← Chapters

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်သို့

Vol. 52 Ch. 701

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်သို့

Vol. 52 Ch. 701

လီဖူချန်းက သူ သံဓား မဟာဧကရာဇ်ကို အနိုင်ယူလိုက်တဲ့ သတင်းကို ဖုံးဖိထားပေမယ့်လည်း သည်သတင်းက ဘာကြောင့်မှန်း မသိဘဲ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့ပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ။ သံဓား မဟာဧကရာဇ် တစ်ယောက် လေပြင်းတောင်တန်းကို အလည်အပတ် သွားခဲ့တယ် ဆိုတာ လူတော်တော်များများက သိထားပြီးပြီ မဟုတ်ပါလား ။

သံဓား မဟာ ဧကရာဇ်က လေပြင်းတောင်တန်းကို အလည်အပတ် သွားခဲ့တာတောင်မှ လီဖူချန်းရဲ့ ဓားဧကရာဇ်ဘွဲ့ဟာ ပျောက်ကွယ် မသွားခဲ့ပါဘူး ။ အဲသည်အစား သံဓား မဟာ ဧကရာဇ်က လီဖူချန်းဟာ သည်ဘွဲ့နဲ့ ထိုက်တန်တယ်လို့ ကြေညာခဲ့ပါသေးတယ် ။

အဲသည်အတွက် သည်အချက်၂ချက်နဲ့တင် သံဓား မဟာဧကရာဇ် တစ်ယောက်  လီဖူချန်းကို ရှုံးနိမ့်ခဲ့တယ် ဆိုတာဟာ အပေါ်ကြီး ပေါ်လွင်နေခဲ့ပါပြီ ။

သံဓား မဟာ ဧကရာဇ် ရောက်လာပြီး ရက်အနည်းငယ် အကြာမှာတော့ ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ဟာ လီဖူချန်းဆီကို အလည်အပတ် ရောက်လာပြန်ပါတယ် ။ ဒါပေမဲ့ သူကတော့ လီဖူချန်းကို စိမ်ခေါ်ဖို့ ရောက်လာတာ မဟုတ်ပါဘူး ။ သူက လီဖူချန်းနဲ့ ဓားတာအိုအကြောင်း ဖလှယ်ဖို့ သက်သက် ရောက်လာတာ ဖြစ်ပါတယ် ။

" ဓားဧကရာဇ် …… ခင်ဗျားရဲ့ ကြယ်ပျံဓားသိုင်းက တကယ် ကြောက်စရာ ကောင်းတာပဲ ။ သူ့ရဲ့ အမြန်နှုန်းက အထွတ်အထိပ်ကိုတောင် ရောက်နေပြီ "

လီဖူချန်းရဲ့ ဓားသိုင်းကို မြင်အပြီးမှာတော့ ခရမ်းရောင်ဝါး မဟာ ဧကရာဇ်က မချီးကျုးဘဲ မနေနိုင်တော့ပါဘူး ။

လီဖူချန်းကလည်း  ပြုံးပြီး ပြန်ပြောလိုက်ပါတယ် ။

" အစ်ကို ဇီကျူရဲ့ ခရမ်းရောင်ဝါး ဓားသိုင်းကလည်း တကယ် သန့်စင်ပြီး သေသပ်လွန်းတာပဲ မဟုတ်လား ။ အစ်ကို့ရဲ့ ဓားကွက်တိုင်းက သေမျိုးတွေရဲ့ အဆင့်ကို ကျော်လွန်နေပြီ ။ ကျွန်တော်ကတော့ အစ်ကို့ဆီကနေ ပညာတွေ အများကြီး ရလိုက်တာပဲ "

လီဖူချန်းက မြှောက်ပင့်ပြီး ပြောဆိုနေတာ မဟုတ်ပါဘူး ။ သူ့ရဲ့ အဆင့်က အဲသည်လို လုပ်စရာလည်း မလိုပါဘူး ။

ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ရဲ့ ဓားသိုင်းဟာ တကယ်ကိုမှ ချီးကျူးထိုက်လွန်းလို့ သူက ချီးကျူးရတာ ဖြစ်ပါတယ် ။

ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ရဲ့ ဓားသိုင်းဟာ ပြင်းထန်ခြင်း မရှိသလို ရက်စက်ခြင်းလည်း မရှိပါဘူး ။

ဒါပေမဲ့ လီဖူချန်း ၊ သံဓား မဟာ ဧကရာဇ်နဲ့ ခရမ်းရောင်ဝါး မဟာဧကရာဇ်တို့ သုံးယောက်ထဲမှာ ဆိုရင် ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ရဲ့ ဓားဟာ အတင့်တယ်ဆုံး ဖြစ်ပြီး အသန့်စင်ဆုံးလည်း ဖြစ်ပါတယ်။

အဲဒါက မသိရင် ကောင်းကင်ဘုံကနေ ပြုတ်ကျလာတဲ့ ရတနာ တစ်ပါးလိုပါပဲ ။ ယုတ်စွအဆုံး လီဖူချန်း ကိုယ်တိုင်တောင်မှ ပထမဆုံး အကြိမ်မှာ ဓားကွက်ကို ထွင်းဖောက် မကြည့်မြင် နိုင်ခဲ့ပါဘူး ။

…………

" သည်နေ့ ……သည်နေ့ပဲ "

ဟူး……

သည်လိုနဲ့ တစ်နေ့မှာတော့ လီဖူချန်းဟာ မိုးကြိုးအလွှာကို နောက်တစ်ကြိမ် ပျံသန်း သွားခဲ့ပြန်ပါတယ် ။

ဂျိန်း………ဂျိန်း……

အချိန်သိပ်တောင် မယူလိုက်ရပါဘူး ။

သူ့အနေနဲ့ ပျံသန်းပြီး သိပ်မကြာခင်မှာဘဲ ဆန်းကြယ် ယန်ကောင်းကင်ဘုံ မိုးကြိုးတစ်စင်းကို မြည်းစမ်းလိုက်ရပါတယ် ။

ကံကောင်းတာ တစ်ခုကတော့ လီဖူချန်းရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ဟာ ကောင်းကင် အဆင်မြင့် ဓားကွက် အဆင့်ကို ရောက်နေတာပါပဲ ။ အဲသည်အတွက် ဆန်းကြယ် ယန်ကောင်းကင်ဘုံ မိုးကြိုးက သူ့ကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။

ဆန်းကြယ် ယန်ကောင်းကင်ဘုံ မိုးကြိုး……

ဆန်းကြယ် ယင်ကောင်းကင်ဘုံ မိုးကြိုး……

အစွန်းရောက်  ယန်ကောင်းကင်ဘုံ မိုးကြိုး……

အစွန်းရောက် ယင်ကောင်းကင်ဘုံ မိုးကြိုး……

မွန်မြတ်သန့်စင် ယန်ကောင်းကင်ဘုံ မိုးကြိုး……

မွန်မြတ်သန့်စင် ယင်ကောင်းကင်ဘုံ မိုးကြိုး……

ဓာတ်ကြီးငါးပါး ကောင်းကင်ဘုံ မိုးကြိုး……

လီဖူချန်း တစ်ယောက်ကို အမြင့်ကို ရောက်လာတာနဲ့အမျှ အမျိုးမျိုးသော ကောင်းကင်ဘုံ မိုးကြိုးတွေကို ကြုံလာခဲ့ရပါတယ် ။

" အင်း…… ငါတော်တော်လေး လိုသေးတာပဲ "

လက်ရှိ လီဖူချန်းရဲ့ အစွမ်းက ကောင်းကင်ဘုံ မိုးကြိုး တစ်ခုတည်းကို တောင့်ခံဖို့အတွက်ဆိုရင် ပြသနာ မရှိပေမယ့် ကောင်းကင်ဘုံ မိုးကြိုးတွေ ရောနှောနေတာကိုတော့ ဘယ်လိုမှ တောင့်ခံနိုင်စွမ်း မရှိပါဘူး ။

အဲသည်အတွက် သူဟာ မြေပြင်ပေါ်ကို မဆင်းချင်ဘဲ ပြန်ဆင်း လာခဲ့ရပါတယ် ။

လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ဥပဒေသ စက်ကွင်း တစ်ခုတည်းကို မှီခိုပြီး မိုးကြိုးအလွှာကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အထိတော့  မရူးမိုက်သေးပါဘူး ။

သူက သူ့ရဲ့အခြေအနေကို ကောင်းကောင်းကြီး ရှုမြင် သုံးသပ်နိုင်ပါတယ် ။

တကယ်လို့ သူ့အနေနဲ့ မိုးကြိုးအလွှာကို ကျော်ဖြတ်ချင်တယ် ဆိုရင် သူဟာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားကို အကြို- ပြီးပြည့်စုံခြင်း အဆင့် ဒါမှမဟုတ် ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်မှ ရပါမယ် ။

ဒါပေမဲ့လည်း အဲသည်လို လေ့ကျင့်ဖို့ ဆိုတာက ပြောသလောက် မလွယ်လှပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ အဆင့်တက်ဖို့အတွက် လီဖူချန်းရဲ့ ခန္ဓာကိုယ်က တောင်းဆိုတဲ့ စွမ်းအင်ရင်းမြစ် ပမာဏက ကြောက်စရာ ကောင်းလောက်အောင် များပြားလွန်းလို့ပါပဲ ။

လီဖူချန်းက သူ့အနေနဲ့ အကြို-ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့ဆိုရင် အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးရဲ့ ဝိညာဉ်ချီ စွမ်းအင် တစ်ဝက်လောက်အထိကို လိုမယ်လို့ ခန့်မှန်းထားမိပါတယ် ။

တကယ်လို့ သူ့အနေနဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ချင်တယ် ဆိုရင်တော့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံးတောင် လောက်မှာ မဟုတ်ပါဘူး ။

လီဖူချန်းရဲ့ ခန္ဓာကိုယ်က သည်လောက် များပြားတဲ့ စွမ်းအင် အရင်းအမြစ်တွေကို တောင်းဆိုတယ် ဆိုတာကလည်း အဆင့်မြင့်လွန်းနေတဲ့ နတ်ဘုရားလက်ကြောင့်ပါပဲ ။

တကယ်လို့သာ လီဖူချန်း အနေနဲ့ သာမန် ကောင်းကင် အဆင့်နိမ့်် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကို ကျင့်ကြံထားမယ် ဆိုရင်တော့ သူဟာ စွမ်းအင် အရင်းအမြစ်တွေကို သည်လောက်အထိ လိုမှာ မဟုတ်ပါဘူး ။

ဒါပေမဲ့ တကယ်လို့ အဲသည်လို ကျင့်ကြံခဲ့ရင်လည်း လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားဟာ သည်လောက်အထိ အစွမ်း ထက်စရာ အကြောင်း မရှိပါဘူး ။

" အင်း…… ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို ပြန်ချိန် ရောက်ပြီ "

လီဖူချန်းက သူ့ရဲ့ တန်ခိုး အစွမ်းတွေကို ယုံကြည်စိတ်ချမှု အပြည့် ရှိသွားတဲ့ အချိန်မှာတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို ပြန်ဖို့ ကြံပါတော့တယ် ။

ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် နဲ့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက် ကြားမှာက တည်နေရာ ရွှေ့ပြောင်း စင်မြင့်တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့အတွက် ဟိုဘက်၊သည်ဘက် ကူးသန်းသွားလာဖို့က မခက်ပါဘူး ။

ဒါပေမဲ့လည်း အဲသည် တည်နေရာရွှေ့ပြောင်း စင်မြင့်ကိုက  ခြွင်းချက်အနေနဲ့  ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကသာ အသုံးပြုခွင့် ရကြတာပါ ။

ဧကရာဇ်တွေထက် နိမ့်ကျတဲ့ သူတွေကတော့ သည်တည်နေရာရွှေ့ပြောင်း စင်မြင့်ကို အသုံးပြုလိုက်တာနဲ့ တစ်ပြိုင်နက် လစ်လပ်နယ်မြေထဲမှာ ဦးတည်ရာမဲ့ လွင့်မျောပြီး အသက်ပျောက်သွားနိုင်ပါတယ် ။

အဲဒါတင် မကသေးပါဘူး ။ သည်ဧကရာဇ် အဆင့် တည်နေရာရွှေ့ပြောင်း စင်မြင့်ကို အသုံးပြုခကလည်း တကယ်ကို ကြောက်စရာပါပဲ ။

ဧကရာဇ် တစ်ပါးက သည်တည်နေရာရွှေ့ပြောင်း စင်မြင့်ကို အသုံးပြုမယ် ဆိုရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ပေးချေရမှာ ဖြစ်ပါတယ် ။

တကယ်လို့ အသွားအပြန် ဆိုရင်တော့ ကျသင့်တန်ဖိုးက နှစ်ဆပါပဲ ။

အဲသည်အတွက်ကြောင့်မို့ နှစ်ဖက်စလုံးက မဟာ ဧကရာဇ်တွေတောင်မှ အရမ်း အရေးကြီးတဲ့ အခြေအနေမှာ မဟုတ်ဘူးဆိုရင် ဧကရာဇ် တည်နေရာရွှေ့ပြောင်း စင်မြင့်ကို အသုံး မပြုကြပါဘူး ။

ကောင်းကင်မီးတောက် တုံယန်ရဲ့ ပြောစကားအရ ဆိုရင်တော့ ကုန်းမြေတိုက် တစ်ခုရဲ့ အသိစိတ်တန်ခိုးက နိုးကြားလေလေ ဝိညာဉ်ကျောက်တုံးတွေ ပိုလိုလေလေပါပဲတဲ့ ။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ဘယ်သူကမှ သေသေချာချာ မပြောပြနိုင်ကြပါဘူး ။

………

ကောင်းကင်မဏ္ဍိုင် တောင်ထွပ် ………

သည်တောင်ထွတ်ကတော့ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးရဲ့ အမြင့်ဆုံး တောင်ထွတ် ဆိုရင်လည်း မမှားပါဘူး ။

သည်တစ်ကြိမ်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ မိုးကြိုးသားရဲကို ချန်ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။

သူတို့က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကို သုံးဖို့ နှမြောလို့တော့ မဟုတ်ပါဘူး ။ သူတို့အနေနဲ့ မိုးကြိုးသားရဲကို ထားဖို့ ဆုံးဖြတ်လိုက်ရတာက မိုးကြိုးသားရဲဟာ ဆင့်ကဲပြောင်းလဲမှုရဲ့ အလယ်မှာ ရောက်နေလို့ပါပဲ ။

မိစ္ဆာသားရဲတွေ နဲ့ လူသားတွေရဲ့ အဆင့်တက်မှုဟာ မတူညီပါဘူး ။ မိစ္ဆာသားရဲတစ်ကောင်က အဆင့်တက်ပြီ ဆိုရင် သင့်တော်တဲ့ အချိန် တစ်ခုအထိ ပေးရပါတယ် ။ အဲသည်အတွက်ကြောင့်မို့လည်း သူတို့က မိုးကြိုးသားရဲကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်တာပါ ။

ရန်ချင်းဟူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တာကတော့ သူမမှာ ရှင်းလင်းရမယ့် ကိစ္စ အနည်းငယ် ရှိနေလို့ပါပဲ ။

………

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက် ၊ဧကရာဇ်ကောင်းကင် တောင်ကြား ………

သည်နေရာမှာကတော့ ပြင်းထန်လှတဲ့ လေပြင်းတွေ တိုက်ခတ်နေတဲ့အတွက် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်က လူတွေဟာ လုံးဝ မဝင်နိုင်ပါဘူး ။

ဒါပေမဲ့လည်း တစ်နေ့မှာတော့ လူငယ်စုံတွဲ တစ်တွဲဟာ အလင်းရောင်တန်းကြီး တစ်ခုနဲ့အတူ ဧကရာဇ်ကောင်းကင် တောင်ကြားထဲက တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်ကို ဆင်းသက်လာခဲ့ပါတယ် ။

အဲသည် လူငယ်စုံတွဲကတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ပါပဲ ။

" ရန်ချင်းဟူ…… ငါတို့ နေဝန်းပြာ အင်ပိုင်ယာဆီကို အရင် တစ်ချက်လောက် သွားလည်ရအောင် "

လီဖူချန်းက ရန်ချင်းဟူဟာ နေဝန်းပြာ ဧကရာဇ်နဲ့ စာရင်း ရှင်းချင်တဲ့အတွက် သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို လိုက်ပါလာတယ် ဆိုတာကို ကောင်းကောင်းကြီး သိပါတယ် ။

အတိတ်ဘဝတုန်းက မဟာ ဧကရီ တစ်ပါး ဖြစ်ခဲ့ဖူးတဲ့ ရန်ချင်းဟူလို လူမျိုးဟာ သူ့အပေါ် နေဝန်းပြာ ဧကရာဇ် စော်ကားခဲ့တာကို လက်တုံ့မပြန်ဘဲ ဘယ်လိုမှ သည်းခံ နေနိုင်မှာ မဟုတ်ပါဘူး ။

ဒါပေမဲ့လည်း ရန်ချင်းဟူကတော့ လီဖူချန်းရဲ့ အကြံပြုချက်ကို လက်မခံဘဲ ငြင်းလိုက်ပါတယ် ။

" ဟင့်အင်း…… ငါက နေဝန်းပြာ ဧကရာဇ်ကို အနိုင်ယူဖို့ ယုံကြည်ချက် မရှိသေးဘူး ။ အဲသည်ကိစ္စကို ခဏ မေ့ထားလိုက်ရအောင် "

ရန်ချင်းဟူက သူမရဲ့ အခြေအနေကို သူမ အသိဆုံးပါပဲ ။

သူမက သူမရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို ထုတ်လိုက်မယ် ဆိုရင် မဟာ ဧကရာဇ် အဆင့်ကို ရောက်နိုင်ပေမယ့် အဲဒါက ယာယီ အချိန်အတိုင်းအတာ တစ်ခုထက် မပိုပါဘူး ။

" အင်း…… ဟုတ်ပြီလေ "

လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ် ။ သူက ရန်ချင်းဟူရဲ့ မာနကို သိတဲ့အတွက်   သည်ကိစ္စနဲ့ ပတ်သက်ပြီး ထပ်မပြောတော့ပါဘူး ။

အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ကျပန်း အရပ်တစ်ခုကို ရွေးချယ်ပြီး ဧကရာဇ်ကောင်းကင် တောင်ကြားကနေ ထွက်ခွာ သွားကြပါတော့တယ် ။

" ဟင် …… သည်နေရာက "

နေ့ဝက်လောက် အကြာမှာတော့ လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ် ။

အရင်တုန်းကတော့ သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ဟာ ဘယ်နေရာမှာ တည်ရှိသလဲ ဆိုတာကို မသိပါဘူး ။ ဒါပေမဲ့လည်း အခုတော့ သူဟာ သိသွားခဲ့ပါပြီ ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ဟာ လဝန်းနီ အင်ပိုင်ယာမှာ တည်ရှိနေခဲ့တာပါ ။

သူ့အနေနဲ့ လဝန်းနီ အင်ပိုင်ယာကို ရောက်လာပြီးမှတော့ နန်အန်း စီရင်စုကို အလည်အပတ် တစ်ခေါက်လောက် မသွားလို့ မဖြစ်ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ သူက အတိတ်တုန်းက နန်းအန်းစီရင်စု နယ်စား လင်းထိုက်ယန်ရဲ့ အလိုရှိကြောင်း ကြေညာချက်ကြောင့် လဝန်းနီ အင်ပိုင်ယာကနေ ခွေးပြေး၊ဝက်ပြေး ထွက်ပြေးခဲ့ရတာ မဟုတ်ပါလား ။

အဲသည်အတွက် လီဖူချန်း အနေနဲ့ အဲသည်ရန်ကြွေးကို ပြန်ဆပ်မှကို ကျေနပ်နိုင်ပါလိမ့်မယ် ။

……

(နန်အန်းမြို့တော်-

မြို့ထဲကို ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်း သတိ ထားမိလိုက်တာကတော့ သူ့ကို အလိုရှိကြောင်း ကြေညာထားတဲ့ စာရွက်တွေဟာ အခုထက်ထိ မဖြုတ်ထားသေးဘူး ဆိုတာပါပဲ ။

အဲသည်အတွက် သူက အခုထက်ထိ ဝရမ်းပြေး ဖြစ်နေသေးတယ် ဆိုတာ သိသာ လွန်းလှပါတယ် ။

ရန်ချင်းဟူကလည်း အလိုရှိကြောင်း ကြေညာထားတဲ့ စာရွက်တွေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အကြောင်းစုံကို ချက်ချင်း ရိပ်မိ သွားခဲ့ပါတယ် ။

ကြည့်ရတာတော့ လီဖူချန်းရဲ့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ပေါ်က နေ့ရက်တွေဟာလည်း သိပ်ပြီး အခြေအနေ ကောင်းခဲ့ပုံ မရပါဘူး ။

" ကြည့်ကြစမ်း …… ဟိုမှာ အလိုရှိနေတဲ့ ဝရမ်းပြေး လီဖူချန်း မဟုတ်ဘူးလား "

" ဟုတ်တယ်ဟ ။ နယ်စားမင်းဆီကို မြန်မြန် လျှောက်တင်ကြဟေ့ "

" အမြန် …… အမြန်သွား …… ခြေတစ်လှမ်း နောက်ကျတာနဲ့ ဆုလာဘ်တွေက တခြားသူလက်ထဲ ပါကုန်လိမ့်မယ် "

လီဖူချန်းကို မှတ်မိတဲ့ လူတွေကတော့ နယ်စား စံအိမ်ဆီကို သူ့ထက်ငါဦးအောင် အပြိုင်အဆိုင် သုတ်ခြေ တင်ကုန်ကြပါပြီ ။

လီဖူချန်းရဲ့ ဝရမ်းပြေး ကြော်ငြာ စာရွက်က အခုချိန်အထိ မြို့ရဲ့ နံရံတွေပေါ်မှာ ရှိနေဦးမှတော့ သူ့ကို လူတွေ မှတ်မိကြတာကလည်း မဆန်းလှပါဘူး ။

လီဖူချန်းကတော့ လင်းထိုက်ယန် ရောက်လာတာကိုတောင် မစောင့်ဘဲ နယ်စား စံအိမ်ဆီကို ဦးတည် နေခဲ့ပါတယ် ။

" လင်းထိုက်ယန် …… ထွက်ခဲ့ "

နယ်စားစံအိမ်ရှေ့ အရောက်မှာတော့ လီဖူချန်းက လင်းထိုက်ယန်ကို အသံကျယ်ကြီးနဲ့ အော်ခေါ်လိုက်ပါတယ် ။

အသံ ဆုံးတာနဲ့ တစ်ပြိုင်နက် လင်းထိုက်ယန်ကလည်း သူ့ရဲ့ စံအိမ်ထဲကနေ ထွက်လာခဲ့ပါပြီ ။

ဒါပေမဲ့ သူက တစ်ယောက်တည်း ထွက်လာတာတော့ မဟုတ်ပါဘူး ။ သူက မူလပင်လယ် နယ်ပယ် ဘုရင် ၆၆ပါးရဲ့ ခြံရံမှုကို ခံယူပြီး ထွက်လာခဲ့တာပါ ။

ပြီးတော့ အဲသည် ဘုရင် ၆၆ပါးက တိုက်ပွဲဝင် သေနင်္ဂ ဗျူဟာ တစ်ခုကိုလည်း ခင်းကျင်း ထားပါသေးတယ် ။

" လီဖူချန်း…… မင်းက တန်ခိုးအစွမ်းလေး နည်းနည်း ထက်လာတာနဲ့ ငါ့ရဲ့ နယ်စားစံအိမ်ကို အထင်သေးလို့ ရမယ် ထင်နေတာလား ။ အဲသည်ကောင်ကို သတ်ကြစမ်း "

လင်းထိုက်ယန် ရထားတဲ့ သတင်း အချက်အလက်တွေက အချိန့်နဲ့ တပြေးညီ လုံးဝ မဖြစ်ပါဘူး ။

သူက လီဖူချန်း မူလပင်လယ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ပြီး အစွမ်းထက်တဲ့ ဘုရင်တစ်ပါး ဖြစ်နေပြီလို့သာ သိထားတာပါ ။

ဒါကြောင့်မို့လို့ လင်းထိုင်ယန်က လီဖူချန်းကို မကြောက်မရွံ့ ရင်ဆိုင်ရဲနေတာ ဖြစ်ပါတယ် ။

လင်းထိုက်ယန်ရဲ့ အမြင်မှာတော့ လီဖူချန်းက အကြို-ဧကရာဇ် တစ်ပါး ဖြစ်နေရင်တောင်မှ အရပ်မျက်နှာ ခြောက်ပါး တိုက်ပွဲဝင် ဝင်္ကပါ ဗျူဟာကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။

" သွားစမ်း "

လီဖူချန်းကလည်း အရပ်မျက်နှာ ခြောက်ပါး တိုက်ပွဲဝင် ဝင်္ကပါ ဗျူဟာကို မျက်လုံးထဲမှာတောင် မထည့်ပါဘူး။

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အရပ်မျက်နှာ ခြောက်ပါး တိုက်ပွဲဝင် ဝင်္ကပါ ဗျူဟာကို ပျက်စီးသွားစေပြီး အထဲမှာရှိတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေ အကုန်လုံးကို သွေးပွက်ပွက် အန်ကုန်စေပါတယ် ။

လမ်းမပေါ်မှာ ရှိနေတဲ့ ပွဲကြည့် ပရိသတ်တွေကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ ။

သူတို့က အစွမ်းထက်တဲ့ လူတော်တော်များများကို မြင်ဖူးကြပေမယ့် လီဖူချန်းလို လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့ နယ်စားစံအိမ်ရဲ့ အရပ်မျက်နှာ ခြောက်ပါး တိုက်ပွဲဝင် ဝင်္ကပါ ဗျူဟာကို ပျက်စီးစေနိုင်တဲ့ လူမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး ။

" မင်း…… မင်းရဲ့ ကျင့်ကြံခြင်း နယ်ပယ်က  ဘယ်လောက် ရောက်နေပြီလဲ "

လင်းထိုက်ယန်က မျက်လုံး အပြူးသားနဲ့ မေးလာခဲ့ပါတယ် ။

" ခင်ဗျားကို သတ်ဖို့တော့ အဆင့်မီသေးတယ် "

လီဖူချန်းကတော့ သူ့ရဲ့ လူသတ်ငွေ့တွေကို ထုတ်လွှတ် ထားခဲ့ပါပြီ ။

"ဟား……ဟား…… မင်းကငါ့ကို သတ်လို့ ရမလား ။ ငါက လဝန်းနီ အင်ပိုင်ယာရဲ့ တရားဝင် အရာရှိကွ ။ မင်းက လဝန်းနီ ဧကရာဇ်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား "

လင်းထိုက်ယန်က သွေးရူးသွေးတန်းနဲ့ ခြိမ်းခြောက် လာခဲ့ပါတယ် ။

" ကျုပ်က လဝန်းနီ ဧကရာဇ်ကို မကြောက်လို့ ပြန်လာတာပေါ့ "

" သေလိုက်တော့ "

စကားအဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့ ညာဘက်လက်ကို မြှောက်ပြီး ဖိချလိုက်ပါတယ် ။

" မလုပ်နဲ့ "

လင်းထိုက်ယန်က ကြောက်လန့်တကြား အော်ဟစ်နေပေမယ့်လည်း လီဖူချန်းရဲ့ လက်ဝါးကတော့ တစ်စက်ကလေးမှ တုံ့ဆိုင်း မနေခဲ့ပါဘူး ။

ဘန်း……

အဲသည်နောက်မှာတော့ လက်ဝါးရိပ်ကြီး တစ်ခုဟာ ကောင်းကင်ပေါ်ကနေ ကျလာပြီ လင်းထိုက်ယန်ကို ဖုန်မှုန့် ဖြစ်သွားစေခဲ့ပါပြီ ။

" နယ်စား…… နယ်စားမင်း သေသွားပြီဟေ့ "

" သူက တကယ်ကြီး နယ်စားမင်းကို သတ်လိုက်တာလား ။ သူက လဝန်းနီ အင်ပိုင်ယာကို တကယ် ဂရု မစိုက်ဘူးလား"

" နန်အန်းစီရင်စုရဲ့ ကောင်းကင်က ပြောင်းသွားပြီဟေ့ ။ မြန်မြန် ပြေးကြတော့ ။ မဟုတ်ရင် ငါတို့ပါ နှုတ်ပိတ် ခံရလိမ့်မယ် ။

လီဖူချန်းက လင်းထိုက်ယန်ကို သတ်လိုက်တာ မြင်အပြီးမှာတော့ ဘယ်သူကမှ လမ်းပေါ်မှာ ဆက်မနေရဲကြတော့ပါဘူး ။

သူတို့ ကြောက်လန့်တကြားနဲ့ အလျင်အမြန်ပဲ ထွက်ပြေး သွားကြပါတော့တယ် ။

လီဖူချန်းကတော့ ထွက်ပြေးသွားတဲ့သူတွေကို အေးအေးဆေးဆေးပဲ ကြည့်နေခဲ့ပါတယ် ။

သူက သည်လူတွေကို နှုတ်ပိတ်စရာဘာအကြောင်းမှ မရှိပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ သူက လဝန်းနီ ဧကရာဇ်ကို ဂရုကို မစိုက်လို့ပါပဲ ။

" သွားကြစို့ "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ မျောလွင့်ကောင်းကင်တောင်ကို သွားဖို့ ခြေလှမ်း ပြင်ပါတော့တယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ။ သူက မျောလွင့်ကောင်းကင်တောင်ရဲ့ တပည့်တစ်ယောက် မဟုတ်ပါလား ။

***

All Chapters