ရဲ့ သိုင်းကွက်တွေကို ပြန်ရုတ်သိမ်းပြီး ထွက်သွားပါတော့တယ် ။

" သူရဲကောင်းလေးလီ နဲ့  မိန်းမပျိုလေးရန်တို့ကို ကျေးဇူး အများကြီး တင်ပါတယ် "

အရိုးခေါင်းခွံ မဟာ ဧကရာဇ် နဲ့ ဖုတ်ကောင် မဟာ ဧကရာဇ်တို့ ထွက်သွားတာနဲ့ တစ်ပြိုင်နက် ယန်လုံ နဲ့ ယန်ထျန်းတို့က လက်နှစ်ဖက် ဆုပ်ပြီး လေးစားမှု အပြည့်နဲ့ လီဖူချန်းတို့ကို ကျေးဇူးတင်စကား ဆိုလာကြပါတယ် ။

လီဖူချန်း နဲ့ ရန်ချင်းဟူတို့သာ မရှိခဲ့လို့ကတော့ သူတို့ရဲ့ ယန်ကလန်ဟာ ဆက်ပြီး တည်တံ့နေစရာ အကြောင်း မရှိပါဘူး ။

ကောင်းကင်မီးတောက် တုံယန်ရဲ့ အကာအကွယ် ပေးနိုင်မှုက အရိုးခေါင်းခွံ မဟာ ဧကရာဇ် နဲ့ ဖုတ်ကောင် မဟာ ဧကရာဇ်တို့ရဲ့ မျက်လုံးထဲမှာတော့ ဟာသ သက်သက်ပါပဲ ။

" သူရဲကောင်းလီရဲ့ ဓားသိုင်းက တကယ် ပြိုင်ဖက်ကင်းပါပဲ ။ သည်အဘိုးကြီးက သူရဲကောင်းလေးလီကို မလေးစားဘဲ မနေနိုင်ပါဘူး "

ကောင်းကင်မီးတောက် တုံယန်ကလည်း လက်နှစ်ဖက် ဆုပ်ပြီး လီဖူချန်းကို ချီးကျူးစကား ဆိုလိုက်ပါတယ် ။

လီဖူချန်းက ပြုံးပြီး

" မဟုတ်တာဗျာ ။ ကောင်းကင်မီးတောက် အစည်းအရုံး သခင်သာ ဖုတ်ကောင် မဟာ ဧကရာဇ်ကို ထိန်းမထားပေးလို့ကတော့ ကျွန်တော့်အနေနဲ့ ဘယ်လိုမှ နိုင်စရာ အကြောင်း မရှိပါဘူး "လို့ ပြန်ပြောလာခဲ့ပါတယ် ။

" ဒါပေါ့ ……ဒါပေါ့ "

ကောင်းကင်မီးတောက် တုံယန်က မချိပြုံးလေးနဲ့ လီဖူချန်းရဲ့ စကားကို ထောက်ခံလိုက်ပါတယ် ။

သူက သူ့အကြောင်းကို သူအသိဆုံးပါပဲ ။ သူက ဖုတ်ကောင် မဟာ ဧကရာဇ်ကို ထိန်းထားပေးတာ မဟုတ်ပါဘူး ။ သူက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို မယှဉ်နိုင်တဲ့အတွက် လီဖူချန်းနဲ့ နေရာ ပြောင်းလိုက်ရတာပါ ။

" ဒါနဲ့ သူရဲကောင်းလေးလီ ……သူရဲကောင်းလေးရဲ့ ဓားသိုင်းက ပြိုင်ဘက် ကင်းနေပြီဆိုတော့ သူရဲကောင်းလေး အနေနဲ့ ဘွ့ဲနာမည် တစ်ခုခုတော့ ခံယူသင့်ပြီ မဟုတ်လား ။ ကျုပ်ရဲ့ အမြင်မှာတော့ သူရဲကောင်းလေးလီက ဓားဧကရာဇ်ဘွဲ့နဲ့ ထိုက်တန်တယ် ထင်တာပဲ ။ သည်ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာကလည်း ဓားဧကရာဇ် တစ်ပါး မမွေးဖွားလာတာ နှစ်ပေါင်း တစ်ထောင်ကျော် ကြာနေပြီလေ ။ သည်တော့ သူရဲကောင်းလေးသာ ဓားဧကရာဇ်ဘွဲ့ ခံယူလိုက်ရင် ကျုပ်တို့ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်အတွက် ဂုဏ်ယူစရာ ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မယ် "

ကောင်းကင်မီးတောက် တုံယန်က သည်အကြောင်းကို မဆက်ချင်တော့တဲ့အတွက် တခြားခေါင်းစဉ်ကို ပြောင်းလိုက်ပါတယ်။

" ဟုတ်တယ် ……သူရဲကောင်းလေးလီက ဘယ်ကုန်းမြေတိုက်ကနေ လာတာပဲဖြစ်ဖြစ် ဓားဧကရာဇ်ဘွဲ့နဲ့ ထိုက်တန်လွန်းမက ထိုက်တန်လွန်းတယ် ။ သူရဲကောင်းလေးက ကျုပ်တို့ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ ဂုဏ်ယူစရာပဲ "

" ဒါနဲ့ယန်ထျန်း …… မင်းက ဘာဖြစ်လို့ ဓားဧကရာဇ်ကို သူရဲကောင်းလေးလီလို့ ခေါ်နေသေးတာလဲ ။ အဲဒါက ဓားဧကရာဇ်ရဲ့ ကြီးမြတ်မှုကို နိမ့်ချနေသလို ဖြစ်နေပြီကွ "

ယန်လုံ နဲ့ ယန်ထျန်းတို့ကလည်း လီဖူချန်းကို အပြိုင်အဆိုင် မြှောက်ပင့် ကြပါတော့တယ် ။

" ဟုတ်ပါပြီဗျာ …… ဓားဧကရာဇ်ဆိုတော့လည်း ဓားဧကရာဇ်ပေါ့ "

လီဖူချန်းကတော့ ဓားဧကရာဇ်ဆိုတဲ့ ဘွဲ့နာမည်ကို ခံယူဖို့အတွက် သိပ်ပြီး စိတ်အား မထက်သန်လှပါဘူး ။

သူ့အမြင်မှာတော့ ဓားဧကရာဇ်ဆိုတဲ့ ဘွဲ့နာမည်က သည်အတိုင်း အမည်နာမ တစ်ခု သက်သက်ပါပဲ ။

ပြီးတော့ လီဖူချန်းက သူဟာ ဓားဧကရာဇ်ဆိုတဲ့ ဘွဲ့နာမည်ကို ခံယူဖို့အတွက် မလုံလောက်သေးဘူး ဆိုတာကို စိတ်ထဲကနေ ကောင်းကောင်းကြီး သိနေပါတယ် ။

………

လေပြင်းတောင်တန်းက တိုက်ပွဲဟာ နာမည်ကျော်ဖို့အတွက် အချိန်ကာလအားဖြင့် သိပ်မယူလိုက်ရပါဘူး ။

သည်တိုက်ပွဲဟာ " မဟာ ဧကရာဇ်တွေကြားက တိုက်ပွဲ " ဆိုပြီး ရက်အနည်းငယ် အတွင်းမှာပဲ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ နားထဲကို ရောက်သွားခဲ့ပါတယ် ။

တစ်ချိန်တည်းမှာပဲ ဓားဧကရာဇ် ဆိုတဲ့ နာမည်ကလည်း ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးအနှံ့ ပျံ့နှံ့ သွားပါတော့တယ် ။

***

All Chapters