← Chapters

ဓားဧကရာဇ်တွေကြားက တိုက်ပွဲ

Vol. 52 Ch. 700

ဓားဧကရာဇ်တွေကြားက တိုက်ပွဲ

Vol. 52 Ch. 700

ပေပေါင်းတစ်သိန်းကျော် မြင့်တဲ့ တောင်ထွတ်တစ်ခု ……

သည်တောင်ထွတ်ရဲ့ အပေါ်မှာက ခရမ်းရောင် ဝါးရုံတော တစ်ခု ရှိနေပြီး အဲသည် ဝါးရုံတော ထဲမှာတော့ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ရှိနေပါတယ် ။

" သြော်……ဓားဧကရာဇ်တဲ့လား "

လူကြီးက အဝေးတစ်နေရာက မိုးကုပ်စက်ဝိုင်းကို ငေးမျှော် ကြည့်ရင်းနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ် ။

သည်လူကြီးကတော့ ခရမ်းရောင်ဝါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ကလွဲလို့ တခြားသူ မရှိပါဘူး ။

လီဖူချန်းလိုပါပဲ ။ ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ဟာလည်း ဓားတာအိုကို လျှောက်လှမ်းတဲ့ ကျင့်ကြံသူ တစ်ဦး ဖြစ်ပါတယ် ။

ပြီးတော့ သူ့ရဲ့ ခရမ်းရောင်ဝါး ဓားသိုင်းဟာ သည်ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ အလျှို့ဝှက် အဆန်းကြယ်ဆုံးလို့လည်း  လူတိုင်းက တညီတညွတ်တည်း လက်ခံထားကြတာ ဖြစ်ပါတယ် ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ဟာ အလောင်းပျံ ဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့တုန်းက သူ့ရဲ့ ရှေးဟောင်း ရတနာဓားကို အသုံး မပြုခဲ့ဘူး ဆိုတာပါပဲ ။ သူက သည်အတိုင်း ဝါးဓားလေး တစ်လက်ကိုသာ အသုံးပြုခဲ့တာ ဖြစ်ပါတယ် ။

တကယ်လို့သာ သူ့အနေနဲ့ သူ့ရဲ့ လက်စွဲတော် ရှေးဟောင်း ရတနာဓားကို အသုံးပြုခဲ့လို့ကတော့ အလောင်းပျံ ဧကရာဇ်ဟာ သိုင်းကွက် အနည်းငယ် အတွင်းမှာပဲ ဒဏ်ရာ ရနေလောက်ပါပြီ ။

အားလုံး သိထားကြသလို တစ်နေ့လုံးလုံး တိုက်ခိုက်ကြမယ် ဆိုရင်တော့ အလောင်းပျံ ဧကရာဇ်ဟာ မသေရင်တောင်မှ ဒုက္ခိတ ဖြစ်နေမှာ အသေအချာပါပဲ ။

"သစ်သားစိမ်း ဓားတာအိုက အသက်ဓာတ် နဲ့ စိတ်နှလုံးကို အသားပေး ကျင့်ကြံရတာ ။ သည်ဟာက ထက်မြလွန်းပေမယ့် သီးသန့်ဆန်တယ် ။ ပြီးတော့ အစွမ်းကလည်း တကယ့် သေရေးရှင်ရေး အခိုက်အတန့်မှာမှ ပွင့်ထွက်လာတာ ။ ဒါပေမဲ့ သံဓား မဟာ ဧကရာဇ်ကတော့ ငါနဲ့ မတူဘူး ။ သည်တော့ သူက ဓားဧကရာဇ်ဘွဲ့ ခံထားတဲ့သူကို ဘယ်လိုမှ သည်အတိုင်း ကြည့်နေမှာ မဟုတ်ဘူး ။ အင်း…… စိတ်ဝင်စားစရာတွေတော့ စလာတော့မယ် ထင်ပါရဲ့ "

ခရမ်းရောင်ဝါး မဟာ ဧကရာဇ်က ခေါင်းတခါခါနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပြန်ပါတယ် ။

ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာက မဟာ ဧကရာဇ်တွေ တော်တော်များများ ရှိပေမယ့် နာမည်ကျော် အထင်ရှားဆုံး ထိပ်တန်း မဟာ ဧကရာဇ်ကတော့ သုံးပါးသာ ရှိပါတယ် ။

အဲသည် မဟာ ဧကရာဇ်တွေကတော့ ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ် ၊ အရိုးခေါင်းခွံ မဟာဧကရာဇ် နဲ့ သံဓား မဟာ  ဧကရာဇ်တို့ပါပဲ ။

အဲသည်အထဲမှာမှ သံဓား မဟာဧကရာဇ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ်နဲ့ ထပ်တူနီးပါးလောက် ကျပါတယ် ။ သူက တခြားအပိုင်းတွေမှာသာ ကောင်းကင်မဏ္ဍိုင် မဟာ ဧကရာဇ်အောက် ရောက်နေတာပါ ။

…

ဟူး………ဟူး……ဟူး……

သည်နေရာမှာက တိမ်တွေကြားထဲအထိ တိုးဝင်နေတဲ့ တောင်တစ်လုံး ရှိနေပြီး တောင်ထိပ်ပေါ်မှာကတော့ အရုပ် ပုပြတ်ပြတ် လူကြီးတစ်ယောက် ရှိနေပါတယ် ။

အဲသည်လူကြီးကတော့ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ နာမည်ကျော် သံဓား မဟာဧကရာဇ်ပါပဲ ။

" ကောင်းကင်မီးတောက် တုံယန်တောင်မှ သူ့ကို ဓားဧကရာဇ်အဖြစ် လက်ခံထားရတယ် ဆိုတော့ သူက ဘယ်လောက်အထိ အစွမ်း ထက်လို့ပါလိမ့် "

သံဓား မဟာဧကရာဇ်က လီဖူချန်းကို လုံးဝ အထင်မသေးဝံ့ပါဘူး ။ သူက လီဖူချန်းဟာ သူ့ထက်တောင်မှ အစွမ်းထက်လောက်တယ်လို့တောင် တွေးထားပါသေးတယ် ။

ဒါပေမဲ့လည်း ဓားဧကရာဇ် တစ်ပါး ဖြစ်ဖို့ ဆိုတာက တန်ခိုးအစွမ်း ထက်နေရုံနဲ့ မလုံလောက်သေးပါဘူး ။ ပြိုင်ဘက်ကင်းတဲ့ ဓားတာအိုကိုလည်း လိုအပ်ပါသေးတယ် ။

………

" စိတ်ဝင်စားစရာပဲ ။ကောင်းကင်မီးတောက် တုံယန်က အသက်ကြီးနေတာတော့မှန်တယ် ။ ဒါပေမဲ့ သူငယ်ပြန်ရလောက်တဲ့ အထိတော့ အသက် မကြီးသေးပါဘူး ။ အင်း…… ငါအားတဲ့ အချိန်ကျရင် ဓားဧကရာဇ်ဆီ တစ်ခါလောက် သွားကြည့်ဦးမှ "

……

" ဓားဧကရာဇ် ဟုတ်လား……ဟားဟား……သူက သူ့သွားထက် ပိုမာတဲ့ အရိုးကို ကိုက်မိမှာ မကြောက်ဘူးလား "

……

သည်အတောအတွင်းမှာတော့ အနယ်နယ် ၊အရပ်ရပ်က မဟာ ဧကရာဇ်တွေနဲ့ အထွတ်အထိပ် အဆင့် ဧကရာဇ် တချို့ဟာ ဓားဧကရာဇ်ဘွဲ့ ခံယူထားတဲ့ လီဖူချန်းအပေါ် အာရုံ စိုက်လာကြပါတယ် ။

….…

" အား……ဟင်းလင်းပြင် တာအို နှလုံးသားကို မွေးဖွားဖု့ိဆိုတာက ထင်သလောက် မလွယ်ပါလား ။ ကြည့်ရတာ ငါက အခုထိ ငါ့ကိုယ်ငါ အထင်ကြီးမိနေတုန်းပါပဲလား "

ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ ဟင်းလင်းပြင်တာအို နှလုံးသား မွေးဖွားဖို့ ကိစ္စကို ယာယီ ခဏ မေ့ထားလိုက်ပါတယ် ။

အမှန်အတိုင်း ပြောရမယ်ဆိုရင် သူ့ရဲ့ ဟင်းလင်းပြင် ဥပဒေသအပေါ် နားလည်သိမြင်မှုက မနိမ့်ကျလှပါဘူး ။ ဒါပေမဲ့လည်း ပြသနာက သူနားလည်သိမြင်ထားတဲ့ ဟင်းလင်းပြင် ဥပဒေသတိုင်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကနေ ရလာတာတွေချည်း ဖြစ်နေတာပါပဲ ။ အဲသည်အတွက် လီဖူချန်းရဲ့ ဟင်းလင်းပြင် ဥပဒေသဟာ ကိုယ်တိုင်ကိုယ်ကျ သုံးသပ်ဆင်ခြင်တဲ့ အပိုင်းမှာ အတော်လေး အားနည်းနေတယ်လို့ ဆိုရပါမယ် ။

လီဖူချန်းကတော့ တကယ်လို့ သူ့အနေနဲ့ ဟင်းလင်းပြင် တာအိုနှလုံးသားကို မွေးဖွားချင်တယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင် သုံးသပ်ဆင်ခြင်နိုင်မှု ပါကိုပါမှ ရမယ်လို့ ခံစားမိနေပါတယ် ။ဘုံခုနစ်ဆင့် ဓားထဲက ရလာတဲ့ ဟင်းလင်းပြင်တာအို ဓားသိုင်းတွေကိုတော့ မှီငြမ်းတာထက် ပိုပြီး အားကိုးလို့ မသင့်တော်ပါဘူး ။

" အင်း…… ကောင်လေးက ဆိုးတော့ မဆိုးပါဘူး "

ဘုံခုနစ်ဆင့်ဓားရဲ့ အတွင်းပိုင်း တစ်နေရာမှာတော့ ဓားဝိညာဉ်ဟာ လီဖူချန်းကို ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေပါတယ် ။

တကယ်တမ်း သူသိသလောက် ဆိုရင်တော့ ဟင်းလင်းပြင်တာအို ဓားသိုင်းတွေကို အမှီပြုပြီး ဟင်းလင်းပြင် တာအို နှလုံးသား မွေးဖွားဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ ။ ဒါပေမဲ့လည်း သူက လီဖူချန်းကို သည်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြောပြမှာ မဟုတ်ပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ သူက လီဖူချန်းကို ကိုယ်တိုင် သိမြင်စေချင်လို့ပါပဲ ။ သည်လိုမှပဲ လီဖူချန်းဟာ နောင်တစ်ချိန်မှာ လမ်းစဉ် အများကြီးကို မလိုက်ဖို့အတွက် သင်ခန်းစာ ရသွားမှာပါ ။

ဟင်းလင်းပြင် ဓားနှလုံးသားအပေါ် လက်လျော့လိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဓားကွက်တွေအပေါ် အာရုံ ပြောင်းလိုက်ပါတော့တယ် ။

သည်တစ်ခါ သူ့ရဲ့ ကြိုးစားအားထုတ်မှုကတော့ အကျိုး မယုတ်ခဲ့ပါဘူး ။ သူက တစ်လအကြာမှာပဲ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို ကောင်းကင် အဆင့်မြင့် အဆင့် ရောက်အောင် အဆင့် မြှင့်တင်နိုင်ခဲ့ပါတယ် ။

137

ခုခံခြင်းကို အသားပေးတဲ့ ဓားကွက်တစ်ကွက် ဖြစ်တဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ဟာ လီဖူချန်း အတွက်တော့ တခြားသော ဓားကွက်တွေထက် ပိုအကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုရပါမယ် ။

ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းမှာက တိုက်စစ်ဆင်ဖို့အတွက် ကြယ်ပျံဓားသိုင်း နဲ့ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းတို့ ရှိနေပြီးသား မဟုတ်ပါလား ။

" ဓားဧကရာဇ် …… ကျုပ်တို့ ကောင်းကင်မီးတောက် အစည်းအရုံးမှာတော့ ကြယ်၇ပွင့် လိပ်ပြာအသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်က ၃ခုပဲ ရှိတယ် ။ ဓားဧကရာဇ်အတွက် အဆင်ပြေရဲ့လား "

တစ်နေ့မှာတော့ ကောင်းကင်မီးတောက် တုံယန်ဟာ လီဖူချန်းဆီကို ဆိုင်းမဆင့် ၊ဗုံမဆင့် ရောက်လာချခဲ့ပါတယ် ။

ဒါပေမဲ့ သူက လက်ချည်း ဗလာသက်သက်နဲ့ ရောက်လာတာတော့ မဟုတ်ပါဘူး ။ သူက သူနဲ့အတူ ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ် သုံးခုကိုလည်း ယူဆောင် လာခဲ့ပါသေးတယ် ။

လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ် ဆိုတာက ဘယ်ဂိုဏ်းအဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ရှားပါးလွန်းတဲ့ ပညာရပ်တွေပါပဲ ။

အဲသည်အတွက် ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်တွေ ဆိုတာက ယေဘုယျအားဖြင့် အမြင့်ဆုံး အဆင့်လို့ပဲ ဆိုရပါမယ် ။

ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ ဆိုရင်တော့ တစ္ဆေ မဟာ ဧကရာဇ် တစ်ဦးတည်းကသာ ခြွင်းချက် အနေနဲ့ ကြယ်၈ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်ကို ပိုင်ဆိုင်ထားတာပါ ။

လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ ပါရမီကို သည်အတိုင်း ပစ်ထားဖို့ စိတ်ကူး မရှိပါဘူး ။

အဲသည်အတွက် သူက ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်တွေကို အခြေခံပြီး သူ့ရဲ့ကိုယ်ပိုင် ကြယ်၈ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်ကို တီထွင်ဖို့ စဉ်းစားထားပါတယ် ။

လီဖူချန်း ယုံကြည်ထားတာကတော့ တကယ်လို့ သူ့အနေနဲ့ ကြယ်၈ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်ကို တီထွင်နိုင်ခဲ့မယ် ဆိုရင် မဟာ ဧကရာဇ်တွေ မပြောနဲ့ ။ အကြို-သူတော်စင်တွေတောင်မှ သူ့ကို မော်ကြည့်ဝံ့တော့မှာ မဟုတ်ပါဘူး ။

ဒါပေမဲ့လည်း  ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ် သုံးခုကို အခြေခံပြီး ကြယ်၈ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ် တီထွင်ဖို့ ဆိုတာက ယုတ္တိမဲ့ရာ ကျလွန်းပါတယ် ။ အဲသည်အတွက် လီဖူချန်း ကိုယ်တိုင်လည်း သူ့အနေနဲ့  ကြယ်၈ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်ကို တီထွင်နိုင်ပါ့မလား ဆိုတာ မသေချာပါဘူး ။

"ကောင်းကင်မီးတောက် အစည်းအရုံး သခင်ကို ကျေးဇူး အများကြီး တင်ပါတယ် ။ ကျွန်တော်က အစည်းအရုံးသခင်ကို ကျးဇူးကြွေး တစ်ခု တင်သွားပြီပေါ့ "

လီဖူချန်းက ကျေးဇူးကြွေးဆိုတဲ့ စကားလုံးကို အပြန်အလှန် အနေနဲ့ အသုံးပြုလိုက်ပါတယ် ။

" မဟုတ်တာ ။ သည်လောက် ကိစ္စလေးက ကျုပ်အတွက် ဘာမှ အပန်း မကြီးပါဘူး "

ကောင်းကင်တုံယန်ကလည်း ချက်ကနဲဆို မီးက တောက်ပြီးသားပါပဲ ။

သူက လီဖူချန်းရဲ့ ကျေးဇူးကြွေးဟာ တခြားအရာတွေထက် ပိုပြီး တန်ဖိုးကြီးတယ်  ဆိုတာကို သိပါတယ် ။

လီဖူချန်းက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အနိမ့်ပိုင်းမှာသာ ရှိနေသေးတာတောင်မှ သည်လောက်အထိ အစွမ်း ထက်နေပါပြီ ။

နောင်အနာဂတ်ကျရင် လီဖူချန်းဟာ ဘယ်လောက်အထိတောင် အစွမ်းထက်မယ် မသိပါဘူး ။

" ကောင်းကင်မီးတောက် တုံယန် …… ဒါက ခင်ဗျား အသိအမှတ် ပြုထားတယ် ဆိုတဲ့ ဓားဧကရာဇ်လား "

အဲသည်အချိန်မှာပဲ လေဟာနယ် ဟင်းလင်းပြင်ထဲကနေပြီး သြဇာအာဏာသံ အပြည့်နဲ့ အသံ တစ်ခုဟာ ထွက်ပေါ် လာခဲ့ပါတယ် ။

" သံဓား မဟာဧကရာဇ် …… ခင်ဗျားလား "

ကောင်းကင်မီးတောက် တုံယန်က လေဟာနယ် ဟင်းလင်းပြင်ထဲကို ကြည့်လိုက်ရင်းနဲ့ ရေရွတ်လိုက်ပါတယ် ။

သူ့ရဲ့ မျက်နှာကလည်း သိပ်တော့ မကောင်းလှပါဘူး ။

သံဓား မဟာ ဧကရာဇ် ဆိုတာက မဟာ ဧကရာဇ် တစ်ပါး ဖြစ်တဲ့အပြင် ကောင်းကင်မဏ္ဍိုင်ကုန်းမြေတိုက်ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ အကြွယ်ဝဆုံး ဧကရာဇ် တစ်ပါးလည်း ဖြစ်ပါတယ် ။

သူ့ရဲ့ တန်ခိုးအစွမ်းက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို မမီဘူး ဆိုပေမယ့်လည်း သူရဲ့ တန်ခိုးအစွမ်းဟာ အရိုးခေါင်းခွံ မဟာ ဧကရာဇ်လို အရိုးဖြူ သူတော်စင် သရဖူ အပေါ်ကို မှီခိုနေတာ မဟုတ်ပါဘူး ။

သူက သူ့ရဲ့ ဓားပညာ သက်သက်နဲ့ သူရောက်သင့်တဲ့ နေရာမှာ ရပ်တည်နေတာပါ။

အဲသည်အတွက် ကောင်းကင်မီးတောက် တုံယန်က သံဓား မဟာ ဧကရာဇ်ကို အရိုးခေါင်းခွံ မဟာ ဧကရာဇ်ထက် ပိုပြီးကြောက်ရွံ့မိပါတယ် ။

" ဟား……ဟား……ဟား…… ခင်ဗျားက ကျုပ်ကို မှတ်မိသားပဲ "

ရယ်သံ အဆုံးမှာတော့ လူရိပ်တစ်ရိပ်ဟာ လေဟာနယ် ဟင်းလင်းပြင်ထဲက နေပြီး တိုးထွက်လာခဲ့ပါပြီ ။

အဲသည်လူကတော့ သံဓား မဟာ ဧကရာဇ်ကလွဲပြီး တခြားသူ မရှိပါဘူး ။

သံဓား မဟာ ဧကရာဇ်ဆိုတဲ့ နာမည်နဲ့ လိုက်အောင်ပါပဲ ။ သူက သံသရဖူ တစ်ခု ဝတ်ဆင်ထားပြီး ခါးမှာလည်း သံဓားတစ်လက်ကို ချိတ်ဆွဲ ထားပါသေးတယ် ။

" မင်းက ဓားဧကရာဇ် ဆိုတာလား "

သံဓား မဟာ ဧကရာဇ်က လီဖူချန်းကိုကြည့်ုပီး အသံ ခပ်ပြတ်ပြတ်နဲ့ မေးလာခဲ့ပါတယ် ။

" အင်း "

လီဖူချန်းကလည်း မငြင်းပါဘူး ။

" ဓားဧကရာဇ် ဆိုတာက ဓားတွေရဲ့ ဧကရာဇ်ကို ခေါ်တာကွ ။ မင်းက သည်ဘွဲ့နာမည်ကို ခံယူဖို့ အရည်အချင်း ပြည့်လို့လား "

သံဓား မဟာ ဧကရာဇ်က လီဖူချန်းကို သေသေချာချာ ၊ စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး ထပ်မေးလာခဲ့ပြန်ပါတယ် ။

ဓားတာအို မဟာ ဧကရာဇ် ဆိုတာက ဓားတာအိုကို ကျင့်ကြံတဲ့ မဟာ ဧကရာဇ် တစ်ပါး ဖြစ်ပြီး အဲဒါက သူတို့ရဲ့ ဓားတာအို အစွမ်းကို ရည်ညွှန်းနေတာလည်း ဖြစ်ပါတယ် ။

ဒါပေမဲ့ ဓားဧကရာဇ်ကတော့ အဲသည်လို မဟုတ်ပါဘူး ။

ဓားဧကရာဇ် ဆိုတာက ဓားသမားတွေ ထဲမှာမှ ဧကရာဇ် ဖြစ်နေသူကို ဆိုလိုပြီး ဓားသမားတွေရဲ့ ရိုသေ လေးစားမှုကိုလည်း ရရှိထားရဦးမှာပါ ။

အရည်အချင်းလား …… သိပ်ပြည့်တာပေါ့ ။ မယုံရင် ခင်ဗျား လာစမ်းကြည့်လေ "

လီဖူချန်းက မခိုးမခန့် ပြုံးလိုက်ပြီး စိမ်ခေါ်လိုက်ပါတယ် ။

' အင်း …… သည်ကောင်လေးက ခေတော့ မခေဘူး '

သံဓား မဟာ ဧကရာဇ်က လီဖူချန်းကိုကြည့်ပြီး တွေးလိုက်မိပါတယ် ။

လီဖူချန်းရဲ့ လေသံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ သူတစ်ယောက်ရဲ့ လေသံပါပဲ ။

ဒါကြောင့်လည်း ကောင်းကင်မီးတောက် တုံယန်က သူ့ကို ဓားဧကရာဇ်လို့ သမုတ်တာပဲ ဖြစ်ရပါမယ် ။

" ဓားဧကရာဇ်ဆိုတာ တန်ခိုးအစွမ်း ထက်ရုံတင် မကဘူး ။ ဓားတာအိုအပေါ် နားလည်ကျွမ်းဝင်မှုမှာလည်း ထိပ်ဆုံး ဖြစ်နေရမယ် ။တကယ်လို့ မင်းကငါ့ကို ဓားတာအို နားလည်မှု အပိုင်းမှာ အနိုင်ယူနိုင်ရင်တော့ ဓားတာအို ဧကရာဇ်ဘွဲ့က မင်းအပိုင်ပဲ "

သံဓား မဟာ ဧကရာဇ်ကလည်း လီဖူချန်းရဲ့ စိမ်ခေါ်မှုကို လုံးဝ မငြင်းပါဘူး ။

" ခင်ဗျားက ဓားတာအို နားလည်ကျွမ်းဝင်မှုဆိုတဲ့ အပိုင်းကို ဘယ်လို ယှဉ်ချင်တာလဲ "

လီဖူချန်းက ခပ်ပြုံးပြုံးနဲ့ ပြန်မေးလိုက်ပါတယ် ။

" ရှင်းရှင်းလေးပဲ …… မင်းနဲ့ငါ နှစ်ယောက်စလုံး ဓားသိုင်း သီးသန့်ပဲ သုံးကြမယ် ။ ငါတို့နှစ်ယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် ဓားကွက် တစ်ကွက် ရှုံးတာနဲ့ ရှုံးပြီ "

" ဟုတ်ပြီလေ "

လီဖူချန်းက သံဓားမဟာ ဧကရာဇ်ရဲ့ ဆိုလိုရင်းကို သဘော မပေါက်ဘဲ မနေပါဘူး ။

သံဓားမဟာ ဧကရာဇ်ရဲ့ ဆိုလိုရင်းက သူတို့နှစ်ယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် ဓားကွက်တစ်ကွက် တုံ့ဆိုင်းသွားတာနဲ့ အဲသည်လူက ရှုံးပြီလို့ ဆိုလိုတာပါ ။ သည်အရှုံးက ဘာဒဏ်ရာမှ မရခဲ့ရင်တောင်မှ သက်ဆိုင်ပါတယ် ။

" ဒါဆိုရင် ကောင်းကင်ပေါ် တက်ကြရအောင် ။ သည်နေရာက ငါတို့အတွက် အရမ်း ကျဉ်းလွန်းမယ် "

" အင်း "

အဲသည်နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ကောင်းကင်ပေါ်ကို ပျံတက် သွားခဲ့ကြပါပြီ ။

တစ်ဆက်တည်း ဆိုသလိုပဲ ကောင်းကင်မီးတောက် တုံယန် ၊ ရန်ချင်းဟူ ၊ ယန်ထျန်း နဲ့ ယန်လုံတို့ဟာလည်း ကောင်းကင်ပေါ်ကို လိုက်တက် သွားကြပါတယ် ။

သည်လို အကြွင်းမဲ့ ဓားသမား နှစ်ယောက်ရဲ့ တိုက်ပွဲ ဆိုတာက ကြုံရခဲလှတာ မဟုတ်ပါလား ။

" စလိုက်ကြစို့ "

ရွှမ်း……

ထင်……ထင်……ထင်……

အဲသည်နောက်မှာတော့ ဓားတာအို တိုက်ပွဲဟာ စတင်ပါတော့တယ် ။

အစပိုင်းမှာတော့ သူတို့ နှစ်ယောက်ထဲက ဘယ်သူကမှ သူတို့ရဲ့ အားထားရတဲ့ ဓားသိုင်းတွေကို ထုတ်မသုံးသေးပါဘူး ။

သူတို့က သည်အတိုင်း ဓားတွေကို ဝှေ့ယမ်းနေရင်းနဲ့သာ တစ်ယောက်နဲ့တစ်ယောက် အကဲ စမ်းနေခဲ့ကြပါတယ် ။

ဒါပေမဲ့လည်း သူတို့ရဲ့ ဓားချက်တွေထဲကနေ ထွက်ပေါ်လာတဲ့ အရှိန်အဟုန်တွေကတော့ ကောင်းကင် အဆင့်မြင့် ဓားသိုင်းတွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ ။

" ဒုက္ခိတ ဓားသိုင်း "

တစ်ယောက်နဲ့တစ်ယောက် လုံလောက်တဲ့ အထိ အကဲစမ်းပြီးတဲ့ နောက်မှာတော့ သံဓား မဟာ ဧကရာဇ်က သူ့ရဲ့ ဓားသိုင်းကို စတင် အသုံးပြုလာပါတော့တယ် ။

သူ့ရဲ့ ပစ်မှတ်ကတော့ လီဖူချန်းရဲ့ အဓိက သွေးကြောတွေ နဲ့ သေကွင်း၊သေကွက်တွေပါပဲ ။

" သွားစမ်း "

ဓားဧကရာဇ်ဘွဲ့ ခံယူထားတဲ့ လီဖူချန်းရဲ့ တုံ့ပြန်မှုကလည်း လုံးဝ တုံ့ဆိုင်းမနေပါဘူး ။

သူက ဓားစက်ဝိုင်း တစ်ကွင်းကို ရေးဆွဲလိုက်ပြီး သူ့ကိုယ်သူ ကာကွယ် ထားလိုက်ပါတယ် ။

" ကပ်ရောဂါ ဓားသိုင်း "

သံဓား မဟာ ဧကရာဇ်ရဲ့ တိုက်ကွက်တွေကလည်း ဇယ်ဆက်နေသလိုပါပဲ ။

သူ့ရဲ့ ဓားကွက်တွေက ရေစီးကြောင်း တစ်ခုလို အလျဉ်မပြတ်ဘဲ လီဖူချန်းဆီကို တိုးဝင် လာပြန်ပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို ချိုးဖောက်ဖို့ ဆိုတာက အဲသည်လောက် မလွယ်ပါဘူး ။

" ဗလာနယ် အရှိတရား "

သံဓား မဟာ ဧကရာဇ်ရဲ့ တိုက်စစ်ဆင်မှု ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ တိုက်ကွက်က စတင် လာပါတော့တယ် ။

အဲဒါကတော့ ဗလာနယ် အရှိတရားပါပဲ ။

" စက်ဝန်း ဓားသိုင်း "

သံဓား မဟာ ဧကရာဇ်ကလည်း မခေပါဘူး ။ သူက အခြေအနေ မဟန်တာကို သတိပြုမိလိုက်တာနဲ့ တစ်ပြိုင်နက် နောက်ထပ် ဓားသိုင်း တစ်မျိုးကို ထုတ်သုံးလိုက်ပြန်ပါတယ် ။

သူ့ရဲ့ ဓားစက်ဝန်းကတော့ လီဖူချန်းရဲ့ ဓားစက်ဝန်းနဲ့ သိပ်မကွာခြားလှပါဘူး ။

ပြီးတော့ သူတို့ရဲ့ ဓားတွေကလည်း အဆင့်ညီတဲ့ ဓားတွေ ဖြစ်နေတဲ့အတွက် တိုက်ပွဲဟာ အတော်လေး ကြည့်လို့ ကောင်းနေခဲ့ပါတယ် ။

" ဗလာနယ်ဓား "

ဗလာနယ် အရှိတရား အပြီးမှာတော့ ဗလာနယ်ဓားက ကပ်လျက် လိုက်ပါ လာခဲ့ ပြန်ပါပြီ ။

သည်ဓားချက်ကတော့ သံဓား မဟာ ဧကရာဇ်ကိုတောင် ရှုံးနိမ့်စေတော့မလိုပါပဲ ။

" ဓားခန္ဓာကိုယ် "

သံဓား မဟာ ဧကရာဇ်ကလည်း အကြောင်းမဲ့ နာမည်ကျော်နေတာ မဟုတ်ပါဘူး ။

သူက သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဓားအလင်းတန်း တစ်ခု အသွင် ပြောင်းလိုက်ပြီး လီဖူချန်းရဲ့ ဗလာနယ်ဓားကို တန်ပြန်လိုက်ပါတယ် ။

ဓားခန္ဓာကိုယ် ဆိုတာက ဓားနဲ့လူ ပေါင်းစည်းခြင်းကို အခြေခံပြီး တီထွင်ထားတဲ့ ဓားသိုင်းပါပဲ ။

" ကြယ်ကြွေ "

လီဖူချန်းကလည်း ဓားအလင်းတန်း တစ်ခုအသွင် ပြောင်းပြီး သံဓား မဟာ ဧကရာဇ်ကို ပြန်လည် တိုက်ခိုက်လိုက်ပါတယ် ။

ထင်……ထင်……ထင်……

ထန်………ထန်……

လူတွေအားလုံးကတော့ ကောင်းကင်ယံပေါ်မှာ ဓားအလင်းတန်းနှစ်ခု အားပြိုင်နေတာကလွဲပြီး တခြား ဘာကိုမှ မမြင်ရတော့ပါဘူး ။

ဓားအလင်းတန်း နှစ်ခု ထိပ်တိုက် ရင်ဆိုင် တွေ့မိတိုင်းမှာ ဆိုရင်လည်း မီးပွင့်တွေက တဖွားဖွား ပွင့်ထွက် လာကုန်ပါတယ် ။

အဆုံးအစမဲ့တဲ့ ဓားဆန္ဒတွေကလည်း မုန်တိုင်းတွေလိုပဲ ကောင်းကင်ယံ ထက်မှာ လှိုင်းအထပ်ထပ် ထန်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့နေခဲ့ပါပြီ ။

" သံဓား မဟာ ဧကရာဇ်က အရင်ကထက် ပိုပြီး အစွမ်း ထက်လာပါလား "

ကောင်းကင်မီးတောက် တုံယန်ကတော့ တိုက်ပွဲကို အကဲ ခတ်နေရင်းနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ် ။

" သံဓား မဟာ ဧကရာဇ်…… ဒါက ခင်ဗျား တတ်နိုင်တာ အကုန်ပဲလား ။ ဒါဆိုရင်တော့ ခင်ဗျား ကျုပ်ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူးနော "

လီဖူချန်းကတော့ အခုချိန်အထိ အေးအေးဆေးဆေး ရှိနေဆဲပါပဲ ။

သံဓား မဟာ ဧကရာဇ်ရဲ့ ဓားကွက်တွေက သူ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး ။ သူ့ရဲ့ ဓားနှလုံးသားက တိုက်ပွဲကို ထိန်းချုပ်နိုင်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်ပါတယ် ။

" လီဖူချန်း…… ငါ့ရဲ့ သည်ဓားကွက်ကို ခံကြည့်စမ်း "

" အာဏာရှင် ဓားသိုင်း "

သံဓား မဟာ ဧကရာဇ်က ဓားနဲ့လူ ပေါင်းစည်းခြင်း အခြေအနေကနေ ဆုတ်ခွာလိုက်ပြီး ဓားသိုင်း တစ်မျိုးကို ပြောင်းလိုက်ပြန်ပါတယ် ။

ရွှမ်း……

သည်ဓားသိုင်းကတော့ တကယ်ကို ကြောက်စရာပါပဲ ။

ဓားကွက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဓားကန့်လန့်ကာကြီး တစ်ခုက လီဖူချန်းကို အရာရာနဲ့ စည်းခြားထားလိုက်ပြီး ပိတ်လှောင် ထားပစ်လိုက်ပါတယ် ။

အဲသည်ထဲမှာတော့ ယင်နဲ့ယန်တောင်မှ ခြွင်းချက် မရှိပါဘူး ။

တိုက်ပွဲကို ကြည့်နေတဲ့ လူတွေကလည်း ကျောက်ရုပ်ကြီးတွေလိုပါပဲ ။ ကြည့်ရတာတော့ သူတို့က မျက်တောင် ခတ်ဖို့ကိုတောင် မေ့နေပုံ ရပါတယ် ။

" သူက ဓားကမ္ဘာနဲ့တောင် ဆက်သွယ်နေနိုင်ပြီလား "

ဘာကြောင့်မှန်းတော့ မသိပါဘူး။

ကောင်းကင်မီးတောက် တုံယန်ရဲ့ ဒူးတွေက မသိမသာလေး တဆတ်ဆတ် တုန်ယင်လာခဲ့ပါတယ် ။

တကယ်လို့  သံဓား မဟာ ဧကရာဇ်နဲ့ တိုက်ခိုက်နေတာက လီဖူချန်း မဟုတ်ဘဲ သူဖြစ်နေမယ် ဆိုရင် သည်တစ်ကွက်နဲ့တင် သူဟာ ကိစ္စ ပြတ်သွားလောက်ပါပြီ ။

ဓားကမ္ဘာ ……

ဒါက နောက်စရာ အရာ တစ်ခု မဟုတ်ပါဘူး ။

ဓားကမ္ဘာဆိုတာက ဒဏ္ဍာရီ ဆန်လွန်းလှပြီး ဓားတာအို အပေါ်မှာ သက်ဝင် ယုံကြည်လွန်းတဲ့ သူတွေမှ ထုတ်သုံးနိုင်တဲ့ အရာမျိုး  ဖြစ်ပါတယ် ။

သည်အဆင့်ကို ရောက်နေတဲ့ သူတွေက ဓားချက်တစ်ချက် ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးကို ဓားတွေဖုံးလွှမ်းနေတဲ့ ကမ္ဘာကြီး တစ်ခု ဖြစ်သွားအောင် စွမ်းဆောင်နိုင်ပါတယ် ။

သံဓား မဟာ ဧကရာဇ်ကတော့ အဲသည် အဆင့်ကို မရောက်သေးပါဘူး ။ ဒါပေမဲ့လည်း ဓားကမ္ဘာနဲ့ အဆက်အသွယ် ရထားပြီ ဆိုတဲ့ အချက်တစ်ခုတည်းကတင် ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးကို ပွက်ပွက် ညံသွားစေဖို့အတွက် လုံလောက်ပါတယ် ။

" အာဏာရှင် ဓားသိုင်း ဟုတ်လား…… ဆိုးတော့ မဆိုးဘူး ။ ဒါပေမဲ့  "

သူ့ရဲ့ ဓားကမ္ဘာဆီကို သွားတဲ့ လမ်းကြောင်းက သံဓား မဟာဧကရာဇ်ထက် နိမ့်ကျတယ် ဆိုတာကိုတော့ လီဖူချန်း အနေနဲ့ ဝန်မခံချင်လည်း ဝန်ခံရမှာပါပဲ ။

ဘယ်လိုပဲဖြစ်ဖြစ် သံဓား မဟာဧကရာဇ် ဆိုတာက နှစ်ပေါင်း ရာထောင်ချီ ကျင့်ကြံခဲ့ပြီးပြီ မဟုတ်ပါလား ။

ဒါပေမဲ့လည်း ဓားကမ္ဘာဆိုတာက ဓားတာအိုရဲ့ အဆုံးသတ် မဟုတ်သေးပါဘူး ။

လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ သံဓား မဟာ ဧကရာဇ်ရဲ့ ဓားကွက်က ဟာကွက် ရှိနေဆဲပါပဲ ။

ချွမ်……ချွမ်……ချွမ်……

ရုတ်တရက် ဆိုသလို လေဟာနယ် ဟင်းလင်းပြင်ဟာ မှန်တစ်ချက် ကွဲအက်သွားသလို ကွဲအက် သွားခဲ့ပါပြီ ။

ဝှစ်……ဝှစ်……ဝှစ်……

တစ်ဆက်တည်းမှာပဲ အဲသည် ကွဲအက်သွားတဲ့ အပိုင်းအစတွေဟာ သံဓား မဟာ ဧကရာဇ်ဆီကို တစ်ရှိန်ထိုး ပြေးဝင် သွားပြန်ပါတယ် ။

ရှင်းရှင်း ပြောရမယ် ဆိုရင် သံဓား မဟာ ဧကရာဇ်က အာဏာရှင် ဓားသိုင်းကို ထုတ်သုံးပြီးကတည်းက သူ့ရဲ့ ဓားစွမ်းအားတွေ အကုန်လုံးကို ထုတ်သုံး ပြီးသွားခဲ့ပါပြီ ။သူက ခုခံမှုကို အပြည့်အဝ မလုပ်ဆောင်တော့ပါဘူး ။

ရွှပ်……

အဲသည်အတွက် လေဟာနယ် ဟင်းလင်းပြင် အစိတ်အပိုင်း တစ်ခုက သံဓား မဟာ ဧကရာဇ်ရဲ့ ပခုံးကို မိမိရရကြီး ထိုးစိုက် သွားပါတော့တယ် ။

"ခင်ဗျား…… ရှုံးပြီ "

အဲသည်နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ ဓားကို ပြန်သိမ်းလိုက်ပြီး တည်ငြိမ်စွာနဲ့ ပြောလိုက်ပါတယ် ။

သံဓား မဟာ ဧကရာဇ်ရဲ့ အာဏာရှင် ဓားသိုင်းက အစွမ်းထက်ရင် ထက်ပါမယ် ။ဒါပေမဲ့ ဟာကွက် မရှိတာတော့ မဟုတ်ပါဘူး ။ သည်ဓားသိုင်းမှာက များပြားလှတဲ့ အသေးစား အားနည်းချက်တွေ ရှိတာကို လီဖူချန်းက မြင်နေရပါတယ် ။

သည်အားနည်းချက်တွေက တခြားလူတွေအတွက် ဆိုရင် ဟာကွက်တွေ ဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် လီဖူချန်းအတွက်ကတော့ အားနည်းချက်တွေပါပဲ ။

" အေး …… မင်းနိုင်တယ် ။ ငါက မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး "

သံဓား မဟာ ဧကရာဇ်က သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး အရှုံးကို ဝန်ခံလိုက်ပါတယ် ။

လီဖူချန်းက သူ့ရဲ့ ဓားကွက်ကို ဖျက်နိုင်တယ် ဆိုကတည်းက အဖြေက အရှင်းကြီးပါပဲ ။

သူနဲ့ လီဖူချန်း ကြားမှာက ကွာဟချက်ဟာ တောင်ကြီးတစ်လုံးလောက် ရှိနေပါပြီ ။

တကယ်လို့ လီဖူချန်းက ဓားတာအိုမှာ သူ့ထက် မသိမသာလေးသာ သာနေမယ်ဆိုရင် သည်ဓားသိုင်းကို ချေဖျက်နိုင်စရာ အကြောင်းကို မရှိပါဘူး ။

" သံဓား မဟာ ဧကရာဇ် …… ခင်ဗျား သည်အထိ ရောက်လာပြီးမှတော့ လက်ဖက်ရည်ကြမ်းလေး ဘာလေး သောက်သွားပါဦးလား ။ ပြီးရင် ကျုပ်တို့ ဓားတာအိုအကြောင်း အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့ "

ကောင်းကင်မီးတောက် တုံယန်က ပြုံးပြီး လောကွတ် ချော်လိုက်ပါတယ် ။

ကောင်းကင်မီးတောက် တုံယန်က သံဓား မဟာ ဧကရာဇ်လို မာနကြီးတဲ့ လူတစ်ယောက်က သူ့ရဲ့ လောကွတ်ချော်မှုကို လက်ခံလိမ့်မယ်လို့ မယုံကြည်ပါဘူး ။

ဒါပေမဲ့လည်း သူ့ရဲ့ အထင်နဲ့ ဆန့်ကျင်စွာပဲ သံဓား မဟာ ဧကရာဇ်ဟာ သူ့ရဲ့ လောကွတ်ချော်မှုကို လက်ခံခဲ့ပါတယ် ။

" အင်း…… ကျုပ်လည်း ဓားတာအို ဆွေးနွေးဖို့ အဖော် ရှာနေတာ ကြာပြီ "

သံဓား မဟာ ဧကရာဇ်လို လူတစ်ယောက် အဖို့ကတော့ ဓားတာအို အပိုင်းမှာ သူ့ထက် သာလွန်သူကို ရှာတွေ့ဖို့ ဆိုတာဟာ တကယ်ကို ခဲယဉ်းလွန်းလှပါတယ် ။

အဲသည်အတွက် သူ့အနေနဲ့ သည်လို အခွင့်အရေးမျိုးကို ငြင်းစရာ အကြောင်း မရှိပါဘူး ။

***

All Chapters