အုတ်အော်သောင်းတင်း
Vol. 52 Ch. 704
နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်း ၊ နက္ခတ်တာရာမျှော်စင်……
သည်မျှော်စင်က ပေကိုးသိန်းကိုးသောင်း အမြင့် ရှိပြီး ထိပ်ဆုံးကနေ ကြည့်လိုက်မယ်ဆိုရင် ကြယ်တွေကို တခြားနေရာကထက် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ် ။
အဲသည်အတွက် သည်နေရာက နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ် မကြာခဏ ဆိုသလို လက်ဖက်ရည်သောက်ပြီး ကြယ်တွေကို လေ့လာတဲ့ နေရာ ဆိုရင်လည်း မမှားပါဘူး ။
" သည်လီဖူချန်းဆိုတဲ့ ကလေးက တကယ် အစွမ်းထက်တာပဲ "
နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ရဲ့ မျက်လုံးတွေကတော့ အရောင် တဖိတ်ဖိတ် တောက်နေပါတယ် ။ ကြည့်ရတာတော့ သူက သည်မျှော်စင်ကနေ လီဖူချန်းတို့ရဲ့ တိုက်ပွဲကို လှမ်းအကဲခတ်နေပုံပါပဲ ။
လီဖူချန်းက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပါတယ် ။
သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာက ဝိညာဉ် ဧကရာဇ်ကို အခုလိုဖြစ်အောင် ဘယ်သူမှ မလုပ်ဖူးပါဘူး ။လီဖူချန်းက လုံးဝ ပထမဦးဆုံးပါပဲ ။
နတ်မျက်လုံး တန်ခိုးရှင်ကတော့ ဝိညာဉ် ဧကရာဇ်နဲ့ ဘယ်တုန်းကမှ မတိုက်ခိုက်ဖူးပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ရဲ့ တကယ့်အစစ်အမှန် တန်ခိုးအစွမ်းကို မပိုင်ဘဲနဲ့ မချပြချင်လို့ပါပဲ ။
အဆွေး ဧကရာဇ် ဒဏ်ရာရပြီး တောင်ကို ချိပ်ပိတ်လိုက်တုန်းက ဆိုရင် နတ်မျက်လုံး တန်ခိုးရှင်ဟာ တကယ်ကို ကူညီဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ် ။
သူ့အနေနဲ့ သည်လို ကူညီချင်တာက အဆွေး ဧကရာဇ်အပေါ် စိတ်ကောင်း ရှိလွန်းလို့တော့ မဟုတ်ပါဘူး ။ သူက ဝိညာဉ် ဧကရာဇ် ပိုပြီး တန်ခိုးထွားလာမှာကို မမြင်ချင်လို့ပဲ ဖြစ်ပါတယ် ။
ဒါပေမဲ့လည်း နေဝန်းပြာ ဧကရာဇ် နဲ့ လဝန်းနီ ဧကရာဇ်တို့က ဝိညာဉ် ဧကရာဇ်ဘက်ကနေ ပြောင်ပြောင်တင်းတင်း ဝင်ပါလာတဲ့ အခိုက်မှာတော့ သူဟာ အဆွေး ဧကရာဇ်ကို ကူညီဖို့ မကြိုးစားတော့ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ ဆူးပန်း ဧကရီနဲ့ ညဉ့်ဧကရာဇ်တို့ သူ့ဘက် ပါနေရင်တောင်မှ ဝိညာဉ် ဧကရာဇ်တို့ သုံးယောက်အတွဲကို အနိုင်ယူဖို့ မသေချာလို့ပါပဲ ။
နတ်မျက်လုံး တန်ခိုးရှင်က အနိုင် မသေချာတဲ့ တိုက်ပွဲကို တိုက်ဖို့ စိတ်မဝင်စားပါဘူူး ။အဲသည်အတွက်ကြောင့်ပဲ သူက အဆွေးဧကရာဇ်ကို ကူညီဖို့ ဖိတ်ခေါ်လာတဲ့ ဆူးပန်းဧကရီရဲ့ ဖိတ်ခေါ်မှုကိုတောင် ငြင်းပစ်လိုက်တာ ဖြစ်ပါတယ် ။
သူ့ရဲ့ အမြင်အရ ဆိုရင်တော့ ဒါက အချိန်ကိုက် မဟုတ်သေးပါဘူး ။ နောက်ပြီး မျောလွင့်ကောင်းကင်တောင်က သည်အခြေအနေကို အချိန်အကြာကြီးအထိ ထိန်းထားနိုင်လောက်ပါတယ် ။
" မဆိုးဘူး…… မဆိုးဘူး ။ လီဖူချန်းရဲ့ အကူအညီနဲ့ဆိုရင် ငါ့အနေနဲ့ ဝိညာဉ်ဧကရာဇ်ရဲ့ ဝှက်ဖဲကို မြင်ရလောက်တယ် "
စကားအဆုံးမှာတော့ နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ဟာ သူ့ရဲ့ နတ်မျက်စိကို အသက် သွင်းလိုက်ပါတော့တယ် ။
သူက သည်တိုက်ပွဲရဲ့ ဘယ်အချက်အလက်လေး တစ်ခုကိုတောင်မှ မလွတ်သွားချင်ပါဘူး ။ ဒါက တကယ့်ကို ရှားမှ ရှားလွန်းတဲ့ အခွင့်အရေး တစ်ခု မဟုတ်ပါလား ။
" ဝိညာဉ် ဧကရာဇ်ရဲ့ အလစ် တိုက်ခိုက်မှုကတောင်မှ မအောင်မြင်ဘူးလား "
မျောလွင့်ကောင်းကင်တောင် အတွင်းက လူတွေကတော့ အဟောင်းသား ဖြစ်နေတဲ့ ပါးစပ်တွေကို ပြန်ပိတ်ဖို့တောင် သတိ မရကြတော့သလိုပါပဲ ။
" ထင်တဲ့အတိုင်းပဲ … ငါ့ရဲ့ မျက်လုံးတွေက လုံးဝ မမှားဘူး ။ သည်ကလေးက ငါတို့ မျောလွင့်ကောင်းကင်တောင်ရဲ့ ကယ်တင်ရှင်ပဲ "
အဆွေး ဧကရာဇ်ကလည်း သူ့ရဲ့ အခန်းတွင်းကနေ လှမ်းထွက် လာခဲ့ပါပြီ ။
" တောင်အရှင် "
သူ့ကို မြင်တာနဲ့ တစ်ပြိုင်နက် လူတွေအားလုံးက လက်နှစ်ဖက် ဆုပ်ကာ အရိုအသေ ပေးလိုက်ကြပါတယ် ။
အဆွေးဧကရာဇ်ကတော့ တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ပြီးပုံပါပဲ ။ သူက အပြင်ကို ရောက်လာတာနဲ့ တစ်ပြိုင်နက် လက်ကို ဝှေ့ယမ်းလိုက်ပြီး အမိန့် ပေးလိုက်ပါတယ် ။
" အခုချက်ချင်း မျောလွင့်ကောင်းကင် ဝင်္ကပါ အစီအရင်ကို သာမန်ပုံစံ ပြောင်းလိုက်ကြ '"
" တောင်အရှင် …… သည်တိုက်ပွဲရဲ့ အနိုင်၊အရှုံးက မသေချာသေးပါဘူး ။ ကျွန်တော်မျို းတို့ အနေနဲ့ အခုချိန်မှာ သာမန်ပုံစံ ပြောင်းလိုက်တာက စွန့်စားရာ ကျလွန်းပါတယ် "
မျောလွင့်ကောင်းကင်တောင် အကြီးအကဲတွေထဲက တစ်ဦးက အဆွေးကရာဇ်ရဲ့ အမိန့်ကို လက်မခံပါဘူး ။
အဆွေး ဧကရာဇ်က အဲသည် အကြီးအကဲကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး
" ကျုပ်တို့ မျောလွင့်ကောင်းကင်တောင်က ဧကရာဇ် အဆင့် အဖွဲ့အစည်း ၇ခုထဲက တစ်ခုပဲ ။ သည်လိုအချိန်မှာမှ ကျုပ်တို့က တိုက်ပွဲထဲ မဝင်ရဲဘူး ဆိုရင် တစ်လောကလုံးက ကျုပ်တို့ကို သူရဲဘောကြောင်တဲ့သူတွေလို့ ဝိုင်းပြီး လှောင်ကြလိမ့်မယ် ။ ခင်ဗျားပြောတဲ့ အနိုင်၊အရှုံး မသေချာသေးပါဘူး ဆိုတာက မှန်တယ် ။ ဒါပေမဲ့ အဲသည်အချက်ကြောင့်ပဲ ကျုပ်တို့က အကာအကွယ် ဝင်္ကပါ အစီအရင်ကို ပုံမှန်အတိုင်း ပြန်ပြောင်းမှာ ။တကယ်လို့ လီဖူချန်းက ဝိညာဉ် ဧကရာဇ်ကို အနိုင် မယူနိုင်ဘူး ဆိုရင်တောင်မှ ကျုပ်တို့က သူ့ကို မရရအောင် ပြန်ကယ်ရမယ် ။ နောက်ပြီး ကျုပ်ထင်သာတာ မမှားဘူးဆိုရင် ဆူးပန်းဧကရီကလည်း သည်ကိုလာတဲ့ လမ်းတစ်ဝက်မှာ ရောက်နေလောက်ပြီ ။ သည်တော့ ဘာမှ မစိုးရိမ်ကြနဲ့တော့ ။ သည်ကပ်ဘေးက ပြီးသွားပြီ "
" တောင်အရှင်ပြောတာက မမှားဘူး ။ ဝင်္ကပါ အစီအရင်ကို ပုံမှန်အတိုင်း ပြောင်းတာ ကျုပ်လက်ခံတယ် "
" ကျုပ်လည်း လက်ခံတယ် ။ မျောလွင့်ကောင်းကင်တောင်က သူရဲဘော ကြောင်တဲ့သူတွေ မဟုတ်ဘူး ဆိုတာ အားလုံးကို သက်သေပြကြစို့ "
အဆွေး ဧကရာဇ်ရဲ့ ရှင်းပြမှု အပြီးမှာတော့ အကြီးအကဲတွေ အားလုံးဟာ ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့ကြပါပြီ ။
အဲသည်နောက်မှာတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ အတွင်းပိုင်းက ပုံရိပ်တွေဟာ အထင်းသား ပေါ်လာပါတော့တယ် ။
ပြီးတော့ အတွင်းနဲ့အပြင်ကို စည်းခြား ကန့်သတ်ထားမှုကလည်း လုံးဝ မရှိတော့ပါဘူး ။
အဲသည်အဖြစ်အပျက်ကို မြင်လိုက်ရတဲ့ အခါမှာတော့ ဝိညာဉ် ဧကရာဇ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါတယ် ။
" ဟမ့် …… လိပ်လို အခွံထဲ ပုန်းနေတဲ့ကောင်တွေက နောက်ဆုံးတော့ ထွက်လာရဲပြီပေါ့ "
တစ်ဆက်တည်းမှာပဲ သူက လဝန်းနီ ဧကရာဇ်ကို စိတ်နဲ့ ဆက်သွယ်ပြီး အမိန့် ပေးလိုက်ပါသေးတယ် ။
" လဝန်းနီ …… မင်းရှိသမျှ အစွမ်းသုံးပြီး သူ့ကိုတိုက် ။ ငါမင်းကို ဘေးကနေ ကူညီပေးမယ် "
" အမိန့်အတိုင်းပါ …… သခင်
ဝိညာဉ် ဧကရာဇ်ရဲ့ အမိန့်ကို ရအပြီးမှာတော့ လဝန်းနီ ဧကရာဇ်ဟာ လီဖူချန်းဆီကို နောက်ထပ် တစ်ကြိမ် ခုန်ဝင် သွားခဲ့ပြန်ပါပြီ ။
" ဝိညာဉ်စက်ကွင်း "
တစ်ဆက်တည်း ဆိုသလို မီးခိုးရောင် ကမ္ဘာကြီး တစ်ခုကလည်း လီဖူချန်းအပေါ်ကို ဖိနှိပ်ဖို့ ဆင်းသက် လာခဲ့ပြန်ပါတယ် ။
လဝန်းနီ ဧကရာဇ်ကတော့ ဝိညာဉ် ဧကရာဇ်ရဲ့ ဝိညာဉ် အစေခံ ဖြစ်တဲ့အတွက် သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ဘာဖိအားကိုမှ မခံစားခဲ့ရပါဘူး ။
" ဝိညာဉ်စက်ကွင်းနဲ့ ကျုပ်ကို ဖိအား ပေးချင်တာလား "
" သွားစမ်း "
ရွှမ်း……
လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လဝန်းနီ ဧကရာဇ်ကို ဓားနဲ့ ပိုင်းပစ်လိုက်ပါတယ် ။
ရွှစ်……ရွှစ်……
" သေစမ်း "
ဝိညာဉ် ဧကရာဇ်က ဝိညာဉ်စက်ကွင်းနဲ့ လီဖူချန်းကို အနိုင်ယူဖို့ စီစဉ်ထားတာ မဟုတ်ပါဘူး ။
သူက သူ့ရဲ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အမည်းရောင် စက်လုံး နှစ်လုံးနဲ့ လီဖူချန်းကို ပစ်ပေါက်လိုက်ပါတယ် ။
" လီဖူချန်း …… သတိထား ။အဲဒါက စိတ်ဝိညာဉ် အဆိပ်ပါတဲ့ ဝိညာဉ်စက်လုံးတွေပဲ "
အဆွေးဧကရာဇ်က စက်လုံးတွေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းကို အထိတ်တလန့် လှမ်းသတိပေးလာခဲ့ပါတယ် ။
အရင်တုန်းကဆိုရင် သူဟာ သည်စက်လုံးတွေကို သတိ မမူမိလိုက်တာကြောင့် စိတ်ဝိညာဉ် အဆိပ် မိခဲ့ရတာ မဟုတ်ပါလား ။
အဆွေး ဧကရာဇ်ရဲ့ သတိပေးချက်ကြောင့် လီဖူချန်းဟာ ဘာလုပ်ရမလဲ ဆိုတာကို သိသွားခဲ့ပါပြီ ။
သည်အရာတွေက ဝိညာဉ်စက်လုံးတွေ ဖြစ်တဲ့အတွက် သာမန် နည်းလမ်းတွေနဲ့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး ။
ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကလည်း သည်ဝိညာဉ်အဆိပ်ကို တစ်ရာ ရာခိုင်နှုန်း ကာနိုင်လိမ့်မယ်လု့ိ အာမ မခံနိုင်ပါဘူး ။
အဲသည်အတွက် သူ့အနေနဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို အသုံးပြုမှ ရပါတော့မယ် ။
" လိပ်ပြာ အသိစိတ်အာရုံ မီးတောက် "
လီဖူချန်းက သူ့ရဲ့ လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းပြီး လိပ်ပြာ အသိစိတ်အာရုံ မီးလုံးတွေနဲ့ ဝိညာဉ် စက်လုံးတွေကို တန်ပြန်လိုက်ပါတယ် ။
ဘန်း……
လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ မီးလုံးတွေနဲ့ ဝိညာဉ်စက်လုံးတွေ ထိပ်တိုက် အတွေ့မှာတော့ ဝိညာဉ်စက်လုံးတွေဟာ ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အနက်ရောင် မြူ နှင်းတွေအဖြစ် ပျံနှံ့ သွားခဲ့ပါပြီ ။
ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ လိပ်ပြာ အသိစိတ်အာရုံ မီးလုံးတွေက အနက်ရောင် မြူနှင်းတွေကို တစ်စမကျန် ဝါးမျိူ ပစ်လိုက်ပါတယ် ။
" မီးတာအို လိပ်ပြာအသိစိတ်အာရုံ လ့ဝှက် နည်းစနစ်လား "
ဝိညာဉ် ဧကရာဇ်က တုန်လှုပ် သွားခဲ့ပါပြီ ။
ဒြပ်စင် တစ်ခုခုပါတဲ့ လိပ်ပြာအသိစိတ်အာရုံ လ့ဝှက် နည်းစနစ်တွေ ဆိုတာက သာမန် လိပ်ပြာအသိစိတ်အာရုံ လ့ဝှက် နည်းစနစ်တွေထက်ကို အများကြီး ပိုရှားပါးပါတယ် ။
သူ့ရဲ့ ဝိညာဉ်တာအိုက လ့ဝှက် နည်းစနစ်က သာမန် လိပ်ပြာအသိစိတ်အာရုံ လ့ဝှက် နည်းစနစ်တွေကို မကြောက်ပေမယ့် ဒြပ်စင် အခြေခံတဲ့ လိပ်ပြာအသိစိတ်အာရုံ လ့ဝှက် နည်းစနစ်တွေနဲ့ ကျရင်တော့ နည်းနည်း ပြသနာ ရှိပါတယ်။
ဒါပေမဲ့ ဝိညာဉ် ဧကရာဇ် မသိတာကတော့ လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံ လ့ဝှက် နည်းစနစ်ဟာ သူထင်ထားတာထက် အနည်းဆုံး ဆယ်ဆ အစွမ်းထက်တယ် ဆိုတာပါပဲ ။
ယုတ္တိဗေဒကျကျ ပြောရမယ် ဆိုရင်တော့ တကယ်လို့ လီဖူချန်း အနေနဲ့ အဆင့်၈ လိပ်ပြာအသိစိတ်အာရုံ လ့ဝှက် နည်းစနစ်ကို ထုတ်သုံးခဲ့ရင်တောင်မှ အဲဒါက ဝိညာဉ် ဧကရာဇ်ကို ဒုက္ခ ကောင်းကောင်းကြီး ပေးနိုင်ပါတယ် ။
" ဝိညာဉ်ဆူး "
ဝိညာဉ်ဧကရာဇ်က အရှေ့က လဝန်းနီ ဧကရာဇ်ရဲ့ ထိပ်တိုက် တိုက်ခိုက်နေမှုကို အကာအကွယ်ယူပြီး နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို လုပ်လိုက်ပြန်ပါတယ် ။ သူက လီဖူချန်းရဲ့ အားနည်းချက်ကို ရှာမတွေ့နိုင်ဘူးလို့ လုံးဝ မယုံပါဘူး ။
ထင်……ထင်……ထင်……
ဘန်း……ဘန်း……
လီဖူချန်း အနေနဲ့ကလည်း သည်နှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုက သူ့အပေါ် အတော်လေး ဖိအားပေးနိုင်တယ် ဆိုတာကို ဝန်မခံချင်ပေမယ့် ဝန်ခံရမှာပါပဲ ။
အခု သူ့ရဲ့ အခြေအနေက အတော်လေး ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အခြေအနေ ဆိုရင်လည်း မမှားပါဘူး ။
တကယ်လို့ သူ့အနေနဲ့ အစွမ်းကုန် အားထုတ်ပြီး လဝန်းနီ ဧကရာဇ်ကို တိုက်လိုက်မယ် ဆိုရင် ဝိညာဉ် ဧကရာဇ်က သူ့ကို ဒုက္ခပေးလာမှာ အသေအချာပါပဲ ။
တကယ်လို့ သူက ဝိညာဉ် ဧကရာဇ်ကို အသားပေး အာရုံစိုက်ပြီး တိုက်မယ် ဆိုပြန်ရင်လည်း လဝန်းနီ ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို ခံရပြန်ပါဦးမယ် ။
လီဖူချန်းဆီမှာက တိုက်ပွဲကို ပွဲသိမ်းပစ်နိုင်တဲ့ တခြားသော ဝှက်ဖဲတွေ ရှိနေသေးတယ် ဆိုပေမယ့် အဲဒါကလည်း သုံးဖို့ အခွင့်အရေး ရဖို့ လိုပါသေးတယ် ။
" နိဗ္ဗာန ဆူးပန်း "
အဲသည်အချိန်မှာပဲ ရုတ်တရက် ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ ဆူးပန်း နှစ်ပွင့်ဟာ လျင်မြန်စွာနဲ့ပဲ ဝိညာဉ် ဧကရာဇ် နဲ့ လဝန်းနီ ဧကရာဇ်တို့ကို ဝါးမျို သွားပါတော့တယ် ။
" သွားစမ်း "
ဘန်း……
ဒါပေမဲ့လည်း ဝိညာဉ် ဧကရာဇ်ကို အငိုက်ဖမ်းဖို့ ဆိုတာက ထင်သလောက် မလွယ်ကူပါဘူး ။ သူက မျက်မှောင်ကြုတ်ပြီး တစ်ချက် မာန်မဲလိုက်တာနဲ့ ဆူးပန်းတွေဟာ ပေါက်ကွဲကုန်ပါတယ်။
" မူလဘူတဓား "
ဝိညာဉ် ဧကရာဇ်ရဲ့ အာရုံ တစ်ချက် လွှဲသွားတာကို အခွင့်အရေး ယူသွားသူကတော့ လီဖူချန်းပါပဲ ။
သူက သည်အခွင့်အရေးကို အရယူပြီး မရေမတွက်နိုင်တဲ့ မူလဘူတဓားတွေကို ထုတ်ကာ ဝိညာဉ်ဧကရာဇ် နဲ့ လဝန်းနီ ဧကရာဇ်တို့ဆီ ပစ်လွှတ်လိုက်ပါတယ် ။
တစ်လက်ချင်း ဆိုရင်တော့ မူလဘူတဓားတွေဟာ သိပ်ပြီး အန္တရာယ် မရှိပါဘူး ။ ဒါပေမဲ့ ထောင်ချီ ၊ သောင်းချီ ၊ သိန်းချီသွားပြီ ဆိုရင်တော့ အဲဒါက လေဟာနယ် ဟင်းလင်းပြင်ကိုတောင် စုတ်ပြဲသွားစေဖို့အတွက် လုံလောက်ပါတယ် ။
အတိတ်တုန်းက ဆိုရင် မူလပင်လယ် နယ်ပယ် ဘုရင် အထွတ်အထိပ် အဆင့်မှာတင် ရှိသေးတဲ့ လီဖူချန်းဟာ သည်အကွက်နဲ့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာပါ ။
ရွှီး……ရွှီး……ရွှီး……ရွှီး……
မရေမတွက်နိုင်တဲ့ မူလဘူတ ဓားတွေက ဝိညာဉ် ဧကရာဇ်တို့ဆီကို မုန်တိုင်းကြီး တစ်စင်းလို တိုးဝင်သွားပြီး မြစ်ကြီးတစ်စင်းလို ဝါးမ သွားခဲ့ပါပြီ ။
" ဒါ……ဒါက "
ဝိညာဉ် ဧကရာဇ်တို့တော့ ဘယ်လိုနေမယ် မသိပါဘူး ။ သည်အဖြစ်အပျက်ကို နက္ခတ်တာရာ မျှော်စင်ကနေ စောင့်ကြည့်နေတဲ့ နတ်မျက်လုံး တန်ခိုးရှင်ကတော့ ကျောရိုးထဲ အထိတောင် စိမ့်သွားခဲ့ပါတယ် ။
တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းရဲ့ သည်ဓားကွက်ကို ခံဆောင်ရမယ် ဆိုရင် ဒဏ်ရာ အပြင်းအထန် ရသွားမှာ လုံးဝ အသေအချာပါပဲ ။
" ဝေါ့ "
မူလဘူတဓားတွေ ပျောက်ကွယ်သွားတဲ့ အခါမှာတော့ ဝိညာဉ် ဧကရာဇ်ဟာ သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး အနောက်ကို ဆုတ်သွားခဲ့ပါပြီ ။
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ အစွမ်း အထက်ဆုံး မဟာ ဧကရာဇ်ဖြစ်တဲ့ ဝိညာဉ် ဧကရာဇ်ကို သတ်ဖို့ဆိုနာက သည်လောက် မလွယ်ပါဘူး။
အချက်အလက်နဲ့ တိတိကျကျ ပြောရမယ်ဆိုရင် တကယ်လို့ ဆူးပန်း ဧကရီသာ ပေါ်မလာလို့ကတော့ လီဖူချန်းဟာ သူ့ကို ဒဏ်ရာ အနည်းငယ် ရစေဖို့ အတွက်ကိုတောင် မနည်း ကြိုးစားရမှာပါ ။
အခုတောင်မှပဲ သူ့ရဲ့ ဒဏ်ရာက သိပ်ပြီး မများလှပါဘူး ။
ဒါပေမဲ့လည်း တစ်ဖက်မှာတော့ လဝန်းနီ ဧကရာဇ်ဟာ မူလဘူတ ဓားတွေကြောင့် ရစရာ မရှိအောင် စုတ်ပြတ်သတ် သွားခဲ့ပါပြီ ။
လီဖူချန်း နဲ့ ဆူးပန်း ဧကရီတို့ကြားက အချိတ်အဆက်က မယုံနိုင်စရာ ကောင်းလောက်အောင် အတိုင်အဖောက် ညီလွန်းတဲ့အတွက် သူ့အနေနဲ့ နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ကိုတောင် မသုံးလိုက်ရပါဘူး ။
"ဆုတ်မယ် "
အခြေအနေ မဟန်မှန်းကို ရိပ်မိလိုက်တဲ့ ဝိညာဉ် ဧကရာဇ်ကတော့ ဆက်တိုက်ဖို့ စိတ်ကူး မရှိတော့ပါဘူး ။ အဲသည်အတွက် သူက လဝန်းနီ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ဖမ်းဆုပ်ပြီး ပျောက်ကွယ် သွားပါတော့တယ် ။
တခြားတစ်ဖက် ရှိနတဲ့ နေဝန်းပြာ ဧကရာဇ်ကလည်း သူ့ရဲ့ နေဝန်းပြာ အရွေ့ကို အသုံးပြုပြီးသားပါပဲ။
" ရော့ "
ရွှမ်း……
ဒါပေမဲ့ သူက လုံးဝ မပျောက်ကွယ်ခင်လေးမှာတင် လီဖူချန်းရဲ့ ဓားချက် တစ်ချက်ကို မြည်းစမ်း လိုက်ရပါသေးတယ်။
" လူတွေက ဝိညာဉ် ဧကရာဇ်ကို အကြွင်းမဲ့ ပါရမီရှင်လို့ ပြောကြတယ် ။ ဒါပေမဲ့ မင်းနဲ့ ယှဉ်လိုက်ရင်တော့ သူက ဘာမှ မပြောပလောက်တဲ့ အရာပဲ "
စကားသံနဲ့အတူ ကျက်သရေ ရှိလှတဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ကောင်းကင်ယံထက်မှာ ပေါ်လာခဲ့ပါတယ်။
သူကတော့ ဆူးပန်း ဧကရီကလွဲပြီးတခြားသူ မရှိပါဘူး ။
" အခုလို ကူညီတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် ဧကရီ "
လီဖူချန်းက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်ပါတယ်။
ဆူးပန်း ဧကရီက ခေါင်းခါလိုက်ပြီး
" အစောပိုင်းက မင်းရဲ့ ဓားကွက်နဲ့ဆိုရင် ငါလာမကူလည်း ဘာမှ ဖြစ်မယ် မထင်ဘူး "
" လီဖူချန်း ၊ ဆူးပန်း ဧကရီနဲ့ သည်က မိန်းကလေး…… ကျုပ်ကတော့ ခင်ဗျားတို့ သုံးယောက် အပေါ်မှာ ကျေးဇူးကြွေး အကြီးကြီး တင်သွားပြီ ထင်ပါရဲ့ "
စကားသံနဲ့အတူ အဆွေး ဧကရာဇ်က မျောလွင့်ကောင်းကင်တောင်ကနေ ပျံသန်း ထွက်ပေါ်လာခဲ့ပါတယ် ။
ဆူးပန်း ဧကရီက အဆွေး ဧကရာဇ်ကို ကြည့်လိုက်ပြီး စိုးရိမ် ပူပန်စွာနဲ့ မေးလိုက်ပါတယ် ။
" အဆွေး ဧကရာဇ် …… ရှင့်ရဲ့ ဒဏ်ရာ ဘယ်လိုနေသေးလဲ ။ကျွန်မ ကြားတာကတော့ ရှင်က စိတ်ဝိညာဉ် မိထားတယ်ဆို "
အဆွေး ဧကရာဇ်က မချိပြုံး ပြုံးလိုက်ပြီး
" စိတ်ဝိညာဉ် အဆိပ်က ကျုပ်ထင်ထားတာထက် အများကြီး ပိုဆိုးတယ် ။ သည်တော့ ကျုပ်အနေနဲ့ ဘာမှ မတတ်နိုင်ဘူး "
" အဆွေး ဧကရာဇ် ……တကယ်လို့ ဦးလေး အနေနဲ့ ဝိညာဉ်သန့်စင် ဆေးပင် ဒါမှမဟုတ် ဝိညာဉ်တာအို ထိပ်သီး ဆရာတစ်ပါးကို ရှာနိုင်ရင် အဲသည် အဆိပ်က ဖြေဖို့ လွယ်ပါတယ် ။ သိပ်လည်း အားမလျော့လိုက်ပါနဲ့ "
အဆွေး ဧကရာဇ်ကို အားပေးလိုက်တဲ့ အသံပိုင်ရှင်ကတော့ ရန်ချင်းဟူပါပဲ
အဆွေး ဧကရာဇ်က ရန်ချင်းဟူကို မပွင့်တပွင့် ပြုံးပြလိုက်ပြီး စိတ်ပျက်အားငယ်စွာနဲ့ ပြန်ပြောလာခဲ့ပါတယ် ။
" ဦးလေးလည်း အဲသည် စိတ်ဝိညာဉ် ဆေးပင် အကြောင်းကို ကြားပါတယ် ။ ဒါပေမဲ့ စိတ်မကောင်းစရာက ဦးတို့ မျောလွင့်ကောင်းကင်တောင်မှာ စိတ်ဝိညာဉ်ဆေးပင် တစ်ပင်တောင် မရှိဘူးလေ ။ ပြီးတော့ တူမလေးပြောတဲ့ ဝိညာဉ်တာအို ဆရာကြီး တစ်ပါးကို ရှာဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ ။ သည်ကုန်းမြေတိုက်မှာက ဝိညာဉ်တာအို ကျင့်ကြံသူဆိုလို့ ဝိညာဉ် ဧကရာဇ် တစ်ယောက်တည်း ရှိတာ မဟုတ်လား "
ရန်ချင်းဟူက လီဖူချန်းဘက်ကို မေးငေါ့ ပြလိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
" သမီးပြောတဲ့ ဝိညာဉ်တာအို ထိပ်သီး ဆရာကြီး တစ်ပါး ဆိုတာ သူပဲလေ "
လီဖူချန်းက မနေသာတော့ပါဘူး ။ အဲသည်အတွက် သူက
" အဆွေး ဧကရာဇ် …… ကျွန်တော့်အနေနဲ့ အရမ်းကြီးတော့ ဂုဏ်မဖော်လိုပါဘူး ။ ဒါပေမဲ့ ကျွန်တော် တစ်ချက်လောက် ကြည့်ပေးပါရစေ " လို့ ပြောလိုက်ပါတယ်။
" ဟင်…… ဒါဆို တူမောင်က "
လီဖူချန်းက ဝိညာဉ်တာအိုဘက်မှာလည်း ဆရာတစ်ဆူ ဖြစ်တယ် ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့ အဆွေး ဧကရာဇ် နဲ့ ဆူးပန်း ဧကရီတို့ဟာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြပါပြီ ။ ဝိညာဉ် ဧကရာဇ်က လီဖူချန်းကို ရှုံးနိမ့်သွားတာကလည်း မထူးဆန်းလှပါဘူး ။
" ကဲ……ကဲ…… အထဲ အရင် ဝင်ကြရအောင် ။ ပြီးမှ ကျန်တာကို ဆက်ပြောကြတာပေါ့ "
အဆွေး ဧကရာဇ်က အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။
………
သည်လိုနဲ့ပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံး သွားခဲ့ပါပြီ ။
သည်အတောအတွင်းမှာတော့ လီဖူချန်းက အဆွေး ဧကရာဇ် မိထားတဲ့ စိတ်ဝိညာဉ် အဆိပ်ကို အမြစ်ပြတ် ကုသ ပေးနိုင်ခဲ့ပြီး အဆွေး ဧကရာဇ်ကို ပြန်လည် နာလန်ထူအောင် လုပ်ပေး နိုင်ခဲ့ပါတယ် ။
ပြီးတော့ ဝိညာဉ် ဧကရာဇ်ကို အနိုင်ယူလိုက်တဲ့ လီဖူချန်းရဲ့ သတင်းဟာလည်း ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက် တစ်ခုလုံး အနှံ့ ပျံနှံ့သွားပြီး ကုန်းမြေတိုက် တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့ပါတယ် ။
***